← Chapters

တကယ့်အရေးတကြီးကိစ္စ

Vol. 37 Ch. 554

တကယ့်အရေးတကြီးကိစ္စ

Vol. 37 Ch. 554

ခုနက ထွက်သွားသော ချန်လွေ့ ပြန်ရောက်လာသည်ကို မြင်သည့်အခါ ရှီရာ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း အစ်ဇဘယ်လာ၏ အစီရင်ခံခြင်းက ရှီရာကို ချက်ချင်းပင် အာရုံစိုက်သွားစေသည်။

အစ်ဇဘယ်လာက ကိစ္စနှစ်ခုကို အစီရင်ခံ တင်ပြခဲ့သည်။ ပထမတစ်ခုမှာ သွေးရောင်အင်ပါယာကိစ္စ ဖြစ်သည်။ သိပ်မကြာခင် သွေးရောင်အင်ပါယာ အရှင်သခင် ရိုင်ဇန်က ဉာဏ်အလင်းအချို့ ရရှိပြီး တံခါးပိတ် လေ့ကျင့်နေခဲ့သည်။ သူက အင်ပါယာ အရေးကိစ္စများအား မဟာမင်းသား အဲလီးရက်စ်ထံ လွှဲပြောင်းပေးခဲ့ပြီး ဒုတိယမင်းသား အက်မန်းကို အကူအညီ ပေးခိုင်းသည်။ အမှောင်လကို အိုဆိုင်ဒန် တိုက်ခိုက်ခြင်းကလည်း ထိုအခွင့်အရေးကို တမင်တကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သနားစရာပင် သူ၏စစ်တပ် ရှုံးနိမ့်သွားခဲ့ပြီး စစ်ပွဲတွင် သေဆုံးသွားရလေသည်။

သွေးရောင်အင်ပါယာ၏ မင်းသားနှစ်ပါးက ပထမဆက်ခံသူနေရာအတွက် နောက်ကွယ်တွင်ရော ရှေ့တွင်ပါ တိုက်ခိုက်နေကြသည်။ ယခုတွင် ပြဿနာများ ပိုမိုဆိုးဝါးလာပြီး ထိန်းချုပ်၍မရသော အဆင့်တစ်ခုအထိ တဖြည်းဖြည်း ရောက်လာ၏။ လွန်ခဲ့သော ရက်အနည်းငယ်က အဲလီးရက်စ်၏ ဖိနှိပ်ခြင်းကို ခံနေရသော အက်မန်းက အဲလီးရက်စက် ကင်းလှည့်ထွက်နေစဉ် အပြင်းထန်ဆုံး နည်းလမ်းဖြစ်သည့် တပ်တွင်းပုန်ကန်မှုတစ်ခု ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူ့ကို အဲလီးရက်စက် အလစ်တိုက်ခိုက်ခဲ့ရာ လက်ကျန်စစ်သည်များနှင့်အတူ မြို့တော်မှ ထွက်ပြေးခဲ့ရသည်။ လက်ရှိတွင် သူက သံလက်သီးနယ်မြေ မြောက်ဘက်၌ အဲလီးရက်စ်ကို တိုက်ခိုက် နေလေသည်။

အင်ပါယာ၏ မဟာမင်းသား ဖြစ်သည့်အတွက် အဲလီးရက်စ်က အက်မန်းကို သစ္စာဖောက်အဖြစ် လူသိရှင်ကြားကြေညာခဲ့ပြီး အက်မန်းက အဲလီးရက်စ်သည် ညီအစ်ကိုများကို နှိပ်ကွက်ကြောင်းနှင့် ခမည်းတော် ရိုင်ဇန်ကို လိမ်ညာပြီး သွေးရောင် အင်ပါယာကို တော်လှန်ရန် လျို့ဝှက်ကြံစည်နေကြောင်း ပြောဆိုသည်။ ယခုတွင် အင်အားစုနှစ်ခုက မတိုးသာ မဆုတ်သာ အခြေအနေ၌ ရှိနေလေသည်။

