အခန်း ၁၅၃၈
Vol. 104 Ch. 1538
အပိုင်း (၁၅၃၈)
ဒရုန်းများသည်သေးငယ်လွန်းပြီး မြန်ဆန်လွန်းသည်။ ထို့အပြင်သွက်လက်လွန်းလှ၏။တစ်စုံတစ်ယောက်အနေနှင့် သေသေချာချာ တိတိကျကျဖမ်းဆီးမှုကို ပြုလုပ်နိုင်သည်ဆိုပါက အဆင့်နိမ့်အမြုတေပြောင်းလဲခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်လျှင်လွယ်လွယ်ကူကူနှင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ပြဿနာသည်များပြားလွန်းနေခြင်းပင်။
လက်ရှိအခြေအနေမှာတော့စစ်သင်္ဘောကြီး ၁၀ ခုဆီမှပျံသန်းထွက်ခွာလာခဲ့သည့်ဒရုန်းများသည်ကြောက်မက်ဖွယ်ရာကောင်းလှအောင်များပြားလွန်းလှပြီး ပိုးဖလံများကဲ့သို့ပင်ဖြစ်သည်။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူများနှင့် လွတ်လပ်သော ကျင့်ကြံသူများသည် ဒရုန်းများကို ဖျက်ဆီးတိုက်ခိုက်လျက်ရှိသည်ဆိုသော်လည်း ၎င်းတို့၏အမြန်နှုန်းသည်ထွက်ပေါ်လာသည့်ဒရုန်းများလောက်တော့ မြန်ဆန်မှုမရှိကြချေ။
ကံကောင်းစွာဖြင့်များပြားလှသော ဂိုဏ်းအသီးသီးမှစစ်သည်များသည်ဤနေရာသို့ ကြိုတင်ရောက်ရှိနေခြင်းပင်။ထို့ကြောင့်ပင်တိုက်ပွဲကို မြန်မြန်ဆန်ဆန်နှင့်ဝင်ရောက်ကာ တိုက်ခိုက် နိုင်စွမ်းရှိနေကြ၏။ အဆိုးဝါးဆုံးမှာ တစ်ချို့သောဒရုန်းများသည်ခပ်ဝေးဝေးဆီသို့ပျံသန်းသွားခဲ့ပြီးသည့်နောက်အထက်နယ်မြေတစ်ခုလုံးတွင်ရှိနေသော တည်နေရာအသီးအသီးကို လိုက်လံကာ ရှာဖွေလျက်ရှိနေခြင်းပင်။
ဘုန်း ဘုန်း ဘုန်း
တောင်၏အနားတစ်ဝိုက်တွင် ကျွဲရိုင်းစက်ရုပ်များ၏ တိုက်ခိုက်မှုကြောင့်ဒရုန်းပေါင်း ၁၀၀ ကျော်တို့သည်ပျက်စီး လျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည်မြေပေါ်သို့ ပြုတ်ကျနေ၏။ တည်နေရာကြီးတစ်ခုလုံးသည်ရှုပ်ယှက်ခတ်လျက်ရှိနေသည်။
…..
