← Chapters

အခန်း ၁၅၄၀

Vol. 104 Ch. 1540

အခန်း ၁၅၄၀

Vol. 104 Ch. 1540

အပိုင်း (၁၅၄၀)

ကြီးမားလွန်းလှသည့်ပေါက်ကွဲမှုဆိုသည်မှာ ဘာကိုဆိုလိုသနည်း။

ယနေ့မှာတော့ ကြီးမြတ်သူတုံးကု၊ တခြားသော လွတ်လပ်သော ကျင့်ကြံသူများ၊ အင်မော်တယ်အဆင့်ဂိုဏ်းများနှင့် အဓိက ဂိုဏ်းအသီးသီးတို့အားလုံးသည် ကြီးမားလှသည့် ပေါက်ကွဲမှုဆိုသည်ကို ၎င်းတို့၏ကိုယ်ပိုင်မျက်စိဖြင့်မျက်မြင်ဒိဠိ တွေ့မြင်ခဲ့ကြရ၏။

တိတိကျကျပြောရမည်ဆိုလျှင်အလွန်ရှက်ရွံ့စရာကောင်းသည့်ပုံပန်းသွင်ပြင်မျိုးဖြင့် တွေ့မြင်ခဲ့ရခြင်းလည်းဖြစ်၏။အဘယ်ကြောင့်ဆိုသော်မှိုပွင့်သဏ္ဍာန်တိမ်လုံးကြီးသည်ကောင်းကင်ကြီး တစ်ဝက်လောက်ကို ဖုံးလွှမ်းသွားပြီးသည့်နောက် ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများကြောင့် ၎င်းတို့အားလုံးသည် ချွင်းချက်မရှိ အနောက်သို့လွင့်စင်ခဲ့ကြသည်။

ဘုတ်ဘုတ်ဘုတ်

အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်တွင်ရှိနေသည့်ကျင့်ကြံသူများအားလုံးသည်မြေပေါ်သို့တဘုတ်ဘုတ်ဖြင့် ပြုတ်ကျခဲ့၏။ ၎င်းတို့အားလုံး၏ မျက်လုံးထဲတွင်ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့၏။ပေါက်ကွဲမှု၏အဓိကအားအင်သည်ကောင်းကင်အထက်တွင် ဖြစ်တည်ခဲ့ပြီး လေဝဲကြီးဖြစ်တည်လာရာ တည်နေရာနှင့် အနီးစပ်ဆုံးတွင်ရှိနေ၏။

သူတို့အနေနှင့် ခပ်ဝေးဝေး တည်နေရာတွင်တည်ရှိနေသည်ဆိုလျှင်တောင်မှသက်ရောက်ခဲ့ရ၏။ အနီးကပ်သာ တည်ရှိနေသည်ဆိုပါက တစ်ခါတည်း ကျိန်းသေပေါက်သေဆုံးသွားမှာ သေချာသည်။

တွေးကြည့်ရမည်ဆိုလျှင်အားလုံးသောသူများသည်ချွေးစေးများပြန်သည်အထိ ထိတ်လန့်ကြောက်ရွံ့နေသည်။ကြောက်မက်ဖွယ်ရာကောင်းလှသည့်ပေါက်ကွဲသံကြီးသည်အချိန်အတော်ကြာသည်အထိ ပျံ့နှံ့လျက်ရှိနေ၏။

ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည်ပင်လျှင်ပင့်ကူအိမ်ကြီးကဲ့သို့ ဖြစ်တည်နေ၏။ စွမ်းအင်လှိုင်းများ ကြောင့်ဤတည်နေရာတစ်ခုလုံး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းကို အားလုံးက သိရှိခဲ့၏။ယခု မြေပြင်တစ်ခုလုံး ကွဲအက်သွားလောက်စေသည့်ပေါက်ကွဲမှုကြီးသည် ၎င်းတို့၏စိတ်များကိုပင်စိုးမိုးစေခဲ့တော့သည်။

................

