အခန်း ၁၅၄၁
Vol. 104 Ch. 1541
အပိုင်း (၁၅၄၁)
ကုကျောင်းရှစ်သည်ထပ်မံကာ သေဆုံးခဲ့၏။အတိတ်ကနှင့် မတူဘဲ ဤတစ်ကြိမ်သူ၏ သေဆုံးခြင်းသည် ပြိုင်စံရှားဂိုဏ်းအတွက်သာမက ကျွင်းချောင်ရှောင်းအတွက်လည်း ဖြစ်ခဲ့၏။
ကျွင်းချောင်ရှောင်းသည်အဆင့်ခုနှစ် အမြူတေပြောင်းလဲခြင်းအဆင့်ဆီမှသည်အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်ဆီသို့ရောက်ရှိခဲ့၏။ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည်တစ်ခါတည်း အဆင့်ကြီးသုံးဆင့်ကို ချိုးဖြတ်ရောက်ရှိ ခဲ့သည်။
ရောင်မုန့်ယဉ်၏အဆင့်ချိုးဖြတ်မှုသည် ကြမ်းတမ်းလွန်းလှသည်ဆိုသော်လည်း ခန္ဓာကိုယ်ပေါင်းစပ်မှုများ ပါဝင်သောကြောင့်ဖြစ်သည်။ သို့ပေမဲ့ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၏ အဆင့်တက်မှုကလည်း ပိုမိုကာ ဆိုးရွားလှချေသေး၏။
“အင်း... မေ့လိုက်ပါတော့”
သူ့အနေနှင့် ကုကျောင်းရှစ်၏သေဆုံးခြင်းအတွက်စိတ်ထဲတွင်မကောင်း ရှိနေသည်။
လီချင်းယန်နှင့်တခြားသောသူများသည်စတင်ကာ လှုပ်ရှားလိုက်ကြ၏။ပထမဦးဆုံး သူတို့သည်အသုဘခန်းမကို မည်သည့်နေရာတွင်ဖန်တီးမည်နည်းကို စတင်ကာ ဆုံးဖြတ်လိုက်ကြ၏။
“စီနီယာအစ်ကို”
လျှိုဝမ်ရှစ်သည်ငိုချရင်း ပြောလိုက်သည်။ “စိတ်ဝိညာဉ်သားရဲဟောခန်းကိုပဲ ရွေးချယ်လိုက် ရအောင်”
“အင်း... အဲတာက အဆင်ပြေမယ်လို့ငါထင်တယ်”
“ပြဿနာမရှိဘူး”
………
ပြီးသည့်နောက်မှာတော့ခရမ်းရောင်ဘုရင်သည်ကျောက်ခန်းမဆောင်၏ခပ်ဝေးဝေး တည်နေရာတွင်ထိုင်လျက်ရှိနေ၏။ သူသည်ဒေါသတကြီးဖြစ်လို့နေခဲ့၏။သူ၏ စိတ်ဝိညာဉ်သားရဲဟောခန်းမကြီးသည် ရုတ်တရက်အသုဘ ခန်းမကြီးအဖြစ်ပြောင်းလဲသွားခဲ့၏။ တွေးကြည့်ရမည်ဆိုလျှင်သူ သေသည် လည်း မဟုတ်ချေ။
ကုကျောင်းရှစ်၏သေဆုံးမှုသည်ဆိုးရွားလွန်းလှ၏။အလောင်းပင်မကျန်ခဲ့ချေ။ထို့ကြောင့်တပည့်များအားလုံး အနေဖြင့်ကုကျောင်းရှစ်၏ဝတ်စုံများကိုသာ အခေါင်းထဲတွင်ထည့်သွင်းထားကြ၏။
ဆွစ်ဆွစ်
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည်အသုဘခန်းမထဲသို့ဝင်ရောက်လာပြီးသည့်နောက်လက်သီးကို ဆုပ်ကာ လေးလေးနက်နက်အမူအရာဖြင့်ပြောလိုက်သည်။ “သူငယ်ချင်းလေးကု... ငြိမ်းငြိမ်းချမ်းချမ်းနဲ့အနားယူပါ”
များပြားလွန်းလှသော လွတ်လပ်သော ကျင့်ကြံသူများနှင့် သိုင်းကျင့်ကြံသူများသည်လည်း ပျံသန်းရောက်ရှိလာခဲ့ ကြ၏။ ၎င်းတို့သည်လည်း လေးလေးနက်နက်ဖြင့်လာရောက်ကာ ဂါရဝပြုချီးကျူးစကားကို ဆိုကြသည်။
အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှစွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ရောက်ရှိလာခဲ့ကြ၏။လက်ရှိ အခြေအနေမှာတော့ ၎င်းတို့နှင့် ပြိုင်စံရှားဂိုဏ်းတွင်ရှိနေသော ပဋိပက္ခများသည်ခဏတာ ဘေးသို့ဖယ်ရှားခဲ့၏။သူတို့သည်ကုကျောင်းရှစ်၏သေဆုံးမှုကို အမှန်ပင်အသိအမှတ်ပြုခဲ့၏။
ဤလူသည်နောင်တစ်ချိန်တွင်မည်ကဲ့သို့ ပြန်လည်မွေးဖွားလာပြီး မည်သို့သောအလုပ်ကို ပြုလုပ်မည်ဆိုသည်ကို သူတို့သေသေချာချာ မသိချေ။သို့ပေမဲ့၎င်းသည် ကျူးကျော်သူများကို အမှန်ပင်ရှင်းလင်းသုတ်သင်ရန်ကိုယ့်ကိုယ်ကိုယ်စတေးပစ်ခဲ့သည်။
ပြိုင်စံရှားဂိုဏ်းသည်ကုကျောင်းရှစ်ကြောင့်အထက်နယ်မြေတစ်ခုလုံးတွင်အားလုံး၏ ချီးကျူးမှုကို ခံယူရတော့မှာ သေချာ၏။
သူရဲကောင်း - လူတိုင်းသည်သူရဲကောင်းများကို လေးစားကြသည်။
“အားလုံးပဲ”
ဟောခန်း၏ အပြင်ဘက်မှာတော့တွေဝေငေးငိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည်ဦးခေါင်းကို မော့ကာဖြင့်တွေးတွေးဆဆ ပြောလိုက်၏။ “နာရေးကူငွေလေးများ မထည့်ကြဘူးလား”
“.........”
အားလုံးသောသူတို့၏ နှုတ်ခမ်းများသည်တုန်ယင်သွားသည်။
“ထည့်ရမှာပေါ့”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှစွမ်းအားမြင့်ကျင့်ကြံသူက ပြောလိုက်၏။ “ကျုပ်တို့နာရေးကူငွေပေးမယ်”
ပြောပြောပြီးချင်းမှာပဲ သူသည်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ထုတ်ယူကာဖြင့်ကုကျောင်းရှစ်အတွက်သူ၏ လေးစားမှုကို ပြသခဲ့သည်။
အင်မော်တယ်အဆင့်ဂိုဏ်းမှအကြီးအကဲများသည်လက်ဆောင်များပေးကြပြီဖြစ်သောကြောင့်တခြားသော ဂိုဏ်းအသီးသီးမှသိုင်းကျင့်ကြံသူများ အားလုံးသည်လည်း သူတို့နောက်သို့လိုက်ပါကာ နာရေးကူငွေများကို ပေးအပ်ကြ၏။
ထို့ကြောင့်သေသေချာချာ တွက်ချက်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းနီးပါးခန့်နှင့် ရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းနီးပါးခန့်ကို ရရှိခဲ့သည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်က လောကကြီး တစ်ခုလုံးရဲ့ကောင်းကျိုးအတွက်သေဆုံးခဲ့ရတယ်။မကြာခင်မှာ ကြီးမားလှတဲ့ အသုဘပွဲကြီးကို ကျင်းပပါ့မယ်။အဲဒီတော့လူတွေများများလာပြီးတော့တက်ရောက်ကြဖို့မျှော်လင့်မိပါတယ်”
