← Chapters

အခန်း ၁၅၄၂

Vol. 104 Ch. 1542

အခန်း ၁၅၄၂

Vol. 104 Ch. 1542

အပိုင်း (၁၅၄၂)

ယခုမှပြန်လည်မွေးဖွားလာခဲ့သော ကုကုန်းဝသည်သူ၏ အဖေတစ်ယောက်သစ်ခုတ်သည့်ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့်များပြားပြီး ကြီးမားလွန်းလှသည့် ရွက်သင်္ဘောများကို ခုတ်ပိုင်းလိုက်သည့်မြင်ကွင်းအား ဘယ်တော့မှမေ့လျော့လိမ့်မည်မဟုတ်ချေ။

ထို့အပြင်သူ၏ အမေသည်သူ့ကို ပွေ့ချီထားရင်းကနေ ရုတ်တရက် လေထဲသို့ခုန်ကာဖြင့်သူ၏ အဖေကို အနောက်မှပိတ်ကန်လိုက်သည့် မြင်ကွင်းကိုလည်း မြင်လိုက်ရ၏။

သူ၏ အမေက ပြောလိုက်သည်။ “ရှင်ဒီထက်ပိုပြီးတော့ ကြင်ကြင်နာနာ ညင်ညင်သာသာလေးလုပ်လို့မရဘူးလား။ အခု ရှင့်ကြောင့် ကျွန်မ သား နိုးသွားပြီ။”

ဟုတ်ပေသည်။သူ၏ အမေသည်လည်း သာမန်လူတစ်ယောက်မဟုတ်ခဲ့ချေ။

“မိန်းမ”

ဖေဖေကုသည်မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်အနည်းငယ်စိုးရွံ့စွာဖြင့်ပြောလိုက်၏။ “မီးနေသည်တွေက သိုင်းပညာကို ထုတ်မသုံးတာ ကောင်းလိမ့်မယ်။ဒါမှမဟုတ်ရင်မင်းရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်လေ။”

“ကျွန်မနေမကောင်းဘူးဆိုရင် ဒါရှင်လုပ်လို့ပဲ။” မေမေကုသည်မျက်လုံးများ ချာချာလည်သွား၏။ ပြီးသည့်နောက်မှာတော့မြေပြင်ပေါ်သို့အသာခုန်ဆင်းကာဖြင့် ကြင်နာလှသည့်အပြုံးတစ်ခုကို ပြုံးကာ သူမ၏ သားကို ကြည့်ရှုလျက်ရှိနေ၏။

“ဒီ မီးဖွားပြီးခါစ ဖြစ်တဲ့ မီးနေသည်ရောဂါဆိုတာက တော်တော်ကုရခက်တာပဲ။ ငါ့အနေနဲ့အရမ်းကို ဆန်းကြယ်လှတဲ့ဆေးပညာတွေကို တတ်ကျွမ်းတယ်ဆိုပေမဲ့ဒီအရာကို ကုသဖို့တော့မတတ်နိုင်ဘူး။” ဖေဖေကုသည်နာနာကျင်ကျင်မျက်နှာဖြင့်ပြောလိုက်သည်။

“ဘာ … ငါ့အဖေက ဆေးပညာကိုလည်း သိတယ်ဟုတ်လား။”

ဤရက်ပိုင်းအတွင်း ကုကျောင်းရှစ်သည်ဤစုံတွဲပြောဆိုနေသည့်စကားများကို ကြားရှိပြီးသည့်နောက်သူ၏ အဖေ သည်ကုထျန်းရှစ်ဖြစ်ပြီး သိုင်းပညာမှာ ခန့်မှန်း၍ မရသည့်အခြေအနေတစ်ခုကို ရောက်ရှိနေသည့်လူတစ်ယောက် ဖြစ်ကြောင်းကို သိရှိခဲ့ရ၏။

သူ၏ အမေမှာ ပိုမိုကာ အံ့အားသင့်စရာကောင်းလွန်းလှ၏။သူမ၏ နာမည်ပြောင်သည်နတ်မိမယ်ဖေးလင်းဟူ၍ ဖြစ်သည်။သူမ မည်မျှအားကောင်းလှသည်ဆိုသည်ကိုတော့ကုကျောင်းရှစ်မသိချေ။သို့ပေမဲ့သူ၏ အဖေသည်လျှင်သူ့အမေ၏ စကားကို နားထောင်ရသည်။

