ပြီးပြည့်စုံသော ရတနာမြေပုံ
Vol. 38 Ch. 571
နောက်တစ်နေ့ ညနေခင်းတွင် ချန်လွေ့သည် တော်ဝင်ဟိုတယ်သို့ မျက်နှာဖုံးနှင့် ဝတ်ရုံဝတ်ကာ ရောက်လာသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ခရောဖို့ဒ် နှင့် ဆယ်လင်း တို့သည် အလွန်အလုပ်များခဲ့ကြသည်။ နန်းတော်ဧည့်ခံပွဲအပြင် ဖျော်ဖြေရေးအတွက် ဖိတ်စာများလည်း အများအပြား ရှိခဲ့သည်။
အကြီးအကဲမိသားစုများနှင့် အထက်တန်းလွှားများမှ ထိုဖိတ်ကြားချက်များသည် အဓိကအားဖြင့် သူတို့၏ ရည်ရွယ်ချက်ကို အကဲစမ်းရန် ရှီရာ ၏ အကြံအစည်သာ ဖြစ်သည်။ ထိုအချိန်တွင် “အက်ဂ်ယော”၏ လည်ပတ်မှုက သင့်လျော်ပေသည်။
ချန်လွေ့က ခရောဖို့ဒ် နဲ့ ဆယ်လင်းတို့ကို အသာလေး ဦးညွှတ်လိုက်သည်။ “ဗိုလ်ချုပ်နဲ့ မစ်-ဆယ်လင်းတို့က အရှင်မရှီရာနဲ့ အမှောင်လတို့ရဲ့ မိတ်ဆွေဟောင်းတွေပါ။ ခင်ဗျားတို့ နှစ်ယောက်က ဒီတစ်ခေါက် သံတမန်အနေနဲ့ လာလည်ပတ်ကြတဲ့အတွက် အဆင်မပြေမှုတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဧကရီရှီရာရဲ့ လူယုံတစ်ယောက် အနေနဲ့ ခင်ဗျားတို့ကို နှုတ်ခွန်းဆက်စကား ပြောကြားဖို့ လာခဲ့တာပါ။”
သူတို့နှစ်ယောက်က ယဥ်ကျေးသမှုဖြင့် အသိအမှတ်ပြုကာ ခရောဖို့ဒ်က ပြောသည်။ “ဒီတစ်ခေါက် လည်ပတ်တာက သာမန် ခင်မင်ရင်းနှီးတဲ့ လည်ပတ်မှု မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ မိတ်ဆွေ တစ်ယောက်ရဲ့ အမြင်အရတော့ ကျုပ် မလာချင်ပေမယ့် အရှင်မ ကတ်သရင်းရဲ့ အမိန့်ကိုလည်း မလွန်ဆန်နိုင်ပါဘူး။ တစ်ခုခု အမှားအယွင်းတွေ ရှိခဲ့ရင်လည်း အရှင်မ ရှီရာ ကို တောင်းပန်ပါ တယ်။”
ခရောဖို့ဒ်သည် အတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။ ထိုစကား၏ အဓိပ္ပါယ်မှာ အလွန် ထင်ရှားပေသည်။ ဒီတခေါက်တော့ တရားဝင် သံတမန်အနေနဲ့ လာတာဖြစ်လို့ စေ့စပ်ညှိနှိုင်းတဲ့အခါ အကျိုးစီးပွားတိုင်းအတွက် ကျိန်းသေတိုက်ပွဲဝင်မှာ ဖြစ်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အလျှော့ပေးမှာ မဟုတ်ဘူး။ အဲဒါကြောင့် အရင်ဆုံး တောင်းပန်ပါတယ်။
“ဘာကိုပြောနေတာလဲ။” ချန်လွေ့က ပြုံးရင်း ပြောလိုက်သည်။ “ကျုပ်တို့က အခု ကိုယ့်ရဲ့သခင်မတွေအတွက် အလုပ်လုပ်နေကြတာပဲ။ တကယ်လို့ ဗိုလ်ချူပ်က ကိုယ်ရေးကိုယ်တာ အကြောင်းရင်းကြောင့် တာဝန်ကိစ္စတွေကို အလျှော့ပေးမယ်ဆိုရင် ကျုပ်တို့သိတဲ့ ဗိုလ်ချုပ် ခရောဖို့ဒ် ဟုတ်တော့မှာ မဟုတ်သလို ဗိုလ်ချုပ်မွန်ရိုး လေးစားရတဲ့ ဖခင်လည်းဖြစ်မှာ မဟုတ်ဘူး။”
