← Chapters

ရှင်းပြခြင်း

Vol. 37 Ch. 552

ရှင်းပြခြင်း

Vol. 37 Ch. 552

ဆာရန်ဒီနှင့် အခြားသူများကို သေသေချာချာ စီစဉ်ပြီးနောက် ချန်လွေ့က ရှီရာနှင့်အတူ နန်းတော်အတွင်းထဲရှိ ရေချိုးရာနေရာသို့ ရောက်ရှိသွားပြီး သူတို့နှစ်ဦးသာ သက်ဆိုင်သော မြေအောက်လျို့ဝှက်ခန်းထဲသို့ ဝင်သွားလိုက်သည်။

ချန်လွေ့အတွက် အံ့အားသင့်စွာပင် လျို့ဝှက်ခန်းထဲ၌ အရာအားလုံး ရှင်းလင်းနေ၏။ ဆည်းလည်းများ၊ ကြေးမုံများ စသဖြင့် ရှိမနေကြပေ။

ရှီရာက မြို့တော်သို့ ရွှေ့ပြောင်းရန်မှာ အနှေးနှင့်အမြန်သာ ဖြစ်သည်။ ထိုနေရာမှ လျို့ဝှက်ချက်ကို မည်သူမှ ရှာမတွေ့ရန်အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ရပေမည်။ သို့သော်လည်း အနည်းငယ် စောလွန်းလှပေသည်။

ရှီရာ နောက်လှည့်ပြီး ချန်လွေ့ကို အေးအေးဆေးဆေး ကြည့်သည်။ “မင်း ငါ့ကို တစ်ခုခု ပြောစရာ မရှိဘူးလား။”

“ပထမဆုံးအနေနဲ့ ကျုပ် ခင်ဗျားကို ကြယ်ကြွေတမန်ဓားအကြောင်း ရှင်းပြရမယ်။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “အဲဒါက မတော်တဆပါ။ ကျုပ် တကယ် တောင်းပန်ပါတယ်။”

မြို့တော်၌ ရှိနေစဉ်က ချန်လွေ့သည် ထူးခြားသော မှော်စာအချိူ့ကို အသုံးပြုကာ ကြယ်ကြွေတမန်ဓား တုံ့ပြန်သည့် ပုံရိပ်ယောင်အဖြစ် ဖန်တီးခဲ့သည်။ သို့သော်လည်း အမှန်တကယ်၌ ကြယ်ကြွေတမန်ဓား၏ ရှေးမှော်စာက ချန်လွေ့ကို အပြင်းအထန် ငြင်းဆန်နေဆဲ ဖြစ်သည်။ ရှီရာဆိုလျှင်လည်း အိုဆိုင်ဒန်ကဲ့သို့ ငြင်းပယ်ခံရမည် ဖြစ်သည်။ ထိုဓားသည် မြို့တော်ညွန့်ပေါင်းစစ်တပ်၏ စိတ်ဓာတ်ရေးရာကို ဖျက်ဆီးပစ်ရန် အရေးအပါဆုံးပစ္စည်း ဖြစ်သည့်အတွက် ရှေးမှော်စာများကို ဖယ်ရှားရန် ချန်လွေ့သည် [အထူးစိစစ်မှု] ကို အသုံးပြုနေခဲ့သည်။ သူက မြင်းနက်လေးကိုစီးရင်း တောနက်ထဲမှ စစ်ပွဲသို့ အမြန်သွားနေစဉ် ကြယ်ကြွေတမန်ဓားပေါ်မှ ရှေးမှော်စာ ချိပ်ပိတ်ကို ဖယ်ရှားရန် [ အထူးစိစစ်မှု ] ကို အသုံးပြုပြီး စူပါစနစ်ထဲရှိ လေ့ကျင့်ရေးကွင်းထဲ၌ လေ့ကျင့်နေခြင်း ဖြစ်သည်။