စနစ်သည်ဆွံ့အသွားမိ၏။ “မင်းအနေနဲ့ကုကျောင်းရှစ်သေပြီးတဲ့နောက်မှာ နာရေးကူငွေတွေကို ရသလောက် ညှစ်ယူချင်နေသေးတာလား”
“စိတ်ချပါဂိုဏ်းချုပ်ကျွင်း”
လင်းထျန်အင်မော်တယ်ဂိုဏ်းမှစွမ်းအားမြင့်ကျင့်ကြံသူက ပြောလိုက်သည်။ “ကျုပ် နယ်မြေဟောခန်းကိုလည်း သတင်းပို့ပြီးသွားပါပြီ။ သူ မြေမြှုပ်ပြီး သြင်္ဂိုလ်တဲ့နေ့ကျရင်အဓိကဂိုဏ်း အသီးသီးက ရောက်ရှိလာပြီး လေးစားမှုအတွက်နာရေးကူငွေတွေလည်း လာပေးကြမှာပါ”
ကျွင်းချောင်ရှောင်းသည်ကောင်းကင်ကြီးကို မော့ကြည့်ကာဖြင့်တွေးတွေးဆဆ ပြောလိုက်၏။ “ညီငယ်လေး... ငါ မင်းအတွက်အားလုံးသတိရ မှတ်မိနေစေမယ့်အသုဘပွဲကြီးကို ကျင်းပပေးမယ်။မင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် မွေးဖွားနိုင်စေမယ်”
.................
အူဝဲ... အူဝဲ
လူသူကင်းရှင်းလှသည့် ရွာလေးတစ်ရွာ၏အတွင်းထဲမှာတော့ကလေးတစ်ယောက်၏ငိုသံသည်တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့၏။
“မွေးလာပြီပဲ။ ငါ အဖေဖြစ်ပြီ။ ငါ အဖေဖြစ်ပြီ”
တောင့်တင့်လှသည့် ခန္ဓာကိုယ်နှင့်သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည်ဧည့်ခန်းထဲတွင်ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်ဖြင့်လုပ်လျက်ရှိ၏။ သူသည်ခံစားချက်များကို မထိန်းချုပ်နိုင်သောကြောင့် ချော်လဲလုမတတ်ပင်ဖြစ်နေသည်။
လက်ရှိအခြေအနေမှာတော့သားဖွားဆရာမသည်အခန်းထဲမှကလေးတစ်ယောက်ကို ချီကာဖြင့်လျှောက်ထွက်လာခဲ့သည်။သူမသည် ပြုံးကာ ပြောလိုက်၏။ “ယောက်ျားလေးပဲ”
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
သက်လတ်ပိုင်းလူသည် ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်သူ၏လက်ကို မိုးပေါ်သို့မြှောက်ကာ ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ “ငါတို့ကုမိသားစုမှာ မျိုးဆက်ရှိပြီ။ ငါတို့ကုမိသားစုမှာ မျိုးဆက်ရှိပြီ”
အူဝဲ... အူဝဲ
အနှီးနှင့်ထုပ်ပတ်ထားသော ကလေးလေးသည်ကျယ်လောင်စွာဖြင့်ငိုယိုလျက်ရှိနေ၏။ သူ၏စိတ်ထဲမှာတော့အော်ဟစ်လျက်ရှိနေ၏။
“ငါ ဒီတစ်ခါ ပြန်လည်မွေးဖွားလာတဲ့ပုံစံက မှားယွင်းနေတာပဲ။ ဘယ်လိုဖြစ်ပြီးတော့ဒီလောက်ဆင်းရဲတဲ့မိသားစုဆီမှာ ပြန်လည် မွေးဖွားလာရတာလဲ”
အသစ်ဖြစ်တည်လာသည့်ကလေးလေးသည်မွေးဖွားလာပြီးသည့်နောက်မှာတော့သူ၏ကိုယ်ပိုင်သိစိတ်ဖြင့်တွေးတောနိုင်စွမ်း ရှိနေ၏။ ထိုအရာမှာ....
