ဇိုလာ၏ဆုံးဖြတ်ချက်
Vol. 38 Ch. 569
မီးအိမ်တစ္ဆေများက နန်းတော်ထဲတွင် လျင်မြန်စွာ အခြေချနိုင်ခဲ့သည်။ ခါဂူလီ၏ အကူအညီဖြင့် သူတို့သည် နန်းတော်ပတ်ဝန်းကျင်နှင့် အစောင့်တာဝန်များကို လျင်မြန်စွာ ရင်းနှီးလာကြသည်။ အပေါ်ယံတွင် ခါဂူလီသည် နန်းတော် အစောင့်တပ်မှူးတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ အစောင့်အကြပ်အသစ်များ ထပ်တိုးလာပြီး အိုဆိုင်ဒန် လက်အောက်ရှိ မူလလူအင်အားအကုန်ကို လွှဲပြောင်းပေးကြောင်း မကောင်းသော ရည်ရွယ်ချက်ရှိသူအချို့ကပင် သိရှိခဲ့ကြသည်။ ထိုအစောင့်များ၏ စွမ်းအား အစစ်အမှန်ကိုမူ မည်သူမှ သေချာမသိကြပေ။
ချန်လွေ့သည် လျှို့ဝှက်ထောက်လှမ်းရေးဌာနမှ စီစဉ်ပေးသည့် အိမ်တော်တွင် ဆရာ ထယ်တင်းနစ် ကို တွေ့ရှိခဲ့သည်။ ချန်လွေ့ သည် တစ္ဆေသန္တာကျောက်နှင့် ကြယ်ပြာရေလေးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀က ဈေးကွက်တွင်ရှိနေဆဲဖြစ်သော အလွန်ရှားပါးသည့် ပစ္စည်းများဖြစ်ကြောင်း ထယ်တင်းနစ်မှ သိရခဲ့သော်လည်း ယခုအခါတွင် မတွေ့ရတော့ပေ။ ဒီပစ္စည်း၂မျိုးလုံးကို ပင်လယ်သေတွင်သာ ရှာတွေ့နိုင်သည်။ အကန့်အသတ်မရှိ လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်သေသည် ကြယ်ကြွေတမန်အင်ပါယာ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ လက်တစ်ဆုပ်စာ လောက်ကသာ ထိုနေရာမှ အသက်ရှင်လျက် ပြန်လာနိုင်သည်။ ၎င်းသည် နတ်ဆိုးဘုံတွင် အလွန်ဆိုးရွားသောနယ်မြေဖြစ်သည်။
ချန်လွေ့ သည် ရှီလန်တောင် မြေအောက်ကမ္ဘာရှိ မြေဒြပ်စင်ဘုရင် မိုးရီအကြောင်း တွေးမိလိုက်သည်။ မိုးရီသည် သြဇာယွမ်မြေ၏ စွမ်းအားကို စုပ်ယူပြီးနောက် ပင်လယ်သေသို့ သွားမည်ဖြစ်သည်။ အခု သူနှင့်အတူ ခရီးသွားရတော့ပေမည်။
ယခုတစ်ခေါက်တွင် ချန်လွေ့သည် ကြယ်မြို့တော်မှ ထယ်တင်းနစ်၏ စိတ်ဝင်စားနိုင်သည့် တစ်စုံတစ်ရာကို ယူဆောင်လာခဲ့သည်။ မျိုးတုံးပျောက်ကွယ် သွားသော အလင်းရောင်စု အင်းဆက်မှ ပြုလုပ်ထားသည့် မှော်မီးအိမ်သည် အဘိုးအိုအား စွဲလမ်းစေသည်။ ချန်လွေ့သည် ထယ်တင်းနစ်ကို ရုပ်သေးရုပ်၂ရုပ် ကို ပေးခဲ့ပြီး တစ်ခုမှာ ပျက်စီးနေကာ ကျန်တစ်ရုပ်က အကောင်းအတိုင်းရှိသေးသည်။ သာမာန်နတ်ဆိုးများက ထိုအစွမ်းထက်သော တိုက်ပွဲစက်ရုပ်များကို ထိန်းချုပ်နိုင်မနိုင် သူ သိချင်နေခဲ့သည်။
