← Chapters

အမဲလိုက်ခြင်းအစ

Vol. 38 Ch. 574

အမဲလိုက်ခြင်းအစ

Vol. 38 Ch. 574

“မိသားစုတာဝန်က ပြီးတော့မယ်။ အခုက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလုပ်ဖို့ အချိန်ရောက်ပြီ။” ဇောက ဒိုင်ရာ့ခ်နှင့် လော်ဆန်တို့ကို ကြည့်လိုက်သည်။ “ဒီအကျိုးအမြတ် ရိတ်သိမ်းမယ့် ခရီးကို ငါ့နဲ့ အဖော်လိုက်ခဲ့ချင်လား။ ‌ရောင်းရင်းတို့။”

လော်ဆန်နှင့် ဒိုင်ရာ့ခ်တို့က ငတုံးများ မဟုတ်ကြပေ။ ဇောက သူတို့အား အကြောင်းရင်းမရှိဘဲ ပွဲကြည့်ခိုင်းမည် မဟုတ်ကြောင်း သူတို့ သိကြသည်။ အမှန်တကယ်၌ ပွဲကြည့်ရုံဖြင့် သူတို့က ကြံရာပါများ ဖြစ်နေပြီဖြစ်သည်။

“ငါ့ရဲ့ အစွဲအလမ်းကို မင်းသိပါတယ်။” လော်ဆန် ခဏစဉ်းစားပြီး လက်ကို လက်သည်းထုတ်နေသည့်ပုံစံ လုပ်လိုက်သည်။ သူ၏အပြုံးက ပို၍ပင် ဆိုးရွားနေ၏။ “သူက ငယ်ငယ် မငယ်ငယ် အရေးမကြီးဘူး။ ဒါတော့ ကြီးရမယ်။”

‌ဇောက အသာလေး ပြုံးလိုက်သည်။ “သဘောပေါက်ပြီ။ ငါမင်းကို သုံးလေးရက်လောက် ဟယ်လီနာကို ကစားဖို့ ပေးမယ်။”

ဟယ်လီနာက ဇော၏ ကိုယ်လုပ်တော်ဖြစ်ပြီး သူ၏ ရင်သားတစ်စုံက အံ့သြဖွယ်ရာ ကောင်းလှသည်။ လော်ဆန်က သူ့ကို အမြဲပင် တပ်မက်နေခဲ့သည်။ ၎င်းကိုကြည့်ရာ သူ၏မျက်လုံးများ အရောင်တောက်သွား၏။ “ပြီးတော့ ငါ သ‌ဘောကျတဲ့ မိန်းမကို ရှာဖို့ကူညီပေး။ ငါနဲ့ မလုနဲ့။”

“ဒါပေါ့။ မိတ်ဆွေ။” ဇော၏အကြည့်က ဒိုင်ရာ့ထံ ရောက်ရှိသွားသည်။ လော်ဆန်၏ ဘိုးလ်မိသားစု ညကုန်သည်ကြီးများအသင်း အဖွဲ့ဝင်ဖြစ်သော်လည်း ဒိုင်ရာ့ခ်က တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်သည်။ သူ့ဖခင် မျိုးဆက်က အရေးပါသော နေရာများကို ယူထားခဲ့ပြီး သူ၏ဦးလေးကလည်း သူနှင့် နာမည်ဆင်တူသော တော်ဝင်မိသားစု၏ နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းဖြစ်သော ဒီစ်ဂျာရိုဖြစ်သည်။ ယခုတစ်ယောက်တွင် ဇောက ဒိုင်ရာ့ခ်ကို ထိုကိစ္စထဲ ဆွဲသွင်းချင်နေသည်မှာ သေချာပေသည်။

“မင်းရဲ့ ပန်းညှို့ဓာတ် အရက်ဆိုင်က ဝေစု ၃၀% ငါလိုချင်တယ်။” ဒိုင်ရာ့ခ်က မျက်လုံးလှန်လိုက်ပြီး ချက်ချင်းပင် သတ်မှတ်ချက်ကို ပြောသည်။

