← Chapters

အခန်း ၁၅၃၆

Vol. 103 Ch. 1536

အခန်း ၁၅၃၆

Vol. 103 Ch. 1536

အပိုင်း (၁၅၃၆)

ကြီးမားလွန်းလှသော စစ်ရွက်သင်္ဘောကြီးသည်ကောင်းကင်ယံထက်တွင်လွင့်မျောလျက်ရှိနေ၏။ တိမ်မဲများနှင့် အတူ ယှဉ်တွဲကာ တည်ရှိနေသည့်ထိုရွက်သင်္ဘောများကို ကြည့်ရှုရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

“ဒါ ဘာကြီးလဲ”

အထက်နယ်မြေတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည်ဆွံအသွားခဲ့ကြသည်။ ၎င်းတို့သည်ယခင်တုန်းက ရွက်သင်္ဘောများကို မြင်ခဲ့ဖူး၏။ သို့ပေမဲ့ဤကဲ့သို့ ကြီးမားလှသည့် အရွယ်အစားနှင့် စစ်ရွက်သင်္ဘောများကို တစ်ခါမှမမြင်ခဲ့ဖူးချေ။

ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်သွားမိ၏။ သူသည်ခေတ်မီသော အမိကမ္ဘာမြေ ဂြိုဟ်ပြာကြီးဆီမှဝိညာဉ်ကူးပြောင်း ရောက်ရှိလာသူဖြစ်သောကြောင့်ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရင်းနှီးလျက်ရှိနေ၏။ ရုတ်တရက်ဤကဲ့သို့သော ရွက်သင်္ဘောများ ရောက်ရှိလာခဲ့ခြင်းသည်သိပ္ပံရုပ်ရှင်ကားများထဲကလိုပင်။

ဤအရာသည်အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှခေါ်ယူထားသည့်အကူအညီများ ဖြစ်နေမည်လားဟု သူက စဉ်းစား သုံးသပ်ထားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော်အကူအညီခေါ်ထားသည့် ရွက်သင်္ဘောများသာ ဖြစ်နေမည် ဆိုပါက သူတို့နှင့် ရင်းနှီးနေသည့်ပုံပန်းသွင်ပြင်ရှိသော ရွက်သင်္ဘောများသာ ဖြစ်ပေလိမ့်မည်။ယခုရောက်ရှိလာသည့် ရွက်သင်္ဘောများမှာ ပုံစံကွာခြားသလို အလွန်အားကောင်းလှသည့်အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေကြောင် မျက်ဝါးထင်ထင် မြင်နေရသောကြောင့်ပင်။

ထို့အပြင်အခြားတစ်ဖက်မှာ ကြည့်ရမည်ဆိုလျှင် ဤရွက်သင်္ဘောများသည်စတီးကဲ့သို့သော အရာမျိုးနှင့် ပြုလုပ်ထားသည့်အရာမျိုးဖြစ်သည်။ကျိန်းသေပေါက်အဆင့်မြင့်နည်းပညာများနှင့် ဖန်တီးထားသည့်သင်္ဘောများပင် ဖြစ်ရပေမည်။

“ဖြစ်နိုင်တာက”

ကျွင်းချောင်ရှောင်းသည်သူ့ကိုယ်သူ တီးတိုးပြောလိုက်မိ၏။ “ဒါက အထက်နယ်မြေရဲ့အပြင်မှာ တခြားဂြိုဟ်အသီးသီး တည်ရှိနေသေးတာလား”

စနစ်က ပြောလိုက်သည်။ “ဒီနေရာဆိုတာက အဆင့်မြင့်တည်နေရာကြီးဖြစ်တယ်ဆိုပေမဲ့ကြယ်ကြွေကုန်းမြေတိုက်ကြီးထက် ပိုပြီးအားကောင်းတာလောက်ပဲ ရှိတာလေ။ စကြဝဠာကြီးတစ်ခုလုံးရဲ့စနစ်ထဲမှာ တည်ရှိနေမယ်ဆိုရင်တော့ပြိုင်ဘက်ကင်း တည်နေရာကြီး မဟုတ်ဘူး။ အားနည်းသေးတယ်”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ဒါ ငါ ဘာလို့အရင်တုန်းက မကြားခဲ့ဖူးတာလဲ”

