← Chapters

အတိတ်

Vol. 38 Ch. 581

အတိတ်

Vol. 38 Ch. 581

ညအချိန်၊ ကြယ်တာရာကောင်းကင်၌ ခရမ်းရောင် လနှစ်စင်းက အမြင့်တွင် ချိတ်ဆွဲလျက်ရှိနေပြီး တိမ်တိုက်များကြားထဲ၌ ဝေဝါးဝါးနှင့် နူးညံ့သော ရောင်ခြည်များကို ပြသနေလေသည်။

အောက်ဘက်မှ တိတ်ဆိတ်သော ဝင်းထဲ၌ ပါးလွှာသော မြူခိုးတစ်ခု ရှိနေသည်။ ၎င်း၏အရင်းအမြစ်မှာ မီးဖိုအသေးလေး တစ်ခုပေါ်၌ အိုးတစ်အိုးထံမှ ဖြစ်သည်။ မီးဖို အသေးလေး ဘေးနားတွင် ခပ်နိမ့်နိမ့် စားပွဲတစ်လုံး ရှိသည်။ အနုစိတ်သော အသုံးအဆောင်များကိုလည်း စားပွဲပေါ်ရှိ ဝါးခုံပေါ်၌ တင်ထား၏။

ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်တစ်စုံက အိုးထဲမှ ရေများကို စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးနှင့် ခွက်ငယ်လေးများထဲသို့ ကျွမ်းကျွမ်းကျင်ကျင် လောင်းထည့်နေ၏။ ပြန်လည်ဆေးကြောပြီးနောက် သူက ၎င်းကို ရေစုပ်ယူနိုင်သည့် ဝါးစားပွဲငယ်ထဲသို့ လောင်းထည့်လိုက်သည်။ ရေများ ချက်ချင်းပင် ပျောက်သွား၏။

ထို့နောက် အစိမ်းရောင်အဖျော့ အရွက်ခြောက် ဒါဇင်ခန့်ကို ခရမ်းရောင် လက်ဖက်ရည်အိုးငယ်ထဲ ထည့်ကာ ဆူပွက်နေသောရေဖြင့် ဆေးကြောသည်။ ရေစစ်ပြီးနောက် အစ်ဇဘယ်လာကို အရွက်များကို စိုစွတ်စေရန်အတွက် ရေထပ်ထည့် ပြန်သည်။ ရနံ့ဖျော့ဖျော့လေးတစ်ခုက လေထုထဲသို့ စတင်ပျံ့နှံ့လာလေသည်။

ကျောက်စိမ်းကဲ့သို့လက်များက လက်ဖက်ရည်အိုးငယ်လေးထဲမှ လက်ဖက်ရည်ကို ချန်လွေ့ အရှေ့တွင်ရှိသော ခရမ်းရောင် ခွက်ငယ်လေးထဲသို့ လောင်းထည့်သည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ်အတွက်လည်း တစ်ခွက်ထည့်လိုက်သည်။

ချန်လွေ့က ခွက်ကိုကိုင်မပြီး ပယင်းလက်ဖက်ရည်ကိုကြည့်ကာ သဘောကျသော မျက်နှာ ပြသပြီး သာယာလျက် အနံ့ခံလိုက်သည်။ သူက ခွက်ကိုမြှောက်ပြီး မျက်နှာချင်းဆိုင်မှ ပိုးဇာလွှားဖုံးထားသော မျက်နှာကို ပြုံးပြသည်။ ထို့နောက် တစ်ငုံ သောက်လိုက်ရာ ထူးခြားသောရနံ့က လျှာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သူက သဘောကျလျက် ခေါင်းညိတ်လိုက်သည်။ “လက်ဖက်ရည် ကောင်းတယ်။”

ထိုကဲ့သို့ ချီးမွမ်းလိုက်ခြင်းကြောင့် ရှေ့ဘက်မှ အမျိုးသမီး၏ လှပသော အစိမ်းရောင် မျက်လုံးများ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ သူ အလွန်ပျော်သွားသည်မှာ သိသာလှပေသည်။