ချန်လွေ့ စိတ်ဓာတ်တက်ကြွသွား၏။ “သွေးရောင်အင်ပါယာက ကျုပ်တို့ကို အမြဲတမ်း မျက်စိကျနေတယ်။ အစကတော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ ဒီပြည်တွင်းစစ်ကို အခွင့်ကောင်းယူမှာ စိုးရိမ်နေတာ။ သူတို့က အချင်းချင်း တိုက်ခိုက်နေမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ရိုင်ဇန်က တံခါးပိတ်လေ့ကျင့်ဖို့ အချိန်ကောင်းကို ရွေးချယ်ခဲ့တဲ့ပုံပဲ။ ဒီလိုစိတ်ပူစရာမရှိတော့ တော်ဝင်မင်းသမီးက မြို့တော်ကို ခပ်မြန်မြန် သွားနိုင်ပြီးတော့ ဧကရီအဖြစ်ကို ချက်ချင်း နန်းတက်နိုင်မယ်။ ပြီးရင် အင်ပါယာတစ်ခုလုံးကို တည်ငြိမ်အောင် လုပ်နိုင်မယ်။”

“မဟုတ်ဘူး။ တော်ဝင်မင်းသမီးက မြို့တော်ကိုသွားလို့ မရသေးဘူး။” အစ်ဇဘယ်လာ ခေါင်းခါလိုက်သည်။ “ဘာလို့လဲဆို ဒုတိယသတင်းကြောင့်ပဲ။ အရိပ်နက်အင်ပါယာကနေ အမှောင်လကို လွှတ်လိုက်တဲ့ သံတမန်က လမ်းပေါ်မှာ ရောက်နေပြီ။ တရားဝင်လာရောက်မယ့် သတင်းကို လက်ခံရရှိတော့ သံတမန်က ဝါလန်မြို့ကို ကျော်သွားပြီးပြီ။ ပြီးတော့ နောက်ဆုံးရတဲ့ သတင်းအတိုင်းဆိုရင် အရိပ်နက်အင်ပါယာက စစ်ရေးအင်ပါယာစုတွေကို ရွှေ့ပြောင်းနေပြီ။”

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ “အရိပ်နက်အင်ပါယာက စစ်တပ်ကို ရွှေ့ပြောင်းနေတာလား။”

“လက်ရှိသတင်းအရတော့ အရှေ့နဲ့ တောင်ဘက်ကို ရွှေ့ပြောင်းနေတယ်။ ခန့်မှန်းရတဲ့ ပစ်မှတ်ကတော့ အမှောင်လ အနောက်ဘက်မှာရှိတဲ့ လိုင်ရာမြို့နဲ့ ဗိုလ်ချုပ်ဂရန့် စခန်းချထားတဲ့ တဲခုလာခံတပ်ပဲ။ သွေးရောင်အင်ပါယာနဲ့ ကပ်လျက်ရှိတဲ့ ဂျာဂယ်ခံတပ် ကတော့ တိတ်ဆိတ်နေတဲ့ပုံပဲ။ သူတို့က သေချာပေါက် ကြယ်ကြွေတမန်အင်ပါယာကို ပစ်မှတ်ထားနေလောက်တယ်။”

ရှီရာ လေးနက်သွား၏။ “ကြည့်ရတာ ဂရန့်ရဲ့အထင် မှန်သွားတဲ့ပုံပဲ။ အနီးကပ်ဆုံး မဟာမိတ်တွေက ကြောက်စရာအကောင်းဆုံး ရန်သူတွေပဲ။ အခု ကျွန်မတို့ရဲ့ အကြီးမားဆုံး ရန်သူက သွေးရောင်အင်ပါယာ မဟုတ်ဘူး။ အရိပ်နက် အင်ပါယာပဲ။”

“ဟုတ်တယ်။ အရိပ်နက်အင်ပါယာက အဲလီးရက်စ်နဲ့ အက်မန်းတို့ကို ချပ်ဝတ်တန်ဆာနဲ့ ကုန်ကြမ်းတွေ အများကြီး ရောင်းချနေတဲ့ လက္ခဏာတချို့ ရှိတယ်။ အကြောင်းရင်းကတော့ ထင်ရှားပါတယ်။ အမှောင်လနဲ့ စစ်တိုက်နေတုန်း အရိပ်နက်အင်ပါယာရဲ့ စီးပွားရေးအကန့်အသတ်တွေ လျော့ရဲသွားပြီး အသာစီးရတဲ့ အခြေအနေတွေ အများကြီး ရလာခဲ့ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာနဲ့ အမှောင်လ နယ်မြေက ကုန်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်။။”

