← Chapters

တိုရိုမိသားစု

Vol. 37 Ch. 561

တိုရိုမိသားစု

Vol. 37 Ch. 561

နတ်ဆိုးဘုံ၌ အစွမ်းထက်ပုဂ္ဂိုလ်များ၏ စွမ်းအားကြီးလေလေ၊ ကလေး ရရှိရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။ အိုဆိုင်ဒန်တွင် မရေမတွက်နိုင်သော ကိုယ်လုပ်တော်များ ရှိသော်လည်း နှစ်ရာပေါင်းများစွာကြာမှသာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရရှိခဲ့ပြီး သူတို့၏ ပါရမီများမှာ သာမန်မျှသာ ဖြစ်သည်။ သူ၏သားမှ ထရွန် ဖြစ်သည်။ ချန်လွေ့က လျို့ဝှက်အလုံပိတ်ခန်းမှ ကြယ်ကြွေတမန်ဓားကို ရရှိပြီးနောက် ထရွန်ကို နန်းတော်စောင့်ကြပ်သည့် အိုလီဗာက ထိန်းချုပ်ထားခဲ့သည်။ တိုက်ပွဲတွင် အိုဆိုင်ဒန် သေသွားကြောင်း သတင်းရသည့်အခါ ထရွန် ကြောက်လန့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်။

အိုဆိုင်ဒန်၏သမီး လိုရေးက တိုရိုမိသားစု ခေါင်းဆောင် ကိုဝင်၏သား ရီဒိုတွန်နှင့် လက်ထပ်ခဲ့သည်။ ရီဒိုတွန်က ခေါင်းဆောင်အဖြစ် လက်လွှဲယူသောအခါ တိုရိုမိသားစုက အိုဆိုင်ဒန်နှင့် ပိုမိုနီးစပ်သွားခဲ့သည်။ ထို့ကြောင့် အိုဆိုင်ဒန်က ဆွေမျိုးဖြစ်သော ကိုဝင်အား အလုံပိတ်ခန်းကို စောင့်ကြပ်ရန်အတွက် အန္တရာယ်ကင်းကင်းနှင့် လွှဲအပ်ထားနိုင်လေသည်။ သို့သော် အိုလီဗာနှင့် ကိုဝင်တို့ အချင်းချင်း စောင့်ကြည့်ရန်လည်း ရည်ရွယ်ထားခဲ့သည်။

ယခုတွင် ရှီရာက အင်ပါယာကို ထိန်းချုပ်နေသည့်အတွက် အိုဆိုင်ဒန်၏ အကြွင်းအကျန်များဖြစ်ကြသော လိုရေးနှင့် ထရွန်တို့ကို ရှင်းပစ်မည်မှာ သာမန်သာ ဖြစ်သည်။ ထရွန်က သေဆုံးသွားခဲ့ပြီး မျိုးဆက်မရှိသော်လည်း လိုရေးက အသက်ရှင်နေဆဲ ဖြစ်ကာ ကလေးနှစ်ယောက် ရှိသည်။ ၎င်းမှာ တိုရိုမိသားစု၏ ကံကြမ္မာနှင့် ဆက်နွှယ်နေသည့်အတွက် ကိုဝင်က သက်သက်ညှာညှာနှင့် အပြစ်ပေးရန် မျှော်လင့်ချက်ဖြင့် စတင်ဦးဆောင်၍ အသနားခံခဲ့ခြင်း ဖြစ်သည်။

ရှီရာက ကိုဝင်နှင့် ချက်ချင်း မတွေ့သေးဘဲ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ချန်လွေ့နှင့်အတူ ခန်းမထဲသို့ ရောက်လာသည်။ ထို့နောက်မှသာ သူက ကိုဝင်အား သူနှင့်တွေ့ဆုံရန် အမိန့်ပေးသည်။

