ဂူရာဒန်၏ အဆင့်တက်ရန် မျှော်လင့်ချက်
Vol. 37 Ch. 555
ချန်လွေ့က အစ်ဇဘယ်လာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ခံစားချက် ရှုပ်ထွေးစွာဖြင့် ကြည့်နေလိုက်သည်။ အမှန်တကယ်၌ အစ်ဇဘယ်လာကို ချန်လွေ့က နှလုံးသားဖြင့် အမှန်တကယ် စတင်ခံစားသည့်အချိန်မှစ၍ တစ်ခုခု မူမမှန်ဖြစ်နေသည်ကို ခံစားမိခဲ့သည်။
ထိုအေးစက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးက အမျိုးသားများထက် စိတ်ပိုင်းဆိုင်ရာ နည်းလမ်းများ၌ သာလွန်ပြီး လူများ၏စိတ်များကိုပင် အလွယ်တကူ ထိန်းချုပ်နိုင်သည်။ သူက စွယ်စုံရသော မိစ္ဆာထောင်ခြောက်ပန်း ဖြစ်သည်။ သူက မည်သည်ကိုမှ ဂရုမစိုက်ဘဲ အရာအားလုံးကို လက်လွှတ်နိုင်သကဲ့သို့ပင် အပေါ်ယံ၌ ပြုံးနေသော်လည်း အမှန်တကယ်၌ သူ၏နှလုံးသားကို တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားနေသည်။ သူ အမှန်တကယ် လက်လျှော့လိုက်သည်မှာ သူ့ကိုယ်သူသာ ဖြစ်သည်။
အရိပ်လေပြေဘွတ်ဖိနပ် အတိတ်က ဖျက်ပစ်၍မရသော အမှတ်အသား တချို့ ချန်ခဲ့မခဲ့ကို ချန်လွေ့ မသိပေ။ သို့သော်လည်း သူက အစ်ဇဘယ်လာ၏ နှလုံးသားထဲမှ လေးလံသော အချုပ်အနှောင်များကို ခံစားမိသည်။ အကယ်၍ ခီရာက နောက်ကွယ်မှ မျက်ရည်များကို အငွေ့ပျံစေရန်အတွက် ရွှင်မြူးသော အပြုံးကို အသုံးချသည်ဆိုလျှင် အစ်ဇဘယ်လာသည် ကုန်ခမ်းတော့မည့် ပြာပုံတစ်ခု ဖြစ်နေလေပြီ။ နောက်ထပ် အခိုက်အတန့်က ဘဝအသစ်ရမည်လား၊ လုံးဝပျက်သုဉ်းသွားမည်လား ဆိုသည်က သူ့အပေါ်တွင်သာ မူတည်လေသည်။
အစ်ဇဘယ်လာက ချန်လွေ့ကို သဘောကျသည်မှာ သေချာသည်။ အစပိုင်းတွင် ချန်လွေ့သည် အစ်ဇဘယ်လာ၏စိတ်ထဲမှ ဇာတ်ကောင်တစ်ခုခု၏ အစားထိုးတစ်ခုသာ ဖြစ်နိုင်သည်။ တစ်ဖြည်းဖြည်းနှင့် အစ်ဇဘယ်လာက သူ့ကို အမှန်တကယ် စွဲလမ်းလာခဲ့သည်။ ထိုခံစားချက်က အစ်ဇဘယ်လာ၏ ဝိညာဉ်ကို ကုသရန် သော့ချက်တစ်ခု ဖြစ်လာနိုင်ပြီး လေးလံသော အချုပ်အနှောင်များကို တစ်ခုချင်း ဖြည်ပေးနိုင်လောက်ပေသည်။
ဘဝ၏ ပထမဆုံး မြင်ကွင်းအဖြစ် ချန်လွေ့သည် မီးတောက်ဖြင့် အငွေ့မပျံနိုင်သော မျက်ရည်တစ်စက်ကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို ဘဝတစ်လျှောက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။ သူက သူ့မိန်းမကို ထိုကဲ့သို့ အဖြစ်ဆိုးမျိုး အဖြစ်မခံနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ထဲ၌ တစ်စုံတစ်ယောက်၏ ဆာ-ဦးလေး ဖြစ်လာရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။
