← Chapters

မစ်-သံတမန်နှင့် တော်ဝင်မင်းသမီးလေး

Vol. 38 Ch. 577

မစ်-သံတမန်နှင့် တော်ဝင်မင်းသမီးလေး

Vol. 38 Ch. 577

အရှေ့ပိုင်းဆင်ခြေဖုံးရှိ ဘိုးလ်မိသားစုခြံဝင်းထဲ၌ ကြယ်ကြွေတမန်အင်ပါယာမှ ဧကရီအပါအဝင် အထက်တန်းလွှာအားလုံး ရှိနေကြသည်။ နန်းတော်ခန်းမမှ လူအုပ်ကြီးကို အရှေ့တွင် မြင်လိုက်ရသောအခါ ဇော၏မျက်နှာက ဖခင်ဖြစ်သူ မီရှန်မိသားစု ခေါင်းဆောင်ကဲ့သို့ပင် ဖျော့တော့သွားခဲ့လေသည်။

“အရှင်မ။ လော်ဆန်ကို ခေါ်လာပါပြီ။ သူ့ကို အပြစ်ပေး‌တော်မူပါ။” စတေလာက လော်ဆန်ကို ဆွဲခေါ်ပြီး ရှီရာထံ ရောက်ရှိလာသည်။ ငရဲတံခါးကို သုံးလေးခေါက် လည်ပတ်ပြီးနောက် လော်ဆန် သတိမလစ်သွားသေးပေ။ သူက တုန်တုန်ယင်ယင်နှင့် ရှီရာထံ လမ်းလျှောက်လာပြီး အရိုအသေ ပြုလိုက်သည်။

ရှီရာက လော်ဆန်ကို အသာလေး ကြည့်လိုက်သည်။ “အခုချက်ချင်း သံတမန်ကို လွှတ်ပေးလိုက်။”

“သံတမန် ဟုတ်လား။” ထိုစကားကို ဝတ်ရုံနှင့်လူ ပြောခဲ့သည်ကို ကြားခဲ့စဉ်က လော်ဆန် တစ်စုံတစ်ခုကို တွေးနေခဲ့သည်။ သို့ရာတွင် ဇိုလာ ပေါ်ထွက်လာခြင်းက သူ့ကို ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုဟူသော ခံစားချက် အတက်အကျဖြစ်စေပြီး သူ၏စိတ်ထဲ၌ ဖရိုဖရဲ ဖြစ်နေတော့သည်။

အမြဲပင် တည်ငြိမ်နေခဲ့‌သော စတေလာက စိုးရိမ်တကြီး ဖြစ်နေ၏။ သူက အချစ်ရဆုံးသော မြေးဖြစ်သူကို ပါးရိုက်လိုက်တယ်။ “မင်းတို့အားလုံးက အရိပ်နက် အင်ပါယာရဲ့သံတမန် မစ်-ဆယ်လင်းကို ဒီနေရာဆီ ပြန်ပေးဆွဲခဲ့တာလား။”

ထိုရိုက်ချက်ကြောင့် လော်ဆန် နိုးထသွားခဲ့သည်။ မင်းသမီးစံအိမ်မှ ရင်သား ကြီးမားသော မိန်းကလေး၏ တော်ဝင်ဆန်သော စိတ်နေသဘောထားက သူ၏စိတ်ထဲ ပေါ်ထွက်လာ၏။ သူ ထိတ်လန့်သွားပြီး ရုတ်တ်ရက် ချွေးပြန်သွားသည်။ အဲဒီ မိန်းကလေးက မာလီနီနဲ့အတူ ရှိနေနတယ်။ ငါသဘောကျတဲ့ မိန်းကလေး .... ပထမတန်းစား “သားကောင်”က တကယ်ပဲ အရိပ်နက်အင်ပါယာက သံတမန် ဖြစ်နေတာလား။

