← Chapters

ဆိုးဝါးလွန်းတဲ့ရှုပ်ထွေးမှု

Vol. 125 Ch. 1739

ဆိုးဝါးလွန်းတဲ့ရှုပ်ထွေးမှု

Vol. 125 Ch. 1739

“ဖြန်း…”

အသံပြန်လာသည်နှင့်အတူ အားလုံး အံ့ဩသွားသည်။ အထူးသဖြင့် ချောမောသန့်ပြန့်လှသော သခင်လေးပင်ဖြစ်သည်။

“ရှီအာ မင်း ငါ့ကိုရိုက်တယ်” ထိုရုပ်ချောချောလေးသည် ဝမ်းနည်းမှုပေါင်း များစွာဖြင့် စွန်းထင်းနေသည် “အရင်တုန်းက မင်း ငါ့ကို ဘယ်တုန်းကမှမရိုက် ဖူးဘူး”

ရှီမာယူယူ - “…”

သူ့မျက်နှာ နီရဲသွားသည်ကို သူမ မြင်သောအခါ နှာရှုတ်ပြီး အေးစက်စွာ မေးလိုက်သည် “ရှင်က ဘယ်သူလဲ”

သူ၏ အမူအရာမှာ အံ့ဩသွားကာ ရှီမာယူယူအား မယုံကြည်စွာဖြင့် ကြည့်လေသည်။

“ရှီအာ ငါ ဘယ်သူလဲမသိဘူးလား ငါ့ကိုမေ့သွားတာလား ရွှတ် ရွှတ် ဘယ်လိုလုပ် ငါ့ကိုမေ့သွားရတာလဲ”

ရှီမာယူယူသည် ထိုကဲ့သို့ ရုပ်ရည်ချောမောမှုကြောင့် ဆန်ကုန်မြေလေး ဖြစ်နေသော လူမျိုးနှင့် အပတ်အသက်မလုပ်ချင်ပေ။ သူမသည် ထင်စန်းဘက် သို့ ခေါင်းလှည့်လိုက်သည်။

နှစ်ရက်ကြာအောင် ပြောဆိုဆက်ဆံပြီးနောက် ထင်စန်းသည် သူမ၏ ဆိုလိုရင်းကို နားလည်ကာ သူမဆီသို့ရောက်လာပြီး နှုတ်ဆက်လေသည် “သခင်မလေးကို ပြန်ဖြေပါတယ် ဒါကသခင်လေးကုန်းဇီပါ သူက သခင်မလေး ရဲ့ သူငယ်ချင်းကောင်းပါ”

“သခင်လေးကုန်းဇီဟုတ်လား”

“သေစမ်း ရှီအာ မင်း တကယ်ပဲ ငါ့ကိုမမှတ်မိဘူးလား မင်း မှတ်ဉာဏ်တွေ ပျောက်သွားတယ်ကြားလို့ ငါလာကြည့်တာ တကယ်ကိုပဲ ငါ့ကိုမမှတ်မိတော့ ဘူးပဲ” ကုန်းဇီယွမ်သည် ဝမ်းနည်းပက်လက်ငိုကာ အမြန်ပြေးသွားပြီး သူမကို ဖက်ဟန်ပြုလိုက်သည်။

ရှီမာယူယူသည် ခြေထောက်တစ်ဖက်မြှောက်ကာ သူ၏ ဝမ်းဗိုက်ကို ကန်ပြီးတားလိုက်သည် “ရှင်လူမှားနေပြီ ကျွန်မက ရှင့်ရှီအာမဟုတ်ဘူး”

“မင်းက ရှီအာမဟုတ်ဘူး ဟုတ်လား မင်း မှတ်ဉာဏ်ပျောက်တာထားပါ တော့ ဘာလို့ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘူးလို့ ငြင်းနေတာလဲ” ကုန်းဇီယွမ်သည် ခုံတွင်ထိုင်လိုက်ပြီး သူမအား မပျော်မရွှင်ကြည့်လေသည်။

“ကျွန်မတကယ်ပဲ မုရုန်ရှီမဟုတ်ဘူး” ရှီမာယူယူသည် မရွေမတွက်နိုင် အောင် ပြန်ပြောလိုက်သည် “ရှင်က သူမရဲ့… သူငယ်ချင်းကောင်းဟုတ်လား ဒါဆို သူမနဲ့ကျွန်မကြားက ကွာခြားချက်ကိုသိမှာပေါ့”

