← Chapters

နတ်ဆိုးအရှင်သခင်အဆင့်အလွန်

Vol. 38 Ch. 585

နတ်ဆိုးအရှင်သခင်အဆင့်အလွန်

Vol. 38 Ch. 585

မြူနှင်း ‌ပျောက်ကွယ်သွားပြီးနောက် သြဇာယွမ်မြေဘုံတစ်ခုလုံး၏ အလင်းရောင် ကြီးကြီးမားမား မှိန်ပျသွားခဲ့သည်။ အစ်ဇဘယ်လာနှင့် ချန်လွေ့တို့က ခြေထောက်တွင် ထူးဆန်းသော လူးလွန့်မှုတစ်ခုကို ခံစားလိုက်ရပြီး ပန်းဥယျာဉ်ထဲမှ ရွှေ့ပြောင်း ခံလိုက်ရသည်။

မြေဒြပ်စင်ဘုရင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေပြင်ကို လက်သီးဖြင့် ထိုးလိူက်သည်။ မြောက်မြားလှစွာသော အဝါရောင်အလင်းများက သူထိုးလိုက်သော နေရာမှ ပေါက်ကွဲထွက်သွားပြီး အလင်းစက်များနှင့် ရောနှောသွားကာ ဇိုလာထံသို့ မရေမတွက်နိုင်သော ဥက္ကာပျံများသဖွယ် လှိမ့်သွားတော့သည်။ ၎င်းတို့ အနားမကပ် နိုင်ခင်မှာပင် ရောင်လျှံတစ်ခုဖြင့် ကာဆီးခြင်း ခံလိုက်ရကာ အလျင်အမြန် ပျော်ဝင်သွား၏။

သြဇာယွမ်ဘုံက ကျယ်ပြောပြီး မြန်ဆန်သောစွမ်းအားများ ပြည့်နှက်နေသည်။ မိုးရီ၏ ထူးဆန်းသော စည်းချက်တစ်ခုဖြင့် လက်သီးထိုးချက်များအောက်တွင် ဥက္ကာပျံတိုက်ခိုက်မှုများ ဆက်ဖြစ်လာပြီး ပိုပို၍ ပြင်းထန်လာခဲ့သည်။

ဇိုလာ၏ခန္ဓာကိုယ်မှ ရောင်လျှံက ဆက်လက်တုန်ခါနေပြီး တဖြည်းဖြည်း စတင်ကျုံ့လာသည်။

ချန်လွေ့ ထိတ်လန့်သွား၏။ ဇိုလာနှင့် မိုးရီတို့ မည်သည့်အတွက်ကြောင့် တိုက်ခိုက်ရကြောင်း သူ မသိပေ။ ထို့ပြင် မိုးရီက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ပြန်ရောက်ပြီးနောက် ဇိုလာကို ဖိနှိပ်နိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း မထင်ထားခဲ့ပေ။ သို့သော်လည်း ယခုတွင် ဇိုလာ အန္တရာယ်ကျရောက်နေပြီး အရေးတကြီး ဖြစ်နေပုံရသည်။ သူ၏မျက်နှာပေါ်၌ မျက်နှာဖုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။

ချန်လွေ့၏ပုံရိပ်က ပန်းဥယျာဉ်ထဲပ ချက်ချင်း ပေါ်ထွက်လာသည်။ မျက်နှာဖုံးက အင်အားကြီး ဝါးမျိုစွမ်းအားတစ်ခု လှိမ့်တက်လာပြီး ပန်းဥယျာဉ်တစ်ခုလုံးမှာ မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် စုပ်ယူလိုက်လေသည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအား၊ မှော်စွမ်းအားနှင့် ဝိညာဉ်တိုက်ခိုက်မှုများ အားလုံးကို ဝါးမျိုနိုင်သည့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ စွမ်းအားပင် ဖြစ်လေသည်။ ၎င်းသည် မှော်ပညာအတွက် ထိရောက်သော ဝိပါက်တစ်ခုပင် ဖြစ်၏။