ခဏအကြာတွင် ကိုဝင်နှင့် စုံတွဲတစ်တွဲ လမ်းလျှောက်ဝင်လာသည်။ ယောက်ျား ဖြစ်သူက မျက်နှာလေးထောင့်ဖြစ်ပြီး မိန်းမဖြစ်သူက သာမန်မဟုတ်ပေ။ သူတို့က ကလေး နှစ်ယောက် ခေါ်လာကြသည်။ ကလေးတစ်ယောက်က အမျိုးသမီး၏ လက်မောင်းထဲ၌ ပွေ့ချီထားပြီး သုံးနှစ်အရွယ်ကောင်မလေး တစ်ယောက်ကို အမျိုးသားက ပွေ့ချီထားသည်။

ကိုဝင်က ပလ္လင်ပေါ်မှ ရှီရာကို ဦးညွှတ်ကာ အရိုအသေပြုလုပ်ပြီး ထိုစုံတွဲက ကလေးများနှင့်အတူ ဒူးထောက်လိုက်ကြသည်။ သူတို့က ခေါင်းကို ကြမ်းပြင်ထိအောင် ငုံ့လိုက်ကြပြီး အနှိမ့်ချဆုံး အနေအထား ဖြစ်နေကြသည်။

ယောက်ျားဖြစ်သူက တိုရိုမိသားစုခေါင်းဆောင် ရီဒိုတန်ဖြစ်သည်။ “အရှင်မ။ ကျုပ် ရီဒိုတန်က ကျုပ်ရဲ့ဇနီး လိုရေးလူစီဖာ၊ သမီး လင်းလူစီဖာနဲ့ သား ရှိခ်တိုရို တို့ကို အရှင်မဆီ အပြစ်ပေးဖို့ လာရောက်တောင်းပန်တာပါ။”

တိုရိုမိသားစု အင်အားက အကြီးအကဲမိသားစုများ၌ ထိပ်တန်းဖြစ်ပြီး ကိုဝင် ကိုယ်တိုင်နှင့် စတေလာတို့ကို အင်အားအကြီးဆုံး အကြီးအကဲနှစ်‌ယောက်ဟု ခေါ်ကြသည်။ အကြီးအကဲမိသားစုများက ယနေ့ အစည်းအဝေး၌ ဧကရီအား မည်သည်မှ မပြောခဲ့ကြပေ။ သို့သော် ယခုကိစ္စမှာ ရှုံးနိမ့်သွားခဲ့သော “အင်ပါယာလုယက်သူ” အဖြစ် နာမည်တပ်ခံထားရသော အိုဆိုင်ဒန်နှင့် ဆက်နွှယ်နေသည်။ ထိုကိစ္စမှာ အကြီးမားဆုံးသော “အဆင့်ကွဲပြားမှု”ပင် ဖြစ်လေသည်။ တိုရိုမိသားစုက ကိုဝင်တို့က အင်ပါယာတစ်ခုလုံး၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး သစ္စာဖောက်များ ဖြစ်မလာချင်ပါက လိုရေးကို မပါကွယ်နိုင်သည့်အပြင် လိုရေး၏ ကလေးများကိုပါ ဖုံးကွယ်ထားရဲမည် မဟုတ်ပေ။

ရှီရာက ကလေးနှင့် ကောင်မလေးကို ငေးကြည့်လိုက်သည်။ ချန်လွေ့ ရှေ့တက်ပြီး တီးတိုးပြောသည်။ “ကောင်လေးက သန္ဓေပြောင်း မဟာနတ်ဆိုး သွေးမျိုးဆက် ရှိတယ်။ ပြီးတော့ ကောင်မလေးက သန္ဓေပြောင်း သွေးမျိုးဆက်မရှိတဲ့ လူစီဖာ တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။”

အသံတိုးသော်လည်း ကိုဝင်နှင့် စုံတွဲနှစ်ယောက် ကြားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ် တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။ ကောင်မလေးကို ဘေးဖယ်ထားလျှင် ကောင်လေးမှာ ၁နှစ်ပင် မပြည့်သေးပေ။ “အက်ဂ်ယော”က တစ်ချက်ကြည့်ရုံဖြင့် သန္ဓေပြောင်း သွေးမျိုးဆက်ကို အာရုံခံမိနိုင်သည်။ သူ၏အမြင် တစ်ခုတည်းကပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။