“မင်းတို့က ရုပ်လည်းတူကြတယ် မဟုတ်တာတွေ… မင်းက သူမ မဟုတ်ရင် ဘယ်သူလဲ” ကုန်းဇီယွမ် ဆက်ပြောလေသည် “စိတ်မပူပါနဲ့ မင်း မှတ်ဉာဏ်တွေပျောက်သွားရင်တောင် ငါ မင်းကို မစက်ဆုတ်ပါဘူး နောက်ဆို လည်း မင်းကိုခေါ်ပြီးကစားမှာပါ”

ရှီမာယူယူသည် သူကဲ့သို့ ဉာဏ်ရည်မမှီသည့် လူကို ဧည့်မခံလိုတော့ သဖြင့် မျက်လုံးလှိမ့်ပြကာ သူမ၏ အိမ်သို့ပြန်လျှောက်လာလိုက်သည်။

ရုတ်တရက်ပင် သူမကို တစ်စုံတစ်ယောက်မှ စိုက်ကြည့်နေသလိုခံစားရ သည်။ သူမ ခေါင်းပြန်လှည့်ကြည့်လိုက်သောအခါ အနီရောင်ခပ်ပါးပါးဝတ်ထား သော အမျိုးသားတစ်ယောက်သည် သူမကို ခြံဝန်းဝင်ပေါက်မှ စိုက်ကြည့်နေ သည်ကိုမြင်လိုက်ရသည်။

“အဲဒါဘယ်သူလဲ”

ထိုလူသည် သူမ အပြစ်တင်လိုက်ခြင်းကြောင့် ကြောက်ရွံ့တုန်ယင်သွား ကာ အမြန်ပင်ဒူးထောက်လေသည် “ခွင့်လွှတ်ပါ အကြီးဆုံးသခင်မလေး သခင်မလေး ဒဏ်ရာရတယ်ကြားလို့ ဒီကျေးကျွန်ကလာကြည့်တာပါ”

ကျေးကျွန်ဟုတ်လား….

ရှီမာယူယူသည် သူ့ကိုယ်သူ အမည်တပ်လိုက်ပုံကို မျက်မှောင်ကြုတ် လိုက်ပြီး ဘာကြောင့် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နေသော အဝတ်အစားကို ဝတ်ထားသည်ကို နားလည်သွားသည်။

သူမသည် မျက်လုံးထောင့်ကိုပွတ်ပြီး ပြောလိုက်သည် “ထင်စန်း သူ့ကို ပြန်ခေါ်သွားလိုက်”

သူမ ပြောပြီးသည်နှင့် တံခါးဖွင့်ပြီး တွန်းဝင်လိုက်သည်။

ကုန်းဇီယွမ်သည် သူမကို မယုံနိုင်စွာကြည့်ပြီး အိမ်ထဲသို့ နောက်မှလိုက် သွား ကာ ပြောလိုက်သည် “မင်းရဲ့ အပျော်လင်လေးကို မလိုချင်တော့ဘူးလား မဖြစ်နိုင်တာ… မင်း သူတို့ကိုမြင်ရင် အမြဲတမ်းမျက်လုံးတွေ အရောင် တောက်လာတာပဲ မှတ်ဉာဏ်တွေပျောက်သွားတာက မင်းရဲ့ စရိုက်ကိုပါ ပြောင်းသွားစေ တာလား”

“ကျွန်မ တစ်ခါပဲထပ်ပြောမယ် ကျွန်မက မုရုန်ရှီမဟုတ်ဘူး” သူမသည် အံကြိတ်ပြီး အသားပေးပြောလိုက်သည်။

မုရုန်ရှီ ထာဝရတောက်ပခြင်းမြို့တော်၏ အကြီးဆုံးသခင်မလေးသည် မောက်မာထောင်လွှားပြီး ကာမလိုက်စားကာ အချစ်ရူးဖြစ်သည်။ သူမသည် ကောင်လေးချောချောလေးများကို ခိုးယူပြီး ကောင်ချောလေးများ သုံးထောင် ပြည့်အောင် အဆောင်နှင့်ထားမည်ဟုဆိုကာ ခြံဝန်းအနောက်တွင် ထားထား သည်။

အဖမ်းခံရသူများသည် ခုခံကြသော်လည်း သူမ၏ ဖခင် မုရုန်ဟွေ့ကို တော့ မဆန့်ကျင်ရဲပေ။ တရားမျှတမှုကို သွားတောင်းသူများသည် သူသတ်ခြင်း ကို ခံလိုက်ရသည်ချည်းသာ။ ထို့ကြောင့် အားလုံးသည် သူမကို မပုန်ကန်ရဲကာ သူမဆီမှ ပုန်းနေရုံသာတတ်နိုင်ကြသည်။

