← Chapters

လိုလီလေးနှင့် အိုလီဖီးရက်စ်

Vol. 37 Ch. 563

လိုလီလေးနှင့် အိုလီဖီးရက်စ်

Vol. 37 Ch. 563

ချန်လွေ့က သက်တန့်တောင်ကြား လမ်းကြောင်းအတိုင်း မသွားခဲ့ပေ။ မြို့တော်မှ သက်တန့်တောင်ကြား၊ ထို့နောက် အမှောင်လကို ရောက်ရှိရန်မှာ အနည်းဆုံး အချိန် ၆နာရီ ကြာသည်။ သူက အမှောင်လတွင် ကြယ်အမှတ်တစ်ခုကို ထားခဲ့ရာ [ ကြယ်ဂိတ် ] ကို အသုံးပြုလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အမှောင်လ နေအိမ်သို့ ရောက်ရှိသွားခဲ့လေသည်။

အိမ်ထဲသို့ရောက်သော် ခြံဝင်းထဲ၌ သူ၏မျက်နှာပုံစံ ဖြစ်နေသော ဒိုဒိုက ပန်းသီးတစ်လုံးဖြင့် မြင်းနက်လေးကို စနောက်နေသည်ကို သူ မြင်လိုက်ရသည်။ သူတို့ အတူတူ ဖြတ်သန်းခဲ့သော အချိန်ကာလမှာ မတိုတောင်းတော့သော်လည်း မြင်းနက်လေးက ချွဲကျိကောင်ကို လုံးဝ လျစ်လျူရှုထားဆဲ ဖြစ်သည်။

ချန်လွေ့ ရောက်လာသောအခါ မြင်းနက်လေးက သခင်ဖြစ်သူကို ရုတ်တရက် အနံ့ရလိုက်သည်။ ၎င်းက ပျော်ရွှင်စွာဖြင့် ပြေးဝင်လာပြီး ချန်လွေ့ကို ပွတ်သပ်လိုက်၏။ ချန်လွေ့ကလည်း မြင်းနက်လေး၏ ဦးခေါင်းကို ထိကိုင်လိုက်သည်။ ထို့နောက် ချန်လွေ့က လက်ဖျောက် တစ်ချက် တီးလိုက်ပြီး လေထဲသို့ မိစ္ဆာတလဲသီးနှစ်လုံး ပစ်လွှတ်လိုက်သည်။ မြင်းနက်လေး ပျော်ရွှင်သွားပြီး ခွာကိုနင်းကာ ခုန်ပေါက်သည်။ ၎င်းက မိစ္ဆာတလဲသီး နှစ်လုံးကို အလျင်အမြန် ဖမ်းလိုက်ပြီး ဝါးစားတော့သည်။

ဘေးဖက်မှ ဒိုဒိုက မနာလို ဖြစ်သွားသည်။ သူက ချန်လွေ့ကို အတုခိုးပြီး ပန်းသီးကို လေထဲသို့ ပစ်လိုက်သော်လည်း မြင်းနက်လေးက အထင်သေးစွာဖြင့် ဖင်ပေးထားခဲ့သည်။ ဒိုဒိုက သုံးလေးကြိမ် ပစ်ခဲ့သော်လည်း အကျိုးမထူးခဲ့ပေ။ ထို့နောက် သူက ဒေါသတကြီး ထခုန်ပြီး ချက်ချင်းပင် မြင်းနက်လေးအသွင်သို့ ပြောင်းကာ ပန်းသီးကို တစ်ချက်တည်း ဖမ်းကိုက်သောပုံစံ အတုခိုးရင်း တစ်ခါတည်း အကိုက်ကြီးကြီး ကိုက်လိုက်သည်။ ပါးစပ်ပြည့်အောင် မဝါးနိုင်ခင်မှာပင် ပုံစံအခိုးခံရသော မြင်းနက်လေးက ချွဲကျိအောင်ကို လျှပ်စီးတစ်ချက် ပစ်လိုက်တော့သည်။

ထို့ကြောင့် ဒိုဒိုက တဇက်ဇက် မြည်နေသော လျှပ်စီးပွင့်များ အောက်တွင် ဖောက်ထွင်းမြင်ရသော အစိမ်းရောင် ကြက်သွန်နီအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ သူက တုန်လှုပ်နေပြီး မလှုပ်ရှားနိုင်တော့ဘဲ အော်နေတော့သည်။ “အား....”