ကိုဝင်က ချန်လွေ့နှင့် တိုက်ခိုက်ခဲ့ဖူးသည့်အတွက် သူ၏ တကယ့်တိုက်ခိုက်ရေး စွမ်းအားမှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းမဟုတ်ကြောင်း သေချာသိသည်။ အင်ပါယာတစ်ခုလုံးက “အက်ဂ်ယော” သည် တောနက်ထဲ၌ ရှီရာနှင့်အတူ အိုဆိုင်ဒန်ကို တိုက်ခိုက်ခဲ့သည်ဟူ၍သာ သိကြသည်။ ထို့ကြောင့် ထိုလျို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးနှင့်လူမှာ သူ့ကိုယှဉ်နိုင်ကြောင်း ကိုဝင် ယုံကြည်သည်။ သူက ထိုသူ၏ စွမ်းရည်များကြောင့် စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။

ရှီရာ ခေါင်းညိတ်လိုက်သည်။ “ဒီကလေးနှစ်ယောက်က အိုဆိုင်ဒန်ချန်ထားတဲ့ မြေးတွေ ဖြစ်ရမယ်။”

ထိုစကားက တော်ဝင်ခြင်း မဝင်ခြင်းကို ဂရုမစိုက်ဘဲ အသေစေနိုင်ဆုံးသော သရုပ်ကို တိုက်ရိုက်ထောက်ပြလိုက်ခြင်း ဖြစ်သည်။ ရီတိုတန်ကို အသက်ချမ်းသာပေး၍ ရနိုင်သော်လည်း လိုရေးနှင့် သူ၏ကလေးများမှာ အိုဆိုင်ဒန်၏ “အကြွင်းအကျန်များ” ဖြစ်နေကြသည်။ အမြစ်ကိုဖျက်ဆီးရန် ရှီရာ၏ဆန္ဒမှာ သင့်မြတ်ပေသည်။

လိုရေး၏ခန္ဓာကိုယ် တုန်လှုပ်နေ၏။ ကိုဝင်၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။ “အရှင်မ....”

“ကျွန်မမေးတာကို ဖြေ။”

“ဟုတ်ပါတယ်။” ကိုဝင် ဦးညွှတ်လိုက်ပြီး မော့မကြည့်ရဲတော့ပေ။ သူတို့သည် သူ၏ တစ်ဦးတည်းသော မြေးများ ဖြစ်ကြပြီ တစ်ဦးတည်းသော သွေးမျိုးဆက်ခံသူများ ဖြစ်၏။ နတ်ဆိုးဧကရာဇ်အဆင့် ရောက်ရှိသွားသော ရီဒိုတန်အတွက် သူ၏ကလေးများမှာ အလွန်အမင်း အဖိုးတန်လှသည်။ သူတို့ ‌မွေးဖွားလာစဉ်က သူ အလွန် ပျော်ရွှင်ခဲ့သည်။ ထို့ပြင် ရှိခ်က သန္ဓေပြောင်း သွေးမျိုးဆက်ရှိသော မဟာနတ်ဆိုး ဖြစ်သည်။ သူ့ကို တိုရိုမိသားစု၏ အနာဂတ် ဆက်ခံသူအဖြစ် မွေးမြူ၍ရနိုင်သည်။ သူ့ကို သုတ်သင် လိုက်သည်နှင့်.....

ကိုဝင်က အန္တရာယ်များကို မစဉ်းစားခဲ့သည် မဟုတ်ပေ။ သို့သော် သူက အင်ပါယာ တစ်ခုလုံး၏ ဖိနှိပ်ခြင်းနှင့် ဝိုင်းရံခြင်းကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုအချိန်၌ ကလေးများကို ကာကွယ်နိုင်မနိုင်နှင့် တိုရိုမိသားစုက မိသားစုနာမည် ကွယ်ပျောက်ပြီး သုတ်သင်ခံရနိုင်သည်အထိ ဖြစ်မဖြစ် ပြောရန် ခက်ခဲပေသည်။ ကိုဝင် လုပ်ချင်သည်မှာ အရဲစွန့်ပြီး အရေးအကြီးဆုံးသူအတွက် သိပ်မရေးမပါသောသူများကို စတေးကာ သန္ဓေပြောင်းသွေးမျိုးဆက်ရှိသော မြေးကို အသက်ရှင်ခွင့်ပေးရန် ကြိုးစားမည် ဖြစ်သည်။