အစ်ဇဘယ်လာက အလေးအနက် ခွဲခြမ်းစိတ်ဖြာနေသည်။ “သွေးနွယ်နယ်မြေရဲ့ ဗိုလ်ချုပ် ခရောဖို့ဒ်က မှော်ပညာရှင်ဗိုလ်ခြေနဲ့ မှင်စာတပ်ဖွဲ့ကို အမှောင်လဆီ လက်ဆောင်ပေးခဲ့တာက မဟာကတ်သရင်း ညွှန်ကြားတာ ဖြစ်လောက်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ပိုအစွမ်းထက်လေလေ၊ အိုဆိုင်ဒန်နဲ့ တိုက်ခိုက်တဲ့ စစ်ပွဲကလည်း ပိုပြင်းထန်လေလေ မို့လို့ပဲ။ တစ်နည်းပြောရရင်တော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ အတွင်းရေးပြဿနာကို ပိုပြင်းထန်လာမယ်။ ဒီဧကရီအရှင်မက စိတ်ရှည်ရှည်နဲ့ စောင့်နေနိုင်သလို အမြင်လည်းကျယ်တယ်။ သူက တိုက်ခိုက်စရာမလိုဘဲနဲ့ ရန်သူကို ထိခိုက်စေပြီးတော့ သူ့အင်ပါယာကို အင်အားတိုးစေနိုင်တယ်။ သူက တကယ့်ကို နတ်ဆိုးဘုံရဲ့ ထိပ်ဆုံးပဏ္ဍိတပဲ။”

ရှီရာလည်း သေသေချာချာ စဉ်းစားနေပြီး ခေါင်းညိတ်သည်။ သွေးနွယ်နယ်မြေရဲ့ လော့ဒ်-ခရောဖို့ဒ်က ငါ့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပေမဲ့ သူက တတိယဗိုလ်ချုပ်နဲ့ နယ်မြေလော့ဒ်တစ်ယောက် ဖြစ်တဲ့အပြင်ကို အရိပ်နက်အင်ပါယာကိုလည်း သစ္စာရှိတယ်။ အမှောင်လကို ထောက်ပံ့တဲ့ အထောက်အပံ့အချို့ကို ဘေးဖယ်ထားလိုက်ရင် မှော်ပညာရှင်ဗိုလ်ခြေနဲ့ မှင်စာစစ်သည်တွေက အဖိုးတန်စစ်တပ်အရင်းအဖြစ်တွေ ဖြစ်တဲ့ တကယ့်လက်ရွေးစင်တွေပဲ။ ဒီလိုလက်ဆောင်မျိုးက “တန်ဖိုး”ကြီးလွန်းတယ်။ အခုကြည့်ရတာ အဲဒါရဲ့ရည်ရွယ်ချက်က မြို့တော်ကို တိုက်ခိုက်တဲ့အခါ အမှောင်လရဲ့ အပေးအယူကို ပိုကြီးအောင် ထင်တယ်။ ကြယ်ကြွေတမန်အင်ပါယာမှာ ပြည်တွင်းစစ် ဖြစ်ကတည်းကစပြီး အရိပ်နက်အင်ပါယာက ဘေးမှာပဲ နေနေတယ်။ အမှောင်လကို အလစ်တိုက်ခိုက်ဖို့အတွက် ဂရန့်ဦးဆောင်တဲ့ စစ်တပ်က လိုင်ရာမြို့ကို ချောချာမွေ့မွေ့ ဖြတ်သွားနိုင်တာကလည်း အထက်ကနေ သဘောတူညီချက် တစ်ခုခု ရှိရမယ်။