နန်းတော်မှ ထွက်သွားပြီးနောက် ချန်လွေ့က ဝတ်ရုံဝတ်ပြီး မြို့ဂိတ်တံခါးမှ ထွက်သွားသည်။ သူက ဂူရာဒန်အား တောင်ဘက်ဆင်ခြေဖုံးရှိ သီးသန့်ခွဲခြားထားသော မသေမျိုးနေရာတွင် ရှာတွေ့သွားခဲ့သည်။
ဂူရာဒန်က ထိုအဆုံးအဖြတ် တိုက်ပွဲ၌ နာမည်ကျော်သွားခဲ့သည်။ နတ်ဆိုးဘုံ တစ်ခုလုံးသည် လွန်ခဲ့သော နှစ်၂၀၀၀က ပျောက်ဆုံးသွားခဲ့သည့် မသေမျိုး မှော်ဆရာသခင် ပြန်ရောက်လာပြီး တစ်ခါမှမမြင်ခဲ့ဖူးသော အစွမ်းထက် မသေမျိုး စစ်သည်များကို ယူဆောင်လာခဲ့ကြောင်း သိသွားကြပြီ ဖြစ်သည်။ မသေမျိုးများက တိုက်ပွဲအတွင် အားနည်းချက် အများအပြား ပြသခဲ့သော်လည်း သူတို့က အင်အားများကို ပိုမိုပြသခဲ့လေသည်။ သူတို့က လေကြောင်းဗိုလ်ခြေနှင့် မြင်းတပ်အပါအဝင် မည်သည့် ပုံမှန် လက်ရွေးစင်စစ်တပ်ကိုမဆို ယှဉ်ပြိုင်နိုင်သည်။
လက်အောက်ခံ-သခင် စာချုပ်ချုပ်ထားသော သခင်ကို တွေ့သည့်အခါ ဂူရာဒန်၏ စိတ်အနေအထားက ယခင်နှင့် လုံးဝကွဲပြားနေသည်။ အစပိုင်းတွင် သူတို့နှစ်ယောက်က ရန်လိုကြသည်။ ချန်လွေ့က သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သို့သော်လည်း ချန်လွေ့က ပြန်လည်ရှင်သန်ခြင်း ရေစင်ကို အသုံးပြုပြီး ဂူရာဒန်ကို ဒဏ်ရာအပြင်းအထန် ရသွားစေကာ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် ယန်းကော်မြို့၌ ဂူရာဒန်ကို ပါ့ဂ်လီအို အနိုင်ယူခဲ့ပြီး အကျပ်ကိုင်ခြင်းနှင့် မက်လုံးအောက်တွင် ချန်လွေ့နှင့် လက်အောက်ခံ-သခင် စာချုပ်ကို ချုပ်ဆိုခဲ့ရသည်။
အတိုင်းအတာ တစ်ခုအထိ ဂူရာဒန်မှာ ဇိုလာကဲ့သို့ပင် သိပ္ပံသုတေသနကို စိတ်အားထက်သန်သော ပါရမီတစ်ခု ရှိသည်။ မသေမျိုးမှော်ပညာကို လေ့လာရန်အတွက် အသက်သက်ရှည်ရှည် နေနိုင်ရန် ထိုမသေမျိုးမှော်ပညာရှင်က မတုံ့မဆိုင်းဘဲ စွန့်စားကာ ကိုယ့်ကိုယ်ကိုယ် မသေနိုင်သည့် အလောင်းအောက်လမ်းပညာရှင်အဖြစ် အသွင်ပြောင်း ခဲ့သည်။ ၎င်းမှာ ထိုစဉ်က ချန်လွေ့ကို သူ အညံ့ခံခဲ့ခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။ လက်အောက်ခံ-သခင် စာချုပ်က ကျွန်-သခင် စာချုပ်ကဲ့သို့ မဟုတ်ပေ။ သစ္စာဖောက်ရန် မဖြစ်နိုင်သော်လည်း သခင်သေဆုံးခြင်းက လက်အောက်ခံကို မသေစေနိုင်ပေ။ သခင်ဖြစ်သူကလည်း စာချုပ်ကို အသုံးချပြီး လက်အောက်ခံကို မသတ်နိုင်ပေ။
