← Chapters

တစ်ကျော့ပြန်

Vol. 37 Ch. 558

တစ်ကျော့ပြန်

Vol. 37 Ch. 558

ချန်လွေ့က တာဒီလာအား သူ့ကို ပြဿနာထဲ ဆွဲခေါ်လိုက်သည့်အတွက် တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။ ဒီတစ်ခေါက် အရိပ်နက်အင်ပါယာက သံတမန်နှစ်ယောက်လုံး ကိုယ်တွယ်ရ မလွယ်ကူဘူး။

အပေါ်ယံမှာတော့ လီလစ်ဇ်က လူကောင်း၊ တာဒီလာက လူဆိုး။ ဒါပေမဲ့ တကယ်က တာဒီလာ လှုပ်ရှားနေတာ။ အပြန်အလှန် နားလည်မှုကြောင့် ဒီလှုပ်ရှားမှုက ချက်ချင်း အလုပ်ဖြစ်သွားခဲ့တယ်။ အရိပ်နက်အင်ပါယာရဲ့ သတ်မှတ်ချက်တွေကို ဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာ ငါမစဉ်းစားနိုင်ခင်မှာပဲ အမှောင်လက အရင်းဆုံး အတွင်းရေး ပြဿနာ ဖြစ်သွားပြီ။

ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ “ခင်ဗျားတို့ အင်ပါယာရဲ့ မဟာကတ်သရင်းက နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်း ဖြစ်နေပေမဲ့ ယောက်ျား တစ်ယောက်ကို သဘောကျနေတယ်လို့ ပြောကြတယ်။ အဲဒီ ကောလာဟလက အမှန်ပဲလား မသိဘူး။”

တာဒီလာ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်သော အကြည့်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ “ဧကရီ ကတ်သရင်းကို အသရေမဖျက်နဲ့။”

ချန်လွေ့ သရော်ပြုံး ပြုံးလိုက်သည်။ “အသရေဖျက်တယ် ဟုတ်လား။ ကျုပ်က ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင်လို့ ပြောရအောင် ခင်ဗျားမှာ ဘာသက်သေ ရှိလို့ပဲ။ ကျုပ်က အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင် ဒါမှမဟုတ် လူသားလို့ ပြောမယ်။ ခင်ဗျား ယုံမလား။”

တာဒီလာက အေးစက်စက်နှင့် ပြောသည်။ “မိသားစုနာမည်ကို ဝန်မခံရတဲ့သူက မိသားစုခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ကြယ်ကြွေတမန်အင်ပါယာမှာ မင်း ဘယ်လို မုန်တိုင်းတွေ မွှေမလဲဆိုတာ ကြည့်ရသေးတာပေါ့။”

ချန်လွေ့ ခေါင်းခါသည်။ အမှန်တရားသည် အမြဲပင် လက်ခံရ ခက်ခဲ၏။ ကတ်သရင်းသည် အမှန်တကယ်ပင် ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားနေပြီး ထိုသူမှာ အမှန်ပင် လူသား ဖြစ်သည်။

ရှီရာ၏အသံရေးရေးလေး ထွက်လာသည်။ “ဒီတစ်ခေါက် သံတမန်တွေရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ရဲ့ စည်းလုံးမှုကို သွေးထိုးပေးဖို့ မဟုတ်ဘူးမလား။ အက်ဂ်ယောက ကျွန်မရဲ့ ကြင်ရာလောင်း။ အဲဒါကြောင့် ဒီအကြောင်းကို အပြင်လူတွေ စိုးရိမ်စရာ မလိုအပ်ဘူး။ သံတမန်နှစ်ယောက်ကို ကျွန်မ မေးချင်တာက ဧကရီ ကတ်သရင်းကိုယ်တိုင် ပါဝင်ထားတဲ့ အင်ပါယာ သုံးခုရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်စာချုပ်က တရားဝင်သေးလား ဆိုတာပါပဲ။”