နောက်ဆုံး၌ လော်ဆန်က မည်သည့်အတွက်ကြောင့် ဧကရီအရှင်မကိုယ်တိုင် ရောက်လာရကြောင်းကို သဘောပေါက်သွားသည်။ ၎င်းကို နားလည်ပြီးနောက် သူ၏ ပထမဆုံးခံစားချက်မှာ အကြောက်တရားပင်။ အားလုံးသိကြတဲ့အတိုင်းပဲ အရိပ်နက် အင်ပါယာစစ်တပ်က ကြယ်ကြွေတမန်အင်ပါယာနယ်စပ်မှာ စုစည်းနေကြပြီးတော့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေကြတယ်။ ဒီလိုဆိုးရွားတဲ့ အခိုက်အတန့်မှာ အရိပ်နက် အင်ပါယာ သံတမန်ကို ပြန်ပေးဆွဲတာက.....။ လော်ဆန် မပြောနိုင်ခင်မှာပင် အသံတစ်သံ ထွက်လာ၏။ “အရှင်မ။ ဒီတစ်ခေါက် ဇောနဲ့ လော်ဆန်တို့က မင်းသမီးစံအိမ်က မိန်းကလေးတွေကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ပေးဆွဲခဲ့ပါတယ်။ သံတမန် ဆယ်လင်းက သူတို့ထဲက တစ်ယောက်လား။”

စကားပြောလိုက်သူမှာ လော်ဆန်နှင့် ဇောတို့၏ “ကြံရာပါ” ဖြစ်သော ဒိုင်ရာ့ခ် ဖြစ်သည်။ ရှီရာဘေးမှ မျက်နှာဖုံးနှင့် ဝတ်ရုံဝတ်ထားသော အမျိုးသမီးက မတ်တပ် ရပ်လိုက်သည်။ “အရှင်မ။ ဒိုင်ရာ့ခ်က လျို့ဝှက်ထောက်လှမ်းရေးဌာနကပါ။”

လျို့ဝှက်ထောက်လှမ်းရေးဌာန။ ဇောနှင့် လော်ဆန်တို့က တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ “အက်ဂ်ယော”က ပြောသည်။ “ဒိုင်ရာ့ခ်ရဲ့ လျို့ဝှက် အမှတ်အသားကြောင့်သာ မဟုတ်ရင် ဒီကို ကျုပ် မြန်မြန် ရောက်လာနိုင်မှာ မဟုတ်ဘူး။”

တော်ဝင်မိသားစု၏ နတ်ဆိုးအရှင်သခင်အဆင့်ဖြစ်သော ဒီစ်ဂျာရို၏ တင်းမာနေသော နှလုံးသားက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။ ဒိုင်ရာ့ခ်မှာ သူ၏တူ ဖြစ်သည်။ သူက အလွန်ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။ ဒိုင်ရာ့ခ်က အမှောင်မိုက်ဆုံးအချိန်၌ သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

လူအများအပြားက မျက်နှာအစစ်အမှန် မပြသသော ဝတ်ရုံနှင့် အမျိုးသမီးကို အာရုံစိုက်လိုက်ကြသည်။ ထိုအမျိုးသမီးက တိုရိုမိသားစုထံမှ လျို့ဝှက်ထောက်လှမ်းရေး ဌာနကို လက်လွှဲယူခဲ့သော “အမှောင်နတ်ဆိုး” ခေါင်းဆောင် ဖြစ်လောက်ပေသည်။

“အမှောင်နတ်ဆိုး”သည် သတင်းအချက်အလက်များနှင့် လုပ်ကြံသော တာဝန်များကို ထောက်လှမ်းခဲ့သော အမှောင်လမှ လျို့ဝှက်ဆန်းကြယ်သည့် ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်။ နည်းလမ်းများမှာ အလွန်အမင်း ပါးနှပ်လှသည်။ မြို့တော်၏ လျို့ဝှက်ထောက်လှမ်းရေးဌာနသည်ပင် အမှောင်နတ်ဆိုးကို ဖျက်ဆီးပစ်ရန် ဆာရန်ဒီနှင့် အခြားသူများကို စေလွှတ်ခဲ့ရသည်။ သို့သော်လည်း သူတို့အားလုံးကပင် သုတ်သင်ခံခဲ့ရသည်။

