အားနည်းချက်ပြသခြင်းနှင့် အပျက်အစီးများ
Vol. 38 Ch. 566
ရက်အနည်းငယ်ကြာပြီးနောက် နန်းတော်က ဒုတိယအကြိမ် အစည်းအဝေးကို ဆင့်ခေါ်ခဲ့သည်။
ယခုတစ်ခေါက် ရှီရာ၏ အကြံပြုချက်က လော့ဒ်ရာထူး စီစဉ်မှု အကြောင်း ဖြစ်သည်။ အမှောင်လတိုက်ပွဲက စုစုပေါင်း လော့ဒ်၁၂ယောက်ကို သေစေခဲ့သည်။ ဆက်ခံသူ၄ယောက်ကလွဲ၍ ကျန်နယ်မြေ ၈ခုမှာ ဆက်ခံသူ မရှိသည်ဖြစ်ရာ ယှဉ်ပြိုင်သူများကို ချက်ချင်းစီစဉ်ရန် လိုအပ်ပေသည်။
ရှီရာက လိပ်ပြာနီနယ်မြေနှင့် ငှက်တောင်ဖြူနယ်မြေတို့နဲ့ နီးကပ်နေသော နယ်မြေသေး၂ခုကို ထိုနယ်မြေကြီး၂ခုထဲ သွတ်သွင်းဖို့ အဆိုပြုလာသည်။ ဆုလာဒ်အနေနှင့် ဂျို့ရှ်အနား၌ နှစ်ပေါင်း များစွာ ပုန်းလျှိုးနေလာခဲ့ကာ အမှောင်လကို အထောက်အကူပြုခဲ့သော နောက်ကွယ်မှ သူရဲကောင်း ရွိုင့်စ်စ်ကို အလယ်အလတ်နယ်မြေ တစ်ခုချီးမြှင့်ရန်ဖြစ်သည်။ အကြီးအကဲမိသားစုများနှင့် တော်ဝင်မိသားစုများက ကျန်အလယ်အလတ်နယ်မြေ၂ခုနှင့် နယ်မြေ၄ခုအတွက် လော့ဒ်များကို ရွေးချယ်ကာ ဆုံးဖြတ်ကြရန်ဖြစ်သည်။
အန်ဂလေတို့လို အကြီးအကဲမိသားစုများက အကြံပြုချက်ကို ဆန့်ကျင်ဖက် သဘောထားပြကြသည်မှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ အဓိကနယ်မြေကြီး၄ခုမှာ အလွန်ကျယ်ပြန့်ရာ သူတို့အင်အားမှာလည်း ကြီးမားလှပေသည်။ အင်ပါယာ အဓွန့်ရှည်တည်မြဲဖို့ရာ သူတို့ကိုကြီးထွားခွင့်ပေးမည့်အစား တတ်နိုင်သမျှ အင်အားကို လျှော့ချလိုက်သင့်ပေသည်။ ပစ္စည်းဥစ္စာနှင့် ရတနာများမှာ ချီးမြှင့်၍ရပေသည်။ သို့သော် နယ်မြေကား ချီးမြှင့်လို့မရပေ။ ဤထင်မြင်ချက်မှာ အတော်လေး ကျိုးကြောင်းညီညွတ်ပေသည်။ ဤသည်မှာ အင်ပါယာ၏ကဏ္ဍအသီးသီးကလူများ၏ အမြင်ဖြစ်သည်။ သို့သော် အန်ဂလေအဆိုပြုသည့်အဓိကနယ်မြေ၄ခုတွင် အမှောင်လနှင့် ချော်ရည်ပြာနယ်မြေတို့ ပါဝင်လေသည်။ လွန်ခဲ့တဲ့အကြိမ်က ဒီနယ်မြေ၂ခုအတွက် ရှီရာ အဆိုပြုခဲ့သော ဆုလာဒ်များကို သူတို့က လျှို့ဝှက်စွာဆန့်ကျင်ခဲ့ကြသည်။ ထို့အပြင် အိုဆိုင်ဒန် ချန်ခဲ့သောရတနာများကို ချီးမြှင့်မည်ဆိုပါက ရှီရာက ထိုပစ္စည်းများအတွက် ပေးဆောင်ရမည့် သဘောမှာရှိပေသည်။ ဖြစ်ရပ်တစ်ခုလုံးကို ထိန်းသိမ်းစောင့်ရှောက် ပေးရခြင်း ဟူသော သိသာသောအကြောင်းပြချက်ကို သုံးလာသော အန်ဂလေ၏ နည်းလမ်းမှာ အတော်ဆရာ ကျပေသည်။ အုပ်ချုပ်သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အာဏာကို ဖြည်းဖြည်းချင်း အားယုတ်သွား စေဖို့ ဥပဒေကိုအပြည့်အဝ အသုံးချနေခဲ့သည်။ ရှီရာက ယခုတွင် အင်ပါယာ၏ ကဏ္ဍအသီးသီး ကိုအာရုံစိုက်လိုအပ်နေသည့် ဧကရီတစ်ပါး ဖြစ်နေခဲ့ချေပြီ။
ကိစ္စရပ်များကို သူ့ဆန္ဒအတိုင်းသာ လုပ်ဆောင်မည်ဟု တင်းခံနေပါက လေ့လာစောင့်ကြည့် နေသည့် အကြီးအကဲမိသားစုများနှင်တော်ဝင်မိသားစုများက သူတို့၏ဆုံးဖြတ်ချက်များကို ပြန်ချင့်ချိန်ကြပေလိမ့်မည်။ နောက်ရန်ဖက်များ ပေါ်လာနိုင်သည့်အတွက် သူ၏ဩဇာ ပိုလျော့လာနိုင်သည်။
ရှီရာက ဧကရီအသစ်ဖြစ်သည်မို့ အုတ်မြစ်ကမခိုင်သေးပေ။ တိုရိုမိသားစု၏ ထောက်ပံ့မှုဖြင့်ပင် သူက အားနည်းနေသေးပေသည်။ ယခုအခြေအနေမျိုးမှာ ရွေးချယ်စရာက အများကြီး မရှိပေ။ နောက်ဆုံးမှာတော့ နယ်မြေ၂ခုစီသို့ ချီးမြှင့်မယ့်ဆုလာဒ်က ပစ္စည်းဆုလာဒ် အဖြစ်သို့ ပြောင်းသွားပြီး နယ်မြေ၇ခု၏ လော့ဒ်များကိုလည်း အကြီးအကဲမိသားစုများနှင့် တော်ဝင်မိသားစုများထဲမှ ဆုံးဖြတ်မည်ဖြစ်သည်။ ရွိုင့်စ်က ရှီရာရဲ့အလျှော့မပေးမှုကြောင့် အသေးငယ်ဆုံး နယ်မြေ၏ ယှဥ်ပြိုင်သူအဖြစ်ရှိနေဆဲဖြစ်သည်။ ဤသည်မှာ အကြီးအကဲမိသားစုများက ဧကရီ အပေါ် လိုက်လျောမှုတစ်ခုသာဖြစ်သည်။