နှစ်ယောက်လုံးသည်ကျင့်ကြံခြင်းလောကမှာ အနားယူခဲ့သည့်လူများဖြစ်ပြီး ဤလူသူကင်းရှင်းလှသည့်တောတောင်ရွာလေးတစ်ခုထဲတွင်အေးအေးဆေးဆေးနှင့် နေထိုင်ခဲ့ကြ၏။မိသားစုတာဝန်များကိုပင်အေးအေးဆေးဆေးနှင့် လုပ်ဆောင်ကာ ပျော်မွေ့နေကြသည့်လူများပင် ဖြစ်၏။

သာမန်လူများသည်ကလေးမွေးဖွားရန်အတွက် ပြဿနာမရှိပေ။ သို့ပေမဲ့သိုင်းပညာနှင့်ပတ်သက်၍ မြင့်မားသည့်အဆင့်ကို ရောက်ရှိနေသည့်လူများအတွက် ကလေးတစ်ယောက်ရရှိရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှ၏။ နှစ်ပေါင်းသောင်းချီနေထိုင်ပြီး ၂ နှစ်ကို တစ်ခါကလေးတစ်ယောက်မွေးနေပြီဆိုလျှင် ဖြစ်ပေါ်လာရသည့်အကျိုးဆက်ကို ခန့်မှန်းကြည့်နိုင်ပေမည်။

ထို့ကြောင့်ပင်လျှင်ကောင်းကင်၏တာအိုသည်အရာရာအားလုံးကို ကန့်သတ်ထားခဲ့တော့၏။အဆုံးမဲ့သော သိုင်းပညာကို ပိုင်ဆိုင်ပြီး ရှည်လျားလှသည့်သက်တမ်းကို ပိုင်ဆိုင်သည့်သိုင်းကျင့်ကြံသူများအနေဖြင့်ကလေးမွေးဖွားရန်ဆိုသည်မှာ မလွယ်ကူလှချေ။အတိုချုပ်ပြောရမည်ဆိုလျှင်အဆင့်မြင့်တက်လာလေ၊ ကလေးရရှိနိုင်ရန်အခွင့်အရေးသည်ပိုမိုနည်းပါးလေဖြစ်၏။

ထိုက်ရွှမ်အဘိုးအိုနှင့် ကြီးမြတ်သူတုံးကုသည်အဘယ့်ကြောင့်တကိုယ်တည်းလူပျိုကြီးဖြစ်နေရသနည်း။

အဘယ့်ကြောင့်ဆိုသော်သူတို့အနေနှင့် တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်၍လက်ထပ်လိုက်မည်ဆိုလျှင်တောင်မှမိသားစုမျိုးဆက်ကို ချန်ထားနိုင်သည့်ကလေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ထိုသို့ဆိုလျှင်အဘယ့်ကြောင့်စိတ်ဒုက္ခခံ၍ မိန်းမယူနေရတော့မည်နည်း။

ကံကောင်းစွာဖြင့်ဖေဖေကုသည်ဆေးပညာအရာတွင်အမှန်ပင်တော်လွန်းလှ၏။အဆုံးစွန်သော ကြိုးစားမှုအောက်မှာတော့ သူသည် ကြီးရင့်လှသည့်အသက်အရွယ်အောက်တွင်ကလေးတစ်ယောက်ရရှိခဲ့တော့၏။

သူ၏ သား ရောက်ရှိလာခြင်းသည်သူတို့စုံတွဲအတွက်မျှော်လင့်ချက်ကြီးကြီးမားမားကို ဖြစ်စေခဲ့သည်။ သူတို့သည်ကလေးငယ်ကို ကောက်ချီလျှင်ပင် လက်များပြုတ်ထွက်သွားမည်ကို စိုးရိမ်မိသည်အထိ ချစ်မြတ်နိုးကြ၏။

“သား”

တစ်ရက်မှာတော့ဖေဖေကုသည်ပူလောင်လှသော နို့တစ်ခွက်ကို ယူဆောင်ကာဖြင့်ပြောလိုက်သည်။ “ဒါက နဂါးနို့ပဲ။ ဒါကို ရှာဖို့အတွက်နေ့ဝက်လောက် ကြိုးစားခဲ့ရတယ်။မင်း ဒါတွေအကုန်လုံးကို သောက်လိုက်တော့။”

