အခန်း ၁၅၃၇
Vol. 104 Ch. 1537
အပိုင်း (၁၅၃၇)
"မဟုတ်တော့ဘူး"
စစ်သင်္ဘောကြီးဆယ်စင်း၏ အောက်ခြေတည်နေရာကြီးသည် ရုတ်တရက် အပေါက်များဖြစ်တည်လာပြီးနောက် ထူးဆန်းလှသည့် စွမ်းအင်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရချိန်မှာတော့ လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ခြင်းနားလည်လိုက်မိ၏။
"နောက်ကိုဆုတ် နောက်ကိုဆုတ်ကြ"
အားလုံးသည် အလျင်အမြန်ပဲ လူစုခွဲလိုက်ကြ၏။ သို့ပေမဲ့ သူတို့ တုန့်ပြန်မှု မပြုလုပ်ခင်မှာဘဲ အမြောက်ကဲ့သို့ အရာကြီးတစ်ခုဆီမှ အလင်းတန်းဆယ်ခုသည် ရောက်ရှိလာခဲ့၏။ ထိုအရာသည် အလွန်လျင်မြန်သောကြောင့် တုန့်ပြန်ရန်ပင် အချိန်မရှိခဲ့ချေ။
ဘုန်း ဘုန်း
အထက်နယ်မြေတစ်ခုလုံး၌ ရုတ်တရက် နားကွဲလောက်စရာ အသံကြီးသည် ထွက်ပေါ်လာ၏။ ဤနေရာတွင်ရှိနေသော လေဟာနယ်တစ်ခုလုံးလည်လည်း တုန်ယင်လျက ်ရှိနေ၏။
"ကောင်းကင်ဘုံ …. ဒါက ဘယ်လိုစွမ်းအင်မျိုးလဲ"
သိုင်းကျင့်ကြံသူများသည် မျက်လုံးပြူးသွားကြ၏။ ၎င်းတို့၏ မျက်လုံးထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများသည် အရှိန်ဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လာခဲ့သည်။
ကျွင်းချောင်ရှောင်းမှာတော့ အံ့အားသင့်မှုမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဤအမြောက်ကဲ့သို့သော အရာကြီးပေါ်ပေါက်လာသည့် အချိန်၌ ဤအရာသည် ကြောက်မက်ကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်တိုက်ခိုက်နိုင်စွမ်းရှိနေသည့် အဆင့်မြင့်နည်းပညာနှင့် လက်နက်တစ်ခုဖြစ်ကြောင်း သူက ကျိန်းသေပေါက် နားလည်နှင့်ပြီးဖြစ်၏။
ဘုတ် ဘုတ် …..။
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ ပြုတ်ကျလာကြပြီး မတ်တပ်ရပ်နိုင်ရန်ပင် ခက်ခက်ခဲခဲနှင့် ကြိုးစားနေရ၏။ ၎င်းတို့သည် မည်သို့မျှမနေနိုင်တော့ပဲ သွေးများပင် အန်ထွက်လာကြ၏။ ဖြူလျော့နေသည့် မျက်နှာကိုကြည့်ရလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြောင်း သိသာလွန်းလှသည်။
တိုက်ခိုက်ချက်တစ်ခုတည်းနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်တွင်ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများသည် ဒဏ်ရာရှိခဲ့၏။ အလင်းတန်းများ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ဟမ်
