← Chapters

မင်းမှားသွားပြီ

Vol. 125 Ch. 1738

မင်းမှားသွားပြီ

Vol. 125 Ch. 1738

သူမ ပြန်နိုးလာချိန်တွင် တောင်အတွင်းပေါက်ထဲတွင် မဟုတ်တော့ပေ။

သူမ သတိမမေ့ခင်က အဖြစ်ကိုပြန်တွေးမိပြီး မျက်လုံးထဲတွင် ဝမ်းနည်းမှု ဖြစ်သွားလေသည်။

“ဘိုးဘေးကြီး…”

သူမ မျက်လုံးမှိတ်ပြီး သူပြောခဲ့သည့်စကားကို ပြန်တွေးလိုက်သည်။

“ဘိုးဘေးကြီး စိတ်မပူပါနဲ့ ကျွန်မကိုစိတ်မပျက်စေရပါဘူး” ဘိုးဘေးကြီး မှ သူမကို စွမ်းအားအကုန်ပေးပြီး ပျောက်ကွယ်သွားခဲ့သည်ကို တွေးမိသောအခါ သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နာကျင်လာသည်။

“ငါ မင်းကို ငါ့အားကိုပေးပြီးပြီ ဒါပေမဲ့ မင်းရဲ့ဝိညာဉ်က ခံနိုင်ဖို့ အရမ်း အားနည်းတယ် အဲဒါကြောင့် အဲဒါကိုချိပ်စည်းပိတ်ထားတယ် မင်းရဲ့အား ကြီးထွားလာရင်တော့ အလိုလိုပွင့်သွားလိမ့်မယ် ပြီးတော့ ငါ မင်းရဲ့ ခန္ဓာကိုယ် ကို ပုံပေါ်အောင် ခဲထားပေးတယ် အဲဒါကြောင့် တခြားသူတွေက မင်းရဲ့ဝိညာဉ် ခန္ဓာကိုယ်ကို မြင်နိုင်မှာမဟုတ်သလို တစ္ဆေမျိုးနွယ်ကိုလည်း ဆင့်ခေါ်နိုင်လိမ့် မယ် မင်းရဲ့ ဝိညာဉ်ကို ကျင့်ကြံရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကိုပြန်သွားနိုင်မယ်”

သူမ၏ အာရုံများထွေပြားချိန်တွင် ဘိုးဘေးကြီး၏ စကားများသည် သူမ စိတ်ထဲတွင် လွင့်ပျံလာသည်။ သူမ ခေါင်းကြည်လာချိန်တွင် မြူခိုးမည်းသည် သူမခန္ဓာကိုယ်ထဲသို့ စွမ်းအားထည့်ပေးလိုက်ကာ သူမ၏ ဘိုးဘေးကြီးသည် ရှိနေသည့်နေရာမှ ပျောက်သွားသည်ကို မြင်လိုက်ရသည်။

ဘိုးဘေးကြီး…

“ကျွီ….”

တံခါးမှာ ပွင့်လာသည်။ အစေခံနှစ်ယောက်သည် အပြင်မှ ဝင်လာကြသည်။ သူတို့သည် ရှီမာယူယူကိုမြင်သောအခါ ဒူးထောက်လိုက်ကြသည် “သခင်မလေး နောက်ဆုံးတော့ နိုးလာပြီလား”

ရှီမာယူယူသည် အစေခံနှစ်ယောက်ကိုကြည့်ပြီး မေးလိုက်သည် “မင်းတို့က ဘယ်သူတွေလဲ”

“သခင်မလေး ကျွန်မတို့က ထင်စန်းနဲ့ ထင်ရွှေပါ ကျွန်မတို့ကို မမှတ်မိဘူး လား”

“ထင်စန်းနဲ့ ထင်ရွှေဟုတ်လား” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက် သည်။ ဒီတစ္ဆေအစေခံနှစ်ယောက်နဲ့ မလိုက်လောက်အောင်ကို မောက်မာတဲ့ နာမည်ပါလား။

“သခင်မလေး သခင်မလေးရဲ့ အစေခံတွေကိုတောင်မမှတ်မိဘူးလား” အစေခံနှစ်ယောက်သည် ရှီမာယူယူကို ချင့်ချိန်စွာကြည့်ပြီး သူမ ရုတ်တရက် သူတို့ကိုရိုက်လိက်မည်ကိုပင် ကြောက်နေသေးသည်။

