← Chapters

အခန်း ၁၅၃၄

Vol. 103 Ch. 1534

အခန်း ၁၅၃၄

Vol. 103 Ch. 1534

အပိုင်း (၁၅၃၄)

အောက်နယ်မြေမှာ နေထိုင်စဉ်က ရောင်မုန့်ယဉ်သည် အိပ်မက်တစ်ခုမက်ခဲ့၏။ အိပ်မက်အကြောင်းကို ပြန်လည်သိရှိ ချင်သည်ဆိုပါက အပိုင်း (၄၇၆) ကို ပြန်လည်ဖတ်ရှုရန်။ ထို့ကြောင့် သူမအနေနှင့် သေဆုံးခဲ့ရသည့် မှတ်ဉာဏ်များကို ဘယ်တော့မှ မမေ့လျော့နိုင်ခဲ့ပေ။

ဟုတ်ပေ၏။ ဤမြင်ကွင်းသည် ယခုဖြစ်ပေါ်နေသည့်မြင်ကွင်းနှင့် အနည်းငယ်ဆင်တူနေ၏။ သို့ပေမဲ့ အလုံးစုံခြားနားချက်များလည်း တည်ရှိနေ၏။ ဥပမာအားဖြင့် အိပ်မက်ထဲမှာတော့ သူမသည် သံမဏိအရိုးဂိုဏ်းထဲတွင် တည်ရှိလျက်ရှိနေပြီး လက်ရှိ အခြေအနေမှာတော့ သူမသည် ပြိုင်စံရှားဂိုဏ်းထဲတွင် တည်ရှိနေ၏။ ဥပမာအားဖြင့် အိပ်မက်ထဲမှာတော့ သူမသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တည်ရှိပြီး လက်ရှိအခြေအနေမှာတော့ အထက်နယ်မြေသို့ ရောက်ရှိနေ၏။ ရောင်မုန့်ယဉ်အနေနှင့် ရင်းနှီးလှသည်ဟု ခံစားရခြင်းသည် အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခုလုံးသည် ကြီးမားလှသည့် အန္တရာယ်ကြီးကဲ့သို့ သက်ရောက်နေသည့် အချိန်ဖြစ်သောကြောင့်ပင်။

“တောင်းပန်ပါတယ်။”

သူမသည် ဦးခေါင်းကို ငုံ့ကာဖြင့် မျက်ရည်များသည် မထိန်းချုပ်နိုင်ဘဲ ကျဆင်းနေ၏။ အထူးသဖြင့် သူမ၏ ရောင်းရင်း ဂိုဏ်းတူဂိုဏ်းသားများအားလုံးသည် သွေးကန်ထဲတွင် လဲလျောင်းကာဖြင့် သေဆုံးလျက်ရှိနေသည့် မြင်ကွင်းကို ပြန်လည်မှတ်မိရသည့်အချိန်မှာတော့ နှလုံးသားထဲသို့ ကြီးမားလွန်းသော ခံစားချက်များအားလုံး တိုးဝင်လျက်ရှိနေ၏။

“ကောင်မလေး”

နှင်းဆီဧကရီသည် လှမ်းလျှောက်လာကာဖြင့် အသံပို့လွှတ်လိုက်သည်။ “အရမ်းကြီးတွေးမနေနဲ့။”

ကျွင်းချောင်ရှောင်းအနေနှင့် အဓိကအင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာသည်ကို အာရုံစိုက်ကြည့်ရှုလျက်ရှိနေ၏။ ထို့ကြောင့် သူသည် ရောင်မုန့်ယဉ်ကို ဦးစားပေး ကြည့်ရှုရမှာ ဖြစ်၏။ ရောင်မုန့်ယဉ်တစ်ယောက် အိပ်မက်ဆိုးများမက်ခဲ့သည် ဆိုသည်ကို သူမ မသိရှိသော်လည်း အချိန်ကိုက်ဝင်ရောက်ကာ နှစ်သိမ့်အားပေးရမည်မှာ သူမ၏ အလုပ်ပင် ဖြစ်၏။

ကုန်းရှန့်သည် မိသားစုတစ်ခု၏ အိမ်ထောင်ဦးစီးဟု သတ်မှတ်ရမည်ဆိုလျှင် သူမသည် မိသားစုတစ်ခုလုံး၏ အိမ်ရှင်မ ပင် ဖြစ်၏။ ထို့ကြောင့် အရာအားလုံးကို ပိုမိုကောင်းမွန်စေရန်အတွက် ကူညီထောက်ပံ့ပေးရမည်မှာ သူမ၏ တာဝန်ပင် မဟုတ်ပါလား။