အဓိကရွက်သင်္ဘောကြီး၏ ထိပ်တွင်တော့ အံ့အားသင့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာ၏။ "တတိယအမျိုးအစား ဖျက်စီးခြင်းလှိုင်းအောက်မှာတောင်မှ ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်သေးတာပဲ ။ ကြည့်ရတာ ဒီနယ်မြေရဲ့ သိုင်းကျင့်ကြံခြင်းက အားမနည်းလောက်ဘူးနဲ့တူတယ်။ ဒီကိုလာရတဲ့ ခရီးက အလကား မဟုတ်တော့ဘူး။ ငါတို့အနေနဲ့ မထင်မှတ်ထားတဲ့ အရင်းအမြစ်တွေကို ရယူနိုင်လိမ့်မယ်"
ကြီးမြတ်သူတုံးကု၊ မာဆာတိုကီတာနိုနှင့် အခြားသော ကျင့်ကြံသူများ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့ကြ၏။ အင်မော်တယ်ဂိုဏ်းဆီမှ ကျင့်ကြံသူများပင် လွယ်လွယ်ကူကူနှင့် ရှုံးနိမ့်ခဲ့သောကြောင့် ရုတ်တရက် ပေါ်ပေါက်လာသော ဤစစ်သင်္ဘောများသည် အလွန်အန္တရာယ်များကြောင်း သိရှိသွားကြ၏။ အထက်နယ်မြေတစ်ခုလုံးပင် အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေမျိုးကို ရောက်သွားနိုင်သည်။
"မေ့လိုက်တော့ …. မေ့လိုက်တော့။ သူတို့အနေနဲ့ ပူပေါင်းမှုကို မလုပ်ချင်မှတော့ ငါတို့ဘာသာ ငါတို့ ရှာဖွေရတော့မှာပေါ့"
ပြောပြီးပြီးချင်းမှာပဲ များပြားလှသော ဒရုန်းသေးလေးများသည် ရွက်သင်္ဘောဆယ်စင်းဆီမှ ထွက်ပေါ်လာ၏။ ပြီးနောက် အလင်းတန်းများထုတ်ကာ ပျံသန်းပြီး တည်နေရာကြီးတစ်ခုလုံးကို ရှာဖွေလျက်ရှိနေ၏။
"ဒါတွေကို တားလိုက်"
လင်းထျန်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သွား သွား"
အင်မော်တယ်ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် စုဝေးလျက်ရှိနေကြပြီး တစ်စုံတစ်ခုကို ရှာဖွေဟန်ပြင်နေသည့် ဒရုန်းများကို ဦးတည်တိုက်ခိုက်လိုက်ကြ၏။
သူတို့သည် အမှန်ပင် တားဆီးမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက အထက်နယ်မြေတွင် ရှိနေသော မိုင်းတွင်းများ အားလုံးကို ရှာဖွေနေသည်ဖြစ်နေသောကြောင့် တွေ့ရှိပါက အဆင့်မြင့်နည်းပညာဖြင့် တူးယူသွား ကြပေလိမ့်မည်။
ဘုန်း ဘုန်း ….။
ချက်ချင်းပဲ အဆင့်မြင့်ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် ကြမ်းတမ်းလှသည့် တိုက်ခိုက်ချက်များကို ထုတ်ဖော်ကာဖြင့် ပျံသန်းလျက်ရှိနေသော ဒရုန်းများကို တိုက်ခိုက်လိုက်ကြ၏။ အလင်းတန်းများသည် ကောင်းကင်ယံတစ်ခုလုံး၌ တောက်ပလျက်ရှိနေကြ၏။ ကြည့်ရှုသူများပင် မျက်လုံးများ စူးကနဲ ဖြစ်သွားကြ၏။
"တပည့်"