ချန်လွေ့ ခဏတာ တိတ်ဆိတ်နေခေဲ့သည်။ သူက ကတ်သရင်းကို ရှီရာနှင့် အစ်ဇဘယ်လာတို့ထက် ပိုသိသည်။ သူက ခေါင်းမာပြီးတော့ ဉာဏ်ကောင်းတဲ့ မိန်းမ တစ်ယောက်ပဲ။ အင်ပါယာတစ်ခုရဲ့ စစ်မှန်ပြီးတော့ ရင့်ကျက်တဲ့ အင်အားကြီး အုပ်ချုပ်သူ တစ်ယောက်လည်း ဟုတ်တယ်။ သူက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖန်တီးနိုင်သရွေ့ စစ်ပွဲတွေနဲ့ အင်အားစုတွေကို အလွတ်ပေးမှာ မဟုတ်ဘူး။ သွေးရောင်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာတို့ရဲ့ အတွင်းရေးပြဿနာက ကတ်သရင်းကို ဘုရားမတဲ့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ သွေးရောင်အင်ပါယာက ဖရိုဖရဲ ဖြစ်နေပေမေဲ့ မဟာရိုင်ဇန် ရှိနေတုန်းပဲ။ ရိုင်ဇန်ရှိနေရင် သွေးရောင်အင်ပါယာက ကျရှုံးမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ကတ်သရင်း လုပ်နိုင်တာက မင်းသားနှစ်ပါးကြားက ပဍိပက္ခကို ပိုပြင်းထန်အောင် လုပ်ပြီးတော့ သွေးရောင်အင်ပါယာရဲ့ အသက်ဓာတ်ကို ထိခိုက်အောင် ကြိုးစားဖို့ပဲ။ ကြယ်ကြွေတမန်အင်ပါယာကတော့ မတူဘူး။ အမှောင်လကို တိုက်ခိုက်တဲ့ စစ်ပွဲက အတွင်းရေးမှာ ကြီးကြီးမားမား ပင်ပန်းသွားစေခဲ့တယ်။ နတ်ဆိုးအရှင်သခင် တစ်ယောက်နှစ်ယောက်၊ နတ်ဆိုးဧကရာဇ်အဆင့် ဒါဇင်လောက်နဲ့ ပြီးတော့ ဒုတိယဗိုလ်ချုပ်နဲ့ ရီဂျန့်တို့ သေဆုံးသွားခဲ့တယ်။ စစ်တပ်အင်အားကလည်း ငါးသိန်းကျော် ဆုံးရှုံးသွားခဲ့တယ်။ ဒီလို အားအနည်းဆုံး အခြေအနေမှာ ဘာမှမလုပ်ရင် သူက ကတ်သရင်း မဟုတ်ဘူး။

တိုင်းပြည်တွေအကြားမှာ တကယ့်ရင်းနှီးမှုဆိုတာ မရှိဘူး။ အ‌ပေါ်ယံမှာ ငြိမ်းချမ်း နေပေမဲ့ အတွင်းထဲမှာတော့ စေ့စပ်တဲ့ ကစားပွဲတွေ မရေမတွက်နိုင် ရှိနေတုန်းပဲ။ ရှီရာ တရားဝင် နန်းတက်သည်နှင့် မိမိက ဧကရီကတ်သရင်းအား ဆန့်ကျင်သော ရန်သူတစ်ယောက် ဖြစ်လာမည်ကို ရှောင်လွှဲ၍မရနိုင်ကြောင်း ချန်လွေ့ ခံစားမိနေသည်။

“ဂရန့်နဲ့ ရိုမတီက စစ်သည်တွေ ရွေးချယ်တာကို ပြင်ဆင်နေလောက်ပြီ။ တဲခုလာခံတပ်ကို အမြန်ဆုံးရောက်ဖို့အတွက် သူနဲ့ ရိုမတီရဲ့ မိုးပျံတိမ်ဗိုလ်ခြေကို လေကြောင်းနတ်ဆိုးသားရဲတွေသုံးပြီး အရင်ဆုံး ထွက်ခွာဖို့ ချက်ချင်း အမိန့်ပေးလိုက်။ တင်မ်ရဲ့ လရိပ်ဗိုလ်ခြေက ဝါလန်ခံတပ်ကို ပြန်ရောက်ပြီ။ ဒါပေမဲ့ စစ်အင်အားက မလုံလောက်သေးဘူး။” ရှီရာ တွေးဆနေသည်။ “ဒီတစ်‌ခေါက် စစ်ပွဲမှာ အမှောင်လရဲ့ ဗိုလ်ခြေသုံးခုက အင်အားစု တစ်ဝက်နီးပါး ဆုံးရှုံးသွားခဲ့တယ်။ မြို့တော် ညွန့်ပေါင်းစစ်တပ်ရဲ့ အသေအကြေ တစ်ဝက်ကျော်တယ်။ ဒါက စစ်ရေးအင်အားအတွက် ကြီးကြီးမားမား ဆုံးရှုံးမှုလို့ ဆိုလို့ရတယ်။ လူသစ်တွေ ခေါ်တာက အဆင်ပြေပေမဲ့ အချိန်တိုအတွင်း ဗိုလ်ခြေတစ်ခု ဖွဲ့စည်းဖို့ မဖြစ်နိုင်ဘူး။ ဒါက တကယ့်ကို စိုးရိမ်စရာပဲ။”

