အရိပ်နက်အင်ပါယာမှ သံသမန်အသစ်များ
Vol. 38 Ch. 570
ယနေ့တွင် ကြယ်ကြွေတမန်မြို့တော်သည် အရေးအကြီးဆုံး ဧည့်သည်များကို ကြိုဆိုခဲ့သည်။
ကြယ်ကြွေတမန်အင်ပါယာ၏ နယ်နိမိတ်အနီးတွင် တပ်ဖွဲ့ဝင်အများအပြားကို စုစည်းထားသော အရိပ်နက်အင်ပါယာက နောက်ဆုံးတွင် ရှီရာ နန်းတက်ပြီးနောက် သံတမန်အသစ်တွေ စေလွှတ်ခဲ့လေသည်။ တာခူလာခံတပ်မှတစ်ဆင့် ကြယ်ကြွေတမန် အင်ပါယာသို့ ဝင်ရောက်ကာ မြို့တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ယခုတစ်ခေါက် သံတမန်များမှာ “အသိအကျွမ်းဟောင်းများ” ဖြစ်ကြသည်။ ခေါင်းဆောင်မှာ အရိပ်နက်အင်ပါယာ၏ တတိယဗိုလ်ချုပ် ခရောဖို့ဒ် ဖြစ်ပြီး လက်ထောက်သံတမန်မှာ အရိပ်နက် အင်ပါယာ၏ ထိပ်တန်းစီးပွားရေးမိသားစု ကတ်စတာမှ ခေါင်းဆောင်အသစ်ဖြစ်သည့် မိန်းကလေး ဆယ်လင်း ဖြစ်သည်။
ခရောဖို့ဒ်သည် ရှီရာ၏ မိတ်ဆွေဟောင်းဖြစ်သည်။ ရှီရာသည် အမှောင်လတွင်ရှိစဉ် နှစ်ဖက်လာရောက်လည်ပတ်ခဲ့ပြီး သူနှင့် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်။ ဆယ်လင်း၏ ကတ်စတာမိသားစုသည် အမှောင်လနယ်မြေတွင် အခြေချနေထိုင်ည့် အစောဆုံး စီးပွားရေး မိသားစုဖြစ်သည်။ သူတို့သည် အမှောင်လနယ်မြေတွင် မိသားစုများစွာနှင့် ပူးတွဲကုန်သည်ကြီးများအသင်းကိုပင် တည်ထောင်ခဲ့ကြသည်။ နှစ်ဖက်စလုံးသည် လွန်စွာ နီးကပ်သော ဆက်ဆံရေး ရှိသည်။ ၎င်းတို့နှစ်ဦးစလုံးသည် သံတမန်ဖြစ်ခြင်းမှာ ကက်သရင်း၏ သဘောထားကို ပြောင်းလဲစေသည့် အပြုသဘောဆောင်သည့် အချက်ဖြစ်သင့်သည်။
ရှီရာက ချက်ချင်းဆိုသလို အရာရှိတစ်စုကို ဦးဆောင်ကာ ခရောဖို့ဒ်ကို နန်းတော်ခန်းမတွင် တရားဝင် ကြိုဆိုခဲ့သည်။ ယခုအချိန်တွင် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းများ သဘောတူညီခြင်းမရှိသေးဘဲ ဘဏ္ဍာရေးဝန်ကြီးနှင့် စစ်ဘက်ရေးရာဝန်ကြီးတို့ကို အကြီးအကဲ မိသားစုများက ခေါ်ယူထားသည့်တိုင် ကိုယ်စားလှယ်လောင်းများက ဆက်လက်ချုပ်ကိုင် ထားဆဲဖြစ်သည်။
“ဧကရီရှီရာကို နှုတ်ခွန်းဆက်ပါတယ်။” ခရောဖို့ဒ်က သူ့နောက်တွင် ဆယ်လင်း နှင့်အတူ ခန်းမထဲသို့ ဝင်သွားပြီး ရှီရာ ကို ဦးညွှတ်အလေးပြုသည်။