“စာချုပ်မှာ လက်မှတ်ထိုးခဲ့တာက ရီဂျန့် အိုဆိုင်ဒန်ပါ။” လီလစ်ဇ်က စကား တစ်ခွန်းတည်းဖြင့် အဆုံးသတ်အဖြေပေးလိုက်ပြီး ၎င်းမှာ ကတ်သရင်း၏ စစ်မှန်သော သဘောထားပင် ဖြစ်လေသည်။

ချန်လွေ့က မေးသည်။ “ဒီကိစ္စက အရေးကြီးလွန်းတယ်။ ကျုပ်တို့ကို စဉ်းစားဖို့ အချိန်နည်းနည်း ပေးနိုင်မလား။”

ထိုစကားက မင်းသမီးရှီရာအတွက် ဆုံးဖြတ်နေခြင်းပင် ဖြစ်သည်။ စတေလာနှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ တာဒီလာ ပြန်ဖြေသည်။ “လီလစ်ဇ်နဲ့ ကျုပ်က အလွန်ဆုံး နောက်နေ့မနက်မှာ သတင်းပြန်ပို့ရမယ်။ မဟုတ်ရင် အမှောင်လလော့ဒ်က ကျုပ်တို့ ဧကရီ၏ စေတနာကို ငြင်းပယ်တာလို့ပဲ သတ်မှတ်လိမ့်မယ်။”

“ကောင်းပြီ။ မနက်ဖြန်မနက်ကျရင် ခင်ဗျားကို တိကျတဲ့ အဖြေတစ်ခု ပေးမယ်။” ချန်လွေ့က သဘောတူညီလျက် ပြန်ဖြေသည်။

ဘာရိုကို ဒေါသထွက်သွား၏။ “နေဦး၊ အက်ဂ်ယော။ မင်းက ဘာလို့ မင်းသမီး ရှီရာကိုယ်စား သဘောတူလိုက်တာလဲ။”

ရုတ်တရက် ခန်းမထဲ၌ အေးစက်မှုတစ်ခု ပေါ်ထွက်လာပြီး ရှီရာ အရှေ့တွင် ဓားတစ်လက် ထွက်ပေါ်လာလေသည်။ ၎င်းမှာ ကြယ်ကြွေတမန်ဓားပင်။ တီးတိုးပြောသံများ ရုတ်ချည်းရပ်တန့်သွား၏။

ရှီရာ မတ်တပ်ရပ်ပြီး ပြောသည်။ “အက်ဂ်ယောရဲ့ စကားတွေက ကျွန်မပြောတဲ့ အတိုင်းပဲ။ အဲဒါကြောင့် ဆုံးဖြတ်လိုက်ပြီ။”

ရှီရာက ဧကရီ မဖြစ်သေးသော်လည်း အမြင့်မြတ်ဆုံး အဆောင်ပစ္စည်း အရှေ့တွင် ဘာရိုကိုနှင့် အခြားသူများက ရွေးစရာမရှိဘဲ အတူတကွ ဦးညွှတ်ကြရသည်။

“ဂါ့စ်။ သံတမန် နှစ်ယောက်ကို တော်ဝင်တည်းခိုခန်းမှာ အနားယူဖို့ လိုက်ပို့ပေးလိုက်။”

ဂါ့စ် ရှေ့တက်လာပြီး တုံပြန်ကာ လီလစ်ဇ်နှင့် တာဒီလာတို့အား ခန်းမထဲ၌ ဦးဆောင်သွား လိုက်သည်။

ကြယ်ကြွေတမန်ဓား တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ ချန်လွေ့က အရိုအသေ ပြုလိုက်သည်။ “မင်းသမီး ရှီရာ။ ကျုပ်မှာ မဒမ်-အသီနာ နဲ့ ဆာ-ချန်လွေ့တို့နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိတယ်။ ခဏနေ ကျုပ် ပြန်လာပါ့မယ်။”

