[ အလင်းချေမှုန်းချိပ်ပိတ် ]
Vol. 38 Ch. 582
အစ်ဇဘယ်လာပြောခဲ့သော [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်နိုင်သည့် နည်းလမ်းနှစ်မျိုးလုံးက လူသားလောကနှင့် သက်ဆိုင်နေသည်။ ယခုတွင် အချိန်နှစ်လသာ ကျန်ရှိနေတော့ပြီး အရေးပေါ် ဖြစ်နေပေသည်။
“တခြားနည်းလမ်းတွေ ရှိရမယ်။” ချန်လွေ့ အလျင်အမြန် တွေးလိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်သွား၏။ “အသက်ရှည်ဆေးရည်။ [ အလင်းချေမှုန်းချိပ်ပိတ် ] က အသက်ဓာတ် ဆုံးရှုံးတာပဲ။ ခင်ဗျားက အသက်ရှည်ဆေးရည်ကို သောက်ပြီးပြီ။ အဲဒါက အနည်းဆုံး အသက်ကို ရှည်စေနိုင်တယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ အမှတ်အသားရဲ့ သက်ရောက်မှုကို ပြေလျော့စေနိုင်တယ်။”
“အသက်ရှည်ဆေးရည်ကြောင့်သာ မဟုတ်ရင် အမှောင်လကို အိုဆိုင်ဒန် မတိုက်ခိုက်ခင်တုန်းက ကျွန်မ သေသွားလောက်ပြီ။ ဆေးရည်မည်းတွေက ပထမဆုံး တစ်ခါပဲ အသုံးဝင်တာ။” ထိုစကားက ချန်လွေ့၏နှလုံးသားကို တန်လှုပ်သွားစေ၏။ အစ်ဇဘယ်လာက မျက်နှာလွှားက အသာလေး မတင်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မျက်နှာကို ပြသလိုက်သည်။ “အမှောင်လကို စီကာလီ ရောက်လာတုန်းက ကျွန်မ ရှင့်ကို ဖောက်ခွဲပြီး ခြိမ်းခြောက်ပြီးတော့ နမ်းခဲ့တာ မှတ်မိလား။ အဲဒီတုန်းက ကျွန်မရဲ့ သက်တမ်းက အဆုံးသတ်ရောက်သွားပြီ။”
“အဲဒီအချိန်မှာ ရှင်က ‘ချာလီ’ရဲ့ အရိပ်တစ်ခုပဲ။ မြို့တော်မှာ ရှင်က အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောရမယ်။ အစကတော့ ကျွန်မရဲ့ နှလုံးသားက သေဆုံးသွားပြီ။ ထင်ထောင်ထင်မှား လူလိမ်တစ်ယောက်ရဲ့ အငွေ့အသက်တွေ ကျန်နေဦးမယ်လို့ မထင်ထားခဲ့ဘူး။ တကယ်တော့ နောက်ဆုံး အခိုက်အတန့်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပျော်ပါးချင်ခဲ့တာ။ ကံဆိုးချင်တော့ ငတုံးက အခွင့်အရေးကို အရမယူခဲ့ဘူး။ အိပ်ခန်းထဲကို ဝင်ဖို့ပြောတော့ ရှင်က ဘာမှ မလုပ်ရဲခဲ့ဘူး။ ရှင်ရဲ့ လွတ်လွတ်လပ်လပ် ဟန်ဆောင်တဲ့ ပုံစံတွေ လုံးဝ ပျောက်ဆုံးနေခဲ့တယ်။”
“ကျုပ်က တကယ့်ကို ငတုံးပဲ။ ဒီလောက် ကောင်းတဲ့ အကျိုးအမြတ်ကို တကယ်ပဲ လွဲချော်ခဲ့တယ်။” ချန်လွေ့က ရယ်စရာ ပြောချင်သော်လည်း သူ၏နှာခေါင်း အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့လေသည်။