သို့သော်လည်း ကိစ္စများ ချွတ်ယွင်းသွားခဲ့သည်။ ရှေးမှော်စာချိပ်ပိတ်က ထင်ထားသည်ထက် ပိုမိုအစွမ်းထက်နေသည့်အတွက် [ အထူးစိစစ်မှု ] က အလိုလိုပင် ကြယ်ကြွေတမန်ဓားအပေါ်၌ သက်ရောက်သွားခဲ့သည်။ ရှေးမှော်စာချိပ်ပိတ်ကို မဖယ်ရှားခင်မှာပင် ကြယ်ကြွေတမန်ဓားက ချန် မျိုးရိုးနာမည် ဖြစ်သွား၏။ ( ချန်လွေ့ ပိုင်ဆိုင်သွားကြောင်း ဆိုလိုတာပါ )

ထိုအမှားက ချန်လွေ့အား မျက်ရည်မထွက်ဘဲ ငိုချင်စေခဲ့သည်။ ကံကောင်းစွာပင် ကြယ်ကြွေတမန်ဓားပိုင်ရှင် ဖြစ်လာပြီးနောက် ၎င်း၏ [ ဝိညာဉ်လောင်မြိုက်ခြင်း ] ဂုဏ်သတ္တိကို အသုံးပြုကာ အတွင်းထဲမှ ချိပ်ပိတ်ကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

ကြယ်ကြွေတမန်ဓား၏ ဂုဏ်သတ္တိ သုံးမျိုး ရှိ၏။

[ ဓားထိန်းချုပ်ခြင်း ] - ထိခိုက်မှုနှစ်ဆတိုးစေနိုင်သည်။ အတိုင်းအတာ တစ်ခုအတွင်း ဓားကိုထိန်းချုပ်၍ရကာ တိုက်ခိုက်မှုအမျိုးမျိုး ပြုလုပ်နိုင်သည်။

[ ဝိညာဉ်လောင်မြိုက်ခြင်း ] - ရန်သူကို ထိုးစိုက်ပြီးနောက် တစ်ခါတည်း သေစေနိုင်ပြီး ရန်သူ၏ဝိညာဉ်စွမ်းအားကို တစ်စစီ ဖြစ်သွားစေသည်။ ၎င်းက အသွေးအသားကို ဝါးမျိုပြီး အသုံးပြုသူ၏စွမ်းအားအဖြစ် ပြောင်းလဲပေးသည်။

[ ရဲရဲတောက်တောင်ပံ ] - အချိန်တစ်ခုအတွင်း အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင်များ အားလုံးကို အပြည့်အဝ ခုခံနိုင်သည်။ တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရနိုင်၏။

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့်ယှဉ်လျှင် ကြယ်ကြွေတမန်ဓား၏ တိုက်ခိုက်ရေး ဂုဏ်သတ္တိများက ပိုမိုအစွမ်းထက်လှသည်။ [ ဓားထိန်းချုပ်ခြင်း ] က ချန်လွေ့၏ မှတ်ဉာဏ်ထဲရှိ ရှန်းရှထဲမှ နည်းလမ်းများနှင့် အနည်းငယ် ဆင်တူသည်။ ထိခိုက်မှုကို နှစ်ဆတိုးနိုင်သော အာနိသင်လည်း ရှိသည်။ [ ဝိညာဉ်လောင်မြိုင်ခြင်း ] က ဝိညာဉ်ကိုသာ ချေမှုန်းနိုင်ရုံသာမက “အသက်စုပ်သော” လုပ်ဆောင်ချက်လည်း ရှိသည်။ [ရဲရဲတောက်တောင်ပံ] က တိုက်ပွဲအချို့၌ မမျှော်လင့်ထားသော အံ့သြဖွယ်ရာ သက်ရောက်မှုများကို ဖြစ်စေနိုင်ပေသည်။

