မရဏာနိုင်ငံမှစွမ်းအား
Vol. 125 Ch. 1737
“မင်း ဘယ်လိုရောက်လာတာလဲ ဟုတ်လား သေချာပေါက် ငါ မင်းကို ခေါ်လာတာပေါ့” ဘိုးဘေးကြီး ပြောလေသည်။
“ဘိုးဘေးကြီးက ကျွန်မကို ဒီကိုခေါ်ခဲ့တယ်ဟုတ်လား ဘယ်လိုလုပ် ဖြစ် နိုင်မှာလဲ” သူမ တီးတိုးရေရွတ်လိုက်သည် “ဘိုးဘေးကြီးက ဒီမှာဖိနှိပ်ခံထားရ သလို အားကလည်း အပိတ်ခံထားရတယ်၊ ကျွန်မ အန္တရာယ်ဖြစ်နေတာကို ဘယ်လိုသိပြီး ကျွန်မရဲ့ဝိညာဉ်ကို ဒီကိုခေါ်လိုက်တာလဲ”
သူမကို ဖုံးလွှမ်းထားသော မြူခိုးမည်းကြီးသည် တဖြည်းဖြည်း ပျောက် ကွယ်သွားလေသည်။ သူမသည် သူမရပ်နေသည့်နေရာကို ရှင်းလင်းစွာ မြင်ရ ချေပြီ။
ပြီးနောက် သူမ၏ ဘိုးဘေးကြီးသည် မြူခိုးမည်းကြီးဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်ကာ သူ၏ ပုံရိပ်ကိုမမြင်နိုင်အောင် လုပ်ထားသည်။
“အဲနှစ် မင်းလာတုန်းက မင်းရဲ့ခန္ဓာကိုယ်ထဲကို ငါ တစ်ခုထည့်ပေးလိုက် တယ် မင်းရဲ့ခန္ဓာကိုယ်မှာက တစ္ဆေရောင်ဝါရှိနေတော့ ငါ့ရဲ့ ကိုယ်ပွားကိုရှာ မတွေ့တာ သဘာဝပါပဲ” ဘိုးဘေးကြီး ပြန်ဖြေလိုက်သသည်။
“ကျွန်မ ဒီနေ့ ဘေးဒုက္ခခံရမှာကို ဘိုးဘေးကြီး အဲတုန်းကသိထားလား” ရှီမာယူယူသည် စိတ်ထဲမှ အံ့ဩမှုကို မဖုံးကွယ်နိုင်ပေ။ ထိုသို့ဆိုလျှင် သူ၏ အားသည် အလွန်ပင် အားကောင်းသာ အခုချိန်ထိ ကိစ္စကို ခန့်မှန်းချက်ထုတ် နိုင်သည်။
ဘိုးဘေးကြီးသည် တိတ်ဆိတ်နေကာ ပြန်မဖြေပေ။ သူသာ ထိုကိစ္စလေး ကိုပင် ဟောကိန်းမထုတ်နိုင်ပါက နှစ်ပေါင်းများစွာ နေလာသမျှသည် အလကားပင်ဖြစ်သည်။
“ဘိုးဘေးကြီး ရှင်က တကယ်ပဲ ကျွန်မရဲ့ဘိုးဘေးကြီးလား ရှင်က တစ္ဆေ မျိုးနွယ်တော်ဝင်မိသားစုကလား” ရှီမာယူယူ ထပ်မေးလိုက်သည် “တစ္ဆေဘုရင် က ရှင့်ကိုကယ်ဖို့ ဘာလို့ လူမလွှတ်တာလဲ”
“တစ္ဆေမျိုးနွယ်တော်ဝင်မိသားစုလား” ဘိုးဘေးကြီးသည် တစ္ဆေမျိုးနွယ် တော်ဝင်မိသားစုကို မျက်စိထဲပင် မထည့်သကဲ့သို့ သူ့အသံမှာ အထင်သေးသံ ပါနေသည်။ “တစ္ဆေမျိုးနွယ်ရဲ့ ဘုရင်အစစ်အမှန်က အဲလူတွေရွေးတာမဟုတ် ဘူး သွေးကအလိုလိုရွေးတာပဲ၊ ကြာပန်းနက်ပွင့်တဲ့နေရာ ကိုးခုမြောက် မရဏာတောင်ခြေကို တစ္ဆေလောကရဲ့ ဒေသသုံးခုက မလိုက်ရဲတော့ဘူး”