“မသေမျိုး ဗိုလ်ခြေကရော။” အစ်ဇဘယ်လာ တစ်ချက်ဝေ့ကြည့်လိုက်သည်။ “အသေအကြေတွေက မသေမျိုးစစ်တပ်အတွက် ကောင်းမွန်တဲ့ အထောက်အပံ့တစ်ခု ဖြစ်လောက်တယ်။”

ရှီရာ ခေါင်းခါသည်။ “အိုဆိုင်ဒန်ကို မနှိမ်နှင်းခင်ကဆိုရင် ဒီလိုလုပ်လို့ ရတယ်။ ဒါပေမဲ့ အခုတော့ အိုဆိုင်ဒန် သေသွားပြီ။ မြို့တော်ညွန့်ပေါင်းစစ်တပ်ကလည်း အညံ့ခံခဲ့တယ်။ တကယ်လို့ ကျွန်မတို့က သူတို့ရဲ့ သေသွားတဲ့ ရဲဘော်ရဲဘက်တွေကို မသေမျိုးအဖြစ် ပြောင်းလဲမယ်ဆိုရင် ဆုံးရှုံးမှုတွေ ပိုများလောက်တယ်။ ပြီးတော့ အိုဆိုင်ဒန်နဲ့တိုက်ပွဲမှာ အမှောင်လရဲ့ ဝှက်ဖဲတွေ အကုန် ထုတ်ပြလိုက်ရမယ်။ စစ်ရေးအင်အားမှာ လျို့ဝှက်ချက် လုံးဝမရှိတော့ဘူး။ ကတ်သရင်း၏ ဉာဏ်ပညာနဲ့ဆိုရင် တကယ်စစ်ဖြစ်ရင် သေချာပေါက် ပစ်မှတ်ထားတဲ့ ချီတက်မှု ရှိမှာပဲ။”

အစ်ဇဘယ်လာက ချန်လွေ့၏ အကျင့်အတိုင်း ပုခုံးတွန့်လိုက်သည်။ သို့သော် ရှီရာက မသေမျိုးများ ပြဿနာကို အစ်ဇဘယ်လာ သိနေပြီး ထိုသို့ ပြောရခြင်းမှာ သူ့ကို သတိပေးရန်အတွက်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

နောက်ဆုံး၌ ချန်လွေ့က ပြောသည်။ “မသေမျိုး ကုန်ကြမ်းတွေကို စိုးရိမ်စရာ မလိုပါဘူး။ ယန်းကော်မြို့ ရှေးဟောင်းစစ်မြေပြင်မှာ စစ်သည်တွေ အနည်းဆုံး သုံးသိန်းလောက်ရှိတယ်လို့ ဂူရာဒန် ပြောခဲ့ဖူးတယ်။ သူက ဝါလန်ခံတပ်ကို ကာကွယ်တဲ့နေရာမှာ ကူညီပေးမယ်ဆိုရင် တိုက်ခိုက်မှုတွေကို ခုခံနိုင်လောက်တယ်။ အရိပ်နက်အင်ပါယာရဲ့ သံတမန်က ဒီကို တစ်ရက်နှစ်ရက်နေရင် ရောက်လိမ့်မယ်လို့ ထင်တယ်။ အခု ကျုပ်တို့က အခြေအနေကို တုံ့ပြန်ပြီးတော့ အဲဒီသံတမန်က ဘယ်လို သတင်းမျိုး ယူလာမလဲဆိုတာ စောင့်ကြည့်ရုံပဲ တတ်နိုင်မယ်။ တစ်ချိန်တည်းမှာပဲ တော်ဝင်မင်းသမီးက မြို့တော်ကိုသွားဖို့ အဆင်သင့်ပြင်ထားရမယ်။”

ရှီရာ ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်၌ ယခင်နေ့ရက်များတွင် သူက အမှောင်လကိစ္စများကို အဆုံးသတ်ပြီးသွားပြီး ထွက်သွားရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သို့ရာတွင် ချန်လွေ့ မနိုးသေးပေ။ အရေးအကြီးဆုံးကိစ္စဖြစ်သော ကြယ်ကြွေတမန်ဓား ပျောက်ဆုံးနေသည့်အတွက် သူက စွမ်းအားနယ်ပယ်ကို တည်ငြိမ်စေရန် ဆင်ခြေဖြင့် စောင့်ဆိုင်နေခဲ့ခြင်း ဖြစ်လေသည်။