ထယ်တင်းနစ် ပြောသည့်အတိုင်းဆိုလျှင် ကြယ်ကြွေတမန်ဓားနှင့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး တစ်ခုတည်းဆိုလျှင် အဆောင်ပစ္စည်းယောင် တစ်ခုသာ ဖြစ်သည်။ ချန်လွေ့တွင် အဆောင်ပစ္စည်းယောင် နှစ်ခုခွဲ ရှိနေသော်လည်း တစ်ချိန်တည်း အသုံးပြုလိုက်သောအခါ ယခင် ဂိမ်းဆော့စဉ်ကကဲ့သို့ ဝတ်ရုံတိုးမြှင့်မှု မရှိခဲ့ပေ။ အဘိုးအို ပြောသည့်တိုင်းပင် ခုနစ်ခုလုံး အတူတူ အသုံးပြုမှသာ တကယ့် အဆောင်ပစ္စည်းများ ဖြစ်လာပေမည်။

ချန်လွေ့တွင် အဆောင်ပစ္စည်းများကို စုတောင်းရန် အထူးတလည် ဆန္ဒမရှိပေ။ ကြယ်ကြွေတမန်ဓားအား မတော်တဆ ရရှိခဲ့ခြင်းက သူ့ကို ခေါင်းကိုက်စရာ ဖြစ်စေခဲ့သည်။ စိစစ်ပြီးတော့ အဆောင်ပစ္စည်း ခုနစ်ကို သူမရှိဘဲ အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ကြယ်ကြွေတမန်ဓားက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးနှင့် ထင်ယောင်မှားနတ်ဆိုးဒိုင်းကဲ့သို့ မဟုတ်ဘဲ ကြယ်ကြွေတမန်အင်ပါယာကို ရှီရာ အုပ်စိုးရန်အတွက် ဆက်နွှယ်နေသည်။

“ဒီလိုဖြစ်သွားတာပဲ.....” ချန်လွေ့က ခဏကြာ ရှင်းပြလိုက်ရသည်။ “မဟာဆရာသခင်ရဲ့ အမွေအနှစ်ကို အပြည့်အဝ ရပြီးရင် ဒီကိစ္စကို သေချာပေါက် ဖြေရှင်းနိုင်မှာပါ။”

[ အထူးစိစစ်မှု ] က စူပါစနစ်၏ လုပ်ဆောင်ချက် ဖြစ်သည်။ သူက တစ်နေ့ စူပါစနစ်ကို လုံးဝ ဆရာကျသွားခဲ့လျှင် ထိုအရာများကို “ဖြည်”နိုင်ပေလိမ့်မည်။

လမ်းတစ်လျှောက်ရှိ အတွေးအမြင်များမှာ အတော်လေး အကျိုးရှိလှသည်။ စိတ်နှင့် စူပါစနစ်ကို ပေါင်းစည်းနေသော လုပ်ငန်းစဉ်အတွင်း ချန်လွေ့၏ ဖက်ဒါ အတွေ့အကြုံ တန်ဖိုးက စတင်မြင့်တက်လာသည်။ ယခုတွင် ၎င်းက ၁၀၀% သို့ ရောက်ရှိသွားခဲ့သည်။ အခွင့်အရေးတစ်ခုခု ရသည်နှင့် သူက နောက်တစ်ဆင့်ဖြစ်သော “မဲရာခ်”သို့ တက်ရောက်နိုင်ပေလိမ့်မည်။

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ သာဓကကြောင့် ဖြစ်ပေမည်။ ရှီရာ၏ တုံ့ပြန်မှုက အတော်လေး တည်ငြိမ်နေသည်။ သူက အံ့အားမသင့်သလို ချန်လွေ့လည်း အပြစ်လည်း မတင်ပေ။ သူက ပုံမှန်အတိုင်းသာ မေးလိုက်သည်။ “မင်း အာဏာ လိုချင်လား။”

ချန်လွေ့ အနည်းငယ် တုန်လှုပ်သွားသည်။ ရှီရာ၏ ခရမ်းရောင် မျက်လုံးထဲမှ ရေခဲကဲ့သို့ တည်ငြိမ်မှုကို မြင်သည့်အခါ အကြောင်းရင်းတချို့ကြောင့် မသက်မသာ ခံစားလိုက်ရသည်။