ဂူရာဒန်က ထို “အညံ့ခံမှု”ကြောင့် သူ ဉာဏ်အလင်းရပြီး အရည်အသွေးအရ ပြောင်းလဲသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။ မသေမျိုးမှော်ပညာရှင်၊ မသေမျိုးမြင်းတပ်၊ [အဆိပ်ဖောက်ခွဲခြင်း].....။ ထို့ပြင် များပြားလှသော စံပုံစံ စစ်တပ်ချပ်ဝတ်တန်ဆာများ ပါဝင်သည့် ငွေကြောင်းအမြောက်အမြား၊ အရိုးခြောက်မှော်ပညာရှင်ပစ္စည်းများ နှင့် ပြည့်စုံသော ဧရာမနဂါး အလောင်းပင် ပါရှိသည်။ ယနေ့ သူ၏ခမ်းနားသော အောင်မြင်မှုကို ထိုသခင်နှင့် လုံးဝ ခွဲထုတ်၍မရပေ။
ချန်လွေ့ ပြသသော စွမ်းအားကလည်း ဂူရာဒန်ကို အထင်ကြီးသွားစေသည်။ အသံတိတ်ညစိမ့်မြေတွင် သူက နတ်ဆိုးဘုရင်အဆင့်သာ ရှိသေးသည်။ နောက်ပိုင်းတွင် သူ့စွမ်းအားက စိတ်ကူးကြည့်၍မရသော အမြန်နှုန်းဖြင့် တိုးတက်သွားပြီး မဟာနတ်ဆိုးဘုရင်မှသည် ..... နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်သွားသည်။ လီသ်တောနက်ရှိ အဆုံးအဖြတ်တိုက်ပွဲ အချိန်တွင် သူသည် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သူ အိုဆိုင်ဒန်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။
“စိတ်ချပါ။ သခင်။ သခင် မရှိနေရင်တောင် မဒမ်ရဲ့ အမိန့်ကို ကျုပ် လုံးဝ နာခံမှာပါ။” ချန်လွေ့ ရောက်လာရသည့် အကြောင်းရင်းကို သိရှိပြီးနောက် ဂူရာဒန်က တရိုတသေနှင့် ပြောသည်။
အသီနာအပေါ် ဂူရာဒန်၏ အကောင်းဆုံးအမြင်ကို မဆိုထားနှင့်။ မျက်မှန်နှင့် မိန်းမလှက ဂူရာဒန်ကို ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့နေစေသည်။ မစ်-ဇိုလာက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း နဂါးနှစ်ကောင်ကို နင်းခြေခဲ့သည့် မြင်ကွင်းအား ဂူရာဒန် အသေအချာ မြင်တွေ့ခဲ့ရသည်။ ထိုနေရာတွင် နတ်ဆိုးအရှင်သခင်အဆင့် လေးငါးယောက် ရှိနေခဲ့သော်လည်း တစ်ယောက်မျှ အသက်မရှူရဲခဲ့ကြပေ။