ရှီရာ ခေါင်းညိတ်ပြီး သူတို့သုံးယောက်ကို အရင်ထွက်သွားရန် လက်အမူအရာ ပြလိုက်သည်။ နတ်ဆိုးအရှင်သခင်အဆင့်များ၏ ခံစားချက်ပြင်းထန်သော အသံများ ခန်းမထဲ၌ ချက်ချင်း ထွက်လာတော့သည်။

“တော်ဝင်မင်းသမီး။ အက်ဂ်ယောက တကယ်တမ်း ဘယ်သူလဲ။”

“အက်ဂ်ယောက ဘယ်ဇီဘတ် တော်ဝင်မိသားစုခေါင်းဆောင်လို့ အဲဒီ တာဒီလာ ပြောတယ်။ အဲဒါက လုပ်ကြံပြောဆိုတဲ့ပုံ မပေါက်နေဘူး။”

“သူက ဘယ်ဇီဘတ် တော်ဝင်မိသားစုက မဟုတ်ရင်တောင် အရိပ်နက် အင်ပါယာနဲ့ သက်ဆိုင်နေနိုင်တယ်။ ငါက ငါတို့ကို ခုခံသလို ဟန်ဆောင်ခဲ့တယ်။ ဒါပေမဲ့ သူက အရိပ်နက်အင်ပါယာရဲ့ သတ်မှတ်ချက်တွေကို မင်းသမီးကိုယ်စား သဘောတူခဲ့တယ်....”

ရှီရာက အမြင့်ဆုံးထိုင်ခုံပေါ်တွင် တိတ်တိတ်လေး ထိုင်နေပြီး ပြန်မဖြေပေ။ ခဏအကြာတွင် လူတိုင်း ရှုတ်ချကြသော “အက်ဂ်ယောက” ခန်းမထဲ၌ ပေါ်ထွက်လာသည်။

ခန်းမထဲမှ အသံလုံမှော်စက်ဝိုင်းကို ပြန်လည်အသက်သွင်းလိုက်ဟန်တူပြီး ရုတ်တရက် အသံတိတ်သွားတာ မည်သည့်အသံကိုမှ မကြားရတော့ပေ။

တဖြည်းဖြည်းနှင့် အချိန်ကုန်ဆုံးသွားခဲ့ပြီး လနှစ်စင်း၏ လရောင်ကလည်း အဖြူမှ ခရမ်းရောင်သို့ ပြောင်းလဲလာသည်။

တည်ငြိမ်နေသော လရောင်အောက်တွင် မတည်ငြိမ်နိုင်သော နှလုံးသားများ အများအပြား ရှိနေသည်။

ကြည်လင်အေးချမ်းသော လရောင်က အနည်းငယ် တလက်လက် ဖြစ်လာနေပြီး လုံလောက်အောင် မတောက်ပသော်လည်း နတ်ဆိုးဘုံတစ်ခုလုံးကို အလင်းရောင် ယူဆောင်လာပေးနိုင်သည်။

တာဒီလာနှင့် လီလစ်ဇ်တို့က နန်းတော်သို့ မနက်စောစော ရောက်လာသည်။ ရှီရာ နန်းမတက်ခင်အချိန်သည် ဖိအားပိုပေးရန် အချိန်ကောင်း ဖြစ်သည်။ ရှီရာက အမှန်တကယ် နန်းတော်သို့ ပြန်သွားပြီး နန်းတက်ခဲ့လျှင် အခြေအနေတစ်ခုလုံးက တစ်ဟုန်ထိုး ပြောင်းလဲသွားပေလိမ့်မည်။

အရိပ်နက်အင်ပါယာစစ်တပ်က ကြယ်ကြွေတမန်အင်ပါာ၏ အဓိကနေရာ နှစ်ခုသို့ အလျင်အမြန် ရွှေ့ပြောင်းလာကြပြီး နှစ်ရက်အတွင်း စုစည်းပြီးလောက်ပြီ ဖြစ်သည်။ ၎င်းသည် အမှောင်လအား “စဉ်းစားချိန်” ပေးခဲ့သည့် တကယ့်အကြောင်းရင်း ဖြစ်သည်။ အချိန်ပိုက အပြောင်းအလဲကို တုံ့ပြန်ရန်အတွက် သူတို့ကိုယ်သူတို့ သက်သာစေရန် ဖြစ်သည်။