ရှီရာ၏ “အပေးအယူ” ကြောင့် မြို့တော်သည် အပေါ်ယံတွင် ငြိမ်သက်နေပုံရပြီး တောင်ပိုင်းဆင်ခြေဖုံးရှိ စန္ဒာအေးတည်းခိုခန်းကို အတားအဆီးမရှိဘဲ ပြန်လည် ပြုပြင်နိုင်ခဲ့သည်။ မင်းသမီး လက်လီစတိုး၏ ဌာနခွဲများက ကုန်သည်အမျိုးမျိုး၏ ကန့်သတ်ချက်များအောက်တွင် ဆိုးရွားသော စီးပွားရေးကို ကြုံတွေ့ခဲ့ရသည်။ ထိုအခြေအနေကို ကြည့်ပြီး ရှီရာသည် တစ်ကွက် ရှူံးသွားပြီဟု အကဲဖြတ်နိုင်သည်။
အုပ်ချုပ်သူ ရှီရာအတွက် မင်းသမီးလက်လီစတိုးမှာ အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ ထိုအချိန်တွင် သူသည် အိုဆိုင်ဒန် ချန်ခဲ့သောပြဿနာများစွာကို ဖြေရှင်းရန် ကြိုးစားခဲ့သည်။ သူသည် မိသားစုကို ထောက်ပံ့ရန်နှင့် နေထိုင်သူများကို ဖြေရှင်းရာတွင် အတော်အတန် အောင်မြင်မှုများ ရရှိစေရန် အမှောင်လမှ ငွေများစွာ ထုတ်ယူခဲ့သည်။ ပျက်စီးသွားသော ဗဟိုစျေးရုံ၊ အားကစားကွင်းနှင့် ပင်မလမ်းများကဲ့သို့သော နေရာများကို ပြန်လည်ပြုပြင်ပြီး အထူးအဆောက်အဦများစွာကိုလည်း ထည့်သွင်းထားသည်။ ၎င်းတို့သည် လူအများအပေါ် အထင်ကြီးလေးစားမှုများ ဖြစ်စေနိုင်သည်။
ရှီရာသည် လူအများ၏ နှလုံးသားကို သိမ်းပိုက်ရန် အလွန်ကောင်းမွန်သော အလုပ်များကို လုပ်ခဲ့သည်။ သူ တိုက်ပွဲဝင်နေသည့် အရာအများစုသည် မိသားစုငယ်များ သို့မဟုတ် ပြည်သူများ အတွက်ဖြစ်သောကြောင့် သူသည် အန်ဂလေနှင့် အခြားသူများကို စိတ်ထဲမထည့်ခဲ့ပေ။ ထို့အပြင် အကြီးအကဲ မိသားစုများ၏ ဆက်စပ်လုပ်ငန်းများ သည်လည်း ဂရုစိုက်မှုများစွာ ရရှိခဲ့သောကြောင့် တိုးတက်မှုမှာ အတော်လေး ချောမွေ့ခဲ့သည်။
ချန်လွေ့က ထိုရက်ပိုင်းတွင် မြို့တော်၌ မရှိခဲ့ဘဲ သက်တန့်တောင်ကြား တွင် ဇိုလာနှင့် အတူနေခဲ့သည်။ ရှီရာသည် ယခုတွင် မီးအိမ်တစ္ဆေအဖွဲ့နှင့် နန်းတော်အစောင့်များ၏ အကာအကွယ်ကိုရရှိထားပြီး ဇိုလာသည် သူ၏သုတေသန လုပ်ငန်းအတွက် စိတ်ချလက်ချလုပ်နိုင်လာပြီဖြစ်သည်။
သို့သော် နတ်မိမယ်နဂါးက ယခုတစ်ကြိမ်တွင် မီးအိမ်တစ္ဆေများကို မလေ့လာခဲ့ပေ။ ထိုအစား .သူလေ့လာနေသည်မှာ .. ဆာ-လက်ထောက် တောင်ကြားပိုင်ရှင် ဖြစ်နေ၏။