ရှီရာသည် ယခင်ကဲ့သို့ လော့ဒ်တစ်ဦးမဟုတ်တော့ဘဲ အင်ပါယာကို ကိုယ်စားပြုသော ဧကရီဖြစ်နေပြီ ဖြစ်သည်။ အင်ပါယာနှစ်ခု အပြန်အလှန် ထိစပ်နေသော အခြေအနေတွင် သူသည် အသိမိတ်ဆွေနှစ်ဦးအား ပျော်ရွှင်စွာ နှုတ်မဆက်နိုင်ချေ။ ထိုအစား သူက တိုးတိုးလေး ပြောသည်။ “သံတမန် နှစ်ယောက်လုံး အဝေးက လာခဲ့တာ။ ပင်ပန်းခဲ့မှာပဲ။”
ခရောဖို့ဒ်သည် မောက်မာမှုမျိုးမရှိဘဲ မတ်မတ်ရပ်နေ၏။ “အခုတစ်ခေါက် ကျုပ်ရောက်လာတာက ကြယ်ကြွေတမန်အင်ပါယာ၏ အုပ်စိုးရှင်ဖြစ်လာခြင်းအတွက် ဘုရင်မ ကက်သရင်းရဲ့အမိန့်အရ ဂုဏ်ပြုဖို့နဲ့ နောက်တစ်ခုကတော့ အင်ပါယာနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။”
“ဧကရီကတ်သရင်း၏ ဂုဏ်ပြုလွှာကို ကျေးဇူးတင်ပါတယ်။ ကြယ်ကြွေတမန် အင်ပါယာနှင့် အရိပ်နက် အင်ပါယာကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးက ရှည်လျားတဲ့ သမိုင်းကြောင်း ရှိျမပေမယ့်လည်း ဧကရီ ကတ်သရင်းက အင်ပါယာရဲ့ နယ်စပ် နှစ်ခုမှာ စစ်သည်တော်များကို စုစည်းနေခဲ့တယ်။ ဒါကခင်မင်မှုလို့ ခေါ်ထိုက်မလား။”
ခရောဖို့ဒ်က ရှင်းပြသည်။ “တပ်တွေ စုဆောင်းရခြင်းရဲ့ အကြောင်းရင်းက ဧကရီ ရှီရာက လီသ်တောနက်တိုက်ပွဲမှာ မင်းသားအိုဆိုင်ဒန်ကို အနိုင်ယူပြီးနောက် အရှင့်ရဲ့အင်ပါယာ မတည်မငြိမ် အခြေအနေ ဖြစ်နေလို့ပါ။ ပြည်တွင်းတိုက်ပွဲတွေကို တားဆီးဖို့အတွက် ဧကရီကတ်သရင်းက အရှင်မရှီရာကို နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ကူညီဖို့ တပ်တွေ စေလွှတ်ဖို့ ပြင်ဆင်ခဲ့တာပါ။”
ထိုဖြေရှင်းချက်သည် တကယ်တမ်းတွင် အမှောင်လ၌ လီလစ်ဇ် အသုံးပြုခဲ့သော အကြောင်းပြချက်သာဖြစ်သည်။
“ဧကရီကက်သရင်း “မကူညီနိုင်ခင်မှာပဲ” ကျွန်မက ထီးနန်းကို အောင်အောင် မြင်မြင် ဆက်ခံခဲ့ပြီးဖြစ်လို့ သူရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကိုပဲ အသိအမှတ် ပြုလို့ရတော့မှာပါ။ ရှင်တို့အင်ပါယာရဲ့ “ဖော်ရွေမှု”ကို ပြသတဲ့ နည်းလမ်းက ဘယ်လောက်ကြာကြာ ဆက်သွားနေဦးမလဲ မသိပါဘူး။”
“ဖော်ရွေမှု” ဆိုသည်မှာ နယ်စပ်ရှိ စစ်တပ်ကို ဆိုလိုခြင်းဖြစ်ကြောင်း ခရောဖို့ဒ် သဘောပေါက်သည်။ သူက အနည်းငယ် ပြုံးလိုက်သည်။ “ဒါက ဒီမှာရှိနေရတဲ့ ကျုပ်ရဲ့ ဒုတိယ ရည်ရွယ်ချက်နဲ့ သက်ဆိုင်ပါတယ်။ ဧကရီ ကတ်သရင်းက အိုဆိုင်ဒန် ပြီးတဲ့နောက် အရှင်မရှီရာနဲ့ ပြန်လည်ညှိနှိုင်းပြီး သာယာဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့၊ အင်ပါယာနှစ်ခုကြား ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးဖို့နဲ့ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်း ဆက်ဆံရေး ထူထောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။”