ချန်လွေ့က မြင်းနက်လေး၏ လည်ဆံမွေးကို ထိကိုင်ပြီး မြေပြင်ပေါ်ကို ချွဲကျိကောင်ကိုကြည့်ကာ ခေါင်းခါလိုက်သည်။ သူ အပြင်ဘက် သွားရန် ပြင်လိုက်စဉ် ဒိုဒိုက ပြောသည်။ “သခင်။ ခဏနေပါဦး။ အခု လိုလီလေးက တံခါးကို ကာဆီးထားတယ်။”

“အဲလစ်လား။” ချန်လွေ့ မျက်မှောင်ကြုတ်သွားသည်။ “ဘာတွေဖြစ်သွားတာလဲ။”

“ဘာလို့လဲ မသိဘူး။ ကျွန်တော်က သခင့်ရဲ့ မျက်နှာနဲ့ အမှောင်လမှာ သွားလာနေတုန်း မင်းသမီးလေးက တစ်ချက်ကြည့်ပြီးတော့ ကျွန်တော်ကို ဖော်ထုတ်ခဲ့တယ်။ သူက သခင်ဘယ်မှာရှိနေလဲဆိုတာ ကျွန်တော့်ကို အတင်းမေးခဲ့တယ်။ ကျွန်တော်လည်း ဒီကို ပြန်ပြေးလာခဲ့ရတယ်။ ဒါပေမဲ့ နောက်လိုက်ခံရပြီးတော့ တံခါးမှာ မင်းသမီးလေးက ပိတ်ဆို့ထားလိုက်တယ်။”

“မင်းကို ဖော်ထုတ်လိုက်တာ တစ်ယောက်ယောက် မြင်သွားလား။” ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ လူသား ဘဏ္ဍာရေးအရာရှိသရုပ်မှာ ကောင်းမွန်သော အကာအကွယ် တစ်ခု ဖြစ်သည်။ ဒိုဒိုကြောင့် ပေါ်သွားလျှင် ဒုက္ခများနိုင်ပေသည်။

“မင်းသမီးလေးက ကျွန်တော့်ကို လူပြတ်တဲ့နေရာဆီ ဆွဲခေါ်သွားပြီးတော့ စစ်မေးခဲ့တာ။ နောက်တော့ ကျွန်တော်လည်း ငရဲခွေးအသွင်ပြောင်းပြီးတော့ ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ မင်းသမီးလေးက အတော်လေး အစွမ်းထက်တယ်။ သူက တံခါးအထိ ကျွန်တော့်နောက် လိုက်ခဲ့တယ်။ တံခါးမှာရှိတဲ့ မှော်စက်ဝိုင်းကြောင့်သာ မဟုတ်ရင် သူ အတင်းဝင်လာမှာ။”

ချန်လွေ့က တိတ်တဆိတ် သက်ပြင်းလိုက်ချလိုက်သည်။ အဲလစ်ဘေးနားမှ အစောင့်အရှောက်မှာ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ အစေခံဖြစ်သူ လိုကီ ဖြစ်သည်။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေးများတွင် အသိစိတ်နှင့် ဉာဏ်ပညာများ ကျန်ရှိ နေသေးသည်။ တစ်ခုခုဖြစ်ခဲ့လျှင် လိုကီက ဖြေရှင်းနိုင်လောက်ပေသည်။