ဒိုင်ရာ့ခ်က ရိုရိုသေသေနှင့် ပြောသည်။ “အရှင်မ။ အဲဒီမိန်းကလေးတွေက နောက်ဘက်အခန်းထဲမှာ ထားထားပါတယ်။ သူတို့က စိတ်ကြွစေတဲ့ အငွေ့တစ်မျိုးနဲ့ အဆိပ်မိထားတယ်။ ဆာလ်ဖာက ခိုးဝင်ပြီးတော့ စောင့်ကြည့်နေတဲ့သူတွေကို သတ်ပြီး သူတို့ကို တိတ်တိတ်လေး ကာကွယ်ပေးထားတယ်။”

၎င်းကိုကြားသည့်အခါ အားလုံး စိတ်အေးသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သံတမန်က အန္တရာယ် မကျရောက်ခဲ့ပေ။

ရှီရာ စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဒိုင်ရာ့ခ်။ မင်း တော်တယ်။”

“အရှင်မ။ ဆာ-အက်ဂ်ယော ခြံဝင်းထဲကို ဖောက်ဝင်လာတုန်းက မိန်းကလေးတွေကို အဆိပ်ဖြေပေးနေတယ်လို့ ဆာလ်ဖာဆီကနေ အချက်ပြ ရခဲ့တယ်။ နောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာ သူတို့ နိုးလာလောက်ပါပြီ။”

“အက်ဂ်ယော။ အခုပဲ နောက်ဘက်ကို တစ်ယောက်ယောက်‌ ခေါ်သွားပြီးတော့ ကုသဖို့ ကူညီပေးလိုက်။ ပြီးရင် မဆိုင်တဲ့သူတွေကို ရှင်းလင်းလိုက်။” သံတမန် မထိခိုက်ကြောင်း သတင်းရရှိပြီးနောက် ရှီရာ၏ မျက်နှာအမူအရာက အတော်လေး ပြေလျော့သွားခဲ့သည်။ “ဒိုင်ရာ့ခ်။ မင်းသမီးစံအိမ်မှာ ဖြစ်ခဲ့သမျှကို ပြောပြ။ သံတမန်က ဘာလို့ ပြန်ပေးဆွဲခံရတာလဲ။ ဒီအဖြစ်အပျက်ရဲ့ အတွင်းဇာတ်လမ်းက ဘာလဲ။”