ပန်းညှို့ဓာတ် အရက်ဆိုင်က ဇောပိုင်ဆိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အတော်လေး ဖြစ်ထွန်းလှသည်။ ဝေစု ၃၀% လိုချင်သည်မှာ အ‌တော်လေး လွန်ကဲပေသည်။ သို့သော်လည်း ထိုကဲ့သို့ အလိုကြီးခြင်းက ဇောကို စိတ်သက်သာရာ ရသွားစေပြီး သူက လက်တစ်ချောင်း ထောင်ပြလိုက်သည်။ “၁၀%ပဲ။ ဒါက ငါ့ရဲ့ နောက်ဆုံးအကန့်ပဲ။ မင်း အကြိုက်တွေ့တဲ့ လီလူဖြစ်ဖြစ်၊ တခြားမိန်းမလှတွေဖြစ်ဖြစ်၊ ထပ်ထည့်လို့ရတယ်။”

“သဘောတူတယ်။” ဒိုင်ရာ့ခ်နှင့် ဇောတို့က ပြုံးနေရင်း တစ်ချိန်တည်းမှာပင် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

ထို့နောက် သူတို့သုံးယောက်က အထူးအခန်းမှ ထွက်သွားကြတော့သည်။ တံခါးမှ အစောင့်များက သူတို့ကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။ ဒိုင်ရာ့ခ်တွင် အစောင့် တစ်ယောက်တည်းသာ ရှိပြီး ထိုသူမှာ မသေမျိုးမှော်ပညာ ကောင်းမွန်သော ဆာလ်ဖာပင် ဖြစ်နေသေးသည်။

ဇောက အစောင့်တစ်ယောက်ကို မေးလိုက်သည်။ “ဂျွန်။ အထူးအခန်း နံပါတ်(၁)မှာ မာလီနီ ရှိတယ်ဆိုတာ သေချာလား။”

“သေချာပါတယ်။ မစ်-မာလီနီက အထူးအခန်းဆီကို သူငယ်ချင်းတချို့ ခေါ်သွားတဲ့ပုံပဲ။” အစောင့် ဂျွန်က ရိုရိုသေသေနှင့် ပြန်ဖြေသည်။ “အခုလက်ရှိမှာ သူ့ကို လူသုံးယောက်က စောင့်ကြပ်နေတယ်။ အနီးအနားက စားပွဲထိုးတွေကို ရှင်းပြီးပြီ။ တစ်ယောက်မှ မရှိ‌တော့ဘူး။ အထဲကလူတွေက အပြင်မှာ ဖရိုဖရဲဖြစ်နေတာကို မသိလောက်ဘူး။ ”

“ကောင်းပြီ။ ဂျွန်။ မင်းရဲ့အကြံ ဒီတစ်ခေါက် သိပ်ကောင်းတယ်။ ပြီးတော့ သတင်းအချက်အလက်ကလည်း တော်တော်လေး တိကျတယ်။ မင်းက ကြီးကြီးမားမား စွမ်းဆောင်နိုင်ခဲ့တာပဲ။ မင်းရဲ့ ဝမ်းကွဲက ငါ့ကို အလုပ်အကျွေး ပြုနေခဲ့တာ တော်တော်ကြာပြီ။ ဒီကိစ္စတွေပြီးသွားရင် ငါသူ့ကို အိမ်ပြန်ခွင့်ပေးလိုက်မယ်။ နောက်တော့ ငါမင်းကို ထပ်ပြီးတာ့ ဆုချမယ်။”

ဂျွန်၏မျက်လုံးထဲ၌ ကောက်ကျစ်သော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွား၏။ ကျေနပ်သော မျက်နှာနှင့်အတူ သူက ဇောကို ထပ်ကာထပ်ကာ အရိုသေပေးပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူက ဇောနှင့် အခြားသူများနှင့်အတူ အပေါ်ထပ်တက်ကာ စန္ဒာခန်း နံပါတ်(၁)သို့ သွားလိုက်သည်။