ကြီးမြတ်သူတုံးကုသည် တီးတိုးပြောလိုက်သည် "အစီအရင်ကို ဖန်တီးပြီး ကိုယ့်ကိုကိုယ် ကာကွယ်ထား"
ရွှီ
ပြောပြီးသည့်နောက် သူသည် အရှေ့ဆီသို့ ထိုးတက်သွား၏။ သူနှင့်အတူ မာဆာတိုကီတာနို၊ သူတော်စင်ခုနှစ်ပါးနှင့် အခြားသော လွတ်လပ်သောကျင့်ကြံသူများလည်း ပါဝင်လာခဲ့ကြ၏။
အနောက်တွင်တော့ မွန်းစတားကလန်အသီးသီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများလည်းလိုက်ပါသွားကြသည်။
ပြင်ပမှ လူများ ရောက်ရှိလာမှုသည် အထက်နယ်မြေတစ်ခုလုံးကို အန္တရာယ်ကျရောက်စေ၏။ ထို့ကြောင့် အထက်နယ်မြေမှ လူများဖြစ်သည်နှင့်အညီ မိမိတို့၏ ဌာနေကိုကာကွယ်ရန် တာဝန်သည် ပုခုံးပေါ်သို့ ရောက်ရှိလာတော့၏။
"အစ်ကိုကြီး"
ကုကျောင်းရှစ်က ပြောလိုက်သည်။ "ကျုပ်တို့ဘာလုပ်ကြမလဲ"
"ကြည့်ရုံပဲကြည့်ရမှာပေါ့"
ဒွီ …..။
ခရမ်းရောင်အစီအရင်ကြီးသည် အသက်ဝင်သွားတော့၏။ ဒုတိယမြောက် အစီအရင်များသည်လည်း ပြန်လည်ကာ အသက်ဝင်လာကြတော့၏။ အစီအရင်များအားလုံး ပြန်လည်ကာ အသက်ဝင်ပြီးသည့်နောက် ကျွင်းချောင်းရှောင်းသည် အဓိကဟောခန်း၏ ရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေပြီး တိုက်ခိုက်သည့် ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုလျက်ရှိနေ၏။
သူ့အနေဖြင့် မကူညီချင်၍မဟုတ်ပေ။ သူ၏လက်ရှိ အားအင်အဆင့်ရဆိုလျှင် ထိုကဲ့သို့သော တိုက်ပွဲကို ဝင်ရောက်တိုက်ခိုက်ပါက ကျိန်းသေပေါက် အသားအစနကိုပင် ရှာဖွေမတွေနိုင်သည့် အခြေအနေမျိုးကို ရောက်ရှိသွားနိုင်သည်။
“ဒင် ….. အထူးတာဝန် အသက်ဝင်"
ကျွင်းချောင်ရှောင်းသည် ထိုအသံကို ကြားရချိန်မှာတော့ ဆွံ့အသွားခဲ့၏။ ကြည့်ရှုရမည်ဆိုလျှင် သီးခြား တာဝန်ပေးခြင်းမှာ ပုံမှန်သာဖြစ်၏။ သို့ပေမဲ့ အခုရောက်ရှိလာခြင်းသည် ထူခြားတာဝန်ဖြစ်လို့နေခဲ့၏။ ဤကဲ့သို့ အရေးကြောင်းအခြေအနေမျိုးတွင် ပေါ်လာသည့် တာဝန်ဆိုသည်မှာ သာမန်ဟုတ်ပုံမရချေ။
ရွှီ ….။
စနစ်ကိုဖွင့်ကာဖြင့် အထူးတာဝန်ကို နိပ်ကြည့်လိုက်၏။
"အထူးတာဝန် နံပါတ် (၅) -
တာဝန်အသေးစိတ် - ကြယ်တာရာဝိညာဉ်နယ်မြေမှ တတိယအဆင့် ရေတပ်ဦးစီးသည် အထက်နယ်မြေသို့ ကျူးကျော်ရောက်ရှိလာခဲ့၏။ ဂိုဏ်းနှင့် လက်ခံသူသည် အထက်နယ်မြေ၏ မျေားကို မျှဝေခံစားရမည်ဖြစ်၏။ ထို့ကြောင့် မိမိ၏ဌာနေကို ကာကွယရန်လိုအပ်နေသည်။
တာဝန်၏ အခြေအနေ - ဒရုန်း ၀ / ၁၀၀၀၀ ပစ်ချရန်။
လွန်းပျံ - ၀ / ၂ ပစ်ချရန်။
တာဝန်၏ ဆုလာဘ် - ?????"