သို့သော်လည်း သူ့အတွက် အံ့အားသင့်စရာပင် [ နတ်ဘုရားဝါးမျိုသူ ] စွမ်းအားကို အသုံးပြုပြီးသော်လည်း ဥက္ကာပျံနှင့် ရောင်စုံရောင်လျှံတို့ ပျောက်ကွယ်မသွားသေးပေ။ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုက ချန်လွေ့ကို ဝါးမျိုတော့မည်ကို မည်သည့်အခါ ဇိုလာနှင့် မိုးရီတို့က တစ်ချိန်တည်းမှာပင် ချန်လွေ့ကို သြဇာယွမ်ဘုံမှ အပြင်ထုတ်လိုက်ပြန်သည်။

“စိတ်မပူပါနဲ့။ သူတို့က သေတဲ့အထိ တိုက်နေကြတာ မဟုတ်လောက်ဘူး။” တိုက်ပွဲကို ကြည့်နေသော အစ်ဇဘယ်လာက ပြောသည်။ သူ၏စွမ်းအားက ချန်လွေ့လောက် မကောင်းသော်လည်း အတွေ့အကြုံ ပိုကြွယ်ဝပေသည်။ “ရှင်က အဆောင်ပစ္စည်း ၇မျိုးထဲက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကို အသုံးပြုခဲ့တာလား။ ကျွန်မက မှော်ပညာ မလေ့ကျင့်ပေမဲ့ သူတို့သုံးတာက သာမန် စိတ်ဝိညာဉ်စွမ်းအား၊ မှော်စွမ်းအား မဟုတ်တော့ဘဲနဲ့ အသန့်စင်ဆုံး ဒြပ်စင်စွမ်းအားတွေ ဆိုတာကို မြင်နိုင်တယ်။ အဲဒါကြောင့် နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးက အသုံးဝင်မှာ မဟုတ်ဘူး။”

ထိုလောကမှ သီဝရီမှာ ဒြပ်စင်များသည် ဒြပ်ထု၏ အခြေခံယူနစ်များ ဖြစ်၏။ ချန်လွေ့ ယခင်ဘဝမှ နားလည်ခဲ့သော အမှုန်များ ကဲ့သို့ပင်။ ခန္ဓာကိုယ် ဆိုသည်မှာ အမျိုးမျိုးသော ဒြပ်စင်အမျိုးမျိုး ပေါင်းစည်းထားခြင်းနှင့် ညီမျှပေသည်။ အလင်း၊ အမှောင်၊ မြေ၊ ရေ၊ မီး၊ လေ ဟူသော အခြေခံ မူလဒြပ်စင် (၆)မျိုး ရှိလေသည်။

မှော်ပညာ၏ နိယာမှာ ဒြပ်စင်များကို ထိန်းချုပ်ရန်အတွက် စိတ်ဝိညာဉ်စွမ်အားကို အသုံးပြုပြီး မှော်စွမ်းအားမှတစ်ဆင့် အမျိုးမျိုးသော တိုက်ခိုက်ရေးနည်းလမ်းများ အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။ အမှန်တကယ်၌ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုဖြစ်စေ၊ မှော်ပညာ တိုက်ခိုက်မှုဖြစ်စေ၊ နတ်ဆိုးဘုံ၌ အများက အသိအမှတ်ပြုထားသော ဒြပ်စင်တည်မြဲခြင်း နိယာမအရ မည်သည့်တိုက်ခိုက်မှုမျိုးမဆိုသည် ဒြပ်စင်များကို အသွင်တစ်ခုမှာ အခြားအသွင်၊ အရာဝတ္ထုတစ်ခုမှ အခြားတစ်ခုသို့ အသွင်ပြောင်းခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့လုပ်ငန်းစဉ်တွင် မူရင်းဒြပ်စင်များ ပြောင်းလဲသွားမည် မဟုတ်ပေ။