ထိုစကားများမှာ ထေ့ငေါ့ပြောနေခြင်း ဖြစ်သည်။ ခရောဖို့ဒ်က ရှီရာ လက်ဆောင်ပေးသော မိစ္ဆာသစ်သီးကို လက်ခံရရှိခဲ့ပြီး အမှောင်လ၏ အကူအညီဖြင့် သလင်းကျောက်တောင်ကြားမှ မြေအောက် သလင်းကျောက်ကြောရှိ ပြဿနာကြီး တစ်ခုကို ဖြေရှင်းခဲ့သည်။ ရှီရာက အင်ပါယာတစ်ခုလုံးက အလိုရှိနေသော ခရောဖို့ဒ်၏သားဖြစ်သူ မွန်ရိုးကိုလည်း လက်ခံခဲ့သည်။ ယခုတွင် ခရောဖို့ဒ်က မှင်စာစစ်သည်များနှင့် မှော်ပညာရှင် ဗိုလ်ခြေတို့ကို ပေးခဲ့ခြင်းမှာ တကယ့်ဆုလာဒ်အစား ကတ်သရင်း၏ ညွှန်ကြားချက်နှင့် ပိုတူနေလေသည်။
အင်ပါယာဘက်မှကြည့်လျှင် ခရောဖို့ဒ်၏ အပြုအမူများမှာ လက်ခံနိုင်ပေသည်။ သူက အင်ပါယာအတွက် သားဖြစ်သူကိုပင် စွန့်ပစ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့ကို သစ္စာရှိသည်ဟု ပြော၍ရနိုင်သော်လည်း မိတ်ဆွေတစ်ယောက်၏ ရှုထောင်မှကြည့်လျှင် မစစ်မှန်ပေ။
ချန်လွေ့၏ စကားများက ခရောဖို့ဒ်၏ မျက်နှာကို နီရဲသွားစေသည်။ ထို့နောက် ခရောဖို့ဒ်က ပြောလိုက်သည်။ “အဲဒါကို ပြောရမယ်ဆိုရင် ကျုပ်အတွက် ရှက်စရာပဲ။ ဆာ-အက်ဂ်ယောက သလင်းကျောက် တောင်ကြားမှာရှိတဲ့ မြေအောက် သလင်းကျောက်ကြောရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တယ်။ မွန်ရိုးကိုလည်း ဆာ-အက်ဂ်ယောက ကယ်တင်ခဲ့ပြီးတော့ အခု အမှောင်လမှာတောင် အရေးကြီးတဲ့ ရာထူးကို ပေးထားသေးတယ်။ ကျုပ် ဆာ့ကိုကျေးဇူးဆပ်ဖို့ အခွင့်မကြုံခဲ့ဘူး။ ဒီကြင်နာမှုကို ကျုပ်စိတ်နှလုံးထဲမှာ မှတ်သားထားပါတယ်။ နောင်တစ်ချိန်မှာ လိုအပ်တာများရှိရင် ကျုပ်ကို ရှာဖို့ အရိပ်နက် အင်ပါယာကို လာခဲ့နိုင်ပါတယ်။ ကျုပ် ခင်ဗျားကို တတ်နိုင်သမျှ မငြင်းဆန်ဘဲ ကူညီပေးပါ့မယ်။”
ပုဂ္ဂိုလ်ရေးကြောင့် ခရောဖို့ဒ်က စေ့စပ်ညှိနှိုင်းမှုတွင် အပေးအယူလုပ်၍ မရကြောင်း ချန်လွေ့သိသည်။ သူက ခရောဖို့ဒ်ကို သိပ်ပြီး အရှက်မကွဲစေချင်သည့် အတွက် ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပါပြီ။ အခက်အခဲတွေရှိရင် ကျုပ် ဗိုလ်ချုပ်ကို သေချာပေါက် အကူအညီတောင်းပါမယ်။ ကျုပ်က မြို့တော်ရဲ့ ဝတ်ရုံ ဟော့ပေါ့ စားသောက်ဆိုင်မှာ ပွဲစီစဥ်ထားပါတယ်။ ဗိုလ်ချုပ်နဲ့ မစ်-ဆယ်လင်း စိတ်မရှိဘူးဆိုရင် အတူတူ သွားသောက်ကြမယ်လေ။”
ခရောဖို့ဒ်သည် ယခင်က စတေလာ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ စတေလာသည် ထိုစေ့စပ်ညှိနှိုင်းမှုတွင် အဓိကတာဝန်ယူသူဖြစ်သည်။ ခရောဖို့ဒ်ကလည်း သူ့ပြိုင်ဘက်ရဲ့ စွမ်းရည်ကို စူးစမ်းချင်သော်လည်း ချန်လွေ့က မမျှော်လင့်ဘဲ လမ်းတစ်ဝက်တွင် ထွက်ပေါ်လာသည်။ ခဏလောက် သူ ဆုံးဖြတ်ရခက်နေခဲ့သည်။
