အခန်း ၁၅၄၃
Vol. 104 Ch. 1543
အပိုင်း (၁၅၄၃)
ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် သူတို့၏ ဂိုဏ်းတူဦးလေးသေဆုံးခြင်းအတွက် ဖြစ်ပေါ်ခဲ့သော ဝမ်းနည်းမှုများမှ လွတ်မြောက်လာပြီးနောက် တောင်၏ အပျက်အစီးများကို စတင်ကာ ရှင်းလင်းကြ၏။
ဒရုန်းအပျက်အစီးများသည် တောင်လိုပုံလျက်ရှိနေ၏။ ၎င်းတို့သည် သေချာ မရှင်းလင်းရသေးချေ။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် အမှိုက်ပုံကြီးကဲ့သို့ပင် ဖြစ်နေ၏။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည် တစ်တောင်လုံးကိုရှင်းလင်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
တကယ်တော့ သူ့အနေဖြင့် ဤကဲ့သို့ရှင်းလင်းရန် အမိန့်ပေးရခြင်းသည် ထိုက်ရွှမ်အဘိုးအိုနှင့် အချို့သောအရာများကို ပြန်လည်လေ့လာနိုင်မလားဟူ၍ မျှော်လင့်ချက်ကြောင့်ဖြစ်၏။ ကျင့်ကြံခြင်း လောကတွင် သိပ္ပံနည်းပညာဖြင့် အလုံးစုံဖန်တီးထားသော ပစ္စည်းဆိုသည်မှာ မရှိနိုင်ချေ။ ယခု ပေါ်ပေါက်လာသော ဒရုန်းများနှင့် လွန်းပျံ တိုက်လေယာဉ်များသည် အဆင့်မြင့်အစီအရင်များဖြင့် ဖန်တီးထားသောအရာများပင် ဖြစ်ပေလိမ့်မည်။
ရှာဖွေတွေ့ရှိခဲ့သော ဒရုန်းသည် အစီအရင်ဟောခန်းဆီသို့ ရောက်ရှိသွား၏။ ထင်မှတ်ထားသည့် အတိုင်းပင် ထိုက်ရွှမ်အဘိုးအိုနှင့် ကျန်းထယ်ကျွင်းတို့သည် ထိုထဲတွင် အဆင့်မြင့်အစီအရင်တစ်ခု သိုဝှက်ထားကြောင်း သိလိုက်ရ၏။ ထိုအရာသည် ကျွဲရိုင်းစက်ရုပ်၏ မောင်းနှင်သည့်သဘောနှင့်ပင် တူညီနေ၏။
"ဆရာကြီး"
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "ဒါကို ပြန်ဖြည်ပြီးတော့ လေ့လာလို့ရလား"
"ဒါက …"
ထိုက်ရွှမ်အဘိုးအိုသည် ခနတာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ "အချိန်တစ်ခုယူရမှာတော့ စိုးရိမ်မိတယ်"
ဤဒရုန်းသည် ပျက်ကျလာသောကြောင့် ပျက်စီးနေပြီဖြစ်၏။ အထဲတွင်ရှိနေသော အစီအရင်သည်လည်း တည်ရှိနေသည်ဆိုလျှင်တောင်မှ မူလအတိုင်း ရှိမနေနိုင်တော့ချေ။
"ရပါတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါက အချိန်တော့နည်းနည်းယူရမှာပေါ့"
နည်းပညာနှင့်ပတ်သက်သော ပညာရှင်တစ်ယောက်အနေဖြင့် တထိုင်တည်း ပြုလုပ်၍ရသည့် အရာမဟုတ်သည်ကိုလည်း သူကနားလည်မိသည်။
"ဟုတ်ပြီ"
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ "အရမ်း ရှာဖွေလို့မဘူးဆိုရင်တောင်မှ ဒါကိုမောင်းဖို့အတွက် ဘယ်လိုနည်းဥပဒေသတွေနဲ့ ထိန်းချုပ်ထားတယ်ဆိုတာ သိရင်ရပြီ"
ဒရုန်းများသည် မြန်ဆန်လွန်းလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်မဝင်စားချေ။ ကျွဲရိုင်းစက်ရုပ်များကဲ့သို့ တိုက်ခိုက်နိုင်မှု မမြင့်မားသောကြောင့်ပင်။
အကယ်၍ ထိုက်ရွှမ်အဘိုးအိုသည်သာ ဤဒရုန်းဖန်းတီးမှုကို အလုံးစုံကျွမ်းကျင်သွားသည်ဆိုပါက ကျွင်းချောင်ရှောင်း သည် များများစားစား ထုတ်လုပ်ရန်အစီအစဉ်မရှိချေ။ သူ့အနေဖြင့်စက်ရုပ်များကိုသာ ပို၍ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်အောင် ပြုလုပ်ပေလိမ့်မည်။
ထိုကြောင့် တစ်ဖက်အစီအရင်ဆီမှ ဘာမှမရနိုင်ဟူသည့် အကြောင်းပြချက်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိချေ။
……….