ခပ်ဝေးဝေးတည်နေရာဆီသို့ရောက်ရှိသွားခဲ့ပြီဖြစ်သော ဒရုန်းများမှာတော့တည်နေရာအသီးသီးတွင်ရှိနေကြသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများကို လိုက်လံကာ ရှာဖွေလျက်ရှိနေကြ၏။
ရွှီး ….။
စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတစ်ခု၏ အနီးအနားမှာတော့ယူစီနန်သည်အသာလှမ်းလျှောက်လျက်ရှိနေ၏။ သူသည်ကျောက်အခေါင်းကြီးကို အသာဘေးတစ်ဖက်သို့ ချပြီး လက်များကို ဆန့်ကာဖြင့်အပျင်းကြောဆန့်လိုက်၏။ ပြီးနောက်လေဟာနယ်ထဲကို လှမ်း၍ ဖမ်းဆီးကာ အော်ဟစ်လိုက်သည်။ “မလွတ်မြောက်နိုင်တဲ့ပိုက်ကွန်”
ဒွီ ဒွီ ……။
ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် ရုတ်တရက်တွန့်လိမ်သွားခဲ့ပြီး စောင်ကြီးတစ်ခုကဲ့သို့ပင်ခေါက်လိမ်သွား၏။
ရောက်ရှိလာခဲ့သည့်ဒရုန်းများကို တားဆီးရန်ပြင်နေသည့်ကျင့်ကြံသူများသည်ထိုအချင်းအရာကို မြင်ရသည့်အချိန်မှာတော့စိတ်သက်သာရာ ရမိသွားခဲ့ကြ၏။ ၎င်းတို့သည်တွေးလိုက်မိသည်။ “ကံကောင်းလို့ပဲ။ တည်နေရာကို ထိန်းချုပ်နိုင်စွမ်းရှိနေတဲ့မိစ္ဆာသတ်ဖြတ်သူတစ်ယောက်က ဒီမှာရှိနေတာ။ မဟုတ်လို့ကတော့..”
ဆွစ် ….။
ပြောနေတုန်းမှာပဲ စောင်ကဲ့သို့လိပ်ခြင်းခံနေရသည့်တည်နေရာထဲတွင်ရောက်ရှိနေသည့်ဒရုန်းပေါင်းများစွာတို့သည်တည်နေရာအတားအဆီးကို ဖျက်ဆီးကာဖြင့်အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာပြီး ၎င်းတို့၏အဓိက စစ်ရွက်သင်္ဘောကြီးဆီသို့ ပြန်သွားခဲ့ကြ၏။
ယူစီနန်သည်မျက်မှောင်ကုတ်လိုက်မိသည်။ “ဒါတွေက တည်နေရာကိုတောင်ချိုးဖြတ်နိုင်စွမ်းရှိနေတာလား။’
“မိုင်းတွင်းကို အကုန်တူးထုတ်သွားပြီ။”
“ခွေးသူတောင်းစားတွေ။ဒီကောင်တွေဓါးပြတွေပဲ။”
သိုင်းကျင့်ကြံသူများသည်မိုင်းတွင်းဆီသို့အလျင်အမြန်ရောက်ရှိလာခဲ့ကြ၏။သို့ပေမဲ့အထဲတွင်ရှိနေသော အရာများ သည်ပြောင်သလင်းခါလျက်ရှိနေကြောင်း မြင်လိုက်ရသည့်အချိန်မှာတော့အကြီးအကျယ်ဒေါသထွက်ကုန်၏။
ဘုန်း ဘုန်း …..။
ချက်ချင်းပဲ ကောင်းကင်ယံအထက်တွင်များပြားလွန်းလှသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကြ၏။ အားလုံးတို့သည်ထိတ်လန့်တုန်လှုပ်စွာဖြင့်တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလိုက်သည့်အချိန်မှာတော့စွမ်းအားမြင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည်အနည်းဆုံး ၃၀၀၀ မှ ၅၀၀၀ နီးပါးခန့်ပင်ရှိ၏။