ရှီရာက ထိုတစ်ခွန်းသာ ပြောခဲ့သောလည်း သူ ဆိုလိုသည်ကို ချန်လွေ့ သိသည်။ အမှောင်လ၏ စီးပွားရေးအခြေအနေမှာ ချန်လွေ့ ထူထောင်ခဲ့ခြင်းဖြစ်သည်။ သူ ထိန်းချုပ်သော ဝတ်ရုံဂိုဏ်းကလည်း အမှောင်လ၏ တရားဥပဒေကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ဝိုင်ဗန်ဗိုလ်ခြေ၊ ပြိဿများနှင့် မယ်ဒူဆာတို့က ချန်လွေ့၏ အမိန့်များကိုသာ အမှန်တကယ် နာခံကြသည်။ အင်အားကြီးသော မြေဒြပ်စင်ကောင်များနှင့် နဂါးများ မပါဝင်ပေ။ ယခုတွင် ချန်လွေ့က ကြယ်ကြွေတမန်ဓား၏ ပိုင်ရှင် ဖြစ်နေလေပြီ။ ချော်ရည်ပြာနယ်မြေမှလွဲ၍ ငှက်တောင်ဖြူနယ်မြေနှင့် လိပ်ပြာနီနယ်မြေတို့မှ လော့ဒ်များက သူ၏အစေခံများ ဖြစ်ကြသည်။ သူက အာဏာကို လိုချင်သည်ဆိုလျှင် အင်ပါယာကို ပြန်လည်သိမ်းပိုက်ရန် သို့မဟုတ် မှော်ဆန်သော [ အသွင်ပြောင်းခြင်း ] ကို အသုံးချကာ ရှီရာအား ပလ္လင်ပေါ်မှ တွန်းချပြီး လူစီဖာတော်ဝင်မိသားစုဟူသော သရုပ်ဖြင့် အင်ပါယာကို ထိန်းချုပ်ရန်သာ မခက်ခဲလှပေ။ မည်သို့ပင်ဆိုစေကာမူ သူက သံသယမရှိနိုင်သော “သက်သေခံကတ်ပြား” ဖြစ်သည့် အဆောင်ပစ္စည်း၏ အသိအမှတ်ပြုခြင်းကို ခံထားရပြီးလေပြီ။

အာဏာရှိသော လူတစ်ယောက်အနေဖြင့် အကြီးမားဆုံး ရှောင်ကြည်ရမည်မှာ လက်အောင်ငယ်သားက သခင်ဖြစ်သူထက် စွမ်းအားကြီးနေခြင်းပင်။ အဓိကအားဖြင့် ယခုတွင် ချန်လွေ့သည် အဓိကနယ်မြေသုံးခုကို ထိန်းချုပ်ထားပြီး အင်ပါယာ၏ “အသက်သွေးကြော”ကို ဆုပ်ကိုင်ထားခဲ့သည်။ “မဟာရှီရာ”၏ ရှုထောင်၌ ချန်လွေ့သည် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်လေသည်။

တစ်စုံတစ်ယောက်၏ အသုံးဝင်မှုကို အသုံးချပြီးနောက် ဘေးဖယ်ထားခြင်းမှာ ထိုလောကနှင့် လူသားလောက၌ပါ ပုံမှန်သာ ဖြစ်သည်။ ယခုတွင် အမှောင်လ ဖွံ့ဖြိုးတိုးတက်သွားပြီး အိုဆိုင်ဒန်ကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ရာ ချန်လွေ့အနေဖြင့် ရှီရာကို ဘေးဖယ်ထုတ်ရန် အချိန်ကျရောက်လာလေပြီ။

အဲဒီလိုလား။

ချန်လွေ့၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ပေါ်ထွက်လာပြီး မလှုပ်မယှက် စိုက်ကြည့်နေသော ရှီရာထံ လမ်းလျှောက်လာသည်။