ပြိုင်စံရှားဂိုဏ်း

ပေါက်ကွဲမှုကြီး ပြီးသည့်နောက်အခြေအနေသည် ပြီးဆုံးမသွားခဲ့ချေ။ ကျွင်းချောင်ရှောင်းအနေနှင့် သူ၏ အလေးပြုနေသည့်လက်အား ပြန်မချခဲ့ချေ။

မှန်ပေသည်။လက်ရှိအခြေအနေတွင်ထွက်ပြေးရန် ပြင်ဆင်နေကြသည့်တပ်သင်္ဘောကြီး ကိုးစင်းတို့ကို ကြည့်နေရင်းမှာပဲ သူသည်ဝိညာဉ်ချိန်ကိုက်ဗုံးအား Refresh လုပ်ရင်း ရရှိခဲ့၏။

မိတ်ဆက်အရဆိုလျှင်ဤအရာသည်ဂိုဏ်းအဆင့်မြှင့်တင်ပြီးနောက် ဖြစ်တည်ခဲ့သည့်အဓိကတာဝန်ကြီးဆီမှရရှိခဲ့သည့်ဝိညာဉ်ချိန်ကိုက်ဗုံးနှင့် ဆင်တူလှ၏။ဈေးနှုန်းအရဆိုလျှင်လည်း အလွန်ဈေးကြီးလှ၏။ဂိုဏ်းစုဆောင်းမှတ်တစ်သန်းကုန်ကျပြီး ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်ထောင်ကိုလည်း ပေးအပ်ခဲ့ရသည်။

ရန်သူသည်ထွက်ပြေး လွတ်မြောက်တော့မည်ဖြစ်၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် နှောင့်နှေးခြင်း တစ်ချက်မှမရှိဘဲ ဝယ်ယူခဲ့၏။

လက်ရှိအခြေအနေမှာတော့တည်ရှိနေခဲ့သော တပ်သင်္ဘောများ အားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်ပြီး အထူး တာဝန်ကို ပြည့်စုံစေရန်အလို့ငှာ သူ့အနေနှင့် လူမွဲတစ်ယောက် ဖြစ်တည်သွားမည်ဆိုလျှင်တောင်မှထိုအရာကို ကျိန်းသေပေါက်ဝယ်ယူရပေလိမ့်မည်။သို့ပေမဲ့ဤတည်နေရာတွင် ပြဿနာတစ်ခု တည်ရှိလို့နေ၏။ ဝယ်ပြီးသည့်နောက်ဗုံးအား မည်ကဲ့သို့ပစ်လွှတ်ရမည်နည်း။

ကျွင်းချောင်ရှောင်း အနေနှင့် ဝိညာဉ်ချိန်ကိုက်ဗုံး ပေါက်ကွဲပြီးသည့်နောက် ဖြစ်ပေါ်လာသည့်အဆင့်ကို ကောင်းကောင်းမွန်မွန်သိရှိခဲ့ပြီးဖြစ်သည်။သူသည် ကြယ်ကောင်းကင်ခံတပ်ဆီ၌ ထိုကဲ့သို့သော အတွေ့အကြုံကို ခံစားခဲ့ဖူး၏။ ဤအရာသည်နျူကလီးယားဗုံးကြီးတစ်ခုကို ဖောက်ခွဲပစ်လိုက်သည်နှင့်ဆင်တူလှ၏။ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။အနီးကပ်သာ သွား၍ ဖောက်ခွဲပစ်မည်ဆိုပါက ကျိန်းသေပေါက်သေဆုံးသွားပေလိမ့်မည်။

“အစ်ကိုကြီး”

ထိုအချိန်မှာတော့ကုကျောင်းရှစ်သည်မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ကျုပ်စိတ်ထဲမှာ မသက်မသာ ခံစားနေရတယ်”

“ရပြီ”

သူ၏ညီငယ်လေးသည် ပြန်လည်မွေးဖွားနိုင်သည့်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်၏။သေဆုံးပြီးသည့်အချိန်တိုင်း ပိုမိုကာ အားကောင်းလာတတ်၏။ ထို့ကြောင့်ချိန်ကိုက်ဗုံးကြီးကို ယူဆောင်သွားပြီး ဖောက်ခွဲပစ်ရန်ဆိုသည်မှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။