အခန်း နံပါတ်(၁) ကို စောင့်ကြပ်နေသော အစောင့်က ဇောက အရိပ်အမြွက်ကို မြင်သည့်အခါ တံခါးခေါက်လိုက်သည်။ ခဏအကြာ တံခါးပွင့်လာ၏။ အစောင့်နှင့်တူသာ အမျိုးသမီးတစ်ယောက်က အပြင်မှ သူစိမ်းများကို သတိထားလျက် ကြည့်နေလိုက်သည်။ “ရှင်တို့က ဘယ်သူတွေလဲ။”

ဇောက ဂျွန်ကို အချက်ပြလိုက်ရာ ဂျွန်က အစောင့်များနှင့်အတူ ရှေ့သို့ အမြန်ပြေးသွားလိုက်သည်။ သို့ရာတွင် ထိုအမျိုးသမီး၏ခွန်အားက အလွန်ပင် သန်မာလှသည်။ သူက အစောင့်များက တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့သည်။

နောက်ဆုံးတွင် ဒိုင်ရာ့ခ်၏အစောင့် ဆာလ်ဖာက လှုပ်ရှားတော့သည်။ အရိုးခြောက် လှောင်အိမ်တစ်ခု မြေပြင်ပေါ်၌ ပေါ်ထွက်လာကာ အမျိုးသမီးကို အကျဉ်းချလိုက်ပြီး အားကောင်းသော စိတ်ဝိညာဉ်လှိုင်းဒဏ်ကာ အရိုးအကျဉ်းထောင်ထဲမှ အမျိုးသမီးကို ပြိုလဲသွားစေခဲ့သည်။

အထူးစန္ဒာခန်း နံပါတ်(၁) တံခါး ကန်ဖွင့်ခံလိုက်ရသည်။ ထိုအချိန်၌ အလွန်ပင် ကျယ်ဝန်းလှပြီး ဇိမ်ခံပစ္စည်းများနှင့် ‌ကြော့ရှင်းသော အပြင်အဆင်တို့ ရှိနေကာ အသံလုံ မှော်စက်ဝိုင်းကိုလည်း ခင်းကျင်းထားသည်။ ၎င်းမှာ အကောင်းဆုံး အထူးခန်း ဖြစ်လေသည်။ အတွင်းထဲမှ ဇော ရင်းနှီးသော မာလီနီအပြင် အခြားမိန်းကလေးများလည်း ရှိနေသည်။ သူတို့အထဲ၌ မိန်းကလေးနှစ်ယောက်က ထင်ရှားနေလေသည်။

မိန်းကလေးတစ်ယောက်မှာ တွန့်လိမ်သည့် ရွှေရောင်ဆံပင်ရှည်ရှိသော အသက် ၁၃၊ ၁၄နှစ်အရွယ် ဖြစ်သည်။ သူ့တွင် နူးညံ့သော အသွင်အပြင်များ၊ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေတို့ရှိပြီး ကျောက်မျက်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးများက ဖြူစင်သော ချစ်စရာ အငွေ့အသက်များ ထုတ်လွှတ်နေလေသည်။ ဇောက တစ်ချက်ကြည့်မိသွားပြီး လုံးဝ ဆွဲဆောင်ခံလိုက်ရသည်။ သူက မူလပစ်မှတ်ဖြစ်သော မာလီနီကို နောက်ထပ် မကြည့်တော့ပေ။ ထိုကဲ့သို့ ပြီးပြည့်စုံသော လတ်ဆတ်သည့် ပန်းအရှေ့တွင် မာလီနီက လမ်းလေးမှ ပေါင်းပင်တစ်ခုသာ ဖြစ်သည်။ ဇော ရင်ခုန်သွားခဲ့သည်။ မူလက သူသည် ကောင်မ‌လေးများကို သဘောကျပြီး ထိုကဲ့သို့ မိန်းမလှမျိုးနှင့် တွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိန်းချုပ်၍မရသော ပြင်းပြသည့် စိတ်ဆန္ဒက သူ့၏ဝမ်းဗိုက်အောက်တွင် ရုတ်တရက် တောက်လောင်သွားစေသည်။