ဒိုင်ရာခ့်က အမုန်းတရားနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော “အဖော်” နှစ်ယောက်ကို ငေးကြည့်လိုက်ပြီး ပြန်ဖြေသည်။ “အကြောင်းမဲ့ပြဿနာရှာကနေ လီလူကို မြို့စောင့်တပ် မှားယွင်းစွပ်စွဲတာ၊ ဧည့်သည်တွေကို ထုရိုက်၊ ခွဲ၊ လုယက်၊ မီးရှို့တဲ့အထိ အားလုံးကို မီရှန်မိသားစုရဲ့ ဇောက စီစဉ်ထားခဲ့တာ။ လော်ဆန်နဲ့ကျုပ်က ဘေးဖက်ကနေ ပွဲကြီးပွဲကောင်းကို ကြည့်ခဲ့ရပြီးတော့ “ကြံရာပါတွေ”လို့ သတ်မှတ်လို့ ရပါတယ်။ မင်းသမီးစံအိမ် ပျက်စီးသွားပြီးတော့ ဇောက လီလူရဲ့ညီမ မာလီနီကို ဖမ်းဆီးပြီး ပျော်ပါးဖို့ ကျုပ်ကို ဖိတ်ခေါ်ခဲ့တယ်။ သူက လော်ဆန်နဲ့ကျုပ်ကို အကျိုးအမြတ်တချို့ ကတိပေးခဲ့တယ်။ ကျုပ်က တစ်ယောက်တည်း ဖြစ်နေပြီးတော့ ဒါကို မတားနိုင်တဲ့အတွက် သဘောတူချင်ယောင်ဆောင်ခဲ့တယ်။ နောက်တော့ ကျုပ်က ဇောနဲ့အတူ စန္ဒာ အထူးအခန်း နံပါတ်(၁)ဆီကို သွားခဲ့တယ်။ အဲဒီမှာ မိန်းကလေး သုံးလေးယောက် ရှိနေတယ်။ ဇောရဲ့လူတွေက ပြင်းထန်နဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ နောက်တော့ သူတို့က အဆိပ်ငွေ့တွေသုံးပြီးတော့ မိန်းကလေးတွေကို သတိလစ်အောင် လုပ်ခဲ့တယ်။ ဒါက မင်းသမီးစံအိမ်ကို မီရှန်မိသားစု လျို့ဝှက်ကြံစည်တာပဲလို့ အစက ထင်ခဲ့တာ။ ကျုပ်က လမ်းတစ်လျှောက်မှာ လျို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ အမှတ်အသားကို ချန်ထားခဲ့ပြီးတော့ ခြံဝင်းထဲကို ဆာ-အက်ဂ်ယော ဖောက်မဝင်လာခင်အထိ အချိန်ဆွဲဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှပဲ ဒီကိစ္စမှာ အရိပ်နက်အင်ပါယာရဲ့ သံတမန် မစ်-ဆယ်လင်း ပါနေတယ်ဆိုတာကို သိသွားခဲ့တာ။”

ရှီရာက အသာလေး ခေါင်းငုံ့ပြီး ရှီရာက တိတ်တဆိတ် ပျော်ရွှင်သွား၏။ ဒိုင်ရာ့ခ်၏ ဖော်ပြချက်အရ လော်ဆန်သည် နောက်ကွယ်မှ ကြိုးကိုင်သူ မဟုတ်ပေ။ သူ၏မြေးက အလိုလိုက်ခံရသည့်အတွက် မောက်မာနေကြောင်း သိသော်လည်း “အင်ပါယာကို ဖျက်ဆီးခြင်း” ကဲ့သို့သော အကြံအစည်များ၌ သေချာပေါက် မပါဝင်နိုင်ပေ။ သို့ရာတွင် လော်ဆန်၏ အကြီးမားဆုံး ပြဿနာမှာ အထူးအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သော ဇိုလာကို မဆင်မခြင် အပြစ်လုပ်ခဲ့မိခြင်း ဖြစ်သည်။

ထိုအချိန်၌ နောက်အခန်းမှ လူတစ်စု ထွက်လာသည်။ ရှေ့တွင် ရပ်နေသည်မှာ ပျောက်ဆုံးနေခဲ့သော အရိပ်နက်အင်ပါယာမှ သံတမန် ဆယ်လင်း ဖြစ်သည်။ လော်ဆန်က သူတပ်မက်ခဲ့ဖူးသော ရင်သားကြီးကြီးနှင့် မိန်းကလေးကို မြင်သည့်အခါ ရင်မောပြီး ကြောက်လန့်သွားပြန်သည်။ နောက်ဆုံး၌ အစိုးရိမ်ဆုံးအရာ ဖြစ်လာခဲ့လေပြီ။

ဆယ်လင်းက အခြေအနေကို “အက်ဂ်ယော”ထံမှ ကြိုတင်သိခဲ့ရသည်။ သူက ရှီရာထံ ရောက်ရှိလာပြီး အရိုအသေ ပေးလိုက်သည်။ “အရှင်မကိုယ်တိုင် လာပြီးတော့ ကယ်တာကို ဆယ်လမ်း ဝမ်းမြောက်မိပါတယ်။”