ထိုအဖြစ်အပျက်က သူ့အတွက် သတိ‌‌ပေးချက်တစ်ခု ဖြစ်သွားခဲ့တယ်။ “ချန်လွေ့” နဲ့ “အက်ဂ်ယော” တို့ သရုပ်က တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း ရှိနိုင်ဖို့က ပြဿနာ တစ်ခုပဲ။ တကယ်တော့ လိုလီလေး၏ အာရုံခံစွမ်းရည်ကလည်း အတော်လေး အစွမ်းထက်တယ်။ သူ့အရှေ့မှာ အက်ဂ်ယောအနေနဲ့ ငါ ရုပ်ဖျက်ထားတဲ့အခါ သတိထား ရမယ်။ ပြီးတော့လည်း အဲလစ်က ဒိုဒိုကို “စွန့်စားခန်း”ထွက်ဖို့အတွက် ရေကန်ပြာ တောင်တန်းကို‌ ခေါ်သွားဖူးတယ်။ အဲဒါကြောင့် ချွဲကျိကောင်ကို “အသိ”အနေနဲ့ သတ်မှတ်လို့ရတယ်။ သူ့ကို ဖောက်မြင်နိုင်တာက ဒိုဒိုရဲ့ သတိလွတ်မှုကြောင့်လို့ ပြောလို့မရဘူး။

“ကောင်းပြီ။ မင်းသမီးလေးကို ငါ့တာဝန်ထားလိုက်။ ဒီအချိန်အတွင်း မင်းက အတတ်နိုင်ဆုံး ပုန်းနေရမယ်။ ငါ့ပုံစံနဲ့ မင်း အပြင်ထွက်ချင်တယ်ဆိုရင် ‌ဘေးမှာ ဒေလီယာ ရှိနေမှရမယ်။ သဘောပေါက်လား။” 

“သဘောပေါက်ပါတယ်။ သခင်။” ချွဲကျိကောင်က ခပ်မြန်မြန် ခေါင်းညိတ်ပြီး ကပ်ဖားသော မျက်နှာ ပြုလုပ်လိုက်သည်။ ဒိုဒို၏ အမြှီးနှံ့နေသော မျက်နှာကို မြင်သည့်အခါ သူ လိုချင်နေသည်ကို ချန်လွေ့သိသည်။ ချန်လွေ့က မိစ္ဆာသစ်သီး သုံးလေးလုံး ပစ်ပေးလိုက်ရာ ဒိုဒိုသည် မြင်းနက်လေးအဖြစ် မပြောင်းရဲတော့ဘဲ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် လက်နှစ်ဖက် ရှည်ထွက်သွားကာ အေးအေးဆေးဆေးပင် သစ်သီးများထံ လက်လှမ်းလိုက်လေသည်။ သူက မျက်လှည့်ပြပွဲတစ်ခုကဲ့သို့ သေရည်တစ်ပုလင်းထုတ်ပြီး မြည်းစားရန်အတွက် အနောက်ဘက်သို့ ပျော်ရွှင်စွာဖြင့် သွားတော့သည်။

ချန်လွေ့က အဖိုးတန် မိစ္ဆာသစ်သီးများကို ဝိုင်နှင့်အတူ စားရန် ချွဲကျိကောင်အား ပေးခဲ့ကြောင်း တစ်စုံတစ်ယောက်သိလျှင် မရေမတွက်နိုင်သော မနာလိုမှုနှင့် အမုန်းတရားများ လှိမ့်တက်လာပေလိမ့်မည်။

ချန်လွေ့က အိမ်ထဲမှ ထွက်သွားလိုက်သည့်အခါ ဂိတ်တံခါးကို ကာဆီးထားသော လိုလီလေးကို မြင်လိုက်ရသည်။