ချန်လွေ့သည် ရှေးဟောင်းအဖွဲ့အစည်းများထံသို့ သွားရောက်ခဲ့စဥ်က အကြောင်းကို ဇိုလာထံ မည်သည့်အရာကိုမျှ မဖုံးကွယ်ခဲ့ပေ။ သူရရှိသော ပိုင်နက်တိုင်းပြည်၏ စိတ်ဝိညာဉ်အမှတ်အသားအပါအဝင် အရာအားလုံးကို ပြောပြခဲ့သည်။ ၎င်းကို ကြားသည့်အခါ ဇိုလာ၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။ သူသည် ယခင်က လေ့လာလိုသော မီးအိမ်တစ္ဆေများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချန်လွေ့ကို စမ်းသပ်ခန်းထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားတော့သည်။
ထို့နောက် ချန်လွေ့သည် စမ်းသပ်ခံပစ္စည်း တစ်ဖန် ပြန်ဖြစ်လာသည်။ ကိရိယာများနှင့် ပစ္စည်းများကို ကြည့်လိုက်ပြီး နတ်မိမယ်နဂါးနှင့် ပထမဆုံးတွေ့သည့် အချိန်ကို ပြန်ရောက်သွားသလို ခံစားရသည်။ မည်သည့်အရာမှ မတည်မြဲပေ။ ယခင်က “ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော” သိပ္ပံရူးသည် ယခုအခါ နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းသော အဖော်ဖြစ်လာသည်။ ထိုစမ်းသပ်မှုများတွင် ချန်လွေ့ ဘေးကင်းရေးကို အထူးဂရုပြုရန်လည်း ဇိုလာက အလွန်သတိထားခဲ့သည်။
ကြိုတင်သတိထားမှု များစွာရှိသော်လည်း ဇိုလာ၏ စမ်းသပ်ချက်များသည် စိတ်ချရသည့် အခြေနေမရှိသေးချေ။ အန္တရာယ်ရှိသော အခြေအနေများစွာ ဖြစ်ခဲ့သည်။ ကံကောင်းစွာပင် ချန်လွေ့သည် အရင်ကကဲ့သို့ မဟုတ်တော့ချေ။ စမ်းသပ်ချက် သို့မဟုတ် မှော်စက်ဝိုင်းတွင်ဖြစ်စေ ကျွမ်းကျင်သူဟု ခေါ်နိုင်ပြီ ဖြစ်သည်။ သူသည် ဘေးအန္တရာယ်များကို လျင်မြန်စွာ ရှောင်ရှားခဲ့သည်။ သို့သော် ချန်လွေ့သည် အဆုံးတွင် နတ်မိမယ်နဂါး အသုံးပြုသည့် စမ်းသပ်နည်းလမ်းကြောင့် စကားမပြောနိုင်တော့ချေ။ ၎င်းမှာ ယခင်က သူတို့နှစ်ဦးစလုံးကို လက်ထပ်ရန်အထိ ပံ့ပိုးပေးခဲ့သော နတ်ဘုရား-တစ်ပိုင်း ပိုင်နက်စွမ်းအားရှိသော ရှေးမှော်စာများ ဖြစ်နေသည်။
ဇိုလာသည် ယခုတွင် ရှေးမှော်စာများကို ကောင်းစွာ ဆုပ်ကိုင်ထားပြီး လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ အန္တရာယ်ရှိသော ရှေ့အပိုင်းကို ခွဲထုတ်လိုက်ပြီး နောက်ဘက် အပိုင်းကို ချန်ထားသည်။ ရှေးမှော်စာ၏ ထိုအစိတ်အပိုင်း အဓိပ္ပါယ်မှာ ကာမအားတိုးဆေး၊ မိတ်လိုက်ခြင်း၊ ချစ်မှုချစ်ရာတို့နှင့် ဆက်စပ်နေပေသည်။