ချန်လွေ့ သောက်ပြီးတော့မည့်အချိန်တွင် အမျိုးသမီးက သူ့အတွက် ခွက်၏ သုံးပုံနှစ်ပုံ ထပ်ထည့်ပေးလိုက်ပြန်သည်။ ၎င်းမှာ ချန်လွေ့ ပြောနေကျ “မှန်ကန်တဲ့ လက်ဖက်ရည် ပမာဏ” ဟူသော စကားအတိုင်း အတိအကျပင် ဖြစ်လေသည်။

ချန်လွေ့က ယခင်ဘဝ၌ လက်ဖက်ရည်နှစ်သက်သူ ဖြစ်ခဲ့သော်လည်း အခြေအနေ မပေးခဲ့သည့်အတွက် အပေါ်ယံကိုသာ သိခဲ့သည်။ သို့သော်လည်း အစ်ဇဘယ်လာကို သင်ကြားပေးပြီးနောက် ကုန်ကြမ်းရွေးချယ်ရာ၌ဖြစ်စေ၊ ရေအသုံးပြုပုံနှင့် အခြား အဆင့်များ၌ဖြစ်စေ အားလုံး စေ့စေ့စပ်စပ် ပြီးစီးသွားခဲ့သည်။ အစ်ဇဘယ်လာ၏ လှုပ်ရှားမှုများက သဘာဝကျပြီး ကျွမ်းကျင်လှသည်။ သေသေချာချာ အချိန်ကုန်ခံပြီး မလေ့ကျင့်ဘဲနှင့် ထိုကဲ့သို့ ဖြစ်လာနိုင်မည် မဟုတ်ပေ။

ချန်လွေ့က ရုတ်တရက် ရင်ထဲထိသွားခဲ့သည်။ အစ်ဇဘယ်လာ၏ အားထုတ်မှုမှာ မိမိအတွက်သာ လုံးဝ ဖြစ်ခဲ့သည်။

ထိုချီးမွမ်းမှုမှလွဲ၍ သူတို့နှစ်ယောက်က စကားထပ်မပြောတော့ဘဲ လက်ဖက်ရည်ကိုသာ တိတ်တိတ်လေး မြည်းနေလိုက်ကြသည်။

“ဆာ-အက်ယော။ ကျွန်မကို စကား တစ်ခုခုတောင် မပြောချင်ဘူးလား။” နောက်ဆုံး၌ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက်၏လေသံ ထွက်လာ၏။ “အပြစ်တင်စကားတောင် မပြောချင်ဘူးလား။”

ထိုနာမည်ကို ကြားသည့်အခါ ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် အပြစ်တင်ရဲမှာလဲ။ ဒီတစ်ခေါက် ခင်ဗျားရဲ့ အစီအစဉ်က အတော်လေး အောင်မြင်ခဲ့တယ်လေ။ အခြေအနေ၊ ဖိအားနဲ့ အကျိုးအမြတ်တို့ရဲ့ သုံးဆအကျိုးဆက်ကြောင့် ရှီရာက အခြေအနေကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့တယ်။”

ကတ်သရင်း၏ အကြံအစည်က ဖြစ်နိုင်သမျှအားလုံးကို စဉ်းစားပြီး သေသေချာချာ ပြုလုပ်ထားခြင်းဖြစ်၍ ရှီရာကို ‌ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည်။ အစ်ဇဘယ်လာ၏ ချဉ်းကပ်မှုမှာ အမှောင်လအပေါ် ကတ်သရင်းဖိအားပေးခြင်းကို ဖြိုခွဲရန်အတွက် ရှီရာ အလျင်အမြန် နန်းတက်လိုက်သလိုမျိုးပင် အချိန်ကို အသုံးချရန် ဖြစ်သည်။ ကတ်သရင်းက အကြံအစည်ကို အပြီးမသတ်နိုင်ခင်မှာပင် ရှီရာက အကြီးအကဲမိသားစုများ၏ အတားအဆီးများကို ရှင်းလင်းပြီး အင်ပါယာကို အမှန်တကယ် ထိန်းချုပ်မှု ရရှိခဲ့သည်။ ကြယ်ကြွေတမန်အင်ပါယာက အမှန်တကယ် စည်းလုံးမှုကို ရရှိသည်နှင့် ကတ်သရင်း၏ အကြောက်တရားလည်း ပိုမိုကြီးမားလာမည်ဖြစ်ပြီး ကြယ်ကြွေတမန်အင်ပါယာကို တိုက်ခိုက်ရန် ကတ်သရင်း ပိုမိုတုံ့ဆိုင်းသွားပေမည်။