“ဆရာကတော်”

ရောင်မုန့်ယဉ်သည် ငိုရှိုက်ရင်းကပင် ပြောလိုက်မိ၏။ “ဂိုဏ်းကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပါဝင်မပတ်သက်စေချင်ဘူး။ ရှိသမျှလူတွေအားလုံးကို နာကျင်ရမှာမျိုး မဖြစ်စေချင်ဘူး။”

သူမအနေနှင့် အိပ်မက်ထဲတွင် အရာများအားလုံးကို မြင်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များသည် အပြင်ဘက်လောကတွင် ဖြစ်တည်လာမည်ကို အမှန်ပဲ စိုးရိမ်နေမိသည်။

“တစ်ချို့အရာတွေက ဖြစ်ချင်တိုင်းမဖြစ်ရသလို မဖြစ်ချင်တိုင်းလည်း ဖြစ်လာကြတာပဲလေ။”

နှင်းဆီဧကရီက ပြောလိုက်၏။ “အခု ဖြစ်လာပြီဆိုမှတော့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရတော့မှာပေါ့။ ဂိုဏ်းချုပ်နဲ့ မင်းရဲ့ဂိုဏ်းတူ အစ်ကိုတွေအကုန်လုံးက မင်းရဲ့ ဘေးနားမှာ အမြဲရှိနေမှာလေ။”

ရောင်မုန့်ယဉ်သည် ဘယ်တော့မှ ကြောက်လန့်ခြင်းမရှိသည့် ကျွင်းချောင်ရှောင်းနှင့် သူ၏ စီနီယာအစ်ကိုများ၊ အစ်မများကို လှမ်းကာ ကြည့်ရှုလိုက်မိ၏။ ထို့ကြောင့် သူမ၏ မျက်နှာပေါ်တွင် ရှိနေသော မျက်ရည်များကို လက်ဖြင့် သုတ်လိုက်သည်။ မျက်လုံးထဲတွင် တည်ကြည်ခိုင်မာသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။

ဤကဲ့သို့ အရေးအခင်းကိစ္စကြီးတွင် နက်နက်နဲနဲ ခံစားနေမိသူမှာ ရီရှင်းချန်ပင် ဖြစ်တော့သည်။ သူ၏ ယခင်ဘဝက ဆိုလျှင် သူသည် မည်သည့်အပေါင်းအသင်း ရောင်းရင်းသူငယ်ချင်းမှ မရှိချေ။ ချစ်သူတစ်ယောက်တည်းသာ ရှိခဲ့၏။ ထိုချစ်သူကလည်း သူ့ကို အဆုံးသတ်တွင် နောက်ကျောဓားနှင့်ထိုးကာ သတ်ဖြတ်ခဲ့၏။

“ကျွင်းချောင်ရှောင်း”

အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။ “မင်းအနောက်မှာ ရှိနေတဲ့ စုန်းမကို လက်လွှဲပေးလိုက်မယ်ဆိုရင် ကြီးမြတ်သူတုံးကု၏ မျက်နှာကို ထောက်ပြီး ပြိုင်စံရှားဂိုဏ်းကို ငါတို့က လွှတ်ပေးလိုက်မယ်။”

“ခင်ဗျားတို့အားလုံးနားထောင်ကြ။”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်ပြီး စူးရှလျက်ရှိ၏။ “ပြိုင်စံရှားဂိုဏ်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ သူတို့က မိစ္ဆာကျင့်ကြံသူပဲ ဖြစ်ဖြစ်၊ နတ်ဆိုးကျင့်ကြံသူပဲဖြစ်ဖြစ်၊ အားလုံး ကို ကျုပ်က လုံခြုံမှုပေးမယ်။”

ဤစကားစုသည် တရားလွန်လွန်းလှသည်ဆိုသော်လည်း ကုန်းရှန့်၏ စိတ်နေသဘောထားကို အလုံးစုံ ဖော်ညွှန်းလျက် ရှိနေသည်။

တပည့်တစ်ယောက်ကို လွှဲပြောင်းပေးရမည်ဟုတ်လား။ အိပ်မက်ထဲမှာပဲ ရပေမည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။