“ဒါက မူနေလို့ ဖြစ်မယ်။” အစ်ဇဘယ်လာ၏ ချယ်ရီနှုတ်ခမ်းမှ နွေးထွေးသော အပြုံးတစ်ခု ဖြစ်တည်လာသည်။ “နောက်တော့ အသက်ရှည်ဆေးရည်က မမျှော်လင့်ဘဲနဲ့ ကျွန်မရဲ့အသက်ကို ရှည်စေနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါက ကျွန်မကို တစ်ဆင့်ချင်း နိမ့်ကျသွားစေခဲ့တယ်။”
ချန်လွေ့၏ခေါင်းထဲ၌ အကြံတစ်ခု ဖျပ်ခနဲ ရောက်လာပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “နည်းလမ်းတစ်ခု ရှိသေးတယ်။ ပါ့ဂ်လီအိုနဲ့ ကျုပ်က စာချုပ်ကို ပယ်ဖျက်ပြီးတော့ တစ်နည်းနည်းနဲ့ သက်တမ်း ထောင်သောင်း ကျန်ရစ်ခဲ့တယ်။ ကျုပ် ခင်ဗျားကို သက်တမ်းတချို့ မျှဝေပေးလို့ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ လေ့ကျင့်ရေး နည်းလမ်းက အတော်လေး ထူးခြားတယ်။ ကျုပ်က အဆင့်မြင့် စာချုပ်ကို မဖန်တီးနိုင်ဘူး။ သဟဇီဝစာချုပ်ကို ဘယ်လိုဖန်တီးရလဲဆိုတာ ခင်ဗျား သိလား။ ဒါမှမဟုတ် ဇိုလာကို သင်ခိုင်းလိုက်ရမလား။”
စာချုပ်အခြေခံမှာ အသက်စွမ်းအားနှင့် ဒြပ်စင်စွမ်းအားတို့ ပေါင်းစည်းခြင်း ဖြစ်သော်လည်း ချန်လွေ့၏ လေ့ကျင့်ရေးမှာ စူပါစနစ်ပေါ်၌ အခြေခံထားသည့်အတွက် သာမန်လူသားနှင့် နတ်ဆိုးများနှင့် လုံးဝကွဲပြားနေသည်။ ဒြပ်စင်ကောင်းချီးဖြင့်ပင် ချန်လွေ့က [ မြေဆွဲအား ] ကိုသာ တိုက်ရိုက် အသုံးပြုနိုင်သည်။ သူက ယခုအထိ ဒြပ်စင်စွမ်းအားကို အာရုံမခံနိုင်သေးပေ။ သူ၏စာချုပ်မှာ စူပါစနစ်၏ “စိတ်ဝိညာဉ် ကွင်းဆက်” ပါဝင်သည်။ သို့သော်လည်း “ကြယ်အုပ်စိုးသူ”၏ လုပ်ပိုင်ခွင့်ကြောင့် စိတ်ဝိညာဉ်ကွင်းဆက်မှာ ယခုတွင် သာမန် ညီတူညီမျှ စာချုပ်များနှင့် ကျွန်-သခင် စာချုပ်များကိုသာ ချုပ်ဆိုနိုင်သည်။ လက်အောက်ခံ-သခင်နှင့် သဟဇီဝစာချုပ် ကဲ့သို့သော အဆင့်မြင့် စာချုပ်များကို မလုပ်နိုင်သေးပေ။ ပါ့ဂ်လီအို၏ သဟဇီဝစာချုပ်နှင့် ဂူရာဒန်၏ လက်အောက်ခံ-သခင် စာချုပ်တို့မှာ သူတို့ကိုယ်တိုင်က အစပြုခဲ့ခြင်း ဖြစ်သည်။
ချန်လွေ့သည် မီရာ့ခ်နယ်ပယ်သို့ ရောက်ရှိပြီးမှသာ ပိုမိုအဆင့်မြင့်သော ကွင်းဆက် စွမ်းအားများ အသုံးပြုနိုင်မည် ဖြစ်သည်။
အစ်ဇဘယ်လာ၏မျက်နှာ အရောင်လက်သွားခဲ့သည်။ “ရှင့်ရဲ့အသက်ကို တကယ်ပဲ ကျွန်မနဲ့ ဝေမျှချင်တာလား။”
ချန်လွေ့က လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်သည်။ “အင်း...”