“ညီငယ်လေး”

ကျွင်းချောင်ရှောင်းသည်လေးလေးနက်နက်ပြောလိုက်၏။ “မင်းရဲ့ဘဝမှာ အရမ်းကို အရေးကြီးတဲ့အရာတစ်ခုကို လုပ်ရတော့မယ်”

“အရမ်းကို အရေးကြီးတဲ့အရာ ဟုတ်လား”

ကုကျောင်းရှစ်သည်ကြောင်အသွား၏။ ပြီးနောက်မေးမြန်းလိုက်သည်။ “ဘာကြီးလဲ”

ဝှစ်

ကျွင်းချောင်ရှောင်းသည်သူ၏လက်ထဲတွင်ရှိနေသော ဝိညာဉ်ချိန်ကိုက်ဗုံးအား အသာလှမ်းပေးပြီးသည့်နောက်အဝေးတွင်ရှိနေသည့်တပ်သင်္ဘောများဆီသို့လက်ညှိုးညွှန်ပြလိုက်၏။ “ငါမင်းကို သူတို့မမြင်အောင်လို့အာရုံ လှည့်စားပေးထားမယ်။မင်းက ဒါကြီးကို သွားပြီးတော့ပစ်လိုက်”

“အဲလောက် ရိုးရှင်းလား”

“ရိုးရှင်းတာပေါ့”

“ကောင်းပြီ”

ကုကျောင်းရှစ်သည်ဝိညာဉ်ချိန်ကိုက်ဗုံးကို အသာလှမ်းယူလိုက်၏။ ပြီးနောက်တပ်သင်္ဘောများ ရှိရာသို့ပျံသန်းရန်ပြင်လိုက်သည်။

“ညီငယ်လေး”

ရုတ်တရက် ကျွင်းချောင်ရှောင်း၏ အသံသည်သူ၏အနောက်ဘက်ဆီမှထွက်ပေါ်လာ၏။ “မင်း အခု ကိုင်ထားတဲ့အရာက ကြယ်ကောင်းကင်ခံတပ်ကြီးကို ဖောက်ခွဲပစ်လိုက်တဲ့အရာမျိုးပဲ”

“အမ်”

ကုကျောင်းရှစ်သည် ရုတ်တရက်သွားလာနေရာမှာ ရပ်တန့်လိုက်၏။သူ၏ မျက်နှာပေါ်တွင်ရှိနေသော အမူအရာများသည်နဝေတိမ်တောင်နှင့်ဖြစ်တည်လာခဲ့၏။

ဒုတိယအကြိမ်မြောက် နှိပ်စက်ခံရပြီးသည့်နောက်သူသည်ယခင်အောက်နယ်မြေ၌ ဖြစ်ပျက်ခဲ့သည့်မှတ်ဉာဏ်များအားလုံးကို ပြန်လည်ရရှိခဲ့၏။ ထို့ကြောင့်သူ၏အစ်ကိုကြီး ဆိုလိုရင်းစကားကို ကောင်းကောင်း နားလည်ပေသည်။ထိုနေရာသို့သွားသည်ဆိုပါက ပြန်လမ်းမရှိပေ။

“အစ်ကိုကြီး”

ကုကျောင်းရှစ်သည်လှည့်မကြည့်ဘဲ မေးလိုက်၏။ “မသွားလို့ကော ရလား”

“မင်း မသွားချင်ရင်မသွားလို့ရတာပေါ့”