နောက်ဆုံး၌ “ဒိုဒို” ထွက်လာကြောင့် မြင်သည့်အခါ လိုလီလေးက အသည်းအသန် ပြေးလာလိုက်သည်။ သို့သော်လည်း သူက လမ်းတစ်ဝက်၌ ရပ်သွားပြီး နှာခေါင်းကို တရှုံ့ရှုံ့ လုပ်လိုက်ကာ သူ၏မျက်လုံးဝိုင်းဝိုင်းတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြစ်သွား၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ပြီး ချန်လွေ့ထံ ခုန်လွှားလိုက်သည်။

ရလာဒ်အနေဖြင့် .... ကိုအာလာဝက်ဝံတစ်ကောင်က ချန်လွေ့ကို နောက်မှ ဖက်လိုက်လေသည်။

“အစ်ကို။ နောက်ဆုံးတော့ နင် ထွက်လာပြီပဲ။” လိုလီလေးက အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ “ငါ တကယ့်နင့်ကို မတွေ့ရတာ တော်တော်ကြာခဲ့ပြီ။”

ထိုအိမ်နေရာက အလွန်အမင်း ခေါင်ပါးသည်။ အမှောင်ထဲ၌ ပုန်းအောင်းနေသော လိုကီမှလွဲ၍ တခြားသူများ မရှိကြပေ။ ထို့ကြောင့် ချန်လွေ့က ဘာမှ မပြောဘဲ ရှင်းပြရုံသာ ရှင်းပြခဲ့သည်။ “တကယ်တော့ ငါက စစ်ဘက်ဆိုင်ရာ အကြံပြုဖို့အတွက် မင်းသမီးရှီရာ ... အမ်း.... အခုတော့ အရှင်မ ရှီရာပေါ့... သူနဲ့ ရှိနေခဲ့တာ။ အဲဒါကြောင့် ဒိုဒိုက တစ်ခါတလေ ငါ့နေရာမှာ အစားဝင်ထားတာ....”

သူ စကားပြော မပြီးသေးခင်မှာပင် လိုလီလေးက မှီလိုက်ပြီး ချန်လွေ့၏နားထဲသို့ စကားတိုးတိုးလေး ပြောသည်။ “ငါ သိပါတယ်။ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါက ငါတို့ကြားက လျို့ဝှက်ချက် အသေးလေးပေါ့။ ဟုတ်တယ်မလား။”

“အင်း...” ချန်လွေ့က မိမိ၏လည်ပင်းကို သိုင်းဖက်ထားသော လက်ကလေးကို အသာလေး ပုတ်လိုက်ပြီး ဆံပင်ကိုထိနေသော ရွှေရောင်ဆံပင်အား ကိုင်လိုက်သည်။ ထိုကဲ့သို့ တုန်နေအောင်ချစ်ဟန်တူသော အမူအရာကြောင့် လိုလီလေးက ပွတ်သပ်ခံရသော ကြောင်တစ်ကောင်ကဲ့သို့ပင် သက်တောင့်သက်သာနှင့် မျက်လုံးမှိတ် လိုက်လေသည်။

လိုလီလေးက ၁၄နှစ်ဖြစ်ပြီး လှုပ်ရှားမှုတိုင်းက ဖြူစင်မှုနှင့် တက်ကြွမှုများ ပြည့်နှက်နေသည်။ သူက ထူးဆန်းသော အကြိုက်များရှိသူများအတွက် အထူး အရသာရှိသော စားသောက်ဖွယ်တစ်ခုပင် ဖြစ်သည်။ သို့သော် ချန်လွေ့အတွက်မူ အဲလစ်မှာ ဉာဏ်များသော ချစ်စရာ ညီမလေးတစ်ယောက်သာ ဖြစ်၏။