ခရောဖို့ဒ်က သူ့ကိုယ်သူ တွေးနေလိုက်သည်။ ငါ ခုနကပဲ သူ့ရဲ့ ကြင်နာမှု အကြောင်းပြောလိုက်တာ။ အခု သူ့ကိုငြင်းလိုက်ရင် မတရားရာကျတော့မယ်။ သူ သဘောတူ တော့မည်ဆဲဆဲတွင် ဘေးမှ နှုတ်ဆိတ်နေသော ဆယ်လင်းက ပြောသည်။ “ဗိုလ်ချုပ် ခရောဖို့ဒ်က မဒမ်-စတေလာရဲ့ ဖိတ်ကြားချက်ကို သဘောတူပြီးသွားပါပြီ။ သူက ဘိုးလ်မိသားစုကို သွားရတော့မယ်။ ချိန်းထားတာကို လွဲချော်တာက အဆင်မပြေလှဘူး။ ဒီလိုလုပ်ပါလား။ အမှောင်လရဲ့ စစ်မှန်တဲ့ ဟော့ပေါ့ကို မမြည်းတာကြာပြီ။ ကျွန်မ တစ်ယောက်ထဲ ဆာ-အက်ဂ်ယောနဲ့ သောက်ခွင့်များရနိုင်မလား။”
သူ ဒီလိုပြောပြီးသည်နှင့် “အက်ဂ်ယော”က ငြင်းရန် မကောင်းသည့်အတွက် ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် သူတို့သုံးယောက် အတူတူ ဟိုတယ်မှ ထွက်သွားကြသည်။ ခရောဖို့ဒ်သည် ပွဲတက်ရောက်ရန် လူတစ်စုနှင့် ဘိုးလ်မိသားစုသို့ သွားပြီး ချန်လွေ့က ဆယ်လင်းနှင့်အတူ ရထားစီးကာ မြောက်ပိုင်းဆင်ခြေဖုံးရှိ ဝတ်ရုံဂိုဏ်းမှ ဖွင့်လှစ်ထားသော ဟော့ပေါ့ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
ခရောဖို့ဒ်က ချန်လွေ့တို့နှစ်ယောက်နှင့် လမ်းခွဲပြီးနောက်တွင် ဆယ်လင်း၏ လိုက်လျောညီထွေရှိမှုအတွက် တိတ်တဆိတ် ချီးကျူးလိုက်သည်။ သူ ဘိုးလ်မိသားစုသို့ သွားရောက်မည်ကို ချန်လွေ့သိပြီးသားမှန်း သူ မသိခဲ့ချေ။ အမှန်တကယ်၌ ချန်လွေ့က ဆယ်လင်းနှင့် နှစ်ယောက်တည်းတွေ့ရန် အကြောင်းပြချက်ရှာခဲ့ခြင်းသာဖြစ်သည်။
ဟော့ပေါ့ စားသောက်ဆိုင်သည် မြို့တော်၏ မြောက်ဘက် ဆင်ခြေဖုံးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ သေးသေးလေး မဟုတ်ပဲ လုပ်ငန်းမှာလည်း အလွန်ကောင်းလှသည်။ ချန်လွေ့နှင့် ဆယ်လင်းတို့က အရေးကြီးပုဂ္ဂိုလ်အခန်းသို့ ရောက်လာသည်။ ဝိုင်နှင့် ဟင်းလျာများကို ချပြီးနောက် စားပွဲထိုးများ အားလုံး ထွက်သွားကြသည်။ ချန်လွေ့ သည် ကြိုတင်ပြင်ဆင်ထားသည့် အသံလုံ မှော်စက်ဝိုင်းကို အသက်သွင်းလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြီး ပြောသည်။ “အခု မင်း ပြောလို့ရပြီ။”
ဆယ်လင်းက ချန်လွေ့၏ ရုပ်ဖျက်မှုကို သိနေသည်မှာ ကြာပြီဖြစ်သည်။ ခရောဖို့ဒ် ကိုယ်စား ပွဲသို့သွားရန်အတွက် ကမ်းလှမ်းခိုင်းသည့် မျက်လုံးအမူအရာကို မြင်လိုက်သော အခါ ဆယ်လင်း ပိုသေချာသွားသည်။ ယခု သူတို့ နှစ်ယောက်ထဲ ရှိသောအခါ ဆယ်လင်း မျက်နှာလွှားဇာကို ချက်ချင်းမတင်ပြီး နက်နက်ရှိုင်းရှိုင်း အရိုအသေ ပြုလိုက်သည်။ “မင်္ဂလာပါ။ သခင်...”