တာဝန်၏ အခြေအနေများကို ဖတ်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏ ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိသည်။ "ဒါက ငါ့ကို သွားပြီးတိုက်ခိုက်ဖို့အတွက် အတင်းဖိအားပေးနေတာနဲ့ အတူတူပဲ"
သူ့အနေဖြင့် ကြုံသလိုဝင်၍ တိုက်ခိုက်ပြီး အခွင့်အရေးယူကာ ပြန်ထွက်လာနိုင်လျှင် ကိစ္စမရှိချေ။ သို့ပေမဲ့ တာဝန်သည် ဒရုန်းပေါင်း (၁၀၀၀၀) နှင့် လွန်းပျံ (၂) စီး ပစ်ချရန်ဖြစ်လို့နေ၏။
စစ်သင်္ဘောများသည် တောင်ကြီးတစ်ခုကဲ့သို့ပင် ကြီးမားလွန်းလှ၏။ ကုန်းရှန့်အနေဖြင့် ထိုအရာကို ကြည့်ရှုပြီး မျက်ရည်များပင် ဝိုင်းလာမိသည်။ "ငါအနေနဲ့ အစစ်အမှန်ရှာဖွေခြင်း အဆင့်ကိုတောင် မချိုးဖျက်နိုင်သေးဘူး။ ဘယ်လိုလုပ်ပြီးတော့ ဒီဟာတွေကို ပစ်ချလို့ရမှာလဲ"
စနစ်က ပြောလိုက်မိ၏။ "အထူးတာဝန်က ဖြစ်လာပြီဆိုမှတော့ ဖြစ်အောင်လုပ်နိုင်လို့ နေမှာပေါ့။ အနည်းငယ် ခက်ခဲရုံပဲ ရှိမှာပါ။ စိတ်မပူပါနဲ့ လက်ခံသူ …."
"နည်းနည်းခက်ခဲတာမဟုတ်ဘူးကွ"
ကျွင်းချောင်ရှောင်းသည်ထအော်လိုက်မိသည်။ "ကောင်းကင်ပေါ်တက်တာထက် ပိုပြီးတော့ ခက်ခဲသေးတယ်"
"အစ်ကိုကြီး"
ကုကျောင်းရှစ်က ပြောလိုက်၏။ "ဒီစစ်သင်္ဘောတွေက ကြယ်ကောင်းကင်ခံတပ်နဲ့ ဆင်တူသလိုပဲနော်။ မထင်ဘူးလား"
"အင်း … နည်းနည်းတော့ ဆင်တူတယ်"
ကြီးမားလှသည့် စစ်သင်္ဘောများသည် ကြယ်ကောင်းကင်ခံတပ်နှင့်ပင် ဆင်တူနေ၏။ အသွင်အပြင်သည် သံမဏိနံရံနှင့် ဖန်တီးထားသကဲ့သို့ပင်။ ဖျက်စီး၍မရနိုင်အောင် အားကောင်းလျက်ရှိသည်။
"နေအုံး"
ကျွင်းချောင်ရှောင်းသည် ညဏ်အလင်းရရှိသွား၏။ ပြီးနောက် ပြောလိုက်၏။ "ဒါတွေကို ငါတို့ဒါတွေကို ဖောက်ခွဲလိုက်မယ်ဆိုရင်ကော"
နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏မျက်နှာပေါ်တွင် ဝေခွဲမရသည့် အမူအရာများ ဖြစ်လာခဲ့၏။ ဤကြီးမားလှသော ရွက်သင်္ဘောကြီးကို ဖျက်ဆီးချင်သည်ဆိုပါက သာမန်ထက်ပိုသော ဖောက်ခွဲမှုမျိုးနှင့် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ ဝိညာဉ်ချိန်ကိုက်ဗုံးကဲ့သို့သော အရာမျိုးရှိမှ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ့၌ ကြယ်ကောင်းကင်ခံတပ်ကို ဖောက်ခွဲတုန်းကလို ဝိညာဉ်ချိန်ကိုက်ဗုံးမရှိချေ။
စနစ်က ပြောလိုက်၏။ "စတိုးကိုသာ refrashလုပ်လိုက်"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စနစ်၏ စတိုးကို ဖွင့်လှစ်လိုက်၏။ ပြီးနောက် စိတ်ထဲမှ ကြိတ်ကာ ဆုတောင်းလိုက်၏။ "ဗုဒ္ဓ၊ ကျောက်စိမ်းအင်ပါယာ၊ ကွမ်ရင်မယ်တော်၊ စီနီယာအဖြူ တို့ ကျေးဇူးပြုပြီး ကူညီကြပါ"
ထိုအချိန်မှာပဲ များပြားလှသော ဒရုန်းများသည် ကောင်းကင်မှ ပျံသန်းရောက်ရှိလာ၏။ လိုက်ဒုန်းကျည် ကဲ့သို့သော အရာများသည် နောက်မှ ကပ်ပါလာခဲ့ကြပြီး သူ၏ ဒုတိယမြောက် အကာအကွယ်အစီအရင်ကို ပစ်မှတ်ထားကာ စတင်ပစ်ခတ်တော့သည်။
ဘုန်း ဘုန်း ဘုန်းဘုန်း
အဆင့်မြင့်လက်နက်များ၏ တိုက်ခိုက်မှုအောက်မှာတော့ ထိုက်ရွှမ်အကြီးအကဲဖန်တီးထားသည့် အစီအရင်များ သည် ချက်ချင်းပဲ ကျိုးပျက်သွားရ၏။
ဝှစ် ဝှစ် ……။
ဒရုန်းပေါင်း တစ်ရာကျော်တို့သည် ရပ်တန့်မနေကြချေ။ ၎င်းတို့သည် အင်မော်တယ်တောင်တန်းတစ်ခုလုံးကို စက်ဝိုင်းပုံစံ ဝိုင်းပတ်ကာဖြင့် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ပစ်မှတ်ထားနေ၏။ နောက်ဆုံးတွင် ပြိုင်စံရှားဂိုဏ်း၌ ဂိုဏ်း၏ အကာအကွယ် အစီအရင်တစ်ခုသာလျှင် ကျန်ရှိတော့သည်။
"ဒုက္ခပဲ"
ကောင်းကင်တွင် ရပ်လျက်ရှိနေသော ကြီးမြတ်သူတုံးကု ၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ အတွင်းဘက်ဆီမှ လူသားပုံစံပြုလုပ်ထားသည့် စတီးကဲ့သို့သတ္တဝါများ ထွက်ပေါ်လာချိန်မှာတော့ သူက မျက်လုံးပြူးသွားမိ၏။ ထိုသတ္တဝါများသည် ဂိုဏ်း၏ အတွင်းဘက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ထိုဒရုန်းများကို တိုက်ခိုက်နေ၏။
"ဒါဘာတွေလဲ"
မာဆာတိုကီတာနိုသည်တုန်လှုပ်သွားမိသည်။
“ဟမ်…..”