ရှီမာယူယူ စိတ်ထဲမှ အံ့အားသင့်သွားမိကာ ကျောပြင်မှ ဟင်္သာပဒါးရောင် ကြာပန်းနက်ကို တွေးမိလိုက်သည်။
“ကြာပန်းနက်ပွင့်တဲ့နေရာ ကိုးခုမြောက် မရဏာတောင်ခြေမှာရှိတဲ့ တစ္ဆေလောကရဲ့နယ်မြေသုံးခုကို မလိုက်ရဲတော့ဘူး…” ထိုအဖြစ်အပျက်များ ကို ဘေးပတ်ပတ်လည်တွင် ဖြစ်နေသကဲ့သို့ သူမသည် ထိုစကားကို ပြန်ရေရွတ် လိုက်သည်။
“ဟုတ်တယ် တကယ့်တော်ဝင်မျိုးနွယ်က ကိုးခိုမြောက်မရဏာ တောင်ခြေက ကိုးခုမြောက်မရဏာမျိုးနွယ်မှာရှိတယ်၊ ငါတို့တွေက ကောင်းကင်နဲ့ မြေကြီးဖြစ်ပေါ်ကတည်းက တည်ရှိခဲ့ကြတာ ငါတို့ကသာ ကောင်းကင်ရဲ့ တကယ့်စစ်မှန်တဲ့ လိုက်ဖက်ဖြစ်မှုပဲ” ဘိုးဘေးကြီး၏ စကား များသည် ကြာပြန်းနက်မျိုးနွယ်၏ တော်ဝင်မျိုးရိုးများတွင်သာရှိသည့် မောက်မာသံပေါက်နေသည်။
“ဒါဆိုရင် ဘိုးဘေးကြီးကို ဘာလို့ ဒီမှာချုပ်ထားတာလဲ ဘယ်သူက ဒီမှာ လာပိတ်ထားတာလဲ”
“ကိုးခိုမြောက် မရဏာမျိုးနွယ်က အားကောင်းပေမဲ့ တချို့ပဲ အရည်အချင်းနဲ့ ဘိုးဘေးတွေရဲ့သွေးသားဂရှိတာ ပြီးတော့ ကိုးခုမြောက် မရဏာမျိုးနွယ်က တဖြည်းဖြည်းပျက်သုဉ်းနေပြီ၊ နောက်ပိုင်း သူတို့လည်း သီးခြားနေဖို့ပဲရွေးချယ်လိုက်ကြတယ် ပြီးတော့ တစ္ဆေမျိုးနွယ်က တစ္ဆေ ဘုရင်ကို ရွေးလိုက်ကြတယ် ဒီကိစ္စကို ငါတို့လူနည်းစုပဲသိကြတော့တယ်” ဘိုးဘေးကြီးအသံသည် ခြောက်ကပ်ကပ်ဖြစ်နေသည် “ဒါပေမဲ့ ငါတို့ သွေးသား က တော်ဝင်အဖြစ်ဆုံးပဲ တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ဖိနှိပ်နိုင်တယ်”
“ကိုးခုမြောက်မရဏာမျိုးနွယ်…” ရှီမာယူယူ စိတ်ထဲမှ မာနတစ်ခွဲသား ဖြင့် ရေရွတ်လိုက်သည်။ သူမသည် ရုတ်တရက် ကိုးခုမြောက် မရဏာ တောင်ခြေသို့ သွားကြည့်ချင်စိတ်ဖြစ်လာသည်။
“ကိုးခိုမြောက် မရဏာမျိုးနွယ်ရဲ့ ဆက်ခံသူအနေနဲ့ အနာဂတ်မှာ ငါတို့မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို သေချာပေါက် သိထားရမယ် ပြီးတော့ အဲဒီအနာဂတ်ဂုဏ်ကျက်သရေကိုလည်း မင်းဖန်တီးရလိမ့်မယ်” ဘိုးဘေးကြီး ပြောလေသည်။