ချန်လွေ့က လက်သည်းသဖွယ်လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ရှီရာ၏ လည်မျိုသို့ ရောက်လာခဲ့သည်။

ရှီရာ မလှုပ်ရှားခဲ့ပေ။

ချန်လွေ့က လက်ကိုမြှောက်ပြီး ရှီရာ၏ ပါးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အတင်းညှစ်လိုက်သည်။ အေးစက်သော မိန်းမလှ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရယ်စရာကောင်းသွား၏။

ထို့နောက် သူ နှိပ်နယ်ပြီး ညှစ်နေရာ လှပသောမျက်နှာက အဆက်မပြတ် ပုံပျက်သွားတော့သည်။

ရှီရာ သည်းမခံနိုင်တော့ပေ။ သူက ချန်လွေ့၏လက်ဖမိုးကို ကိုက်လိုက်သည့်အခါ လကွေးရာနှစ်ခု ကျန်ရစ်ခဲ့လေသည်။

ချန်လွေ့ ပြန်လည်တိုက်ခိုက်ကာ ကိုက်ခဲပြီး ရှီရာ၏ လည်ပင်းကို နမ်းတော့သည်။ သူက ဖြူဖွေးသောအသားအရေပေါ်၌ သူ၏ အနီရောင် နှုတ်ခမ်းရာ ချန်ထားရန် အတင်း စုပ်နေသည်။

နတ်ဆိုးအရှင်သခင်အဆင့်နှင့် နတ်ဆိုးဧကရာဇ်အဆင့်တို့၏ စွမ်းရည်များ၊ ပိုင်နက်များ အသုံးမပြုသော အလွန်ထူးဆန်းသည့် “တိုက်ပွဲ” တစ်ခုပင်။

…

အဆုံးသတ်၌ သူတို့က မောဟိုက်နေကြရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ယောက်ျားဖြစ်သူ၏ ပုခုံးက အမျိုးသမီး၏ ခေါင်းအုံး ဖြစ်သွားတော့သည်။

“ရူးမိုက်တဲ့မိန်းမ။ အခု ခင်ဗျားမှာ နတ်ဆိုးအရှင်သခင်တွေ အများကြီး ရှိတာပဲ။ ဘာလို့ နန်းတော်မှာ ကျုပ်ကို အလစ်တိုက်ခိုက်ပြီးတော့ သတ်ဖို့ မလုပ်တာလဲ။”

“နောက်တစ်ခါကျရင် စဉ်းစားလိုက်မယ်။” ရှီရာက နှုတ်ခမ်းကိုက်ပြီး အားတင်း ပြောလိုက်သည်။

“မမိုက်မဲပါနဲ့။ တူညီတဲ့အကွက်တွေက လောကကူးပြောင်းသူအတွက် ...အဲ.... မဟာဆရာသခင် ဆက်ခံသူအတွက် အသုံးမဝင်ဘူး။” ချန်လွေ့က ရှီရာ၏ဆံပင်ကို အသာလေး ပွတ်သပ်သည်။ “ကျုပ် အမှား ထပ်လုပ်တော့မှာ မဟုတ်ဘူး။”

ယခင်တစ်ခေါက်က ......

“ရှီရာလူစီဖာဆိုတဲ့နာမည်နဲ့ ငါမင်းကို အမိန့်ပေးမယ်။ မင်း အသက်ရှင်ရမယ်။”

လူတစ်ယောက်၏ဘဝ၌ မည်သို့မှ မေ့၍မရမည့် လူအချို့နှင့် စကားအချို့ ရှိသည်။

“တကယ်တော့ ဒါကို ဂါ့စ်နဲ့ တခြားသူတွေက အရိပ်အမြွက် ပြနေခဲ့တာ။ ဂါ့စ်က မင်းရဲ့ တခြားသရုပ်နဲ့ လျို့ဝှက်ချက်တွေကို မသိဘူး။ အဲဒါကြောင့် အက်ဂ်ယောကိုပဲ အဓိက ဦးတည်တာ။ ဒါပေမဲ့ ဧကရီတစ်ယောက်အနေနဲ့ ဒါကို မေးရမယ်။” ရှီရာ၏ မျက်လုံးများ အနည်းငယ် နီသွားခဲ့သည်။ သူက ချန်လွေ့၏ လက်မောင်းကို ကြောင်တစ်ကောင်သဖွယ် ဖက်ထားပြီး အနည်းငယ် တုန်လှုပ်နေလေသည်။

