← Chapters

အခန်း ၁၅၃၉

Vol. 104 Ch. 1539

အခန်း ၁၅၃၉

Vol. 104 Ch. 1539

အပိုင်း (၁၅၃၉)

အပြင်ဘက်အစွန်းတွင်ရှိနေသော တပ်သင်္ဘောကြီး ဖျက်ဆီးခံလိုက်ရခြင်းသည်အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးကို အားတက်စေခဲ့၏။ဤအရာသည်မဖျက်ဆီးနိုင်သည့်အရာကြီးတစ်ခုမဟုတ်ဘဲ ဖျက်ဆီး၍ ရနိုင်သည့်အရာဖြစ်ကြောင်းကို သိရှိလိုက်ရသောကြောင့်ပင်။

“သွားကြ”

အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူများက အော်ဟစ်လိုက်၏။ ၎င်းတို့၏ဦးဆောင်မှုအောက်မှာတော့အဓိကဂိုဏ်းများနှင့် လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည်အခြေအနေကို အခွင့်အရေး ယူကာဖြင့်ဒုတိယမြောက် ရွက်သင်္ဘောကြီးအား စုဝေးတိုက်ခိုက်ခဲ့ကြ၏။

၎င်းတို့အချင်းချင်းဆိုလျှင်ရန်သူများလည်း ဖြစ်နိုင်၏။ မတည့်တဲ့လူများလည်း ဖြစ်နိုင်၏။ ရန်ငြိုးများလည်း ရှိနိုင်၏။သို့ပေမဲ့ ၎င်းတို့၏ဌာနေဆီသို့ဝင်ရောက် ကျူးကျော်လာသည့်လူများကို ရင်ဆိုင်ရသည့်အချိန်မှာတော့အားလုံးသည်စုပေါင်းပြီး တစ်ဖက်လူအား ရန်သူ အဖြစ်သတ်မှတ်ကာ တိုက်ခိုက်နေကြသည်။

ဘုန်း ဘုန်း …..။

လေထုထဲတွင်တော့များပြားလွန်းလှသော စွမ်းအင်လှိုင်းများသည်ပေါက်ကွဲထွက်သွား၏။ အလင်းတန်း မျိုးစုံနှင့်ဒရုန်းများသည်လည်း တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိသည်။ဤကဲ့သို့သော ရှုပ်ထွေးလှသည့်တိုက်ခိုက်မှုကြီးတွင်စတေးရသည့်အရာများလည်း တည်ရှိနေ၏။ ထို့ကြောင့်အလောင်းများ၊ စက်အပိုင်းအစများ အားလုံးသည်ကောင်းကင်ယံဆီမှတဘုတ်ဘုတ်နှင့် ပြုတ်ကျနေ၏။

“ချီးတဲ့မှ”

အဓိကစစ်သင်္ဘောကြီးထဲမှာတော့…..

စားပွဲခုံ၏ ထိပ်တစ်နေရာတွင်လူငယ်တစ်ယောက်သည်ထိုင်လျက်ရှိနေ၏။ ထိုသူသည်ဒေါသတကြီး ဖြစ်လို့နေသည်။သူသည် ကြယ်တာရာစိတ်ဝိညာဉ်နယ်မြေဆီမှတတိယမြောက်ရေတပ်ဦးစီးပင်ဖြစ်၏။စကြဝဠာအနှံ့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်တွင်တစ်ခါမှမရှုံးခဲ့ဖူးချေ။ယခု သူ၏ ရွက်သင်္ဘောတစ်စင်းသည်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

“ခေါင်းဆောင်”

သူ၏ ရှေ့တွင်ရှိနေသော နောက်လိုက်တစ်ယောက်သည်အလင်းမြင်ကွင်းကဲ့သို့သော အရာကို ထုတ်ဖော်ပြသကာဖြင့်ပြောလိုက်၏။ “ဒီနေရာက စမ်းသပ်ချက်အရဆိုလျှင် ဒါအထက်နယ်မြေဆိုတဲ့တည်နေရာကြီးတစ်ခုပဲ။ သူတို့က ဒုတိယတန်းစား အဆင့်ရှိတယ်။”