ထိုကဲ့သို့သော တပ်မရှိပါက ပုံမှန် သံတမန်ဆက်ဆံရေး ဖြစ်နိုင်သော်လည်း နယ်စပ်တွင် စစ်တပ်များ စုဆောင်းထားမည်ဆိုပါက အဆိုပါစကားများသည် ခြိမ်းခြောက်မှု အရိပ်အမြွက် ပါဝင်နေမည်ဖြစ်သည်။ အဓိပ္ပါယ်မှာ အိုဆိုင်ဒန်နှင့် ရှီရာ သည် ကွဲပြားသည်။ အရိပ်နက် အင်ပါယာသည် ကြယ်ကြွေတမန် အင်ပါယာနှင့် ငြိမ်းချမ်းစွာ ဆက်လက် နေထိုင်နိုင်သော်လည်း ကတ်သရင်းအား ကျေနပ်စေမည့် စာချုပ်ကို လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ သို့မဟုတ်ပါက စစ်တပ်သည် ဟန်ပြသက်သက်သက် မဟုတ်တော့မည်မှာ သေချာပေသည်။
“အင်ပါယာနှစ်ခုကြား ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ကျွန်မ ကြိုဆိုပါတယ်။ ကျွန်မရဲ့အင်ပါယာက ပံ့ပိုးကူညီ၊ လက်တွဲပြီး မိတ်ဆွေတွေနဲ့ အတူ ထက်မြက်အောင် ဖန်တီးသွားမှာပါ၊၊ မှန်းဆလို့မရတဲ့ ရည်ရွယ်ချက်တွေနဲ့ ရန်သူ ဖြစ်နေလို့ကတော့ ရန်သူက ဓားထက်ထက်ကို ကိုင်ထားရင်တောင်မှ၊ ကြယ်ကြွေတမန် အင်ပါယာက အခက်အခဲတွေကို တိုက်ရိုက်ရင်ဆိုင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ကျွန်မတို့က ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်ရမယ့်အစား ရန်သူနှင့်အတူ ဖျက်ဆီးခံလိုက်မယ်။” နောက်ဆုံးစကားတွင် ရှီရာသည် ရာဇပလ္လင်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ခရောဖို့ဒ် ကို တိတ်တဆိတ်ကြည့်လိုက်သည်။
ပလ္လင်ဆီသို့ လှေကား နှစ်ဆင့်သာ ရှိသည်။ ရှီရာ မတ်တပ်ရပ်နေသည့်တိုင် ခရောဖို့ဒ်နှင့် အရပ်တူတူသာ ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တွင် ခရောဖို့ဒ်သည် ရှီရာကို အမှန်တကယ် မော်ကြည့်နေရသကဲ့သို့ တုန်လှုပ်ချောက်ချားမိနေသည်။ သူနှင့် လိုက်လျောညီထွေရှိခဲ့ဖူးသော ထိုအမျိုးသမီးသည် သူ အလေးစားရဆုံးသော ဧကရီအဆင့်သို့ မြင့်တက် သွားခဲ့လေပြီ။
ခရောဖို့ဒ်သာမက အန်ဂလေ အပါအဝင် ခန်းမအတွင်းရှိ ဝန်ကြီးများနှင့် အကြီးအကဲ များစွာတို့သည် ထူးဆန်းသောခံစားချက်ကို ခံစားခဲ့ရသည်။ ရှီရာ၏ မဆုတ်မနစ်သော ခွန်အားနှင့် ရဲစွမ်းသတ္တိသည် အိုဆိုင်ဒန်တွင် ယခင်က မရှိခဲ့ဖူးပေ။