သူ၏ ညီငယ်လေး အနေနှင့် သံသရာတွင်လှည့်လည်သွားလာနိုင်ပြီး ပြန်လည်မွေးဖွားနိုင်စွမ်းရှိသော စိတ်ဝိညာဉ်ရှိသူတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည်အတင်းကြီး ဖိအားပေးလိမ့်မည်မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်ကောင်းမွန်ခြင်း၊ ဆိုးယုတ်ခြင်း စသော အလုပ်များကို ပြုလုပ်ရန်၊ မပြုလုပ်ရန်ဟူ၍ မည်သူကမှလာရောက်၍တားဆီးခြင်း၊ ဆုံးဖြတ်ပေးခြင်းတို့ကို ပြုလုပ်၍မရချေ။မိမိ၏ အသက်ခန္ဓာကိုယ်နှင့် မိမိ၏ ဆုံးဖြတ်ချက်ကို မိမိကသာ ပိုင်ဆိုင်၏။ အထူးသဖြင့်သူ၏ သေဖော်ရှင်ဖက်ညီနောင်ပင်ဖြစ်သည်။

“အင်း”

ကုကျောင်းရှစ်သည်သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။ “မုန့်ယဉ်ဆိုတဲ့ကောင်မလေးက သနေတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တယ်။ဒီတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းက လူတွေအကုန်လုံးက သူမကို ခက်ခဲအောင်လုပ်တာ သဘာဝပဲ။ တကယ်လို့သူမ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် တစ်စုံတစ်ယောက်ကို စတေးရမယ်ဆိုရင် ကျုပ်ကုကျောင်းရှစ်က ကျိန်းသေပေါက်ကိုယ့်ရဲ့တာဝန်ကို လစ်ဟင်းစေမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည်မည်သည့်စကားမှမဆိုချေ။လောင်ချာကြီးကို ထုတ်ယူပြီးသည့်နောက်တောင်ထိပ်အမြင့်ဆုံးတည်နေရာဆီသို့လှမ်းတက်လိုက်၏။ “ညီငယ်လေး… ငါမင်းကို အာရုံလှည့်စားပေးထားမယ်”

“ဂိုဏ်းတူဦးလေး”

တပည့်များအားလုံးသည်သူတို့၏ဂိုဏ်းတူဦးလေး ရှိရာဆီသို့လှမ်းကာကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏မျက်လုံးထဲတွင်တော့မျက်ရည်များသည်ဝိုင်းလျက်ရှိနေသည်။

ဖောက်

ကုကျောင်းရှစ်သည်ခေါင်းကိုငုံ့လိုက်၏။ ပြီးသည့်နောက်ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာဖြင့်မီးညှိလိုက်သည်။ “အင်း… ငါ့မှာ ချစ်စရာကောင်းတဲ့ဂိုဏ်းတူ တူလေးတွေရှိတယ်ဆိုတာကို သိရှိခဲ့ရတာ ဝမ်းသာစရာပဲ”

ဘုန်း

နတ်ဘုရားအဆင့်အဆင့်မြှင့်တင်ထားသော လောင်ချာကြီး၏ အထူးသက်ရောက်မှုသည်ကောင်းကင်ယံတစ်ခုလုံး တွင် ဖြစ်တည်သွား၏။

ကုကျောင်းရှစ်သည် ဆေးပြင်းလိပ်ကို ဒုတိယအကြိမ်ဖွာရန်ပင်အချိန်မရှိခဲ့ချေ။ထို့ကြောင့်ဆေးပြင်းလိပ်ကြီးကို မြေပေါ်သို့ပစ်ချကာဖြင့် နှောင့်နှေးခြင်းမရှိဘဲ ကောင်းကင်ပေါ်သို့ထိုးတက်သွားခဲ့သည်။

ဖြစ်စဉ်သည်အလွန်တရာ မြန်ဆန်လွန်းလှသည်။ အနှေးပြကွက်ဖြင့် ကြည့်ရှုရမည်ဆိုလျှင်ကုကျောင်းရှစ်သည်သူ၏ မူလအသွင်အပြင်ကို ပြောင်းလဲခဲ့ပြီဖြစ်သည်။သူသည်ကုကျောင်းရှစ်ဖြစ်၏။သေဆုံးရာတွင်လည်း ကုကျောင်းရှစ်အဖြစ်သေဆုံးရပေလိမ့်မည်။