“နတ်ဆိုးဘုရားသခင်ရဲ့မျက်လုံးက တကယ့်ကို ကွယ်နေတာပဲ။ အသုံးမကျတဲ့ မိန်းမတစ်ယောက်နဲ့ အသက်မျှဝေချင်တဲ့ ရူးမိုက်တဲ့ယောက်ျားတစ်ယောက် တကယ် ရှိနေတယ်။” အစ်ဇဘယ်လာ၏ အစိမ်းရောင်မျက်လုံးများက မျက်ရည်များနှင့် ပြည့်နှက်သွားသည်။ သူက လက်ကိုဆန့်ထုတ်ပြီး ချန်လွေ့၏မျက်နှာကို အသာအယာ ပွတ်သပ်လိုက်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ကလူကျီစယ်မှုများ မရှိဘဲ ဟန်မဆောင်သော ညင်သာမှုများသာ ရှိနေခဲ့သည်။
“စိတ်မကောင်းစရာပဲ...” အစ်ဇဘယ်လာ၏ ညင်သာသောအကြည့်က ထူးထူးခြားခြား တည်ငြိမ်နေခဲ့သည်။ “ဒီနည်းလမ်းလည်း အလုပ်မဖြစ်သေးဘူး။ ပိုအစွမ်းထက်ဖို့နဲ့ လက်စားချေဖို့အတွက် ကျွန်မက လွန်ခဲ့တဲ့ နှစ်၂၀၀တုန်းက ထရီဗန်တီ မြေအောက်လိုဏ်ဂူထဲကို ဖောက်ဝင်ပြီးတော့ နတ်ဆိုးမျက်လုံး လိုက်ဖမ်းခဲ့တယ်။ နောက်တော့ တစ်သက်သာ သားရဲအဖော်ကို ဖမ်းနိုင်ခဲ့တယ်။ အဲဒီနေရာက အရင်တစ်ခေါက် ရှင် ရိုမန်ကို အဖော်ပြုပေးခဲ့တဲ့ နေရာပဲ။ တစ်သက်သာ သားရဲအဖော်က ပယ်ဖျက်လို့မရတဲ့ ဝိညာဉ် သဟဇီဝစာချုပ်နဲ့ အတူတူပဲ။ ပြောရရင်တော့ ကျွန်မက ဒုတိယ်မြောက်စာချုပ်ကို မချုပ်နိုင်တော့ဘူး။”
သဟဇီဝစာချုပ်တောင် အလုပ်မဖြစ်ဘူးလား။ ချန်လွေ့က အဖြူရောင် လက်ဆစ်များ အနည်းငယ် တုန်ခါသွားသည်အထိ လက်သီးဆုပ်လိုက်သည်။
“ကျွန်မက အမုန်းတရားတွေကြားထဲမှာ သေဖို့အတွက် အချိန်အကြာကြီး စောင့်နေခဲ့တာ။ သေတာက ကျွန်မအတွက် လွတ်လပ်မှုတစ်ခုပဲ။ ဘရော့ခ်နဲ့ မန်နူတို့ကို သတ်ဖို့အတွက်သာ မဟုတ်ရင် ကျွန်မ ကိုယ့်ကိုယ်ကို အဆုံးသတ်လိုက်တာ ကြာပြီ။ ဒါပေမဲ့ အခုတော့.... ကျွန်မ ရုတ်တရက် မသေချင်တော့ဘူး။ [ အလင်းချေမှုန်းချိပ်ပိတ် ] ရဲ့ နာကျင်မှုကိုတောင် ကျော်လွှားနိုင်တယ်။ အသက်ရှင်ချင်ရုံပဲ။ နေ့တိုင်း ရှင်နဲ့အတူ အဖော်ပြုပြီးတော့ အေးအေးဆေးဆေး လက်ဖက်ရည် သောက်ချင်နေရုံပါ....”