ခရောဖို့ဒ်က အလျင်အမြန်ပင် သတိပြန်ဝင်လာပြီး ယွန်းထည် စာအိတ်ကို ထုတ်လိုက်သည်။ “ဧကရီ ရှီရာ ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ်တို့ သဘောပေါက် ပါပြီ။ ဒါက ဧကရီကတ်သရင်း ရေးထားတဲ့ စာတစ်စောင်ပါ၊ ကျေးဇူးပြုပြီး ဖတ်ရှုပေးပါ။”
ရှီရာ ဘေးတွင်ရှိသော စတေလာက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ စာအိတ်ကိုယူပြီး ရှီရာအား ပေးလိုက်သည်။ စတေလာ သည် နည်းလမ်း လေးခုဖြင့် အသုံးပြု စမ်းသပ်ပြီးနောက် အန္တရာယ်မရှိကြောင်း တွေ့ရှိခဲ့သည်။ ရှီရာက စတေလာ၏ အကြည့်ကို သတိပြုမိသဖြင့် စာကိုယူကာ ဖွင့်ကြည့်လိုက်သည်။ အချိန် အတော်ကြာအောင် ကြည့်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် နီရဲလာသည်။ ပွက်ပွက်ဆူနေသော အနက်ရောင် မီးတောက်တစ်ခုက ရှီရာ၏လက်ထဲ ပေါ်ထွက်လာကာ ထိုစာသည် ချက်ချင်း မီးလောင်ပြာကျသွား၏။
ခရောဖို့ဒ်ရှေ့တွင် ဒီသို့ပြုလုပ်ခြင်းက အလွန်အမင်း မယဥ်ကျေးရာကျပေသည်။ ရှီရာ၏ မျက်နှာသွင်ပြင်ကို သုံးသပ်ကြည့်လျှင် စာ၏ အကြောင်းအရာသည် အလွန်အကျွံ ဖြစ်လောက်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ရှီရာ သည် ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီဖြစ်သည်။ သူ့အပေါ်အရှက်ခွဲခြင်းသည် အင်ပါယာတစ်ခုလုံးအပေါ် အရှက်ခွဲခြင်း ဖြစ်သည်။ အမှန်တကယ် ဒေါသထွက်သည်ဖြစ်စေ သို့မဟုတ် ဟန်ဆောင်သည့် အမူအရာ ဖြစ်စေ၊ လူတိုင်းနီးပါးက ခရောဖို့ဒ်နှင့် ဆယ်လင်းတို့အပေါ် ရန်လိုမှုများကို ပြသ လာကြသည်။ အမိန့်သာပေးလိုက်ပါက အရိပ်နက်အင်ပါယာ၏ သံတမန်နှစ်ဦးစလုံးကို အမြစ်ဖြတ်ချေမှုန်းတော့မလိုပင်။
မမြင်နိုင်သော ဖိအားကြောင့် ဆယ်လောင်း ကြောက်ရွံမှု ပြသလာသော်လည်း ခရောဖို့ဒ်က မကြောက်မရွံ့ ရှိနေဆဲ ဖြစ်သည်။ “ဧကရီ။ ထိုစာရဲ့ အသေးစိတ် အကြောင်းအရာကို ကျုပ် ကြိုတင်မသိခဲ့ရပါဘူး၊ အရိပ်နက် အင်ပါယာရဲ့ စစ်မှန်တဲ့ စိတ်ရင်းနဲ့ ညှိနှိုင်းဖို့ ကျုပ်လာခဲ့တာပါ။ ဧကရီကက်သရင်းက အရှင်မ ရှီရာ စာကိုဖတ်ပြီးရင် ကျုပ်မှာ ရွေးချယ်စရာနှစ်ခု ရှိတယ်လို့ ပြောတယ်။ ပထမတစ်ခုက အရိပ်နက် အင်ပါယာကို ချက်ချင်း ပြန်သွားဖို့ပဲ။ ဒုတိယတစ်ခုတော့ ဒီမှာဆက်နေပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆက်ဆွေးနွေးဖို့ပါ။ အရှင်မ ရှီရာ ကျုပ်ကို အခုပဲ ရွေးချယ်ပေးပါ။”