“ဒုတိယတန်းစားဟုတ်လား။”

လူငယ်သည်နားလည်သွားမိ၏။ “ဒါကြောင့်အားကောင်းနေတာကိုး။ အံ့အားသင့်စရာမဟုတ်ဘူး။”

“ခေါင်းဆောင်”

အလင်းမြင်ကွင်း၏ ရှေ့တွင်ရှိနေသော နောက်လိုက်သည်ပြောလိုက်သည်။ “ကျုပ်တို့ရဲ့တွက်ချက်မှုအရဆိုလျှင်သူတို့ရဲ့တိုက်ခိုက်နိုင်မှုစွမ်းအားက ၁၀၀၀၀ ကျော်အထက်မှာ ရှိနေတယ်။”

“ဘာ”

ထိုသတင်းစကားကို ကြားရသည့်အချိန်မှာတော့လူငယ်၏မျက်နှာအမူအရာသည်ပြောင်းလဲသွားခဲ့၏။ “နောက်ကိုဆုတ်။ချက်ချင်းအနောက်ကို ဆုတ်ကြတော့။”

“ကောင်းပါပြီ”

နောက်လိုက်သည်ချက်ချင်းပဲ တစ်ခြားသော ရွက်သင်္ဘောမှလူများအားလုံးကို နောက်သို့ဆုတ်ရန်အမိန့်ပေးလိုက်တော့၏။ထွက်ပေါ်လာသည့်လေသံကို နားထောင်ရမည်ဆိုလျှင်အမှန်ပင်အလျှင်လိုလျက်ရှိနေသည်။

…

ပြိုင်စံရှားဂိုဏ်း

ကျွင်းချောင်ရှောင်းသည်ဖင်ကို မီးနှင့်အရှို့ခံရသကဲ့သို့ပင်စိုးရိမ်တကြီးဖြစ်လို့နေခဲ့၏။အထက်နယ်မြေအနေနှင့် ဤကျူးကျော်သူများကို ရင်ဆိုင်တိုက်ခိုက်ရန်ခက်ခဲလှမည်ဟု သူက တွေးထင်ထား၏။ ထို့ကြောင့်လောကကြီးကို ကယ်တင်ရန်သူ့ကိုယ့်သူ အားကိုးမှဖြစ်ပေလိမ့်မည်။

သူ့အနေနှင့် အလျင်လိုလျက်ရှိနေ၏။ သူ၏ အထူးတာဝန်ကို ပြည့်စုံရန်လည်း လိုအပ်နေသည်မဟုတ်ပါလား။ သူ့ကို ပေးထားသည့်ဖျက်ဆီးရမည့်ပမာဏသည်အရေအတွက်များပြားလွန်းလှ၏။ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည်စတိုးထဲသို့ဝင်ရောက်ကာဖြင့်ဆက်တိုက် Refreshကို ပြုလုပ်နေ၏။ ဝိညာဉ်ချိန်ကိုက်ဗုံးမရှိလျှင် Refreshထပ်လုပ်ရင်းနှင့် သူသည်အထဲတွင်ရှိနေသော ကုန်ပစ္စည်းများ မည်မျှကောင်းကောင်း တစ်ချက်ကလေးမှပင်စူးစိုက်မကြည့်နိုင်ခဲ့ချေ။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “စစ်သင်္ဘောတွေက လှုပ်နေပြီ။”

ကျွင်းချောင်ရှောင်းသည်အလျင်အမြန်ဖြင့်ခေါင်းကို မော့ကြည့်လိုက်၏။သင်္ဘော ၉ စင်းသည်စွမ်းအားမြင့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရပ်တည်လျက်ရှိနေ၏။ ၎င်း၏ အနီးအနားတစ်ဝိုက်တွင်တော့ဒရုန်းများ သည် ပြန့်ကျဲလျက်ရှိနေပြီး ထွက်ပြေးရန် ပြင်ဆင်လျက်ရှိနေ၏။