ဆယ်လင်းက အသက် ၁၈နှစ်သာ ရှိသည်။ သူက ချိုမြိန်ပြီး ချစ်စရာကောင်းသည်။ အထူးသဖြင့် အသက်အရွယ်နှင့် မလိုက်သော ရင်သားတစ်စုံရှိသည်။ ရင်သားကြီးကြီးနှင့် ကလေးဆန်သောပုံစံပင်။ သူက ငယ်ရွယ်နုပျိုသော သွေးဆောင်မှုဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် အပြစ်ကင်းသည်ဟု ထင်ရသော သွက်လပ်သည့် မိန်းကလေးက မိသားစုခေါင်းဆောင်ရာထူးအတွက် တိုက်ပွဲဝင်နေသော အစ်ကို နှစ်ဦးကို တိုက်ခိုက်ကာ အရိပ်နက် အင်ပါယာရှိ ထိပ်တန်းစီးပွားရေးမိသားစု၏ရာထူးကို ရယူနိုင်ခဲ့သည်။ ကတ်စတာ မိသားစုရှိ လူတိုင်းက သူ၏နည်းလမ်းများအောက်တွင် နာခံခဲ့ကြသည်။
ဆယ်လင်းက အမှန်တကယ် စွမ်းဆောင်ရည် ရှိသည်။ သူသည် ကတ်စတာမိသားစုကို ကောင်းစွာစီမံခန့်ခွဲပြီး မိသားစုစီးပွားရေးကို ပိုမိုတိုးတက် အောင်မြင်စေခဲ့သည်။ သူကို ဧကရီ ကက်သရင်းကလည်း လေးစား တန်ဖိုးထားသည်။ အမှန်တကယ်၌ သူ့တွင် ချန်လွေ့၏အစေခံဟူသော နောက်ထပ် အရေးအကြီးဆုံး အထောက်အထားတစ်ခု ရှိသေးသည်။ ချန်လွေ့သည် ဆယ်လင်း၏ လက်ရှိအခြေအနေနှင့် စွမ်းအားကို ရောက်အောင် တစ်ကိုယ်တည်း ပံ့ပိုးပေးခဲ့သည်။ ကျွန်-သခင် စာချုပ်က ဆယ်လင်းအား မကောင်းသော အကြံအစည်များ မပြုလုပ်ရန် ဟန့်တားထားသည်။
ဆယ်လင်းသည် အမှန်တကယ် ပါးနပ်လှသည်။ ထိုသခင်သည် ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီအသစ် ရှီရာနှင့် စေ့စပ်ထားသူဖြစ်ကြောင်း သူ သိသည်။ သူ၏သခင်သည် အနာဂတ်တွင် အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖွယ်ရှိသည်။ သူ၏ ကိုယ်ပိုင် စွမ်းအားကလည်း ခန့်မှန်းမရနိုင်ပေ။ ထို့ကြောင့် ဆယ်လင်း၏ အမူအရာမှာ အလွန်အမင်း နှိမ့်ချလွန်းနေသည်။
“ထိုင်င်ပါ။ အရမ်းယဉ်ကျေးမနေပါနဲ့။”
ဆယ်လင်းသည် ချန်လွေ့အတွက် ဝိုင်တစ်ခွက်ကို လေးလေးစားစား လောင်းချပြီးနောက် အတူတူ ထိုင်လိုက်သည်။ “သခင်၊ ကျွန်မကို အမိန့်ပေးပါ။”
ဒီအမူအရာမှာ ယခင်တစ်ခေါက် လိုင်ရာမြို့၌ တွေ့ခဲ့စဉ်ကနှင့် မတူပေ။ ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်ပြီး ပြောသည်။ “ဒီတစ်ခေါက် မင်းက ခရောဖို့ဒ်နဲ့အတူ သံတမန်ဖြစ်လာခဲ့တယ်။ မဟာကတ်သရင်းက စေ့စပ်ညှိနှိုင်းဖို့ အချိန်ကန့်သတ် ထားတာလား။ အထူးသဖြင့် စေ့စပ်ညှိနှိုင်းရေးရဲ့ နောက်ဆုံးစည်း ကို ပြောခဲ့လား။”
“ကျွန်မက ဗိုလ်ချုပ်ခရောဖို့ဒ်ကို ကူညီဖို့ တာဝန်ရှိတဲ့ လက်ထောက် သံတမန် တစ်ယောက်ပါ။ သူပြောခဲ့ရင်တောင်မှ ခရောဖို့ဒ်ပဲ သိပါလိမ့်မယ်။ အချိန်ကန့်သတ်ချက် ကတော့ ကြယ်ကြွေတမန်မြို့တော်ကို ရောက်ပြီး ခုနစ်ရက်အတွင်း အဖြေထွက်ရမှာပါ။ ရှီရာက ဆက်ပြီးတော့ အချိန်ဆွဲနေမယ်ဆိုရင် နောက်ဆုံးရက်မှာ သတိပေးပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကို အငိုက်ဖမ်းမှာပါ။”
“ခုနစ်ရက်အတွင်း ရလဒ်များ မညှိနှိုင်းပါက” မည်သည့်အရာ ဖြစ်မည်ကို ဆယ်လင်း မပြောခဲ့သော်လည်း အရိပ်နက်အင်ပါယာက ရှီရာ ကို အချိန်အများအပြား မပေးနိုင်ကြောင်း ချန်လွေ့ မှန်းဆထားပြီးဖြစ်သည်။ သူတို့သည် ကြယ်ကြွေတမန် အင်ပါယာ၏ အတွင်းရေးပဋိပက္ခကို နှိုးဆွလိမ့်မည်မှာ သေချာသည်။ အင်ပါယာ ကမောက်ကမ ဖြစ်နေသောအခါ ရှီရာက ကတ်သရင်း ကို စစ်မတိုက်ဘဲ သူ့ရဲ့ ဖဲချပ်များကို ဆုံးရှုံးလိမ့်မည်။ သူ့ကို ကတ်သရင်းက အပြည့်အဝ ချုပ်တည်းထားလိုက်ပေမည်။