“လူဆိုးကြီး အိုဆိုင်ဒန်ကို ငါ့အစ်မ အနိုင်ယူပြီးတော့ မနေ့က သူ အမှောင်လ နန်းတော်မှာ ရှိနေခဲ့တာ။ ဒါပေမဲ့ သူက ဒီမနက်ပဲ မြို့တော်ကို ရုတ်တရက် နန်းတက်ခဲ့တယ်။ ဒါကြောင့် အင်ပါယာနဲ့ နတ်ဆိုးဘုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။ ဒီနေ့ အမှောင်လက အရူးအမူး အောင်ပွဲခံနေကြတယ်။ အသီနာကလည်း ကိုယ်စားလှယ်လော့ဒ် ဖြစ်သွားပြီးတော့ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်။” အဲလစ်က စိတ်လှုပ်တရှားနှင့် ပြောသည်။ “နင်က ငါ့အစ်မနောက်ကို လိုက်သွားပြီးတော့ ဒီနေ့ အမြန်ပြန်လာတာလား။ မနေ့ကရော၊ ဒီနေ့ရော ဆရာမ ဇိုလာကို ငါ မတွေ့ခဲ့ဘူး။ သူက နင်တို့ကို အဲဒီရောက်အောင် မှော်ပညာတစ်ခုခုနဲ့ ကူညီခဲ့တာလား။”

ချန်လွေ့ ထိတ်လန့်သွားပြန်သည်။ လိုလီလေးက အ‌တော်လေး ပါးနပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ၏ ခန့်မှန်းမှုများမှာ ကွက်တိနီးပါးပင် ဖြစ်သည်။ ချန်လွေ့ စကားပြောရန် ပြင်လိုက်စဉ် လိုလီလေးက လျို့ဝှက်ဆန်းကြယ်စွာ ထပ်ပြောသည်။ “ငါ သိပါတယ်။ ဒါက လျို့ဝှက်ချက်ပဲ။ ဒါကို ငါတို့ကြားက လျို့ဝှက်ချက်အသေးလေး တွေထဲမှာ ထည့်လိုက်မယ်။ အဲလစ်က တခြားသူတွေကို မပြောပြပါဘူး။”

ချန်လွေ့က ခါးသက်သက်နှင့်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဲလစ်က နောက်ထပ် အံ့အားသင့်စရာ စကားတစ်ခွန်းကို လွှတ်ခနဲ ပြောလာသည်။ “အစ်ကို။ ငါ့အစ်မက မြို့တော်မှာ တစ်ယောက်တည်း ဖြစ်နေတော့ အကူအညီ လိုနေတာ ငါသိပါတယ်။ ဒီတစ်ခေါက် နင် ပြန်လာတာက မြို့တော်ကို လူတွေ ခေါ်သွားဖို့ မဟုတ်လား။ ငါ့ကိုပါ ခေါ်သွား။ ဟုတ်ပြီလား။”

“အခုတော့ လုံးဝမရဘူး။ ခဏလေး စောင့်ဦး။” ချန်လွေ့ က ခပ်မြန်မြန် ခေါင်းခါလိုက်သည်။ ထိုအချိန်၌ ရှီရာက အခြေချခါစသာ ဖြစ်ပြီး မြို့တော် အခြေအနေလည်း မတည်ငြိမ်သေးပေ။ အဲလစ်သွားခဲ့လျှင် ဖရိုဖရဲ ပိုဖြစ်လာပြီး ရှီရာကို ပို၍ပင် စိတ်ရှုပ်သွားစေနိုင်သည်။

လိုလီလေးက ရုတ်တရက် နှုတ်ခမ်းစူလိုက်သည်။ “နင်ငါ့ကို မခေါ်သွားရင် နင့်ရဲ့ လျို့ဝှက်ချက်တွေကို ငါထုတ်ပြောပစ်မယ်။”

ကောင်းရော။ သူက တကယ့်ကို စိတ်နှလုံးမကောင်းတဲ့ လိုလီလေးပဲ။ သူ မကျေနပ်တာနဲ့ ချက်ချင်းပဲ မျက်နှာပြောင်တိုက်ပြီးတော့ ငါ့ကို ခြိမ်းခြောက်တယ်။