နန်းတော်အပြင်ဘက်၌ လီလစ်ဇ်နှင့် တာဒီလာတို့က သူတို့ကို လာနှုတ်ဆက်သော အသီနာနှင့် တွေ့ဆုံခဲ့သည်။ အသီနာကို နတ်ဆိုးအရှင်သခင်အဆင့်များဖြစ်ကြသော သူစိမ်း အမျိုးသားနှင့် အမျိုးသမီးတို့ ဝိုင်းရံထားကြသည်။ ဆံပင်အစိမ်းနှင့် အမျိုးသမီးက တာဒီလာကို ယှဉ်၍ရသည်။ တခြားအမျိုးသားက အငွေ့အသက်ကို မထုတ်လွှတ် သော်လည်း သူက တာဒီလာအား ဆုပ်ကိုင်၍မရသော ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ပေးနေသည်။

နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း။ တာဒီလာနှင့် လီလစ်ဇ်တို့က အချင်းချင်း အလျင်အမြန် ကြည့်လိုက်စဉ် အသီနာ စကားပြောသည်ကိုသာ ကြားလိုက်ရသည်။ “မင်္ဂလာပါ။ သံတမန်တို့။ ကျွန်မနဲ့ လိုက်ခဲ့ပေးပါ။”

အသီနာ၏ ဦးတည်ဘက်က အမှန်တကယ်ပင် နန်းတော်သို့ မဟုတ်နေပေ။ ထို့ကြောင့် လီလစ်ဇ်က မေးသည်။ “ဗိုလ်ချုပ် အသီနာ။ ကျွန်မတို့ ဘယ်သွားနေတာလဲ။”

“ဧကရီ ကတ်သရင်းက အမှောင်လလော့ဒ်ရဲ့ အဖြေကို နားထောင်ချင်တယ် မဟုတ်လား။” အသီနာက တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ “သိပ်မကြာခင် ရှင်တို့ နားလည်သွားမှာပါ။”

လီလစ်ဇ်နှင့် တာဒီလာတို့က အနည်းငယ် အံ့အားသင့်သွားကြသော်လည်း မစိုးရိမ်ကြပေ။ တစ်ညတည်းနဲ့ ရှီရာ ဘာလုပ်နိုင်မှာမို့လို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမှောင်လက ထောင်ခြောက်ဆင်ဖို့ သတ္တိမရှိဘူး။ ထို့ကြောင့် သူတို့က အသီနာနှင့်အတူ အပြင်ဘက်သို့ ချက်ချင်း လိုက်သွားကြသည်။

အမှောင်လမြို့သည် စစ်ပွဲကပ်ဘေး မခံစားခဲ့‌ရပေ။ ရှီရာ၏ မဟာအောင်နိုင်မှုနှင့် အတူ အများစုက ယခင်ကြွယ်ဝသောအခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ဝင်ထွက် သွားလာနေသော ပြည်သူများနှင့် စီးပွားရေးသမားများ အဆုံးမရှိ ဖြစ်နေလေသည်။

အသီနာက လမ်းလျှောက်သွားနေရင်း မေလိုက်သည်။ “သံတမန်နှစ်ယောက်။ အရိပ်နက်အင်ပါယာနဲ့ ယှဉ်ရင် အမှောင်လရဲ့ စီးပွားရေးက ဘယ်လိုနေလဲ။”