မီရှန်မိသားစု၏ ဝိုင်တိုက်ခန်းကို အစ်ဇဘယ်လာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ဇောက မာလီနီအကြောင်း သတင်းပေးခဲ့သော အစောင့် ဂျွန်ကလည်း သူလျှိုတစ်ယောက် ဖြစ်သည်။ အဲလစ်နှင့် မာလီနီတို့က တမင်တကာ အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ အဲလစ်က တော်ဝင်မိသားစု၏ ခရမ်းရောင်မျက်လုံးများကို ဖုံးကွယ်ရန်အတွက် လှည့်အကွက်အချို့ အသုံးပြုခဲ့သည်။ ၎င်းက ဇောနှင့် လော်ဆန်တို့ကို မီရှန်မိသားစုနှင့် ဘိုးလ်မိသားစုတို့အား ထောင်ခြောက်ထဲသို့ တစ်လှမ်းချင်း လှမ်းသွားစေခဲ့သည်။

နောက်ထပ်ပေါ်ထွက်လာသော သတင်းစာများနှင့် ရုပ်မြင်သံကြားများမှာ ချန်လွေ့၏ “တီထွင်မှုများ” ဖြစ်ကြသည်။ ချန်လွေ့က အိုဆိုင်ဒန်၏ တိုက်ခိုက်မှု မစတင်ခင် ကတည်းကပင် ရုပ်မြင်သံကြားအပေါ်၌ သုတေတန ပြုလုပ်နေခဲ့သည်။ နတ်ဆိုးဘုံမှာ ကမ္ဘာမြေကဲသို့မဟုတ်သည့်အတွက် လိုအပ်သော အသိပညာများမှာလည်း ကွာခြားကြသည်။ မှော်ပညာက ပစ္စည်းများကိုး အစားထိုးရန် လုံလောက်ပေသည်။ ချန်လွေ့က သက်ဆိုင်ရာ အကြံများကိုသာ အကြံပြုပြီးနောက် ဆရာသခင်သုံးယောက်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အထူးသဖြင့် တစ်ဝက်-မဟာဆရာသခင် အဘိုးအိုက ထိုအကြံကို လုံးဝချီးမွမ်းနေခဲ့သည်။ နတ်ဆိုးဘုံတွင် ဆက်သွယ်ရေးအဆောင်၊ ပုံရိပ်မှတ်တမ်းကျောက် နှင့် အသံမှတ်တမ်းကျောက် ကဲ့သို့သော သက်ဆိုင်ရာ ပစ္စည်းများ ရှိနှင့်နေပြီး ဖြစ်သည်။ သူတို့က သုညမှ စတင်ရန် မလိုပေ။ ဆရာသခင်များ၏ အားတက်သရော သုတေသန ပြုလုပ်မှုများကြောင့် “မှော်ရုပ်မြင်သံကြား”၏ ရှေ့‌ပြေးပုံစံက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။

ထပ်ကာထပ်ကာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် မှော်ရုပ်မြင်သံကြားကို အောင်အောင်မြင်မြင်နှင့် ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော်လည်း အိုဆိုင်ဒန်က တိုက်ခိုက်လာသည့်အတွက် ၎င်းကို ဘေးဖယ်ထားလိုက်ရသည်။ ထီးနန်းကို အလျင်အမြန် တက်ပြီးနောက် ရှီရာက ပလာဇာနှင့် အခြားနေရာများကို ကြီးမားသော “မှော်ရုပ်မြင်သံကြား” တပ်ဆင်ရန်အတွက် အသွင်ပြောင်းခဲ့သည်။ မူလအကြံအစည်မှာ အကြီးအကဲမိသားစုများကို ဖြေရှင်းရန်အတွက် စီးပွားရေး စစ်ပွဲကို အသုံးပြုရန် ဖြစ်သည်။ သို့သော်လည်း အရိပ်နက်အင်ပါယာမှ သံတမန်များ ရောက်ရှိလာခြင်းက ထိုအကြံကို ကြိုတင်အကောင်အထည်ဖော်ရန် ဖြစ်စေခဲ့သည်။ ချန်လွေ့က ယခင်နေ့ရက်အတွင်း အစီအစဉ်ပြုလုပ်ရာ၌ မပါဝင်ခဲ့ပေ။ သူက မှော်ဆက်သွယ်ရေးမျှော်စင်ကို အမှောင်လကဲ့သို့ အဝေးမှ အချက်ပြများ ရရှိနိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်ရနိုင်ရန်အတွက် အသွင်ပြောင်းရင်း အလုပ်များနေခဲ့သည်။

