← Chapters

ခရီးပန်းတိုင်။ ပင်လယ်သေ

Vol. 38 Ch. 584

ခရီးပန်းတိုင်။ ပင်လယ်သေ

Vol. 38 Ch. 584

ချန်လွေ့က သက်တန့်တောင်ကြားရှိ [ တယ်လီပို့လမ်းကြောင်း ] မှတစ်ဆင့် အမှောင်လနယ်မြေရှိ ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သို့ ရောက်လာသည်။ သူ ထွက်လာသည်နှင့် ခြံဝင်းထဲမှ ရိုမန်နှင့် ဒိုဒိုတို့ကို တွေ့လိုက်ရသည်။

ဒိုဒိုက ပါ့ဂ်လီအိုအသွင်ပြောင်းထားပြီး စားပွဲထိုးပုံစံဖြင့် ရိုမန်ကို ဝိုင်လောင်းထည့် ပေးနေသည်။ ရိုမန်က ဆရာသခင် အဆိပ်နဂါး၏ အနိုင်ကျင့်ခြင်းကို ခံနေခဲ့ရဟန်တူသည်။ သူက ဒိုဒို၏ အသွင်ပြောင်းစွမ်းရည်ကို အသုံးချပြီး သနားစရာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို အဖတ်ဆယ်ချင်နေခဲ့သည်။

“သခင်လေး ရိုမန်။ ဝိုင်သောက်ပါဦး။” ဒိုဒိုက အလိုက်သိစွာဖြင့် ဝိုင်တစ်ခွက်ကို လက်နှစ်ဖက်နှင့် ရိုရိုသေသေ ကမ်းပေးသည်။

ရိုမန်က တစ်ငုံသောက်ပြီး တမင်တကာ ထွေးထုတ်လိုက်သည်။ “ဒါက ဘာလို့ နည်းနည်းချဉ်နေရတာလဲ။ ငါမင်းကို သကြားရည် ထည့်ခိုင်းထားတယ် မဟုတ်လား။”

ဒိုဒိုက မျက်လုံးလှန်လိုက်ပြီး သေသေချာချာ မြည်းကြည့်သကဲ့သို့ပင် အားလုံးသောက်ကာ ဟန်ဆောင်လိုက် ခေါင်းညိတ်သည်။ “ဒါက တကယ်ပဲ နည်းနည်း ချဉ်တယ်။ သခင့်အတွက် သကြားရည် ထပ်ထည့်လိုက်ပါ့မယ်။”

“မင်း ငါ့ခွက်ကို ပေအောင်လုပ်တယ်။ နောက်တစ်ခွက်သွားလဲချေ။ ဉာဏ်များတဲ့ ချွဲကျိကောင်။ အဲ မဟုတ်ဘူး။ ခွေးကောင် ပါ့ဂ်လီအို။” ပါ့ဂ်လီအိုက မကျေနပ်ချက်များ ပြည့်နှက်နေဟန်တူသည်။ “ခွေးကောင်အဆိပ်နဂါး။ အရင်တစ်ခေါက် ခင်ဗျားက အဲဒီ မိန်းမလှနှစ်ယောက်နဲ့ အချိတ်အဆက် လုပ်နေခဲ့တယ်။ နောက်ဆုံးတော့ ခင်ဗျားက ကျုပ်ကို သစ္စာဖောက်ပြီးတော့ ဒေလီယာကို ခေါ်လာခဲ့တယ်။ အဲဒါနဲ့ ငါ့ကို ဒေလီယာက တစ်ပတ်လောက် စကားမပြောတော့ဘူး။”

“ဒါက ချဉ်လွန်းတယ်။ ဒါက ချိုလွန်းတယ်...” ဆရာသခင်ရိုမန် ကျိန်ဆဲနေစဉ် ချွဲကျိကောင်က ဘေးဖက်၌ တာဝန်သိစွာဖြင့် ဝိုင်ကိုမြည်းနေခဲ့သည်။ တစ်ခေါက် “မြည်း”လျှင် တစ်ခွက်အပြည့် ဖြစ်သည်။

“ဒိုဒို။ မြန်မြန်လုပ်။”