“ဒါက ငါတို့ကြားက လျို့ဝှက်ချက်လေးတွေ မဟုတ်လား။” ချန်လွေ့က တမင်တကာပင် “ငါတို့”ဟူသော စကားလုံးကို အသားပေး ပြောလိုက်သည်။ လိုလီလေး အလျင်အမြန် ရန်လိုသွားသည်နှင့် ရင်ဆိုင်ရသည့်အခါ သူက ရွေးစရာမရှိတော့ဘဲ ပျားရည်ထောင်ခြောက်ကို အသုံးပြုရတော့သည်။ 

ထိုစကားကို လိုလီလေးကို ရှက်သွားစေသော်လည်း လက်မလျှော့ခဲ့ပေ။ “မိန်းမတွေကို နှလုံးသားကို ဖွင့်ထုတ်ချင်စိတ် ပြင်းပြတယ်။ အထူးသဖြင့် ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူက သေချာပေါက် လျို့ဝှက်ချက်ကို ထိန်းနိုင်မှာ မဟုတ်ဘူး။”

ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ယောက်လား။ ချန်လွေ့ ကြောင်သွား၏။ ၎င်းမှာ ကြည်နူးစရာမကောင်းသော စာအုပ်တစ်အုပ်မှာ စကားဖြစ်ကြောင်းကို မျက်လုံးမှိတ်၍ပင် သူ ခန့်မှန်းနိုင်သည်။

“အို...ငါ ဘာမြင်လိုက်ရတာလဲ။ အဲလစ်က သူဌေးရဲ့ လည်ပင်းကို ဖက်ထားနေတယ်။” ချန်လွေ့အား “သူဌေး”ဟုခေါ်သော တစ်ဦးတည်းသောသူမှာ မစ်-ကပ်စေးနဲ သက်တော်စောင့်ပင် ဖြစ်လေသည်။

“အိုလီဖီးရက်စ်....” လိုလီလေးက မစ်-ကပ်စေးနဲကို စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ရမ်းပြလိုက်သည်။ ထိုကဲ့သို့ ရင်းနှီးမှုမျိုးအရ သူတို့နှစ်ယောက် ယခုမှ တွေ့ဖူးခြင်း မဟုတ်ဘဲ ဆက်ဆံရေး အတော်လေး ကောင်းမွန်ကြောင်း သိနိုင်ပေသည်။ အသီနာမှလွဲ၍ လိုလီလေး၏ သူငယ်ချင်းကောင်းအများစုတွင် ရင်သားပြားခြင်းဟူသည့် တူညီသော အရာတစ်ခုရှိပြီး ၎င်းမှာ လိုလီလေး သူငယ်ချင်း ရွေးချယ်သည့်စံနှုန်း ဖြစ်နိုင်ပေသည်။

လိုလီလေးက ချက်ချင်းပင် ဇဝေဇဝါဖြစ်နေသော အမူအရာ ပြသလိုက်ပြီး ချန်လွေ့ကို မေးသည်။ “နင်က အိုလီဖီးရက်စ်ရဲ့ သူဌေးလား။”

အိုလီဖီးရက်စ်က သူ၏ “သူဌေး”သည် မည်မျှစေတနာမရှိကြောင်း၊ ကောက်ကျစ်ပြီး ဉာဏ်များကြောင်း၊ သူ့ကို လှည့်စားပြီး လုံးဝမညီမျှ‌သော စာချုပ်ကို လှည်စားပြီး ချုပ်ဆိုစေခဲ့ကြောင်း အဲလစ်အရှေ့တွင် အပြစ်ပြောခဲ့ဖူးသည်။ သူက အိုလီဖီးရက်စ်၏ အကြွေးများကို မရှင်းပေးခဲ့ဘဲ သလင်းကျောက်နက်ဒင်္ဂါး သန်းရာချီနှင့် ပြစ်မှုများကိုပါ နုတ်ယူခဲ့သည်။