တစ်ချို့သည်အစစ်အမှန်နှင့်တာအိုဂိုဏ်းများမှ ဖြစ်ပြီး တော်တော်များများမှာတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းမှ ဖြစ်ကြ၏။ဤကဲ့သို့အထက်နယ်မြေတစ်ခုလုံး၏ အခွင့်အာဏာကို ပိုင်ဆိုင်သော အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်ရှိရှိသမျှသော အရင်းအမြစ်များအားလုံးကို ထုတ်ဖော်ကာ တိုက်ခိုက်နေခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။
“အကြီးအကဲဟူ”
လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူက အော်ဟစ်လိုက်၏။ “ဟိုစစ်သင်္ဘောတွေကို တိုက်ခိုက်ကြ။”
ကြီးမားလှသည့် ပြဿနာကြီးက လက်ရှိဖြစ်လာခဲ့၏။အဘယ်ကြောင့်ဆိုသော်အထဲဆီမှများပြားလွန်းလှသော အလင်းတန်းများထွက်ပေါ်လာပြီး ရှိရှိသမျှအရာအားလုံးကို ပစ်ခတ်တိုက်ခိုက်နေခြင်းပင်။
“သွားကြ။”
ဝှစ်ဝှစ်
ချက်ချင်းပဲ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှသိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့သည်ကောင်းကင်ယံ အထက်ဆီသို့ပျံသန်းလိုက်ကြ၏။များပြားလွန်းလှသော စွမ်းအင်များကို စုစည်းပြီးသည့်နောက် ရွက်သင်္ဘောကြီးကို စုပေါင်းတိုက်ခိုက်မှုကို ပြုလုပ်ကြ၏။
“ဟမ့် …. အားနည်းလိုက်တာ”
အဓိက ရွက်သင်္ဘောကြီးဆီမှာတော့မထိတရိ အသံတစ်ခု ထွက်ပေါ်လာသည်။
ဒွီ ဒွီ …..။
ရွက်သင်္ဘော ၁၀ ခုဆီမှတိုက်ခိုက်မှုစနစ်သည်အသက်ဝင်သွားခဲ့၏။များပြားလွန်းလှသော အမြောက်များ၊ သေနတ်များ၊ ပြောင်းများအားလုံးသည် ရွက်သင်္ဘောကြီးဆီမှထွက်ပေါ်လာခဲ့ပြီး ရှိရှိသမျှသော လူများအားလုံးကို ပစ်ခတ်တိုက်ခိုက်တော့၏။
ဖောက်ဖောက်ဖောက်ဖောက် …..။
ဆွစ်ဆွစ်ဆွစ် …….။
များပြားလွန်းလှသော လိုက်ဒုံးကျည်နှင့် ကျည်ဆံများသည်မုန်တိုင်းကဲ့သို့ပင်ကျဆင်းနေသည်။
ဘုန်း ဘုန်း ဘုန်း …..။
စွမ်းအင်လှိုင်းများသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့နေပြီး မှောင်မဲလျက်ရှိနေသည့်ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပင်လျှင်အဖြူရောင်အခိုးအငွေ့များနှင့် ဖုံးလွှမ်းလျက်ရှိ၏။
ရောက်ရှိလာခဲ့သည့်သိုင်းကျင့်ကြံသူ ၁၀၀၀ ကျော်တို့သည်ထိုကဲ့သို့သော လက်နက်များ၏ ပစ်အားကို မခုခံနိုင်ကြချေ။ ၎င်းတို့၏အရှေ့တွင်အကာအကွယ်အတားအဆီး များကို ဖန်တီးကာဖြင့်အနောက်ဆီသို့သာ လှမ်းဆုတ်နေကြ၏။