“မစ်-ဆယ်လင်း။ ရှင်က မတရားခံခဲ့ရတာပဲ။” ရှီရာ သက်ပြင်းချလိုက်သည်။ “ဖြစ်ခဲ့တာတွေက မြို့တော်အတွက် ရှက်စရာပဲ။ ကြယ်ကြွေတမန်အင်ပါယာ အတွက်လည်း ရှက်ဖို့ကောင်းတယ်။ အင်ပါယာကိုယ်စား ကျွန်မ ရှင့်ကို အလေးနက်ဆုံး တောင်းပန်ချင်ပါတယ်။”

“အရှင်မက လေးနက်လွန်းတာပဲ။” ဆယ်လင်းက ခေါင်းခါပြီး ပြောသည်။ “အရှင်မက အိုဆိုင်ဒန်ကို နှိမ်နင်းပြီးတော့ တစ်လ မပြည့်ခင်မှာပဲ နန်းတက်ခဲ့တယ်။ အင်ပါယာနှစ်ခုအကြားက ငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ လျို့ဝှက်ကြံစည်ချင်နေကြတဲ့ အကြွင်းအကျန်တွေ ရှိနေဦးမှာ မလွဲမသွေပဲ။ ဒါနဲ့ ဒီတစ်ခေါက်က မိတ်ဆွေကောင်း တစ်ယောက်နဲ့ တွေ့ခဲ့လို့ လုံခြုံ‌ရေးကို လျစ်လျူရှုခဲ့မိမယ်။ ဒါက ကျွန်မ တာဝန်ယူရမှာပါ။ အရှင်မ တောင်းပန်တာကို ဘယ်လိုလုပ် လက်ခံရမှာလဲ။”

ဆယ်လင်း၏မှတ်ချက်က ရှီရာကို အပြစ်လွတ်စေရန် အကြောင်းရင်းတစ်ခု ဖြစ်စေခဲ့တယ်။ သံတမန် တစ်ယောက်အနေဖြင့် ၎င်းနှင့်ပတ်သက်၍ ဘာမှမမှားပေ။ သို့ရာတွင် “အင်ပါယာနှစ်ခုအကြားက ငြိမ်းချမ်းရေးကို ဖျက်ဆီးသော လျို့ဝှက် အကြံအစည်များ ကျန်ရှိနေခြင်း”ဟူသောစကားက ရုတ်တရက်ပင် ထိုကိစ္စကို အမြင့်ဆုံး ဆန့်ကျင်မှုတစ်ခုအထိသို့ ရောက်ရှိသွားစေသည်။

ရှီရာက အဆောင်ပစ္စည်း၏ အသိအမှတ် ပြုခံရခြင်းကြောင်း တရားဝင် ဧကရီတစ်ပါး ဖြစ်လာခဲ့သည်။ ယခင် ရီဂျန့်က “အင်ပါယာလုယက်သူ” ဟူ၍သာ နာမည်တပ်ခံခဲ့ရသည်။ ထို့ကြောင့် အိုဆိုင်ဒန်၏ လက်ကျန်လူများမှာ လူတိုင်းရွံရှာသော သစ္စာဖောက်များ ဖြစ်ကြပေသည်။

အန်ဂလေ၏မျက်နှာက ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။ ဇောက ချက်ချင်းပင် အလျင်အမြန် ဒူးထောက်လိုက်သည်။ “အရှင်မ။ မင်းသမီးစံအိမ်လုပ်ငန်းကို ဖျက်ဆီးဖို့အတွက် အခြားသူတွေက ကျုပ်ကို အသုံးချခဲ့တာပါ။ မဒမ် သံတမန်က ဘယ်သူလဲဆိုတာကို‌တောင် ကျုပ် မသိပါဘူး။ ကျုပ်မှာ တခြားရည်ရွယ်ချက် လုံးဝ မရှိပါဘူး။”

ရှီရာက အေးစက်စက်နှင့် မေးသည်။ “အခြားသူတွေက အသုံးချတာ ဟုတ်လား။”