မီးတောက်ဖလားပြိုင်ပွဲက စျေးကွက်အသုံးချရန်သာ ဖြစ်သည်။ လက်မှတ်များ ပြတ်လတ်မှုကို အခွင့်ကောင်းယူပြီး သူတို့က မှော်ရုပ်မြင်သံကြားကို အောင်အောင်မြင်မြင်နှင့် နာမည်ကျော်ကြားအောင် ပြုလုပ်နိုင်ခဲ့လေသည်။

ရုပ်မြင်သံကြားထက်စာလျှင် သတင်းစာများ ပေါ်ထွက်လာခြင်းက ပို၍ပင် ကတိုက်တရိုက် ဖြစ်သွားဟန်တူသည်။ ရုပ်မြင်သံကြား အစီအစဉ်များကဲ့သို့ပင် လက်ရှိ ဖြန့်ချီသော အကြောင်းအရာများမှာ အတော်လေး နည်းပါးနေသေးသည်။ သို့သော်လည်း ယခုမှာ အစသာ ရှိနေသးသည်။ ရှီရာက သတင်းစာများနှင့် ရုပ်မြင်သံကြား အကြောင်းအရာများအတွက် တာဝန်ယူရမည့် ပြန်ကြားဆက်သွယ်ရေးဌာတစ်ခု တည်ထောင်ရန် ပြင်ဆင်နေခဲ့သည်။

သတင်းစာများနှင့် ရုပ်မြင်သံကြားက ကြီးမားလှသော အကြီးအမြတ်များကို ယူဆောင်လာပေးပြီး ရှီရာအတွက် အကြီးအကဲမိသားစုများကို ဆက်လက်ထိန်းချုပ်ရန် အကျိုးအမြတ် အရင်းအမြစ်တစ်ခု ဖြစ်စေခဲ့သည်။ ပို၍အရေးကြီးသည်မှာ ထိုကဲ့သို့ တရားဝင်ပြန်ကြားဆက်သွယ်ပြောဆိုခြင်း၏ နက်ရှိုင်းသောစွမ်းအားက ဧကရီ၏ အုပ်ချုပ်ရေးကို ခိုင်မာစေနိုင်သည့် အင်အားကြီးကိရိယာတစ်ခု ဖြစ်လာပေမည်။ သတင်းစာ ဒုတိယစာစောင်၌ ရှီရာ၏ ကျိန်ဆိုခြင်းနှင့် ပြည်သူ့အကျိုးအတွက် အမိန့်ချမှတ်ခြင်းတို့က မှားယွင်းဖော်ပြခြင်း လုံးဝမရှိဘဲ အချိန်တိုအတွင်းမှာပင် လူတိုင်းနီးပါးက သိသွားကြပြီ ဖြစ်သည်။

အစ်ဇဘယ်လာက ကြော့ရှင်းစွာဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ပြီး မျက်နှာလွှား အောက်တွင် တစ်ငုံသောက်လိုက်သည်။ “တစ်ယောက်ယောက်က သူ့ရဲ့ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ချစ်သူလေးကို ဒီအရှုပ်ထဲ ဆွဲသွင်းလို့ ကျွန်မကို အပြစ်တင်မယ်လို့ ထင်ထားခဲ့တာ။”

“ကျုပ်က အဲလစ်ကို ညီမလေးလိုပဲ မြင်တာပါ။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ဒီတစ်ခေါက်က....”