ရှီရာ့မျက်လုံးများမှာ သိပ်မပျော်ရွှင်သည်ကို လူတိုင်းမြင်နေကြသည်။ ၎င်းထက် အကူအညီမဲ့နေမှုကပို၏။ စုဝေးပွဲ ပြီးနောက်တွင် တိုရိုမိသားစုမှ ကိုဝင်က ပြီးခဲ့သော အကြီးအကဲစည်းဝေးပွဲမှ အခြေအနေကိုတင်ပြရန်ကျန်ခဲ့ပေသည်။
“ကြယ်ကြွေတမန်ဓားကြောင့် အားလုံးရဲ့ထောက်ခံချက်နဲ့အတူ အရှင်မ ထီးနန်းကို ရလာခဲ့ပေမဲ့ တော်ဝင်မိသားစုနဲ့ အကြီးအကဲမိသားစုတွေထဲမှာ အရှင်မရဲ့စွမ်းရည်ကို သံသယရှိနေတဲ့သူတွေ အများကြီးရှိနေဆဲပါပဲ။ အများစုက စောင့်ကြည့်နေကြတဲ့ အဆင့်မှာပါ။ ဆရာသခင်ဖွန်ဆက်က ယန္တရားအစည်းအရုံးကို ကိုပူးပေါင်းလာတာက ကောင်းတဲ့အရွေ့တစ်ခုပဲ။ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ အရှင်မကသာ မင်းသမီးကုန်ပစ္စည်းစတိုးကို သုံးချင်နေမယ်ဆိုရင် အခက်အခဲတွေဘဲ ကြုံလာနိုင်ပါတယ်။ မြို့တော်ရဲ့ စီးပွားရေးက တည်ငြိမ်ပါတယ်။အကျိုးအမြတ်ကို ခွဲဝေပေးရမှာကြောင့် မင်းသမီးကုန်ပစ္စည်းဆိုင်ကို ကန့်ကွက်ဖို့ အဲဒီမိသားစုတွေအကုန် ပူးပေါင်းသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျုပ် စိုးရိမ်တာက....”
ရှီရာခေါင်းညိတ်လိုက်သည်။
“ရှင်ဆိုလိုချင်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဆရာသခင်ဖွန်ဆက်နဲ့ မင်းသမီး လက်လီစတိုးဆိုင်မှာ တစ်ခြားရည်ရွယ်ချက်ရှိပြီးသားပါ။ အဲဒီလူတွေက ဖိနှိပ်တာဖြစ်ဖြစ် မောင်းထုတ်လိုက်တာဖြစ်ဖြစ် ပိတ်ချလိုက်တာဖြစ်ဖြစ် ကိစ္စမရှိဘူး။ လာမယ့် အစည်းအဝေးမှာ စီးပွားရေးဝန်ကြီး၊ စစ်ရေး ဝန်ကြီး နဲ့ လက်ဝဲလက်ယာဝန်ကြီးချုပ် တင်မြှောက်မယ့်ကိစ္စကို ဆွေးနွေးမှာပါ။ သေချာတာ ကတော့ သူတို့က နေရာ တစ်ခုလောက်ကိုလက်လျှော့ဖို့ အပြင်းအထန်ဆန့်ကျင် ကန့်ကွက် လိမ့်မယ်။ အဲဒီမှာ တိုရိုမိသားစုရဲ့ကန့်ကွက်တာက ကျွန်မရဲ့ကျရှုံးမှုကို ပိုပြီးအစစ်အမှန်နဲ့ တူစေလိမ့်မယ်။”
ကိုဝင် အံ့အားသင့်သွားပြီး အလျင်အမြန် တုံ့ပြန်သည်။ “အရှင်မက အားနည်းချက်ကို သိသာအောင်ပြချင်တာလား။ ဒီလိုလုပ်မယ်ဆို အရှင်မအနေနဲ့ အကျိုးအမြတ်ကို သေချာချင့်ချိန်မှပါ။ ကျုပ်စိုးရိမ်တာက အရှင်မရဲ့ ဂုဏ်ဩဇာ....“
“တိုရိုမိသားစုက ကျွန်မကိုထောက်ခံတဲ့ ပထမဆုံးအကြီးအကဲမိသားစုပါ။ နောင်တစ်ချိန်မှာ တိုရိုမိသားစုရဲ့ အတွေ့အကြုံနဲ့အင်အားက ကျွန်မအတွက် ယုံကြည်ရတဲ့လက်နက် တွေထဲက တစ်ခု ဖြစ်လာမှာပါ။ ကျွန်မက အရှင့်ရဲ့အကြံပေးချက်တွေ ပိုနားထောင်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိပတ်ဝန်းကျင်မှာ ကျွန်မအနေနဲ့ ထုတ်ပြောလို့မရတာတွေရှိတယ်။ ရှင့်အနေနဲ့ လုပ်လိုက်ဖို့ပဲ ရှိတယ်။နားလည်ပါရဲ့လား။”
ကိုဝင်အိုက ရှီရာ၏ သေချာနေသော မျက်လုံးတွေကိုကြည့်ပြီး စိတ်အေးသွားကာ အရိုအသေပေးလိုက်သည်။ “နားလည်ပါပြီ။”