ချွဲကျိကောင် ကြက်သီးထသွားပြီး ခွက်တစ်ခွက်ကိုကိုင်ကာ ကမ်းပေးလိုက်၏။

ယခင်က ရိုမန်သည် စိတ်ထွက်ပေါက်ရှာရန် အပြစ်ရှာနေခြင်းသာ ဖြစ်သည်။ သို့သော် ယခုတွင် ပြောရန်ပင် ပျင်းသွားခဲ့သည်။ သူက ဝိုင်ကိုယူကာ သောက်လိုက်ပြီး ဒိုဒိုကမ်းပေးသော အသားကို ယူလိုက်သည်။ နောက်ဆုံး၌ သူ၏ မကျေနပ်ချက်များ အနည်းငယ် ပြေလျော့သွား၏။ ချွဲကျိကောင် ဒီမှာရှိနေတာ ကောင်းတယ်။ မဟုတ်ရင် ငါက အသိုင်းအဝိုင်းရဲ့ အောက်ခြေမှာ ဖြစ်နေလိမ့်မယ်။ ဖိနှိပ်ဖို့လူတောင် ရှာလို့ရမှာ မဟုတ်ဘူး။

ဆရာသခင် ရိုမန် လေချဉ်တက်သွားပြီး ဆရာသခင်ချန်လွေ့ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ ကြက်သေသေသွား၏။ ဒိုဒိုက သူ့ထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြီး ချက်ချင်းပင် ကြက်သွန်နီပုံစံပြောင်းကို ခုန်ဆွခုန်ဆွ လုပ်လိုက်သည်။ ထို့နောက် သူက ရေတံခွန်ကဲ့သို့ပင် မြှောက်ပင့်စကားများ တရစပ် ပြောတော့သည်။ ၎င်းမှာ ထိုအချိန်အတောအတွင်း လေ့ကျင့်ထားသော ရလာဒ်များ ဖြစ်နိုင်ပေသည်။

ချန်လွေ့က ဒိုဒိုနှင့်ကစားရန် စိတ်မပါသည့်အတွက် သစ်သီးသုံးလေးလုံး ပစ်ပေးကာ ရိုမန်ထံ တည့်တည့် လျှောက်လာလိုက်သည်။

“ဟေး။ ဒါက ငါ့တို့ရဲ့ခေါင်းဆောင် မဟုတ်လား။ ဒါနဲ့ ငါမင်းကို ကြင်ရာတော် မင်းသားလို့ ခေါ်ရမှာထင်တယ်။” ရိုမန်က စနောက်ရင်း ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “အဲဒီ ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် ရှိသေးလား။ ပါ့ဂ်လီအိုနဲ့ငါက နောက်ဆုံး သုံးလေးပုလင်းကို သောက်တာကုန်သွားပြီ။”

“ပုလင်းဘယ်လောက်...” ချန်လွေ့ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ဒီမှော်ပုလင်းတွေမှာ ဝိုင်စည်တွေ ဒါဇင်လိုက်ရှိတာကို သုံးလေးရက်ပဲ ခံတယ် ဟုတ်လား။ မင်းတို့နှစ်ယောက်က ရေတိုင်ကီတွေလား။”

“အဲဒီဝိုင်က အရသာ ရှိလွန်းတာကိုး။ ငါနဲ့ အဲဒီခွေးကောင် အဆိပ်နဂါး တစ်ခါတည်း သောက်ပြီးတော့ နှစ်ရက်လောက် မူးသွားတယ်။” ရိုမန်က စပ်ဖြဲဖြဲ လုပ်လိုက်သည်။ “ခေါင်းဆောင်။ ငါတို့က ဘယ်သူ့နောက်ကို လိုက်နေတာလဲ။ ငါတို့ခေါင်း‌ဆောင်အတွက် ဝိုင် သုံး‌လေးပုလင်းက ဘာအရေးလဲ။ ပုလင်း သုံးလေးရာလောက်ပဲ ပေးလိုက်ပါ။”