“ဒါဘယ်နေရာလဲ ငါ့ကိုဘာလို့သခင်မလေးလို့ ခေါ်တာလဲ” သူမ လှည့်ပတ်ကြည့်လိုက်ကြသည်။ အလွန်ပင်အဆင့်အတန်းမြင့်သော အခန်းတွင် ဝိညာဉ်ကျောက်မျိုးစုံနှင့် ပြုလုပ်ထားသော ပန်းချီများကို ချိတ်ဆွဲအလှဆင် ထားကာ တခြားသော တန်ဖိုးကြီးပစ္စည်းများကို ခင်းကျင်းထားသည်။ ထိုအခန်း မှလူသည် အလွန်ပင် အဆင့်အတန်းမြင့်သော ဘဝရှိလိမ့်မည်ဟု သူမ ပြောနိုင် သည်။

“သခင်မလေး ဒါကသခင်မလေးရဲ့ အိမ်တော်ပဲလေ မမှတ်မိဘူးလား” ထင်စန်းသည် တအံ့တဩပြောပြီးနောက် ဘေးတွင်ရှိသောထင်ရွှေကို ပြော လိုက်သည် “သခင်မလေးနိုးပြီလို့ သခင့်ကိုသွားသတင်းပို့လိုက်”

ထင်ရွှေ ပြေးထွက်သွားသည်။ မကြာမီတွင် လူတစ်စုဝင်လာရာ ရှေ့တွင် မုတ်ဆိတ်နှင့် လူငယ်တစ်ယောက် ဦးဆောင်လာပြီး အနောက်တွင် မိန်းကလေးတစ်ခု လိုက်လာကြသည်။

ထိုလူသသည် ရှီမာယူယူကိုမြင်ပြီးနောက် ပြေးလာပြီး သူမကို ဖက်ကာ ငိုလေသည် “သမီး သမီး နောက်ဆုံးတော့ နိုးလာပြီပဲ အဖေ စိတ်ပူလို့သေတော့ မယ်”

ရှီမာယူယူသည် သူ့ခန္ဓာကိုယ်မှ မွှေးပျံ့သော ရနံ့ရလိုက်သည်။ သူသည် မြင်ရကဲ့သို့ စုတ်ပြတ်မနေပေ။

သူတင်းကြပ်စွာ ဖက်ထားခြင်းကြောင့် သူမ အသက်ရှုကြပ်လာသည်။ သူမ မြင်ကွင်းကိုပြန်တွေးလိုက်သည်။

ဤတစ်ကြိမ်မှာ သူမ တစ္ဆေလောကသို့ ပထမဆုံးအချိန်ရောက်ခြင်း ဖြစ်သည်။ သူမ ရှုပ်ထွေးသွားပြီး မည်သည့်နေရာရောက်နေသည်ကို မသိတော့ ပေ။ ထို့နောက် သူမသည် မရဏာသားရဲများ ဝိုင်းထားသည့် မျက်နှာအုပ် ထားသော မိန်းကလေးနှင့်တွေ့ခဲ့သည်။ ထိုမိန်းကလေးသည် မရဏာသားရဲ များကို သူမ၏ လက်နက်ဖြင့် ဒေါသတကြီး အားပါပါရမ်းခုတ်နေသည်။ ထို့နောက် သူမကို သတ်ချင်ပါက အိပ်မက်ထဲတွင်သာ သွားသတ်ပါဟု ရေရွတ် နေခဲ့သည်။

ပြီးတော့… ပြီးတော့ ဘာဖြစ်သွားခဲ့တာလဲ။

လူတစ်စုရောက်လာပြီး သူမနှင့်ထိုမိန်းကလေးကို ဝိုင်းလိုက်သည့်ပုံပင်။ သူတို့သည် အတူပြေးသွားလိုက်ကြသည်။ ကံကောင်းစွာပင် သူမသည် လက်နက်သုံးကာ ထွက်ပြေးနိုင်ခဲ့ကာ ထိုလူများကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ထို့နောက် သူမသည် ထိုမိန်းကလေးနှင့်အတူ တောင်ကမ်းပါးမှ ကျ သွားခဲ့သသည်။

ထိုအချိန်တွင် သူမ ကျိန်ဆဲလိုက်သည် “ငါ တစ္ဆေလောကကိုရောက်တာနဲ့ ဒါတွေနဲ့တွေ့ပြန်ပြီ သူမက နှစ်ရက်လောက်အပြင် အသက်မရှင်နိုင်ဘူး”

သူမသည် ဘိုးဘေးကြီး၏ ဝိညာဉ်စွမ်းအားဖြင့် အသားမကျသေးသဖြင့် သူမ၏ အသိစိတ်မှာ မရှင်းလင်းပေ။ သို့သော် ဤနေရာတွင် နိုးလာလိမ့်မည်ဟု ထင်မထားပေ။