ချန်လွေ့၏ မျက်လုံးများ နီရဲသွားပြီးနောက် အစ်ဇဘယ်လာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။
“ဒီနှစ်၂၀၀က တော်တော်လေး ကြာနေခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်တော့ မြန်လွန်းတယ်...” အစ်ဇဘယ်လာက ချန်လွေ့၏ရင်ခွင်ထဲမှ အနွေးဓာတ်ကို ခံစားနေရင်း မျက်လုံးများ မှိတ်လိုက်သည်။ “ရှင့်ကို လွန်ခဲ့သော သုံးလေးနှစ်တုန်းက တွေ့ခဲ့ရင် ကောင်းမှာပဲ။ ကံကောင်းချင်တော့ နောက်ထပ် နှစ်လ ကျန်နေသေးတယ်။”
“နှစ်လက နည်းလွန်းတယ်။ ကျုပ်နဲ့ အမြဲတမ်း နေလိုက်ပါ။” ချန်လွေ့က အစ်ဇဘယ်လာကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ “လက်မလျှော့နဲ့ဦး။ လူသားလောကကို သွားရရင်တောင် ကျုပ် သေချာပေါက် နည်းလမ်းတစ်ခု ရှာတယ်။ ဟိုကတိကို မှတ်မိသေးလား။ ကျုပ် ထပ်ပြီးတော့ လေးလေးနက်နက် ပြောမယ်။ ကျုပ်ကိုယ်တိုင် နှင်းဒဲလက်ပန်းကို ခူးပြီးတော့ ကျုပ်ရဲ့မိန်းမဖြစ်တဲ့ ခင်ဗျားကို ပေးမယ်။”
၎င်းမှာ ထိုအချိန်၌ “ချာလီစ်” ပေးခဲ့သော ကတိဖြစ်သည်။ ထိုစဉ်က ၎င်းမှာ ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ အစ်ဇဘယ်လာ သေဆုံးသွားပြီး ပြန်ရှင်လာသောအခါ ထိုစကားကြောင့်သာ လက်မလျှော့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင် ၎င်းမှာ တကယ့်ကတိ ဖြစ်သွားလေပြီ။
အစ်ဇဘယ်လာ တုန်လှုပ်သွားပြီး စကား မပြောခဲ့ပေ။ သူက ချန်လွေ့၏ နှလုံးသားထဲမှ အင်အားကြီး အသံများကို နားထောင်နေကဲ့သို့ပင် ချန်လွေ့၏ ရင်ဘတ်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် -
“ကျွန်မက ရှင့်ရဲ့မိန်းမ မဟုတ်သေးဘူး။”
ထိုစကားက ချန်လွေ့ကို ကြက်သေသေသွားစေခဲ့သည်။ အစ်ဇဘယ်လာက ရှက်သွေးဖြာလျက် ခေါင်းမော့လိုက်သည်။ ထို့နောက် ချန်လွေ့ကို တည့်တည့်ကြည့်ကာ ရဲရဲတင်းတင်း ပြောသည်။ “ရှင် ယောက်ျားဆိုရင် အခု ကျွန်မကို သက်သေပြ။”
လွန်ခဲ့သော သုံးလေးနာရီက အစ်ဇဘယ်လာ ထိုသို့ပြောခဲ့လျှင် ချန်လွေ့ သေချာပေါက် သောင်းကြမ်းမည် ဖြစ်သော်လည်း ယခုတွင် သူ၏စိတ်ထဲ၌ ဝမ်းနည်းမှုနှင့် လေးလံမှုတို့သာ ပိုများနေသည်။ ခဏတာ တိတ်ဆိတ်ပြီး နောက်ဆုံး၌ သူ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူက အစ်ဇဘယ်လာကိုချီကာ အိမ်ထဲသို့ လမ်းလျှောက် သွားလိုက်၏။