နောက်ထပ် မိန်းကလေး တစ်ယောက်မှာ ၁၈နှစ်အရွယ်ခန့် ဖြစ်သည်။ သူက ချိုမြိန်ပြီး ချစ်စရာကောင်းသော်လည်း အသွင်အပြင်က ဆံပင်ရွှေရောင် မိန်းကလေးထက် နိမ့်ကျသည်။ သို့သော် သူ၏ စိတ်နေသ‌ဘောထားက ထူးခြားလှသည်။ အထင်ရှားဆုံးမှာ မို့မောက်နေသော ရင်သားတစ်စုံပင် ဖြစ်လေသည်။ ရင့်ကျက်သော အမျိုးသမီး တစ်ယောက်သည်ပင် ၎င်းကြောင့် အရှက်ရသွားနိုင်ပေသည်။

ဇောနှင့် အခြားသူများ ဖောက်ဝင်လာခြင်းက ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို ထိတ်လန့်သွားစေခဲ့သည်။ အမျိုးသမီးအစောင့်များက ချက်ချင်းပင် ရှေ့၌ ရပ်လိုက်ကြသည်။ အလွန်ကြီးမားသော ရင်သားများရှိသည့် စကားချိုသော မိန်းကလေးက အသေအချာပင် ထိုကဲ့သို့ အခြေအနေမျိုးကို အနည်းငယ် အတွေ့အကြုံ ရှိနေသည်။ သူက တည်တည်ငြိမ်ငြိမ်ပင် အော်ပြောလိုက်သည်။ “ရှင်တို့အားလုံးက ဘယ်သူလဲ။ ဘာလို့ ရိုင်းရိုင်းပျပျ အတင်းဝင်လာရဲရတာလဲ။”

“သူ..သူက... မီရှန်မိသားစု ခေါင်းဆောင်ရဲ့သား ဇော ပဲ။” မင်းသမီးစံအိမ်သည် မူလ စန္ဒာအေး တည်းခိုခန်းကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်ပြီး နေရာမှာ အတော်လေး ကျယ်ဝန်းလှသည်။ အထူးအဆောက်အအုံက ထမင်းစားခန်းမနှင့် ဝေးကွာသည်။ မာလီနီက အစ်မဖြစ်သူ လီလူကို မြို့စောင့်တပ်သားများ ခေါ်သွားကြောင်း မသိသလို အပြင်ဘက်၌ ဖြစ်ပျက်နေသော ကြောက်မက်ဖွယ်ရာ ဖရိုဖရဲဖြစ်မှုကိုလည်း မသိခဲ့ပေ။ သို့ရာတွင် ဇောက သူ့အပေါ်၌ မကောင်းသော အကြံအစည်ရှိကြောင်း အမြဲပင် သိနေခဲ့သည်။ ဇောက အခြားသူများကိုပါ ခေါ်လာကြောင်း မြင်သည့်အခါ မာလီနီ၏ အသံများ အနည်းငယ် တုန်ခါနေခဲ့သည်။

“မီရှန် မိသားစု။ အကြီးအကဲ မိသားစုလား။” ဆံပင်ရွှေရောင် မိန်းကလေးက ရဲတင်းသွားဟန်တူသည်။ “အတင့်ရဲလိုက်တာ။ ငါ ဘယ်သူလဲဆိုတာ သိလား။”

“မိန်းမလှလေး။ မင်းရဲ့အသံက မျက်နှာလိုမျိုး ရင်ထဲထိစေစတယ်။ မင်း ဘယ်သူလဲ ဆိုတာကို ငါ သိစရာ မလိုဘူး။ နောက်တော့ မင်းကို အိပ်ယာမှာ ဘယ်လို ဆက်ဆံရမလဲ ဆိုတာကိုပဲ ငါ သိဖို့လိုတယ်။” ဇောက မြို့တော်၏ အထက်တန်း တော်ဝင်မိသားစုထဲ၌ ထိုမိန်းကလေးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူ၏အပြာရောင်မျက်လုံးများက လူစီဖာ တော်ဝင်မိသားစုဝင် မဟုတ်ပေ။ ထို့ပြင် မာလီနီနှင့် မိတ်ဆွေဖြစ်သူများ၌ ကောင်းမွန်သော နောက်ခံများ မရှိနိုင်သည်မှာ သေချာပေသည်။ ထို့ကြောင့် သူက ချင်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်လိုက်တော့သည်။