ထိုသို့ဆိုလျှင် သူမ၏ ခြံဝန်းတွင် ကောင်ချောလေးရာချီရှိကာ အားလုံးမှာ ပါးလွှာသော အနီရောင်အင်္ကျီကိုဝတ်ဆင်ထားကြသည်။

အခု သူမသည် မုရုန်ရှီဟု အထင်ခံနေရသဖြင့် ထိုချောမောသော ကောင်လေးများ၏ အကြွေးမှာ သူမအပေါ်တွင်ရှိနေသည်။

ကုန်းဇီယွမ်သည် ရှီမာယူယူကို ခေါင်းအစခြေအဆုံးကြည့်ပြီး သူ့မေး သူပွတ်ကာ ပြောလိုက်သည် “တကယ်ပဲ မင်းနဲ့မတူဘူး မင်းက အသုံးမဝင်ဘူး  ဆိုတာကို ငါယုံတော့မလို့ပဲ”

ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ သူမကို ထိုမိန်းကလေးနှင့် နေ့တိုင်း မှားနေကြကာ သူမ၏ ရှင်းပြချက်ကို နားထောင်ရန် လူတိုင်းကိုရှင်းပြရသည်ကို ပင် ပျင်း၍နေလေပြီ။

“ကျွန်မက သူမလို့ ရှင်ပြောနေတာလား ဟုတ်ပြီ ကျွန်မက သူမလို့ပဲ မှတ်လိုက်ကြတာပေါ့”

သူမ ပြောပြီးနောက် အခန်းထဲမှထွက်လိုက်ရာ တံခါးတွင် စောင့်နေကြ သော ထင်စန်းနှင့်ထင်ရွှေတို့ကိုမြင်သောအခါ ပြောလိုက်သည် “ငါ့ကို ခေါင်ရန်း ပန်းခြံကိုခေါ်သွားပေး”

ထင်စန်းနှင့် ထင်ရွှေတို့သည် အံ့ဩသွားသော်လည်း ခေါင်းငုံ့ကာ လမ်းပြ ခေါ်ဆောင်သွားလိုက်သည်။

သူမသည် အကျင့်စရိုက်ပြောင်းသွားသော်လည်း အပျော်လင်တစ် ယောက်ကို တွေ့ပြီးနောက် ပျော်ရွှင်မှုကိုရှာချင်မည်ဟု သူတို့ ထင်လိုက်သည်။

ရှီမာယူယူသည် ထင်စန်းနောက်သို့လိုက်သွားရာ ခေါင်ရန်းပန်းခြံသို့ ‌ ရောက်သည်နှင့် ပျင်းရိနေသောလူများ စကားပြောနေကြသောလူများသည် သူမကို မြင်သောအခါ အေးခဲသွားကြလေသည်။ တချို့မှာ သူမကို မကြည့်ရဲ သဖြင့် တုန်ယင်နေကြပြီး တချို့မှာ သူမကိုဒေါသတကြီးကြည့်ကြသည်။

“ရှီအာ မင်းရဲ့ဒဏ်ရာက ပြန်ကောင်းဖို့လိုသေးတယ် ကစားနေတုန်း လက်မလွန်စေနဲ့” ကုန်းဇီယွမ်သည် သူမ၏ ကျန်းမာရေးကို စိတ်ပူသည်။ သို့သော် ထိုစကားပြောချိန်တွင် အဓိပ္ပာယ်များစွာပါဝင်နေသည်။

“ရှင်နဲ့မဆိုင်ပါဘူး” ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုပြီး ထင်စန်းနှင့် ထင်ရွှေတို့ကိုပြောလိုက်သည် “သွား အကုန်လုံးကိုခေါ်လာခဲ့”

ထင်စန်းနှင့် ထင်ရွှေတို့သည် ချက်ချင်းပင် လှုပ်ရှားကြသည်မှာ သူမ အရင်က မည်သို့ပြုမူခဲ့သည်ကို ပြန်နေသည်။ သူမ မည်သည့် လှည့်ကွက်လုပ် မည်ကို သူတို့မသိကြပေ။

ရှီမာယူယူသည် ကျောက်တုံးပေါ်တက်လိုက်ချိန် အောက်တွင် လူများစု လာကြသည်။ လျင်မြန်စွာပင် ခြံဝန်းမှာ ပါးလွှာသောအနီရောင်ဝတ်ထားသော လူများဖြင့် ပြည့်သွားသည်။ မုရုန်ရှီသည် ပျော်ပါးတတ်သည်ကို တွေးမိသည်နှင့် သူမမျက်နှာမှာ ဒေါသဖြတ်ပြေးသွားသည်။

“သခင်မလေး အကုန်ရောက်ပါပြီ” ထင်စန်းသည် ကျောက်တောင် အောက်ခြေသို့လာပြီး သူမကို ပြန်ဖြေလေသည်။