“ပလင်တွန်ပါ။ သူက မနေ့ညတုန်းက အရှေ့တိုင်းဆင်ခြေဖုံးမှာရှိတဲ့ ဝိုင်တိုက်ခန်း ပေါက်ကွဲမှုအတွက် တာဝန်ကြီးကြီး ရှိတယ်။ သူ၏အပြစ်တွေကို ဖုံးကွယ်ဖို့အတွက် သူက မင်းသမီးစံအိမ်ကို အကောက်ကြံချင်ခဲ့တာ။ ကျုပ်က သူ လှည့်စားတာကို ခံခဲ့ရတာ။” ဇောက ဉာဏ်ပြေးလှသည်။ ထိုအချိန်တွင် ဒါမွန်ကဲ့သို့ အာလူးအသေးလေးက စတေးရန် မလုံလောက်ပေ။ ထို့ကြောင့် သူက အပြစ်ခံရမည့်လူတစ်ယောက်ကို ရှာရပေမည်။ အသင့်တော်ဆုံးမှာ ပလင်တွန်ပင် ဖြစ်လေသည်။

အန်ဂလေက တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့သား၏လေသံက နန်းတော်ခန်းမ၌ သူပြောခဲ့သည်နှင့် ကွက်တိပင် ဖြစ်သည်။ နယ်ရုပ်ဖြစ်တဲ့ ပလင်တွန်ကို ထိုးကျွေးရမယ်။ အပြစ်တွေအားလုံး ပလင်တွန်ဆီ ပုံချ။ ပြီးတော့ ကိစ္စရဲ့ အကျိုးဆက်ကို အနည်းဆုံးဖြစ်အောင်လို့ ငါတို့ ကြိုးစားကြမယ်။

“လီလူရဲ့ညီမ မာလီနီကို ကျုပ် စိတ်ဝင်စားတာ ဝန်ခံပါတယ်။ အဲဒီတုန်းက ဖရိုဖရဲ ဖြစ်နေတဲ့ကြားထဲ သူ့ကို ကျုပ် ခေါ်သွားချင်ခဲ့တာ။ ဒါပေမဲ့ မဒမ် သံတမန်က .... ” ဇောက အမှန်တကယ်ပင် “သခင်လေး ၄ယောက်” ခေါင်းဆောင်ဖြစ်ရန် ထိုက်တန်ပေသည်။ အရေးကြီးသော အခိုက်အတန့်များ၏ သူ၏စွမ်းဆောင်ရည်က လော်ဆန်ထက် များစွာ သာလွန်သည်။ သူက ပထမဆုံး သူ၏အသေးငယ်ဆုံးအပြစ်ကို ဝန်ခံကာ လော်ဆန်ကို လက်ညှိုးထိုးလိုက်သည်။ “အဲဒါ လော်ဆန်ပဲ။ သူက မဒမ်-သံတမန်ကို မဖွယ်မရာ လုပ်ချင်ခဲ့တာ။ အဲဒါကို မဒမ်-သံတမန် သက်သေခံနိုင်တယ်။”

ဇောက မိမိကို အပြစ်တင်လိုက်သောအခါ လော်ဆန်က အသက်ရှူမရ ဖြစ်လုနီးပါး ဖြစ်သွားခဲ့တယ်။ “ဇော။ ခွေးကောင်။ သေချာပေါက် မင်းပဲ ....”

“တော်တော့..” ရှီရာက အကြံဉာဏ် ရယူရန်အတွက် ဆယ်လင်းကို ကြည့်လိုက်သည်။ “မစ်-ဆယ်လင်း။ ဒါက အမှန်ပဲလား။”