“သူ့အတွက် ဝမ်းနည်းတာလား။” အစ်ဇဘယ်လာက လက်ဖက်ရည်ခွက် အောက်ချလိုက်သည်။ “ရှင် နှစ်ခုကို သိထားရမယ်။ ပထမတစ်ခုကတော့ သူက အင်ပါယာရဲ့ မင်းသမီးလေး။ ဒုတိယက အမှောင်လနယ်မြေ လော့ဒ်နေရာအတွက် သူ အသင့်တော်ဆုံးပဲ။ အသီနာ မဟုတ်ဘူး။”

ချန်လွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါက အဲလစ်အတွက် စောလွန်းတယ်လို့ မထင်ဘူးလား။”

“ရှင့်ရဲ့ ချစ်စရာကောင်းတဲ့ ညီမလေးက ၁၄နှစ်ပဲ ရှိသေးတယ်လို့ ပြောချင်တာလား။” အစ်ဇဘယ်လာက ပြုံးလိုက်သည်။ “ကျွန်မ အသက်၁၄နှစ်တုန်းက ဘာလုပ်နေခဲ့တာလဲဆိုတာ ရှင်သိလား။”

“နေရာတိုင်းမှာ လူသတ်တာလား။ နည်းဗျူဟာတွေ ကြံစည်တာလား။” ချန်လွေ့ ခေါင်းကုတ်လိုက်သည်။

“မဟုတ်ဘူး။ အသက်၁၄နှစ်တုန်းက ကျွန်မ ဘာကိုမှ မသိခဲ့ဘူး။ အဖေ့အရှေ့မှာ ချစ်စရာကောင်းသလို ဟန်ဆောင်ဖို့၊ အစ်ကို့ကို ဆိုးဖို့နဲ့ အမွှာညီမကို အနိုင်ကျင့်ဖို့ပဲ သိခဲ့တာ။ ဘယ်ဖီဂေါမိသားစုက ယော်ကျားကြီးဆိုးတဲ့ အကျင့်ရှိပေမဲ့ အဖေနဲ့ အစ်ကိုက ကျွန်မကို သိပ်ချစ်ခဲ့တာ။ သူတို့က အရာအားလုံးကို ပုခုံးထမ်းတင်ထားပြီးတော့ ကျွန်မကို အန္တရာယ်ကနေ ကာကွယ်ပေးခဲ့တယ်။ သူတို့ရဲ့ ဂရုစိုက်မှုအောက်မှာ ဆိုးသွမ်း မောက်မာပြီး တုံးအတဲ့ ကောင်မလေးတစ်ယောက် တဖြည်းဖြည်း ကြီးပြင်းလာခဲ့တယ်။”

အစ်ဇဘယ်လာ ပြုံးနေရင်း လက်ဖက်ရည်ကို လောင်းထည့်လိုက်ပြန်ကာ တစ်ငုံသောက်လိုက်သည်။ “နောက်တော့ဘာဖြစ်လဲ ရှင်သိလား။”

ချန်လွေ့က အစ်ဇဘယ်လာ ဆက်ပြောမည်ကို ခန့်မှန်းမိလိုက်ပြီး သူ၏နှလုံးသား ရုတ်တရက် လေးလံသွားခဲ့သည်။