“ကြီးမြတ်သူတုံးကု”

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အေးစက်စက် မေးလိုက်သည်။ “ဒါက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်လား။ ခင်ဗျားတပည့်ရဲ့ ဆုံးဖြတ်ချက်လား။”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းအား မျက်လုံးထဲတွင် ထည့်လှသည်မဟုတ်ချေ။ သူတို့၏ မျက်လုံးတွင် ကျွင်းချောင်ရှောင်းမရှိချေ။ သို့ပေမဲ့ ကြီးမြတ်သူတုံးကုကတော့ တည်ရှိလို့နေ၏။ ထို့အပြင် ကြီးမြတ်သူတုံးကု ဆိုသည်မှာ ရှေးယခင်ကတည်းက ကျော်ကြားလှသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။

တစ်ဖက်လူများမှာ ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ချင်သည်ဆိုလျှင် သူတို့အနေနှင့် ကျိန်းသေပေါက် ပြုလုပ်ခွင့်ပေးရပေ လိမ့်မည်။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် မာဆာတိုကီတာနိုနှင့် တစ်ခြားသော စွမ်းအားမြင့် လွတ်လပ်သော ကျင့်ကြံသူများသာ မရှိပါက ၎င်းတို့သည် တိုက်ခိုက်မိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ပြိုင်စံရှားဂိုဏ်းအနေနှင့်တော့ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် ညှိနှိုင်းဆွေးနွေးရန် ဆိုသည်မှာ အရည် အချင်းမရှိချေ။

တစ်ဖက်လူများ၏ ဆိုလိုရင်းကိုလည်း ကြီးမြတ်သူတုံးကုက ကောင်းကောင်းသဘောပေါက် နားလည်၏။ ထို့ကြောင့် သူသည် အေးစက်တည်ကြည်စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်တပည့်ရဲ့ ဆုံးဖြတ်မှုက ကျုပ်ရဲ့ ဆုံးဖြတ်မှုပဲ။”

တပည့်သည် ထိုကဲ့သို့ ပြုလုပ်မည်ဆိုမှတော့ ဆရာကလည်း ထိုကဲ့သို့ ပြုလုပ်ရပေလိမ့်မည်။ တူညီသည့် တည်နေရာ ထဲတွင် တည်ရှိနေသည်ဆိုမှတော့ မိသားစုတစ်ခုသာပင် ဖြစ်ရပေလိမ့်မည်။ ဤအဖြေနှင့်ပတ်သက်၍ အင်မော်တယ် အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အံ့အားသင့်မှုတော့ မရှိကြချေ။

၎င်းတို့အားလုံးသည် မာဆာတိုကီတာနိုနှင့် အခြားသော လွတ်လပ်သောကျင့်ကြံသူများကို ကြည့်ကာ မေးလိုက်ပြန်သည်။ “ကြီးမြတ်သူတုံးကုရဲ့ ဆုံးဖြတ်ချက်ကလည်း ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်လား။”

“အမှန်ပဲ။”

လာရောက်ကူညီကြသည့် သူငယ်ချင်းရောင်းရင်းများအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။ သူတို့ အနေနှင့် ကြီးမားလှသည့် ကိစ္စရပ်ကြီးဖြစ်ပွားပြီး သေဆုံးရမည်ဆိုလျှင်တောင်မှ ထွက်ခွာသွားလိမ့်မည်မဟုတ်ချေ။ သူတို့ ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းသည် ရောင်မုန့်ယဉ်နှင့် ပြိုင်စံရှားဂိုဏ်းကို ကာကွယ်ပေးမည်ဟူသော ဆုံးဖြတ်ချက်နှင့်ပင်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု ကို ပြိုင်တူဆိုသလို ခံစားနေရ၏။ ထို့အပြင် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရပြီးသည့်နောက် မည်သူမှသည် အင်ပေါ်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို မတွန်းလှန်ရဲကြချေ။ လက်ရှိအခြေအနေမှာတော့ သူတို့ တွန်းလှန်လိုက်မည်ဆိုလျှင် သမိုင်းမှတ်တမ်းထဲတွင် တကယ့်ကို အရေးကြီးသည့် လူများအဖြစ် ဖြစ်တည်သွားနိုင်၏။