ဆယ်လင်းက မျက်လုံးများ အရောင်လက်သွားပြီး လော်ဆန်ကို ကြည့်လိုက်သည်။ “ဒီလူက တကယ်ပဲ ကျွန်မအပေါ်မှာ မကောင်းတဲ့ အကြံတွေ ရှိခဲ့တယ်။ ပြီးတော့ ရွံစရာ စကားတွေကိုလည်း ပြောခဲ့တယ်။ ဒါပေမဲ့ နောက်ကွယ်က အသေးစိတ် အကြံစည်တွေ၊ ဇာတ်လမ်းတွေကိုတော့ ကျွန်မ မသိဘူး။ ဒါက ကြယ်ကြွေတမန်အင်ပါယာပဲ။ ကျွန်မက ဧည့်သည်တစ်ယောက်ပါ။ အရာအားလုံးက အရှင်မအပေါ်မှာပဲ မူတည်ပါတယ်။”

ဆယ်လင်းက အလွန်ပင် စကားပြော ကျွမ်းကျင်လှသည်။ သူက လော်ဆန်၏ မကောင်းသော အပြုအမူများကို မငြင်းခဲ့သလို လော်ဆန် တစ်ယောက်တည်းကိုလည်း အပြစ်မတင်ခဲ့ပေ။ “အိမ်ရှင်ကို ဧည့်သည်က လိုက်နာသည်” ဟူသော နောက်ဆုံး စကားက အမှန်တကယ်ပင် ရှီရာကို သံတမန်တစ်ယောက်အနေဖြင့် ဖိအားပေးနေခြင်းဖြစ်သည်။

“အစကတော့ ဒီနေ့ သံတမန်နှစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာ။ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ ညှိနှိုင်းမှုကို မနက်ဖြန်အထိ ရွှေ့ဆိုင်းရတော့မယ့်ပုံပဲ။ မစ်-ဆယ်လင်းက စိတ်ထိခိုက်သွားမှာပဲ။ အလုပ်ကိစ္စတွေ မထိခိုက်အောက်လို့ တော်ဝင်ဟိုတယ်မှာ အရင်ဆုံး ပြန်အနားယူလိုက်ပါ။ ဒီနေ့ဖြစ်ခဲ့တာကို .... စိတ်ချပါ၊ သေချာပေါက် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်။” ရှီရာကလည်း ဆယ်လင်း၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် အရေးအကြီးဆုံး ညှိနှိုင်းမှုကိစ္စကို အသုံးချခဲ့သည်။ ဝန်ကြီးများကလည်း ဘေးဖက်မှ ၎င်းကို နားထောင်ရင်း တိတ်တိတ်လေး ချီးမွမ်းလိုက်ကြသည်။ ထိုကိစ္စမှာ ကြယ်ကြွေတမန်အင်ပါယာ၏ အတွင်းရေးကိစ္စများနှင့် သက်ဆိုင်နေသည်။ ဆယ်လင်း ဆက်နေနေရင် အမှန်တကယ် မသင့်တော်လှေပေ။

စတေလာ အံကြိတ်လိုက်ပြီး သွေးတစ်လုပ် အန်လိုက်ပြန်သည်။ သူ၏ မျက်လုံးများ မှုန်ဝါးနေ၏။ တကယ်လို့ လော်ဆန်က မင်းသမီးစံအိမ်ကို ဖျက်ဆီးဖို့ အကြံအစည်ထဲ ပါရင်တောင် အဆင်ပြေသေးတယ်။ ဇိုလာကို အပြစ်လုပ်မိတာကလည်း ရှီရာကို ဖျန်ဖြေပေးဖို့ တောင်းဆိုလို့ရတယ်။ ဒါပေမဲ့ အခု သူက လုံးဝ ပြဿနာတက်သွားပြီ။ ဒါက လော်ဆန်ရဲ့ သေရေးရှင်ရေး မဟုတ်တောဘူး။ ဘိုးလ်မိသားစုရဲ့ သေရေးရှင်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီ။