အစ်ဇဘယ်လာက ဆက်ပြောသည်။ “အဲဒီကောင်မလေးက လူသားလောကက ယောက်ျားတစ်ယောက်နဲ့ တွေ့ခဲ့ပြီးတော့ ချိုမြိန်တဲ့ စကားထောင်ခြောက်ထဲ ကျသွားခဲ့တယ်။ အဲဒီယောက်ျားအတွက် သူက သူချစ်ရတဲ့ အဖေ၊ အကိုနဲ့ အမွှာညီမကို ရန်လိုမျိုး မတုံ့ဆိုင်းခဲ့ဘူး။ သူက မိသားစုအတွက် အရေးအပါဆုံးဖြစ်တဲ့ အဆောင်ပစ္စည်းကိုတောင် ခိုးခဲ့ပြီးတော့ အဲဒီယောက်ျားကို ပေးခဲ့တယ်။ အဆောင်ပစ္စည်းကို ရပြီးတော့ အဲဒီ‌ယောက်ျားက ချက်ချင်းပဲ စိတ်ရင်းအမှန်ကို ပြသခဲ့တယ်။ သူက အဲဒီကောင်မလေးကို ဖိနပ်တစ်ရံလို စွန့်ပစ်ခဲ့ပြီးတော့ ပျောက်ကွယ်သွားခဲ့တယ်။ နောက်တော့ အဲဒီကောင်မလေးက အိမ်ခြေရာမဲ့ ဖြစ်သွားပြီးတော့ လျှောက်သွားနေခဲ့တယ်။ နောက်ဆုံးတော့ သူ့ကို သူ့အစ်ကိုက ရှာတွေ့သွားပြီးတော့ မိသားစုဆီ ပြန်ခေါ်လာခဲ့တယ်။ ဒါပေမဲ့ မိသားစုဆီကို သူ ပြန်ရောက်လာတော့ မိသားစု ရန်သူတော်ဝင်မိသားစုတွေ အလုံးအရင်း တိုက်ခိုက်တာကို ခံနေခဲ့ရတယ်။ အရိပ်လေပြေ ဘွတ်ဖိနပ် ပျောက်ဆုံးသွားခဲ့တာကြောင့် ဘယ်ဖီဂေါ တော်ဝင်မိသားစုအားလုံးနီးပါးက အဲဒီတိုက်ပွဲမှာ သုတ်သင်ခံခဲ့ရတယ်။ အဲဒီ ကောင်မလေးကို အချစ်ဆုံဖြစ်တဲ့ အဖေနဲ့အမေတောင် တိုက်ပွဲမှာ ‌သေသွားခဲ့ကြသည်။ သူ့အစ်ကိုဖြစ်တဲ့ တာစတိန်းက ကောင်မလေးကို ဝိုင်းရံတိုက်ခိုက်နေရာကနေ အသည်းအသန် ခေါ်ထုတ်သွားပြီးတော့ သေရာပါခဲ့တဲ့ ဒဏ်ရာတစ်ခု ရခဲ့တယ်။ နှစ်၁၀၀ ကြာပြီးတော့ သူက ရန်သူရဲ့ ဝိညာဉ်လက်ထိပ်တွေနဲ့ သေတဲ့အထိ နှိပ်စက်ခံခဲ့ရတယ်။”

အစ်ဇဘယ်လာ၏ ခွက်ထဲမှ လက်ဖက်ရည်က တုန်ခါနေရာမှ လျှံကျနေသော်လည်း သူ၏မျက်နှာက ပြုံးလျက်ပင် ရှိနေသည်။ “မသေသင့်တဲ့သူက သေသွားတယ်။ သေသင့်တဲ့သူက အသက်ရှင်နေတုန်းပဲ။ နတ်ဆိုးဘုရားသခင်က တကယ့်ကို အမြင်ကွယ်နေတာပဲ။”

သူ၏အပြုံးက ချန်လွေ့၏နှလုံးသားကို နာကျင်သွားစေပြီး ချန်လွေ့က မတ်တပ်ရပ်လိုက်သည်။

“အဲဒီအချိန်ကစပြီးတော့ ကျွန်မရဲ့ဘဝမှာ အမုန်းတရားတစ်ခုပဲ ကျန်ခဲ့တယ်။ အဲဒီလူတွေကို မုန်းတာထက်စာရင် ကျွန်မ အမုန်းဆုံးက ကျွန်မရဲ့မိဘတွေ၊ အစ်ကိုနဲ့ ကျွန်မရဲ့လူတွေကို သတ်ပစ်ခဲ့တဲ့ မိန်းကလေးကိုပဲ။ အဲဒီရန်သူတွေကို ဘယ်လိုမျိုး သတ်ပစ်ရမလဲဆိုတာ ကျွန်မ အမြဲတမ်း စဉ်းစားနေခဲ့တယ်။ အဲဒါကြောင့် ကျွန်မကို သေဖို့ အန္တရာယ်များတာတောင် လေ့ကျင့်ဖို့ မတုံ့ဆိုင်းနေခဲ့ဘူး။ ရန်သူရှိတဲ့ သွေးမြေကျဆီ ဝင်ဖို့အတွက် ကျွန်မ မတုံ့ဆိုင်းခဲ့ဘူး။ အခုလို မဖြစ်လာခင်အထိပေါ့။”