ချန်လွေ့ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရှီရာ၏ အသံတိုးတိုးလေး ထွက်လာ၏။ “ငါပြောတာ အရင်နားထောင်။ ဟုတ်ပြီလား။”

“လော့ဒ်နေရာကိုယူရမယ်လို့ ငါ့ခမည်းတော် ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီးတော့ ငါ့ရဲ့ တစ်ခုတည်းသော ပန်းတိုင်က အမှောင်လကို ပြန်ဖွံ့ဖြိုးစေဖို့နဲ့ အိုဆိုင်ဒန်ဆီကနေ ကြယ်ကြွေတမန်အင်ပါယာကို ပြန်ရယူနိုင်ဖို့ပဲ။ ငါက နဂိုမူလပုံစံကို စွန့်လွှတ်ခဲ့တယ်။ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်။ ငါက အေးစက်တဲ့ အစ်မတစ်ယောက်နဲ့ လော့ဒ်တစ်‌ယောက် ဖြစ်လာခဲ့တယ်။ အဲဒီနေ့ တောနက်ထဲမှာ ဒီပန်းတိုင် ပြည့်ဝသွားတော့ ငါ မပျော်သလို ကျေလည်း မကျေနပ်ခဲ့ဘူး။ ငါ ငိုင်တိုင်တိုင် ဖြစ်နေပြီးတော့ ကြောက်လန့် နေခဲ့တယ်။” ရှီရာ၏ခန္ဓာကိုယ်က ပိုမိုပြင်းထန်စွာ တုန်ခါလာသည်။ “စစ်မြေပြင်မှာ အိုဆိုင်ဒန်နဲ့အတူ မင်းပျောက်ကွယ်သွားတဲ့ မြင်ကွင်းက အိပ်မက်ဆိုး တစ်ခုလိုမျိုးပဲ...။ အဲဒီခံစားချက်ကို ငါ ကြောက်တယ်။ တစ်နေ့ကျရင် ငါ ပြောင်းလဲသွားပြီးတော့ မကြောက်တော့မှာကိုလည်း ငါ ကြောက်တယ်....”

ထိုအဆုံးသတ် စကားများက အနည်းငယ် ဇဝေဇဝါ ဖြစ်စေနိုင်သော်လည်း ချန်လွေ့က ရှီရာ ဆိုလိုသည်ကို သဘောပေါက်သည်။ သူက မိမိ၏နေရာသည် ရှီရာ၏ နှလုံးသားထဲမှ နက်ရှိုင်းသော တာဝန်များနှင့် ကံကြမ္မာကို ကျော်ဖြတ်သွားနိုင်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ချန်လွေ့က မျက်လုံးမှိတ်လိုက်ပြီး ရှီရာအား အဖိုးတန်အနုပညာလက်ရာ တစ်ခုသဖွယ် သေသေချာချာ ပွေ့ဖက်ထားလိုက်သည်။ ထိုအချိန်၌ ရှီရာက လော့ဒ်တစ်ဦး၊ မင်းသမီးတစ်ပါး၊ ဧကရီတစ်ပါးကို ပွေ့ဖက်ထားခြင်းမဟုတ်ဘဲ အေးစက်သော မျက်နှာဖုံးကို ချွတ်ကာ ဂရုစိုက်မှု လိုအပ်နေသော သူချစ်ရသည့် အားနည်းသည့် အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ထားနေခြင်း ဖြစ်ပေသည်။