“အတင့်ရဲလိုက်တာ။” ရင်သားမို့မောက်သော မိန်းကလေးက အဆင့်မြင့်သော စိတ်နေသဘောထားမျိုး ရှိနေသကဲ့သို့ပင် တင်းမာလျက် မတ်တတ်ရပ်လိုက်သည်။

“ဒီမိန်းကလေးက ငါ့အပိုင်ပဲ။ ဟယ်လီနာကို ငါ မလိုချင်တော့ဘူး။” လော်ဆန်က ထိုကောင်မလေး၏ ပြည့်ဖောင်းနေသော ရင်သားတစ်စုံကို လောဘတကြီးနှင့် စိုက်ကြည့်နေလေသည်။

ဇော၏မျက်လုံးထဲတွင် လှပပြီး ချစ်စရာကောင်းသော ဆံပင်‌ရွှေရောင်နှင့် မိန်းကလေး တစ်ယောက်တည်းသာ ရှိသည်။ သူက ပန်းသီးအစိမ်းကို အကြိုက်ဆုံး ဖြစ်ပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ “ကောင်းပြီလေ။”

“မသာ‌ကောင်။ ကြယ်ကြွေတမန်မြို့တော်မှာ တကယ်ကြီး ဒီလို သည်းခံလို့မရတဲ့ အကြီးအကဲ မိသားစုတွေ ရှိနေတာပဲ။ အစောင့်တွေ။ သူတို့ကို မြန်မြန် ရှင်းပစ်လိုက်။” မို့မောက်နေသော ရင်သားရှိသည့် မိန်းကလေးက ဒေါသထွက်သွားသည်။ ဘေးနှစ်ဖက်မှ အမျိုးသမီးအစောင့်များကလည်း ချက်ချင်းပင် ရှေ့တွင် ကာဆီးထားလိုက်သည်။

ဇော၏အစောင့်က အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သော မှော်အငွေ့ကို အသုံးပြုလိုက်သည်။ ထိုအငွေ့တွင် အရောင်၊ အနံ့မရှိသော အဆိပ်တစ်ခု ရှိသည်။ ၎င်းကို ရေးရေးလေးသာ မြင်နိုင်ပြီး ဖြေဆေး ကြိုမသောက်ထားလျှင် သိရှိရန် ခက်ခဲလှသည်။ ထိုနည်းလမ်းကို အသုံးပြုရာ၌ ထိုသူများက ဝါရင့်များ ဖြစ်ကြသည်။ တစ်ဖက်က ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းမျိုး အသုံးပြုလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူတို့ သတိထားမိသွားသောအခါ နောက်ကျသွားပြီး အားလုံး သတိလစ်လာကာ တိုက်ခိုက်ရေးစွမ်းအားများ တဟုန်ထိုး ကျဆင်းသွားပြီးနောက် မြေပေါ်လဲကျသွားကြ၏။

ဆံပင်ရွှေရောင် မိန်းကလေး၊ ရင်သားမို့မောက်သော မိန်းကလေးနှင့် မလှုပ်ရှားသော မာလီနီတို့က တိုက်ခိုက်တတ်သောသူများ မဟုတ်ကြပေ။ သူတို့က အဆိပ်ငွေ့ကြောင့် မူးဝေလာပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြလေသည်။

“ငါက မင်းသမီး....” ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက စကားမဆုံးခင်မှာပင် သတိလစ်သွားခဲ့သည်။ မို့မောက်နေသော ရင်သားတစ်စုံရှိသည့် မိန်းကလေးနှင့် မာလီနီတို့လည်း တစ်ယောက်ပြီးတစ်ယောက် သတိလစ်သွားကြတော့သည်။