ထိုနိယာမအရ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏စွမ်းအားက စိတ်ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအားတို့ကို အတော်လေး ထိခိုက်မှုမရှိသော အခြားအသွင်တစ်ခုသို့ အသွင်ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။ သို့ရာတွင် ဇိုလာနှင့် မိုးရီတို့ အသုံးပြုသည့် အသန့်စင်ဆုံး ဇစ်မြစ်ဒြပ်စင်စွမ်းအားက စိတ်ဝိညာဉ်စွမ်းအားနှင့် မှော်စွမ်းအား အတိုင်းအတာကို ကျော်လွန်သွားပြီ ဖြစ်သည့်အတွက် တိုက်ခိုက်မှုများကို ချန်လွေ့ မဖယ်ရှားနိုင်တော့ပေ။

လက်ရှိတွင် ထိုကဲ့သို့ ဒြပ်စင်စွမ်းအားကို တိုက်ရိုက် အသုံးပြုနိုင်သော ဒြပ်စင်ဘုရင် ၆ပါးအပြင် ဇိုလာကဲ့သို့ ရှားပါးသော အထူးမှော်ပညာရှင်များလည်း ရှိသည်။

အစ်ဇဘယ်လာ၏စကားက ချန်လွေ့ကို ရှက်သွားစေခဲ့သည်။ ငါက မှော်ဒြပ်စင် မလေ့ကျင့်ပါဘူး။ ဘာလို့ ငါက မပြောနိုင်ရတာလဲ။ ဒါပေမဲ့ ဒါက အသည်းအသန် တိုက်ခိုက်နေတာမဟုတ်တော့ ငါ သိပ်ပြီး မစိုးရိမ်ဘူး။

ဥက္ကာပျံများ၏ တိုက်စစ်က တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး ဇိုလာအရှေ့မှ ရောင်လျှံက အကန့်အသတ်အထိ ဖိနှိပ်ခံနေရသည်။ ထို့နောက် အလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ အဝါ၊ အပြာ၊ အစိမ်း၊ အနီ၊ အမည်း၊ အဖြူတို့က ... ဇိုလာ၏ခေါင်းပေါ်၌ ၆ရောင် သက်တန့်အဖြစ် ပေါင်းစည်းသွားခဲ့သည်။ သူက ကောင်းကင်မှ ဥက္ကာပျံများ၏ ရိုက်ခတ်ခြင်းကို ခံရသော်လည်း မထိခိုက်နေပေ။

မိုးရီ တဖြည်းဖြည်း မတ်တပ်ရပ်လိုက်သည်။ ဥက္ကာပျံများ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ဇိုလာ၏ ခေါင်းပေါ်၌ ၆ရောင်သက်တန့်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွား၏။

“မင်းက ဒြပ်စင်နှလုံးသား မရှိဘဲနဲ့ ဇစ်မြစ်နဲ့ နီးစပ်တဲ့ သန့်စင်တဲ့ဒြပ်စင်စွမ်းအားကို အသက်သွင်းနိုင်တယ်။ နတ်မိမယ်နဂါးတွေက တကယ်ပဲ သဘာဝ ဒြပ်စင်ထိန်းချုပ်သူတွေ ဖြစ်လာဖို့ ထိုက်တန်ပါပေတယ်။” မိုးရီက ဇိုလာ၏သရုပ်ကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်ခဲ့သည်။ “ဒါပေမဲ့ မင်းက တကယ်ပဲ [ ဒြပ်စင်၆ခု ပိုင်နက် ] ကို လေ့ကျင့်ခဲ့တာလား။”

ဇိုလာက အသာလေး ပြန်ဖြေသည်။ “အင်း...”

“အဲဒါက တိုင်းပြည်တစ်ခု ဖြစ်တော့မှာလား။”

ဇိုလာက ခေါင်းညိတ်သည်။ “ဖြစ်လုနီးပါးပဲ။”

“မယုံနိုင်စရာ ပါရမီရှင်ပဲ။” မိုးရီ၏လေသံ လေးနက်သွား၏။ “ဒါပေမဲ့ မင်းက ဘယ်လမ်းစဉ်ကို လျှောက်နေလဲဆိုတာ သိလား။”

“အိုး...”

“ဒါက ဘယ်လောက် ခက်ခဲတာလဲဆိုတာ မင်း တကယ် နားလည်လား။”

“အင်း..”