ဝှစ်

ပြိုင်စံရှားဂိုဏ်းဆီမှအလင်းတန်းသည်ထိုးတက်လာခဲ့ပြီးသည့်နောက်တပ်သင်္ဘောကြီးကိုးခုရှိရာဆီသို့အရှိန်အဟုန်ပြင်းပြင်းဖြင့်တိုးတက်သွားခဲ့၏။

“သူပဲ” နယ်မြေဟောခန်းဆီမှတာဝန်ရှိသူတစ်ယောက်သည်မျက်မှောင်ကုတ်လိုက်မိသည်။

လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူကလည်း မေးလိုက်၏။ “ဘယ်သူလဲ”

“သစ္စာဖောက်လေ”

တာဝန်ရှိသူသည်ခက်ခက်ခဲခဲဖြင့်ပြောလိုက်သည်။ “ကုကျောင်းရှစ်”

“ဘာ” အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှကျင့်ကြံသူများသည်ဆွံ့အသွားခဲ့ကြ၏။

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့ကဲ့သို့သော လွတ်လပ်သော ကျင့်ကြံသူများပင်လျှင်ဆွံ့အလျက်ရှိနေကြ၏။ ပြိုင်စံရှားဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားသော ဤကောင်လေးသည်နယ်မြေဟောခန်းကို တစ်ချိန်လုံးဒုက္ခပေးလျက်ရှိနေသည့်သစ္စာဖောက် ဖြစ်နေသည်လား။

သူတို့အနေနှင့် ပထမတုန်းက မမှတ်မိခဲ့ချေ။သို့ပေမဲ့တစ်ဖက်လူသည်အဘယ်ကြောင့်သူ၏ မူလသွင်ပြင်ကို ထုတ်ဖော်ကာဖြင့်တပ်သင်္ဘောကြီးကိုးခုရှိရာဆီသို့သွားနေရသနည်း။

ဖြစ်နိုင်သည်မှာ အခွင့်အရေးကို အရယူ၍ မိမိကိုယ်ကို သေဆုံးအောင် ပြုလုပ်ပြီး ပြန်လည်မွေးဖွားရင်း ပိုမို အားကောင်းအောင် ပြုလုပ်ချင်နေသည်လား။ ကံကောင်းစွာဖြင့်ကုကျောင်းရှစ်သည်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ဆယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူများ၏ အတွေးကို မသိရှိချေ။မဟုတ်ပါက ရုတ်တရက် ပြန်ဆင်းကာ တွေ့သမျှလူများ၏ဖင်ကို လိုက်ကန်မိမှာသေချာသည်။ “ကျုပ်က ဒါကြီးကို လုပ်ချင်လို့လုပ်နေတာ မဟုတ်ဘူး”

ဘုန်း

ဝိညာဉ်ချိန်ကိုက်ဗုံး အလုံးစုံပေါက်ကွဲသွားသည့်အချိန်မှာတော့အထက်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ကြီးမားလွန်းလှသော မှိုပွင့်ပုံသဏ္ဍာန်တိမ်ကြီး တစ်ခု ပေါ်ပေါက်လာပြီးသည့်နောက်သစ္စာဖောက်တစ်ယောက် နှင့် ကျူးကျော်သူများအားလုံးသည်အတူတူ သေဆုံးသွားခဲ့သည်ကို ကြည့်ရှုပြီး အားလုံးတို့သည်မည်သည့်စကားကို ဆိုရမှန်းပင်မသိတော့ချေ။

မူလအားဖြင့်သံသယဝင်လျက်ရှိနေသည့်စွမ်းအားမြင့်ကျင့်ကြံသူများသည်သစ္စာဖောက်တစ်ယောက်ဘာလုပ်ခဲ့သည်ဆိုသည်ကို နောက်ဆုံးတော့နားလည်မိသွားကြ၏။

“သူရဲကောင်းပဲ”