သို့ရာတွင် ရှီရာ၏ ပြတ်သားသော သဘောထားက ကိုဝင်ကို မျှော်လင့်ချက် မဲ့သွားစေသည်။ ၎င်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ ရန်သူကို‌ စေတနာထားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ရက်စက်ခြင်းသာ ဖြစ်သည်။ ရှီရာက ပထမဆုံး‌ လော့ဒ်ဖြစ်ခဲ့စဉ်က ၎င်းကို သဘောပေါက်သွားခဲ့သည်။ သူ၏နှလုံးသား ပျော့ညံ့နေခဲ့လျှင် အမှောင်လ ပြိုလဲသွားမည်မှာ ကြာခဲ့လေပြီ။

အိုဆိုင်ဒန်က အစကတည်းက အိမ်ရှေ့မင်းသား ဂါရမ်းကိုလည်း လုပ်ကြံခဲ့သည်။ ဆာရန်ဒီ၊ ဂျော့ချ်နှင့် အခြားသူများက အသည်းအသန် ကာကွယ်ပြီး ပုန်ကုန်မှုဖြင့်ပင် ခြိမ်းခြောက်ခဲ့သည်။ သို့မဟုတ်ပါက သန်းခေါင်နေ၏ သွေးမျိုးဆက် လုံးဝ ပြတ်တောက် သွားပေလိမ့်မည်။

“ဒီတော့...” ရှီရာ၏မျက်လုံးများက သတ်ဖြတ်ချင်စိတ်တစ်ခု ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ကိုဝင်က ၎င်းကို အာရုံခံလိုက်မိပြီး သူ၏နှလုံးသား အပြင်းအထန် တုန်ခါသွားသည်။ သို့ရာတွင် ထိုအချိန်၌ မှော်စွမ်းအား၏ ကြောက်မက်ဖွယ်ရာလှိုင်းတစ်ခုက သူ့ကို ဝိုင်းရံလိုက်ပြီး ကိုဝင်က မြွေပွေးအကြည့်ခံနေရသော ဖားတစ်ကောင်သဖွယ် ခံစားလိုက်ရသည်။ သူ မဆင်မခြင် လှုပ်ရှားလိုက်လျှင် ဖျက်ဆီးခြင်းတိုက်ခိုက်မှုတစ်ခု ခံစားရပေလိမ့်မည်။

ဒါက သေချာပေါက်ကို “အက်ဂ်ယော”ရဲ့စွမ်းအား မဟုတ်ဘူး။

ဒီစွမ်းအားအဆင့်က နတ်ဆိုးအရှင်သခင်အဆင့်ကိုတောင် ကျော်လွန်နေပြီ။

ကိုဝင်သည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီး တိုက်ပွဲများစွာကို အတွေ့အကြုံရှိခဲ့သော ဝါရင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းတစ်ယောက် ဖြစ်သော်လည်း ယခုတွင် သူက ကြောက်ရွံ့မှုကို ခံစားနေရသည်။ ထို့နောက် လီသ်တောနက်ရှိ အဆုံးအဖြတ်တိုက်ပွဲ၌ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဧရာမနဂါးနှစ်ကောင်ကို အေးအေးဆေးဆေးပင် အနိုင်ယူခဲ့သည့် အလွန်အမင်း စွမ်းအားကြီးလှသော မှော်ပညာရှင်တစ်‌ယောက်အကြောင်း သူ၏မိတ်ဆွေဟောင်း စတေလာ ပြောခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။ ထို့အပြင် ထိုနဂါးနှစ်‌ကောင် အထဲမှ တစ်ယောက်မှာ “မှော်ပညာဝိပါက်”ဟု သိကြသော နဂါးနက် ဖြစ်နေ၏။