“သူက မင်းသမီးလက်လီစတိုးကလား။” ဒိုင်ရာ့ခ်က ဇောကို ဖျပ်ခနဲ ကြည့်လိုက်သည်။

ထိုစကားက ဇော၏ အတွေးများကို အသေအချာပင် လမ်းကြောင်း လွဲသွားစေ ခဲ့သည်။ သူ တုံ့ဆိုင်းသွားပြီး သရော်ပြုံး ပြုံးလိုက်၏။ “မင်းသမီးလက်လီစတိုးက လူသစ်တစ်ယောက် နေမယ်။ အခု မင်းသမီးစံအိမ်က ဖရိုဖရဲဖြစ်နေပြီ။ လူတချို့ ပျောက်သွားတာ၊ သေသွားတာက ပုံမှန်ပဲ။ ပြဿနာရှာတဲ့သူတွေကို နောက်ကျ ပျောက်သွားအောင် လုပ်နိုင်ရင် အဆင်ပြေပြီ။ လီလူပြန်လာပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ ဒါမွန် သိတယ်။ သူက ဝိုင်တိုက်ခန်းကို တာဝန်ယူထားရတဲ့သူပဲ။ အဲဒါကြောင့် သူက မနေ့ညက ပေါက်ကွဲမှုကို အပြစ်ပုံချလို မရဘူး။ တကယ်လို့ သူက ဒီအခွင့်အရေးကိုသုံးပြီးတော့ အပြစ်လျော့အောင် မလုပ်နိုင်ဘူးဆိုရင် အားလုံးကို ပုခုံးထမ်းပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ပဲ ရှိတယ်။ အနည်းဆုံးတော့ ဒါကြောင့် သူ့မိန်းမနဲ့သား ကောင်းကောင်း အသက်ရှင်နိုင်မယ် .... ”

လော်ဆန်နှင့် ဒိုင်ရာ့ခ်တို့ အချင်းချင်း ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။

ဇောက ပြောသည်။ “ကောင်းပြီ။ ငါတို့ ဒီမှာ ဆူဆူညံညံတွေ အများကြီး လုပ်ပြီးပြီ။ ကြာကြာနေလို့ မရဘူး။ ခဏကြာရင် မြို့စောင့်တပ်ဖွဲ့ ရောက်လာမယ်။ ဒီမိန်းမတွေ အကုန်လုံးကိုခေါ်သွား။ ဘာသဲလွန်စမှ မကျန်စေနဲ့။ ငါတို့တွေ ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ ထွက်သွားကြမယ်။”

ဒိုင်ရာ့ခ်က သံယောင်လိုက်ပြောသည်။ “ဟုတ်တယ်။ အခုပဲ ထွက်သွားရမယ်။ ဒါပေမဲ့ ငါတို့က လူခွဲလို့ မရဘူး။ လော်ဆန်။ အရှေ့ဘက်ဆင်ခြေဖုံးမှာ မင်းရဲ့ တိတ်ဆိတ်တဲ့ ခြံဝင်းတစ်ခုရှိတယ် မဟုတ်လား။ လှည်းစီးပြီးတော့ အခြေအနေ စောင့်ကြည့်ရင်းနဲ့ အဲဒီမှာ အရင်ဆုံး ပုန်းကြတာပေါ့။”

“ကောင်းပြီ။” လော်ဆန်က မျက်နှာပေါ်၌ ကောက်ကျစ်သော အပြုံးဖြင့် ခဏလောက် တွေးနေလိုက်သည်။ “အဲဒီမှာ အခန်းတွေ အများကြီးပဲ။ ငါတို့တွေ ပျော်ပါးရင်တောင် တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး။”

ဖရိုဖရဲဖြစ်ခြင်း၏ အကာအကွယ်အောက်တွင် ထိုအုပ်စုက သားကောင်များကို ခေါ်ပြီး မီးလောင်နေပြီဖြစ်သော မင်းသမီးစံအိမ်မှ အလောတကြီး ထွက်သွားကြ တော့သည်။ ထို့နောက် လှည်းတစ်စင်းပေါ်သို့ တက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ထွက်သွားကြသည်။