အဆင့်မြင့်သိုင်းကျင့်ကြံသူများနှင့် အဆင့်မြင့်သိပ္ပံ ပညာရှင်များ၏ တိုက်ခိုက်မှုကို မြင်ရသည်မှာ အလွန်ပင်ကြည့်ကောင်းလွန်းလှသည်။
စစ်ရွက်သင်္ဘော ၁၀ ခုသည်တစ်ခြားသူများအားလုံးကို အနားသို့မကပ်လာနိုင်စေရန်ဖိနှိပ်နိုင်စွမ်းလည်း ရှိနေသေး၏။
ကံကောင်းသည်မှာ ၎င်းတို့ပစ်လွှတ်လိုက်သည့်လက်နက်များသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်ထိပ်ဆုံး တွင်ရှိနေသော ကျင့်ကြံသူများကို ထိခိုက်နာကျင်အောင်မပြုလုပ်နိုင်ချေ။ထို့ကြောင့်တော်တော်များများ သည် ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိနေကြသည်။
အားလုံးရှုပ်ယှက်ခပ်စွာ တိုက်ခိုက်နိုင်သည့်အချိန်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်းသားများမှာတော့ တည်ငြိမ်လို့နေ၏။
ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် လက်ရွေးစင်တပည့်များအားလုံးသည်တစ်ယောက်ပြီးတစ်ယောက်အင်မော်တယ်တောင်ဆီမှပျံသန်းထွက်ခွာလာခဲ့သည်။တစ်ဖက်မှပစ်လွှတ်လိုက်သည့်အရာများသည်အလွန်တရာ မြန်ဆန်လွန်းကြ၏။ ထို့ကြောင့်သူတို့အနေနှင့် ကုကျောင်းရှစ်ကဲ့သို့လက်ဗလာဖြင့်ဖမ်းဆီးခြင်းကို မပြုလုပ်နိုင်ချေ။သို့ပေမဲ့ ၎င်းတို့တွင်အသုံးဝင်လှသည့်သိုင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခုက ရှိနေသည်။
ဆွစ်ဆွစ်
လီချင်းယန်၊ရီရှင်းချန်နှင့်တစ်ခြားသော သူများအားလုံးသည်ဂိုဏ်းကို ကာကွယ်စောင့်ရှောက်လျက်ရှိနေ၏။ ၎င်းတို့သည်လက်ချောင်းများကို လှုပ်ရှားပြီးသည့်နောက်အလင်းတန်းများကို ထုတ်ဖော်တိုက်ခိုက်နေ၏။
မှန်ပေသည်။ဤအရာသည်သက်တန့်ရောင်စဉ်ကျမ်းပင်ဖြစ်၏။ တစ်ဖက်မှတိုက်ခိုက်လိုက်သော အရာများသည်အလွန် မြန်ဆန်လွန်းလှ၏။ထို့ကြောင့်အကွာအဝေးတည်နေရာတစ်ခုအတွင်းကို သက်ရောက်နိုင်စွမ်း ရှိနေသည့်ကောင်းကင်လက်ဝါးရိုက်ချက်ကဲ့သို့သော နည်းစနစ်များသည်အသုံးမဝင်လှချေ။ထို့ကြောင့်အဝေးရောက်ပစ်လွှတ်တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည့် သက်တန့်ရောင်စဉ်ကျမ်းသည်မှာတော့အမှန်ပင်အသုံးဝင်လာခဲ့သည်။
သူတို့၏စီနီယာအစ်ကိုများသည်ထိုအရာကို အသုံးပြုနေသည်ကို မြင်ရသည့်အချိန်မှာတော့အပြင်စည်းဂိုဏ်း တပည့်များအားလုံးသည်လည်း လိုက်ပါတိုက်ခိုက်ကြ၏။ချက်ချင်းဆိုသလိုပဲ ဂိုဏ်း၏ ခရမ်းရောင်ကြယ်အစီအရင်တစ်ခုလုံး၏အရှေ့တွင်များပြားလွန်းလှသော အလင်းတန်းများနှင့် ဖုံးလွှမ်းလျက်ရှိနေ၏။