မှန်ပေ၏။ သူသည်မကြာသေးခင်က သေဆုံးခဲ့သည့်ကုကျောင်းရှစ်ပင်ဖြစ်၏။ ဝိညာဉ်ချိန်ကိုက်ဗုံး၏ စွမ်းအင်သည်ဖော်ပြနေစရာပင်မလိုအပ်ချေ။တစ်ခါတည်း ဘာမှန်းမသိစွာဖြင့်သေဆုံးခဲ့ရသည်။ သို့ပေမဲ့သူသည် ပြန်လည်မွေးဖွားလာနိုင်ခဲ့၏။
ရီရှင်းချန်၏ဝိညာဉ်အပိုင်စီးသည့်နည်းလမ်းမျိုးနှင့် မတူညီစွာဘဲ ကုကျောင်းရှစ်သည်သေဆုံးပြီးသည့်အချိန်၌လူသားကလေးတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာသည်။
သူသည်ကံကောင်းမည်ဆိုလျှင်ချမ်းသာသောမိသားစုတွင်မွေးဖွားလာနိုင်ပြီး ကံဆိုးသည်ဆိုပါက သာမန်မိသားစုတွင်မွေးဖွား၏။
သို့ပေမဲ့အလွန်တရာ ကံဆိုးလှ၏။ဤတစ်ကြိမ်မွေးဖွားမှုကတော့ဆိုးရွားလွန်းလှသည်။ဆင်းရဲလွန်းသော မိသားစုတစ်ခုတွင်မွေးဖွားလာခဲ့ခြင်းပဲ ဖြစ်သည်။
“ထားလိုက်တော့။ထားလိုက်တော့”
ကုကျောင်းရှစ်က တွေးလိုက်၏။ “ပတ်ဝန်းကျင်အနေအထားက ကောင်းလား၊ ဆိုးလားဆိုတာ အရေးမကြီးပါဘူး။ ဆယ်နှစ်ကြာပြီးလို့ရှိရင်ငါက တကယ့်ကို အားကောင်းတဲ့လူ တစ်ယောက်ထပ်ပြီးဖြစ်လာအုံးမှာပဲ။ နေအုံး။ ငါ အရင်တုန်းက ဘယ်လိုသေခဲ့ရတာလဲ။ ငါ ဘာလို့မမှတ်မိရတာလဲ”
ကုကျောင်းရှစ်သည်သူ၏နာမည်ကို မှတ်မိ၏။ ထို့အပြင်များပြားလှသည့်အရာများကိုလည်း မှတ်မိ၏။ သို့ပေမဲ့အရေးကြီးသည့်မှတ်ဉာဏ်များမှာတော့ပျောက်ကွယ်လျက်ရှိသည်။
ထိုအရာသည်သာမန်သာ ဖြစ်၏။ ပြန်လည်မွေးဖွားလာပြီးသည့်နောက် ဖြစ်ပေါ်လာသည့်ဘေးထွက်ဆိုးကျိုးပင်ဖြစ်သည်။သူ့အနေနှင့် ပြန်လည်ကုသခံရခြင်း သို့မဟုတ် ကျွင်းချောင်ရှောင်းနှင့် ထပ်မံတွေ့ဆုံပြီး ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ပို့ဆောင်ခြင်းကို မခံရပါက သူ၏ မှတ်ဉာဏ်များသည် ပြန်လည်ကာ ရရှိလာလိမ့်မည်မဟုတ်ချေ။
“ယောက်ျား”
အိပ်ခန်း၏ အတွင်းဆီမှအားပျော့လှသည့်အမျိုးသမီးတစ်ယောက်၏အသံက ထွက်ပေါ်လာသည်။ “ရှင်နာမည်စဉ်းစားပြီးပြီလား”
“အင်း”
ထိုမျိုးရိုးနာမည်ကုနှင့် သက်လတ်ပိုင်းလူသည် ပြုံးကာ ပြောလိုက်၏။ “သူ့ကို့ကုကုန်းဝ လို့ခေါ်လိုက်ရင်ကော”
အူဝဲ......
ကုကျောင်းရှစ်သည်အော်ဟစ်ငိုယိုလိုက်တော့၏။သူ၏ အလိုလို သိစိတ်အရ သူသည်ဗိုက်ဆာလွန်းသောကြောင့်ထ၍ငိုခြင်း မဟုတ်ချေ။ကုန်းဝ ဆိုသော စကားလုံးသည်ကုန်းရှန့်ဆိုသည့်စကားလုံးနှင့် ဆင်တူနေသောကြောင့်သူ၏စိတ်ထဲတွင်ဘာမှန်းမသိသည့်ခံစားချက်ကို ခံစားလိုက်ရ၏။ “နေအုံး... ကုန်းရှန့်ဆိုတာ ဘယ်သူလဲ”
အူဝဲ... အူဝဲ...