ရှီမာယူယူသည် ဒူးပေါ်လက်ထောက်ပြီး ကွေးညွှတ်ကာ သူတို့၏ မျက်နှာ ကို တစ်ယောက်ချင်းစီကြည့်လိုက်သသည် “တကယ်ပဲ ချောမောလိုက်တဲ့ ကောင်လေးတွေပဲ”

“မင်း ဘာလိုချင်ပြန်ပြီလဲ” အသံတစ်သံသည် မေးလာသည်။

ပြီးခဲ့သည့်တစ်ခေါက် သူတို့စုဝေးစဉ်က သူမသည် အမျိုးသား ဆယ် ယောက်ကို ခေါ်သွားကာ တစ်ယောက်မှ ပြန်မလာခဲ့ပေ။ အခု သူမ ဖြစ်ချင် သည့်အရာကို သူတို့မိသိတော့ပေ။

“ဘာမှလုပ်ဖို့ စိတ်ကူးမရှိပါဘူး” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည် “ဒီနေ့ ရှင်တို့အားလုံး လွတ်လပ်ပြီလို့ ပြောဖို့လာတာ ရှင်တို့အင်္ကျီလဲပြီး ထွက် သွားလိုက်ကြတော့”

“ဘာ”

“မင်း ဘာလုပ်ချင်နေတာလဲ”

သူမ ထိုသို့ပြောပြီးနောက် မည်သူမှ မလှုပ်ရဲကြသေးပေ။ ထိုအစား သူတို့ သည် သူမကို မယုံနိုင်စွာဖြင့် ကြည့်ကာ တချို့မှာ ဗျူဟာအသစ်လုပ်မည်ကို စိုးရိမ်သဖြင့် သတိကပ်ထားကြသည်။

“ရှင်တို့အားလုံး လွတ်လပ်ပြီလို့ ကျွန်မပြောနေတာ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ထင်စန်း သူတို့ကို ထိပ်တန်းကျောက် တစ်ထောင်စီပေး ပြီးပြန်လွှတ်လိုက်တော့”

“ရှီအာ မင်းတကယ်ပဲ သူတို့ကိုလွှတ်လိုက်တော့မလို့လား” ကုန်းဇီယွမ် သည် ကျောက်တုံးပေါ် ခုန်တက်လာပြီး သူမဘေးတွင်ရပ်လိုက်သည်။

ရှီမာယူယူသည် သူ့ခေါင်းကို ဘေးမှဖြတ်ရလိုက်လိုက်သည် “ကျွန်မက မုရုန်ရှီ မဟုတ်ဘူးလို့ ပြောနေတယ်လေ ဒါပေမဲ့ ကျွန်မက သူမပါဆိုပြီး ရှင်တို့က အတင်းပြောနေကြတာလေ အဲတော့ ဒီလူတွေကို ရှင်းပစ်ဖို့ ကျွန်မမှာ လုပ်ပိုင်ခွင့်ရှိသင့်တာပေါ့ ဟုတ်တယ်မလား ထင်စန်း ငါပြောတာမှန်တယ် မလား”

“သခင်မလေး ပြောတာမှန်ပါတယ် ဒီအစေခံက သူတို့ကို ပြန်လွှတ်လိုက် ပါတော့မယ်” ထင်စန်း ပြောလိုက်သည်။

“ဒီလိုမှပေါ့” ရှီမာယူယူသည် ကုန်းဇီယွမ်ကို စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားရသဖြင့် သူ့ကို ကျောက်တုံးပေါ်မှကန်ချပြီး တုံ့ဆိုင်းနေသောလူများကို ကြည့်ကာ သူတို့ကို စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည် “သွား သွားကြ တော့ ဒီမှာထပ်ပြီးလာမရှုပ်နဲ့တော့”

“မင်းက မုရုန်ရှီမဟုတ်ဘူးလို့ မင်းပြောတယ်နော် ဒါဆို မင်းကဘယ်သူလဲ” လူတစ်ယောက် မေးလိုက်သည်။

“ယူယူ” ရှီမာယူယူသည် ပြောရင်းနှင့် ကျောက်တုံးပေါ်မှခုန်ဆင်းပြီး ထိုလူများကို လျစ်လျူရှုကာ ခြံဝန်းထဲမှထွက်လာခဲ့လိုက်သည်။

ကုန်းယွမ်သည် သူမနောက်မှလိုက်လာသည်။ ထိုသိချင်စိတ်ပြင်းပြနေ သော မျက်လုံးများသည် သူမဆီမှ တစ်ဖဝါးမှမခွာခဲ့ပေ။

***

All Chapters