သူတို့သုံးယောက်က သက်ဆိုင်သော ကိစ္စများကို အချိန်တစ်ခုအထိ ဆွေးနွေးနေခဲ့သည်။ ထို့နောက် ရှီရာက ဆွေးနွေးရန်အတွက် ဂါ့စ်၊ ဆာရန်ဒီ၊ ဂရန့်နှင့် အခြားသူများကို ဆင့်ခေါ်သည်။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့က သီးခြားအလုပ်လုပ်ရန် အတွက် နန်းတော်မှ ထွက်သွားလိုက်ကြသည်။

အပြင်ဝန်းမှ ထွက်လာပြီးသောအခါ ချန်လွေ့ ပြောလိုက်သည်။ “အရိပ်နက်အင်ပါယာ သံတမန်ရဲ့ အသေးစိတ်ကို အတည်ပြုပြီးရင် ကျုပ်ကို အမြန်ဆုံး ပြောပြပေးပါ။”

အစ်ဇဘယ်လာ ခေါင်းညိတ်သည်။ ထို့နောက် သူ၏အသံက ရုတ်တရက် နှစ်လို့ဖွယ် ကောင်းသွားပြီး မေးလိုက်သည်။ “ကျွန်မ ဒီညအားလားလို့ ဘာလို့ မမေးတာလဲ။ တော်ဝင်မင်းသမီးကိစ္စကြောင့် စိတ်မပါ ဖြစ်နေတာလား။”

ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွား၏။ “တကယ်တော့ စိတ်ပါမပါက ဘာမှ မဟုတ်ပါဘူး။ ဒါဆို .... လှပပြီးတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးလေး။ ကတိ တစ်ခုကို မှတ်မိသေးလား။ ဒီည ကျုပ်အတွက် တံခါးဖွင့်ထားပေးနိုင်မလား။”

“ကျွန်မက မှတ်ဉာဏ်ကောင်းပါတယ်။ တံခါးဖွင့်ထားဖို့က အဆင်ပြေပါတယ်။” အစ်ဇဘယ်လာက အစိမ်းရောင်မျက်လုံးများကို လှန်လိုက်သည်။ “ဒါပေမဲ့ ရှင်က တံခါးကို စောင့်ကြပ်နေတဲ့ နဂါးနက်ညီမကို အရင်ဆုံး ဖြေရှင်းရမယ်။”

ယခုတွင် အိုလီဖီးရက်စ်က အစ်ဇဘယ်လာ၏အိမ်တွင် နေ့တိုင်း နေနေသည်။ ဆိုလိုသည်မှာ ချန်လွေ့က အကျိုးအမြတ်တချို့ ရရှိရန်အတွက် ထိုပြဿနာအိုး မစ်-နဂါးနက်ကို အရင်ဦးစွာ ဖြေရှင်းရပေမည်။

“အိုလီဖီးရက်စ်က ခင်ဗျားနဲ့ ဘာလို့ ရုတ်တရက်ကြီး ရင်းနှီးသွားတာလဲ။ သူက ခင်ဗျားကို အစ်မလို့တောင် ခေါ်နေတယ်။”

အစ်ဇဘယ်လာက စိတ်ပျက်လက်ပျက်နှင့် လက်ဆန့်လိုက်သည်။ အစ်မလို့ ခေါ်တာက အမေလို့ ခေါ်တာထက်တော့ ပိုကောင်းပါသေးတယ်။ နဂါးနက်မလေး အိပ်ချင်မူးတူးဖြစ်ရာမှ နိုးလာပြီးနောက် ပထမဆုံး ပြုလုပ်သည်မှာ အမေဖြစ်သူကို အော်ခေါ်ခြင်းဖြစ်ပြီး အမြဲပင် တည်ငြိမ်နေသော မစ်-လျို့ဝှက်သတင်းအချက်အလက်ကို ရှက်သွားစေသည်။