သို့ရာတွင် ကိစ္စများမှာ မတည်မြဲပေ။ မည်သူက မုဆိုး၊ မည်သူက သားကောင်း ဟူသည်ကို ပြောရန် ခက်ခဲပေသည်။

မင်းသမီးစံအိမ် တိုက်ခိုက်ခံရပြီး လုယက်ခံနေရစဉ် ရှီရာက အရိပ်နက် အင်ပါယာမှ သံတမန် ဗိုလ်ချုပ် ခရောဖို့ဒ်နှင့် တွေ့ဆုံရန်အတွက် နန်းတော်၌ ရှိနေလေသည်။

ဗိုလ်ချုပ် ခရောဖို့ဒ်က အရိုအသေပြုပြီး ပြောလိုက်သည်။ “အရှင်မ ဆင့်ခေါ်ရတဲ့ အကြောင်းရင်းကို ကျုပ် သိလို့ရမလား။”

ရှီရာ၏ ခရမ်းရောင်မျက်လုံးများက အဓိကခန်းမဝင်ပေါက်ရှိ မျက်နှာလွှား ဝတ်ထားသော အမျိုးသမီးများကို ငေးကြည့်လိုက်သည်။ ထို့ကြောင့် သူက အစောင့်တစ်ယောက်ကို ရပ်ပြီးကြည့်ကာ ဒီစ်ဂျာရို၊ စတေလာနှင့် အခြားသူများကိုလည်း ကြည့်လိုက်သည်။ ထို့နောက် သူ စတင် စကားပြောသည်။ “သံတမန်က မြို့တော်ကို ရောက်လာတာ ၆ရက်ရှိနေပြီ။ ကျွန်မ လောကဝတ်မကျေတဲ့အတွက် ခွင့်လွှတ်ပေးပါ။ အခုက နှစ်ဖက်လုံး ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို သေသေချာချာ ဆွေးနွေးဖို့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။”

ခရောဖို့ဒ်က ထိုနေ့ရက်များက ဆက်သွယ်စကားပြောနေခဲ့ရပြီး အားလပ်ချိန် မရှိလုနီးပါး ဖြစ်ခဲ့သည်။ ၎င်းမှာ တစ်ဖက်၏ စမ်းသပ်ပြီး အချိန်ဆွဲသော နည်းဗျူဟာ ဖြစ်ကြောင်း သိသည့်အတွက် သူ အေးအေးဆေးဆေးနှင့် ဖြေရှင်းခဲ့သည်။ သူက နောက်ဆုံးနေ့ဖြစ်သော မနက်ဖြန်တွင် ရှီရာ အံ့အားသင့်သွားစေရန်အတွက် ဧကရီ ကတ်သရင်း၏ သတ်မှတ်ချိန်ကို ထုတ်ပြောချင်ခဲ့သည်။ သို့ရာတွင် တစ်ဖက်က ညှိနှိုင်းရန် ကြိုတင် ဆွေးနွေးလာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ခရောဖို့ဒ် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် သတိပြန်ဝင်ကာ ပြန်ဖြေသည်။ “အရှင်မရဲ့ သဘောအတိုင်းပါပဲ။ ဒါပေမဲ့ သံတမန်အကူ ဆယ်လင်းက အသစ်ဖွင့်ထားတဲ့ မင်းသမီးစံအိမ်မှာ မိတ်ဆွေဟောင်းတစ်ယောက်ဖိတ်လို့ ထမင်းစားနေတယ်။ တရားဝင် ညှိနှိုင်းဖို့အတွက် ခဏလောက် စောင့်ဆိုင်းပေးပါ။ အရှင်မ။ ကျုပ် အခုချက်ချင်းပဲ ဆယ်လင်းကို နန်းတော်ဆီ ခေါ်သွားဖို့ စေလွှတ်လိုက်ပါ့မယ်။”