ဒီတစ်ခေါက် ရှီရာက နန်းတက်ဖို့အတွက် မှော်ပညာရှင်တစ်‌ယောက်ရဲ့ နည်းလမ်းနဲ့ နန်းတော်ကို အမြန်ပြန်လာခဲ့တယ်။ အမှောင်လကနေ မြို့တော်ကို ရောက်ဖို့အတွက် တစ်နာရီတောင် မကြာဘူး။ ဒါက ဒဏ္ဍာရီထဲက နေရာလွတ်မှော်ပညာများလား။ နေရာလွတ်မှော်ပညာတောင် ဒီလိုမျိုး ကြောက်စရာသက်ရောက်မှု မရှိနိုင်ဘူး။

အစွမ်းထက်လွန်းတယ်။ ဒီလိုစွမ်းအားအဆင့်က ငါ့အထင် မဟာကတ်သရင်းနဲ့ မဟာရိုင်ဇန်ကို ယှဉ်နိုင်လောက်တယ်။

ဧကရီအရှင်မ ဘေးနားမှာ တကယ်ကြီး ဒီလိုမျိုးအစွမ်းထက်ပုဂ္ဂိုလ် ရှိနေတာပဲ။

ကိုဝင်၏နှလုံးသားထဲမှ နောက်ဆုံး ရုန်းကန်မှု ဆုံးရှုံးသွားခဲ့သည်။ သူက ချက်ချင်းပင် နှစ်ဆ ပိုမိုအိုမင်းသွားပြီး သူ၏မျက်လုံးများက စိတ်ပျက်ဝမ်းနည်းမှုများနှင့် ပြည့်နှက်သွားသည်။

ရှီရာက ပလ္လင်ပေါ်မှ ဖြည်းဖြည်းချင်း ထလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်ချင်စိတ်များ ပိုမိုအားကောင်းလာပြီး ခံစားချက် အချို့ကို ထိန်းချုပ်ထားသကဲ့သို့ပင် သူ၏လက်သီးဆုပ်မှ လက်ဆစ်များ အနည်းငယ် ဖြူလာ၏။

ကောင်မလေးကပင် အေးစက်မှုကို ခံစားလိုက်ရသည်။ သူက ကြမ်းပြင်ပေါ်မှ တုန်ခါနေပြီး မလှုပ်ရဲတော့ပေ။ ရှီရာက အမိန့်တစ်ခုပေးရန် ပြင်လိုက်စဉ် အက်ဂ်ယော ရှေ့တက်လာလိုက်သည်။ “အရှင်မ...”

ရှီရာ ရပ်တန့်လိုက်ပြီး အက်ဂ်ယောက စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ယခုတစ်ခေါက်တွင် မှော်ပညာဖြင့် ခြားထားသကဲ့သို့ပင် သူတို့ပြောနေသည်ကို ကိုဝင်နှင့် အခြားသူများ မကြားနိုင်ကြပေ။

ရှီရာ၏ သတ်ဖြတ်ချင်စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စဉ်းစား ချင့်ချိန်နေသော အမူအရာ ပြသလိုက်သည်။ အချိန်ခဏကြာပြီးနောက် သူ ခေါင်းညိတ်ကာ ပြောသည်။ “ရီဒိုတန်...”

“မှန်လှပါ...”

“လိုရေးရဲ့ သရုပ်က ဆတ်ဆတ်ထိမခံ ဖြစ်လွန်းတယ်။ သူက တရားဝင် မိန်းမဖြစ်ဖို့ မသင့်တော်တော့ဘူး။ နားလည်လား။”

တရားဝင်မိန်းမဖြစ်ဖို့ မသင့်တော်ဘူး ဟုတ်လား။ သူ့ကို ကိုယ်လုပ်တော်အဖြစ် ထားရမှာလား။ ဒါဆိုရင် ငါ့သားနဲ့သမီးက....။ ရီဒိုတန်က မည်သို့ဖြေရမှန်းမသိခဲ့ပေ။ ဘေးနားမှ ကိုဝင်က ကြောက်မက်ဖွယ်ရာ မှော်အတက်အကျ ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရပြီး စိတ်ပါလက်ပါနှင့် ပြန်ဖြေလိုက်သည်။ “နားလည်ပါတယ်။”