သူ၏အင်္ကျီမှ စိုစွတ်သော အမှတ်အသားများ တဖြည်းဖြည်း ပျံ့နှံ့သွားသောအခါ ချန်လွေ့က လက်ကို ရှီရာ၏ ကျောဘက်တွင် အသာလေးထားပြီး ဆံပင်များကို ပွတ်သပ်နေလိုက်ကာ နွေးထွေးစွာ ပြောသည်။ “ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ ကျုပ်တို့တွေ အမြဲတမ်း ဇွဲမလျှော့မယ့် တချို့ကိစ္စတွေ ရှိတယ်။ ကျုပ်တို့ နှစ်ယောက်လုံးမှာ ဒီလိုမျိုး ဇွဲလုံ့လ ရှိတယ်။ တကယ်တော့ ခင်ဗျားအခု ရင်ဆိုင်နေရတာက အဆုံးသတ် မဟုတ်ဘူး။ စတင်မှုအသစ်ပဲ။ ရှေ့မှာရှိတဲ့လမ်းတွေက ဆူးတွေ အခက်အခဲတွေ ပြည့်နေလိမ့်မယ်။ ဒါပေမဲ့ အရင်ကလိုမျိုးပဲ ကျုပ်က ခင်ဗျားရဲ့‌ဘေးနားမှာ ရှိနေမှာမို့လို့ ဘာမှ ကြောက်နေစရာ မလိုဘူး။ ဒါက ကျုပ်လိုချင်တဲ့ တစ်ခုတည်းသော “အာဏာ” ပဲ။”

“ငါ့ရဲ့အသက်မီးတောက် မကုန်ခင်အထိ မင်းက ဒီအာဏာရှိတဲ့ တစ်ဦးတည်းသော ယောက်ျား ဖြစ်လာမယ်လို့ ရှီရာလူစီဖာဆိုတဲ့ နာမည်နဲ့ ငါ ကျိန်ဆိုတယ်။” ရှီရာက တဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ သူ၏ ညင်သာသော မျက်လုံးများတွင် ပြတ်သားမှုများ ပြည့်နှက်နေခဲ့သည်။

“ကျုပ်တို့ရဲ့ အနာဂတ်က အခုမှစရုံပဲ ရှိသေးတာပါ။ အရှင်မ။” ချန်လွေ့ အသာလေး ပြုံးလိုက်ပြီး ရှီရာ၏နဖူးကို နမ်းရှိုက်လိုက်သည်။ သူတို့နှစ်ဦးက လက်ချောင်းများ လိမ်ယှက်ထားရင်း ပွေ့ဖက်နေလိုက်ကြသည်။ သူတို့၏နှလုံးသားအကြား၌ ကွက်လပ် ရှိမနေနေပ။

လျို့ဝှက်ခန်းထဲ၌ အချင်းချင်း ချစ်မြတ်နိုးကြသော ယောက်ျားနှင့် မိန်းမတို့က အနာဂတ်အကြောင်း တီးတိုးပြောနေကြသည်။ နွေးထွေးပြီး ချစ်စရာကောင်းသော မြင်ကွင်းတစ်ခုပင်။

ရှီရာက ချန်လွေ့ကို ယုံကြည်သည့်အတွက်ကြောင့် အဆောင်ပစ္စည်းအကြောင်း လုံးဝ မမေးခဲ့ပေ။

“ဧကရီအရှင်မ အလောင်းအလျာ။ ခင်ဗျားက အခုဆိုရင် အင်ပါယာတစ်ခုလုံး နီးပါးကို သိမ်းပိုက်ပြီးပြီ။ ပြီးတော့ ကျုပ်က ပျင်းရိပြီးတော့ ဉာဏ်များတဲ့သူ တစ်ယောက်ပဲ။ ကျုပ်က အရှင်မကို သိမ်းပိုက်လိုက်မယ်ဆိုရင် အင်ပါယာကို သိမ်းပိုက်တာနဲ့ တူတူပဲပေါ့။”