ဂလု ဂလု ဂလု

ကုကုန်းဝသည် ပြန်လည်မွေးဖွားလာပြီး ရက်အနည်းငယ်သာ ရှိသေးသည်ဆိုသော်လည်း အမှန်ပင်နားလည်လှ၏။ ကြီးမားလှသည့်ခွက်ကြီးနှင့်တိုက်သည့် နို့များအားလုံးကို တစ်ခါတည်း မော့သောက်လိုက်၏။ သူ့အနေနှင့် စကားမပြောနိုင်ပေ။ သို့ပေမဲ့စိတ်ထဲမှာတော့တွေးလျက်ရှိနေ၏။ ဒါ တကယ်ကောင်းတယ်။ဘာတွေထူးခြားတဲ့နို့ပါလိမ့်။

ညရောက်ချိန်မှာတော့သူ၏ ခန္ဓာကိုယ်သည်အပူချိန် ၄၀ဒီဂရီဆဲလ်စီးယက်ဖြင့်အဖျားကြီးဖျားလေတော့သည်။

မေမေကုသည်ချက်ချင်းပဲ စိုးရွံ့သွားမိ၏။ ထို့ကြောင့်သူမသည်တုတ်တစ်ချောင်းကို ကောက်ယူကာဖြင့်ဖေဖေကုကို အပြင်းအထန်ရိုက်နှက်တော့၏။သူမသည်အော်ဟစ်နေမိ၏။ “ရှင့်ရဲ့သား အဆိပ်မိသွားတာလားမသိဘူး။ ရှင်ဘာတွေလုပ်နေတာလဲ။”

“မိန်းမ စိတ်မပူပါနဲ့။”

ဖေဖေကုသည်မြေပေါ်တွင်ဒူးထောက်ထိုင်ကာဖြင့်လေးလေးနက်နက်ပြောလိုက်သည်။ “ဒါက ခေါင်းကိုးလုံး ရေနဂါးကြီးရဲ့ နို့လေ။ ရိုးတွင်းချဉ်ဆီနဲ့အရိုးတွေအကုန်လုံးကို သန့်စင်နိုင်တဲ့အကျိုးကျေးဇူး ရှိတယ်။ ကုန်းဝရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့တိုးတက်လာလိမ့်မယ်။”

ခစ်ခစ်ခစ်ခစ်ခစ်

ထိုအချိန်မှာပဲ ကုကျောင်းရှစ်က ရယ်မောလိုက်မိ၏။ အမှန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင်ရှိနေသော မရီဒန်နှင့်အသွေးအသား၊ အရေပြားများ အားလုံးသည် ကြီးမားလှသည့်အပူချိန်၏အောက်တွင်သန့်စင်ခံလိုက်ရသလို ပိုမို မာကျောလာခဲ့၏။ထို့ကြောင့်သူသည်မည်သို့မှမထိန်းချုပ်နိုင်တော့ဘဲ ထကာ ရယ်မောမိတော့၏။

“ငါတို့သားက ရယ်နေတာပဲ။”

ကုလင်မယားတို့သည်ကလေးနားဆီသို့ရောက်ရှိလာခဲ့ပြီးသည့်နောက်ပျော်ရွှင်စွာဖြင့်ကြည့်ရှုလိုက်ကြသည်။

ဤရက်ပိုင်း အတွင်းတွင်ကုကုန်းဝ၏အဖေသည်ကုကုန်းဝအမေ၏ နှိပ်စက်ရိုက်နှက်ခြင်းကို ရံဖန်ရံခါဆိုသလို ခံနေရ၏။ အဘယ်ကြောင့်ဆိုသော်ကုကုန်းဝအား အမျိုးအစားစုံလင်လှသော ဆေးများတိုက်ကျွေးသောကြောင့်ပင်။

ဖေဖေကုသည်တောထဲသို့သွားရောက်ပြီး ပြန်လာသည့်အချိန်တွင်များပြားလွန်းလှသော ဆေးပင်များကို ယူဆောင်လာခဲ့၏။

“ယောကျ်ား ဒီလောက်ဆေးပင်တွေအများကြီးကို ဘာတွေပြင်ဆင်နေတာလဲ။”