“ချီးတဲ့မှ။သူတို့က ထွက်ပြေးဖို့ကြိုးစားနေတာလား”

စနစ်က ပြောလိုက်သည်။ “လက်ရှိအခြေအနေကို ကြည့်ရှုမယ်ဆိုရင်အထက်နယ်မြေရဲ့တိုက်ခိုက်မှုကြောင့်ဒီရွက်သင်္ဘောတော်တော်များများ က ထိခိုက်မှုတွေ ဖြစ်ကုန်ပြီလေ။ ဒါကြောင့်မလို့သူတို့အနေနဲ့ ပြန်ပြီးဆုတ်ခွာသွားတာက အကောင်းမွန်ဆုံးသော ရွေးချယ်မှုပဲ။”

“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းသည်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူ့အနေနှင့် အရေအတွက် ပြည့်မီအောင်တိုက်ခိုက်နိုင် ခြင်းမရှိပါက သူ၏ အထူးတာဝန်သည် ပြည့်စုံနိုင်တော့မည်မဟုတ်ချေ။ထိုသို့ဆိုလျှင်သူ၏ အဆင့်သည်တည်နေရာ ထဲမှာပင်ပိတ်မိလျက်ရှိနေပေလိမ့်မည်။

ရွက်သင်္ဘောများ နောက်သို့ဆုတ်ခွာလိုက်မည့်ရည်ရွယ်ချက်ကို မြင်လိုက် ရပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းကို တိုက်ခိုက်လျက်ရှိနေသည့်ဒရုန်းများအားလုံးသည်လည်း အနောက်သို့ဆုတ်ခွာသွားခဲ့သည်။

ဟူး ဟူး

လီချင်းယန်၊စုရှောင်မိုနှင့် တစ်ခြားသောသူများအားလုံးသည်အသက်ကို ပြင်းပြင်းရှုနေရပြီး ၎င်းတို့၏မျက်နှာပေါ်တွင်တော့အပြုံးများ ဖြစ်တည်နေခဲ့၏။ ဒရုန်းများနှင့် တိုက်ခိုက်ရသည့်အခြေအနေသည်မကြာရှည်လှချေ။သို့ပေမဲ့သက်တန့်ရောင်စဉ်ကျမ်းကို တောက်လျှောက်ထုတ်ဖော်တိုက်ခိုက်နေရ သည်ဖြစ်သောကြောင့်သူတို့အနေနှင့် အမှန်ပင်အားအင်များကုန်ခမ်းနေခဲ့၏။

“ဒါက တကယ့်ကို တိုက်ခိုက်မှုကောင်းတစ်ခုပဲ။”

စုရှောင်မိုသည်သွားဖြီးကာ ပြောလိုက်မိသည်။ “ဒီလိုမျိုး ရူးရူးမူးမူး မတိုက်ခိုက်ရတာ ကြာပြီ။”

ဤတစ်ကြိမ်ဒရုန်းများနှင့် တိုက်ခိုက်ရခြင်းသည် ပြိုင်စံရှားဂိုဏ်းတပည့်များအတွက်တိုက်ခိုက်မှုအတွေ့အကြုံကို ပိုမိုကာ တိုးတက်စေခဲ့၏။တစ်ချိန်တည်းမှာပဲ သက်တန့်ရောင်စဉ်ကျမ်း၏ စွမ်းအားများကို ကောင်းကောင်းနားလည်သဘောပေါက်လာကြ၏။

လက်ရှိအခြေအနေမှာတော့အထက်နယ်မြေမှသိုင်းကျင့်ကြံသူများသည်တပ်သင်္ဘောများ အနောက်သို့ဆုတ်ခွာနေသည်ဖြစ်ကြောင်းကို နားလည်လိုက်ကြ၏။ထို့ကြောင့်သူတို့အားလုံးသည်ပျော်ရွှင်သွားမိသည်။