ရှေ့သို့ရောက်ရှိလာခဲ့သည့် အလင်းတန်းများအားလုံးကို သက်တန့်ရောင်စဉ်ကျမ်းက ဖျက်ဆီးနေ၏။ အပြင်ပိုင်းတပည့်များ၏ အားအင်အဆင့်သည်မကောင်းလှချေ။သို့ပေမဲ့အရေအတွက်များများဖြင့် သက်တန့်ရောင်စဉ်ကျမ်း ကို ထုတ်ဖော်အသုံးပြုနေသည် ဖြစ်သောကြောင့်တစ်ဖက်မှာ ဘယ်လိုမှတိုက်ခိုက်ရန် မစွမ်းသာတော့ပေ။
ဘုန်း ဘုန်း ……။
ဒင်ဒင်ဒင် …..။
တပည့်များ တိုက်ခိုက်လျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း၏ နားထဲတွင်သတိပေးသံများ ထွက်ပေါ်လာ၏။ သူ၏ အထူးတာဝန်တွင်ရှိနေသော ဒရုန်းများ ဖျက်ဆီးခံရမှုအရေအတွက်သည် ၁၀၀ဆီမှသည် ၂၀၀၊ ပြီးနောက် ၃၀၀ဆီသို့တိုးတက်လာ၏။
“ရှောင်ကျီ။ ရော့ဖမ်းလိုက်။”
ဝှစ်
ကျွင်းချောင်ရှောင်းသည်ချက်ချင်းလက်ကို ဝှေ့ယမ်းပြီး ရှောင်ကျီဆီသို့တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်သည်။
ရှောင်ကျီသည်ထိုအရာကို ဖမ်းဆီးပြီးသည့်နောက်လောင်ချာကြီးတစ်ခုဖြစ်နေမှန်း သိရှိလိုက်ရ၏။ ၎င်းသည်တောက်လောင်သည့်အကြည့်ဖြင့် ကြည့်ရှုကာ ပြောလိုက်၏။ “ဒါ လက်နက်အသစ်တစ်ခုလား။”
မှန်ပေသည်။ဤအရာသည်လက်နက်အသစ်တစ်ခုဖြစ်၏။ ကျွင်းချောင်ရှောင်းသည်စနစ်ကို Refresh လုပ်ရင်းနှင့် ဝယ်ယူခဲ့သည့်အရာဖြစ်ပြီး နတ်ဘုရားအဆင့်အဆင့်မြှင့်တင်ထားသည့် RPGလောင်ချာကြီးကို ထပ်မံ အဆင့်မြှင့်တင်ထားသည့်အရာလည်းဖြစ်၏။အကျိုးသက်ရောက်မှုသည်တကယ်ပင်များပြားလွန်းလှ၏။
“ဂိုဏ်းချုပ်”
ရှောင်ကျီကပြောလိုက်သည်။ “ဒါကို သလင်းအမြုတေထည့်ပြီး အသုံးပြုရမှာလား။”
“မဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းသည်စနစ်ကို Refresh လုပ်ရင်းမှ ပြန်လည်ကာ ဖြေဆိုလိုက်၏။ “အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးလိုက်”
“နားလည်ပါပြီ”
ရှောင်ကျီသည်အလျင်အမြန်ဖြင့်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာဖြင့်စွမ်းအင်များကို ထည့်သွင်းလိုက်၏။ချက်ချင်းပဲ လက်နက်တည်နေရာတွင်ပစ်လွှတ်နိုင်သည့်အရေအတွက်သည် ၁၀၀ကျော်ခန့်ပင် ဖြစ်တည်လာ၏။
“ချီးတဲ့မှ။ဒါအရမ်းကို အားကောင်းမယ့်ပုံပဲ။”
ဝှစ်
ရှောင်ကျီသည်လောင်ချာကြီးကို ပုခုံးပေါ်သို့ထမ်းတင်ကာဖြင့်အော်ဟစ်လိုက်သည်“ဂိုဏ်းချုပ်… ဘယ်သူ့ကို ပစ်ရမှာလဲ။”
“ဘယ်သူလာလာ အကုန်ပစ်ကွာ။”
“ကောင်းပါပြီ”