မျှော်လင့်ထားသည့်အတိုင်းပင် နောက်အစည်းအဝေး၂ခုတွင်လည်း ရှီရာက ကန့်ကွက်မှုများ ကြုံခဲ့ရသည်။ ဆုံးဖြတ်ချက်ချရသော အပိုင်းမှာလည်း ပိုပြီးပြင်းထန်ပါးနပ်လာကြသည်။ အကြီးအကဲ မိသားစုများ၏ အကျိုးအမြတ်ကို အဖက်ဖက်က ထည့်သွင်းစဥ်းစားထားသည်။ အန်ဂလေနဲ့ အခြားသူများအတွက် ဤသည်မှာ ကောင်းသည့်အချက်ဖြစ်သည်။ မည်သို့ပင်ဆိုဆို ရှီရာသည် ဧကရီတစ်ပါးဖြစ်သည်။ အန်ဂလေ၏မူလ ရည်ရွယ်ချက်မှာ ရှီရာကို ဧကရီရာထူးမှ ဖြုတ်ချရန်မဟုတ်ဘဲ အကြီးအကဲမိသားစုများ၏ အာဏာကိုထိန်းထားရန်သာ ဖြစ်သောကြောင့် သူ့ဖက်ကလည်း သင့်တော်တဲ့နာခံမှုနဲ့ လိုက်လျောမှုကိုလဲ ပြသလာသည်။ ရွိုင့်စ်၏ခန့်အပ်မှုကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ထိုနယ်မြေငယ်ရဲ့ လော့ဒ်ဖြစ်လာခဲ့သည်။
ရွိက်ရရှိသောနယ်မြေမှာ အရိပ်စိမ်းဟုခေါ်ပြီး အန္တရာယ်ရှိသောမြေပြင်နဲ့ မဖြစ်ထွန်း သောမြေဆီလွှာများသာ ရှိသည်။ လိပ်ပြာနီနယ်မြေရဲ့မြောက်ဖက်မှာရှိပြီး အလတ်စား အငယ်စားနယ်မြေတော်တော်များများနှင့်လည်း ဆက်စပ်နေသည်။ ထိုနယ်မြေက အရေးကြီးသော ကြားခံနယ်ဖြစ်နေသော်လည်း ဖွံ့ဖြိုးမှုများမှာမူ ကန့်သတ်ခံထားရလေသည်။ သို့သော် ၎င်းသည် ရွိုင့်စ်ရဲ့ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်မှုကို မသက်ရောက်နိုင်ပေ။ မျိုးရိုးနာမည်ကို ပြန်ရရုံသာမက ယအခုအချိန်မှာ ခွန်ဒါမိသားစုရဲ့နာမည်က တစ်ဖန်ပြန်ထွန်းတောက်လာခဲ့လေပြီ။ ရွိက်သည် လော့ဒ်ဖြစ်လာရခြင်း၏ အကြောင်းအရင်းမှန်ကို သိသည်။ ရေကန်ပြာတွင် လက်နက်ချဖို့ ဆုံးဖြတ်ခဲ့တာအတွက် ကျေးဇူးတင်မိသည်။ ဒါဟ သူ့ဘဝရဲ့အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။ အစပိုင်းမှာ ရွိုင့်စ်နှင့်အားရက်သည် ဂျော့ရှ်ကိုဆန့်ကျင်တဲ့နေရာမှာ ချန်လွေ့အတွက် အရေးပါတဲ့နယ်ရုပ်များဖြစ်သည်။ ချန်လွေ့ရဲ့အင်အားကြီးထွားလာတာ အမှောင်လရဲ့စွမ်းရည် မြင့်လာတာနှင့်အမျှ သူနှင့်အားရက်မှာ သိပ်အရေးပါတော့ချေ။ သို့သော် ရှီရာ နန်းတက်ပြီးကတည်းက ချန်လွေ့သည် အသုံးမဝင်တော့သော သူရဲ့ငယ်သားများကို မမေ့ခဲ့ချေ။
ခွန်ဒါမိသားစုနာမည်ကို ပြန်ရရုံမက ပိုမိုတောက်ပလာခဲ့သည်။ ရွိင့်စ်သည် သခင်ဖြစ်သူ၏ စေတနာကို ပြန်ဆပ်ရန် အောင်မြင်မှုရအောင်ယူဖို့ တိတ်တဆိတ် ဆုံးဖြတ်ထားသည်။
မဒမ်-အသီနာ၏ ခွင့်ပြုချက်ဖြင့် ရွိင့်စ်သည် အမှောင်လမှ လိပ်ပြာနီနယ်မြေသို့ ပြန်လာခဲ့သည်။ ထို့နောက် ဇနီးဖြစ်သူ ဗာဆာရှာ၊ သူငယ်ချင်းဖြစ်သူ အရတ်စ်၊ လူယုံတစ်ချို့နဲ့ အရိပ်စိမ်း နယ်မြေ သို့ထွက်ခွာသွားသည်။
မြို့တော်ထဲတွင် ပြန်လည်ပြုပြင်မွမ်းမံနေသည့် မူလ စန္ဒာအေးတည်းခိုခန်း မှလွဲ၍ မင်းသမီးလက်လီစတိုးဆိုင်အသစ်၄ခုကို ဖွင့်လှစ်ခဲ့သည်။ သို့ရာတွင် အနီးနားရှိ ဆိုင်တော်တော်များများက မင်းသမီးလက်လီစတိုးဆိုင် နှင့် ဆင်တူသည့် ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပြီး သုံးစွဲသူများကို ဆွဲဆောင်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။ မင်းသမီးလက်လီစတိုး အရောင်းဆိုင်များသည် အချိန်အတော်ကြာ ခက်ခဲသောအခြေအနေ တွင်ရှိခဲ့ပြီး ၎င်းသည် မဆုံးနိုင်တော့ပေ။
အမှောင်လ၏ ပထမဆုံးမင်းသမီးလက်လီဆိုင် စဖွင့်လှစ်ခဲ့စဉ်က အသစ်အဆန်း ထုတ်ကုန်များကြောင့် လူအများ ရူးသွပ်ခဲ့ကြသည်။ ထို့နောက် မြန်မြန်ဆန်ဆန်ပင် တခြားကုန်သည်များရဲ့ ထိန်းချုပ်မှုအောက်မှာ အေးသွားလေသည်။
ယခုခေတ်၌ မင်းသမီးက တော်ဝင် ဧကရီ ဖြစ်လာကာ မင်းသမီးလက်လီဆိုင်များက ဧကရီကို အတိုင်းအတာတစ်ခုထိ ကိုယ်စားပြုလေသည်။ သို့သော် စီးပွားရေးတွင် အသိုင်းအဝိုင်းနှင့် စည်းမျဥ်းစည်းကမ်းများရှိလေသည်။ ဤအသိုင်းအဝိုင်း၏စည်းမျဥ်းမှာ ခွန်အားရှိခြင်းသာဖြစ်သည်။
ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘဲ ခြေကုပ်ရရန် ဧကရီရဲ့အာဏာအပေါ်သာမှီတည်နေပါက အကျိုးအမြတ်မှာ ယာယီသာ ဖြစ်လာပေလိမ့်မည်။ တာရှည်မခံနိုင်ပေ။ ရှီရာက ပို၍ပင် လူထုထောက်ခံမှုကို ဆုံးရှုံးနိုင်သည်။ အကျိုးအမြတ်က ဆုံးရှုံးမှုကို မကာမိနိုင်ချေ။
ဗိုလ်ချုပ်ကြီး ဂျော့ချ်၏ စစ်တပ်သည် မြို့တော်မှ ဆုတ်ခွာပြီး စောင့်ကြပ်ရန် မှော်ဆရာခံတပ်သို့ ပြန်သွားခဲ့သည်။ စီကာလီသည်လည်း စစ်တပ်၏ အစိတ်အပိုင်းတစ်ခုကို ရုပ်သိမ်းခဲ့သည်။ ဤလှုပ်ရှားမှုကြောင့် အန်ဂလေနှင့် အခြားသူများပိုမိုစိတ်ချစေသည်။ အခြေအနေကို ထိန်းထားနိုင်ပြီဟု ကောင်းကောင်း ခံစားခဲ့ရသည်။
ရှီရာနှင့် အကြီးအကဲ မိသားစုများကြား ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း ချန်လွေ့သည် မြို့တော်တွင် မနေဘဲ သူနဲ့တူသော အစောင့်တစ်ဦးကို ရှာဖွေ ကာ ရှီရာ၏ ဘေးတွင် ရံဖန်ရံခါ ပေါ်လာစေရန် မျက်နှာဖုံးနှင့် အင်္ကျီကို ဝတ်ဆင်ထားသည်။ ၎င်းမှာ မျက်နှာဖုံးစွပ်ထားသူ၏ အကျိုးကျေးဇူးပင်။ မည်သို့ပင်ဆိုစေကာမူ “အက်ဂ်ယော”၏ မျက်နှာအစစ်ကို မည်သူမှ မသိကြပေ။
ချန်လွေ့သည် ငှက်တောင်ဖြူနယ်မြေ သို့သွားခဲ့သည်။ သူသည် ယခင်တစ်ခေါက်က ယူဆောင်ရန် အချိန်မလုံလောက်သဖြင့် ပစ္စည်းကောင်းများ အများကြီးကျန်ခဲ့သေးသည်။ နောက်ဆုံးတွင် သူ အချိန်အားလပ်သွားသည်။ မယ်ဒူဆာ မျိုးနွယ်စုသည် ငှက်တောင်ဖြူမြို့တော် တွင် အသင့်စောင့်နေသည်။ “စီကာလီ”ကို ကိုင်တွယ်ရန် သူနှင့်အတူလိုက်ပါလာသော မီးအိမ်တစ္ဆေများသည် လို့ဘ်မိုင်းတွင်း၏ မြေအောက်အပျက်အစီးများဆီသို့ ပြန်သွားကြသည်။
ချန်လွေ့ သည် ဝိုင်ဗန်ကိုစီးပြီး လို့ဘ်မိုင်းတွင်းသို့ တိုက်ရိုက်ပျံသန်းခဲ့သည်။ သူ၏ ညွှန်ကြားချက်တွင် နောက်ဆုံး၌ စီကာလီသည် နတ်ဆိုးသားရဲပြဿနာများကြောင့် လို့ဘ်မိုင်းတွင်း တူးဖော်မှုကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ မီးအိမ်တစ္ဆေများအတွက် မိုင်းတွင်းဧရိယာကို ပိတ်ထားသည်။ ချန်လွေ့ သည် သူ့သွားရာလမ်းတွင် မည်သည့်အတားအဆီးမှ မတွေ့ခဲ့ရဘဲ လို့ဘ်မိုင်းတွင်း၏ မြေအောက် အပျက်အစီးများဆီသို့ တန်းတန်းမတ်မတ် ရောက် သွားခဲ့သည်။
ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ အပျက်အစီးများသည် အမှန်တကယ်ပင် ရွေ့လျားနိုင်သော စက်မှုရဲတိုက်ကြီး ဖြစ်သည်။ သူထွက်မသွားခင်ကနှင့် မတူဘဲ ပျက်စီးနေသော ရဲတိုက်၏ အစိတ်အပိုင်းများစွာကို တလက်လက် တောက်ပနေသော အလင်းရောင်များဖြင့် အတိုင်းအတာတစ်ခုအထိ ပြန်လည် ပြုပြင်ထားလေသည်။
“သခင်...” ဂျင်းနီ နှင့် ဂျင်းရှာ တို့သည် ချန်လွေ့အား အရိုအသေပေးရန် မီးအိမ်တစ္ဆေများကို ဦးဆောင်ခဲ့သည်။ ဂျင်းနီ သည် တစ်ချိန်က အပျက်အစီးများကို ဖွင့်နိုင်ရန် သူ့အသက်ကို သော့အနေနှင့် ပေးခဲ့သည်။ ချန်လွေ့သည် ဂျင်းနီ နှင့် အခြားသူများကို ရှင်ပြန်ထမြောက်စေသည့် အရှိန်အဝါသစ်သီးများစွာကို မထွက်ခွာမီတွင် ချန်ထားခဲ့သည်။ ထို့အပြင် ရှင်ပြန်ထမြောက်လာသော မီးအိမ်တစ္ဆေ ၂၀၀၀ကျော် ရှိနေသည်။ ဂျင်းနီနှင့် ဂျင်းရှာအပါအဝင် နတ်ဆိုးဧကရာဇ်အဆင့် ရွှေမျက်လုံးရှိသော မီးအိမ်တစ္ဆေ ၇၂ယောက်၊ နတ်ဆိုးဘုရင်အဆင့်နှင့် မဟာနတ်ဆိုးဘုရင် အဆင့်ရှိသော ငွေမျက်လုံးမီးအိမ်တစ္ဆေ အယောက် ၈၃၀နှင့် အမြင့်ဆင့် နတ်ဆိုးများ ဖြစ်ကြသော မျက်လုံးနက် မီးအိမ်တစ္ဆေ အယောက် ၁၃၀၀တို့ ဖြစ်သည်။
နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေများတွင် ပိုင်နက်စွမ်းအားမရှိသော်လည်း အလှမ်းဝေး စွမ်းအင်တိုက်ခိုက်မှုနှင့် ပိုင်နက်နှင့်ဆင်တူသော အထူး အားစက်ကွင်းတစ်ခု ရှိသည်။ ထိုအားစက်ကွင်းကိုလည်း ပေါင်းစပ်အသုံးပြုနိုင်သည်။ လူများလေလေ စွမ်းအားကြီးလေလေဖြစ်သည်။ ချန်လွေ့ သည် ၎င်းကို ပုံရိပ်ယောင်ထဲ တွင် မြင်ဖူးသည်။
စွမ်းအင်ရှားပါးမှုကြောင့် ဂျင်းနီ နှင့် အခြားသူများ မြွေသွေးသစ်သီးအတွက် မယ်ဒူဆာနှင့် ယှဉ်ပြိုင်သောအခါတွင် အနီးကပ်တိုက်ခိုက်ခြင်းနှင့် မှော်အတတ် ပညာများကိုသာ အသုံးပြုနိုင်ပြီး စွမ်းအင်သုံးရသည့် အထူးတိုက်ခိုက်မှုများကို အသုံးမပြုနိုင်ခဲ့ချေ။ ယခု ချန်လွေ့က ပေးလာသော ထိပ်တန်းစွမ်းအင်အမြုတေဖြင့် ၎င်းတို့သည် အပြင်းထန်ဆုံးစွမ်းအားကို အသုံးချနိုင်လာသည်။
ထိုသို့ များပြားလှသော မီးအိမ်တစ္ဆေများသည် အလွန်အားကောင်းသော အင်အားစုတစ်ခုဖြစ်သည်။ သာမန် နတ်ဆိုးအရှင်သခင်အဆင့်ကိုသတ်ရန် နတ်ဆိုးဧကရာဇ်အဆင့် မီးအိမ်တစ္ဆေ၇၀ကျော်ကို စေလွှတ်နိုင်သည်။ ထို့အပြင် ကြောက်မက်ဖွယ်ရာကောင်းသော သလင်းကျောက်သားရဲများ၊ စုစည်းရုပ်သေးများနှင့် ဧရာမ သလင်းကျောက်သားရဲကဲ့သို့ စစ်လက်နက်များကိုလည်း အပျက်အစီးထဲ၌ ရှိနေကြသည်။
သို့သော် အားလုံး အကြီးအကျယ် ပျက်စီးနေကြသည်။ သလင်းကျောက် သားရဲများနှင့် ဧရာမ သလင်းကျောက်သားရဲများသည် တကယ်တမ်းတွင် အသုံးမဝင်ပေ။ စွမ်းအင် ပြန်လည်ဖြည့်တင်းပြီးနောက် ပုံမှန်အတိုင်းအသုံးပြုနိုင်သည့် ပြီးပြည့်စုံသော စုစည်းရုပ်သေးများစွာရှိသည်။ မီးအိမ်တစ္ဆေများ၏ ဂုဏ်သတ္တိများမှာ ရုပ်သေးရုပ်များနှင့် မကိုက်ညီသောကြောင့် ထိန်းချုပ်သူအဖြစ် မလုပ်ဆောင်နိုင်ပေ။
ချန်လွေ့ က မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားမှ ဂျင်းနီကို မေးလိုက်သည်။ “ဒီသလင်းကျောက်သားရဲတွေနဲ့ စုစည်းရုပ်သေးရုပ်တွေကို မင်း ပြင်နိုင်လား။”
ဂျင်းနီက ခေါင်းခါလိုက်သည်။ “မီးအိမ်တစ္ဆေတွေက ဒီစွမ်းရည်မရှိဘူး၊ ကျွန်မတို့ရဲ့ မီးအိမ်နှလုံးသားက ပျက်စီးပြီး သေသွားရင်တောင် အဆင့်နှိမ့်ချပြီးတော့ ကိုယ့်ကိုကိုယ် ပြုပြင်လို့ မရဘူး။”
ချန်လွေ့က စိတ်မကောင်းသော ပုံစံ ပြသလိုက်သည်။ ထယ်တင်းနစ်ပဲ ဒါကို သုတေသန လုပ်နိုင်လောက်မယ်။ အကြီးတန်း မှင်စာစစ်သည်တွေကိုလည်း လက်ထောက် အနေနဲ့ လိုအပ်လောက်တယ်။
“သခင်၊ ဘာလို့ ဂရမ်လင် အစေခံတွေ မလုပ်တာလဲ။ ဧရာမ သလင်းကျောက်သားရဲတွေက ပိုပြီးတော့ဒုက္ခများနိုင်တယ်၊ ဒါပေမယ့် သလင်းကျောက် သားရဲတွေနဲ့ စုစည်းရုပ်သေးတွေ ပြုပြင်ဖို့က သူတို့အတွက် ပြဿနာမဟုတ်လောက်ဘူး။
ဂျင်းနီ၏ နောက်ဆက်တွဲစကားများက ချန်လွေ့၏ မျက်လုံးကို မျှော်လင့်ချက်ဖြင့် မီးတောက်စေသည်။ “ဂရမ်လင်ကျေးကျွန်တွေ ဟုတ်လား။”
“သခင်က ဒီအဖွဲ့အစည်းရဲ့ အမွေဆက်ခံသူလေ။ ဂရမလင်အစေခံတွေအကြောင်း မသိဘူးလား။” ဂျင်းနီက စူးစမ်းချင်စိတ်ဖြင့် ပြောလိုက်သည်။