အိုဆိုင်ဒန်ရဲ့သမီး လိုရေးကိုတောင် ချမ်းသာပေးတယ်ဆိုရင် ကလေးတွေလည်း အသက်ရှင်မှာပဲ။ အစကတော့ ကလေးတွေကိုပဲ ကယ်နိုင်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒီလိုမျိုး အံ့အားသင့်စရာ ရလာဒ်များ ဖြစ်လာမယ် မထင်ထားခဲ့ဘူး။

လိုရေး တုံ့ပြန်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် မျက်ရည်ဝဲသွားပြီး ရီဒိုတန်နှင့် သမီးဖြစ်သူကို အလောတကြီး ဆွဲခေါ်ကာ ဦးတိုက်နေလေသည်။ “ကျေးဇူး ကြီးမားလှပါတယ်။ အရှင်မ။”

ရှီရာက ကောင်မလေးကို ရှုပ်ထွေးသောအကြည့်ဖြင့် ငေးကြည့်ပြီး ပြောသည်။ “ကိုဝင်နဲ့ ရီဒိုတန် နေခဲ့။ ကျန်တဲ့သူတွေ အရင်ပြန်နှင့်။”

လိုရေးက ချက်ချင်းပင် ကလေးများကို ခေါ်သွားပြီး ကိုဝင်နှင့် ရီဒိုတွန်တို့က နက်နက်ရှိုင်းရှိုင်း ဦးညွှတ်နေကြသည်။ “ကျေးဇူးတင်ပါတယ်။ အရှင်မ။ တိုရိုမိသားစုက အရှင်မရဲ့ ကျေးဇူးတရားကို အမြဲတမ်း အမှတ်ရနေမှာပါ။”

“တစ်ခါတစ်ရံမှာ စေတနာနဲ့ အားနည်းချက်က အတူတူပဲ။ ဒါက အုပ်ချုပ်သူ တစ်ယောက်အတွက် အထူးသဖြင့် မသင့်တော်ဘူး။ အမှောင်လမှာ ကျွန်မရဲ့ပုံစံက စိတ်ထားနူးညံ့တဲ့ပုံစံမျိုး မဟုတ်တာ ရှင်တို့သိမှာပါ။” ရှီရာ အသာလေး ပြောလိုက်သည်။ “နတ်ဆိုးဘုံရဲ့ ရှေးစကားတစ်ခွန်းလိုပေါ့။ စိုက်ပျိုးတာမရှိရင် ရိပ်သိမ်းရမှာ မဟုတ်ဘူး။”

“ကျုပ်တို့သားအဖက အရှင်မကို အလုပ်အကျွေးပြုပါ့မယ်။”

ကိုဝင်၏စကားကို ကြားသည့်အခါ ရှီရာက အေးစက်လျက် ရှိနေပြီး မယုတ်မလွတ် ဖြစ်နေဆဲ ဖြစ်သည်။ ချန်လွေ့က ပြောသည်။ “ဆာ-ကိုဝင်။ ကျုပ်တို့က အသိဟောင်းတွေပဲ။ ကျုပ် ခင်ဗျားကို တစ်ခုတော့ ပြောပြလို့ရတယ်။ အခု အရှင်မ ရှီရာရဲ့လက်ထဲမှာ အထူးကိစ္စတွေကို အင်ပါယာ တစ်လျှောက် အကောင်အထည်ဖို့အတွက် အမှန်တကယ် ယုံကြည်ရတဲ့ မိသားစုတစ်ခု လိုအပ်နေတယ်။ တစ်ချိန်တည်းမှာပဲ အင်ပါယာရဲ့ ဘဏ္ဍာရေးနဲ့ အင်အား ကြီးကြီးမားမား တိုးတက်လာနိုင်သလို တာဝန်ယူရတဲ့ မိသားစုကလည်း ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာလိမ့်မယ်။”