“ကြားဖို့လိုသေးလို့လား”

“မင်း အစောကြီးကတည်းက ငါ့ကို မပြောထားသင့်ဘူးလား”

“ဘာလို့ပြောပြရမှာလဲ”

စနစ်အနေဖြင့် ၎င်းနှင့်ငြင်းခုန်ရန်အတွက်ပျင်းရိလို့နေခဲ့သည်။

ကောင်းကင်ယံတွင်ရှိနေသည့်စစ်ရွက်သင်္ဘောကြီး ဆယ်ခုကို မြင်ရသည့်အချိန်မှာတော့ ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုနှင့် တခြားသော စွမ်းအားမြင့်ကျင့်ကြံသူတို့အားလုံးသည်ဆွံ့အလျက်ရှိနေကြ၏။

သို့ပေမဲ့အားလုံးသောသူတို့ကြားတွင်တည်ငြိမ်လျက်ရှိနေသူမှာ ဟယ်ဝူတီပင်ဖြစ်၏။လက်ရှိအခြေအနေမှာတော့သူသည်ပေါ်ပေါက်လာခဲ့သည့် ရွက်သင်္ဘောများကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက်ခန့်မှန်းလိုက်မိ၏။ “ဒါက တခြားနယ်မြေက လူတွေများလား”

စနစ်၏ထင်မြင်ချက်နှင့်မတူညီစွာဘဲ သူသည်အထက်နယ်မြေ၏ အပြင်ဘက်ရှိ နယ်မြေများအကြောင်းကို ကောင်းကောင်းနားလည်လို့နေခဲ့၏။စကြဝဠာထဲတွင်များပြားလွန်းလှသော ဂြိုဟ်အသီးသီး တည်ရှိနေပြီး အခု ရောက်ရှိနေသည့်အထက်နယ်မြေဆိုသည့်အရာထက်ပိုမိုကာ အားကောင်းလွန်းလှသည့်အရာများ တည်ရှိနေ သည်ကို သူက ကောင်းကောင်းသိ၏။ အဘယ်ကြောင့်ဆိုသော်သူကိုယ်တိုင်ပင်ယခုဂြိုဟ်တည်နေရာထက်ပိုမိုကာ အားကောင်းသည့်တည်နေရာမှဆင်းသက်လာသည့်လူ ဖြစ်နေသည် မဟုတ်ပါလား။

ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ထျန်းယွမ်ကုန်းမြေတိုက်ကြီးတို့သည်အဆင့်နိမ့်စကြဝဠာထဲတွင်တည်ရှိနေ ထိုင်ကြသည့်အရာများဖြစ်ပြီး အထက်နယ်မြေ၏ စကြဝဠာထဲတွင်ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အထက်နယ်မြေ၏ စကြဝဠာထဲတွင်တည်ရှိနေသည့် ဂြိုဟ်များသည်တကယ်ကို အဆင့်မြင့်သည့်ဂြိုဟ်များပင်ဖြစ်၏။

ယခု ကောင်းကင်ယံထက်တွင် ကြီးမားလှသော လေဝဲကြီး ဖြစ်တည်လာခဲ့၏။ ဤကဲ့သို့ ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီးနောက်ဘာမှန်းမသိသည့်စစ်ရွက်သင်္ဘောများကလည်း ထွက်ပေါ်လာခဲ့၏။ဆိုလိုသည်မှာ တခြားသော နယ်မြေများဆီမှလူများရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

“မဟုတ်သေးဘူး”

ဟယ်ဝူတီသည်တီးတိုးပြောလိုက်မိ၏။ “သူတို့ဘယ်လိုလုပ်ပြီး ဒီတည်နေရာကို ရှာတွေ့ခဲ့ရတာလဲ”