“ဘိုးဘေးကြီး”
“ကိုးခုမြောက်မရဏာမျိုးနွယ်က အကြာကြီးနှုတ်ဆိတ်လာပြီးပြီ ပြန်ပေါ် ထွက်ရမယ့်အချိန်ရောက်ပြီ” ဘိုးဘေးကြီး ကြေညာလေသည် “မင်း တစ္ဆေ လောကကိုရောက်ပြီးရင် မင်းက ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ သခင်မ ဖြစ်လာလိမ့်မယ်၊ မင်း မျိုးနွယ်ဝင်တွေကိုခေါ်သွားပြီး ပိုကြီးမြတ်တဲ့ ဂုဏ်သရေ ကိုပြပြီး အဲဒီမောက်မာနေတဲ့ကောင်တွေကို နှင်ထုတ်ပြီး တစ္ဆေလောကရဲ့ တကယ့်ဘုရင်က ဘယ်သူလဲဆိုတာပြလိုက်”
ရှီမာယူယူ၏ နှုတ်ခမ်းသည် တွန့်သွားသည်။ သူသည် ထိုစကားကို သတ္တိ ရှိရှိပြောလိုက်သော်လည်း လက်တွေ့မကျသလိုပင်။
“ဘိုးဘေးကြီး အခု ကျွန်မမှာအားမရှိဘူး” သူမ သူ့ကို သတိပေးလိုက် သည် “ပြီးတော့ ကျွန်မက ကျွန်မခန္ဓာကိုယ်ပဲပြန်လိုချင်တာ တစ္ဆေလောကကို သွားချင်တာမဟုတ်ဘူး”
သူမသည် အခုကို ၂ နှစ်ကြာအောင် နှောင့်နှေးနေပြီဖြစ်သည်။ ကျန်လူ များ သူမကို မည်မျှစိတ်ပူနေသည် မသိပေ။ သူမသည် ဖြစ်နိုင်သလောက် မြန်မြန်ပြန်ရမည်။
“မင်းရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ကထွက်လာပြီ ပြန်သွားလို့မရဘူး” ဘိုးဘေးကြီးသည် သူမအပေါ်သို့ ရေအေးလောင်းလိုက်လေသည် “မင်း အခုပဲ တစ္ဆေလောကကို သွားလို့ရနိုင်မယ်”
“ဘာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမ မပြန်နိုင်လျှင် လူသားလောကမှ သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို မည်သို့တွေ့နိုင်တော့မည်နည်း။
“မင်းခန္ဓာကိုယ်ကို ပြန်ဖို့အတွက် ဝိညာဉ်က အရမ်းအားနည်းလွန်းတယ် မင်းရဲ့ ကျင့်စဉ်အဆင့်က တစ္ဆေဘုရင်လောက်ရှိရင်တော့ မင်းရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကို မပျောက်မကွယ်ဘဲ ဝင်နိုင်မယ်” ဘိုးဘေးကြီး ပြန်ဖြေလိုက် သည် “အဲတော့ မင်းမှာ အခုနည်းလမ်းတစ်ခုပဲရှိတော့တယ် မင်းတစ္ဆေလောက ကိုသွားပြီး တစ္ဆေကျင့်ကြံသူဖြစ်လာဖို့ပဲ၊ မင်း တစ္ဆေလောကကိုသွားပြီး မင်း အမေကို မကယ်ချင်ဘူးလား မင်းလက်လျော့ချင်နေပီဲလား”