ထိုအချိန်တွင် လိုလီလေးက မစ်-ကပ်စေးနဲနောက်လိုက်ပြီး နာမည်မပြောသော သူဌေးကို ဒေါသတကြီးနှင့် ဝေဖန်သော်လည်း ၎င်းမှာ အမှန်တကယ်၌ ချန်လွေ့ ဖြစ်နေမည်ဟု လိုလီလေး မထင်မှတ်ထားခဲ့ပေ။

ချန်လွေ့က အိုလီဖီးရက်စ်ကို ဖျပ်ခနဲ ငေးကြည့်ပြီး လိုလီလေးက် အောက်ချ လိုက်သည်။ “ငါက ငွေကြေးတွေ စီမံရတဲ့ ဘဏ္ဍာရေး အရာရှိလေ။ သူ့ကို ငှားထားတာ...”

“အိုလီဖီးရက်စ်က လောဘကြီးလွန်းလို့ ဖြစ်ရမယ်။ အဲဒါကြောင့် နင်က သူ့ကို အမြတ်ထုတ်ခဲ့တာ ဟုတ်တယ်မဟုတ်လား။” လိုလီလေးက လက်လွှတ်ရသည်ကို မကျေနပ်သော်လည်း သူ၏စိတ်ထဲ၌ ချန်လွေ့၏ အပြုသဘော ပုံရိပ်ကို ချက်ချင်း တည်ဆောက်လိုက်ပြီး သူ၏သူငယ်ချင်းအသစ် အိုလီဖီးရက်စ်က အစ်ကိုဖြစ်သူ ပြောခဲ့သော “တံငါသည်နှင့်ငါး”ပုံပြင်မှ လောဘကြီးသော အဘွားအို ဖြစ်သွားခဲ့လေသည်။

အိုလီဖီးရက်စ်၏နောက်ဘက်တွင် အစ်ဇဘယ်လာ၏ပုံရိပ် ပေါ်ထွက်လာသည်။ သူက တံခါးကို အဲလစ် ပိတ်ဆို့ထားပြီး ဒုက္ခပေးသော လိုလီလေးကို ဖယ်ရှားလိုကြောင်း သတင်းရရှိသွားဟန်တူသည်။ ယခုတွင် ရှီရာက အဝေးမှ မြို့တော်တွင် ရှိနေသည်။ အစ်မဖြစ်သူ မရှိသည့်အတွက် လိုလီလေးက “ဥပဒေမဲ့သော” မင်းသမီးလေး ဖြစ်သွားတော့သည်။

အိုလီဖီးရက်စ်က သူက အပျက်သဘောဆောင်သော ပုံရိပ်တစ်ခု ဖြစ်သွားကြောင်း မသိလိုက်ဘဲ ပြုံးဖြီးဖြီးလုပ်ကာ ချန်လွေ့ထံ ရောက်လာသည်။ “သူဌေး။ နင် ငါ့ကို မြို့တော်ဆီ အကူအညီအနေနဲ့ ခေါ်သွားမှာလား။ ဒီရက်ပိုင်း ငါ ပိုက်ဆံတွေ အများကြီး သုံးမိသွားတယ်။ သူငယ်ချင်းတွေကို ကျွေးမွေးရတော့ ပိုက်ဆံတွေ အကုန်သုံးလိုက်ရပြီ။ နောက်သုံးလေးလအတွက် လစာနဲ့ အကျိုးအမြတ်တွေ ကြိုပေးထားလို့ ရမလား။”

မစ်-ကတ်စေးနဲကို အခွင့်အရေးယူပြီးတော့ သတ်မှတ်ချက်တွေ ပြောတာကို တကယ်ကြီး သင်ယူခဲ့တာပဲ။ သူက အစ်ဇဘယ်လာရဲ့ လွှမ်းမိုးမှု ခံလိုက်ရတာလား မသိ။