မိုးရီက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူ၏လက်‌ချောင်းထိပ်၌ အလင်းရောင်ခြည်တစ်ခု လွင့်ပျံနေကာ အဝါဖျော့ဖျော့အရောင် တောက်နေ၏။ “ဒါဆိုရင်.. ဒါက မင်းအတွက် အကူအညီ ဖြစ်လောက်တယ်။”

“မြေအရင်းအမြစ်စွမ်းအား...” ဇိုလာက အဝါရောင်အလင်းကို ကြည့်နေရင်း သူ၏ ခရမ်း‌ရောင်မျက်လုံးထဲ၌ စိတ်အားတက်ကြွမှု အငွေ့အသက် ဖျပ်ခနဲ ပြေးသွား၏။ “ကျွန်မ ဘယ်လိုမျိုး ပေးဆပ်ရမလဲ။”

မိုးရီက ချန်လွေ့ကိုကြည့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ ထို့နောက် အဝါရောင် အလင်းက ဇိုလာထံ ပျံသန်းသွား၏။ “မြေအရင်းအမြစ်စွမ်းအားက အဖိုးတန်ပေမဲ့ ငါနဲ့ မြေဒြပ်စင်ကောင်တွေကို သူပေးခဲ့တာခဲ့ အကူအညီနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး။ မင်းက သူ့ရဲ့မိန်းမဆိုတော့ ‘ပေးဆပ်’ဖို့ဆိုတဲ့ စကားလုံးကို ပြောစရာ မလိုပါဘူး။”

“ကျေးဇူးပါပဲ။” ဇိုလာက အဝါရောင်အလင်းကို ယူလိုက်သည်။ သူ၏လက်ချောင်း တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ၎င်းက ပျောက်ကွယ်သွား၏။ ထို့နောက် သူက ထူးထူးဆန်းဆန်းပင် မိုးရီကို လေးလေးနက်နက်နှင့် ရိုးရိုးရှင်းရှင်း အရိုအသေ ပြုလိုက်သည်။

မိုးရီလည်း ပြန်တုံ့ပြန်လိုက်ပြီး ချန်လွေ့ကို ပြောသည်။ “မိတ်ဆွေ။ ရုတ်တရက်ကြီး ဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပေးပါ။”

ချန်လွေ့က မြေအရင်းအမြစ်စွမ်းအား ဆိုသည်ကို မသိသော်လည်း ဇိုလာ၏ အမူအရာကို ကြည့်ရလျှင် သူ့အတွက် အတော်လေး အဖိုးတန်သော ရတနာတစ်ခု ဖြစ်နိုင်ပေသည်။ မိုးရီ၏ ယခင်လှုပ်ရှားမှုများမှာ စေတနာဖြင့် စမ်းသပ်နေခြင်းသာ ဖြစ်၏။ ချန်လွေ့က ချက်ချင်းပင် ခေါင်းခါပြီး ပြောလိုက်သည်။ “ကျုပ်ရဲ့ အမြင်ညံ့ဖျင်းမှုအတွက် တောင်းပန်ရမှာပါ။ ဇိုလာနဲ့ အစ်ဇဘယ်လာကို ကိုယ်ကျိုးမကြည့်ဘဲ ကူညီပေးတဲ့အတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။”

“အားမနာပါနဲ့။” မိုးရီက ပြုံးလိုက်သည်။ မြေဒြပ်စင်ဘုရင်၏ အသွင်အပြင်များမှာ “ကျောက်တုံးများ” ဖြစ်သော်လည်း သာမန်မြေဒြပ်စင်ကောင်များ မယှဉ်နိုင်ဘဲ နူးညံ့ကာ ထင်ရှားလှသည်။ “မစ်-အစ်ဇဘယ်လာ။ စိတ်ကိုလျှော့ဖို့အတွက် သြဇာယွမ်ဘုံကို လာပေးပါ။ မိန်းကလေးမှ ဒီမှာ သုံးရက် အိပ်ရလိမ့်မယ်။ ပြီးရင်တော့ ဒီမှာ တစ်နေ့ကို သုံးနာရီ နေရမယ်။”