“ကျွန်မ လက်လျော့ချင်တာမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်မက ဒီလိုပဲ၊ ကျွန်မမှာ ကြက်တစ်ကောင်ကိုတောင် ချုပ်ဖို့အားမရှိဘူး တစ္ဆေလောကမှာ နှစ်ရက်တောင်မနေနိုင်မှာ စိုးရတယ်” ရှီမာယူယူ မတတ်သာစွာဖြင့် ပြောလိုက် သည် “ကျွန်မ အမေကိုကယ်ချင်တယ် ဒါပေမဲ့ ကျွန်မက အခုလိုပုံစံဖြစ်နေ တယ်လေ ဒီအခြေအနေနဲ့ ဘယ်လောက်ကြာအောင် သွားရမလဲမသိသေးဘူး”
သူမသာ သူမ၏ ခန္ဓာကိုယ်သို့ ပြန်သွားပါက သူမ၏ အားကိုပြန်ရနိုင်ဦး မည်။ သို့သော် သူမသည် ဝိညာဉ်တစ်ခုသာဖြစ်သည်။ သူမသည် အစမှပြန် လေ့ကျင့်ရဦးမည်ဖြစ်ကာ မိခင်ဖြစ်သူကို ကယ်နိုင်သည်အထိစောင့်ရဦးမည်။ ထိုအရာမှာ တွေးကြည့်ရုံနှင့်တင် အေးစက်လှသည်။
“ဒီအတွက်ကိုတော့ စိတ်မပူပါနဲ့ မင်း လွယ်လွယ်နဲ့မသေပါဘူး” ဘိုးဘေးကြီး အာမခံလေသည်။
ရှီမာယူယူ ဆွံ့အသွားသည်။
သူမ သက်ပြင်းချလိုက်သည်။ ရွေးချယ်စရာမရှိမှတော့ သူမ ဘာလုပ်နိုင် ဦးမှာလဲ။ သူမ ကျည်ဆန်ကိုကိုက်ပြီး ဆက်လုပ်ရတော့မှာပဲ။
“အကုန်လုံးမှာက သူ့အစီအစဉ်နဲ့ သူရှိတယ်” ဘိုးဘေးကြီး ပြောလိုက် သည် “အဲတော့ အဲအတွက်နဲ့ ဘာမှစိတ်ပူစရာမလိုဘူး မင်းကို ဘယ်ဟာကမှ နောက်ပြန်ဆွဲမထားဘူး”
“ဟုတ်ကဲ့ပါ ယူယူ နားလည်ပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“မုန်တိုင်းလာနေပြီ အချိန်ဘယ်လောက်မှ မကျန်တော့ဘူး” ဘိုးဘေးကြီး သက်ပြင်းချလိုက်သည်။
“ဘိုးဘေးကြီး” သူရုတ်တရက် ဘာကြောင့် သက်ပြင်းချလိုက်သည်ကို ရှီမာယူယူ နားမလည်ပေ “ကျွန်မ ဘိုးဘေးကြီးအတွက် ဘာလုပ်ပေးနိုင်မလဲ”
“မင်းလုပ်ရမယ့်ဟာရှိတယ်” ဘိုးဘေးကြီး ပြန်ဖြေလိုက်သည် “ငါနဲ့ လိုက်ခဲ့”
ရှီမာယူယူ လျှောက်သွားလိုက်သည်။ မြူခိုးမည်းမှာ တဖြည်းဖြည်း လျော့ပါးလာသည်။ ထိုအခါမှပင် ကြမ်းပေါ်တွင် အမည်းရောင်တည်ဆောက်မှု ရှိနေသည်ကို သိလိုက်ရသည်။
“အနောက်တောင်ဘက်မှာ ရပ်လိုက်” ဘိုးဘေးကြီး ပြောလိုက်သည်။
ရှီမာယူယူသည် စက္ကန့်ပိုင်းမျှတွေဝေပြီးနောက် သွားလိုက်သည်။ သူသာ သူမကို တစ်ခုခုလုပ်ချင်ပါက ၂ နှစ်ကြာအောင် ကယ်ခဲ့မည်မဟုတ်ပေ။