ထိုရွေးချယ်မှုမှာ ကတ်သရင်းက ရှီရာ အား ရွေးချယ်ခိုင်းခြင်း ဖြစ်သော်လည်း ခရောဖို့ဒ်၏ စကားပါးနပ်မှုကြောင့် သူ့အတွက် ရှီရာ ရွေးချယ်စရာ ဖြစ်လာခဲ့သည်။ ခရောဖို့ဒ်ကို ချက်ချင်းပြန်သွားခွင့်ပြုပါက ဆွေးနွေးမှု မအောင်မြင်ဟု အဓိပ္ပါယ်ရသည်။ ထို့နောက် ကြယ်ကြွေတမန် အင်ပါယာသည် အမှန်တကယ် အပြင်းအထန် တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင့် မဟုတ်မှန်း သိသွားနိုင်ပေသည်။ ၎င်းမှာ ကြယ်ကြွေတမန် အင်ပါယာက မျှော်လင့်ထားသောအရာ မဟုတ်သည်မှာ သေချာပေသည်။
“အရှင်မ ကက်သရင်းရဲ့ အလိုဆန္ဒက မသေးဘူးပဲ....” ရှီရာ၏ မျက်လုံးမှ ခရမ်းရောင်အလင်းတန်းများမှာ အသက်ပြင်းပြင်းရှူရင်း ပြောင်းလဲသွားသည်။ သူက ဖြည်းညှင်းစွာထိုင်ပြီး အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ဒါပေမယ့် သံတမန်တွေ ညှိနှိုင်းဖို့ ဒီမှာရှိနေတော့ မဆုံးဖြတ်ခင် မသေချာမရေရာတဲ့ကိစ္စတွေ အများကြီး ရှိသေးတယ်။ ကျွန်မတို့ ထိုင်ပြီးတော့ ဆွေးနွေးလို့ရတယ်။ အခုအချိန်က အရမ်းနောက်ကျနေပြီ။ ဗိုလ်ချုပ် ခရောဖို့ဒ်နဲ့ မစ်-ဆယ်လင်းတို့က ခရီးထွက်လာရတော့ ပင်ပန်းနေရော့မယ်။ ကျေးဇူးပြုပြီး တော်ဝင်ဟိုတယ်မှာ အရင်အနားယူပါ။ အရိပ်နက် အင်ပါယာက မိတ်ဆွေတွေကို ဖျော်ဖြေဖို့ ညနေမှာ ညစာစားပွဲကို လုပ်ပေးပါ့မယ်။”
ပထမဆုံးစကားကို နှစ်ဖက်စလုံးမှ ဝန်ကြီးများနှင့် အကြီးအကဲများက ကြားသောအခါ ကတ်သရင်းသည် အမှောင်လနယ်မြေကို စွန့်လွှတ်ခြင်းကဲ့သို့သော ရှီရာ၏ နောက်ဆုံးစည်းကို လာထိစေသော တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု မှန်းဆ ခဲ့ကြသည်။ သို့သော် ရှီရာသည် သူ၏တည်ငြိမ်မှုကို လျင်မြန်စွာပြန်လည်ရရှိခဲ့ပြီး အရိပ်နက်အင်ပါယာ၏ သံတမန်များနှင့်ထိုင်ပြီး ညှိနှိုင်းရန်ပင်စီစဉ်ခဲ့သည်။
“အရှင်မရဲ့ ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆို ကျုပ်တို့လည်း ငြင်းပယ်မနေတော့ပါဘူး။” ခရောဖို့ဒ်သည် ဆယ်လင်းနှင့်အတူ ဦးညွှတ်ပြီး နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ ခရိုင်ဟိုတယ်သို့သွားရန် နန်းတော်ခန်းမမှ ထွက်သွားခဲ့သည်။ အရိပ်နက်အင်ပါယာမှ သံတမန်များ ထွက်ခွာသွားပြီးနောက် ရှီရာက