ကုကျောင်းရှစ်သည်မမှတ်မိပေ။ ထို့ကြောင့် ပြင်းပြင်းထန်ထန်ငိုယိုခြင်းကိုသာ ပြုလုပ်နိုင်သည်။
.............
ညရောက်ချိန်မှာတော့အသုဘခန်းမထဲတွင်မီးများထွန်းလင်းထားခဲ့၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည်ဝိုင်ခွက်နှစ်ခွက်ကို ကိုင်ဆောင်ကာဖြင့်အသာထိုင်ချလိုက်၏။ ပြီးနောက်ဝိုင်ပုလင်း ပေါ်တွင်ရှိနေသည့် ရွှံစေးကို ဖယ်ပြီးသည့်နောက်တစ်ခွက်ကို အခေါင်းဖုံးပေါ်သို့တင်လိုက်၏။ “ညီငယ်လေး ... ငါတို့အတူတူ သောက်ကြရအောင်”
ဂလု ဂလု ဂလု
အရက်မူးအိမ်မက်ဝိုင်သည်အလွန်ပင်အရသာ ရှိလွန်းလှ၏။ထို့အပြင်သူ၏ ပါးစပ်ထဲတွင်ခါးသွားသလို သူ၏ နှလုံးသားထဲတွင်လည်း ခါသီးလျက်ရှိနေ၏။ အရက်သောက်ခြင်းကသာလျှင်သူ၏ စိတ်ကို အတိုင်းအတာတစ်ခု အထိ ဖြေလျော့နိုင်ခဲ့၏။ သူ့ကြောင့်ကုကျောင်းရှစ်သည် သေဆုံးခဲ့၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့်အလွန်ပင်ထိခိုက်ခံစားလျက်ရှိနေတော့၏။ ပြင်းပြင်းထန်ထန်မော့သောက်ပြီးသည့်နောက်မှာတော့အရက်မူးလာခဲ့သည်။
“ညီငယ်လေး... ငါ တစ်ကိုယ်ကောင်းဆန်ခဲ့တယ်”
ပြောရင်းနှင့်သူသည်ဆက်လက်ကာသောက်လျက်ရှိနေသည်။ဝိုင်များသည်သူ၏ပါးစပ်ထဲမှ ပြန်လည်ကာ ထွက်ကျလာခဲ့တော့၏။မျက်နှာပေါ်သို့ဝိုင်များသည်တဝုန်းဝုန်းနှင့် ကျဆင်းလျက်ရှိနေပြီး မျက်ရည်များနှင့် ဝိုင်များ ရောထွေးလျက်ရှိနေ၏။
“ထပ်ပြီး မသောက်နဲ့တော့”
နှင်းဆီဧကရီသည်အပြင်ဘက်ဆီမှလှမ်းလျှောက်ဝင်လိုက်၏။ ပြီးနောက်မော့သောက်ရန် ပြင်နေသည့်ဝိုင်ပုလင်းကို အသာဆွဲယူကာဖြင့်ပြောလိုက်သည်။ “ရှင်ဒီအတိုင်းသာ ဆက်ပြီး သောက်နေမယ်ဆိုရင်အရမ်းမူးသွားလိမ့်မယ်”
“အင်း.... မူးချင်လို့သောက်နေတာလေ”
ကျွင်းချောင်ရှောင်းသည်သူမ၏လက်ကို ဘေးတစ်ဖက်ဆီသို့တွန်းဖယ်ကာ ပြောလိုက်၏။ “ကျုပ် နိုးလာတဲ့အချိန်ကျရင်အခုဖြစ်နေတာတွေအားလုံးက အိမ်မက်တွေ ဖြစ်ပါစေလို့မျှော်လင့်မိ တယ်”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင်က ရှောင်ပြေးချင်နေတာပဲ”