အစ်ဇဘယ်လာက မိုးရီ၏စကားအတိုင်း ပန်းဥယျာဉ်ထဲသို့ ဝင်သွားလိုက်သည်။ သူက များများစားစား မပြောဘဲ မိုးရီကို အရိုအသေပြုလိုက်သည်။ မိုးရီကလည်း ခေါင်းပြန်ညိတ်သည်။ ပန်းဥယျာဉ်အလင်းရှိ သြဇာယွမ်မြေမှ ဖြစ်ပေါ်လာသော သစ်ပင်ငယ်လေးက အရောင်စုံ တောက်ပလာတော့သည်။ အစ်ဇဘယ်လာက ချက်ချင်းပင် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ သူက မိုးရီရဲ့ ညွှန်ကြားချင်အတိုင်း ခုခံရန် စွမ်းအားကို မလည်ပတ်စေခဲ့ပေ။ ခဏအကြာ သူက မြေပြင်ပေါ် လဲကျကာ အိပ်ပျော်သွားတော့သည်။

“ချန်လွေ့။ နောက်သုံးရက်နေရင် တွေ့မယ်။”

ထိုသို့ပြောပြီးနောက် မိုးရီက သစ်ပင်အောက်တွင်ထိုင်ကာ မျက်လုံးမှိတ်လိုက်၏။ သစ်ပင်ငယ်လေးက သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် နည်းနည်းချင်း အညှောင့်ထွက်လာတော့သည်။ လုပ်ငန်းစဉ်မှာ အတော်လေး နှေးကွေးလှ၏။ ထို့နောက် အလွန်ကြီးမားသော ပိုးအိမ်တစ်ခု ကဲ့သို့ပင် အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်ကို ရောင်စုံအလင်းများဖြင့် ရစ်ပတ်လိုက်လေသည်။

အစ်ဇဘယ်လာ၏အန္တရာယ် လျော့ပါးသွားသည်နှင့် ချန်လွေ့က စိတ်အေးသွား၏။ သူက မိုးရီကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ဇိုလာနှင့်အတူ ပန်းဥယျာဉ်ထဲမှ ထွက်သွားလိုက်ကြသည်။

မြေအရင်းအမြစ်စွမ်းအားကို ရရှိပြီးနောက် ဇိုလာက အတော်လေး ခံစားချက် ပြင်းထန်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ ဟန်ဆောင်ငေးငိုင်သော “ဂုဏ်သတ္တိ”ကိုပင် ဖိနှိပ်၍ မရတော့ပေ။ ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “မြေအရင်းအမြစ်စွမ်းအားက ဘယ်လိုရတနာမျိုးလဲ။”

ထိုမေးခွန်းက ဇိုလာက ငေးငိုင်သွားစေသည်။ “ဘာပြောတာလဲ။”

“မိုးရီပြောတဲ့ မင်းရဲ့ ‘လမ်းစဉ်’က ဘာလဲ။”

“ဇိုလာ...” ချန်လွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။ “မင်းက ကိုယ့်ရဲ့စွမ်းအား နည်းပါးတာကို စက်ဆုပ်တာလား။ မင်း ကိုယ့်ကို အများကြီး ဖုံးကွယ်ထားတယ်ဆိုတာ ကိုယ်သိတယ်။”

ယောက်ျားဖြစ်သူ အမှန်တကယ် ဒေါသထွက်နေကြောင်း မြင်သည့်အခါ မစ်-နတ်မိမယ်နဂါးက နောက်ဆုံး၌ ဟန်ဆောင် ငေးမငိုင်နေတော့ပေ။ သူက ချန်လွေ့ကို ပွေ့ဖက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ “စိတ်မဆိုးပါနဲ့။ အဲလိုသဘောမျိုး မဟုတ်ပါဘူး။”

ချန်လွေ့က ဇိုလာကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “ဘာပြောတာလဲ။”

“ငါက နင် စိတ်အနှောင့်အယှက် ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ နင် နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းကို ရောက်ခဲ့အခါ အားလုံး ပြောပြမယ်လေ။”

“အိုး...”

“ဟွန့်....”