ချန်လွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ယန်းတော်မြို့ ရှေးဟောင်း စစ်မြေပြင်မှ မသေမျိုးကို အသွင်ပြောင်းတာပြီးအောင် ကြိုးစား။ ချပ်ဝတ်တန်ဆာတွေကို စိတ်မပူနဲ့။ ဒီတစ်ခေါက် လိုတာထက် ပိုရှိတယ်။”
“သခင်။ နောက်တစ်ခု ရှိသေးတယ်။ ကျုပ်က လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်ခဲ့ပေမဲ့ အလောင်း အောက်လမ်းပညာရှင် အဖြစ် ပြောင်းပြီးတဲ့နောက်မှ ရပ်တန့်နေခဲ့တယ်။ မသေမျိုးခန္ဓာကိုယ်က တခြား သတ္တဝါတွေလိုမျိုး မဟုတ်ဘူး။ ဥပမာပြောရရင် ကျုပ်ရဲ့ လက်ရှိအခြေအနေက တိုက်ရိုက် အဆင့်တက်ဖို့ မဖြစ်နိုင်ဘူး။ သခင့်မှာ ဆေးရည်မည်းတွေ ရှိရင်တောင် ကျုပ်အတွက် ဘာမှအာနိသင်ရှိမှာ မဟုတ်ဘူး။ အသက်ရှည်ဆေးရည်နဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးရည်တွေကလည်း အဆိပ်ပြင်းတွေနဲ့ အတူတူပဲ။ ရှေးဟောင်းမှတ်တမ်းတွေနဲ့ ကျုပ်ရဲ့ သုတေသန ရှာဖွေမှုတွေအရတော့ အဆင့်တက်ချင်တယ်ဆိုရင် အတော်လေး ရှုပ်ထွေးတဲ့ကျင့်စဉ်တွေနဲ့ အရဲစွန့်ရမှာတွေ လိုအပ်တယ်။ ဒါတွေက အဆင်ပြေပါတယ်။ အဓိက ကတော့ အဖိုးတန်ကုန်ကြမ်းတွေ အများကြီး လိုအပ်တာပဲ....”
ကျင့်စဉ်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ အလွန်အမင်း ရှားပါးပြီး အမျိုးအစားများမှာ များပြားလွန်းသည့်အတွက် ဂူရာဒန် စိတ်အေးလက်အေး မနေနိုင်ပေ။ ယခင်က မသေမျိုးများကို လက်နက်တပ်ဆင်ရန်အတွက် ပိုက်ဆံအများအပြား အသုံးပြုခဲ့ရသည်။ အမှန်တကယ်၍ ယခုတစ်ခေါက် လိုအပ်သော ကုန်ကြမ်းတန်ဖိုးမှာ မသေမျိုးများအတွက် ငွေကြေးစုစုပေါင်းထက်ပင် ပိုများသည်။ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ပင် ရယူနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် သူက စိုးရိမ်နေရင်း ပြောလိုက်ခြင်း ဖြစ်သည်။ ချန်လွေ့ လိုအပ်တာက မသေမျိုးဖန်တီးတဲ့ ငါ့စွမ်းအားပဲ။ သူ့ဘေးနားမှာ နတ်ဆိုးအရှင်သခင်အဆင့်တွေ မလိုအပ်ဘူး။ နဂါးသုံးကောင်အပြင် ကြောက်စရာအကောင်းဆုံး မဒမ် (ဇိုလာက နဂါးဆိုသည်ကို ဂူရာဒန် မသိသေးပေ) လည်း ရှိနေတယ်။ မြေဒြပ်စင်ဘုရင်ကလည်း သခင့်ကို တစ်ဦးတည်းသော အကောင်းဆုံး မိတ်ဆွေအဖြစ် အသိအမှတ်ပြုထားတယ်လို့ ကြားတယ်။