“သမီး ဒါ သမီးကို အဖေ ကောင်းကောင်းမကာကွယ်နိုင်လို့ သမီးကို ဒီလိုမျိုး ဒဏ်ရာတွေ အပြင်းအထန်ခံစားစေတာ၊ သမီးနောက်ကို လိုက်တဲ့လူ တွေ အကုန်လုံးကို အဖေသတ်လိုက်ပြီ အဲဒါကြောင့် စိတ်မပူနဲ့” ထိုလူကြီးသည် ငိုကာ ရေရွတ်လေသည်။ ရှီမာယူယူသည် သူမကို တခြားမိန်းလေးနှင့် မှားနေ သည်ဟု ခန့်မှန်းလိုက်သည်။

သူမသည် ထိုလူကြီး၏ ရင်ခွင်ထဲမှ လူးလှိမ့်ထွက်လိုက်သည် “ရှင်မှားနေ ပြီ ကျွန်မကရှင့်သမီးမဟုတ်ဘူး”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အဖေက ဘယ်လိုလုပ်မှားမှာလဲ”

“တကယ်ပြောတာ ကျွန်မကိုအသက်ကယ်ပေးတာ ကျေးဇူးတင်ပေမဲ့ ကျွန်မ ရှင့်ကိုမသိဘူး ကျွန်မကရှင့်သမီးလည်းမဟုတ်ဘူး” သူမသည် တခြားသူ ကိုမလိမ်ချင်ပေ။

ထိုလူကြီးသည် သူမပြောသည့်စကားကိုကြားသောအခါ သူမ မျက်နှာကို စစ်ကြည့်ပြီး လက်ကိုပြန်ဆုပ်ကိုင်ကာ စစ်ဆေးကြည့်လေသည်။ သူသည် အခိုင်အမာပင်ပြောလေသည် “ဒီအတိုင်းပါပဲ မင်းမှာ ဝိညာဉ်စွမ်းအင်နည်းနည်း ပဲရှိတယ် မင်းက ငါ့သမီးမဟုတ်ရင် ဘယ်သူလဲ၊ သမီး ကမ်းပါးကနေ ကျသွား တုန်းက သမီးရဲ့ခေါင်းထိသွားတယ်လို့ သမားတော်ပြောတယ် ပြီးတော့ သမီး သတိမေ့နိုင်တယ်တဲ့ ဒါက သတိမေ့တာလား သမီးအဖေ့ကိုတောင် မမှတ်မိဘူး လား”

“….”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူမသည် ထိုမိန်းကလေးသုံးသည့် မရဏာလက်နက်သုံးလိုက်သည်ကို မှတ်မိသည်။ ထိုလက်နက်သည် အားကောင်းသော်လည်း ဝိညာဉ်စွမ်းအင်များပြားလှသည်တော့ မဟုတ်ပေ။ သူမက မကျင့်ကြံနိုင်ဘူးလား။

“ကျွန်မက ရှင့်သမီးနဲ့အတူ ကမ်းပါးပေါ်က ကျသွားတာပဲ ရှင်တကယ် မှားနေပြီ”

“မဖြစ်နိုင်ဘူး မင်းက ငါ့သမီးပဲ သမားတော် သူမ အခြေအနေဆိုးနေလား ဆိုတာ ငါ့သမီးကို မြန်မြန်စမ်းစမ်းပါဦး”

“သခင် သခင်မလေးက ယာယီသတိမေ့နေတာပါ စိတ်မပူပါနဲ့” ဘေးနား မှလူများသည် သူ့ကိုနှစ်သိမ့်လေသည်။

အဘိုးကြီးသည် ရှေ့တိုးလာပြီး ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ကာ သူမ ၏ သွေးခုန်နှုန်း၊ မျက်လုံးအစရှိသည်များကို စစ်ကြည့်လိုက်သည်။ ထို့နောက် အဘိုးကြီးကိုပြောလိုက်သည် “သခင် အကြီးဆုံးသခင်မလေးက သတိမေ့ ရောဂါဖြစ်နေပြီး အတိတ်ကိုပြန်မမှတ်မိတာပါ”

ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ သူမ ဒဏ်ရာရထားသော်လည်း သူမ ၏ ခေါင်းမှာကောင်းစွာ အလုပ်လုပ်သေးသည်။ ဘယ်က သတိမေ့ရောဂါလဲ။ သူက ရမ်းကုပဲ။

သို့သော် ထိုလူသည် သူ့ကိုအလွန်ပင် ယုံကြည်နေကာ မေးလိုက်သည် “သူမ ဘယ်တော့ပြန်ကောင်းလာမှာလဲ”