နယ်မြေတစ်ခုနှင့် တစ်ခုအကြား ကွာခြားချက်သည်အလွန်တရာ ဝေးကွာလွန်းလှ၏။ထို့အပြင်ကောင်းကင်တာအို ၏ တားဆီးထားမှုကလည်း တည်ရှိနေသေး၏။ ဤကဲ့သို့ထူးခြားလှသည့်အခြေအနေများ ကို ကျော်ဖြတ်ကာဖြင့်တည်နေရာကို ချိုးဖြတ်ရောက်ရှိလာရန်ဆိုသည်မှာ လွယ်ကူ လှသည်တော့မဟုတ်ချေ။

“ဒီလောက်အချိန်အကြာကြီး ရှာဖွေပြီးတဲ့နောက်မှာ ဒီလောက်စုတ်ပြတ်သတ်နေတဲ့နေရာကိုမှရှာတွေ့ရတယ်လို့။စိတ်ပျက်ဖို့ကောင်းတယ်။ ခွေးချေးလိုနေရာပဲ” အေးစက်စက်အသံတစ်ခုသည်ကောင်းကင်ယံထက်ရှိ ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးပေါ်မှထွက်ပေါ်လာခဲ့၏။

“..........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည်တုန်ယင်သွား၏။ အထက်နယ်မြေသည်တကယ်ပင်စုတ်ပြတ်သတ်သည့်တည်နေရာတစ်ခုဟု တစ်ဖက်လူက ပြောဆိုလျက်ရှိနေသည်။လေသံသည်ဟိတ်ကြီးဟိတ်ကျယ်ဖြစ်လို့နေခဲ့သည်။သို့ပေမဲ့တစ်ဖက်လူများသည်မကောင်းသည့်ရည်ရွယ်ချက်ဖြင့်ရောက်ရှိလာခဲ့သည် ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်မိသည်။

သေချာပေသည်။အေးစက်စက်အသံသည်ထပ်မံ ထွက်ပေါ်လာ၏။ “ဘယ်လောက်သေးငယ်တဲ့ အကောင်ပဲ ဖြစ်ဖြစ်စားလို့တော့ရသေးတာပဲလေ။ ဒီကိုရောက်လာပြီဆိုမှတော့အထောက်အပံ့ပစ္စည်းတွေယူသွားမှ ဖြစ်မယ်။အဟမ်း … အဟမ်း”

၎င်းသည်ချောင်းဟန့်ကာဖြင့်ပြောလိုက်သည်။ “ဒီမှာရှိတဲ့သက်ရှိသတ္တဝါတွေနားထောင်ကြ...မင်းတို့အနေနဲ့ရှိသမျှအရင်းအမြစ်တွေအားလုံးကို လာပေးဖို့သုံးရက်တိတိ အချိန်ပေးမယ်။မဟုတ်ရင်မင်းတို့အနေနဲ့ဒီနေရာမှာ ဆက်ပြီးတည်ရှိနေစရာ မလိုတော့ဘူး”

“...........”

အင်မော်တယ်ဂိုဏ်းများဆီမှစွမ်းအားမြင့်ကျင့်ကြံသူများနှင့် ကြီးမြတ်သူတုံးကုတို့ကဲ့သို့လွတ်လပ်သော ကျင့်ကြံသူ များသည်မျက်မှောင်ကုတ်လျက်ရှိနေကြ၏။ တစ်ဖက်လူများသည်သူတို့ဆီမှလာရောက်ကာ လုယက်ကြသည့်ဓားမြများ ဖြစ်နေကြသည်လား။ လေသံကို ကြည့်ရမည်ဆိုလျှင်အလွန်အမင်း မောက်မာလွန်းလှချေသည်။

“ဟုတ်တယ်”

အေးစက်စက်အသံသည်ထပ်မံကာ ထွက်ပေါ်လာပြန်၏။ “မင်းတို့သဘောတူလား။ ဒါမှမဟုတ်သဘောမတူဘူးလား။ ငါတို့ရဲ့စွမ်းဆောင်ရည်ကို စိတ်ထဲမှာ သံသယတွေရှိနေမယ်ဆိုရင်တော့ပထမဦးဆုံး နှုတ်ဆက်လက်ဆောင်လေး အရင်ပေးလိုက်မယ်”