“နတ်ဆိုးဘိုးဘေးကြီးက အထက်နယ်မြေတစ်ခုလုံးကို အုပ်စိုးဖို့ ရည်မှန်းချက်ရှိခဲ့တယ်။ ကျုပ်တို့ ဘိုးဘေးတွေကသာ အတူတူပူးပေါင်းပြီး သူ့ကို မသတ်ဖြတ်ပစ်ခဲ့ဘူးဆိုရင် အထက်နယ်မြေတစ်ခုလုံးက ဖျက်ဆီးခံနေရမှာ သေချာတယ်။ အခု ခင်ဗျားတို့က နတ်ဆိုးစုန်းမတစ်ယောက်ကို ကာကွယ်ပေးချင်နေတယ် ဆိုမှတော့ သည်းခံနိုင်လောက်တဲ့ ကိစ္စမဟုတ်တော့ဘူး။”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ် လိုက်၏။

“ချီးတဲ့မှ။”

ကျွင်းချောင်ရှောင်းက ပြန်အော်လိုက်သည်။ “ကျုပ်တပည့်က ဂိုဏ်းထဲ ကျင့်ကြံနေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင်မလုပ်ခဲ့ဖူးဘူး။ အပြစ်ကင်းစင် တဲ့လူတွေကိုလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူး။ ဘာတစ်ခုမှ မကောင်းတဲ့အရာတွေမလုပ်ဘဲနဲ့ ဘယ်လိုကြောင့် စုန်းမလို့ ခေါ်ရတာလဲ။ ချီးတဲ့မှ …. အနာဂတ်မှာ ဖြစ်လာမယ့်အကြောင်းအရာတွေကို လာမပြောနဲ့။ အနာဂတ်မှာ ဘယ်သူ့မှ ဘာဖြစ်မယ် ဆိုတာကို ဘယ်သူမှ မသိဘူး။”

ကုန်းရှန့်အနေနှင့် သူ၏ ခံစားချက်များကို မည်သို့မှ မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် ဆက်တိုက်ဆိုသလိုပဲ ဆဲဆို လျက်ရှိ၏။ သူသည် အမှန်ပင် ဒေါသထွက်မိ၏။

မိစ္ဆာလို လူတစ်ယောက်ဆီမှ ထူးခြားလှသည့် ခန္ဓာကိုယ် အမွေဆက်ခံရရှိပြီးသည့်နောက် ဆက်ခံလိုက်သူသည် ထိုသူအတိုင်း မကောင်းသည့် ကိစ္စရပ်များကို ပြုလုပ်မည်ဟု တရားသေသတ်မှတ်၍ ရနိုင်သည်လား။ ထိုကဲ့သို့ ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းဆိုသည့်အရာများကို သတ်မှတ်ဆုံးဖြတ်ရန်အတွက် မည်သူက အခွင့်အာဏာကို ပေးအပ်ထားရသနည်း။

“ကျုပ် … ကျွင်းချောင်ရှောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိဘူး။ ဒါပေမဲ့ နတ်ဆိုးဘိုးဘေးကြီးက မကောင်းတဲ့သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ အဲဒါ အကြောင်းပြချက်ရှိလိမ့်မယ်။ ဒီလိုမျိုးအခြေအနေအထိ ရောက်ရှိသွားအောင် သူ့ကို အတင်းတွန်းအားပေးပြီ ချောင်ပိတ်ဖမ်းခဲ့တာ ခင်ဗျားတို့ပဲ ဖြစ်မယ်။”

ပြန်လည်အားမွေးလျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် ကျွင်းချောင်ရှောင်း၏ စကားကို ကြားရှိပါက ကျိန်းသေပေါက် ရှေ့သို့ တက်လှမ်းလာပြီး လက်ဆွဲနှုတ်ဆက်မှာ သေချာ၏။ “ညီငယ်လေး။ မင်းပဲ ငါ့ကို ကောင်းကောင်းသိတယ်။”

ကြီးမြတ်သူတုံးကုသည် နှာခေါင်းရှုံ့လိုက်သည်။ “သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ သိုင်းကျင့်ကြံသူ တစ်ယောက်က နတ်ဘုရားအဆင့်ကို လှမ်းမျှော် ကြည့်ရှုနိုင်တယ်ဆိုတဲ့ ကောလဟာလတွေရှိခဲ့တယ်။ ဒါကြောင့် လူတွေအားလုံးက သူတို့ထက် ကျော်တက်သွားမှာကို စိုးရိမ်မိကြတယ်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီကိစ္စကို လက်မခံနိုင်ဘူး။ ဒါကြောင့်ပဲ ဖျက်ဆီး လိုက်တာမဟုတ်ဘူးလား။”