“ငါတို့သားအတွက်ဆေးရည်စိမ်ဖို့လုပ်ပေးနေတာလေ။ ဒီလို မွေးကင်းစလေးက စပြီးတော့သာ သေသေချာချာ စိမ်သွားမယ်ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်က ပိုပြီးအားကောင်းလာလိမ့်မယ်။”

ထို့ကြောင့် ၆ရက်၊ ၇ရက်သားသာ ရှိနေသော ကုကျောင်းရှစ်သည် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်အတွက်နည်းလမ်းမျိုးစုံဖြင့်လေ့ကျင့်ပေးခြင်း၊ သန့်စင်ပေးခြင်းကို ခံနေရ၏။ ပြန်လည်မွေးဖွားလာခဲ့ပြီးသည့်နောက်သူ၏ သိုင်းပညာတိုးတက်မှုသည်လက်ရှိအခြေအနေ၌ အမြန်ဆုံးဟုပင်ဆိုရမည်ဖြစ်တော့၏။ဤကဲ့သို့သော အဖေတစ်ယောက်ရှိနေသည်အတွက်ကြောင့်မို့အနာဂတ်တွင်ပိုမိုအားကောင်းလာရန်အတွက်စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။

သို့ပေမဲ့ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာ ပြဿနာကြီးတစ်ခု တည်ရှိနေသည်ကို သူက သိရှိလိုက်မိ၏။ သူ့အနေနှင့် အထက်နယ်မြေတွင် ပြန်လည်မွေးဖွားလာခြင်း ဟုတ်ပုံမပေါ်ပေ။ တစ်ခြားသော လောကကမ္ဘာတစ်ခု ဆီသို့ရောက်ရှိနေခြင်းပင်ဖြစ်၏။

ဤအရာမှာ မဟုတ်သေးချေ။သူသည်အကြိမ်ပေါင်းများစွာ သေဆုံးပြီး အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားလာသည်ဆိုသော်လည်း အထက်နယ်မြေ၌သာလျှင် ပြန်လည်မွေးဖွားတတ်သည်။

ယခု အဘယ့်ကြောင့်ဤနေရာကို တည်နေရာပြောင်းလဲသွားရသနည်း။ ကုကျောင်းရှစ်အနေနှင့် အများကြီးတော့တွေးတောမနေခဲ့ချေ။အဘယ့်ကြောင့်ဆိုသော်ကောင်းမွန်သည့်မိသားစုတစ်ခုတွင် ပြန်လည်မွေးဖွားလာနိုင်ခဲ့ပြီး သူ၏ မိဘများသည်လည်း သူ့အား အလွန်အမင်း ချစ်မြတ်နိုး၏။ သူ၏ အနာဂတ်သည်တောက်ပလာမှာ သေချာ၏။

သို့ပေမဲ့ညရောက်သည်အထိ သူ့အား တွေးတောစေသည့်အရာတစ်ခုက တည်ရှိနေ၏။ ကုန်းရှန့်ဆိုသည်မှာ မည်သူ နည်း။ အဘယ့်ကြောင့်ဤနာမည်အား သူ ရုတ်တရက် စိတ်ထဲတွင်စဉ်းစားတွေးတောနေရသနည်း။

…

ပြိုင်စံရှားဂိုဏ်း

ကုကျောင်းရှစ်သေဆုံးပြီး ၇ ရက်မြောက်သည့်နေ့မှာတော့ ကြီးမားလွန်းလှသော အသုဘအခမ်းအနားကြီးကို ပြင်ဆင်ခဲ့၏။ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ကိုယ်စားပြုသည့်စွမ်းအားမြင့်ကျင့်ကြံသူများသည်ဦးခေါင်းကို ငုံ့ကာဖြင့်အသုဘအခမ်းအနားကို လာတက်ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲ ကုကျောင်းရှစ်ဟု ရေးသားထားခဲ့သော ဂူသင်္ချိုင်းကြီးရှေ့တွင်အားလုံးသည်ခေါင်းငုံ့ကာဖြင့်အရိုအသေပေးနေကြ၏။

လီထျန်းထျန်း သည်ထိုပုံကို အမိအရ ရိုက်ယူထားခဲ့သည်။

ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏လေးနက်မှုကို လာရောက်ကာ ပြသခဲ့ကြ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းအနေနှင့် များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို နာရေးအကူငွေအဖြစ်ရရှိခဲ့၏။