သို့ပေမဲ့ကုကျောင်းရှစ်မှာတော့မျက်မှောင်ကုတ်မိလျက်ရှိနေ၏။ ဤကဲ့သို့သော အခြေအနေ ဖြစ်တည်လာသည်ကိုတောင်မှ သူ၏ စိတ်၌ ဖြစ်တည်လာသော မကောင်းသည့်ခံစားချက်များသည်ပျောက်ကွယ်မသွားခဲ့ချေ။ပိုမို၍ပင်အားကောင်းလာနေ၏။

“ဖြစ်နိုင်တာက….”

ကုကျောင်းရှစ်သည်တုန်လှုပ်သွားမိ၏။ “ဒီပြင်ပက ကျူးကျော်လာတဲ့ဆီမှာ တပ်ကူတွေရှိနိုင်တယ်လေ။ သူတို့ပြန်သွားပြီးတော့တပ်ကူတွေခေါ်လာမယ်ဆိုရင်အထက်နယ်မြေတစ်ခုလုံးက ကြီးမားလှတဲ့ ဘေးဒုက္ခကြီးကို ခံရမှာမဟုတ်လား။”

ဝှစ်ဝှစ် …….

ထိုအချိန်မှာတော့ ရွက်သင်္ဘော ၉ ခုတို့သည်အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေကြသည်။

အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်း ၊ ကြီးမြတ်သူတုံးကုနှင့် တခြားသော လွတ်လပ်သော ကျင့်ကြံသူများအားလုံးသည်ထိုရွက်သင်္ဘောနောက်သို့မလိုက်ကြချေ။အဘယ့်ကြောင့်ဆိုသော်ရန်သူများ အနောက်သို့ဆုတ်ခွာသွားသည်ဆိုမှတော့သူတို့အနေနှင့် ဆက်လက်ကာ တိုက်ခိုက်ရန်အစီအစဉ်မရှိတော့ချေ။

“အထက်နယ်မြေ”

လူငယ်သည်သုန်မှုန်နေသည့်အသံဖြင့်လှမ်းကာ ပြောဆိုလိုက်၏။ “ကျုပ် ပြန်လာခဲ့မယ်။”

သူ၏ ရွက်သင်္ဘောတစ်စင်း ဖျက်ဆီးခံလိုက်ရပြီးနောက်သူသည်ထိုအရာကို ပေါ့ပေါ့ပါးပါးဖြင့်လက်လွှတ်ပေးလိမ့်မည်မဟုတ်ချေ။

…

စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည်မျက်မှောင်ကုတ်မိသွားခဲ့၏။ဤကဲ့သို့သော ထူးဆန်းလှသည့်တပ်သင်္ဘော ကြီး ပေါ်ပေါက်လာခဲ့ခြင်းသည်သူတို့ကို အမှန်ပင်ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်စေခဲ့၏။ ယခုထက်ပိုမိုအားကောင်းသည့်အရာများနှင့် ထပ်မံကာ လာရောက်တိုက်ခိုက်ပါက ကျိန်းသေပေါက်သူတို့၏ဘဝများ နေဝင်သွားပေလိမ့်မည်။

“အရူး”

ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းအတွင်းဆီမှအသံတစ်ခု ထွက်ပေါ်လာ၏။ အားလုံးတို့သည်စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့အမြင့်ဆုံးတောင်တစ်ခုပေါ်တွင်မတ်မတ်ရပ်လျက်ရှိနေ သည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။ ကျွင်းချောင်ရှောင်းသည်အရာဝတ္ထုကြီးတစ်ခုကို ကိုင်ဆောင်ထားကာ ပြောလိုက်၏။ “လာချင်သလိုလာပြီး သွားချင်သလို သွားလို့ရမယ်လို့ထင်လား။ ငါ့ရဲ့ခွင့်ပြုချက်ကို တောင်းအုံး။”

“………..”