“ချီးတဲ့မှ။”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ကျုပ်တို့က လောကကြီးအတွက် လုပ်နေရတာ။”

မည်သူကမှားသည်၊ မည်သူကမှန်သည်ကို ပြောဆိုရန်မှာ ခက်ခဲလှ၏။ သို့ပေမဲ့ ပြဿနာသည် ရောင်မုန့်ယဉ် တစ်ယောက် သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေခြင်းပင်။

သူမအနေနှင့် မကောင်းသည့်ကိစ္စရပ်များကို ပြုလုပ်ခြင်းမရှိ၊ အပြစ်ကင်းစင်သူများကို ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းမရှိဘူးဆိုလျှင်တောင်မှ ထိုခန္ဓာကိုယ်တည်ရှိနေသည့် တစ်ခုတည်းအတွက်နှင့်ပင် အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံရရန် လုံလောက်နေပြီဖြစ်သည်။

“လိုရင်းကိုပြောမယ်။”

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူက အေးစက်စက်ပြောလိုက်၏။ “ဒီနတ်ဆိုးမိန်းမကို ကာကွယ်ပေးတဲ့ လူတွေအကုန်လုံးက ဒီနေ့မှာ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမယ်။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက အားလုံးကို သတ်ဖြတ်ပစ်ဖို့ အခွင့်အရေးရှိတယ်။”

ဟူး ဟူး

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ရာကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် သတ်ဖြတ်လိုခြင်း အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ကြီးမြတ်သူတုံးကု၏ ဝတ်စုံအရှည်ကြီးသည် လေမတိုက်ဘဲနှင့် တဝုန်းဝုန်း လွင့်လျက်ရှိနေ၏။ သူ၏ မျက်လုံးများ သည် စူးရှနေ၏။ “အထက်နယ်မြေမှာ မွေးဖွားလာစဉ်ကတည်းက လူတိုင်းက ကိုယ်ပိုင်ဝိသေသ၊ ကိုယ်ပိုင်ဥပဒေသတွေနဲ့ နေထိုင် ခဲ့ကြတာ။ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းအနေနဲ့ နယ်မြေဟောခန်းကို ထူထောင်ဖို့အတွက် ဘယ်လို အခွင့်အာဏာတည်ရှိနေတာလဲ။ လောကကြီးတစ်ခုလုံးကို အုပ်စိုးသူတွေအဖြစ် မိမိကိုယ်ကို သတ်မှတ်လိုက်ကြတာလား။”

လူများအားလုံးသည် အချိန်အတော်ကြာကတည်းက ဤစကားကို ပြောဆိုချင်ကြမိ၏။ သို့ပေမဲ့ ထိုသို့ပြောဆိုရန် သတ္တိမရှိကြချေ။ ယခု အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုမှတော့ အဘယ့်ကြောင့် မပြောဘဲ နေရမည်နည်း။

“ကြီးမြတ်သူ တုံးကု၊ မာဆာတိုကီတာနို၊ တခြားလွတ်လပ်သော ကျင့်ကြံသူတွေအကုန်လုံးက လောကကြီးတည်ငြိမ် အောင် ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေအကုန်လုံးကို နှောင့်ယှက်နေကြတယ်။ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ် ပိုင်ရှင်ကိုလည်း ကာကွယ်ပေးနေကြတယ်။ ဒီနေ့မှာ အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းက တရားမျှတမှု အတွက် ကောင်းကင်ရဲ့ကိုယ်စား မင်းတို့အားလုံးကို အပြစ်ပေးမယ်။ အားလုံးပဲ နားထောင်ကြ။ ပြိုင်စံရှားဂိုဏ်းကို သုတ်သင်ရှင်းလင်းပစ်လိုက်ကြ။”

“ကောင်းပါပြီ။”

ဟူး ဟူးဟူး

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာဖြင့် ကျန်းချီများနှင့်အတူ လက်ဝါးကြီးများဖြင့် ဖန်တီးကာ ပြိုင်စံရှားဂိုဏ်းပေါ်သို့ ရိုက်ချလိုက်ကြ၏။