ခလွပ်ခလွပ်ခလွပ်

ပြောပြီးပြီးချင်းပဲ ရွက်သင်္ဘောဆယ်ခု၏ အောက်ခြေတွင်အပေါက်ကြီးများ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ သည်။

ဆွစ်ဆွစ်

ချက်ချင်းပဲ ထိုနေရာဆီမှအလင်းတန်းများ ပေါ်ပေါက်လာပြီး အသေးစား တိုက်လေယာဉ်ပုံစံ ဒရုန်းများ ထွက်လာကြ၏။

ကျွင်းချောင်ရှောင်းသည်သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်သည့်အချိန်မှာတော့မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ ထိုအလင်းတန်းများသည်တိုက်ခိုက်ရေးဂျက်လေယာဉ်များနှင့်ပင်ဆင်တူလျက်ရှိနေ၏။ ပျံသန်းနိုင်သော စစ်ရွက်သင်္ဘောကြီးများကို မြင်နေရသည်ကပင် အဆင့်မြင့် နည်းပညာများနှင့် ဖန်တီး ထားသည့်အရာဖြစ်ကြောင်း သိရှိနိုင်၏။သို့ပေမဲ့လက်ရှိအချိန်တွင်များပြားလွန်းလှသော တိုက်ခိုက်ရေးလေယာဉ်များကလည်း ပါဝင်လျက်ရှိနေသည်။

ဤတခြားကမ္ဘာမှရောက်ရှိလာခဲ့သည့်ဓားမြများသည်သိပ္ပံနှင့် နည်းပညာ၌ အမှန်ပင်အဆင့်မြင့်မားသည့်အခြေအနေသို့ရောက်ရှိနေသည့်လူများ ဖြစ်နေသည်လား။ ပိုမို၍ အရေးကြီးသည်မှာ ဤတိုက်ခိုက်ရေးယာဉ်များထဲတွင်မောင်းနှင်သူများ တစ်ယောက်မှမရှိပေ။ ထိန်းချုပ်သူများ တစ်ယောက်မှမရှိဘူးလား။

လက်ရှိတည်နေရာကြီးသည်ကျင့်ကြံခြင်းကိုသာ ဦးစားပေးသည့်ကျင့်ကြံခြင်းတည်နေရာကြီးဖြစ်သည်။သို့ပေမဲ့စစ်ရွက်သင်္ဘောများ၊ ဒရုန်းများ ရောက်ရှိလာခဲ့ခြင်းသည်သိပ္ပံဇာတ်လမ်းတစ်ခုကဲ့သို့ပင်ပြောင်းလဲသွားခဲ့၏။

ဆွစ်ဆွစ်

များပြားလှသော အလင်းတန်းများသည်တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ပြီးသည့်နောက်တိုက်ခိုက်ရေးယာဉ်များ ကဲ့သို့ပင်အရှိန်နှုန်းမြင့်စွာဖြင့်မြေပြင်ပေါ်သို့ရောက်ရှိလာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲသံကြီးများသည်ကျယ်လောင်စွာဖြစ်တည်လာခဲ့ပြီး မြေတည်နေရာတွင်တော့ ကြီးမားလွန်းလှသော အပေါက်ကြီးများ ဖြစ်တည်လာခဲ့၏။

“ချီးတဲ့မှ...သူတို့က လိုက်ဒုံးကျည်တွေတောင်မှပါဝင်နေတာပဲ”

များပြားလွန်းလှသော တိုက်ခိုက်ရေးလေယာဉ်များသည်မိုင်တစ်ထောင်တည်နေရာအတွင်း ပျံသန်းကာဖြင့် ကြီးမားလွန်းလှသော ဖျက်ဆီးနိုင်မှုများကို ထုတ်ဖော် ပြသလျက်ရှိနေသည်။

“ချီးတဲ့မှ”

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူများသည်ချက်ချင်းပဲ ဒေါသထွက်သွား၏။ သူတို့၏ဌာနေဆီသို့လာရောက်၍ဖျက်ဆီးရဲသည်ဆိုခြင်းသည်သည်းခံနိုင်လောက်သည့်အရာ မဟုတ်ချေ။

“သွားကြတော့”