အသုဘအခမ်းအနားပြီးသွားပြီးသည့်နောက်များပြားလှသည့်အဖွဲ့အစည်းနှင့် ဂိုဏ်းကဏ္ဍ အသီးသီးတို့သည်ထွက်ခွာသွားခဲ့ကြ၏။ ကျွင်းချောင်ရှောင်းသည်အုတ်ဂူရှေ့တွင်ထိုင်ကာဖြင့်ဝိုင်တစ်ခွက်ကို အုတ်ဂူပေါ်သို့အသာလောင်းချနေ၏။ သူက တီးတိုးရေရွတ်လိုက်မိ၏။

“ညီငယ်လေး။ ဒီအချိန်မှာ မင်းက လောကကြီးအတွက်သေဆုံးခဲ့တာ။ တကယ့်ကို ကောင်းမွန်တဲ့အရာကြီးကို ပြုလုပ်ခဲ့တာပဲ။ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ကောင်းမွန်တဲ့မိသားစုတစ်ခုခုမှာ ပြန်လည်မွေးဖွားလာနိုင်စေဖို့ ငါမျှော်လင့်မိတယ်။”

သူသည်အဘယ့်ကြောင့်ဤသို့ပြောဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော်ကုကျောင်းရှစ်နှင့်အရက်သောက်ရင်း စကားပြောဆိုသည့်အချိန်တိုင်း ကုကျောင်းရှစ်သည် ပြန်လည်မွေးဖွားလာသည့်နောက်ပိုင်း ကောင်းမွန်သည့်မိသားစု တစ်ခုတွင်ဘယ်တုန်းကမှမမွေးဖွားခဲ့ဖူးကြောင်းကို သူ သိရှိသောကြောင့်ပင်။သေဖော်ရှင်ဖက်ညီအစ်ကို တစ်ယောက်ဖြစ်သည်မို့ ကျွင်းချောင်ရှောင်းအနေနှင့် သူ၏ ညီငယ်လေးသည်ကောင်းမွန်လှသည့်မိဘများနှင့် တွေ့ဆုံ နိုင်စေရန်အတွက် မျှော်လင့်နေမိသည်မှာ သဘာဝပင်ဖြစ်၏။

…

ကျွီ

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည်တံခါးကို တွန်းဖွင့်ကာဖြင့်အားအင်တက်ကြွစွာဖြင့်လှမ်းလျှောက်လာခဲ့၏။သူသည်အပြင်ဘက်တွင်ရှိနေသော လေကို အားရပါးရ ရှုရှိုက်လိုက်၏။ကုကျောင်းရှစ်၏သေဆုံးမှုသည်သူ့ကို အချိန်အတော်ကြာ စိတ်ထဲတွင်စနိုးစနောင့် ဖြစ်စေခဲ့၏။သို့ပေမဲ့အသက်ဆက်လက်ရှင်သန်ရမည်ဖြစ်သော ကြောင့်ဝမ်းနည်းပူဆွေးမနေသင့်တော့ချေ။အနာဂတ်ကို လှမ်းမျှော်ကာ ကြည့်ရှုရပေလိမ့်မည်။

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့စည်းချက်ကျလှသည့်ဂီတသံသည်ထွက်ပေါ်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည်အရှေ့မှဦးဆောင်ကာဖြင့်ကခုန်လျက်ရှိနေပြီး သူ၏ တပည့်များအားလုံးသည်လည်း အနောက်မှလိုက်ပါကာ ကခုန်ခဲ့ ကြ၏။တပည့်များအားလုံး၏ မျက်နှာပေါ်တွင်ဝမ်းနည်းဆွေးမြေ့မှုဆိုသည်မှာ မရှိတော့ချေ။

စနစ်က စောဒက တက်လိုက်၏။ “မသေဆုံးခင် ၇ရက်နဲ့သေဆုံးပြီး ၇ ရက်ကြား ကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလိုပဲလား။’

“ဟား ဟား ဟား ဟား”