ကြီးမြတ်သူတုံးကု သည်ချီးကျူးလိုက်မိသည်။ “တကယ်ကို သူရဲကောင်းအစစ်ပဲ။ ကောင်းမွန်တဲ့အရာတွေ ဖြစ်လာနိုင်ဖို့မိမိကိုယ်ကို စတေးပစ်လိုက်တာ”

မာဆာတိုကီတာနိုက ပြောလိုက်၏။ “ဒီလိုအကြောက်အလန့်ကင်းမဲ့လှတဲ့သတ္တိမျိုးအတွက်ကျုပ်အမြဲတမ်း ဂုဏ်ယူ နေမိမှာပဲ”

ဤရောင်းရင်းနှစ်ယောက်တို့သည်ခံစားချက်များကို မည်သို့မှမဖုံးမိနိုင်ဘဲ ပြောဆိုလိုက်ကြသည်။

ရန်သူများနှင့်အတူ သေဆုံးသွားခဲ့ပြီဖြစ်သော ကုကျောင်းရှစ်အား တခြားသော သိုင်းကျင့်ကြံသူများအားလုံးသည်အမှန်ပင်ချီးကျူးလိုက်မိကြ၏။ အဓိကအားဖြင့်တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းမှဖြစ်လို့နေ၏။ ထင်မှတ်ထား သည့်အတိုင်းပင်။များပြားလှသော လွတ်လပ်သော ကျင့်ကြံသူများနှင့် သိုင်းကျင့်ကြံသူများအားလုံးသည်လေးစား သမှုဖြင့်လှမ်းကာကြည့်ရှုလိုက်ကြ၏။

သစ္စာဖောက်ကုကျောင်းရှစ်သည် ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ်ပိုင်ဆိုင်သည်ဖြစ်ကြောင်းကို သူတို့သိရှိ၏။ သေဆုံးပြီးသည့်နောက် ပြန်လည်မွေးဖွားနိုင်စွမ်းရှိနေသည်။သို့ပေမဲ့မိမိကိုယ်ကို စတေးပြီး ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင်သေဆုံးခံနိုင်သည်ဆိုခြင်းမှာ လေးစားလောက်ဖွယ်ရာဖြစ်သည်။

“ကလန်ခေါင်းဆောင်ရှန်ကို သတင်းပို့လိုက်”

လင်းထျန်အင်မော်တယ်ဂိုဏ်းဆီမှစွမ်းအားမြင့်ကျင့်ကြံသူက လေးလေးနက်နက်ပြောလိုက်၏။ “ကုကျောင်းရှစ်ကို သစ္စာဖောက်ဆိုတဲ့ဂုဏ်ပုဒ်ကနေ ဖယ်ရှားလိုက်တော့”

“ဒါက”

ခေါင်းဆောင်တစ်ယောက်သည့် နှောင့်နှေးစွာဖြင့်ပြောလိုက်၏။ “ဒီလူက ကြမ်းတမ်းတဲ့ သဘာဝရှိတယ်။ ပြန်လည်ရှင်သန်လာပြီးတဲ့အချိန်မှာ မကောင်းတဲ့ရာဇဝတ်မှုကို ပြန်ပြီး ပြုလုပ်လာနိုင်တယ် မဟုတ်လား”

“ငါတို့အနာဂတ်ကိစ္စကို အနာဂတ်ကြမှပြောကြရအောင်။အခု သူက သူရဲကောင်းပဲ”

“နားလည်ပါပြီ”

ပေါက်ကွဲမှုကြောင့် ဖြစ်တည်ခဲ့သည့်စွမ်းအင်များနှင့် အလင်းတန်းများအားလုံးသည်တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။ကောင်းကင်ယံထက်တွင် ကြီးမားလှသည့်အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်နေခဲ့ပြီး ကျူးကျော်ဝင်ရောက်လာခဲ့သော တပ်သင်္ဘောကြီးကိုးစင်းလုံးသည်အပိုင်းပိုင်း အစစဖြစ်ကာ ပေါက်ကွဲသွားခဲ့၏။

“ကုကျောင်းရှစ်”