ပြောသည်။ “အားလုံးပဲ။ ကတ်သရင်းရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို အသက်ထက်ဆုံး တိုက်ခိုက်ဖို့ မဟုတ်ပေမယ့် အရိပ်နက်အင်ပါယာရဲ့ အင်အားက ကျွန်မတို့ရဲ့ အထက်မှာ ရှိနေတယ်။ စစ်ပွဲဆိုတာ တကယ်ဖြစ်လာပြီဆိုရင်တော့ အင်ပါယာနှစ်ခုလုံး၏ အားသာချက်များကို နှိုင်းယှဉ်ကြည့်ရင် ရလဒ်က ကျွန်မတို့ဘက်မှာ သေဆုံးခြင်းနဲ့ သူ့ဘက်က အထိနာတာမျိုး ဖြစ်နိုင်ချေရှိတယ်။ တစ်ဖက်ကလည်း ကျွန်မတို့က စစ်ပွဲအတွက် ပြင်ဆင်ရမှာ ဖြစ်ပြီးတော့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်တယ်။ အရိပ်နက် အင်ပါယာရဲ့ သံတမန်တွေနဲ့ သေချာဂရုစိုက် ဆက်ဆံပါ။ စတေလာ နှင့် ဒီစ်ဂျာရိုတို့က စေ့စပ်ညှိနှိုင်းရေးကိစ္စတွေကို တာဝန်ယူကြရလိမ့်မယ်။ စတီဘေ၊ အန်ဂ်လေ၊ ရီဒိုတန်နဲ့ မာလော့တာတို့က ရှင်တို့နှစ်ယောက်ကို ကူညီပေးမယ်။ ညှိနှိုင်းဖို့ နောက်ဆုံးရက်ကို အချိန်ဆွဲထား။ အဓိကအချက်ကို ရဖို့အတွက် ထိုသံတမန်နှစ်ဦးနှင့် နီးနီးကပ်ကပ်နေကြ။ ကတ်သရင်းက အလိုကြီးလွန်းတယ်။ အေးအေးဆေးဆေး ထိုင်ပြီးတော့ ညှိနှိုင်းမယ်ဆိုရင် အားနည်းတဲ့ ကျွန်မတို့လိုလူတွေ ကျရှုံးမှာ သေချာတယ်။ ဒီဆုံးရှုံးမှုက ဘယ်လောက် ကြီးမားလဲ ဆိုတာနဲ့ အပြန်အလှန် အကျိုးပြုမှု လမ်းကြောင်းကို ဘယ်လောက်မှီခိုနိုင်မလဲ ဆိုတာကတော့ ဒီကာလအတွင်းမှာ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်တယ်။”
အန်ဂလေနှင့်အခြားသူများသည် ယခင်က ရှီရာကို ဖိနှိပ်ခဲ့သော်လည်း စေ့စပ်ညှိနှိုင်းမှုသည် ယခုအချိန်တွင် အရေးကြီးဆုံးကိစ္စဖြစ်ပြီး ၎င်းသည် အင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်သည်။ ထို့ကြောင့် သူတို့သည် သူ၏ အမိန့်အတိုင်း လုပ်ဆောင်ကြရသည်။
အန်ဂလေနှင့် အခြားသူများသည် ယခင်က ရှီရာကို ဖိနှိပ်ခဲ့သော်လည်း စေ့စပ်ညှိနှိုင်းမှုသည် ယခုအချိန်တွင် အရေးကြီးဆုံးကိစ္စဖြစ်ကာ ၎င်းသည် အင်ပါယာတစ်ခုလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်သည်။ ထို့ကြောင့် သူတို့သည် သူ၏ အမိန့်အတိုင်း လုပ်ဆောင်ကြသည်။