ဝါးမျိုခဲ့ခြင်းကြောင့် ချန်လွေ့၏ မှတ်ဉာဏ်မှာ အတော်လေး မပြည့်စုံပေ။ ၎င်းကို ယခင်က သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ သူက စိတ်ကို ရွှေ့ပြောင်းလိုက်ပြီး မေးသည်။ “အမွေအနှစ်ဆက်ခံပြီးတော့ မြေအောက်မှာ အားကောင်းတဲ့ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကို ဂျင်းရှာ ဆီက မင်းကြားထားဖူးမှာပဲ။ နောက်ဆုံး သူ့ကိုငါ အနိုင်ယူခဲ့ပေမယ့် ဒီအတွက်ကြောင့် အမွေအနှစ်မှတ်ဉာဏ်လည်း ထိခိုက်သွားတယ်။ ငါအများကြီးမမှတ်မိတော့ဘူး။ အခု မင်းငါ့ကို ဂရမ်လင် အစေခံတွေအကြောင်း ပြောပြပါလား။”
ဂျင်းနီက မည်သည်ကိုမျှ သံသယမဝင်ဘဲ ရိုရိုသေသေနှင့် ပြန်ဖြေသည်။ “အဂ္ဂိရတ်ပညာ အဖွဲ့အစည်းမှာ ဧရာမသလင်းကျောက်သားရဲက ရဲတိုက်တစ်ခုလုံးကို အကာအကွယ်ပေးတဲ့အစောင့်အကြပ်ပဲ။ စုစည်းရုပ်သေးအဖွဲ့က စစ်လက်နက်နဲ့ ညီမျှတယ်။ လူတွေက သူတို့ကို ထိန်းချုပ်ပြီးတော့ ကိုယ်ပိုင်စွမ်းအားထက် သာလွန်တာကို ထုတ်နိုင်ကြတယ်။ ထိန်းချုပ်သူရဲ့ စိတ်ဝိညာဉ်စွမ်းအား အားကောင်းလေ၊ စစ်ရုပ်သေးရဲ့ စွမ်းအားက ကြီးမားလေပဲ။ သလင်းကျောက်သားရဲက သခင့်ရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးရတဲ့ အစောင့်အကြပ်ပါ။ ကျွန်မတို့ မီးအိမ်တစ္ဆေတွေက စစ်မြေပြင်မှာ မှော်ဆရာတွေပါ။ ကျွန်မတို့က တစ်ဘဝလုံး သခင့်ကို သစ္စာရှိတဲ့ အစေခံတွေပါ။ ဂရမ်လင် အစေခံတွေက တိုက်ခိုက်ရေးစွမ်းအားမရှိတဲ့ အနိမ့်ဆုံးကျေးကျွန်တွေဖြစ်ပြီးတော့ ရဲတိုက်၏ ကန့်သတ်နယ်မြေထဲက မထွက်ခွာနိုင်ပေမယ့် သူတို့မှာ ပြုပြင် ထုတ်လုပ်နိုင်သည့် အထူးစွမ်းရည်ရှိတယ်။ တကယ်လို့ ကျွန်မတို့ ဂရမ်လင် အစေခံတွေ များများဖန်တီးနိုင်ရင် သခင် ထောက်ပံ့ပေးထားတဲ့ စွမ်းရည်ကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင် သလင်းကျောက်သားရဲတင်မကဘဲ ရဲတိုက်တစ်ခုလုံးကို လည်ပတ်လာနိုင်ပါမယ်။”
ချန်လွေ့ အလွန်ပျော်သွားသည်။ ထို့နောက် စိတ်ရှုပ်ထွေးသွားပြန်၏။ “ဒါဆို ငါတို့ ဂရမ်လင်းအစေခံတွေကို ဘယ်လို လုပ်ကြမလဲ။”
“အခုက ရဲတိုက်ပိုင်နက်တစ်ခုလုံးကို ထိန်းချုပ်ဖို့နဲ့ မြို့တော်ရဲ့ ပင်မအသက် သလင်းကျောက်ကို နိုးထစေဖို့ အဆင့်မြင့်စွမ်းရည်အနှစ်တွေ လုံလောက်နေပါပြီ။ ဒါပြီးရင် စွမ်းရည်ထောက်ပံ့ပေးရုံနဲ့ ဂရမ်လင်အစေခံတွေများများ ဖန်တီးလို့ရပါပြီ။”
“ရဲတိုက်ပိုင်နက် ဟုတ်လား။”
“ရွေ့လျားရဲတိုက်ကြီးတစ်ခုလုံးက ပိုင်နက်တိုင်းပြည်တစ်ခုပါ။ ကျွန်မရဲ့ ရာထူးကြောင့် ဒီလောက်ပဲ သိတားပါတယ်။ ကျန်တာတွေကတော့ သခင့်ရဲ့ အမွေအနှစ် ဆက်ခံထားတဲ့ မှတ်ဉာဏ်တွေ အပေါ်မှာပဲ မူတည်တယ်။”
ပိုင်နက်တိုင်းပြည်တဲ့လား။ ထိုအသုံးအနှုန်းကို ချန်လွေ့ ကြားသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သေတန်ထံမှ ကြိမ်ဖန်များစွာ ကြားဖူးသည်။ ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့် နယ်ပယ်ကိုကျော်လွန်၍ လျှို့ဝှက်ဆန်းကြယ်သောနယ်ပယ် ဖြစ်ပုံရပြီး ၎င်းသည် [ နတ်ဘုရားတိုင်းပြည် ]၏ ရှေးပြေးပုံစံ ဖြစ်နိုင်ပေသည်။
ဂျင်းနီ၏ အဆိုအရ ထိုရွေ့လျားရဲတိုက်မှာ အမှန်တကယ် ပိုင်နက်တိုင်းပြည်တစ်ခု ဖြစ်ပုံရသည်။ ချန်လွေ့သည် စေတန်၏ ဆက်ခ်ရက်တောင်ကို တွေးတောရင်း ဖျပ်ခနဲ သဘောပေါက်သွားသည်။ “အမွေအနှစ်မှတ်ဉာဏ်”က ခန္ဓာကိုယ်ကို ဝင်စီးရန်အတွက် ဟန်ဆောင်မှုသက်သက်ဆိုရင် မီးအိမ်တစ္ဆေများက ၎င်းကို မသိလောက်ပေ။ ဝင်စီးခြင်း မအောင်မြင်ခဲ့သော နတ်ဘုရား-တစ်ပိုင်းစိတ်ဝိညာဉ်ကို နောက်ဆုံးတွင် ချန်လွေ့က ဝါးမျိုနိုင်ခဲ့သည်။ စွမ်းအား အများစုက [ ကြယ်ကူးပြောင်းခြင်း ] တွင် အခုထိတိုင်အောင် မခြေဖျက်နိုင်ဘဲ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ချန်လွေ့သည် အမွေဆက်ခံသူဘွဲ့နှင့် လုံးဝမထိုက်တန်ချေ။ ရဲတိုက်ကြီးတစ်ခုလုံး၏ ရန်သူဟုပင် သတ်မှတ်ခံရနိုင်သည်။ ရဲတိုက်တစ်ခုလုံးကို သူ အမှန်တကယ် ထိန်းချုပ်နိုင်မနိုင် တကယ်တမ်း မသေချာသေးပေ။ အန္တရာယ်ပင် ရှိလာနိုင်သည်။