အိပ်ခန်းက ငြိမ်သက်ပြီး ကြော့မော့သောပုံစံ ရှိနေဆဲ ဖြစ်သည်။ ချန်လွေ့က အစ်ဇဘယ်လာကို ကုတင်ပေါ် တင်လိုက်သည်။ ချန်လွေ့က ဖိနပ်နှင့် ခြေစွပ်ကို ချွတ်လိုက်သည်နှင့် အစ်ဇဘယ်လာက ဦးဆောင်ပြီး ချန်လွေ့ကို ဖိလိုက်သည်။ အစ်ဇဘယ်လာ၏ မြန်ဆန်သော အသက်ရှူသံများက ချန်လွေ့၏ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီးနောက် သူတို့၏နှုတ်ခမ်းများ အလျင်အမြတ် ချိတ်ဆက်သွားတော့သည်။
ချန်လွေ့က အစ်ဇဘယ်လာ၏ ပူလောင်သော စိတ်ဆန္ဒကို ခံစားမိသည်။ ရင်သားကြီးကြီးဖြင့် အဖိခံရသော အံ့သြဖွယ်ရာ စိတ်လှုပ်ရှားမှုနှင့်အတူ ချန်လွေ့၏ အသက်ရှူသံလည်း မြန်ဆန်လာခဲ့သည်။
ထိုအချိန်၌ အစ်ဇဘယ်လာက တစ်ခုခုကို ဖိနှိပ်ရန် ကြိုးစားနေသကဲ့သို့ပင် ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ တစ်ခုခု လွဲနေကြောင်း ချန်လွေ့ ချက်ချင်း သတိထားမိခဲ့ပြီး ရပ်တန့်ချင်သော်လည်း အစ်ဇဘယ်လာက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ မလွှတ်ပေးပေ။
သို့သော်လည်း သိပ်ကြာခင်၌ အစ်ဇဘယ်လာ မထိန်းနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် စတင် တုန်ခါလာတော့သည်။
“မဟုတ်ဘူး...” [ အလင်းချေမှုန်းချိပ်ပိတ် ] က ထိုကဲ့သို့ မမျှော်လင့်ထားသော အချိန်တစ်ခု၌ အသက်ဝင်လာမည်ဟု သူ မထင်ထားခဲ့ပေ။
ယခုတွင် ချန်လွေ့၌ မကောင်းသောအတွေးများ မည်သို့ ရှိနိုင်တော့မည်နည်း။ သူက ချက်ချင်းပင် အစ်ဇဘယ်လာကို အိပ်ယာပေါ်သို့ တင်လိုက်သ်ည။ ထို့နောက် သူ၏ ရင်ဘတ်ပေါ်ရှိ “ပန်းပွင့်ပုံစံကွက်”က ထူးဆန်းသော ရွှေအိုရောင် အလင်းတစ်ခု ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။ ပုံစံကွက်က အစ်ဇဘယ်လာ၏ ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့လာသည်။ သူ၏နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေက မြောက်မြားလှစွာသော အက်ကွဲကြောင်း အသေးများကြောင့် ပြိုကွဲသွားဟန်တူသည်။