အဓိက ရွက်သင်္ဘောကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ "ဒီလောကကြီးမှာလည်း စက်ရုပ်တွေရှိနေတာလား"
ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်ထောင်ကျော်တို့သည် အဆင်သင့်ဖြစ်လို့နေ၏။ အဖွဲ့သားများအား ဦးဆောင်နေသော ကျုံးရီ သည် ရုတ်တရက် အသံကုန်အော်ဟစ်လိုက်သည်။ "တိုက်ခိုက်ကြမယ်"
ဝှစ် ဝှစ် ……။
ချက်ချင်းပဲ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အသက်သွင်းထားခဲ့သော ကျွဲရိုင်းစက်ရုပ် အစီအရင်ကြီးသည် အသက်ဝင်သွားခဲ့၏။ တစ်လက်လက်တောက်ပနေသော အလင်းတန်းများနှင့်အတူ ဝင်ရောက်ကာ တိုက်ခိုက်ကြတော့၏။
ဒရုန်းပေါင်းတစ်ရာကျော်တို့သည် ရှောင်ရှားနိုင်ကြသည်ဆိုသော်လည်း ကျွဲရိုင်းစက်ရုပ်များနှင့် ရင်ဆိုင်တွေ့သည့် အချိန်မှာတော့ မည်သို့မျှ မခံနိုင်တော့ချေ။ တစ်ခုပြီးတစ်ခု အောက်သို့ပြုတ်ကျလာကြသည်။ တစ်ချို့သည် တည်နေရာမှာပဲ ချက်ချင်းပေါက်ကွဲသွားကြပြီး တစ်ချို့မှာတော့ မြေပေါ်သို့ပြုတ်ကျကာ အခိုးအငွေ့များပင် ထွက်လို့နေ၏။
ဟုတ်ပေသည်။လွတ်မြောက်သွားသော ဒရုန်းများလည်း ရှိနေပြီး ထိုဒရုန်းများသည် လိုက်ဒုန်းကျည်ကဲ့သို့သော အရာများကို ဆက်တိုက်ပစ်လွှတ်နေသည်။
ကုကျောင်းရှစ်သည် ဂိုဏ်း၏ အကာအကွယ်ဆီမှ ပျံသန်းထွက်ခွာခဲ့ပြီး သူ၏ ကျန်းချီများကို စုစည်းလိုက်၏။ ချက်ချင်းပဲ ကြီးမားလှသော လက်ကြီးအသွင် ပြောင်းလဲကာဖြင့် ဂိုဏ်းဆီသို့ ရောက်ရှိလာသော လိုက်ဒုန်းကျည်တစ်ခုကို လက်ဗလာဖြင့် လှမ်းဖမ်းလိုက်သည်။ ပြီးနောက် ခပ်ဝေးဝေးဆီသို့ ပစ်လွှတ်ကာ တစ်ခါတည်းဖောက်ခွဲလိုက်၏။
ပြိုင်စံရှားဂိုဏ်း၏ အမြင့်ဆုံးတောင်ထွတ်ပေါ်မှာတော့ စက်ရုပ်ပုံစံ ပြောင်းလဲလျက်ရှိသည့် ရှောင်ကျီ၏ လက်ထဲတွင် များပြားလွန်းလှသော စက်သေနတ်များကို ကိုင်ဆောင်ပြီး ဆက်တိုက်ပစ်ခတ်လျက်ရှိနေ၏။ သူ့ဆီမှ ဒက် ဒက် ဒက်ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်နေသည်။
“ဒင် … ဒရုန်း ၁၆ / ၁၀၀၀၀ ကို ပစ်ချနိုင်သည်"
“ဒင် … ဒရုန်း ၂၆ / ၁၀၀၀၀ ကို ပစ်ချနိုင်သည်"
ဒင် …။
ဆက်တိုက်ဆိုသလို ကျွဲရိုင်းစက်ရုပ်များ၏ ဖိနှိပ်တိုက်ခိုက်မှု ၊ ရှောင်ကျီ၏ ဆက်တိုက်ပစ်ခတ်မှုနှင့် အခြားသော သူများ၏ ကြိုးစားမှုအောက်တွင် ဒရုန်းများသည် ဆက်တိုက်ပျက်ကျနေ၏။ အထူးတာဝန်၏ ပြည့်စုံမှုနှုန်းသည် သုညမှ တစ်ရာအထိတိုးတက်လာ၏။
ပြိုင်စံရှားဂိုဏ်း၏ အပြင်ဖက်တွင်တော့ ခေတ်သစ်စစ်ပွဲကဲ့သို့ပင် ကြည့်လို့ကောင်းနေသော်လည်း ဂိုဏ်းအတွင်းတွင်တော့ ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးထဲ၌ refresh လုပ်ရင်း အလုပ်များနေလေတော့သည်။