နောက်ဆုံး၌ ဆယ်လင်းက မျက်နှာတင်းမာနေရာမှ ပြုံးလိုက်ပြီး အသာလေး ဦးညွှတ်လိုက်သည်။ အစောင့်များကို ထွက်သွားရန် သူ အချက်ပြလိုက်စဉ်မှာပင် ချန်လွေ့ ရှေ့တက်လာပြီး ရှီရာကို တိုးတိုးလေး ပြောလိုက်သည်။ ရှီရာ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် အနီးအနားမှလူများက အေးစက်မှု အငွေ့အသက်တစ်ခု ခံစားလိုက်ရသည်။

ရှီရာ၏ ဒေါသထွက်နေသော အကြည့်က “မစ်-အမှောင်နတ်ဆိုး” မျက်နှာပေါ်၌ ခဏရပ်သွားပြီးနောက် နောက်ဘက်အခန်းမှ ခေါ်ထုတ်လာသော မိန်းကလေးအုပ်စုကို ကြည့်လိုက်သည်။ ထို့နောက် အော်ပြောသည်။ “အဲလစ်။ အခုချက်ချင်း ထွက်လာခဲ့။”

ဒီစ်ဂျာရိုနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ အဲလစ် ဟုတ်လား။ တော်ဝင်မင်းသမီးလေးလား။

အရပ်မြင့်မြင့် အမျိုးသမီးအစောင့်တစ်ယောက်နောက်တွင် ဆံပင်ရွှေရောင် ကောင်မလေးတစ်ယောက်က ကြောက်ရွံ့လျက် ရပ်နေသည်။ ထိုကောင်မလေးက လှပသည်။ မျက်ရည်ဝဲနေသော ခရမ်းရောင်မျက်လုံးဝိုင်းဝိုင်းက သူ့ကို ရွှင်ပျနေစေသည်။ အမှောင်လမှ ပြန်ရောက်လာသော နတ်ဆိုးအရှင်သခင်အဆင့်များက သူ့ကို မှတ်မိကြသည်။ ထိုကောင်မလေးမှာ ဧကရီရှီရာ၏ ညီမတော် အဲလစ်လူစီဖာ ဖြစ်၏။

ထိုကောင်မလေးကို မြင်သည့်အခါ လော်ဆန်နှင့် ဘိုးလ်မိသားစုထံ ဘေးဒုက္ခများ လွှဲပြောင်းနိုင်ခဲ့ခြင်းအား တိတ်တိတ်လေး ဂုဏ်ယူနေသည့် ဇောက တုတ်နှင့် အရိုက်ခံရသကဲ့သို့ပင် ကြက်သေသေသွားခဲ့သည်။ သူက .... ငါပျော်ပါးချင်ခဲ့တဲ့ တစ်ယောက် မဟုတ်လား။ သူက တကယ် မင်းသမီးလေးပဲ။

ဧကရီရဲ့ အချစ်ရဆုံး တစ်ဦးတည်းသော ညီမတော်။

ထိုကောင်မလေး သတိမလစ်ခင်က မင်းသမီးစံအိမ်၌ “ငါက မင်းသမီး..”ဟု ပြောခဲ့သည်ကို ဇော ရုတ်တရက် မှတ်မိသွားသည်။ ထိုအချိန်က ဒိုင်ရာ့ခ်သည် “မင်းသမီး လက်လီစတိုး”ဟု စကားဆက်ခဲ့သည်။ ထို့ကြောင့် ဇောက ထိုကောင်မလေးကို မင်းသမီး လက်လီစတိုးမှ လူသစ်တစ်ယောက်ဟုသာ ထင်ခဲ့သည်။ သူက တကယ့်မင်းသမီး ဖြစ်နေမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။

ဒါနဲ့ မင်းသမီးအဲလစ်က ... မျက်လုံးအပြာ ရှိသလိုပဲ။ အခု ဘာလို့ ခရမ်းရောင် ဖြစ်နေတာလဲ။ ချက်ချင်းပင် ဇောက ကိစ္စအများအပြားကို တွေးမိလိုက်ပြီးနောက် ထိန်းချုပ်၍မရဘဲ ချွေးစေးများပြန်သွားတော့သည်။

All Chapters