ဂရမ်လင်အစေခံတွေ၊ သလင်းကျောက်သားရဲတွေ၊ စုစည်းရုပ်သေးရုပ်တွေ၊ ဧရာမသလင်းကျောက်သားရဲတွေ ... ပြီးတော့ ဒီလို ကြီးမားပြီးတော့ အားကောင်းတဲ့ ပိုင်နက်တိုင်းပြည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါစမ်းကြည့်ရမှာပဲ။
“ဂျင်းနီ။ အခု ငါ့ကို ပင်မအသက်သလင်းကျောက် နေရာဆီ ခေါ်သွားပေး။”
“ဟုတ်ကဲ့ပါ။ သခင်”
ဂျင်းနီက ချန်လွေ့ ကို နန်းတော်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် ပုံရိပ်ယောင်တွင် ချန်လွေ့ မြင်ခဲ့သည့် အဓိကမြို့နန်းတော်နှင့် အလွန်ဆင်တူသည်။ နန်းတော်ထဲသို့ လမ်းလျှောက်ပြီး ခရုပတ်လှေကားကို ဖြတ်ပြီးနောက် ဂျင်းနီသည် မြေအောက်ခန်းကျယ်ကြီး တစ်ခုရှေ့တွင် ရပ်လိုက်သည်။ “သခင်။ ပင်မအသက် သလင်းကျောက်ကို မဖွင့်ခင်၊ ကျွန်မ သခင့်ကို ဒီအထိပဲ ပို့ဆောင်ပေးနိုင်ပါတယ်။ အဓိကမြို့တော်ရဲ့ ပင်မထိန်းချုပ်ရေးက အတွင်းထဲမှာ ရှိပါတယ်။”
“ဒါဆို မင်းအရင်ဆင်းသွားလိုက်။” ချန်လွေ့ က ခေါင်းညိတ်လိုက်ပြီးနောက် ဂျင်းနီက ဦးညွှတ်ပြီး ဆင်းသွားလိုက်သည်။
ထိုအခန်းကျယ်ကြီးတွင် ပင်မတံခါး မရှိသော်လည်း အတွင်းဘက်မှ လျှို့ဝှက် ဆန်းကြယ်သော မီးမှိန်မှိန်လေး လင်းလက်နေသည်။ ချန်လွေ့ အသက်ပြင်းပြင်းရှူပြီး အထဲကို ဝင်သွားသည်။
အခန်းတံခါးဝသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းသော ခုခံတိုက်ခိုက်လိုစိတ်ရှိသည့် ပြင်းထန်သော ဝိညာဉ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ အပြောင်းအလဲတစ်ခု ဖြစ်လာလျှင် သူက ချက်ချင်းပင် အမြစ်ဖြတ်သုတ်သင် ခံရလိမ့်မည်။ ချန်လွေ့ တုံ့ဆိုင်းနေပြီး ရှေ့သို့ ဆက်သွားသည် ။
စိတ်ဝိညာဉ် မတည်ငြိမ်မှုများသည် ပို၍ပို၍ကြောက်စရာကောင်းလာပြီး ရှေ့သို့ ခြေတစ်လှမ်းချင်း တိုးတိုင်း ပိုပိုတိုးလာသည်။ S+ အဆင့် ဝိညာဉ်စွမ်းအင်ရှိသော ချန်လွေ့ပင်လျှင် သေမင်း၏ ချောက်ကမ်းပါးဆီသို့ ခြေတစ်လှမ်းတိုးလိုက်သကဲ့သို့ပင် သူ့ရင်တွင်း၌ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
ချန်လွေ့၏ အသိစိတ်သည် ဖိအားအောက်တွင် မှုန်ဝါးလာပြီး သူ၏အာရုံ ၅ ပါးက တဖြည်းဖြည်း အားနည်းလာသော်လည်း သူ့ခန္ဓာကိုယ်သည် ရှေ့သို့ ခိုင်မာစွာ ရွေ့လျားနေဆဲဖြစ်သည်။
ရှေ့တွင် အဘယ်အန္တရာယ်ရှိမည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်၊ မကြားနိုင်ပေ။ သို့သော် သူက ရှေ့ကို ဆက်သွားနေခဲ့သည်။
ရှေ့ဆက်သွားနေရင်း ချန်လွေ့က မကုန်ခမ်းနိုင်သော အတွေးများဖြင့် သူ့အား ဖုံးလွှမ်းနေပြီး ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။ စူပါစနစ်က ၎င်းကို အရှိန်အဝါအဖြစ်သို့ ဆက်တိုက် ပြောင်းလဲပေးနေသော်လည်း စိမ့်ဝင်မှု၏ အရှိန်နှင့် ပြင်းအားမှာ အလွန်ပြင်းထန်သည်။ ကူးပြောင်းခြင်း၏ အမြန်နှုန်းသည် စိမ့်ဝင်မှုအရှိန်ကို အမီမလိုက်နိုင်လုနီးပါးဖြစ်နေသည်။ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူ့ဝိညာဉ် တစ်ခုလုံး ပြိုလဲသွားနိုင်ပေသည်။