ပြိုင်စံရှားဂိုဏ်းသည် တိုက်ပွဲတည်နေရာကြီးကို ရှင်းလင်းလျက်ရှိ၏။ ထို့အတူ အထက်နယ်မြေမှ သိုင်းကျင့်ကြံသူများသည်လည်း ထိုအတိုင်းပင် ဖြစ်၏။ ရွက်သအေချိန်ခဏတာဖြစ်၏။ သို့ပေမဲ့ တော်တော်များများ တိုက်ခိုက်ခံရပြီး စိတ်ဝိညာဉ်မိုင်းတွင်း တော်တော်များများသည် တူးထုတ်ခံရ၏။
မြေပြင်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည်လည်း ပျက်စီးကုန်၏။ ယေဘုယအားဖြင့် များပြားလှသော ကျင့်ကြံသူများ၏ ကာကွယ်မှုအောက်မှာတော့ ဒရုန်းများကို အောင်အောင်မြင်မြင်နှင့် ဖျက်စီးနိုင်ခဲ့သော်လည်း ပေးဆပ်ရသည့် တန်ဖိုးမှာ ကြီးမားလွန်းလှသည်။
အစစ်အမှန်ရှာဖွေခြင်းအဆင့် နှင့် အမြူတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ရာကျော်တို့သည် ထိုကဲ့သို့သော ကျူးကျော်မှုကို ခုခံရင်း အသက်ပေးလှူသွားခဲ့ရ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် စစ်သင်္ဘောကြီးကိုးခုကို ဖောက်ခွဲခြင်းသာ မပြုလုပ်လိုက်ပါက တစ်ဖက်စောင်းနင်းတိုက်ခိုက်မှုကို ခံရပြီး အထက်နယ်မြေတစ်ခုလုံး ပျက်စီးသွားမှာသေချာ၏။
ထိုအရာသည် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ အကူအညီတောင်းခံမှုကို ကျေးဇူးတင်ရပေမည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းကို တိုက်ခိုက်ရန်အတွက် ဂိုဏ်းအသီးသီးကို ဆင့်ခေါ်ခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော ဆင့်ခေါ်မှုသည် ပြိုင်စံရှားဂိုဏ်းကို တိုက်ခိုက်ရန်မဟုတ်ဘဲ ကျူးကျော်လာသည့်သူများကို တိုက်ခိုက်ရန် ဖြစ်သွားသည်။
သို့ပေမဲ့ တကယ်တမ်း မည်သူ့ကို သေသေချာချာ ကျေးဇူးတင်ရမည်ကို စဉ်းစားရလျှင် လူတော်တော်များများ သည် ကျွင်းချောင်ရှောင်းနှင့် ကုကျောင်းရှစ်ကိုသာ တွေးတောမိကြ၏။
အချက်အလက်အားဖြင့် ပထမဆုံး ကျေးဇူးတင်သင့်သူသည် နတ်ဆိုးအင်ပါယာပင် ဖြစ်၏။ ၎င်းအနေဖြင့် ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ဝေခြင်းကိုသာ မပြုလုပ်လိုက်ပါက အင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ စွမ်းအားမြင့် ကျင့်ကြံသူများနှင့် မွန်းစတားကလန်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူတို့သည်လည်း အင်မော်တယ်တောင်ဆီသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နတ်ဆိုးဘိုးဘေးအနေဖြင့် ပြိုင်စံရှားဂိုဏ်း အား ပျက်စီးအောင် ရည်ရွယ်လိုက်ခြင်းသည် အထက်နယ်မြေတစ်ခုလုံးကို ကယ်တင်လိုက်ခြင်း ပင် ဖြစ်၍သွားခဲ့သည်။
ဤကဲ့သို့သော ဆိုးဝါးလှသည့် လူတစ်ယောက်အနေဖြင့် ကောင်းမွန်သည့်အရာကို ပြုလုပ်ခဲ့သည့်အတွက် လူကောင်းဟု သတ်မှတ်နိုင်မည်လား။ ဟုတ်ပေသည်။ တစ်ဖက်လူများ၏ ကျူးကျော်မှုအကြောင်းကို သိရှိပြီးနောက် နတ်ဆိုးဘိုးဘေးကြီးသည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုမတတ်ပင် ဖြစ်မိနေ၏။ သူသည် သတင်းအချက်အလက်များ ဖြန့်ဝေခဲ့ခြင်းမှာ ပြိုင်စံရှားဂိုဏ်းအား သမိုင်းမှတ်တမ်းမှ ဖျောက်ပစ်ရန်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ထိုမိန်းကလေးအား သတ်ဖြတ်ရန်ဖြစ်သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေတစ်ခုလုံးက ချီးကျူးရသော အခြေအနေဆီသို့ တွန်းပို့ခဲ့သလို ဖြစ်ခဲ့၏။