နောက်ထပ် ပုလင်းရာနဲ့ချီလား။ မင်းသမီးစံအိမ်တောင် ထပ်ပြီးတော့ ဒေဝါလီ ခံလိုက်ရမယ်။ ချန်လွေ့က ခက်ခက်ထန်ထန် ပြောလိုက်သည်။ “ဘယ်သူက မင်းရဲ့ ခေါင်းဆောင်လဲ။ ငါမင်းကို မသိဘူး။ ငါ့မှာ အရေးပေါ်ကိစ္စတွေ ရှိနေသေးတယ်။ အဲဒါကြောင့် ငါ အရင်သွားလိုက်ဦးမယ်။”

“မသွားပါနဲ့။” ရိုမန်က ချန်လွေ့ကို ဆွဲထားသည်။ “ဆရာသခင်ခေါင်းဆောင်။ တောင်းပန်ပါတယ်။ ဟုတ်ပြီလား။ သုံးလေး..ပုလင်းပါပဲ။ မဒမ်-အဒေါ်အတွက်လေ။”

“ခွေးကောင်။ မင်းကများ ‌ပြောရဲသေးတယ်။” ချန်လွေ့ ရိုမန်ကို အင်္ကျီမှ ဆွဲကိုင်လိုက်သည်။ “ဒါတွေအားလုံးက မင်းကြောင့်ပဲ။ မင်းက အစ်ဇဘယ်လာကို ငါ့ရဲ့ လျို့ဝှက်ချက်တွေအားလုံး ပြောပြလိုက်တာ။”

“အနှေးနဲ့အမြန် မင်း ပေးဆပ်ရမှာပဲ။ အရင်က ခေါင်းဆောင် ပြောခဲ့သလိုပဲလေ။” ရိုမန်က အပြစ်ရှိသလို ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် မဒမ်-အဒေါ်က အနှေးနဲ့အမြန် သိမှာပါပဲ။”

“မသာကောင်။ မင်း တကယ်ပဲ ငါ့ကို သစ္စာဖောက်ခဲ့တယ်..”

“ငါ့အဒေါ်က မိန်းမကောင်း တစ်ယောက်ပါ။ သူ့ကို အရင်နှစ်တွေတုန်းက အတော်လေး ခံစားခဲ့ရတယ်။ ခေါင်းဆောင်။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးပါ။” ရိုမန်က ချန်လွေ့၏ပုခုံးကို ပုတ်ပြီး နောက်ထပ် စကားတစ်ခွန်း ပြောလိုက်သည်။ “ဝိုင်၁၀ပုလင်းဆိုရင် သူ့အကြောင်း ငါသိထားတာအကုန် ပြောပြမယ်။ မင်းက ငါ့ရဲ့ ဆာ-ဦးလေး ဖြစ်လာဖို့ကတော့ မင်းရဲ့ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်တယ်...အို့..”

သူ စကားပြော မပြီးသေးခင်မှာပင် ချန်လွေ့က တူဖြစ်သူ၏ ဦးခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်လိုက်ရာ ရိုမန်က ဆာ-ဦးလေး အလောင်းအလျာအား မကျေမနပ် ကြည့်နေလေသည်။

“ငါက ဒီတစ်ခေါက် အစ်ဇဘယ်လာအတွက် ပြန်လာတာ။” ထိုသို့ပြောပြီးနောက် ချန်လွေ့၏ အမူအရာ လေးနက်သွားခဲ့သည်။ “သူ နှစ်လပဲ အသက်ရှင်ရတော့မယ်။”

“ဘာပြောတယ်။” ရိုမန် ထိတ်လန့်သွား၏။ ယခုတစ်ခေါက်တွင် သူက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် ထိတ်လန့်သွားခြင်း ဖြစ်သည်။ ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။ “ဘာဖြစ်တာလဲ။”

“မင်းက အားလုံးကို သိတယ် မဟုတ်လား။” ချန်လွေ့က ရိုမန်ကို လှောင်ချင်ခဲ့သော်လည်း ယခုတွင် စိတ်မပါနေပေ။ ရိုမန်က အစ်ဇဘယ်လာ အစ်ကို၏သား ဖြစ်သည်။ အစ်ဇဘယ်လာ “သေလုနီးပါး” ဖြစ်နေစဉ်က ချန်လွေ့ကို ရိုမန်အား အရိပ်လေပြေဘွတ်ဖိနပ်တည်နေရာကို ပြောခိုင်းခဲ့သည်။ ထို့ကြောင့် ချန်လွေ့က ၎င်းကို မဖုံးကွယ်ထားပဲ အားလုံး ပြောပြလိုက်လေသည်။