ချန်လွေ့ သည် သိပ္ပံပညာကို မြှုပ်နှံထားသည့် စိတ်ဓာတ်ဖြင့် စမ်းသပ်မှုကို စိတ်အား ထက်သန်မှုနှင့် စိတ်လှုပ်ရှားစွာ လက်ခံခဲ့သည်။ ရိုးရိုးသားသား ပြောရရင် တစ်နေ့လုံး ပေးဆပ်ရန် အဆင်သင့်ဖြစ်နေသော မီးအိမ်တစ္ဆေနှင့် ရင်ဆိုင်ခဲ့ရစဉ်က ချုပ်တည်းရန် လွန်စွာ ကြိုးစားခဲ့ရသည်။ မိမိအလိုဆန္ဒများကို အချိန်အတော်ကြာအောင် မျိုသိပ်ထား ခဲ့ရသည်။ သူ ပြင်းပြင်းထန်ထန် အတူတူ နေချင်နေခဲ့တာ ကြာခဲ့ပြီဖြစ်သည်။ စမ်းသပ်မှုကို အာရုံစိုက်ချင်နေတဲ့ ဇိုလာ စိတ်အနှောက်အယှက်ဖြစ်မည် စိုးသောကြောင့် သူ အစပိုင်းက သည်းခံဖို့ဆုံးဖြတ်ခဲ့သည်။
မမျှော်လင့်ဘဲနှင့် နတ်မိမယ်နဂါးက ထိုစမ်းသပ်မှုနည်းလမ်းကို အမှန်တကယ်ပင် သုံးလာသည်။ လက်ထောက်-တောင်ကြားပိုင်ရှင်သည် မဒမ်-တောင်ကြားသခင်မထံ အဘယ်ကြောင့် မမြှုပ်နှံရမည်နည်း။
ရှေးမှော်စာများ၏ တွန်းပို့မှုအောက်တွင် သူတို့နှစ်ဦး လျင်မြန်စွာ တိုးဝှေ့သွားပြီးနောက် စိတ်လှုပ်ရှားဖွယ်ရာ ရင်ခုန်သံများ ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့သည် သဘာဝအတိုင်း တက်ကြွနေသည်။ နဂါး တစ်ကောင်ဖြစ်သော မစ္စဇိုလာသည်လည်း ပျော့ညံ့သူဟုတ်ပေ။ ယခုမူကား သူ မောပန်းနွမ်းနယ်နေပြီး ညှာတာပေးဖို့ တောင့်တနေသည်။ ခဏအကြာတွင် သူသည် အားတက်သရော ဦးဆောင်နေတော့သည်....
သို့သော် အလွန်အမင်း ရုန်းရင်းဆန်ခတ်နှင့် စိတ်အားထက်သန်မှု အခိုက်အတန့်တွင် ဇိုလာက ရုတ်တရက် ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို ခံစားလိုက်ရသည်။ သူသည် တုန်လှုပ်သွားပြီး ရှေးမှော်စာမှ လှုံ့ဆော်ပေးသော စိတ်အားထက်သန်မှုကို အတင်းဖိနှိပ်ကာ ချန်လွေ့ထံမှ လွတ်မြောက်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်သည်။ ထို့နောက် တစ်ဖက်သို့ ရောက်သောအခါတွင် ရှေးမှော်စာမှ ထုတ်လွှတ်သော အလင်းတန်းကို လက်ညှိုးထိုးလိုက်ရာ အလင်းက တဖြည်းဖြည်း မှိန်သွားသည်။
ချန်လွေ့ အံ့အားသင့်သွားသည်။ ဇိုလာ၏ ခန္ဓာကိုယ်တွင် ပြဿနာကြီး တစ်ခုရှိနေသည်ဟု သူထင်လိုက်ပြီး ရမ္မက်ဆန္ဒများ အမြန်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အမြန်ထကာ ဇိုလာ၏ပုခုံးကို ကိုင်လိုက်သည်။ “ဇိုလာ..”