“၇ရက်...” ချန်လွေ့က ခဏလောက်စဉ်းစားပြီး ရုတ်တရက် မေးသည်။ “ကတ်သရင်းက မင်းကို “ဆရာသခင်အာသာ” အကြောင်း မေးဖူးလား။”
“မေးဖူးတယ်။ ကျွန်မက သခင်အမိန့်ပေးတဲ့အတိုင်း လုပ်ခဲ့တယ်။ ကတ်စတာမိသားစုကို အမြင့်တက်လှမ်းစေနိုင်ဖို့ ဆရာသခင် အာသာနဲ့ အမှောင်လရဲ့ စွမ်းအားကို အသုံးပြုခဲ့တယ်။ အစတုန်းက ဆရာသခင် အာသာကို လုံခြုံအောင်လုပ်ဖို့ သွေးဆောင်ဖျားယောင်ပြီးတော့ မိသားစုဘဏ္ဍာရေး အရင်းအနှီးတွေကို သုံးချင်ပေမယ့်၊ သခင်က ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလို့ ကျွန်မ ပြောခဲ့တယ်။ အမှောင်ကို ကတ်စတာမိသားစု မဝင်ရောက်ခင်မှာပင် အရှင်မ ကတ်သရင်းဆီကနေ ကျွန်မလည်း အထူး သတင်းပို့ပြီးတော့ ခွင့်ပြုချက် ရခဲ့တယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူက အထူး အဆက်အသွယ် အဆောင်ကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ “မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းရဲ့သရုပ်က ဒီကာလမှာ အရိပ်နက်အင်ပါယာရဲ့ သံတမန်ပဲ။ ဟာကွက်တွေ မပေါ်စေနဲ့။ အရေးပေါ် အခြေအနေရှိရင် ငါ့ကို ဆက်သွယ်ဖို့ ဒီ ဆက်သွယ်ရေး သင်္ကေတကို သုံးလို့ရတယ်။”
“နားလည်ပါပြီ သခင်။” ဆယ်လင်းက အဆက်အသွယ် အဆောင်ကို ယူပြီး သိမ်းထားလိုက်သည်။ “သခင် အရင်တစ်ခေါက်က တစ်ခုခုရှာဖို့ ပြောခဲ့တယ်မလား။ ဒါလေးကို မတော်တဆ အခြေအနေမှာ တွေ့ခဲ့တာ။ အဲဒါက သခင်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမလား မသိဘူး။ တစ်ချက်ကြည့်ပေးပါ။
ဆယ်လင်းက စကားပြောနေရင်းနှင့် တစ်ခုခုကို ထုတ်ပြလာသည်။ ချန်လွေ့၏ အကြည့် ကျဉ်းမြောင်းသွား၏။ ဆယ်လင်းသည် ချန်လွေ့ ရင်းနှီးသော လက်ထဲ၌ အလားတူ လေးခု ရှိနေပြီဖြစ်သည့် ရှေးဟောင်းစုတ်ပြတ်နေသော သားရေစာလိပ်ကို ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ရတနာသိုက်မြေပုံစာလိပ်ပင်။
ဒါက တကယ့်ကို အံ့သြစရာပဲ။
ချန်လွေ့က လက်ထဲတွင် တစ်ဝက်သာရှိသောစာလိပ်ကို အမြန်ထုတ်လိုက်သည်။ ဆယ်လင်း ယူဆောင်လာသော သားရေစာလိပ်သည် စာလိပ်အနီးသို့ရောက်သောအခါ စာလိပ်က ဖျပ်ခနဲတောက်သွားသည်။ ထို့နောက် ရောယှက်ပြီး ပြီးပြည့်စုံသော မြေပုံတစ်ခု ဖြစ်လာခဲ့သည်။
မြေပုံများ ပေါင်းစပ်သွားပြီးနောက် မူလအသွင်အပြင်သည် ရုတ်တရက် ပြောင်းလဲသွား၏။ ရုပ်အရှင်ကဲ့သို့ပင် လှုပ်ရှားသွားပြီး သမုဒ္ဒရာတစ်ခုကို ပြသနေသည်။ နတ်ဆိုးဘုံတွင် ထိုကဲ့သို့ပထဝီဝင်အင်္ဂါရပ်ရှိသောနေရာမှာ ပင်လယ်သေ တစ်ခုသာ ရှိသည်။ ချန်လွေ့သည် ဒုတိယအပိုင်းကို ရသောအခါတွင် အမြတ်ကြီးစားသော မှင်စာက ပင်လယ်သေရှိ လျှို့ဝှက်ရတနာ တည်နေရာကို ရတနာမြေပုံက မှတ်တမ်း တင်ထား ကြောင်း ပြောခဲ့ဖူးသည်။ ထိုလျှို့ဝှက်ရတနာမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက နတ်ဆိုးဘုံကို အုပ်စိုးခဲ့သော အမှောင်နဂါးဧကရာဇ်၏ အမွေအနှစ် ဖြစ်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ရတနာများ ရှိသည်။ ယခုတွင် ၎င်းသည် အလိမ်အညာ ဟုတ်ဟန်မတူပေ။