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့် စွမ်းအားများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် အလွန်ကြမ်းတမ်းလှသည့် လေလှိုင်းများနှင့် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကျွင်းချောင်ရှောင်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ လက်ရှိအခြေအနေတွင် ဂိုဏ်း၏ အကာအကွယ်အစီအရင်များသည် ဘာတစ်ခုမှ အသုံးမဝင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ သူသည် အမှန်ပဲ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့အား အထင်သေးခဲ့မိ၏။

ဒွီ ဒွီ ……..။

ထိုအချိန်မှာတော့ သူတော်စင်ခုနှစ်ယောက်တို့သည် မတူညီသည့် တည်နေရာအသီးသီးတွင် ရပ်တန့်ကာဖြင့် ဆန်းကြယ်လှသည့် ခြေလှမ်းများကို အသုံးပြုကာ ကောင်းမွန်လွန်းလှသော အစီအရင်ကြီးတစ်ခုအား လေထုထဲတွင် ဖန်တီးလိုက်သည်။

ဘုန်း ဘုန်း ဘုန်းဘုန်း

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ စွမ်းအင်သည် အစီအရင်ကြီးအား အမြောက်စက်နှင့်ပစ်လွှတ်လိုက်သလို တဘုန်းဘုန်းနှင့် ထိမှန်စေ၏။ သို့ပေမဲ့ တစ်ချက်ကလေးတောင်မှ မလှုပ်ခါ ခဲ့ချေ။

ဆွစ်

ဆွစ်

ကြီးမြတ်သူတုံးကုနှင့် အေင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများကို ပစ်မှတ်ထားလိုက်ကြ၏။

“မင်းတို့ လွတ်လပ်တဲ့ ကျင့်ကြံသူတွေက ငါတို့ကို အနိုင်မတိုက်နိုင်ပါဘူး။” လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူသည် နှာခေါင်းရှုံလိုက်သည်။

“တကယ်လို့ ကျုပ်တို့ပါ ပါလာမယ်ဆိုရင်ရော..”

ရုတ်တရက် အင်မော်တယ်တောင်၏ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။ ရောက်ရှိလာသည့် လူများကို ကြည့်ရှု ရမည်ဆိုလျှင် ကြီးမြတ်သူချင်းဝေနှင့် ကြီးမြတ်သူ ကုဟုန်တို့ပင် ဖြစ်နေ၏။

“ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ။” ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် အံ့အားသင့်သွားမိသည်။

“ဟား ဟား ဟားဟားဟား”

အခြားတစ်နေရာဆီမှ ထူးဆန်းလှသည့် ရယ်သံကြီး ထွက်ပေါ်လာ၏။

“တုံးကု … မင်းရဲ့ တပည့်နဲ့ ငါ့တပည့်က နောင် ၁၀ နှစ်ကြာရင် တိုက်ခိုက်ရအုံးမှာလေ။ ဒီတော့ သူ့ကို သေခိုင်းလို့ မဖြစ်ဘူး။”

ဝှစ်

ကြီးမြတ်သူကုဟုန်သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။

အင်မော်တယ်အဆင့် ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် မျက်မှောင်ကုတ်မိသွားကြ၏။ ဤလွတ်လပ်သော ကျင့်ကြံသူနှစ်ယောက်တို့သည်လည်း ပြိုင်စံရှားဂိုဏ်းဘက်မှ ရပ်တည်မည်ဟု ဆိုလိုနေလေသည်လား။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ အနောက်ဘက်မှ လေလှိုင်းများ တိုက်ခိုက်လာခဲ့ကြသည်။ များပြားလှသော ကလန်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ရောက်ရှိလာခဲ့ကြ၏။ ထိုကလန်များသည် မိုးကြိုးကြံ့ကလန်၊ ရေခဲဖီးနစ် ကလန်တို့မှ ဖြစ်ကြ၏။

လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများက ရယ်မောလိုက်ကြသည်။

ယခင်တုန်းက ဤကဲ့သို့ပင် မွန်းစတားကလန်အသီးသီးနှင့် ပူးပေါင်းကာဖြင့် သူတို့သည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သုတ်သင်ဖြေရှင်းခဲ့ခြင်းပင်ဖြစ်၏။ လက်ရှိ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က အမွေဆက်ခံ ခဲ့သည်ဆိုမှတော့ အားလုံးသော မွန်းစတားကလန်များသည် သူတို့ကို လာရောက်ကူညီကြသည်မှာ သဘာဝပင် ဖြစ်တော့၏။

All Chapters