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ "အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းနဲ့ အခြားကလန်အသီးသီးတို့က ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲသေဆုံးမှုအတွက် အသုဘ အခမ်းအနား သွားတက်ကြတယ်။ ကြည့်ရတာ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်ခင်ရင်းနှီးမှုယူနေကြပုံပဲ"
ဝေါ့
ထိုအချင်းအရာကို ကြားပြီးနောက် နတ်ဆိုးဘိုးဘေးသည် သွေးပင်အန်ထွက်သွားခဲ့၏။ တစ်ဖက်လူသည် အင်မော်တယ့်အဆင့်ဂိုဏ်းများနှင့် ပြဿနာမဖြစ်ခဲ့သည့်အပြင် မိတ်ဆွေများပင် ဖြစ်သွားခဲ့၏။ ထိုအရာကို သူလုံးဝလက်မခံနိုင်ချေ။
ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ်မှာတော့ ကျူးကျော်သူများကြောင့် အင်မော်တယ်အဆင့်ဂိုဏ်းများနှင့် အတူ ရပ်တည်ခဲ့၏။ သို့ပေမဲ့ သူ၏ တောင်အားဝိုင်းပတ်ကာ သူ၏တပည့်အားသတ်ရန် ကြံစည်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုံးဝခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အညိုးအတေးများကို သူ၏နှလုံးသားထဲတွင် စွဲမြဲစွာ ထားရှိထား၏။
………
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်ကာစဉ်းစားလျက်ရှိ၏။ အထူတာဝန်ရောက်ရှိလာခြင်းသည် သူ့အား များပြားလှသော ဆုလာဒ်များကို ရရှိရုံသာမက တန်ဖိုးရှိလှသော သတင်းအချက်အလက်များကိုလည်း ရရှိခဲ့၏။
ဥပမာအားဖြင့် ယခုရောက်ရှိလာသော စစ်သင်္ဘောဆယ်စင်းသည် ကြယ်တာရာ စိတ်ဝိညာဉ်ကမ္ဘာ မှဖြစ်ပြီး ဦးစီးလာသည့်သူသည် တတိယရေတပ်ချုပ်ပင်ဖြစ်၏။ ထိုသို့ဆိုလျှင် ပထမနှင့် ဒုတိယရေတပ်ချုပ်များလည်း တည်ရှိနိုင်ပေလိမ့်မည်။
"ဒီလူတွေက စကြာဝဠာဘုရင်တွေလိုပဲ တခြားဂြိုလ်အသီးသီးကို တိုက်ခိုက်လုယက်ပြီး အသက်ရှင်ရတဲ့သူ တွေပဲဖြစ်မယ်" စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါက တခြားသူတွေကို လုယက်ပြီး နေထိုင်ကြတဲ့ ဂြိုလ်ကြီး ဖြစ်ဖို့များတယ်။ သူတို့က အဆင့်မြင့်နည်းပညာတွေကို နားလည်တယ်။ စကြာဝဠာအနှံ့ကို လှည့်လည်ခရီးသွားနိုင်ပြီး လုပ်ချင်တာလုပ်နိုင်တဲ့ ပုံစံမျိုးပဲ"
"ဒီလိုဆိုရင် …"
စနစ်က မေးမြန်လိုက်၏။ "သူတို့ပြန်လာနိုင်အုံးမလား"
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကိုပွတ်သပ်ကာပြောလိုက်သည်။ "ဒါက ငါစိတ်အပူရဆုံးကိစ္စပဲ"
တတိယရေတပ်ချုပ် ရောက်ရှိလာသည်ဆိုမှတော့ အကယ်၍ ကြယ်တာရာ စိတ်ဝိညာဉ်ကမ္ဘာသည် ထိုအချင်းအရာကို သိရှိသည်နှင့်တစ်ပြိုင်နှက် တခြားသော ရွက်သင်္ဘောများကိုလွှတ်ကာ လက်စားချေပေလိမ့်မည်။