အစည်းအဝေးအပြီးတွင် ရှီရာသည် ဘေးခန်းသို့ ရောက်လာသည်။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့သည် ထိုနေရာတွင် သူ့ကို စောင့်နေကြသည်။ ချန်လွေ့၏ လက်ရှိအနေအထားမှာ နန်းတော်အစောင့် လက်ထောက်တပ်မှူးသာ ဖြစ်ပြီး အစ်ဇဘယ်လာ၏ သရုပ်ကလည်း လူအများရှေ့မှောက်တွင် မသင့်လျော်သောကြောင့် အစည်းအဝေးကို မတက်ခဲ့ကြပေ။ သို့သော် အထူးသဖြင့် ရှီရာက ကတ်သရင်း၏စာကို မီးရှို့သော မြင်ကွင်းကို ခန်းမနောက်ကွယ်မှ ရှင်းရှင်းလင်းလင်း မြင်ခဲ့ကြပေသည်။
“ကက်သရင်းရဲ့ စာထဲမှာ ဘာရေးထားလဲ။” ချန်လွေ့သည် ခုနက အဖြစ်အပျက်ကို အလွန်သိချင်နေပြီဖြစ်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် ရှီရာသည် တည်ငြိမ်နေတတ် သည့်အတွက် ထိုကဲ့သို့ အပြုအမူကို ပြုလုပ်မည်မဟုတ်ပေ။
ရှီရာက သူ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “မင်းတောင် မမှန်းနိုင်ဘူးလား။”
“ကျုပ်ကို အထင်ကြီးမနေနဲ့။ ပြိုင်ဘက်က ကတ်သရင်း ဆိုရင် ကျုပ်လိုမျိုး ဆယ်ယောက်ဆိုရင်တောင် သူ့ကို ဖောက်ထွင်းမြင်နိုင်မှာ မဟုတ်ဘူး။” ကန်ရေကဲ့သို့ နက်ရှိုင်းသော အနက်ရောင်မျက်လုံးများကို ရုတ်တရက် သတိရမိလိုက်သောအခါ ချန်လွေ့၏စိတ် အနည်းငယ် တုန်လှုပ်သွားသည်။ ထိုမျက်လုံးပိုင်ရှင်အား မတွေ့ရသည်မှာ ကြာခဲ့လေပြီ။
“မင်း ကိုယ့်ကိုယ့်ကိုယ် အထင်သေးနေစရာ မလိုပါဘူး၊ ဒါပေမယ့် ကတ်သရင်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။" ရှီရာ က သက်ပြင်းချလိုက်သည်။ “ဒါပေမယ့် အဲဒီစာကို ငါ တမင်တကာ မီးရှို့လိုက်တာ။ ဒါက မယုံနိုင်စရာပဲ။ ကက်သရင်းက ငါ့ကို အံ့သြစရာကောင်းတဲ့ အစီအစဥ်တစ်ခု ပေးခဲ့တယ်။ ဒီအစီအစဉ်က...”
“အဲဒါက ကျွန်မတို့ စီစဉ်ထားတဲ့အတိုင်းပဲလား။” အစ်ဇဘယ်လာက ပြောသည်။
“ငါတို့ စီစဉ်ထားတာထက် ပိုအစွမ်းထက်တယ်။” ရှီရာက အနည်းငယ် ခေါင်းညိတ်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “သူက ငါလုပ်ချင်တဲ့ သဘောထား အပါအဝင် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိတယ်။ အခုဆို အကြီးအကဲ မိသားစုတွေရဲ့ ဖိနှိပ်မှုကို ခံနေရတယ်။ သူ၏အကြံအစည်က အတားအဆီးတွေကို ဖယ်ရှားဖို့ သွေးနှင့်သံမဏိမူဝါဒကို မှန်းဆမရသောအချိန်တစ်ခုမှာ အသုံးပြုဖို့ပဲ။ အခြေအနေအရ၊ သူက နယ်စပ်မှာ အရှိန်အဟုန်မြှင့်ပေးဖို့ စစ်တပ်ကို အသုံးပြုပေး နိုင်ပြီးတော့ ဘာရိုကိုနဲ့ အခြားသူတွေကို နှိမ်နင်းဖို့ ဒါမှမဟုတ် ဖယ်ရှားပစ်ဖို့ ကူညီပေးနိုင်တယ်တဲ့။ ဒါက အင်ပါယာမှာရှိတဲ့ အတိုက်အခံတွေကို ချေမှုန်းပြီး အင်ပါယာရဲ့ အာဏာကို လုံးလုံးလျားလျား ချုပ်ကိုင်ထားနိုင်လိမ့်မယ်။ ဒီအစီအစဥ် နောက်ကွယ်က သက်ရောက်မှုကတော့ သူက ငါ့ကို ဆန့်ကျင်ဖို့ ဒါကိုသုံးနိုင်တာပဲ။ တကယ်လို့ ငါကသဘောမတူဘူးဆိုရင်၊ ကတ်သရင်းက “ပူးပေါင်းဆောင်ရွက်မှု” အစီအစဉ်ကို တမင်တကာ ထုတ်ဖော်ပြီး အကြီးအကဲ မိသားစုတွေနဲ့ တစ်ခြားအတိုက်အခံ အင်အားစုများကို အမြစ်ပြတ်ချေမှုန်းဖို့ သူနှင့်ငါ အတူတူ လုပ်ဆောင်နေတဲ့အကြောင်း သက်သေပြဖို့ လုပ်မယ်။ အကြီးအကဲ မိသားစုများက အမှန်တကယ် ခုခံကြမှာပဲ။ ရလဒ်အနေနဲ့ မြို့တော်နဲ့ အင်ပါယာမှာ ပြည်တွင်းစစ်တွေ ဖြစ်လိမ့်မယ်။ ပြီးရင် သူက တပ်ဖွဲ့ဝင်များစေလွှတ်ဖို့ အခြေအနေကို အခွင့်ကောင်းယူပြီး တပ်ဖွဲ့ဝင်တွေကို စေလွှတ်လိမ့်မယ်။ အဲဒီအချိန်ကျမှ ငါဆန္ဒရှိရင်တောင်မှ အရိပ်နက်အင်ပါယာကို အတူတကွ ပျက်စီးသွားဖို့အတွက် ဆွဲချဖို့တောင် ခဲယဉ်းသွားလိမ့်မယ်။
အစ်ဇဘယ်လာနှင့် ချန်လွေ့ တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်သွားသည်ကို တွေ့လိုက်ရသည်။ ရှီရာသည် စာကို မီးရှို့ရန် မည်သည်ကြောင့် ဟန်ဆောင်ခဲ့ရကြောင်းကို နောက်ဆုံး နားလည်လာခဲ့သည်။
ချန်လွေ့က ပြောသည်။ “ကက်သရင်းက ဘာတွေ တောင်းဆိုလဲ။”
ရှီရာက ချန်လွေ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ “ဒါက အရင်ကထက် ပိုပြီးတော့ တောင်းဆိုနေတယ်။ ဒါက လက်ခံနိုင်စရာ မရှိဘူး။ သူက “ချန်လွေ့” ဆိုတဲ့ ပါရမီရှင်ကို လိုချင်တယ်လို့ အလေးပေး ပြောသွားတယ်။ မင်းက ငါထင်ထားတာထက် ပိုနာမည်ကြီးနေသလိုပဲ။ နတ်ဆိုးဘုံရဲ့ အလှဆုံးမိန်းမပျိုကတောင် မင်းကိုမေ့မရဘူး။”
“ကျုပ်ရဲ့ ဂုဏ်သတင်းကြောင့်ဆိုတော့လည်း ဒီလိုပဲပေါ့။ “နတ်ဆိုးဘုံရဲ့ ပထမဆုံးဝန်ကြီးချုပ်” ဟုတ်တယ်မလား။” ချန်လွေ့က နိမိတ်မကောင်းလျက် လိပ်ပြာမလုံဘဲ ခေါင်းကုတ်လိုက်သည်။
အစ်ဇဘယ်လာသည် ချန်လွေ့၏ အမူအရာကို သတိပြုမိပြီး ရုတ်တရက် ရယ်လိုက်သည်။ “တကယ်တော့ နည်းလမ်းတစ်ခု ရှိတယ်။”
ထိုသို့ပြောပြီးသည်နှင့် ရှီရာနှင့်ချန်လွေ့တို့၏ မျက်လုံးများက အစ်ဇဘယ်လာကို တချိန်တည်း စိုက်ကြည့်လိုက်သည်။ မစ်-လျို့ဝှက်ထောက်လှမ်းရေးက ပြုံးလိုက်သည်။ သူက မျက်နှာလွှား နောက်ကွယ်တွင် ရှိနေသော်လည်း လှုပ်ရှားနေသည့် ပုံစံကို ခံစားနိုင်သေးသည်။