“ ငါ့ကို မထိနဲ့။” ဇိုလာ က တုန်တုန်ယင်ယင်နဲ့ အော်ပြောသည်။
ချန်လွေ့သည် ဇိုလာ နှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိခဲ့ပြီးကတည်းက သူတို့သည် တစ်ယောက်ကိုတစ်ယောက် အမြဲချစ်နေခဲ့သည်။ မိန်းမောတွေဝေဟန်ဆောင်ရသည်ကို ကြိုက်သော ဉာဏ်ရည်ထက်မြက်သော ထိုအမျိုးသမီးသည် သူ၏နှလုံးသားတွင် အလွန် အရေးကြီးသော အနေအထားတစ်ခု၌ရှိသည်။
ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် သူ့ရဲ့စွမ်းအားနှင့် အသွင်အပြင်က ဇိုလာနှင့် မထိုက်တန်ပေ။ သို့သော် မောက်မာသော ထိုနဂါးမလေးသည် သူ့ဆီမှာ လုံးဝကျရှုံးသွားပြီး သူ့တွင် အခြားမိန်းမများ ရှိနေသည်ကိုပင် စိတ်ထဲမထားတော့ပေ။ ချန်လွေ့က ဇိုလာကို အစပိုင်းတွင် ကြောက်ခဲ့သော်လည်း အခုတွင် ဆုံးရှုံးရမည်ကို ကြောက်နေမိသည်။ ယခု ဇိုလာ၏ ပုံမှန်မဟုတ်သော အမူအယာကို မြင်ရသည့်အခါ ပို၍ပင် စိတ်ပူသွားသည်။ သူ့၏လက်တွေ ရပ်တန့်သွား၏။
ဇိုလာ၏ ခန္ဓာကိုယ်က လျှပ်စီးအေးကြောင်းဖြင့် ဖုံးအုပ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ် နီမြန်းနေမှုသည် ထိုအအေးဓာတ်ကြောင့် လျင်မြန်စွာ အေးခဲသွားသည်။ လက်ရှိ ရေစီးကြောင်းက တစ်ဖန်ပြောင်းလဲသွားပြီး သူရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပတ်ထားတဲ့ ဂါဝန်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။
“ငါတို့...ဒီလိုမလုပ်သင့်တော့ဘူး။” ဇိုလာ၏ စကားကြောင့် ချန်လွေ့ စိတ်ပျက်သွားလေသည်။
“ဘာလို့လဲ။ ဘာဖြစ်တာလဲ။”
“ငါ့ခန္ဓာကိုယ်က ပြဿနာ တစ်ခု ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဆုံးဖြတ်ပြီးပြီ။” ဇိုလာက မတ်တပ်ထရပ်ပြီး မျက်မှန်ကို တပ်လိုက်သည်။ “နတ်ဆိုးအရှင်သခင်အဆင့်ကို ငါ မကျော်ခင် ဒါမှမဟုတ် ဒီပိုင်နက်တိုင်းပြည်ရဲ့စွမ်းအားကို နင် အပြည့်အဝ မကျွမ်းကျင်ခင် အထိတော့ ခဏလောက် ခွဲနေကြရအောင်။”