ကြီးမြတ်သူတုံးကု၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ဤကျူးကျော်သူများကို ရင်ဆိုင်တိုက်ခိုက်ခဲ့သူမှာ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းနှင့် တခြားသောသူများပင်ဖြစ်သည်။

သို့ပေမဲ့သူ၏ တပည့်သည်ယခုမှထွက်ပေါ်လာခဲ့ပြီးသည့်နောက်အားရပါးရဖြင့်အော်ဟစ်ကြိမ်းဝါးလျက်ရှိနေသေး၏။ တကယ်ပင် အရှက်မဲ့လှချေ၏။

“ကောင်လေး”

အဓိက ရွက်သင်္ဘောဆီမှအသံတစ်ခု ထွက်ပေါ်လာ၏။ “မင်းရဲ့စက်ရုပ်တွေက စိတ်ဝင်စားဖို့ကောင်းတယ်။နောက်တစ်ကြိမ် ငါပြန်လာရင်သေသေချာချာ လာပြီး လေ့လာမယ်။”

“အားနာပါတယ်။”

ကျွင်းချောင်ရှောင်းသည်အသစ်ဝယ်ယူထားသည့်လောင်ချာကြီးကို ထမ်းယူကာဖြင့်ပြောလိုက်သည်။ “ခင်ဗျားနဲ့ခင်ဗျားရဲ့တပ်သားတွေအတွက်နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး။”

ဖောက်

သူသည်ခလုတ်ကို နှိပ်လိုက်၏။

ဘုန်း

ချက်ချင်းပဲ အလင်းတန်းကဲ့သို့သော အမြှောက်ဆံကြီးသည်ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ရွက်သင်္ဘောကြီးကို မတိုက်ခိုက်ချေ။ထိုအစား အမြင့်ဘက်တည်နေရာဆီသို့ရောက်ရှိသွားခဲ့ပြီးသည့်နောက်လေထုထဲမှာပဲ ပေါက်ကွဲ သွားခဲ့၏။ ပြီးနောက်သေးငယ်လွန်းလှသော အမြှောက်ဆံများသည်တည်နေရာတစ်ခုလုံးဆီသို့မိုးကဲ့သို့ကျဆင်း လာစေသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

“ကောင်လေး”

လူငယ်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “မင်းရဲ့လက်နက်က မဆိုးဘူးပါဘူး။ ဒါပေမဲ့ ငါ့ကို စောင့် …..”

“ခေါင်းဆောင်”

နောက်လိုက်တစ်ယောက်က လှမ်းအော်လိုက်သည်။ “တစ်စုံတစ်ခုက အပေါ်ကို တက်လာတယ်။”

အောက်ဘက်ဆီမှာတော့ကုကျောင်းရှစ်သည်အလင်းတန်းတစ်ခုကဲ့သို့ပြောင်းလဲကာဖြင့်အဓိကတပ်သင်္ဘောကြီး ရှိရာဆီသို့ချဉ်းကပ်လာလျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင်တော့ဆုံးဖြတ်ချက်ခိုင်မာသည့်အရိပ်အယောင်များ တည်ရှိနေခဲ့၏။

ကျွတ်

လူငယ်သည်အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။ “ဒီကောင်သေလမ်းရှာနေတာပဲ။”

များပြားလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူအဖွဲ့လိုက်သာ တက်လာမည်ဆိုပါက သူ့အနေနှင့် စိုးရွံ့နိုင်သေး၏။ သို့ပေမဲ့လူတစ်ယောက်တည်း တက်လာသည်ကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။

အလင်း၏ မြင်ကွင်းပေါ်တွင်ရှိနေသည့်သတင်းအချက်အလက်သုံးသပ်မှုကို ကြည့်ရှုရမည်ဆိုလျှင်ထိုလူ၏ တိုက်ခိုက်နိုင်မှုနှုန်းထားသည် ၁၀၀၀ ထက်ပင်မကျော်နိုင်ချေ။ထို့ကြောင့်ယင်ကောင်တစ်ကောင်သူ့အား လာရောက်၍ဝင်တိုက်သည်ဟုပင်သတ်မှတ်နိုင်၏။