“ဒါက… အကြီးဆုံးသခင်မလေး ဘယ်လိုပြန်ကောင်းလာမလဲဆိုတာ အပေါ်မှာမူတည်ပါတယ်” သမားတော်သည် မသေချာပေ။

ရှီမာယူယူသည် အတင်းပင် ဆန့်ကျင်ပြီး ထိုလူကိုကန်ချင်နေသည် “ကျွန်မမှာ ဒီဘဝရဲ့ မှတ်ဉာဏ်တွေမရှိဘူး”

“ဟုတ်တယ် ဟုတ်တယ် မှတ်ဉာဏ်တွေက ပျောက်သွားလို့ရတယ် မင်း ကို ဒီအတိုင်းပဲကောင်းကောင်းလေး ရှိနေစေချင်တာ” ထိုလူသည် သူမကို ဖက်ပြီး သူမကျောပြင်ကို ညင်သာစွာပုတ်လေသည်။

ရှီမာယူယူ ဆွံ့အသွားသည်။

ရလဒ်အရတော့ သူမသည်ထိုလူကြီး၏ တစ်ဦးတည်းသောသမီး ထာဝရ တောက်ပခြင်းမြို့တော် မြို့ဝန်၏သမီး မကောင်းသတင်းဖြင့်ကျော်ကြားသည့် မာန ကြီးသော သခင်မလေးဖြစ်လာလေတော့သည်။

ရှီမာယူယူသည် ခြံဝန်းတွင်နေပြီး ထာဝရမီးခိုးဖြစ်နေသော ကောင်းကင် ကိုကြည့်လိုက်သည်။ သူမသည် လူသားလောကမှ အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုကု်များကို လွမ်းသည်။

“ဟူး…” သူမ မည်မျှ သက်ပြင်းချမိသည်ကို မသိတော့ပေ။ သို့သော် သူမ ဘာမှမတတ်နိုင်ပေ။

ထင်စန်းနှင့် ထင်ရွှေတို့သည် အနောက်ဘက် ခပ်လှမ်းလှမ်းတွင်ရှိနေ သည်။ သူမ သက်ပြင်းချပြန်သည်ကို မြင်သောအခါ သူတို့တစ်ယောက်နှင့် တစ် ယောက်ကြည့်မိကြသည်။ သူမသည် တစ်နေကုန် သက်ပြင်းချနေခဲ့သည်။ ပြီးခဲ့သည့်နှစ်ရက် သက်ပြင်းချခဲ့သည့်အရေအတွက်မှာ အရင်ကထက်ပင် ပိုများသည်။

ပြီးနောက် သူမသည် သခင်မလေးမဟုတ်ဘူးဟု ဆက်တိုက်ပြောနေကာ သခင်ကိုလည်း “အဖေ” ဟုမခေါ်ဘဲ သခင်ကိုလည်း မကပ်ပေ။

တကယ်ထူးဆန်းတာပဲ။

ရှီမာယူယူသည် ကျောက်ကုလားထိုင်ပေါ်တွင် လှဲနေလိုက်သည်။ သူမ သည် ပြီးခဲ့သည့်နှစ်ရက်က နားနေရန် အမိန့်ရခဲ့သည်။ ယနေ့တွင်တော့ သူမ ပြန်ကောင်းလာခဲ့သည်။ သူမသည် ခြံဝန်းထဲတွင် လမ်းလျှောက်ရန် ပြောခဲ့ သည်။ သို့သော် အစေခံနှစ်ယောက်သည် သူမအနောက်တွင်နေပြီး လွှတ်မပေး ပေ။

သူမ နောက်သို့လိုက်လာသူများမှာ အမြဲတစေရှိသည်။ သူမတွင် အားမရှိ ပေ။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ရက်အတွင်းတွင် ဝိညာဉ်စေတီအတွင်းမှ အခြေအနေကို မစစ်ဆေးနိုင်ခဲ့ပေ။ ဘေးဒုက္ခပြီးသည့်နောက်တွင် သူမ၏ ဝိညာဉ်သားရဲများ မည်သို့ဖြစ်သွားသည် သူမ မသိပေ။ သူမသည် သူတို့ အခြေအနေကိုမသိသဖြင့် စိတ်ပူပန်လာသည်။

“အာ…” သူမ ရုတ်တရက်ပေါ်လာသော လူနှင့် မျက်နှာချင်းဆိုင်လိုက်ရ သောအခါ အံ့ဩသွားပြီး မသိလိုက်ခင်မှာပင် ထိုလူကိုရိုက်လိုက်သည်…

***

All Chapters