“ဟမ့်...” အဲလစ်က မကျေနပ်ဘဲ အိုလီဖီးရက်စ်၏ အလိမ်အညာကို ထုတ်ဖော် လိုက်သည်။ “ဒီနေ့တွေမှာ ငါပဲ ပိုက်ဆံပေးရတာ။ နင် ဘာမှ မသုံးဘူး။”

အိုလီဖီးရက်စ် အသေအချာ တွက်ချက်နေသည်။ “တစ်နေ့ နေ့လယ် ၂နာရီတုန်းက ငါနင့်ကို ငှက်သိုက်မုန့် ဝယ်ကြွေးခဲ့တယ် မဟုတ်လား။”

အဲလစ်လည်း သေသေချာချာ တွက်ချက်သည်။ “နင်က တခြားတစ်ယောက်ဆီက လုယူခဲ့တာပဲ။ ဘာမှ ပိုက်ဆံ မသုံးခဲ့ဘူး။ အဲဒီလူက နင့်ကို အနိုင်ကျင့်ချင်ခဲ့တာ။ ဒါပေမဲ့ နင်က သူ့ရဲ့ ပိုက်ဆံနဲ့ အဝတ်အစားတွေအားလုံးကို လုယက်ခဲ့ပြီးတော့ ငါ့ကို ငှက်သိုက်မုန့် ဝယ်ပေးခဲ့တယ်။ ငါက ငါလည်း မစားရဘူး။ နင်ပဲ စားလိုက်တာ။ ဒီရက်ပိုင်းမှာ ငါနင့်ကို ဟော့ပေါ့၊ အကင်၊ ပေါက်စီ၊ ကိတ်မုန့်၊ ပူတင်းနဲ့ သစ်သီးသေရည်တွေ ဝယ်ကျွေးခဲ့တယ်...”

“ခိုးတာက ပါရမီတစ်ခုပဲလို့ အမေ အရင်က ပြောဖူးသည်။” အိုလီဖီးရက်စ်က ငိုနေရင်း ‌ပြောသည်။ “ဒါပေမဲ့ ဒီကလူအများစုက ငါ့ကို သိကြတယ်။ အဲဒါကြောင့် အောင်မြင်ဖို့ ခက်ခဲတယ်။ မြို့တော်ကို အတူတူသွားပြီးတော့ လုယက်ကြမလား။ ဘာမှ မသိတဲ့ အဲဒီလူတွေကို ရှာပြီးတော့ လုလို့ရတဲ့ ပိုက်ဆံတွေကို ခွဲယူမယ်။ နင်က ၁ % ယူ။ မဟုတ်ဘူး။ ၀.၀၁ % ။ အဲဒါက တစ်သောင်းပုံတစ်ပုံပဲ။ အား....များလိုက်တာ။”

ချန်လွေ့၏နဖူးပေါ်တွင် ချွေးများပြန်လာသည်။ မစ်-နဂါးနက်က ဒီအချက်ကြောင့် မြို့တော်ကို အားတက်သရော သွားချင်နေတာလား။ ပြီးတော့ အကျိုးအမြတ် ခွဲဝေတာက “အများကြီး” ဆိုတာတောင် ဒသမ အနောက်မှာပဲ။ သန်းတစ်ထောင်ပုံတစ်ပုံပဲ ပေးလိုက်ပါတော့လား။

ခြိုးခြံတတ်သော အိုလီဖီးရက်စ်က သနားစရာ ကောင်းနေဆဲ ဖြစ်သည်။ မြို့တော် ဟူသော အဓိက ကစားလုံးကို ကြားသည့်အခါ အဲလစ်က အခြားကိစ္စများကို ချက်ချင်း လျစ်လျူရှုပြီး အသည်းအသန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ။ ဟုတ်ပြီ။”

ချန်လွေ့ “.......”

အစ်ဇဘယ်လာ “........”

All Chapters