“သူ့ကို ဖျက်ဆီးပစ်လိုက်စမ်း။”

လူငယ်က အမိန့်ပေးလိုက်သည်။ “မြန်မြန်။ဒီနေရာကနေ ထွက်ခွာကြမယ်။”

“ကောင်းပါပြီ။”

ဖြောက်ဖြောက်ဖြောက်ဖြောက်

အဓိက တပ်သင်္ဘောဆီမှလက်နက်များနှင့် အကူရွက်သင်္ဘောဆီမှလက်နက်များအားလုံးသည်အပေါ်သို့ပျံသန်း ထွက်ခွာလာပြီး ကုကျောင်းရှစ်ဆီသို့ချိန်ရွယ်လိုက်၏။ကုကျောင်းရှစ်သည်သူ၏ ကျန်းချီများကို ထုတ်ဖော်ကာဖြင့် ကြီးမားသည့်လက်ကြီးအဖြစ်သို့ဖန်တီးလိုက်၏။ ပြီးနောက်အော်ဟစ်လိုက်၏။

“ရှေးတုန်းကတည်းက မသေဖူးတဲ့လူ ဘယ်သူရှိလို့လဲ။ သစ္စာတရားအပြည့်နဲ့သေဆုံးရခြင်းဟာ မွန်မြတ်တယ်။”

“ညီငယ်လေး”

အဓိကတောင်ထွတ်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည်လောင်ချာကြီးကို ထမ်းကာဖြင့်မတ်မတ်ရပ်လျက်ရှိ၏။ သူသည်လက်တစ်ဖက်ဖြင့်အလေးပြုကာ ပြောလိုက်သည်။ “အနာဂတ်မှာ ဂရုစိုက်ပါ။”

ဆွစ်ဆွစ်

မိုးဆွေဟောခန်း၊ သားရဲစီးဟောခန်း၊ ဆေးဟောခန်း၊ အစီအရင်ဟောခန်းနှင့် တခြားသော ပြိုင်စံရှားဂိုဏ်း၏ ဟောခန်း အသီးသီးတွင်ရှိနေသော တပည့်များအားလုံးသည်ဦးခေါင်းကို မော့ကာဖြင့်အမြင့်ဆုံးဆီသို့လှမ်းတက်သွားခဲ့သော ကုကျောင်းရှစ်အား အလေးပြုလျက်ရှိ၏။

“ဂိုဏ်းတူဦးလေး … ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ပါစေ။”

သူတို့၏အသံသည်ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့နေ၏။ ကုကျောင်းရှစ်သည်အောက်သို့တစ်ချက်ငုံ့ကာဖြင့် ပြိုင်စံရှားဂိုဏ်းကို ကြည့်ရှုလိုက်၏။သူ၏ မျက်နှာပေါ်တွင်တောက်ပသည့်အပြုံးတစ်ခုဖြစ်တည်နေသည်။

ဘုန်း

ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့ပြီးသည့်နောက်အထက်နယ်မြေတစ်ခုလုံးပင်လျှင်အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့၏။ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည်တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီး လေဟာနယ်ကြီးများပင်လျှင်အစိတ်စိတ်အမွှာမွှာ ဖြစ်တည်သွား၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ဒင်

လွန်းပျံယာဉ်ဖျက်ဆီးခြင်း ၁/၂။

လွန်းပျံယာဉ်ဖျက်ဆီးခြင်း ၃/၂။

လွန်းပျံယာဉ်ဖျက်ဆီးခြင်း ၉/၂။

ဒင် ….

ဒရုန်းဖျက်ဆီးခြင်း ၃၅၉၁၁ / ၁၀၀၀၀။

ဒင်ဒင်ဒင်ဒင်…….။

All Chapters