အစ်ဇဘယ်လာ အံကြိတ်နေပြီး သူ၏ခန္ဓာကိုယ်က ထိန်းချုပ်၍မရဘဲ တွန့်လိမ်သွားသည်။ သူ၏နဖူးမှ ချွေးစေးများ စီးကျလာပြီး သူ၏မျက်နှာကလည်း နာကျင်စွာဖြင့် ရှုံ့တွသွားကာ မထိန်းချုပ်နိုင်ဘဲ ညည်းတွားလိုက်တော့သည်။
အစ်ဇဘယ်လာက အလွန်အမင်း ကြံ့ကြံ့ခံနိုင်သူဖြစ်ကြောင်း ချန်လွေ့ သိသည်။ ဘရော့ခ်ကို တိုက်ခိုက်စဉ်တွင် ပြင်းထန်သော ဒဏ်ရာများ အဆက်မပြတ် ရရှိခဲ့ပြီး မျက်နှာအမူအရာ လုံးဝမပြောင်းဘဲ အသက်ကို စတေးခဲ့သည်။ ယခုတွင် သူက ထိုကဲ့သို့ အမူအရာမျိုး ပြသနေသည်ဖြစ်မှာ စိတ်ကူးကြည့်၍ပင်မရသော နာကျင်မှုများကို ခံစားနေရပေမည်။
ချန်လွေ့က အစ်ဇဘယ်လာအား နာကျင်မှု လျော့ပါးသွားအောင် မကူညီနိုင်ပေ။ သူ လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရန်သာ ဖြစ်သည်။ ၎င်းမှာ သူ နာကျင်ခံစားနေရသည်မှာ ပို၍ မသက်မသာ ဖြစ်လှသည်။
သုံးနာရီကြာပြီးနောက် အစ်ဇဘယ်လာ၏ တင်းကြပ်သောခန္ဓာကိုယ် ဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့သည်။ သူ့တစ်ကိုယ်လုံး ပြိုလဲသွားဟန်တူပြီး ချန်လွေ့၏ ရင်ခွင်ထဲ ခွေကျသွားတော့သည်။ သူ၏ခန္ဓာကိုယ်မှ ရွှေအိုရောင် “အက်ကွဲကြောင်း” များက တဖြည်းဖြည်း အရောင်မှိန်သွားကာ ရင်ဘတ်ပေါ်မှ “ပန်းပွင့်ပုံစံကွက်”ဆီသို့ ပြန်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ချန်လွေ့၏ ခန္ဓာကိုယ်နှင့် စောင်တို့က အစ်ဇဘယ်လာ၏ ချွေးစေးများဖြင့် စိုစွတ်သွားခဲ့သည်။ အစ်ဇဘယ်လာ၏ ကျစ်ကျစ်ဆုပ်ထားသော လက်သီးကလည်း အဖြူရောင်လက်ဝါးပေါ်၌ လက်သည်းရာနက်နက်နှင့် သွေးများ ခြောက်လျက် ကျန်ရှိနေခဲ့သည်။
“တောင်းပန်ပါတယ်။” အစ်ဇဘယ်လာ၏အသံက လုံးဝ အားနည်းနေခဲ့သည်။
“ဘာတွေ ပြောနေတာလဲ။” ချန်လွေ့၏မျက်လုံးများ နီရဲနေရင်း အစ်ဇဘယ်လာ၏ နဖူးပေါ်မှ ချွေးများကို သေသေချာချာ သုတ်ပေးလိုက်သည်။ “ဒါက ဘယ်လိုဖြစ်တာလဲ။”
“အစပိုင်းကတော့ တစ်လ တစ်ခါပဲ။ ပြီးတော့ တစ်လမှာ သုံးလေးကြိမ် ဖြစ်လာတယ်။ သိပ်မကြာခင်က ပိုပိုပြီး အခေါက်ရေများလာတယ်။ နေ့တိုင်း နီးပါးပဲ။ နေ့လယ် ဒါမှမဟုတ်ရင် မနက်စောစော ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီနေ့ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး....”