ဆွစ်ဆွစ်ဆွစ်

အစစ်အမှန်ရှာဖွေခြင်းအဆင့်စွမ်းအားမြင့်ကျင့်ကြံသူဆယ်ယောက်တို့သည်အလင်းတန်းများအဖြစ်ပျံသန်းသွားခဲ့ကြသည်။ ၎င်းတို့သည်ဘာမှန်းမသိသည့်တိုက်ခိုက်ရေး လေယာဉ်များဆီသို့ပျံသန်းသွားကြခြင်းပင်။ ကျန်းချီများကို စုစည်းကာဖြင့်ဘာမှန်းမသိသည့်ယာဉ်များဆီသို့လက်ဝါးရိုက်ချက်များ ကို ထုတ်ဖော်ကာ ပြင်းပြင်းထန်ထန်ဖြင့် ရိုက်နှက်ဖျက်ဆီးကြတော့သည်။

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ လေထုထဲတွင်ရှိနေသော တိုက်ခိုက်ရေးယာဉ်တစ်ဒါဇင်ကျော်တို့သည်ပေါက်ကွဲပျက်စီးသွားခဲ့ကြ၏။ဒရုန်းများသည်အလွန်မြန်ဆန်ကြ၏။ သို့ပေမဲ့အဆင့်မြင့်ကျင့်ကြံသူများ၏ အရှေ့တွင်တော့ဘာမှလှုပ်ရှားနိုင်စွမ်း မရှိကြချေ။ကျင့်ကြံခြင်းကို ဦးစားပေးသော လောကကြီးတွင်အစစ်အမှန်အားအင်ကသာ အားအင်ဖြစ်၏။ သိပ္ပံနှင့်နည်းပညာဆိုသည်မှာ ဖြည့်စွက်အရာတစ်ခုသာဖြစ်၏။

တကယ့်အစစ်အမှန်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည့်သက်ရှိများ၏ အရှေ့တွင်တော့ထိုတိုက်ခိုက်ရေးလေယာဉ်များ ဆိုသည်မှာ ထူးခြားလှသည့်အရာမျိုး မဟုတ်တော့ချေ။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ယံတွင်တော့အလင်းတန်းများနှင့်အတူ ပေါက်ကွဲမှုများသည်အဆုံးမဲ့ ဖြစ်ပေါ်လျက်ရှိနေ၏။ ကြီးမြတ်သူတုံးကုနှင့် တခြားသော လွတ်လပ်သည့်ကျင့်ကြံသူများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့်အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူများသည်ယခုအချိန်မှတော့တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို တိုက်ခိုက်နေရတော့သည်။ပြောင်းလဲမှုသည်အလွန်တရာ မြန်ဆန်လွန်းလှ၏။

“ခုခံရဲတယ်ဟုတ်တယ်”

ကြီးမားလှသည့် ရွက်သင်္ဘောကြီးဆီမှအေးစက်သည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ “ဒါဆိုရင်လည်း ဒီလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာပေါ့”

ဝှစ်ဝှစ်

ထိုအချိန်မှာပဲ လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူသည်အရှေ့ဆီသို့လှမ်းတက်လာခဲ့၏။သူသည်ကျန်းချီများဖြင့်ကြီးမားလှသည့်လက်ကြီးကို ဖန်တီးကာ အော်ဟစ်လိုက်သည်။ “အကုန်လုံး ငရဲပြည်ကိုသွားကြ”

ဝှစ်ဝှစ်

သူ၏ လက်အတွင်းတွင် ကြီးမားလှသည့်လေလှိုင်းများ ဖြစ်တည်လာပြီး အရှေ့တွင်ရှိနေသော တည်နေရာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်တော့၏။

“အားကောင်းလိုက်တာ” ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်မိလိုက်၏။ဤကဲ့သို့စွမ်းအားမြင့်စွမ်းအင်လှိုင်း များဖြစ်သာ သူ၏ဂိုဏ်းကို ထိမှန်မည်ဆိုပါက ဂိုဏ်းတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားမှာ သေချာသည်။