သို့သော်လည်း ထိုရတနာမြေပုံက အလွန်ကျယ်ပြန့်သော ပင်လယ်သမုဒ္ဒရာ တစ်ခုသဖွယ် ဖြစ်နေသည်။ ချန်လွေ့က အချိန်အကြာကြီး ကြည့်နေသော်လည်း ထူးခြားသော အမှတ်အသားနှင့် အချက်ပြမှုများကို မတွေ့ခဲ့ရပေ။ သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ငါက ရတနာမြေပုံကို ခက်ခက်ခဲခဲ စုဆောင်းပြီးတော့ ပင်လယ်သေရဲ့ တစ်နေရာရာမှာ ရှိတာကိုပဲ အတည်ပြုနိုင်တာလား။ ပင်လယ်သေက အကျယ်ကြီးပဲ။ ငါ ဘယ်လိုလုပ် ရှာနိုင်မှာလဲ။ ဒါမှမဟုတ် ပင်လယ်သေဆီကို ဒီမြေပုံ ယူသွားမှပဲ အကျိုးသက်ရောက်မှု ရှိမှာလား။
ချန်လွေ့၏ ယန္တရားဆရာသခင် မျက်လုံးက ထိုရတနာမြေပုံမှာ ထင်သလောက် မရိုးရှင်းသော အထူးကုန်ကြမ်းတစ်မျိုးဖြင့် ပြုလုပ်ထားကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထိုကုန်ကြမ်းမှာ အလွန်ပင် ထိခိုက်လွယ်သည်။ သူက ၎င်းကို ဖြိုခွဲရန် အင်အားသုံးပါက ရတနာမြေပုံတစ်ခုလုံး ပြာဖြစ်သွားနိုင်ပေသည်။ ပဟေဠိကို အဖြေရှာရန်အတွက် သုတေသန အများအပြား ပြုလုပ်ရန် လိုအပ်လောက်ပေသည်။
ယခုတစ်ခေါက်တွင် ရှီရာက ပင်လယ်သေသို့သွားရန် စီစဉ်နေခဲ့သည်။ သူက ရတနာမြေပုံ၏ လျို့ဝှက်ချက်များကို အဖြေရှာနိုင်သည်နှင့် မမျှော်လင့်ထားသော အရာများကို ရှာတွေ့နိုင်ပေသည်။
“မင်း တော်တယ်။” ချန်လွေ့က ဆယ်လင်းကို ချီးမွမ်းရန် ရတနာမြေပုံကို သိမ်းထားလိုက်သည်။ “မင်း ဘာဆုလာဒ် လိုချင်လဲ။ ငါ့ကိုပြော။”
ဆယ်လင်းက ခေါင်းကိုငုံ့ပြီး ပြောသည်။ “ကျွန်မက သခင်အတွက် လုပ်ပေးသင့်တာပါ။ ဆုလာဒ်တွေ မတောင်းဆိုရဲပါဘူး။”
ထိုကောင်မလေး၏ လျို့ဝှက်ကြံစည်သော နည်းလမ်းများမှာ ထူးချွန်ကြောင်း သိသည့်အတွက် ချန်လွေ့ ပြောလိုက်သည်။ “ငါက လုပ်ရပ်အလိုက် လူတွေကို ဆုပေး ဒဏ်ပေး လုပ်တာ။ မင်းရဲ့ စွမ်းရည်နဲ့ သစ္စာရှိမှူကို ငါ အတော်လေး ကျေနပ်တယ်။ မင်း လိုချင်တာကိုပြော။ စိတ်ထဲ မထားထားနဲ့။”
ဆယ်လင်းက ချန်လွေ့က တုံ့ဆိုင်းလျက် ကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်သည်။ “သခင့်ရဲ့ ကိုယ်လုပ်တော် ဖြစ်ခွင့်ရမလား။”
ကျွန်-သခင်စာချုပ်တွင် နေရာတစ်ခုသာ ရှိသည့်အတွက် သခင်ဖြစ်သူက သူ၏အသက်ကို အချိန်မရွေး စွန့်ပစ်ပြီး ပို၍တန်ဖိုးရှိသော အစေခံတစ်ယောက်ကို ရှာဖွေနိုင်သည်။ “ဆရာသခင် အာသာ”နှင့် ကဝေမ ခီရာတို့၏ ပတ်သက်မှုအရ သခင်ဖြစ်သူက မိန်းမများကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ ထို့ကြောင့် ဆယ်လင်းက စွန့်ပစ်မခံရရန်အတွက် ချန်လွေ့၏ မိန်းမဖြစ်လာရန် ကိုယ့်ကိုယ်ကိုယ် အင်နှင်းချင်နေခဲ့သည်။
ထို့အပြင် သူ၏သခင်က ရှီရာကို အမှောင်လ လော့ဒ်နေရာမှ ကြယ်ကြွေတမန် မြို့တော်အထိ ထောက်ပံ့ခဲ့သည်။ အနာဂတ်တွင် ကြယ်ကြွေတမန်အင်ပါယာက သခင်ဖြစ်သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားနိုင်ချေ များပေသည်။ အကယ်၍ သူက ချန်လွေ့ကို လက်ထပ်ခဲ့လျှင် သူနှင့် ကတ်စတာမိသားစုလည်း လွတ်လမ်းတစ်ခု ရှိသွားပေမည်။