ရှီရာ ခေါင်းညိတ်လိုက်ပြီး ခရောဖို့ဒ်က ချက်ချင်းပင် ခန်းမအပြင်ဘက်မှ အစေခံများကို တောင်ပိုင်းဆင်ခြေဖုံးသို့သွားပြီး ဆယ်လင်းကို နန်းတော်သို့ ပြန်လာခိုင်းရန် အမိန့်ပေးခဲ့သည်။ သို့ရာတွင် ခရောဖို့ဒ်၏လူများ ထွက်သွားပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်က အလောတကြီး သတင်းလာပို့သည်။ “အရှင်မ။ တောင်ပိုင်း ဆင်ခြေဖုံးမှာရှိတဲ့ မင်းသမီးစံအိမ်မှာ အုတ်အော်သောင်းတင်း ဖြစ်နေတယ်။ အခုလက်ရှိ မင်းသမီးစံအိမ်က မီးလောင်နေလို့ မီးသတ်ဖို့ ကြိုးစားနေပါတယ်။”

“ဘာပြောတယ်။” ရှီရာနှင့် ခရောဖို့ဒ်တို့က တစ်ချိန်တည်းနီးပါးပင် တအံ့တသြနှင့် ပြောလိုက်ကြသည်။ စတေလာဘေးတွင် ထိုင်နေသော မီရှန်မိသားစုခေါင်းဆောင် အန်ဂလေက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး မျက်မှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

မင်းသမီးစံအိမ်သည် မင်းသမီးလက်လီစတိုး၏ “လုပ်ငန်းအခွဲ”ဖြစ်ကြောင့် လူအများအပြား သိကြသည်။ မင်းသမီးလက်စတိုးကို စတင်တည်ထောင်သော နေရာမှာ အမှောင်လ၌ဖြစ်သော်လည်း ပထမဆုံးပိုင်ရှင်မှာ အမြဲပင် ကြားဖူးသော်လည်း မတွေ့ဖူးကြသော မင်းသမီးလေး အဲလစ် ဖြစ်သည်။ သူက ဧကရီအရှင်မ၏ တစ်ဦးတည်းသော ညီမတော်ဖြစ်သည့်အလျောက် မင်းသမီးလက်လီစတိုးနှင့် မင်းသမီးစံအိမ်ကို တော်ဝင်လုပ်ငန်းများအဖြစ် သတ်မှတ်၍ ရနိုင်သည်။ အတိအကျ ပြောရလျှင် ၎င်းတို့မှာ ရှီရာ၏ ငွေကြေးအရင်းအမြစ်များ ဖြစ်ကြပေသည်။

မင်းသမီးစံအိမ် ဖွင့်ဖွင့်ချင်းမှာပဲ ကြမ်းတမ်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ဒါက အရေးမကြီးဘူး။ ပိုအရေးကြီးတာကတော့ အရိပ်နက်အင်ပါယာရဲ့ သံတမန် ဆယ်လင်းက ဖရိုဖရဲဖြစ်နေတဲ့ မင်းသမီးစံအိမ်မှာ ထမင်းစားနေတာပဲ။

ရှီရာ၏မျက်နှာ ရုတ်တရက် မည်းမှောင်သွား၏။ သူ၏အသံက ခန်းမ တစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့သည်။ “အက်ဂ်ယော။ မင်းကိုယ်တိုင် အစောင့်တွေကို ဦးဆောင်ပြီးတော့ မင်းသမီးစံအိမ်ဆီ ချက်ချင်းသွား။ ဘယ်လိုပဲဖြစ်ဖြစ် သံတမန် ဆယ်လင်း လုံခြုံဖို့ကို မင်း တာဝန်ယူရမယ်။ တစ်ချိန်တည်းမှာပဲ ဒီကိစ္စကို အပြည့်အဝ စုံစမ်းဖို့အတွက် လျို့ဝှက်ထောက်လှမ်းရေးဌာနကို အမိန့်ပြန်ကြားလိုက်။”

“မှန်လှပါ။” အင်ပါယာအစောင့် လက်ထောက်တပ်မှူး ‘အက်ဂ်ယော’က ခန်းမ အပြင်ဘက်မှ အရိုအသေပြုပြီး အစောင့်များကို ချက်ချင်းစုစည်းကာ အမိန့်အတိုင်း ဆောင်ရွက်တော့သည်။

All Chapters