ဒါက နောက်ထပ် သောက်ဝိညာဉ်ဝင်စီးမှု တစ်ခုလား။ ချန်လွေ့က လှည့်စားခံနေရသလို ခံစားနေရပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်၌ [ ကြယ်ကူးပြောင်းခြင်း ] တွင် သိမ်းဆည်းထားသော ဝိညာဉ်စွမ်းအားများ မတည်မငြိမ် ဖြစ်လာသည်။ [ ကြယ်ကူးပြောင်းခြင်း ] ထဲရှိ စွမ်းအင်သည် ချန်လွေ့က စုပ်ယူခြင်း သို့မဟုတ် [ နှစ်သွယ်လေ့ကျင့်ရေး ] မှတစ်ဆင့် အခြားတစ်ယောက်ထံ ကူးပြောင်းပေးခြင်း မလုပ်လျှင် သူ့အလိုလို ကူးပြောင်းသွားမည်မဟုတ်ချေ။
[ ကြယ်ကူးပြောင်းခြင်း ] ရှိ စိတ်ဝိညာဉ်စွမ်းအားသည် ပြင်အသိစိတ်ကြောင့် အပြင်းအထန် မတည်မငြိမ် ဖြစ်လာသည်။ ချန်လွေ့က စိတ်ကို ရွှေ့ပြောင်းလိုက်သည်။ သူက စိတ်ဝိညာဉ်စွမ်းအားကို ထိုဝိညာဉ်စွမ်းအားထဲ စိမ့်ဝင်စေလိုက်သည်။ အကယ်၍ ၎င်းသည် “အမွေအနှစ်ဆက်ခံခြင်း” ကာလအတွင်းဖြစ်ခဲ့ပါက ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ သေချာသော်လည်း ထိုဝိညာဥ်စွမ်းအားများက ယခုတွင် သူနှင့် သက်ဆိုင်နေပြီ ဖြစ်သောကြောင့် ပြဿနာမရှိပေ။ ၎င်းသည် ရေခဲသေတ္တာထဲမှ အချိန်မရွေးစားလို့ရတဲ့ အစားအစာကို သိုလှောင်ထားသည်နှင့်ပင် တူလေသည်။
ချန်လွေ့၏ ဝိညာဉ်စွမ်းအားဖြင့် ရစ်ပတ်ထားသော နတ်ဘုရား-တစ်ပိုင်း ဝိညာဉ်စွမ်းအားက နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။ ပြင်ပမှ အားကောင်းသော အသိစိတ်၏ ဆွဲဆောင်မှုအောက်တွင် အဆက်မပြတ် လွင့်ထွက်လာနေသည်။ [ကြယ်ကူးပြောင်းခြင်း] ထဲတွင် သိမ်းဆည်း ထားသော ဝိညာဉ်စွမ်းအားသည် ကြီးမားသော်လည်း ပြင်းထန်သော အရှိန်အဟုန်ကြောင့် ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ ပြင်ပဆွဲအားက ချက်ချင်း အားနည်းသွားပြီး ထွက်လာသည့် ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်သို့ အံ့သြဖွယ်ရာပင် ပြန်လည်ရောက်ရှိလာသည်။ သူ့စိတ်ဝိဥာဉ်နဲ့ ရောနှောနေသည့် စိတ်ဝိညာဉ်အမှတ်အသား တစ်ခုနှင့်တူသော အပိုပစ္စည်းတစ်ခုလည်း ရှိနေခဲ့သည်။
ချန်လွေ့ မတုံ့ပြန်နိုင်ခင်မှာ တစ်ခန်းလုံး သိသိသာသာ တောက်ပနေပြီး လုံးဝကို ကွဲပြားသွားတော့သည်။
ကျယ်ဝန်းသော အခန်းကြီးတစ်ခုလုံးသည် အကန့်အသတ်မဲ့မြင်ရပြီး သီးခြား နေရာလွတ်တစ်ခုဟု ထင်ရသည်။ မြေကြီးမှာ အမည်မသိသတ္တု တစ်မျိုးဖြစ်ပြီး နေရာတိုင်းတွင် ထူးဆန်းသော အဆောက်အဦများရှိသည်။ အလယ်ဗဟိုတွင် မျက်နှာကျက်နှင့် မြေပြင်တွင် ချိတ်ထားသော ရွှေရောင်အဝိုင်း ၂ ခုကြားတွင် ဧရာမသလင်းကျောက်တစ်ခု လွင့်မျော နေသည်။ ထူးဆန်းသော သင်္ကေတမျိုးစုံ တလက်လက် တောက်နေပြီး ကောင်းကင်နှင့် မြေပြင်ကို ချိတ်ဆက်ထားပုံရသည်။
သလင်းကျောက်သည် ပျော့ပျောင်းသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်ပြီး နူးညံ့သော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။ “ဝိညာဉ်စွမ်းအားက ၁၀၀% အံဝင်ခွင်ကျဖြစ်ပါတယ်။ စိတ်ဝိညာဉ်အမှတ်အသားကို ထပ်ဖြည့်ပြီးပါပြီ။ ကြိုဆိုပါတယ် သခင်။”
ဒါက ဘာလို့ ကွန်ပျူတာ အသိဉာဏ်တုလိုမျိုး ဖြစ်နေတာလဲ။ ချန်လွေ့ ထိတ်လန့်သွားပြီး နောက်ထပ် လောကကူးပြောင်းကာ သိပ္ပံစိတ်ကူးယဉ်လောကသို့ ရောက်သွားသည်ဟု တွေးမိသွားလေသည်။