နေ့လယ်ပိုင်း၌ အစ်ဇဘယ်လာက ပျောက်ပျောက်သွားရသည့် အကြောင်းရင်းကို ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ သူတို့နှစ်ယောက် ညပိုင်း ချိန်းတွေ့နေစဉ် မည်မျှပင် ချိုမြိန်စေကာမူ အချိန်နောက်ကျသည်နှင့် သူက ချန်လွေ့က လုံးဝ ထွက်သွားခိုင်းသည်။
“တောင်းပန်ပါတယ်။” ချန်လွေ့၏အသံ ဆို့နင့်နေခဲ့သည်။ အချိန် အတော်ကြာခဲ့သော်လည်း သူက ၎င်းကို လုံးဝ သတိမထားမိခဲ့ပေ။
အစ်ဇဘယ်လာ၏ ဖျော့တော့သော မျက်နှာက ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။ “စိတ်မပူပါနဲ့။ ကျွန်မ မသေပါဘူး။ အခု ကျွန်မ မသေချင်ဘူး။”
“ကျွန်မက အသက်ရှင်ချင်ရုံပါပဲ။ ကျွန်မ နေ့တိုင်း ရှင့်ကို ဒီမှာ အဖော်ပြုပြီးတော့ တိတ်တိတ်လေး လက်ဖက်ရည် သောက်ချင်နေရုံပါ” ဟူသော စကားက ချန်လွေ့၏ နားထဲ၌ ကြားယောင်လာပြန်သည်။ ထို့နောက် သူ၏မျက်လုံးထဲမှ မျက်ရည်များ မထိန်းနိုင်တော့ဘဲ စီးကျလာခဲ့သည်။
နှစ်၂၀၀ အမာရွတ်တွေကို သယ်ဆောင်ရင်း သေဖို့ တောင်းဆိုခဲ့ပြီးတော့ နောက်ဆုံးအချိန်မှာ သူက အသက်ရှင်ဖို့ ပြင်းပြတဲ့ဆန္ဒ ရှိတယ်။ လရောင်အောက်မှာ ငါနဲ့အတူ အဖော်ပြုပြီး တိတ်တိတ်လေး လက်ဖက်ရည်သောက်ဖို့အတွက်နဲ့ သူက အတော်လေးကြီးမားတဲ့ နာကျင်မှုကို နေ့တိုင်း သည်းခံဖို့ ရွေးချယ်ခဲ့တယ်။
ချန်လွေ့က ထိုအခိုက်တွင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်သည်။ ဒီလို ထိုက်တန်ရအောင် ငါက ဘယ်သူမို့လို့လဲ။
“ကျုပ်ပြောတာကို ယုံပါ။ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ကျုပ် သေချာပေါက် လုံးဝ ပယ်ဖျက်အောင် ကူညီပေးမယ်။ ဒီမတိုင်ခင်တော့ ၂လအချိန်ကို ပိုတိုးအောင် ကြိုးစားမယ်။ ကျုပ်ကို ကတိပေး။ ဘယ်လိုအခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ၊ လက်လျှော့လို့မရဘူး။ ဟုတ်ပြီလား။”
အစ်ဇဘယ်လာက မျက်နှာပေါ်မှ ချစ်ချစ်တောက်အပူ စီးကျနေသည်ကို ခံစားမိလိုက်ပြီး ချန်လွေ့အား မျက်ရည်သုတ်ပေးရန် လက်လှမ်းချင်ခဲ့သော်လည်း အားမရှိနေခဲ့ပေ။ သူက ချန်လွေ့၏ ပြတ်သားသော သွေးဆူနေသည့်အကြည့်ကို တည့်တည့်ကြည့်ကာ နောက်ဆုံး၌ အသာလေး ခေါင်းညိတ်လိုက်တော့သည်။
ချန်လွေ့က အစ်ဇဘယ်လာ၏ နဖူးကို နမ်းရှိုက်ကာ စိတ်ပိုင်းဖြတ်လိုက်သည်။ လူသားလောကဆီ ငါရောက်အောင် သွားရမယ်။ အရိပ်လေပြေဘွတ်ဖိနပ်ကို လိမ်ညာယူခဲ့ပြီးတဲ့ ခွေးကောင်ကို ရှာပြီးတော့ မသတ်နိုင်ဘူးဆိုရင် အထွတ်အမြတ်အလင်းတောင်ဆီကို သွားပြီးတော့ နှင်းဒဲလက်ပန်းကို သွားခူးမယ်။