ယခင်နေ့ရက်များ၌ အိုလီဖီးရက်စ်၏ ဒဏ်ရာများ ပြန်ကောင်းရန် ပြုစုပေးနေသည့်အခါ မည်သည်ကိုမှ တမင်တကာ မဖော်ပြခဲ့ပေ။ သို့သော်လည်း အကြောင်းရင်းတချို့ကြောင့် ထိုကောင်မလေးက သူ့ကို သ‌ဘောကျနေပြီး တွယ်ကပ်နေခဲ့လေသည်။

အစ်ဇဘယ်လာ သက်ပြင်းချလိုက်သည်။ “ဒီမှာ အိုလီဖီးရက်စ် ရှိနေတော့လည်း မဆိုးပါဘူး။ အနည်းဆုံးတော့ တစ်ယောက်တည်း မဖြစ်တော့ဘူးပေါ့။ တစ်စုံတစ်ယောက်က ကျွန်မကို တစ်ခါတစ်လေ ခွဲပေးတဲ့ တစ်နာရီ၊ နှစ်နာရီကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်ရုံပဲ ရှိတယ်။”

“တောင်းပန်ပါတယ်...” ချန်လွေ့က စိတ်မသန့်လျက် ခေါင်းငုံ့နေသည်။ “ကျုပ်က တစ်ကိုယ်ကောင်းဆန်တယ်။ ခင်ဗျား နေရာပြောင်းလိုက်ပါလား....”

“ကျွန်မက ရှင့်ရဲ့ မိန်းမတွေလိုမျိုး လွယ်လွယ်နဲ့ လှည့်စားလို့ရတယ် မထင်နေနဲ့။” အစ်ဇဘယ်လာ သုန်မှုန်နေသော်လည်း ထိုယောက်ျားအပေါ် သူ၏အကြည့်တွင် ညင်သာသော အငွေ့အသက်တစ်ခု ရှိနေသည်။ “ရှင်က စိတ်မသန့်မှတော့ ကတိတစ်ခုကို ပယ်ဖျက်လိုက်ပြီ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အကြွေးမတင်တော့ဘူး။ ရှင် အားရင် ကျွန်မရဲ့ လူသူကင်းမဲ့တဲ့ နေရာကို လာလို့ရပါတယ်။ အိုလီဖီးရက်စ်က သူ့ရဲ့ ချမ်းသာတဲ့ အလုပ်ရှင်ကို တွေ့ရတာပျော်မယ်လို့ ထင်တယ်။”

သွားပြီ။ အခုတော့ အကျိုးအမြတ်တွေတောင် မရှိတော့ဘူး။

တော်ဝင်မင်းသမီးလည်း ဒီအတိုင်းပဲ။ မဒမ်-အဒေါ်လည်း အတူတူပဲ။ အနည်းဆုံးတော့ တော်ဝင်မင်းသမီးက လစာကို ရွှေ့ဆိုင်းလိုက်တာ။ ဒါပေမဲ့ မဒမ်-အဒေါ်ကတော့ လုံးဝကို ငွေစာရင်း ပယ်ဖျက်လိုက်တာပဲ။

“အကျိုးအမြတ်ရပြီးတော့ ကျုပ်ကို ဘေးဖယ်ထားတယ်။ မိန်းမတွေက ဒီလိုပဲ တာဝန်မယူကြတာလား။” ချန်လွေ့က ဒေါသတကြီးနှင့် ခေါင်းလှည့်ပြီး ထွက်သွားသည်။ အနီးအနား၌ ကင်းလှည့်နေသော အစောင့်များ မရှိကြောင်း တွေ့သည့်အခါ သူက အစ်ဇဘယ်လာအရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး ထောင့်တစ်နေရာသို့ တယ်လီပို့ ခုန်သည်။ ထို့နောက် သူက မျက်နှာလွှားကိုမပြီး ခရမ်းနီရောင် နှုတ်ခမ်းကို နမ်းလိုက်သည်။

[ နှစ်ဆင့်တယ်လီပို့ခုန်ခြင်း ] ကို ထိုကဲ့သို့ အရာမျိုး၌ အသုံးပြုခဲ့လေသည်။ ၎င်းကို ဖုန်များဖုံးနေသော ပုလဲတစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။ ( အဖိုးတန်တဲ့ စွမ်းရည်ကို အသေးအဖွဲကိစ္စတွေအတွက် သုံးတာကို ဆိုလိုတာပါ )