လီလစ်ဇ် ခေါင်းညိတ်ပြီး ပြောသည်။ “ကြက်ပျံမကျစည်ကားတဲ့ အမှောင်လနယ်မြေက နတ်ဆိုးဘုံမှာ နာမည်ကျော်ပါပဲ။ ကျွန်မတို့ရဲ့ အရိပ်နက် အင်ပါယာကို မယှဉ်နိုင်ပေမဲ့ ဒါကို ယှဉ်နိုင်တဲ့ နယ်မြေတွေ၊ မြို့တွေက လက်တစ်ဆုပ်စာပဲ ရှိတယ်။ အချိန်တိုအတွင်း ဒီအတိုင်းအတာအထိ တိုးတက်အောင် လုပ်ပြီးတော့ နယ်မြေတွေအားလုံး လိုက်လုပ်အောင် လှုံ့ဆော်ပေးနိုင်တယ်ဆိုတော့ မင်းသမီးရှီရာနဲ့ ဗိုလ်ချုပ်ရဲ့ ချစ်သူ ဆာ-ချန်လွေ့တို့ရဲ့ စွမ်းရည်တွေက တကယ့်ကို အထင်ကြီးစရာပဲ။ ဒီနေရာမှာ ကျွန်မ မသင့်တော်တာတစ်ခုကို သီးသန့် ပြောချင်တယ်။ တကယ်လို့ ဆာ-ချန်လွေ့နဲ့ ဗိုလ်ချုပ်က ကျွန်မတို့ အင်ပါယာဘက်ကို ပြောင်းမယ်ဆိုရင် ဧကရီ ကတ်သရင်းက ရှင်တို့ရဲ့ ဘယ်သတ်မှတ်ချက်ကိုမဆို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံတယ်။”

“ကျွန်မတို့ကို တန်ဖိုးမြင့်မြင့် စဉ်းစားထားပေးတဲ့အတွက် ဧကရီကတ်သရင်းနဲ့ မဒမ်-လီလစ်ဇ်ကို ကျေးဇူးတင်ပါတယ်။” အသီနာ အသာလေး ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။

၎င်းမှာ ငြင်းပယ်မှုတစ်မျိုးပင် ဖြစ်သည်။ ထိုကဲ့သို့ အပြုအမူမှာ လီလစ်ဇ် မမျှော်လင့်ထားသောအရာ မဟုတ်ပေ။ သူတို့ကို သိမ်းသွင်းရန် လွယ်ကူနေလျှင် ချန်လွေ့နှင့် အသီနာတို့ ဖြစ်နေမည်မဟုတ်။ သို့သော်လည်း ထိုသို့ပြောခြင်းဖြင့် အနာဂတ်အတွက် လမ်းကြောင်းပေးနိုင်ပေသည်။

သူတို့အုပ်စုက မြို့ဂိတ်တံခါးမှ ထွက်သွားလိုက်ပြီး ပြင်ဆင်ထားသော နတ်ဆိုးမြင်းများကို စီးနင်းကာ တောင်ပိုင်းဆင်ခြေဖုံးသို့ သွားကြသည်။

တိုးမြင့်လာသော ကြက်သီးထစရာ အငွေ့အသက်က တာဒီလာနှင့် လီလစ်ဇ်တို့ကို နိုးကြားသွားစေသည်။ အသီနာက ပြောသည်။ “စိတ်မပူပါနဲ့။ ဒါက ကျွန်မတို့ အမှောင်လရဲ့ မသေမျိုးစစ်တန်လျားပါ။”