ရှီရာ၏ ကျဆင်းနေသောစိတ် သက်သာရာ ရသွားပြီးနောက် သူ၏ မျက်နှာပေါ်၌ အပြုံးယဲ့ယဲ့လေး ပေါ်ထွက်လာကာ အတော်လေး စိတ်အေးသွားပုံရသည်။ “ငါ မင်းကို စည်းမျဉ်းတစ်ခုရဲ့ ပြဿနာကို အမှန်ပြင်ပေးရမယ်ထင်တယ်။ မင်းသား ကြင်ရာတော် ဖြစ်ဖြစ်၊ မင်းသမီးရဲ့ ကြင်ရာတော်ဖြစ်ဖြစ်၊ မင်းက အဖြည့်ခံသက်သက်ပဲ။ ဆိုလိုတာက ငါ့ရဲ့ ..... ကိုယ်လုပ်တော်ပေါ့။ ဒီလို အထက်လူကြီးနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးကို အမှားအယွင်းမလုပ်နဲ့။”

ကိုယ်လုပ်တော် တဲ့လား။ ချန်လွေ့က ထို “ဘွဲ့”ကြောင့် ဆွံ့အသွားပြီး လူရမ်းကား တစ်ယောက်ကဲ့သို့ ဟန်ဆောင်လိုက်သည်။ “အထက်လူကြီးနဲ့ လက်အောင်ငယ်သား ဆက်ဆံရေးလား။ ဒီဆက်ဆံရေးကို အနေအထားတစ်ခုနဲ့ နားလည်လို့ ရနိုင်မလား။”

ရှီရာ မှင်တက်သွားသည်။ သူက အရှက်မဲ့ရာကို ထိုသူထက် သေချာပေါက် နိမ့်ကျကြောင်း သူ သိသည်။ သူ မနေနိုင်တော့ဘဲ မျက်လုံးလှန်လိုက်သည်။ ထိုအကြည့်က အတော်လေး ဆွဲဆောင်မှု ရှိလှသည်။ အထူးသဖြင့် အမြဲပင် တင်းမာနေသော တော်ဝင်မင်းသမီး မျက်နှာပေါ်၌ ပေါ်ထွက်လာ၍ပင်။ ချန်လွေ့၏နှလုံးသား ခဏတာ ယိမ်းယိုင်သွားခဲ့လေသည်။

“မင်းရဲ့ အကြံဆိုးတွေကို ဘေးဖယ်ထားလိုက်ဦး။ အနည်းဆုံးတော့ အခမ်းအနား တစ်ခုကို လုပ်ရဦးမယ်။” ရှီရာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး တောက်ပရွှန်းလဲ့သွား၏။ “အနာဂတ်အခမ်းအနားအကြောင်း ပြောရင်းနဲ့မှ ဒါကို အင်ပါယာတစ်ခုလုံး အာရုံစိုက်ကြမယ်လို့ ငါထင်တယ်။ အထူးသဖြင့် မင်းရဲ့ လှပတဲ့ အမျိုးသမီးအ‌ဖော်တွေပေါ့။ မင်းဘယ်လိုထင်လဲ။ ငါ့ရဲ့ တစ်ဦးတည်းသော ဆာ-ဘဏ္ဍာရေးအရာရှိ။”

“တစ်ဦးတည်းသော” ဆိုသည်မှာ မောင်းမဆောင်၌ ဆတ်ဆတ်ထိမခံသော စကားလုံးတစ်လုံး ဖြစ်သည်။ သလင်းကျောက်မောင်းမဆောင်၏ ရုန်းကန်ရမှုက နေရာတိုင်း၌ ရှိနေဟန်တူသည်။ ဇာတ်လိုက်မင်းသားက အချိန်မရွေး သွေးစတေးရန် ပြင်ဆင်ထားရပေမည်။ ယုံကြည်ချက်ရှိနေသော ဧကရီအရှင်မလောင်းကို ကြည့်ရင်း ချန်လွေ့က တိတ်တိတ်လေး ချွေးသုတ်ကာ ပြန်မဖြေရဲတော့ပေ။

All Chapters