ရီဒိုတွန်နှင့် ကိုဝင်တို့၏နှလုံးသား တစ်ချိန်တည်းမှာပင် လှုပ်ရှားသွားကြသည်။ ထိုစကားလုံးများက လိမ်ညာခြင်း လုံးဝမဟုတ်လောက်ပေ။ အမှောင်လကို ထိုနည်းဖြင့် တိုးတက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ညစျေး၊ တိုက်ပွဲဘောလုံး၊ ဟော့ပေါ့ စားသောက်ဆိုင်နှင့် မင်းသမီးလက်လီစတိုးတို့က နတ်ဆိုးဘုံတစ်လျှောက် နာမည်ကျော် ခဲ့ပြီး အလွန်ကြီးမားသောဝင်ငွေ ရရှိစေခဲ့သည်။ ထိုစဉ် မြို့တော်မိသားစုနှင့် အမျိုးမျိုးသော နယ်မြေများက အိုဆိုင်ဒန်၏ “ရန်ပုံငွေအလိမ်အညာ”ကြောင့် ဘဏ္ဍာရေးအရ ရုန်းကန်နေခဲ့ရသည်။ ချန်လွေ့၏မှတ်ချက်မှာ သုံးလေးရက်ကြာ ဗိုက်ဟောင်းလောင်း ဖြစ်နေသော သူတောင်းစားတစ်ယောက် အရှေ့တွင် ခမ်းနားလှသော စားသောက်ပွဲများကို ချပြလိုက်သကဲ့သို့ ဖြစ်နေသည်။

ကိုဝင်က မေးခွန်းထုတ်နေသော မျက်လုံးများကို ရှီရာထံ လှည့်လိုက်သည်။ ရှီရာက အသာလေး ခေါင်းညိတ်သည်။ “အက်ဂ်ယောပြောတာ မှန်တယ်။ ကျွန်မ တောင်းဆိုတာက ရိုးရှင်းပါတယ်။ သစ္စာရှိဖို့ပဲ ပထမ။ အရည်အချင်းက ဒုတိယပဲ။”

ကိုဝင်က ရီဒိုတန်ကို ငေးကြည့်လိုက်သည်။ ရီဒိုတန် သဘောပေါက်လိုက်ပြီး တစ်မိသားစုကလုံးက ရှီရာကို သစ္စာရှိမည်ဖြစ်ကြောင့် တိုရိုမိသားစုနာမည်ဖြင့် ချက်ချင်း သစ္စာဆို၏။

နောက်ဆုံး၌ ရှီရာ၏အကြည့် ပြေလျော့သွားခဲ့သည်။ “တိုရိုမိသားစုက သစ္စာရှိနေသရွေ့တော့ ကျွန်မက လက်တစ်ဖက်အနေနဲ့ အမြဲ သဘောထားမှာပါ။ အကြီးအကဲ မိသားစုတွေရဲ့ အာဏာက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတာကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ လူအတော်များများက တစ်ကိုယ်ကောင်းဆန်ပြီးတော့ ထိန်းချုပ်လို့ မရနိုင်ဘူး။ အင်ပါယာရဲ့လက်ရှိအခြေအနေက သိပ်ပြီးမကောင်းလှဘူး။ တကယ်လို့ အတွင်းရေးပြဿနာတွေကို အမြန်ဆုံး မဖြေရှင်းနိုင်ဘူးဆိုရင် အင်ပါယာအတွက် အန္တရာယ်တစ်ခု ဖြစ်လာမှာ သေချာတယ်။ အင်ပါယာ အမှန်တကယ် ပြိုလဲသွားတာနဲ့ အကြီးအကဲမိသားစုတွေ အပါအဝင် သူတို့တိုက်ခိုက်နေတဲ့ အာဏာနဲ့ အကျိုးအမြတ်တွေ အားလုံးက ပျောက်ကွယ်သွားမှာပဲ။”