မသေမျိုးစစ်တန်းလျား၏ ဂိတ်တံခါးတွေ ရပ်နေသည်မှာ နတ်ဆိုးအရှင်သခင် အလတ်ပိုင်းဖြစ်သော အထိတ်တလန့်စစ်သည် ပီဂါဆက် ဖြစ်သည်။ အသီနာကို မြင်သည့်အခါ သူက ရိုသေစွာ အလေးပြုပြီး အားလုံးကို ပေးဝင်လိုက်သည်။ အတွင်းထဲ၌ ပုံမှန်စစ်တပ်ကဲ့သို့ လက်နက်နှင့်ချပ်ကာများ အပြည့်တပ်ဆင်ထားသည့် အဆုံးမရှိသော မသေမျိုးစစ်တပ် ရှိနေသည်။ အားလုံးက သေနေသလိုမျိုးပင် ရပ်နေကြသည်။ သို့သော် ထိန်းချုပ်သူက အမိန့်ပေးသည်နှင့် ထိုမသေမျိုးများက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေး အင်အား ဖြစ်လာမည်ကို တာဒီလာနှင့် လီလစ်ဇ်တို့ သိကြသည်။ အမှောင်လ တိုက်ပွဲက စစ်တပ်ရေးရာ၌ မသေမျိုးစစ်သည်များ၏ အဆင့်အတန်းကို ကြီးကြီးမားမား ပြောင်းလဲသွားစေခဲ့သည်။ ယခင်က အမြောက်စာအဖြစ်သာ အသုံးပြုခဲ့ကြသော မသေမျိုးများကို မည်သူမှ အထင်မသေးရဲကြတော့ပေ။

“ဒီမသေမျိုးစစ်တပ်နဲ့ အမှောင်လရဲ့ ဗိုလ်ခြေသုံးခုပေါင်းက ရှင်တို့အင်ပါယာရဲ့ လိုင်ရာမြို့မှာ စခန်းချထားတဲ့ စစ်တပ်နဲ့ယှဉ်ရင် ဘယ်လိုထင်လဲ။”

တာဒီလာ၏မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ သူက ကျန်းကန် မဟုတ်သည့်အတွက် အသီနာ ရန်စလာပြီဖြစ်ရာ သုံးပြည်ထောင်ချစ်ခြင်းမှ ဇာတ်ကွက်အတိုင်း “ဂုဏ်သတင်းနဲ့လိုက်ဖက်ပါတယ်”ဟု ပြောလိမ့်မည် မဟုတ်ပေ။ ထိုအရေးကြီးအခိုက်အတန့်၌ ရန်စခြင်းက ....

လီလစ်ဇ်၏ မျက်လုံးထဲ၌ အံ့အားသင့်သော အမူအရာတစ်ခု လက်ခနဲ ဖြတ်သွားသည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ်နှင့် မေးသည်။ “ဗိုလ်ချုပ် အသီနာ။ ရှင့်ရဲ့စကားတွေက အမှောင်လ နယ်မြေတစ်ခုလုံးကို ကိုယ်စားပြုနိုင်လား။”

ထိုအချိန်၌ အဝေးတွင်ရှိသော အမှောင်လမြို့ဘက်မှ မီးပန်းဖောက်သံများ ထွက်ပေါ်လာသည်။ အားပေးသံများကလည်း ကျယ်သထက် ကျယ်လာ၏။

တာဒီလာ ရှေ့သို့တက်လာပြီး လီလစ်ဇ်ကို ကာကွယ်လိုက်သည်။ ဓားကဲ့သို့ အကြည့်က အသီနာ၏မျက်နှာကို စိုက်ကြည့်ထားနေသည်။ “ဒါက ဘာအသံလဲ။ ဘာသဘောလဲ။”

“ဒါက အမှောင်လ အောင်ပွဲခံနေတဲ့ အသံပဲ။ သူတို့က မှော်အချက်ပြ ရသွားတာ ဖြစ်မယ်။ အရှင်မ ရှီရာက မြို့တော်မှာ အောင်အောင်မြင်မြင်နဲ့ နန်းတက်နိုင်သွားပြီ။ မဒမ်- လီလစ်ဇ်ရဲ့ ခုနက မေးခွန်းကို ဖြေရရင်တော့.... ” အသီနာက တာဒီလာကို တည့်တည့် ကြည့်လိုက်သည်။ “အမှောင်လရဲ့ ကိုယ်စားလှယ်လော့ဒ် အသီနာဝေးလ်စ်က သံတမန်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။”

တာဒီလာနှင့် ပါးနက်ပြီးလေးနက်သော လီလစ်ဇ်သည်ပင် အသီနာ၏ စကားများကို ကြားသည့်အခါ မျက်နှာပျက်သွားကြသည်။