အဓိကတောင်ထွဋ်၏သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့မီးမသေသေးသော ဆေးပြင်းလိပ်ကြီးတစ်ခုသည်ကျလို့နေ၏။ ကျွင်းချောင်ရှောင်းသည်ထိုနေရာဆီသို့လှမ်းလျှောက်လာပြီးသည့်နောက်ဆေးပြင်းလိပ်ကြီးကို ကောက်ယူလိုက်သည်။ ပြီးနောက်သူသည်ကျောက်တုံးကြီးတစ်ခုပေါ်သို့လှမ်းကာခုန်တက်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ဆေးပြင်းလိပ်ကြီးကို နက်နက်နဲနဲဖြင့်ဖွာရှိုက်လျက်ရှိနေသည်။

သူ့ကို အပြင်ဘက်မှ ကြည့်မည်ဆိုလျှင်အလွန်တည်ငြိမ်နေသည့်ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက်နေ၏။ သို့ပေမဲ့သူ၏ နှလုံးသားထဲတွင်တော့မုန်တိုင်း ထန်လျက်ရှိနေ၏။

အထူးတာဝန်ပြည့်စုံသည့်သတိပေးသံများသည်တဒင်ဒင်နှင့်သူ၏နားထဲတွင်ထွက်ပေါ်လျက်ရှိနေ၏။ တာဝန် ပြည့်စုံမှုနှုန်းသည်ခြောက်ရာ ရာခိုင်နှုန်းအထိ ရောက်ရှိနေခဲ့၏။ဆုလာဘ်များသည်အလွန်တရာ ရက်ရောလွန်း လှပြီး သူ၏အဆင့်သည်လည်း အဆင့်ခုနှစ် အမြူတေပြောင်းလဲခြင်းအဆင့်ဆီမှသည်အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်ဆီသို့ချိုးဖြတ်ရောက်ရှိခဲ့၏။သို့ပေမဲ့သူသည်တည်ငြိမ်စွာဖြင့်တွေဝေငေးငိုင်လျက်ရှိနေတုန်းပင်။

ကုကျောင်းရှစ်၏စတေးခဲ့မှုသည်သူ၏ နှလုံးသားအား မီးမြှိုက်သလို ခံစားနေမိစေ၏။ သူသည်တစ်ကိုယ်ကောင်းဆန်လွန်းခဲ့၏။

ကောင်းကင်ပေါ်တွင် ဖြစ်တည်နေသော အက်ကွဲကြောင်းကြီးသည် ပြန်လည်ကောင်းမွန်လာရန်အတွက်အချိန်အတော်ကြာ ယူရဦးမှာဖြစ်၏။သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲတွင်ရှိနေသော နာကျင်မှုမှာတော့ဖျောက်ဖျက်မသွားနိုင်ခဲ့ချေ။

ကုကျောင်းရှစ်အနေဖြင့် ပြန်လည်မွေးဖွားလာနိုင်ပြီး ပြိုင်စံရှားဂိုဏ်းဆီသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာမှသာ ထိုဒဏ်ရာများသည်ပျောက်ကွယ်သွားမှာ ဖြစ်သည်။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည်နီရဲနေသည့်မျက်လုံးများနှင့်အတူ ငိုရှိုက်ရင်း လှမ်းပြောလိုက်၏။ “ဂိုဏ်းတူ ဦးလေးအတွက်တကယ့်ကို ကြီးမားလှတဲ့ အသုဘအခန်းအနားကြီး ကျင်းပကြရအောင်”

သူ့အနေနှင့် အသုဘ ဝတ်စုံကိုပင်ဝတ်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည်အနောက်ဘက်သို့လှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းတွင်ရှိနေသော တပည့်များအားလုံးသည်အသုဘဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိ၏။

စနစ်သည်မနေနိုင်ဘဲ ထကာ အော်လိုက်မိသည်။ “ချီးတဲ့မှ...ဒီကောင်တွေဘယ်တုန်းက အသုဘဝတ်စုံ ပြောင်းဝတ်လိုက်တာလဲ”

All Chapters