“ညီငယ်လေးက ကျုပ်ကြောင့် နှစ်ကြိမ်တိတိ သေဆုံးခဲ့တယ်။ ကျုပ်ကြောင့်”
ကျွင်းချောင်ရှောင်းသည်သူ၏ ရင်ဘတ်ကို တဘုန်းဘုန်းနှင့် လက်သီးနှင့်ထုကာ ပြောလိုက်၏။ “ကျုပ်ရဲ့ နှလုံးသားတွေဘယ်လောက်ထိ နာကျင်နေလဲဆိုတာ ခင်ဗျားသိလား”
နှင်းဆီဧကရီသည်ဝိုင်ဂျားကြီးကို အသာလှမ်းယူကာဖြင့်ပြောလိုက်၏။ “ကုကျောင်းရှစ်က ပြန်လည်မွေးဖွားနိုင်တဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တယ်။ သေဆုံးပြီးတဲ့အချိန်တိုင်းမှာ သူက ပိုပြီး အားကောင်းလာလိမ့်မယ်။ဒီတော့ကိုယ့်ကိုယ်ကိုယ်ပိုပြီး ခက်ခဲအောင်ဘာလို့လုပ်ချင်နေရတာလဲ။ ဝိုင်ခွက်ကို ကျွန်မကိုပေး”
“မပေးနိုင်ဘူး”
“ရှင်”
ကျွင်းချောင်ရှောင်းသည်မတ်တပ်ထရပ်လိုက်၏။သူ၏ မျက်လုံးထဲတွင်ဒေါသတရားများနှင့် ပြည့်နှက်လျက်ရှိနေ၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ခေါင်းထဲတွင်အရက်ဓာတ်များ အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖြစ်တည်လာပြီးသည့်နောက် နှင်းဆီဧကရီ၏ ရင်ခွင်ထဲသို့ ပြုတ်ကျကာ သတိလစ်မေ့မျောသွားခဲ့သည်။
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်ရှိနေသည့်မျက်ရည်တွေလား။ ဝိုင်တွေလား မသိသည့်အရာများ အားလုံးကို သုတ်ကာဖြင့်တီးတိုးပြောလိုက်၏။
“တကယ်လို့ဒီလိုအရာတွေထပ်ပြီးဖြစ်လာမယ်ဆိုရင်ရှင့်ရဲ့ညီငယ်လေးကို ထပ်ပြီးမေးကြည့်အုံး။ သူ့အနေနဲ့ဒါမျိုးထပ်ပြီးလုပ်မလား ဆိုရင်လည်း ကျိန်းသေပေါက်ထပ်ပြီးလုပ်လိမ့်မယ်”
.........
သေးငယ်လှသည့် ရွာလေးတစ်ရွာအတွင်းမှာတော့ကုကျောင်းရှစ်သည် ပြန်လည်မွေးဖွားလာပြီး တတိယမြောက်နေ့သို့ရောက်ရှိခဲ့၏။သူသည်သူ့မိခင်၏ရင်ခွင်ထဲတွင်တည်ရှိနေ၏။
“မိန်းမ”
သူ၏အဖေသည် ကြီးမားလှသည့်ပုဆိန်ကြီးကို အသာကိုင်ကာဖြင့်ပြုံးကာပြောလိုက်သည်။ “ငါ မင်းရဲ့ ခန္ဓာကိုယ်ပိုပြီးအားကောင်းလာစေဖို့တောထဲသွားပြီး ဆေးတွေဘာတွေသွားရှာလိုက်အုံးမယ်”
“.........”