"ချီးတဲ့မှ "
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ "ငါက အထက်နယ်မြေရဲ့ အုပ်စိုးသူတစ်ယောက်လည်းမဟုတ်ဘူးလေ။ ဘာလို့ဒီကိစ္စကို စိုးရိမ်နေရတာလဲ"
သူ့အနေဖြင့် ရွက်သေင်္ဘာကြီးကိုးခုကို ဖျက်စီးရန်အတွက် ဝိညာဉ်ချိန်ကိုက်ဗုံးကို အသုံးပြုခဲ့ရ၏။ ရန်သူသည် ပြန်လာနိုင်သည်ဆိုလျှင်တောင်မှ သူ့အနေဖြင့် ဘာမှလုပ်၍မရနိုင်ချေ။ ဤအရာကို စိတ်ပူရမည်မှာ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် အခြားသော စွမ်းအားမြင့်ကျင့်ကြံသူများပင် ဖြစ်သည်။
အမြူတေပြောင်းလဲခြင်းအဆင့်တွင် ရှိနေသောသူ့အေ"တပည့်"
ကြီးမြတ်သူတုံးကုသည် စားသောက်ခန်းသို့လျှောက်ဝင်လာ၏။ ပြီးသည့်နောက် ထမင်းကြော်တစ်ပန်းကန်ကို အလုအယက်စားသောက်ရင်း ပြောလိုက်၏။ "အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းဆီက သတင်းအချက်အလက်တစ်ခုကို ရရှိခဲ့တယ်။ လဝက်အတွင်းမှာ သူတို့က နတ်မြို့ကိုသွားပြီးတော့ ရွက်သင်္ဘောတွေ ကျူးကျော်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြလိမ့်မယ်"
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှုမရှိချေ။ ရွက်သင်္ဘောများကျူးကျော်လာမည့်ကိစ္စ မသိရှိဘူး ဆိုလျှင်တောင်မှ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းအနေဖြင့် ထိုအရာကို သေသေချာချာ ဆွေးနွေးပြုလုပ်မှာသေချာ၏။
"အဲအချိန်ရောက်ရင် ဆရာက မင်းကိုခေါ်သွားမယ်" ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။
"ကောင်းပါပြီ"
ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ခဲ့ချေ။ ထိုအပြင် ဤကဲ့သို့သော အဆင့်မြင့်ဂိုဏ်းများပြုလုပ်သည့်ပွဲသည် သူ့လိုသာမန်ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် တတ်ရောက်၍ရသည့်အရာမျိုး မဟုတ်ချေ။ အခွင့်အရေးရတုန်း တက်ရောက်မှ ဖြစ်ပေလိမ့်မည်။
"ဒါဆိုရင် နောက်တစ်ပတ်အတွင်း ငါ့ရဲ့အထူးလိုဏ်ဂူရှေ့မှာ ဆုံကြမယ်။ ဆရာအရင်သွားတော့မယ်"
ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ပြိုင်စံရှားဂိုဏ်းမှာ ထွက်ခွာသွားခဲ့ကြ၏။လီဖေး၊ထျန်းချီနှင့် အခြားသောသူများသည်လည်း ထွက်ခွာသွားခဲ့ကြ၏။ ဂိုဏ်း၌ ပြဿနာရှိနေသည့် အချိန်တွင် သူတို့သည် လာရောက်ခဲ့ကြ၏။
အန္တရာယ်များမရှိတော့သည့် အချိန်မှာတော့ သူတို့၏ မွန်းစတားကလန်အသီးသီးသို့ပြန်ကာ လေ့ကျင့်ခြင်းကို ပြုလုပ်ရပေလိမ့်မည်။
"သွားကြတော့"
ကျွင်းချောင်ရှောင်းက ဆော်သြလိုက်သည်။ "မသွားခင်မှာ ထမင်းကြော်တွေ ယူသွားကြအုံး"
လျိုဝမ်ရှစ်သည် ပြောလိုက်၏။ "ဂိုဏ်းချုပ် …. စီနီယာတုံးကုနဲ့ မာဆာတိုကီတာနိုတို့က မထွက်သွားခင်မှာ ထမင်းကြော်ပန်းကန်တွေအများကြီးကို သိုလှောင်လက်စွပ်ထဲ ထည့်ယူသွားပါတယ်။ ဒီတော့ အခြားသူတွေကိုပြင်ပေးဖို့ နောက်ကျနေပါပြီ"
"…...."
ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာလည်သွားမိ၏။ သူ၏ဆရာနှင့် မိတ်ဆွေတို့သည် ပြိုင်စံရှားဂိုဏ်းတွင် ရက်အနည်းငယ်နေထိုင်ပြီး အစားအသောက်များကို အလကားကုန်းဆင်းကြ၏။ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ ထမင်းကြော်ပန်းကန်များကိုပါ သိုလှောင်လက်စွပ်ထဲထည့်၍ သိမ်းယူ သွားသေး၏။
"ဂိုဏ်းချုပ်"
ကျွင်းချောင်ရှောင်းအနေဖြင့် သူ၏အိပ်ဆောင်ဆီသို့ ပြန်ရန်ပြင်လိုက်သည့်အချိန်မှာပဲ ကျန်းထယ်ကျွင်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရ၏။ "ရပြီ …. ဒီဒရုန်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိပြီ"
ဝှစ် ….
မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ အစီအရင်ခန်းမဆောင်၏ရှေ့တွင် ပြန်လည်ရောက်ရှိလာ၏။ လက်ရှိအချိန်မှာတော့ တင်းတင်းပိတ်ထားသည့် တံခါးသည် ပွင့်လျက်ရှိနေပြီး အထဲတွင် လူနှစ်ယောက်၊ သုံးယောက်လောက် ဝင်ထိုင်လို့ရသည့် နေရာမျိုး တည်ရှိနေ၏။ အထဲတွင် မောင်းနှင်သည့် လီဗာကဲ့သို့သော အရာမျိုးနှင့် အစီအရင်ကဲ့သို့သောအရာများအပြည့်ပင်။
ဒွီ ဒွီ ….။
အသံကြီးသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။
"ကောင်လေး "
ထိုက်ရွှမ်အဘိုးအိုသည် ပဲ့ကိုင်သည့် အရာကဲ့သို့သောနေရာမျိုးကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။ "ဒါကြီးက ဆက်တိုက်မြည်နေတာလေ။ ငါတောင်နားထောင်ရင်း ခေါင်းကိုက်လာပြီ"
ကျွင်းချောင်ရှောင်းသည် အထဲဆီသို့ သေသေချာချာကြည့်ရှုပြီးနောက် မျက်မှောင်ကုတ်မိလိုက်၏။ "ဒါက ကုန်းမြေတိုက်ကြီးလမ်းကြောင်းကို ဆက်သွယ်နိုင်တဲ့ ပစ္စည်းလိုအရာမျိုးပဲ ဖြစ်လိမ့်မယ်"
ဘန်း
ရုတ်တရက် သူသည် ကန္တာရလင်းယုန်ကို မြောက်ကိုင်ကာဖြင့် ထိုအရာကို သေနတ်ဖြင့် ပစ်ကာာ ဖျက်စီးပစ်လိုက်သည်။
ဒွီ ဒွီ
မီးခိုးများ ထွက်ပေါ်လာပြီးနောက် တတီတီ ြ"ဆရာကြီး"
ကျွင်းချောင်ရှောင်းသည် ခေါင်းလှည့်ကာ ဟန်ပါပါဖြင့် ပြောလိုက်သည်။ "အထဲမှာရှိတဲ့ အစီအရင်တွေကို သေသေချာချာလေ့လာလို့ရပါပြီ။ ခေါင်းမကိုက်တော့ပါဘူး"
"…...."
ထိုက်ရွှမ်အဘိုးအိုသည် ရုတ်တရက်ထဆဲလုမတတ်ပင် ဖြစ်သွားမိ၏။ "မင်းက ဒီပစ္စည်းကို ဖျက်ဆီးပြီးတော့မှ အထဲကဟာတွေကို ဘယ်လိုလေ့လာရတော့မှာလဲ။ သောက်ကျိုးနဲပါလား"
သို့ပေမဲ့ အထဲတွင်ရှိနေသော အရာများကို ကြည့်ရှုပြီးနောက် သူသည် ထိုအရာများကို အမှန်ပင် စိတ်ဝင်စားလျက်ရှိနေ၏။ တကယ်တမ်း ထိုအရာများကိုသာ လေ့လာရမည်ဆိုပါက သူ့အနေဖြင့် ထမင်းစားချိန်ကိုပင် မေ့လျော့နေပေလိမ့်မည်။