အတိတ်က အစ်ဇဘယ်လာ ဖြစ်ခဲ့သည်များကို နောက်ဆုံး၌ ချန်လွေ့ နားလည်သွားခဲ့သည်။ အစ်ဇဘယ်လာထံ၌ မည်သည့်အတွက်ကြောင့် သေခြင်းဆန္ဒကို ခံစားနေရကြောင်း သူ သဘောပေါက်သွားခဲ့သည်။

အသံတည်ငြိမ်လေလေ၊ နှလုံးသားက ပို၍နာကျင်ရလေလေပင် ဖြစ်သည်။

ချန်လွေ့က အစ်ဇဘယ်လာထံ ရောက်လာသည်။ “ကျုပ်ပြောတာ နားထောင်။ အစ်ဇဘယ်လာ။ ခင်ဗျားက တစ်ခါ သေပြီးသွားပြီ။”

“အသုံးမဝင်ဘူး။ မလုံလောက်ဘူး။ မလုံလောက်ဘူး။” အစ်ဇဘယ်လာက ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်။ “တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက် အကြိမ်တစ်ထောင် အကြိမ်တစ်သောင်း သေရင်တောင် မလုံလောက်ဘူး။”

၎င်းက ဆွပေးသလို ဖြစ်သွားဟန်တူသည်။ အစ်ဇဘယ်လာက ပုံမှန်အတိုင်း တည်ငြိမ်မှု လုံးဝမရှိတော့ပေ။ သူက ဆံပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော အရာအားလုံးကို ချက်ချင်းပင် ဖောက်ခွဲပစ်လိုက်သည်။ ခြံဝင်းထဲ၌ အော်ဟစ်သံနှင့် ငိုသံများ ထွက်လာပြီး အစ်ဇဘယ်လာက လုံးဝကို ဖြေမသိမ့်နိုင် ဖြစ်နေခဲ့သည်။

ချန်လွေ့က ရှေ့တက်ပြီး အစ်ဇဘယ်လာကို နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သော်လည်း အရူးအမူး ခုခံပြီး အကိုက်ခံခဲ့ရသည်။ နောက်ဆုံး၌ အင်အားပိုကြီးသော ချန်လွေ့ကပင် အစ်ဇဘယ်လာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ခြံဝင်းထဲမှ ငိုသံလည်း နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။

အချိန်တစ်ခုအထိ တိတ်ဆိတ်ပြီးနောက် အက်ကွဲသော အသံတစ်သံ ထွက်လာ၏။ “ချန်လွေ့။ ကျွန်မတို့နှစ်ယောက်ပဲရှိတဲ့ နေရာတစ်ခုကို ခေါ်သွားပေး။ အဲဒီမှာ ကျွန်မနဲ့အတူ နောက်ဆုံးနှစ်လ နေပေး။ အတိတ်တွေအားလုံးကို လွှတ်ချပြီးတော့ ရှင့်ရဲ့မိန်းမ တကယ်ဖြစ်ပြီးတော့ ရှင့်ကို အရာအားလုံး ပုံအပ်ပေးမယ်လို့ ကတိပေိးတိယ်။”

“နောက်ဆုံးနှစ်လဟုတ်လား။” ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် လေးလေးနက်နက် သဘောပေါက်လိုက်သည်။

အစ်ဇဘယ်လာက ချန်လွေ့၏ ပွေ့ဖက်မှုမှ အသားလေး ရုန်းထွက်ပြီး အဝတ်အစားများကို ချွတ်ကာ နှင်းကဲ့သို့ဖြူဖွေးသော ရင်သားကို လှစ်ဟာပြလိုက်သည်။ ဇာကွပ်ထားသော အတွင်းအင်္ကျီက ညှို့ဓာတ်ပြည့်နေသော အစိုင်အခဲနှစ်ခုကို ခက်ခက်ခဲခဲ ထိန်းထားနေရသည်။ စနေနှစ်ခိုင်ကို ဖုံးကွယ်ထားသော်လည်း အားကောင်းသော ဖြားယောင်းသွေးဆောင်မှုတစ်ခု ထုတ်လွှတ်နေကြ၏။