ချန်လွေ့က ထိုစကားကြောင့် အံ့အားသင့်သွားသည်။ နှစ်ယောက်စလုံးက အရမ်းနီးစပ်နေခဲ့ ကြသည်။ အထူးသဖြင့် ဇိုလာတွင် နဂါးများ၏ သဘောသဘာဝရှိသည်။ သူသည် လိင်ကိစ္စကို ခုခံမှု မရှိရုံသာမက အလွန် စိတ်အားထက်သန်သူဖြစ်ပြီး ချစ်စရာကောင်းသော မိန်းကလေးခီရာထက် သာလွန်သည်။ သို့ရာတွင် သူသည် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့လေသည်။
ချန်လွေ့ထလာပြီး ဇိုလာဆီသို့သွားကာ မျက်လုံးတွေကို စိုက်ကြည့်သည်။ ဇိုလာ၏ မျက်မှန်ပေါ်မှ အလင်းရောင် ဖျော့ဖျော့ လင်းလက်သွားပြီး ချန်လွေ့၏အကြည့်ကို ပိတ်ဆို့လိုက်သည်။ ချန်လွေ့က ဇိုလာကို ကောင်းစွာသိသည်။ ဖုံးကွယ်ရန် ကြိုးစားသော ထိုနည်းလမ်းမှာ သူရဲ့အပြစ်ရှိစိတ်ကို ဖော်ပြသော အလေ့အထတစ်ခု ဖြစ်သည်။ ချန်လွေ့ သဘောပေါက်သွားပြီး ခေါင်းခါလိုက်သည်။ “မင်း ခုနက စိတ်ဝိညာဉ်အမှတ်အသားရဲ့ စွမ်းအားကို စုပ်ယူမိသွားတာလား။”
ဇိုလာ၏ မျက်မှန်ပေါ်မှ အလင်းရောင် လင်းလက်လာသည်။ သူ ခေါင်းငုံ့လိုက်သည်။ “အင်း...”
ချန်လွေ့၏ထင်မြင်ချက် ပိုသေချာသွားသည် “အမှန်အတိုင်းပြော... အနာဂတ်မှာ ကိုယ်တို့အတူနေရင် ဘာဖြစ်မှာလဲ။”
ဇိုလာက နှုတ်ခမ်းကို ကိုက်လိုက်သည်။ “နင်ရထားတဲ့ စိတ်ဝိညာဉ်အမှတ်အသားက ပိုင်နက်တိုင်းပြည်ရဲ့ အမြုတေတွေ ပါ၀င်နေတယ်။ ငါ့ရဲ့ လက်ရှိစွမ်းအားအဆင့်က နတ်ဆိုးအရှင်သခင်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ ငါ့ရဲ့ အဆင့်က နိုင်ငံတော်အဆင့်နဲ့ တစ်ဆင့်ပဲ ကွာတော့တယ်။ ဒီအဆင့်ရဲ့ လျို့ဝှက်ဆန်းကြယ်မှုတွေကို သိရှိနိုင်ဖို့ ရှေးမှော်စာစွမ်းအားကို အသုံးချချင်ခဲ့တာ။ ဒါပေမယ့် စွမ်းအင်အမြုတေ နည်းနည်းကို မတော်တဆ ဝါးမျိုမိသွားပြီးတော့ ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေလည်း ပြောင်းလဲသွားတယ်။ ဒီအမြုတေက ငါ့ကို မခုခံနိုင်အောင် ဖြစ်စေတယ်။ မှော်စာ မပါရင်တောင် ငါက အဲဒီ စွမ်းအင်အမြုတေကို အလိုလို ဝါးမျိုမိမှာပါ။ ဒါဆို နင့်ရဲ့ ပိုင်နက်တိုင်းပြည်စွမ်းအား တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မယ်။”