“ပြောပါ။ ကျုပ် ဘယ်လို ကူညီပေးရမလဲ။” ချန်လွေ့က ချက်ချင်းပင် သဘောတူ လိုက်သည်။ ဂူရာဒန်မှာ သူ့လူ ဖြစ်သည်။ ဂူရာဒန် အစွမ်းထက်လာလျှင် သူ့အတွက် အကျိုးအမြတ်သာ ရှိပေလိမ့်မည်။ ချန်လွေ့က သူ့လူနှင့်ပတ်သက်လျှင် လုံးဝ မတွန့်တိုပေ။
ထိုကဲ့သို့ ကျေနပ်လောက်စရာ အဖြေတစ်ခုကို ကြားသည့်အခါ ဂူရာဒန်က “မိမိကို နားလည်သော မိတ်ဆွေတစ်ယောက်အတွက် အသက်ကိုစတေးမည့် စစ်မှန်သော လူကြီးလူကောင်း” ဟူသည့် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ရလိုက်ပြီး သူ၏ မျက်လုံးမှ အနီရောင်အလင်းနှစ်ခု တောက်ပသွား၏။ “အလောင်းအောက်လမ်းပညာရှင်ရဲ့ ခန္ဓာကိုယ်က အချိန်မရွေး စွန့်ပစ်လို့ရတဲ့ ပစ္စည်းတစ်ခုပဲ။ အဲဒါကြောင့် အဓိက သော့ချက်က ဝိညာဉ်မီးတောက်မှာ ရှိနေတယ်။ ဒီကုန်ကြမ်းတွေအကုန်လုံးကို ရနိုင်မယ်ဆိုရင် ကျုပ်က အထူးကျင့်စဉ်နဲ့ အရည်အသွေးအရ ပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ ဒီလိုကျင့်စဉ်မျိုးက အတော်လေး အဖိုးတန်တဲ့ ကုန်ကြမ်းတွေနဲ့ တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိတယ်။ အဲဒီတုန်းက တစ်ခုတစ်လေ ဆရာသခင်ပါ့ဂ်လီအိုရဲ့ ရတနာသိုက်ထဲမှာ ရှိတယ်။ ပြီးတော့ ကျုပ် ထွက်လာတော့ အချို့ကို စုဆောင်းထားခဲ့တယ် ..... ”
ထိုစဉ်က ပါ့ဂ်လီအို၏ ရတနာများ ချန်လွေ့၏လက်ထဲ ရောက်သွားပြီး “ဆာလဖျူရစ်အက်စစ်”ဖြင့် အပက်ခံခဲ့ရသော သနားစရာ အလောင်းအောက်လမ်း ပညာရှင်က အသက်သေတ္တာကိုသာ ယူသွားနိုင်ခဲ့သည်။ ဂူရာဒန် ဆိုလိုသည်ကို ချန်လွေ့ သဘောပေါက်သည်။ လိုအပ်သော ကုန်ကြမ်းများ အကြောင်းမေးပြီးနောက် ချန်လွေ့က သိုလှောင်ဂိုဒေါင်ထဲမှ တစ်ခုချင်း ထုတ်ယူလိုက်သည်။
အချို့ကုန်ကြမ်းများမှာ အသုံးပြုပြီးခဲ့ပြီး အဆိပ်နဂါး၏ ရတနာသိုက်ထဲ မရှိသော်လည်း နောက်ပိုင်းတွင် ချန်လွေ့က သလင်းကျောက်နဂါး၏ ရတနာများနှင့် ကတ်စတာမိသားစုက လက်ဆောင်ပေးခဲ့သော ကုန်ကြမ်းအများအပြား အပါအဝင် ပစ္စည်းကောင်းများ ရရှိခဲ့သည်။ ဂူရာဒန်က ထင်ထားသည်ထက် ပို၍ ပြည့်စုံသော ကုန်ကြမ်းများကို ရရှိခဲ့သည့်အတွက် ပျော်ရွှင်မိသွားသည်။