လူသားများက နေရာလွတ်ကို ဖောက်ထွက်ပြီး နတ်ဆိုးဘုံမှ လူသားလောကသို့ ပြန်သောနည်းလမ်းမှာ ခန္ဓာကိုယ်ထဲ ကြိုတင်ထည့်ထားသော “မျိုးစေ့”ကို အသုံးပြု၍ ဖြစ်သည်။ ၎င်းမှာ တိကျသော နေရာအမှတ်တစ်ခုနှင့် ညီမျှပြီး တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်သည်။ အသွားအပြန်လုပ်၍ မရပေ။ ထိုကဲ့သို့ နေရာလွတ် ကူးပြောင်းခြင်းကလည်း အတော်လေး အန္တရာယ်များပြားသည်။ နေရာလွတ်မတည်ငြိမ်မှုထဲသို့ ကျသွားသည်နှင့် တစ်ခါတည်း ကိစ္စတုံးသွားမည် ဖြစ်သည်။
နတ်ဆိုးဘုံသို့ ပြန်သည့်အခါ ထိုနည်းလမ်းကို ချန်လွေ့ အသုံးပြုနိုင်သည်။ နေရာလွတ် မှော်ပညာက နတ်ဆိုးဘုံ၌ ပျောက်ဆုံးလုနီးပါး ဖြစ်နေခဲ့သော်လည်း ဇိုလာက ၎င်းတွင် ဆရာတစ်ပါး ဖြစ်သည်။ ဇိုလာ၏အကူအညီကို ရရှိခဲ့လျှင် ၎င်းကို ပြုလုပ်နိုင်လောက်ပေသည်။
အကယ်၍ ဇိုလာ မလုပ်နိုင်ခဲ့လျှင် အမှောင်ဒြပ်စင်ဘုရင်ကို အကူအညီ တောင်းနိုင်သေးသည်။ [ အလင်းချေမှုန်းချိပ်ပိတ် ] က အလင်းဒြပ်စင်ကောင်များ၏ မန္တန်ထဲတွင် ပါဝင်သည်။ ထို့နောက် အလင်းဒြပ်စင်ကောင်များ၏ ရန်သူဖြစ်သော အမှောင်ဒြပ်စင်ကောင်များတွင် ဖြေရှင်းချက်တစ်ခု သို့မဟုတ် ယုတ်စွအဆုံး အချိန်ဆွဲနိုင်မည့် နည်းလမ်းတစ်ခုခု ရှိလိမ့်မည်မှာ သေချာပေသည်။ ပြဿနာမှာ ချန်လွေ့သည်လည်း နတ်ဆိုးဧကရာဇ်အဆင့် လက်ရွေးစင် အမှောင်ဒြပ်စင်ကောင်များ အပါအဝင် အမှောင်ဒြပ်စင်ကောင်များကို ချော်ရည်ပြာနယ်မြေ၌ သတ်ပစ်ခဲ့မိခြင်းကြောင့် အမှောင်ဒြပ်စင်ကောင်များ၏ရန်သူ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက အမှောင်ထုဘုရင် သုံးပါးထဲမှ တစ်ပါးဖြစ်သော မြေဒြပ်စင်ဘုရင်ကို ဖျန်ဖြေသူအနေခြင့် ရှာဖွေရပေမည်။
အမှန်တကယ်၌ ချန်လွေ့၏ ခန္ဓာကိုယ်ထဲတွင် လူသားလောက၏ “နေရာလွတ်မျိုးစေ့” တစ်ခု ရှိသည်။ ၎င်းကို နီရိုအား သတ်ပစ်ပြီး ရရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုမျိုးစေ့ကာ ထိုအချိန်က “အသူရာ အခြေအနေ”၌ စုပ်ယူမိခဲ့သည်။ ထို့ကြောင့် ချန်လွေ့က ယခုတွင် ၎င်းကို အာရုံမခံနိုင်သေးပေ။ သို့ဖြစ်ရာ ချန်လွေ့သည် အထက်ပါ နည်းလမ်းနှစ်ခုကိုသာ အသုံးပြုနိုင်တော့သည်။