အစ်ဇဘယ်လာ သတိလက်လွတ်ဖြစ်သွားပြီး ရုန်းကန်ရန် ကြိုးစားသည်။ သို့သော် ယခုတွင် ချန်လွေံ၏ အခြေခံစွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ရောက်နေပြီး စိတ်ဝိညာဉ်စွမ်းအားက S+ ရောက်နေပြီ ဖြစ်သည်။ အစ်ဇဘယ်လာ၏ စွမ်းအားက သိပ်မများသည့်အတွက် မရုန်းထွက်နိုင်ခဲ့ပေ။ သူက ချန်လွေ့၏ နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း ချန်လွေ့ မလွှတ်ပေးသေးပေ။ တဖြည်းဖြည်းနှင့် ရုန်းကန်မှုက တက်ကြွသော ယှက်နွှယ်မှုအဖြစ် ပြောင်းလဲသွားသည်။ အချန်အတော်ကြာပြီးမှသော သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း လူခွဲလိုက်ကြသည်။

အစ်ဇဘယ်လာက ချန်လွေ့၏ ‌ရောင်ကိုင်းနေသော နှုတ်လမ်းကို ကြည့်ပြီး လက်ချောင်းများဖြင့် အသာလေး ပွတ်သပ်သည်။ “ကျွန်မ ကတိဖျက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ .... အခက်အခဲက လုံးဝ မပြီးသေးဘူး မဟုတ်လား။”

“အခက်ခက်ကို ကျော်လွှာခြင်း” ဆိုသည်မှာ ယခင်အကျိုးအမြတ်အတွက် သတ်မှတ်ချက် ဖြစ်သည်။

“ဘယ်လောက်ပဲခက်ခဲပါစေ၊ ခင်ဗျားရဲ့ နှလုံးသားထဲမှ အမာရွတ် ဘယ်လောက်ပဲ နက်ရှိုင်းပါစေ၊ ကျုပ် ဂရုမစိုက်ဘူး။ အစားထိုးခံ ဖြစ်ရင်တောင် ကျုပ် ကိစ္စမရှိဘူး။ ခင်ဗျား တစ်ခုကို သိထားဖို့ပဲ လိုအပ်တယ်။” ချန်လွေ့က အစ်ဇဘယ်လာအား ဗိုလ်ကျလျက် ပွေ့ဖက်သည်။ “ခင်ဗျား ကျုပ်ကို အသက်ကြွေး တင်ထားတယ်။ ကျုပ်ရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့ ခင်ဗျား ထပ်ပြီးတော့ သေလို့မရဘူး။ သဘောပေါက်လား။”

အစ်ဇဘယ်လာ တုန်လှုပ်သွားသည်။ “ရှင် ဘာကို ဆိုလိုတာလဲ။”

ချန်လွေ့ ဘာမှမပြောဘဲ အစ်ဇဘယ်လာ၏ မျက်လုံးများကိုသာ တည့်တည့် စိုက်ကြည့်နေသည်။ အစ်ဇဘယ်လာ အကြည့်လွှဲလိုက်ပြီး ချန်လွေ့၏ ရင်ခွင်ထဲမှ အသာလေး ရုန်းထွက်ပြီး မျက်နှာလွှားကို ပြန်ဝတ်လိုက်သည်။

“အကုန်သိသလို လုပ်မနေနဲ့။” အစ်ဇဘယ်လာ၏ မျက်လုံးများ အနည်းငယ် နီမြန်းသွား၏။ ထို့နောက် ကျောခိုင်းပြီး တဖြည်းဖြည်း လမ်းလျှောက်ထွက်သွားသည်။ “ကျွန်မ စခန်းကိုပြန်ပြီးတော့ သံတမန်ရဲ့ သတင်းအချက်အလက်ကို လေ့လာဦးမယ်။”

“ရင်းနီ...” ချန်လွေ့ သက်ပြင်းချသည်။ “ကျုပ် စကားတစ်ခွန်းပဲ ပြောမယ်။ ခင်ဗျားက တစ်ခါသေပြီးပြီ။ ဘဝတောင် အစကနေ ပြန်စလို့ရတယ်။ ဘာက ပြန်စလို့ မရတာ ရှိသေးလို့လဲ။”

အစ်ဇဘယ်လာ၏ခန္ဓာကိုယ် ရပ်တန့်သွားပြီး သူ၏အသံ အနည်းငယ် တိုးနေ၏။ “ကျွန်မကို အချိန်နည်းနည်း ပေးပါ။”

All Chapters