“ကျန်တဲ့ ကုန်ကြမ်းတွေကတော့ မရှိသေးဘူး။ ဒါပေမဲ့ ပြဿနာ အကြီးကြီး မဟုတလောက်ဘူး။ အရိပ်နက်အင်ပါယာရဲ့ ထိပ်တန်းစီးပွားရေးမိသားစုဖြစ်တဲ့ ကတ်စတာမိသားစုကို အဲဒါတွေ စုဆောင်းဖို့ ပြောလိုက်မယ်။ ဒါပေမဲ့ ... ဒီနဂါးစွမ်းအား အမြုတေနဲ့ မာယာရှင်နှလုံးသားက ဘာတွေလဲ။” ဂူရာဒန်က ရှားပါးကုန်ကြမ်း အများအပြားကို တောင်းဆိုခဲ့သော်လည်း အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာမှ ယန္တရားအစည်းအရုံးတွင် သက်ဆိုင်ရာ အသိပညာများကို စုပ်ယူထားခဲ့ပြီးနောက် ၎င်းတို့၏ ဇစ်မြစ်နှင့် အသုံးပြုပုံတို့ကို သိနေသည်။ သို့သော်ငြား ထိုကုန်ကြမ်းနှစ်ခုကို သူ တစ်ခါမျှ မကြားဖူးပေ။
“ကျုပ်လည်း သေချာတော့ မသိဘူး။ နဂါးစွမ်းအား အမြုတေက ဧရာမနဂါးနဲ့ ဆက်နွှယ်နေလောက်တယ်။ ပြီးတော့ မာယာရှင်က ပင်လယ်သေမှာရှိတဲ့ ပင်လယ်သတ္တဝါ တစ်မျိုးပဲ။ မာယာရှင် နှလုံးသားဆိုတာက သူတို့ရဲ့နှလုံးသားကို ပြောတာလား မသိဘူး။”
ပင်လယ်သေက မာယာရှင်လား။ ချန်လွေ့က သိပ်မကြာခင် ပင်လယ်သေသို့ သွားတော့မည့် မြေဒြပ်စင်ဘုရင်အကြောင်းကို တွေးမိလိုက်သည်။ သို့သော်လည်း ထိုကုန်ကြမ်းနှစ်ခု၏ အသေးစိတ်အချက်အလက်ကို သဘောပေါက်ထားရန် ပိုကောင်းပေသည်။ အကယ်၍ မှားယွင်းသွားခဲ့လျှင် ဂူရာဒန်၏ ကျင့်စဉ်က အဆင့်မတက်ရုံသာမက သတ်သေခြင်း ဖြစ်သွားပေမည်။
“ကုန်ကြမ်းကိစ္စကို ကျုပ်တာဝန် ထားလိုက်ပါ။ အခုလက်ရှိကိစ္စတွေကို ခင်ဗျား အေးအေးဆေးဆေး ကိုင်တွယ်လို့ရတယ်။ ကျုပ် အကြံပြုတာက အကိုးအကား အတွက်ပဲ။ အရိုးမှော်ပညာနဲ့ စိတ်ဝိညာဉ်နဂါး အသွင်ပြောင်းတာကို ခင်ဗျားရဲ့ မသေမျိုးမှော်ပညာ အခြေခံသီဝရီကို အခြေခံပြီးတော့ လုပ်ဆောင်သင့်တယ်။”
ဂူရာဒန် ခေါင်းညိတ်လိုက်ပြီး ချန်လွေ့အား တောင်ပိုင်းဆင်ခြေဖုံးမှ ကိုယ်တိုင် လိုက်ပို့ခဲ့သည်။
အမှောင်လမြို့သို့ ပြန်ရောက်သော် ချန်လွေ့သည် အိမ်သို့ မပြန်ခဲ့ဘဲ အရှေ့တောင် ဘလော့သို့ သွားသည်။ နဂါးစွမ်းအားအမြုတေနဲ့ မာယာရှင်နှလုံးသားတို့သည် ဂူရာဒန် အတွက် အလွန်အရေးကြီးပြီး အဖြေရှာရမည် ဖြစ်သည်။ သူ့တွင် နှစ်ထောင်နှင့်ချီ အမွေအနှစ် ဆက်ခံထားသော ဆရာတစ်ယောက် ရှိနေခဲ့လေသည်။ ထို့ကြောင့် သူက ကျေနပ်လောက်စရာ အဖြေတစ်ခု ရနိုင်လောက်သည်။ ထို့ပြင် ထယ်တင်းနစ်ကို သူပေးချင်သော ရှေးအဂ္ဂိရတ် သက်ရှိအဖွဲ့အစည်းမှ အရေးပါသော ပစ္စည်းအချို့လည်း ရှိနေသည်။