ထို့နောက် သူတို့နှစ်ယောက် ချက်ချင်းပင် စိတ်တည်ငြိမ်သွားကြသည်။ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အသီနာက ကိစ္စများကို လျို့ဝှက်ဆန်းကြယ်အောင် တမင်ပြုလုပ်နေခြင်း ဖြစ်သည်။ ဒါက လုံးဝကို မယုံနိုင်စရာပဲ။ အသီနာက မြို့တော်မှာ နန်းတက်ပြီးပြီ ဟုတ်လား။ မနေ့ နေ့လယ်တုန်းကပဲ သူတို့က နန်းတော်မှာ ရှီရာနဲ့ ကြယ်ကြွေတမန်ဓားကို သေသေချာချာ မြင်ခဲ့ရတယ်။ ဒါကို လှည့်စားဖို့က လုံးဝ မဖြစ်နိုင်ဘူး။ တစ်ညတည်းနဲ့ ရှီရာက မြို့တော်ကို ရောက်သွားပြီးတော့ ဧကရီ ဖြစ်သွားတယ်လား။

သူက ငါတို့ကို ဇဝေဇဝါဖြစ်အောင်လို့ ဒီဆုံးဖြတ်ချက်ကနေ လွတ်မြောက်ဖို့ တစ်နေရာရာမှာ ပုန်းနေတာ ဖြစ်မယ်။ ပြီးရင် မြို့တော်ကို အမြန်သွားဖို့အတွက် အချိန်ဆွဲဖို့ ဇာတ်တစ်ခု လုပ်နေတာ။

တာဒီလာက အေးစက်စက်နှင့် ပြောသည်။ “ကျုပ်တို့က တော်ဝင်မင်းသမီးကို အထင်ကြီးခဲ့မိတာပဲ။ သူက တကယ်ပဲ ဒီလိုရွံစရာလှည့်ကွက်ကို သုံးခဲ့တယ်။ သူက ပုန်းအောင်းနေပြီးတော့ ကျုပ်တို့နဲ့ တွေ့ဖို့ ငြင်းဆန်ရင်တောင် အသုံးမဝင်ဘူး။ အဖြေမရရင် ဝါလန်ခံတပ်၊ လိပ်ပြာနီနယ်မြေနဲ့ တဲခုလာခံတပ်တို့ကို တစ်ချိန်တည်းမှာပဲ ကျုပ်တို့က သန်ဘက်ခါနောက်ဆုံး သိမ်းပိုက်မှာပဲ။ အဲဒီအချိန်ကျရင် မင်းသမီးရှီရာ တကယ်လိုချင်နေတဲ့ ထီးနန်းကို ရရင်တောင် နောက်ကျသွားပြီ။”

“ရှင်တို့နှစ်ယောက်က မောက်မာပြီးတော့ ပါးနပ်ဟန်ဆောင်နေတာ ရယ်စရာပဲ။ ဒါပေမဲ့ ရှင်တို့တကယ် ဘာမှမသိကြဘူး။ ပထမဆုံးအနေနဲ့ ရှင်တို့ရဲ့ အရင်းခံအမှားကို အမှန်ပြင်ပေးမယ်။ အခုက မင်းသမီး မဟုတ်တော့ဘူး။ အရှင်မ ရှီရာ ဖြစ်သွားပြီ။” ထိုသူနှစ်ယောက် မယုံကြည်ကြောင်း သိလိုက်ပြီးနောက် ရှီရာ သရော်ပြုံး ပြုံးလိုက်သည်။ “မနေ့ညတုန်းကပဲ အရှင်မ ရှီရာက အကြီးအကဲမိသားစုနဲ့ တော်ဝင်မိသားစုက နတ်ဆိုးအရှင်သခင်အဆင့်တွေကို မြို့တော်ဆီကို ခေါ်သွားခဲ့တယ်။ နန်းတက်ပွဲ အခမ်းအနားကို ဒီနေ့ပဲ ကျင်းပခဲ့ပြီးတော့ အောင်အောင်မြင်မြင်နဲ့ နန်းတက်နိုင်ခဲ့ပြီ။”