ထိုသို့ပြောနေစဉ် ဇိုလာ ခေါင်းငုံ့ထားခဲ့သည်။ “ငါတို့ထဲက တစ်ယောက်ယောက်က နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်နိုင်မှရမယ်။ မဟုတ်ရင် .... ကျွန်မ တစ်ဆင့်ပဲ ကွာပေမယ့် ဒီအဆင့်က အရမ်းခက်ခဲတယ်။ ဒါက ရှေးခေတ်က မရေမတွက်နိုင်တဲ့ နတ်ဆိုးအရှင်သခင်အဆင့်တွေကို နောင်တရစေနိုင်တယ်။ နင့်ဆီက ဝိညာဉ် စွမ်းအားကြောင့် ငါ အများကြီး အကျိုးအမြတ် ရရှိခဲ့ပြီးပြီ။. ဒီနေ့ ငါ စုပ်ယူခဲ့တဲ့ ပိုင်နက်တိုင်းပြည်ရဲ့ အမြုတေလည်း ရှိသေးတယ်။ နှစ်ပေါင်း ၁၀၀၀ အတွင်းမှာ ငါ အဆင့်တက်နိုင်မယ်လို့ ထင်တယ်။ နင်က ပိုင်နက်တိုင်းပြည်ရဲ့ ပိုင်ရှင်ပဲ။ မှော်ဆန်တဲ့ အမွေအနှစ်နဲ့ဆို နင်က နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်တာနဲ့ အဆင့်တက်တာ ကျွန်မထက် မြန်လာမှာပဲ။။ အဲဒီမတိုင်ခင်တော့ နောက်တစ်ကြိမ် ထပ်မဆုံကြတာပေါ့။ လေ့ကျင့်ဖို့ အာရုံစိုက်ကြပြီးတော့ အဲဒီအဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားကြမယ်။”
ချစ်ရသောသူနဲ့ နှစ်ရာထောင်ချီကြာအောင် ခွဲခွာရန် စိတ်ကူးကြောင့် ဇိုလာ ဝမ်းနည်းကြေကွဲ ရသော်လည်း သူ့အနေနဲ့ ထိုဆုံးဖြတ်ချက်ကို ချရမှ ဖြစ်ပေမည်။
“သဘောပေါက်ပြီ။” ချန်လွေ့ က သက်ပြင်းချလိုက်သည်။ “ဒါဆိုလည်း.... ဆက်လုပ်ကြတာပေါ့။”
“ဘာပြောတာ...” ယခုတစ်ခေါက်မှာ ဇိုလာ၏ ထုံးစံအတိုင်း ဟန်ဆောင်ပြီး ကြောင်တောင်တောင် ဖြစ်နေခြင်း မဟုတ်ဘဲ နားကြားမှားနေသည်ဟု အမှန်တကယ် ထင်ခဲ့ခြင်း ဖြစ်သည်။
“မှော်ပညာကို မသုံးနဲ့။ ကိုယ်ပြောတာကို အရင်နားထောင်။” ချန်လွေ့၏ အော်သံကြောင့် နတ်မိမယ်နဂါး ထိတ်လန့်သွားရသည်။ ချန်လွေ့က ရှေ့သို့ ခြေလှမ်း နှစ်လှမ်း လှမ်းပြီး ဇိုလာကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ “ပိုင်နက်တိုင်းပြည်ရဲ့ အမြုတေကို မင်း စုပ်ယူနိုင်ရင် တကယ်ပဲ အဆင့်တက်နိုင်မှာလား။”
ဇိုလာကချန်လွေ့၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီး ပြတ်ပြတ်သားသား ငြင်းဆန်သည်။ “မဖြစ်ဘူး..”
ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “အမှန်တိုင်းပြောရရင် ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းရဲ့ လူတွေက ကိုယ်ခန္ဓာရော၊ လေ့ကျင့်ရေးပညာရပ်ပါ ကိုယ်နဲ့မတူဘူး။ ဒီပိုင်နက်တိုင်းပြည်စွမ်းအားက ကိုယ့်အတွက် တကယ် မသင့်တော်ဘူး။ စိတ်ဝိညာဉ်အမှတ်အသား ရှိနေသရွေ့ အဆင်ပြေပါတယ်။ အမြုတေတွေကတော့ မင်းသာ အဆင့်တက်မယ်ဆိုရင် ငါအကုန်လုံး ပေးနိုင်တယ်။”
ဇိုလာက ချန်လွေ့ကို မယုံကြည်ဘဲ ခေါင်းကိုသာ ငုံ့ထားနေခဲ့သည်။ ချန်လွေ့က ဇိုလာ၏မျက်မှန်ကို ချွတ်ပြီး မျက်နှာကို အုပ်လိုက်သည်။ “ကိုယ့်မျက်လုံးကို ကြည့်။ ကိုယ့်မှာ ကိုယ်ပိုင် လေ့ကျင့်နည်း ရှိတယ်။ နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်ဖြတ်ပြီး မင်းကို တစ်ဆင့်ပြီးတစ်ဆင့် အမီလိုက်နိုင်ဖို့ ခက်ခဲမှာမဟုတ်ဘူး။”
ချန်လွေ့က အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သူတကယ် အမီပြုနေသည်မှာ ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်း မဟုတ်ဘဲ စူပါစနစ်ဖြစ်သည်။ ၎င်းမှာ သူ၏လမ်းစဉ် ဖြစ်သည်။ အကယ်၍ ထိုပိုင်နက်တိုင်းပြည် အမြုတေက ဇိုလာကို နတ်ဘုရား-တစ်ပိုင်းအဆင့်သို့ အမြန်ဆုံးဖြတ်ကျော်ရန် ကူညီပေးနိုင်ပါက အကောင်းဆုံး ဖြစ်သည်။ ကြယ်မြို့တော်မှာ သူ မသေသရွေ့ သူ့ထိန်းချုပ်မှုအောက် ရှိနေမည်ဖြစ်သည်။ စိတ်ဝိညာဉ်အမှတ်အသားလည်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။
“မင်းကိုယ့်ကို မင်းရဲ့လူလို့ တကယ်ထင်ရင် ဒီပိုင်နက်တိုင်းပြည်စွမ်းအားကို လက်ခံလိုက်။ မင်းကိုယ့်ကို အခုသွားခိုင်းရင် ကိုယ်မင်းကို ဘယ်တော့မှမတွေ့တော့ဘူး။”
ချန်လွေ့ပြောခဲ့သော နောက်ဆုံးရာဇသံက ဇိုလာကို ထိတ်လန့်စေသည်။ ဇိုလာ၏ မျက်လုံးများသည် အနည်းငယ် နီမြန်းနေပြီး နောက်ဆုံးတွင် သူ ခေါင်းယမ်းခြင်းကို ရပ်တန့်လိုက်သည်။ သူ တစ်ခုခုပြောချင်သော်လည်း “ကျေးဇူးတင်ပါတယ်” ဟူသော စကားလုံးမှာ သူတို့၏ ဆက်ဆံရေး၌ အမှန်တကယ်မလိုအပ်ကြောင်း သိသောကြောင့် သူဆက်မပြောတော့ချေ။
“ကိုယ်မင်းကို တစ်ခုပြောပြမယ်။ ရှေးဟောင်း အဂ္ဂိရတ်သက်ရှိအဖွဲ့အစည်းမှာ ခွန်အားတိုးစေမယ့် နည်းလမ်းတစ်ခု ရှိတယ်...” ချန်လွေ့က ဇိုလာ၏ နားထဲကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “မင်း ကိုယ့်ကို ဒီလို မလုပ်စေချင်ဘူးမဟုတ်လား။ အခု ကိုယ့်အနားမှာ မီးအိမ်တစ္ဆေမိန်းမလှ ၂၀၀၀လောက် ရှိနေတာ။”
ဇိုလာ၏မျက်နှာ ရုတ်တရက် နီမြန်းလာပြီး မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ “ထူးခြားသော” အဓိပ္ပါယ်ရှိသည့် မှော်စာရောင်ခြည်တန်းများ တစ်ဖန် ပြန်လည်တောက်ပလာသည်။