“ဘိုးဘေးကြီး တည်ဆောက်မှုကို ချိုးဖျက်ဖို့ နည်းလမ်းရှိနိုင်မလား” သူမ ပြောလိုက်သည်။
“မလိုဘူး ငါပြောသလိုလုပ်” သူ ငြင်းဆန်လိုက်သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်ကာ သူ ပြောသည့်နေရာတွင် ရပ် လိုက်သည်။ သူမသည် နေရာလွတ်တစ်ခုတွင် ရောက်သွားသကဲ့သို့ မြင်ကွင်း တစ်ခုလုံး ဝေဝါးသွားသည်ကို ခံစားမိပြီး နွေးထွေးမှုမှာ လွှမ်းခြုံမိသွားသည်။
နောက်တစ်ခုမှာ စွမ်းအားတချို့သည် သူမခန္ဓာကိုယ်အတွင်းသို့ ဝင်သွား လေသည်။
“ဘိုးဘေးကြီး…” သူမ ကပျာကယာ အော်လိုက်သည်။
“လက်ခံလိုက်” ဘိုးဘေးကြီး၏ အသံသည် သူမအနားတွင် ဝဲလည်လည် ဖြစ်နေရာ ထိုအသံသည် လှုပ်ရှားနေသော သူမ၏ စိတ်ကိုငြိမ်သွားစေသည်။
“ဘိုးဘေးကြီး ဒါဘာလဲ”
“ယူယူ ဒါကိုမှတ်ထားလိုက် ဒီကမ္ဘာကြီးမှာ အားအကောင်းဆုံးက နှစ်ခုပဲ ရှိတယ် တစ်ခုက ယုံကြည်မှုစွမ်းအားနဲ့ နောက်တစ်ခုက အခုမင်းကို ငါပေးတဲ့ မရဏာစွမ်းအားပဲ၊ ဒီစွမ်းအားနှစ်ခုပေါင်းလိုက်ရင် ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ဖန်တီးနိုင်တယ်” ဘိုးဘေးကြီး ပြော လိုက်သည် “ပြီးတော့ ဒီမရဏာစွမ်းအားမှာ ငါတို့ကိုးခုမရဏာမျိုးနွယ်က အထက်စီးကပဲ”
“ဘိုးဘေးကြီး အခု ကျွန်မကို ဘိုးဘေးကြီးရဲ့ မရဏာစွမ်းအားကို ပေးလိုက်တာလား မဟုတ်ဘူး ကျွန်မ ရှင့်ကိုကယ်နိုင်တယ်”
“မဟုတ်ဘူး အသုံးမဝင်ဘူး ငါ ဒီကိုခြေချလိုက်ကတည်းက ထွက်သွားနိုင် ချေမရှိတော့ဘူး ငါ စောင့်နေတာ မင်းကိုစောင့်နေတာ အခုထိစောင့်နေခဲ့တာ”
“ဘာလို့လဲ”
“အကုန်လုံးမှာ အဆုံးသတ်ဆိုတာရှိတယ် မင်းပဲလုပ်နိုင်တဲ့ ကိစ္စတချို့ရှိ သလို မင်းလုပ်ဖို့ကိုလည်း စောင့်နေကြတယ် မင်းကို အရင်ကပြောခဲ့တာကို မှတ်ထားပါ…”
ရှီမာယူယူ၏ အံ့ဖွယ်အာရုံသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သို့သော် ထိုဘိုးဘေးကြီးသည် အကြောင်းအရာများစွာ ရေရွတ်သွားသည်ကို သူမ မှတ်မိသည်။ သူမ အမှောင်ထဲသို့ နစ်ဝင်သွားသည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် နောက်တစ်ဖန် ပေါက်ကွဲတော့မည့်အတိုင်း ခံစားရလေသည်။
***