သံတမန်နှစ်ယောက်၏ မသေချာသော အမူအရာကို မြင်နေရရင်း အသီနာက ဂုဏ်ယူမိသွားသည်။ “သိပ်မကြာခင်က ထွက်သွားတဲ့ ဗိုလ်ချုပ်ဂရန့်ကလည်း တဲခုလာ ခံတပ်ကို ရောက်တော့မယ်လို့ ကျွန်မ ယုံကြည်တယ်။ လိပ်ပြာနီလော့ဒ်-ဂျို့ရှ်ကလည်း အဆုံးအဖြတ်တိုက်ပွဲ ပြီးသွားတော့ လိပ်ပြာနီနယ်မြေကို ပြန်သွားခဲ့ပြီးတော့ မြို့တော်စစ်တပ်ရဲ့ ဗိုလ်ခြေသုံးခုကိုလည်း ခေါ်သွားခဲ့တယ်။ အခုလက်ရှိ သူတို့က ဆမ်မြို့ ရှေ့တန်းမှာ စောင့်နေကြတယ်။ ဆမ်မြို့နောက်ဘက်မှ ခါနီတာ နှစ်ပေါင်းများစွာ စီမံနေခဲ့တဲ့ မိုလင်မြို့ ရှိတယ်။ သုံးလေးဆပိုကြီးတဲ့ စစ်တပ်တစ်ခု ဆိုရင်တောင် အချိန်တိုအတွင်း ဖောက်ဝင်ဖို့ မစဉ်းစားနဲ့။ အမှောင်လဘက်ခြမ်းအတွက်ကိုတော့ ... ခုနကပဲ ရှင်တို့ကို အမှောင်လရဲ့ ကြွယ်ဝမှုနဲ့ စစ်ရေးအင်အားတွေ ပြခဲ့ပြီးပြီ။ ဒါက ကျွန်မတို့ရဲ့ သဘာထားကို ရှင်းပြဖို့ မလုံလောက်သေးဘူးလား။ ကျွန်မ ရှင်တို့ကို ပြောဖို့မေ့သွားတာ။ ဆရာသခင် ဂူရာဒန်က မသေမျိုးစစ်တပ်တစ်ဝက်ကို ဝါလန်ခံတပ်ဆီ ဦးဆောင်သွားနေပြီ။”

ဒါက မသေမျိုးစစ်တပ်တစ်ဝက်ပဲ ရှိသေးတာလား။ တာဒီလာနှင့် လီလစ်ဇ်တို့ နှစ်‌ယောက်လုံး ပင့်သက်ရှိုက်လိုက်ကြသည်။ အသီနာပြောတာ မှန်တယ်ဆိုရင် အရိပ်နက်အင်ပါယာက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီးတော့ အစွမ်းကုန် တိုက်ခိုက်ကြမယ်ဆိုရင်တောင် ကြယ်ကြွေတမန်အင်ပါယာရဲ့ အဓိက သုံးနေရာကို အချိန်တိုအတွင်း ဖြိုလှဲဖို့က မဖြစ်နိုင်ဘူး။

“နောက်ဆုံးအနေနဲ့ အရှင်မ ရှီရာက ရှင်တို့နှစ်ယောက်ကို စကားပါးခိုင်းလိုက်တယ်။ ကျွန်မတို့ တိုက်ခိုက်ပြီးတော့ တိုက်ပွဲကို အချိန်ဆွဲလို့ရတယ်။ အရိပ်နက်အင်ပါယာက တိုက်ခိုက်ရဲတာနဲ့ ကျွန်မတို့လည်း လုပ်ရဲတယ်။ ဒါက ရိုင်ဇန်ကို အကျိုးအမြတ် ရစေနိုင်ရင်တောင် ပျက်စီးမှုထဲကို အရိပ်နက်အင်ပါယာကိုပါ ခေါ်သွားမယ်။”

All Chapters