ရှောင်ကျီသည်ချက်ချင်းပဲ တွေ့ရာနေရာအကုန်လုံးကို ချိန်ရွယ်ကာဖြင့်ပစ်လွှတ်လျက်ရှိ၏။ သူသည်အေးစက်စက်ပြောလိုက်၏။ “အကုန်လုံးကို ငရဲပြည် ပြန်ပို့လိုက်မယ်။”
ဖောင်း ….။
အမြှောက်ခလုတ်ကို နှိပ်လိုက်၏။ အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဖြစ်တည်လာခဲ့သော ဒုံးကျည်ကြီး သည်အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်တည်ကာဖြင့်အရှေ့ဆီသို့ရောက်ရှိသွားခဲ့၏။အလွန်လှပသော မြင်ကွင်းကြီး တစ်ခုသည် ဖြစ်တည်လာခဲ့ပြီး ဘာမှန်းမသိသည့်ဂျက်လေယာဉ်ကဲ့သို့သော အရာဝတ္ထုများကို ဖျက်ဆီးသွားသည်။
ရှောင်ကျီသည်ကြောင်အသွားခဲ့မိ၏။ ယခင်တုန်းက ဤကဲ့သို့သော လက်နက်မျိုးကို သူပစ်ခတ်ခဲ့ဖူး၏။ ထိုသို့ပစ်ခတ်မည်ဆိုပါက အနောက်သို့ ပြန်ကန်သည့်အဖြစ်မျိုး ခဏခဏ ကြုံဆုံခဲ့ဖူးသည်။ သို့ပေမဲ့လက်ရှိ အခြေအနေ မှာတော့ ပြန်ကန်အားကိုပင်မခံစားရချေ။
ဘုန်း ….။
ရုတ်တရက်ပေါက်ကွဲသံကြီးတစ်ခုသည်အင်မော်တယ်တောင်၏အပြင်ဘက်တွင် ဖြစ်တည်လာခဲ့၏။မှိုပွင့်ပုံစံအရာ ကြီးတစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး လေထဲတွင်ရှိနေသော များပြားလွန်းလှသော ဂျက်လေယာဉ်ကဲ့သို့အရာများအားလုံးသည်ပျက်စီးစေ၏။
“အားကောင်းလိုက်တာ”
ရှောင်ကျီသည်ပျော်ရွှင်သွားမိသည်။
ဘုန်း
တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံအထက်ဆီမှနောက်ထပ်နားကွဲလောက်စရာ အသံကြီးတစ်ခုထွက်ပေါ်လာ၏။ အပြင်ဘက်အစွန်တွင်ရှိနေသော ကြီးမားလှသည့် ရွက်သင်္ဘောကြီးတစ်ခုသည် နှစ်ပိုင်းပြတ်သွားပြီး တည်နေရာမှာ ပင်ပေါက်ကွဲထွက်သွား၏။ စွမ်းအင်လှိုင်းများအားလုံးသည်ပျံ့နှံ့ကုန်ပြီး အထက်နယ်မြေတစ်ဝက်လောက်ကိုပင်လွှမ်းခြုံသွား၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်ထကာဖြင့်ဆဲဆိုလိုက်မိတော့၏။များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများ၏ အားထုတ်မှုအောက်တွင်တောင်မှမပျက်စီးနိုင်သော စစ်ရွက်သင်္ဘောကြီးသည်လက်ရှိ ရှောင်ကျီ၏ လက်ထဲတွင်ရှိနေသော လက်နက်ကြီး၏ ပစ်ခတ်မှုကြောင့်ပျက်စီးသွားသည်။
သို့ပေမဲ့ထပ်မံဖျက်ဆီးစရာကလည်း အများကြီးရှိလို့နေသေး၏။
ဝိညာဉ်ချိန်ကိုက်ဗုံး … အစ်ကိုကြီး မြန်မြန်ထွက်ခဲ့တော့။ မြန်မြန်ထွက်ခဲ့ပါတော့။
ဘယ်ကရောက်လာမှန်းမသိသော သူအားလုံးကို သတ်ဖြတ်ပစ်ဖို့ဆိုလျှင်ဝိညာဉ်ချိန်ကိုက်ဗုံးကို သူ အသုံးပြုမှရပေလိမ့်မည်။