ကိုဝင်က ခါးသက်သက်နှင့် ပြုံးသည်။ “ဒီအမှန်တရားကို အ‌တော်များများက သိကြပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်နဲ့ ပတ်သက်လာရင်တော့ ကိုယ်ကိုယ်တိုင်က ပထမဆုံး ရွေးချယ်မှုပဲ။ တိုရိုမိသားစုက လိုရေးကြောင့် အကြီးအကဲမိသားစုတွေရဲ့ ပစ်ပယ်မှုကို ခံခဲ့ရတယ်။ အခု ကျုပ်တို့က အရှင်မကို ပထမဆုံး သစ္စာခံလိုက်တာဆိုတော့ သေချာပေါက် ဖယ်ကျဉ်ခံရမှာပဲ။ တကယ်လို့ အရှင်မက အကြီးအကဲမိသားစုတွေနဲ့ မြို့တော်အင်အားစုတွေကို ပြန်ပေါင်းစပ်ချင်ရင်တော့ မဟာကတ်သရင်းရဲ့ နည်းအတိုင်း အတွင်းကနေ စတင်ရမှာပဲ။ အဝေးက နယ်မြေတွေနဲ့ ရင်းရင်းနှီးနှီးနေပြီးတော့ အနီးကသူတွေကို တိုက်ခိုက်ရမယ်။ သွေးနဲ့သံမဏိ မူဝါ‌ဒကို အကောင်အထည် ဖော်ဖို့အတွက် ကြင်နာမှုနဲ့ တန်ဖိုးအာနုဘော်ကို အသုံးချရမယ်။”

ရှီရာက တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။ “ကျွန်မ အဲဒါက လုပ်နေတာပဲလေ။”

ကိုဝင်၏မျက်လုံးများ လှုပ်ရှားသွား၏။ “ရိုကိုနဲ့ ဖာရာဗစ်တို့ကို အရှင်မ ဒီနေ့ ပေးအပ်လိုက်တဲ့ တာဝန်လား။”

“အပေါ်ယံကြည့်ရင်တော့ အခု တိုင်းတစ်ပါး ရန်သူတွေက ကျွန်မတို့ကို မျက်စိကျနေတယ်။ တကယ်လို့ နောက်ထပ် အတွင်းရေးပဋိပက္ခဖြစ်ရင် အင်ပါယာက ပြိုကွဲလုနီးနီး ဖြစ်သွားမှာ။ ဒါပေမဲ့ ကျွန်မတို့က တိုက်ပွဲကို အချိန်ဆွဲဖို့အတွက် အင်ပါယာရဲ့ အင်အားကိုသုံးပြီးတော့ ပြတ်သားတဲ့ သဘောထား ပြသမယ်ဆိုရင် ဒီကနေ သွေးရောင်အင်ပါယာ အကျိုးအမြတ်မရအောင်လို့ ကတ်သရင်းက ကျွန်မတို့က အင်အားပြည့်တိုက်ခိုက်ရဲမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ကျွန်မထင်တာ မှန်တယ် ဆိုရင် ကျုပ်မ နန်းတက်တဲ့ သတင်းကို ကတ်သရင်း ရပြီးရင် အသစ်လွှတ်ထားတဲ့ သံတမန်က လမ်းပေါ်ကို ရောက်နေလောက်ပြီ။ အဲဒါကြောင့် အတွင်းရေးကို ရှင်းလင်းဖို့ မဖြစ်နိုင်လေလေ၊ ကျွန်မက သွေးနဲ့သံမဏိ မူဝါဒကို ပိုပြီးတော့ အသုံးပြုရလေလေပဲ။ ဒါက အကောင်းဆုံး အချိန်ပဲ။ လွဲချော်သွားနဲ့ အများကြီး ပိုပြီးတော့ အားထုတ်ရတော့မှာ။”

ကိုဝင် ပင့်သက်ရှိုက်လိုက်သည်။ နောက်ဆုံး၌ သူက စတီဘယ်လ်နှင့် ဗာရာဗစ်တို့ကို စေလွှတ်ရသည့် ရည်ရွယ်ချက်ကို သိသွားသည်။ သူက ထိုဧကရီအသစ်ကို ယခုမှ သိသကဲ့သို့ဖြစ်သွားပြီး လေးလေးနက်နက် ဦးညွှတ်လိုက်ပြန်သည်။ “တိုရိုမိသားစုက ဧကရီအရှင်မကို အလုပ်အကြွေးပြုပါ့မယ်။”

All Chapters