ဝတ်ရုံဂိုဏ်းနောက်ဖေးသည် အလွန်စည်ကားနေပြီး စားစရာအနံ့များ ပြည့်နေ၏။ တယ်တင်းနစ်၊ စကိုင်းနှင့် သူ၏ဇနီး၊ အိဗ်၊ အလျန်၊ မှင်စာအဘိုးအို နှင့် သူ၏ သမီးများ၊ မစ်-ဆာဆာ အားလုံး ရှိနေကြသည်။ သူတို့က ဝိုင်းထိုင်ပြီး အကင်စားနေကြခြင်း ဖြစ်သည်။ ဆရာသခင် ရှင်းရှင်းက ယန္တရားအစည်းအရုံးမှ ကိစ္စတချို့ကြောင့် ရှိမနေပေ။
“အက်ဂ်ယော” ရောက်ရှိလာခြင်းက လူတိုင်း၏အာရုံကို ချက်ချင်းပင် ဖမ်းစားသွား ခဲ့သည်။ အထူးသဖြင့် မျက်လုံးလျင်ကြသော အလျန်နှင့် အိဗ်တို့က ပျော်ရွှင်သွားကြသည်။ အမြန်ဆုံး တုံ့ပြန်သည်မှာ မှင်စာအဘိုးအို ဒီဒီ ဖြစ်ပြီး ချက်ချင်းပင် နှုတ်ဆက်ကာ အရိုအသေပြုလိုက်သည်။ “သခင်..”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး မှင်စာအဘိုးအိုအား ဆက်ထိုင်နေပြီး ယဉ်ကျေးလွန်းစရာ မလိုကြောင်း အချက်ပြလိုက်သည်။
“ဆရာ...” ချန်လွေ့က ထယ်တင်းနစ်ကို အရိုအသေပြုပြီး စကိုင်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။ ယခုတစ်ခေါက် အမှောင်လစစ်ပွဲတွင် ထယ်တင်းနစ် ထောက်ပံ့ပေးသော တိုးမြှင့်ထားသည့် မှော်သလင်းကျောက် အမြောက်က ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ပိုကောင်းသော မှော်သလင်းကျောက် အမြောက်များကို ဖန်တီးရန် အချိန်ရလျှင် ကြယ်ကြွေတမန်အင်ပါယာ၏ စစ်အင်အား ကြီးကြီးမားမား တိုးတက်သွားပေမည်။
စကိုင်းက ပြောသည်။ “အမှောင်လတိုက်ပွဲက နတ်ဆိုးဘုံကို တုန်လှုပ်သွား စေတယ်လို့ ပြောလို့ရတယ်။ အိုဆိုင်ဒန်ကို မင်းနဲ့ တော်ဝင်မင်းသမီး သတ်နိုင်ခဲ့တယ်။ ဒီတိုက်ပွဲမှာ အားနည်းတာက အားကြီးတာကို အနိုင်ရခဲ့တယ်။ ဒါက မယုံနိုင်စရာပဲ။ မင်းနဲ့ မင်းသမီးရှီရာက နတ်ဆိုးဘုံသမိုင်းမှာ မှတ်တမ်းတင်ခံရပြီးတော့ အနာဂတ်မျိုးဆက်တွေ အမွှမ်းတင်ကြမှာပဲ။ သိပ်မကြာခင် မင်းကို မင်းသား ကြင်ရာတော်လို့ ခေါ်ရတော့မှာပဲ။”
ချန်လွေ့ ခေါင်းခါသည်။ “ဆရာသခင် စကိုင်းက ပုံကြီးချဲ့နေတာပဲ။ ဒါက တော်ဝင်မင်သမီးနဲ့ စစ်သည်တွေအားလုံးရဲ့ ကြိုးစားမှုကြောင့်ပါ။ ဘွဲ့ကတော့ .... ကျုပ် ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က ဆရာသခင်ရဲ့မိတ်ဆွေ အက်ဂ်ယော ပါပဲ။”
စကိုင်းက ပျော်ရွှင်လျက် ပြုံးပြီး ခေါင်းညိတ်သည်။ “ငါက မိတ်ဆွေတစ်ယောက် ဖြစ်မှတော့ အကူအညီလိုရင် အားမနာပါနဲ့။ ရှင်းရှင်း ဒီမှာ ရှိမနေပေမဲ့ သူလည်း ဒီလိုမျိုးပဲဆိုတာ ငါသိတယ်။”
ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွား၏။ အမှောင်လနယ်မြေက အင်ပါယာ တစ်ခုလုံးကို မယှဉ်နိုင်ဘူး။ ရှီရာအတွက် မြို့တော်က အင်အား ဗဟိုချက်ပဲ။ ဒါပေမဲ့ အဲဒါက ယန္တရားအစည်းရုံးလိုမျိုး အဖွဲ့တွေအားလုံး ထောက်ခံတဲ့ ပတ်ဝန်းကျင်စိမ်း တစ်ခုလည်း ဟုတ်တယ်။ ကြယ်ကြွေတမန်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးက နိတ်နဲ့ အန်ဒါဆန်လိုမျိုး “ထိပ်တန်း” ဂုဏ်ပုဒ်ရှိတဲ့ ဆရာသခင်တွေ မရှိဘူး။ အဲဒါကြောင့် လွှမ်းမိုးမှုက တခြားအင်ပါယာနှစ်ခုထက်ကို အများကြီး နိမ့်ကျတယ်။ အတိတ်မှာ နံပါတ်တစ် သားရေချပ်ကာ ဆရာသခင်တစ်ယောက် ဖြစ်တဲ့ စကိုင်းက ထွက်လာပြီးတော့ ဖွန်ဆက်ဆိုတဲ့နာမည်အောက်မှာ အစည်းအရုံးကို ဝင်လာမယ်ဆိုရင် ဆရာသခင် ရှင်းရှင်းရဲ့ လွှမ်းမိုးမှုနဲ့ သေချာပေါက် တခြားအင်ပါယာနှစ်ခုကို ယှဉ်နိုင်မှာပဲ။ ဒါက ရှီရာအတွက်လည်း အတော်လေး ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်နိုင်တယ်။
စကိုင်းက သူ့ကို ထောက်ခံသော မိန်းမနှင့် သမီးများကို ငေးကြည့်လိုက်သည်။ “မင်းက မြို့တော်ကို သွားရမယ် မဟုတ်လား။ အခု သွေးရောင်အင်ပါယာရဲ့ နိတ်က ပျက်စီးကိန်းစိုက်သွားပြီ။ ငါ လက်စားချေဖို့ စိတ်ပူစရာ မလိုတော့ဘူး။ ငါ ထွက်လာပြီးတော့ ကျော်ကြားမှုနဲ့ ငွေကြေးကို ရှာဖွေလို့ရပြီ။”
ချန်လွေ့၏ စကိုင်း၏ စရိုက်ကို သိသည်။ သူက ကျော်ကြားမှုနှင့် ငွေကြေးကို လိုချင်စိတ်မရှိသလို ဂရုလည်း မစိုက်ပေ။ အထူးသဖြင့် ထိုစဉ်က ကြီးကြီးမားမား ပြောင်းလဲသွားပြီးနောက် သူက မိသားစုကို ပိုအာရုံစိုက်ပြီး တည်ငြိမ်သော ဘဝတစ်ခု၌သာ နေနေချင်ခဲ့သည်။ ယခုတွင် သူ ထွက်လာရန် ပြောဆိုခြင်းမှာ အသေအချာပင် ချန်လွေ့၏ကျေဇူးကို ဆပ်ရန်အတွက် ဖြစ်ပေသည်။
“ဆရာသခင်က ကျော်ကြားမှုနဲ့ ငွေကြေးကို စိတ်ဝင်စားမှတော့ ကျုပ်လည်း ခင်ဗျားကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ လူဆိုးတစ်ယောက် လုပ်ရတာပေါ့။” ချန်လွေ့က မငြင်းဟန်ဆောင်တော့ဘဲ ရက်ရက်ရောရော လက်ခံလိုက်သည်။ ထို့နောက် သူတို့ နှစ်ယောက် စကားထပ်မပြောကြဘဲ အချင်းချင်း ပြုံးလိုက်ကြသည်။