ချန်လွေ့ အာရုံစိုက်နေသည်မှာ အစ်ဇဘယ်လာ ညွှန်ပြနေသော ဘယ်ဘက် ရင်အုံကို ဖြစ်သည်။ ရင်ဘတ်အနီးနေရာတွင် ပန်းပွင့်ပုံသဏ္ဍာန်ဖြစ်နေသော ထူးဆန်းသည့် ပုံစံကွက်တစ်ခု ရှိနေသည်။ ၎င်းမှာ အမှတ်အသားတစ်ခု ဖြစ်ဟန်တူသည်။

“အဲဒီလူက အရင်တုန်းက ကျွန်မအပေါ်မှာ ဒါကို ချန်ထားခဲ့တယ်။ ဒါက လက်ခံသူရဲ့ အသက်ဓာတ်ကို စုပ်ယူတယ်။ ခဏကြာတိုင်း ကိုက်ခဲနာကျင်ရတယ်။ နှစ်ပေါင်း ၂၀၀လုံး ကျွန်မက ဒီအမှတ်အသားကို ဖယ်ရှားဖို့ အရာအားလုံး ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံးအကြိမ် ကျွန်မသေပြီး ပြန်ရှင်လာတာတောင် ဒီအမှတ်အသားက ရှိနေတုန်းပဲ။ အခု.... နှစ်လပဲ ကျန်တော့တယ်။”

ချန်လွေ့ လုံးဝ တုန်လှုပ်သွားခဲ့လေသည်။ “ခင်ဗျား ကျုပ်ကို ဘာလို့ စောစော မပြောခဲ့တာလဲ။”

အစ်ဇဘယ်လာက ချန်လွေ့က နူးညံ့စွာကြည့်ရင်း အသာ‌လေး ခေါင်းခါသည်။ “အသုံးမဝင်ဘူး။ နှစ်ပေါင်းများစွာကြာအောင် ကုန်ကြမ်းတွေ မရေမတွက်နိုင်အောင် ကျွန်မ လိုက်ရှာခဲ့တယ်။ ဒါက [ အလင်းချေမှုန်းချိပ်ပိတ် ] လို့ခေါ်တဲ့ အလင်းနတ်ဘုရားကျောင်းရဲ့ အခိုင်မြဲဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ချိပ်ပိတ် တစ်ခုပဲ။ ဇိုလာတောင် မပယ်ဖျက်နိုင်ဘူး။ ဒါကို ပယ်ဖျက်ဖို့ နည်းလမ်းနှစ်ခု ရှိပေမဲ့ တစ်ခုကိုမှ လုပ်လို့မရဘူး။”

နည်းလမ်းရှိကြောင်း ကြားသည့်အခါ ချန်လွေ့၏ မျှော်လင့်ချက် ပြန်လည် တောက်ပသွား၏။ “ဘာနည်းလမ်းတွေလဲ။ ပြောပြ။”

“ပထမနည်းလမ်းက မှော်မန်းမှုတ်ခဲ့တဲ့သူကို သတ်ပစ်ဖို့ပဲ။ ဒုတိယ နည်းလမ်းက မှော်ပညာနဲ့ ဆေးဝါးပဲ။ အရေးကြီးဆုံး ဆေးပင်ကတော့ နှင်းဒဲလက်ပန်း။”

ချန်လွေ့ ရုတ်တရက် စိတ်ပျက်သွားခဲ့သည်။ အဲဒီတုန်းကလူ လူသားလောကမှာ ရှိနေရမယ်။ နှင်းဒဲလက်ပန်းက အထွတ်အမြတ်အလင်းတောင်ရဲ့ အတုမရှိတဲ့ အထွတ်အမြတ် ပန်းပွင့်တစ်မျိုးပဲ။ ဘာနည်းလမ်းပဲ သုံးရသုံးရ၊ လူသားလောကဆီကို ငါ သွားမယ်။

All Chapters