ကုကျောင်းရှစ်သည် ကြိတ်ကာ တွေးလိုက်မိ၏။ “သားရဲရိုင်းကြီးတွေရဲ့လက်ထဲမှာ ငါ့အဖေကတော့မသေလောက်ပါဘူးနော်”
သူသည်ငယ်ရွယ်စဉ်ကတည်းက သူ၏ အဖေကို ဆုံးရှုံးခဲ့ဖူး၏။ ငယ်ရွယ်စဉ်ကတည်းက သူ၏အမေကို ဆုံးရှုံးခဲ့၏။ငယ်ရွယ်စဉ်ကတည်းက သူ၏မိဘနှစ်ပါးလုံးကိုလည်း ဆုံးရှုံးခဲ့ဖူး၏။ အကြိမ်ပေါင်းများစွာ ပြန်လည် မွေးဖွားခဲ့ပြီးသည့်နောက်သူသည်ထိုကဲ့သို့သော ဆိုးရွားလှသည့်အတွေ့အကြုံများကို ရရှိခံစားခဲ့ဖူးပြီဖြစ်သည်။
ဟူး ဟူး
ကြီးမားလှသည့်လေဝဲကြီးတစ်ခုသည် ရုတ်တရက်ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ထိုလေဝဲကြီးဆီမှ ရွက်သင်္ဘောများသည်ထွက်ပေါ်လာ၏။
“အမ်”
ရုတ်တရက်သူသည်ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်၏။ကုကျောင်းရှစ်သည်ထိုအရာများကို မြင်သည့် အချိန်မှာတော့စိတ်ထဲတွင်တွေးလိုက်မိ၏။ “ဒီ သင်္ဘောတွေကို ငါဘာလို့အရမ်းရင်းနှီးနေရတာလဲ”
“ဒီလောကမှာရှိတဲ့သက်ရှိအပေါင်းတို့နားထောင်ကြစမ်း”
ကျယ်လောင်လှသော အသံတစ်ခုသည်အဓိက ရွက်သင်္ဘောဆီမှထွက်ပေါ်လာသည်။ “ဒီမှာရှိတဲ့လူအကုန်လုံးကို သုံးရက်တိတိ အချိန်ပေးမယ်။မင်းတို့ရဲ့ပိုင်ဆိုင်သမျှအရင်းအမြစ်တွေအားလုံးကို ….”
ဝှစ်ဝှစ်
ရုတ်တရက်ကောင်းကင်ယံထက်တွင်အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ အရာအားလုံး ပြန်လည်တည်ငြိမ်သွား ပြီးသည့်နောက်ကောင်းကင်ယံထက်တွင်တောင်ကြီးတစ်ခုကဲ့သို့မားမားမတ်မတ်ရပ်တည်လျက်ရှိနေသည့် ရွက်သင်္ဘောများ၏ ခန္ဓာကိုယ်တွင်အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက် ရွက်သင်္ဘောများသည်နှစ်ပိုင်းပြတ်သွား၏။
ကုကျောင်းရှစ်၏သေးငယ်သည့်မျက်လုံးများသည် ပြူးထွက်သွားခဲ့တော့၏။အဘယ်ကြောင့်ဆိုသော်သူ၏ မြင်ကွင်းထဲမှာတော့သူ၏အဖေသည်သစ်သားခုတ်သည့်ပုဆိန်ကြီးကို ကိုင်ကာဖြင့်လေထုထဲတွင်ရပ်လျက်ရှိ၏။ ပြီးနောက်အေးစက်စက်ပြောလိုက်သည်။ “ငါ့သား နိုးသွားလိမ့်မယ်”
“ဟဲလို… အားလုံးပဲ။ ငါ့နာမည်က ကုကျောင်းရှစ်ပါ။ ငါအကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာနိုင်တယ် ဆိုပေမဲ့ ဒီအချိန်မှာ ငါ ကြောက်စရာအကောင်းဆုံးအခြေအနေတစ်ခုကို မြင်နေရတယ်”
အဘယ်ကြောင့်ဆိုသော်သူ့အား အလွန်အမင်းချစ်မြတ်နိုးပုံပေါ်သော သူ၏အဖေသည် ရိုးသားပြီး ဆင်းရဲလှသည့်ပုံပန်းသွင်ပြင်မျိုးရှိ၏။ သို့ပေမဲ့တကယ်တမ်းမှာတော့ကြောက်မက်ဖွယ်ကောင်းလှသည့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေခဲ့သည်။ ပြန်လည်မွေးဖွားနိုင်ခြင်းသည်စွမ်းအင်တစ်ခုဆိုလျှင်ဤတစ်ကြိမ်တွင်သူသည်မှန်ကန်စွာဖြင့် ပြန်လည်မွေးဖွားနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။