“အို့....” ချန်လွေ့က ဇိုလာ၏လှည့်ကွက်ကို သုံးမပြီးသေးခင်မှာပင် ပုခုံးကို အကိုက်ခံလိုက်ရသည်။ “မင်း ဘယ်တုန်းက ကိုက်တတ်သွားတာလဲ။”

“ဒီလိုလှည့်ကွက်မျိုးက မိန်းကလေးတစ်ယောက်အတွက် အလုပ်ဖြစ်တယ်လို့ အစ်ဇဘယ်လာ ငါ့ကို ပြောထားတယ်။” ထိုသို့ပြောနေသည့်အခါ ချန်လွေ့၏ ပုခုံးက နဂါးပါးစပ်အောက်မှ လွတ်မြောက်သွားခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ဇိုလာက သူ့လည်ပင်းကို ပြန်ကိုက်လိုက်ပြန်သည်။ ကံကောင်းစွာပင် အစွယ်များ၊ သွေးစုပ်ခြင်းများ ရှိမနေခဲ့ပေ။

ချန်လွေ့၏အမူအရာက အနည်းငယ် ခါးသက်သွား၏။ မစ်-လျို့ဝှက် ထောက်လှမ်းရေးက မောင်းမဆောင်ထဲ မဝင်ခင်မှာတောင် ပြဿနာ ရှာနေပြီ။ ဇာတ်လိုက်မင်းရဲ့သွေးက သလင်း‌ကျောက် မောင်းမဆောင်ကို အနီရောင် စွန်းသွားစေမှာ စိုးမိတယ်။

သို့သော်လည်း ဧကရီအရှင်မ၏ လေ့ကျင့်မှုအောက်တွင် ချန်လွေ့က ထိုလှည့်ကွက်ကို ရင်ဆိုင်ရာ၌ အတွေ့အကြုံအချို့ ရှိလာခဲ့သည်။ ၎င်းမှာ ပြန်ကိုက်ခြင်းပင်။

ခဏနမ်းရှိုက်ပြီးနောက် မစ်-နတ်မိမယ်နဂါး၏ ချန်လွေ့၏ ရင်ခွင်ထဲ၌ ပျော်ဝင်သွားတော့သည်။

“မင်းနဲ့မိုးရီ ပြောနေတဲ့စကားမှာ မင်းသွားရမယ့် လမ်း‌ကြောင်းက အတော်လေး ခက်ခဲတယ်လို့ ကြားခဲ့တယ်။ ကိုယ်က မင်းကို ကူညီချင်တာပါ။” ချန်လွေ့က မစ်-နတ်မိမယ်နဂါး၏ ချောမွေ့သောမျက်နှာကို ပွတ်သပ်လိုက်သည်။ “ဥပမာပြောရရင် ဒီနေ့ မင်းရခဲ့တဲ့ မြေအရင်းအမြစ် စွမ်းအားပေါ့။ မင်းက ဒြပ်စင်၈၏၆ခု ပိုင်နက်ကို လေ့ကျင့်နေတာလို့ မိုးရီ ပြောခဲ့တယ်။ ဒါဆို မင်းက ဒြပ်စင်၆ခုရဲ့ အရင်းအမြစ်စွမ်းအားကို လိုအပ်တာလား။”

“အရင်းအမြစ်စွမ်းအားက ငါ့ကို ဒြပ်စင်ဇစ်မြစ်တွေ နားလည် တတ်ကျွမ်းစေနိုင်မယ့် အမြန်ဆုံး နည်းလမ်းပဲ။ မဟုတ်ရင် နှစ်ထောင်သောင်းချီ ဒါမှမဟုတ် တစ်သက်လုံး အချိန်ပေးရနိုင်တယ်။”

“တိုင်းပြည်ဖြစ်တည်ခြင်းက ပိုင်နက်တိုင်းပြည်လား။ နတ်ဆိုးအရှင်သခင်အဆင့် အလွန်မှာ ဘာရှိတာလဲ။ ကိုယ့်ကို ယုံပါ။ ကျုပ်ရဲ့ လမ်းစဉ် သာမန်လူသားတွေ၊ နတ်ဆိုးတွေနဲ့ ကွဲပြားတယ်။ ဒါကို ကြိုသိရတာက ကိုယ့်အတွက် ပိုပြီးတော့ အကျိုးအမြတ် ရှိလောက်တယ်။”