ချန်လွေ့က ဆယ်လင်းအပေါ် အခြား မည်သည့်အတွေးမှ မရှိပေ။ တကယ်လို့ အပ်နှင်းတဲ့အကြောင်းကို ပြောချင်ရင် မီးအိမ်တစ္ဆေနှစ်ထောင်က ဆယ်လင်းထက် သစ္စာရှိမှုရော၊ အလှအပပါ မနှိမ့်ကျဘူး။ ဆယ်လင်း တွေးနေသည်ကို ခန့်မန်းမိလိုက်သည့် အတွက်ကြောင့် ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါသည်။ “မင်း စိုးရိမ်နေတာကို ငါ သိတယ်။ ငါ့စွမ်းအားက မင်းမျှော်မှန်းနိုင်တာထက် ကျော်လွန်နေတယ်။ မင်းက ငါနဲ့ စာချုပ်ချုပ်ခဲ့တဲ့ တစ်ဦးတည်းသော အစေခံ မဟုတ်ဘူး။ ဂျာဒယ်ခံတပ်က ဒုတိယ ဗိုလ်ချုပ် လိုကီကလည်း သူတို့ထဲက တစ်ယောက်ပဲ။ အခု သူက မြို့တော်မှာ ရှိနေတယ်။ မင်း သူ့ကို တွေ့ချင်လား။”
ဆယ်လင်း တုန်လှုပ်သွားခဲ့သည်။ သူက အရိပ်နက်အင်ပါယာမှ ပထမဗိုလ်ချုပ် ဘရော့ခ်၏ လူယုံတော် လိုကီကိုသိသည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက သခင့်ရဲ့ အစေခံတစ်ယောက် ဖြစ်သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီလိုဆိုရင် သခင်က စာချုပ် တစ်ခုထက်ပိုပြီးတော့ ထိန်းချုပ် နိုင်တာလား။ ဒါက ဘာကို ဆိုလိုတာလဲ။
ဆယ်လင်း၏ အမူအရာကို သတိထားမိသည့်အခါ ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ အမှန်တကယ်တွင် လိုကီက အစေခံတစ်ယောက် မဟုတ်ဘဲ ရုပ်သေးတစ်ရုပ် ဖြစ်သည်။ သို့ရာတွင် ထို “အသိ”ကို ဥပမာအနေဖြင့် အသုံးပြုချက်က ဆယ်လင်းကို ပို၍ယုံကြည်စေသည်မှာ သေချာပေသည်။
“ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြနိုင်တယ်။ ငါက နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ရဲ့ ဆက်ခံသူပဲ။ ငါ အပြည့်အဝ အစွမ်းပြန်ရမယ်ဆိုရင် နတ်ဘုရား-တစ်ပိုင်း အဆင့်ကို ရောက်ဖို့ ခက်ခဲမှာ မဟုတ်ဘူး။ မင်းက ထက်မြက်တဲ့ လူတစ်ယောက်ပဲ။ ငါပြောတာကို မင်းနားလည်လား။”
နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်ရဲ့ ဆက်ခံသူ တဲ့လား။ ထိုစကားက ဆယ်လင်းကို ပို၍ပင် ထိတ်လန့်စေပြီး ရုတ်တရက် နစ်မွန်းသွားစေခဲ့သည်။ ဒါကြောင့် သခင် အဆင့်တက်တာက တအားမြန်နေတာကိုး။ ယန္တရားပြိုင်ပွဲမှာတုန်းကဆိုရင် သူက မဟာနတ်ဆိုးဘုရင်အဆင့်ပဲ ရှိနေသးတယ်။ နောက်တော့ သူ လိုင်ရာမြို့မှာ ရှိနေတုန်းက ဧကရီကတ်သရင်းရဲ့ လျို့ဝှက်အစောင့်ဖြစ်တဲ့ တာဒီလာကို ယှဉ်နိုင်ခဲ့တယ်။ အခု သူက တကယ်ပဲ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းဖြစ်တဲ့ ကြယ်ကြွေတမန်အင်ပါယာရဲ့ ရီဂျန့် အိုဆိုင်ဒန်ကို ခေါင်းဖြတ်ခဲ့တယ်။ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အဆင့်တက်နှုန်းက ... လက်စသတ်တော့ နတ်ဘုရား-တစ်ပိုင်း ပုဂ္ဂိုလ်ရဲ့ ဆက်ခံသူ ဖြစ်နေတာကိုး။
ချန်လွေ့၏နောက်ထပ် စကားတစ်ဝက်က ဆယ်လင်းကို ပို၍ပင် နှလုံးခုန် မြန်သွားစေသည်။ နတ်ဘုရား-တစ်ပိုင်းအဆင့်ကို ရောက်တဲ့သူတွေကပဲ စာချုပ်တွေကို ပယ်ဖျက်နိုင်တယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် သခင်က နတ်ဘုရား-တစ်ပိုင်းအဆင့်ကို ပြန်ရတာနဲ့.....