မနက်ခင်းလေ့ကျင့်မှုများကို ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ရယ်သံသည်အဓိကဟောခန်းထဲမှထွက်ပေါ်လာခဲ့၏။ဝမ်းနည်းဆွေးနွေးမှုများကို ဖယ်ရှားပြီးသည့်နောက်မှာတော့သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်စွမ်းအင်များပြည့်နှက်လျက်ရှိနေသည်ကို သိရှိလိုက်ရ၏။ လက်ရှိအခြေအနေမှာတော့သူသည်အမြုတေပြောင်းလဲ ခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေ၏။ ထို့ကြောင့်သူ၏ ခံစားချက်များကို မည်သို့မျှမထိန်းချုပ်နိုင်ချေ။

အဆင့်တိုးတက်လာမှုသည်ဒုတိယအဆင့်သာဖြစ်၏။အကောင်းမွန်ဆုံးသောအရာသည်အထူးတာဝန် ၅ ၏ ပြည့်စုံမှုနှုန်း သည် ၆၀၀ရာခိုင်နှုန်း တည်ရှိသောကြောင့်ပင်။ထို့ကြောင့်ဂိုဏ်းစုဆောင်းမှတ် ၁၀သန်းကို ဆုလာဘ်အဖြစ်ရရှိခဲ့၏။အံ့အားသင့်စရာ ကောင်းလွန်းလှ၏။တာဝန်၏ဆုလာဘ်သည်ရက်ရောလွန်းလှချေ၏။ထို့အပြင်တာဝန်ပြည့်စုံမှုနှုန်း ၆၀၀ ရာခိုင်နှုန်းဖြစ်သောကြောင့်အထူးတာဝန်ပြည့်စုံမှုနှုန်းများထဲတွင်စံချိန်သစ်တင်နိုင်သော အရာပင် ဖြစ်သည်။

“နေအုံး။ ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၂၀၀၀ ကဘယ်က ရောက်လာတာလဲ။”

ကျွင်းချောင်ရှောင်းသည်စနစ်ကို ဖွင့်ကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ဂိုဏ်းဂုဏ်သိက္ခာအမှတ်သည် ၂၀၀၀အတိ ဖြစ်နေသည်ကို မြင်လိုက်ရ၏။ ယခင်တုန်းက ဆိုလျှင်သုညအဖြစ်သာ တည်ရှိ၏။

စနစ်က ပြောလိုက်သည်။ “ကုကျောင်းရှစ်က ကိုယ့်ကိုယ်ကို အသေခံပြီးတော့ ရွက်သင်္ဘောတွေကို ဖောက်ခွဲပစ်လိုက်တယ်။ဒါကြောင့်အထက်နယ်မြေတစ်ခုလုံးက အသိအမှတ်ပြုခဲ့တာပေါ့။ ပြိုင်စံရှားဂိုဏ်းအနေနဲ့လုံလောက်တဲ့ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေကို ရရှိတယ်ဆိုတာ သဘာဝပဲလေ။”

“ငါသိပြီ။”

ကျွင်းချောင်ရှောင်း၏ အမူအရာသည်ချက်ချင်းပဲ လေးနက်သွားခဲ့၏။ ပြီးနောက်သူက တွေးလိုက်၏။ ညီငယ်လေး။ မင်းက သေဆုံးပြီးတာတောင်မှဂိုဏ်းအပေါ်ကောင်းကျိုးပြုနေတာပါပဲလား။

သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ် ၁၀သန်းကို မည်သည့်နေရာတွင်သုံးရမည်နည်း။ ရိုးရှင်းလှပေသည်။တပည့်များ၏ စတိုးကို အဆင့်မြှင့်တင်ရန်ပင် ဖြစ်၏။ ကျွင်းချောင်ရှောင်းသည်အချိန်အတော်ကြာ တွေးတောလိုက်၏။ကံဆိုးစွာဖြင့်တစ်ခြားလုပ်စရာလည်း မရှိချေ။ထို့ကြောင့်တပည့်များ၏ စတိုးကိုသာ အဆင့်မြှင့်တင်ရန် ပြင်လိုက်တော့သည်။

“ဂိုဏ်းချုပ်”

အပြင်ဘက်မှာတော့ရှောင်ကျီက အော်ဟစ်လိုက်၏။ “ဂျူနီယာညီလေးတစ်ယောက်က တောင်ရဲ့အပြင်ဘက်မှာ လွန်းပျံရဲ့ အပိုင်းအစတွေကို ရှာတွေ့ထားတယ်။”

All Chapters