ဇိုလာက ချန်လွေ့၏ ထူးခြားသော “ပါရမီ”နှင့် စွမ်းအားတိုးတက်နှုန်းကို တွေးလိုက်မိပြီး ခဏတိတ်ဆိတ်သွားကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးဘုံရှိ ယေဘုယျ ဗဟုသုတတွင် နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်ပါက နတ်ဆိုးဒိပ်အဆင့်ဟု သိကြသော နတ်ဘုရား-တစ်ပိုင်းအဆင့် ဖြစ်သော်လည်း အမှန်တကယ် အဆင့်ပိုင်းခြားမှုမှာ ထိုကဲ့သို့ မဟုတ်ပေ။

နတ်ဘုရား-တစ်ပိုင်းအဆင့်မှာ ယေဘုယျ အသုံးအနှုန်း တစ်ခုသာ ဖြစ်သည်။

တကယ့်နတ်ဘုရား-တစ်ပိုင်းအဆင့်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး တစ်ဆင့်ချင်းက ကြီးကြီးမားမား ခြားနားလှပေသည်။

ပထမအဆင့်မှာ ပိုင်နက်တိုင်းပြည် ဖြစ်တည်ခြင်း ဖြစ်သည်။ ၎င်းမှာ နတ်ဘုရား-တစ်ပိုင်းအဆင့်သို့ ဝင်ရောက်ရန် အနိမ့်ဆုံး သတ်မှတ်ချက်ပင်။ ထိုအဆင့်၌ ပိုင်နက်တိုင်းပြည်မှာ ရှေးပြေးပုံစံသာ ရှိနေသေးသည်။ နတ်ဆိုးဘုံက ၎င်းကို နတ်ဆိုးဒိပ်အဆင့်ဟုခေါ်ပြီး လူသားများက အထူးသူတော်စင်အဆင့်ဟု ခေါ်ကြသည်။

ဒုတိယအဆင့်မှာ ယုံကြည်သူများရှိသော ပြီးပြည့်စုံသည့် ပိုင်နက်တိုင်းပြည်တစ်ခု တည်ထောာင်ကာ [ ယုံကြည်မှုချပ်ကာ ] ပိုင်ဆိုင်ပြီး ယုံကြည်သူများကို ယုံကြည်မှု စွမ်းအားမှတစ်ဆင့် အစွမ်းတိုးပေးနိုင်ခြင်း ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသူများကို နတ်ဘုရား-တစ်ပိုင်းအဆင့်ဟု ခေါ်ကြသည်။

တတိယအဆင့်မှာ နတ်ဘုရားဘဝ ရှေးပြေးပုံစံ ဖွဲ့စည်းခြင်းဖြစ်ပြီး နတ်ဘုရား-တစ်ပိုင်း အဆင့်၏ အမြင့်ဆုံးအဆင့် ဖြစ်ကာ နတ်ဘုရားယောင်ဘဝဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုအဆင့်တွင် နတ်ဘုရားအဆင့် အစွန်အဖျားကို ထိကိုင်နိုင်ပြီ ဖြစ်သည်။ နတ်ဘုရား-အယောင်မှ တကယ့်နတ်ဘုရားဘဝသို့ ဆင့်ကဲပြောင်းလဲနိုင်ပြီး ပိုင်နက်တိုင်းပြည်ကို နတ်ဘုရားတိုင်းပြည်အဖြစ် ပြောင်းလဲပြီးနောက် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ပေသည်။