တစ်စုံတစ်ယောက်က ထိုသို့ပြောလျှင် ဆယ်လင်း လုံးဝ ယုံကြည်မည် မဟုတ်ပေ။ သို့သော် ချန်လွေ့က “အံ့သြဖွယ်ရာများ”ကို ဖန်တီးပြခဲ့သည်။ ထိပ်သီးအစွမ်းထက် ပုဂ္ဂိုလ်ဖြစ်သော မဟာရိုင်ဇန်နှင့် အရိပ်နက်အင်ပါယာမှ ဧကရီ ကတ်သရင်းတို့၌ပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ အဆင့်တက်နှုန်း မရှိခဲ့ပေ။ ထို့ပြင် သူ့တွင် ကျွန်-သခင် စာချုပ် တစ်ခုထက် ပိုချုပ်၍ရသော စွမ်းရည်ပင် ရှိနေသည်။
“နားလည်ပါပြီ..သခင်..”
ဆယ်လင်းက နောက်ဆုံးသော အပိုအတွေးများကို ဖယ်ရှားလိုက်ပြီး သူ၏သစ္စာရှိမှုက အဆုံးစွန်အထိ ရောက်ရှိသွားခဲ့လေသည်။ သခင်ဖြစ်သူက နတ်ဘုရား-တစ်ပိုင်း အဆင့်သို့ရောက်သွားလျှင် အစေခံများကို ထိန်းချုပ်ရန်အတွက် စာချုပ် မလိုတော့ပေ။ နတ်ဆိုးဘုံက အစွမ်းထက်သူများကို လေးစားကြသည်။ အကယ်၍ သူက နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်အောက်တွင် ခိုလှုံခဲ့လျှင် ကတ်စတာမိသားစုက မျိုးရိုးစဉ်ဆက် ကြွယ်ဝချမ်းသာနေမည် ဖြစ်သည်။ အင်ပါယာမှ ဧကရာဇ်များသည်ပင် သူတို့ကို မထိခိုက်နိုင်ပေ။
ထိုကုန်ကြမ်းများအားလုံးမှာ ရှေးဟောင်း အဂ္ဂိရတ် သက်ရှိအဖွဲ့အစည်း၏ အကြွင်းအကျန်များအတွက် လိုအပ်သည်။ အချို့မှာ အလွန်ရှားပါးပြီး လိုအပ်သော ပမာဏာ များပြားကာ ခက်ခဲမှုမှာလည်း မြင့်မားပေသည်။ ဆယ်လင်းက စာရင်းကို ကြည့်ပြီး အံ့အားသင့်သွားခဲ့သည်။ သို့သော် သူ ဘာမှမပြောဘဲ သိုလှောင်လက်စွပ်ထဲသာ သိမ်းထားလိုက်သည်။ “စိတ်မပူပါနဲ့။ သခင်။ ကျွန်မ အမြန်ဆုံး ဆောင်ရွက်ပေးမှာပါ။”
ချန်လွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုကုန်ကြမ်းများကို ဆယ်လင်း စုဆောင်းပြီးသွားလျှင် သူက ကြယ်ပြာရေနှင့် တစ္တေသန္တာကျောက်ကို ရှာဖွေရန်အတွက် ပင်လယ်သေသို့သွားမည် ဖြစ်သည်။ ထို့နောက်တွင် ကြယ်မြို့တော်သည် မူလအတိုင်း ပြန်ဖြစ်လာပြီး အင်အားကြီးသော ရှေးဟောင်း အဂ္ဂိရတ် ဗိုလ်ခြေတစ်ခုကို ပိုင်ဆိုင်နိုင်ပေမည်။