ဘုန်း …..။

ချက်ချင်းပဲ ဆန်းကြယ်လွန်းလှသော ကျန်းချီများသည်ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းကာဖြင့် ကြီးမား လွန်းလှသော ရွက်သင်္ဘောကြီး၏ အောက်ခြေတည်နေရာကို ထိမှန်သည်။ လေထုထဲတွင်မျက်စိဖြင့် မြင်နိုင်စွမ်း ရှိသော လှိုင်းများသည်တရိပ်ရိပ်ဖြင့် ဖြစ်တည်လာခဲ့၏။

တပြိုင်နက်တည်းမှာပဲ လေထုထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည်တုန်လှုပ်သွားမိ၏။ အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်ရှိနေသော သိုင်းကျင့်ကြံသူပင်လျှင်ဤသင်္ဘောကို ဖျက်ဆီးနိုင်စွမ်း မရှိချေ။မည်မျှကြောက်မက်ဖွယ်ကောင်းလှသနည်း။

“ဘယ်လိုဖြစ်နိုင်မှာလဲ” လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူက ဆွံ့အသွားမိ၏။ သူတို့သည်သာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့် ထုတ်ဖော်တိုက်ခိုက်လိုက်မည်ဆိုပါက ပြိုင်စံရှားဂိုဏ်းကို မဆိုနှင့် ဖန်းချီ မိုးကောင်းကင်တောင်တန်းကြီးတစ်ခုလုံးပင်ပျက်စီးသွားမှာ သေချာ၏။ သို့ပေမဲ့ဤကဲ့သို့ ပြင်းထန်လှသည့်တိုက်ခိုက်မှုကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်ဆိုသော်လည်း တစ်ဖက် ရွက်သင်္ဘောကြီးသည်တစ်ချက်ကလေးမှလှုပ်ခါမသွားခဲ့ချေ။

“ဟား ဟား ဟား”

အေးစက်စက်အသံတစ်ခုက ထွက်ပေါ်လာ၏။ “မင်းတို့က အားနည်းတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့လွန်းပျံကို ထိခိုက်အောင် ပြုလုပ်နိုင်ဖို့ကတော့အဝေးကြီးလိုပါသေးတယ်”

ဝှစ်ဝှစ်

ထိုအချိန်မှာပဲ တခြားသော ကျင့်ကြံသူကိုးယောက်တို့သည်ပျံသန်းရောက်ရှိလာကာ သံပြိုင်ပဲ ပြောဆိုလိုက်ကြသည်။ “တူတူ တိုက်ခိုက်ကြမယ်”

“ကောင်းပြီ”

အားလုံးသည် ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာဖြင့်လက်များထဲတွင်ကျန်းချီ စွမ်းများကို စုစည်းကာဖြင့်တိုက်ခိုက်ကြသည်။တစ်ယောက်တည်းနှင့် တိုက်ခိုက်၍မတုန်လှုပ်နိုင်ဘူးဆိုရင်ဆယ်ယောက်ပေါင်း၍ တိုက်ခိုက်ကြပေမည်။

အလုပ်ဖြစ်လား၊ မဖြစ်လားကို သူတို့သေချာမသိကြပေ။ သို့ပေမဲ့တစ်ဖက်လူသည်သူ့အား ဒုတိယအကြိမ်တိုက်ခိုက်ရန်အခွင့်အရေး ပေးလိမ့်မည်မဟုတ်ချေ။

“ဟမ့်”

ဟူး ဟူး

ထိုအချိန်မှာတော့ ရွက်သင်္ဘောကြီးဆယ်ခု၏ အောက်ခြေတည်နေရာသည်ပွင့်သွားခဲ့၏။ ပြီးသည့်နောက် ကြီးမားလှသည့်စက်ဝိုင်းပုံသဏ္ဍာန်အရာများသည်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ထိုအရာများသည်တလက်လက်နှင့်တောက်ပလျက်ရှိသည်။

ထိုပစ္စည်းများကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထကာ အော်ဟစ်လိုက်မိ၏။ “သွားပြီ။ အကုန်လုံးတော့ ဒုက္ခရောက်ပြီ။ ဒါက အသေးစား ဒရုန်းတွေပဲ”

All Chapters