နတ်မိမယ်နဂါး မိသားစုက မှော်ပညာက ပါရမီထူးသော်လည်း အဆင့်မြင့်လာလေလေ အဆင့်တက်ရန် ခက်ခဲလာလေလေ ဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း တစ်ဆို့မှုများ ဖြစ်သည်။ နတ်မိမယ်နဂါး၏ သွေးမျိုးဆက်မှတ်ဉာဏ်ထဲ၌ ဒြပ်စင်ပိုင်နက်ဟုခေါ်သော အလွန်ခက်ခဲသည့် ပိုင်နက်တိုင်းပြည်နည်းလမ်းတစ်ခု ရှိနေခဲ့သည်။ ၎င်းက နတ်မိမယ်နဂါး၏ သွေးမျိုးဆက် စွမ်းအားကို အသုံးပြုကာ ဒြပ်စင်များကို “ယုံကြည်သူများ” အနေဖြင့် တည်ဆောက်သော ပိုင်နက်တိုင်းပြည်တစ်ခုနှင့် ညီမျှပေသည်။ ဒြပ်စင်များမှာ နေရာတိုင်းတွင် ရှိကြသည်။ ထိုကဲ့သို့ပိုင်နက်တိုင်းပြည်မျိုးမှာ အခြားပိုင်နက်တိုင်းပြည်ထက် များစွာ အစွမ်းထက်သော်လည်း အခက်ခဲဆုံး ဖြစ်သည်။ ဒြပ်စင်ဇစ်မြစ်များအပေါ် အလွန်အမင်း နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရန် လိုအပ်သည်။ နတ်မိမယ်နဂါးမိသားစု၌ပင် လက်တစ်ဆုပ်စာသာ အောင်မြင်ခဲ့သည်။

ဇိုလာက ဒြပ်စင်တစ်ခုတည်းကို မ‌ရွေးချယ်ခဲ့ဘဲ အဓိကဒြပ်စင်များ၏ ပြီးပြည့်စုံသော ဒြပ်စင်ကို ရွေးချယ်ခဲ့သည်။ အလင်းဒြပ်စင်မရှိသော နတ်ဆိုးဘုံ၌ သူနားလည်ခဲ့သော အလင်းဒြပ်စင်စွမ်းအားများမှာ သူ၏ ကြောက်မက်ဖွယ်ရာ မှော်ပါရမီကို အသုံးပြုကာ အခြားဒြင်စင်ငါးမျိုးမှ ရရှိထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် မြေဒြပ်စင်ဘုရင်က ဇိုလာက “မယုံနိုင်စရာ ပါရမီရှင်”ဟု ချီးမွမ်းခဲ့ခြင်းပင်။ [ ဒြပ်စင်၆ခု ပိုင်နက်တိုင်းပြည် ] ကို အစွမ်းအထက်ဆုံး ပိုင်နက်တိုင်းပြည်ဟု သတ်မှတ်၍ ရနိုင်သော်လည်း ခက်ခဲမှုမှာလည်း အကြီးမားဆုံး ဖြစ်သည်။ ဒြပ်စင်တစ်မျိုး ထပ်ပေါင်းထည့်တိုင်း လေ့ကျင့်ရေး အခက်အခဲနှင့် အန္တရာယ်များမှာလည်း အဆများစွာ တိုးလာပေမည်။

ဒြပ်စင်အရင်းအမြစ်စွမ်းအားမှာ မြေဒြပ်စင်ဘုရင်၏ ဇစ်မြစ်စွမ်းအား အရင်းအမြစ် ဖြစ်သည်။ ဇိုလာအတွက် ၎င်းသည် ဒြပ်စင်ပိုင်နက် အန္တရာယ်နှင့် သိမြင်မှုများကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်လေသည်။

ထိုကဲ့သို့ ကြီးမားလှသော စွမ်းအားကို ဇိုလာ ပိုင်ဆိုင်ရခြင်းမှာ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့၍သာ ဖြစ်သည်။ သူက အန္တရာယ်နှင့် အခက်အခဲများ မည်မျှ ရင်ဆိုင်ခဲ့ရသည်ကို မည်သူမှ မသိကြပေ။

“သဘောပေါက်ပြီ။” ချန်လွေ့ ပင့်သက်ရှိုက်ကာ ဇိုလာ၏နဖူးကို နမ်းရှိုက်လိုက်သည်။ သူက ဇိုလာအတွက် ကျန်ရှိသော ဒြပ်စင်အရင်းအမြစ် ရအောင် ကူညီပေးရန် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချခဲ့သည်။

All Chapters