ရိုမန်က နားထောင်နေရင်း မျက်နှာ မည်းမှောင်သွားခဲ့သည်။ သူက ထုံးစံအတိုင်း ရယ်မနေတော့ပေ။ သူ ဝမ်းနည်းသွားခဲ့သည်။ “လက်စသတ်တော့ အရိပ်လေပြေ ဘွတ်ဖိနပ်က လွန်ခဲ့တဲ့ နှစ်၂၀၀တုန်းက ပျောက်သွားတာကိုး။ ဒီနှစ်တွေမှာ မဒမ်-အဒေါ်က ငါထင်ထားတာထက် ပိုပြီးတော့ ခံစားခဲ့ရတာပဲ။ အဲဒီတုန်းက ဖြစ်ခဲ့တာကို ငါ နည်းနည်းပဲ သိတယ်။ ဒါပေမဲ့ အဖေက သူ့ကို အပြစ်မတင်ခဲ့ဘူး။ သေခါနီးမှာတောင် သူက အဒေါ်ကို ရှာပြီးတော့ ဆွေမျိုးတွေက အမြဲ ဆွေမျိုးတွေပဲလို့ ပြောခိုင်းခဲ့တယ်။”

ဒါက တကယ့်ဆွေမျိုးပဲ။ ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ အစ်ဇဘယ်လာမှာ သူ့ကိုချစ်တဲ့ အစ်ကိုတစ်ယောက် ရှိတာပဲ။ “ဒီအကြောင်း မင်းသူ့ကို‌ ပြောပြီးပြီလား။”

“ပြောတယ်။ ဒါပေမဲ့ သူက ငါ့ကို မိစ္ဆာမျက်လုံး လိုဏ်ဂူရှိတဲ့ မြေအောက် ထရီဗန်တီ အပျက်အစီးထဲကို ပစ်သွားခဲ့တယ်။ မင်းကြောင့်သာမဟုတ်ရင် ငါ မသေရင်တောင် ရူးသွားလောက်ပြီ...” ရိုမန် ခေါင်းကုတ်လိုက်သည်။ “မဒမ်-အဒေါ်ရဲ့ တကယ့် ရည်ရွယ်ချက်က ငါ့ကို ပိုပြီးတော့ အစွမ်းထက်စေဖို့ ဆိုတာကိုပဲ ငါသိတယ်။ ဒီလိုမျိုး သေရေးရှင်ရေး အခြေအနေကို မကြုံရဘဲနဲ့ နတ်ဆိုးဧကရာဇ်အဆင့်ကို ငါ ခပ်မြန်မြန် ရောက်လာနိုင်မှာ မဟုတ်ဘူး။ မဒမ်-အဒေါ်က တကယ့်ကို စာနာတတ်တဲ့သူပဲ။ ဒါပေမဲ့ သူ့နည်းလမ်းက နည်းနည်းတော့ ထူးခြားတယ်။ ဒေလီယာက လီဗျာသန် တော်ဝင်မိသားစုကပဲ။ ငါတို့ ဘယ်ဖီဂေါတော်ဝင်မိသားစုရဲ့ အကြီးမားဆုံး ရန်သူလည်း ဟုတ်တယ်။ အဲဒီတုန်းက သူ့ကို ငါ့အဖေ လက်မခံခဲ့ဘူး။ ဒါပေမဲ့ ငါ့အဒေါ်က ငါ့ကို ပြောခဲ့တယ်။ သူ့ကိုချစ်ရင် ဆက်တောင့်ခံထား။ ယောက်ျားတစ်ယောက်ဆိုရင် တာဝန်ယူနိုင်ရမယ် တဲ့။”

ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။ ဟုတ်တယ်။ သူ့ကိုချစ်ရင် ဆက်တောင့်ခံထား။ ဒါက အစ်ဇဘယ်လာပဲ။ ယောက်ျားတစ်ယောက်အနေနဲ့ ငါ ဒါကို တာဝန်ယူပြီးတော့ သူ့ကို အရင်က နာကျင်မှုလိုမျိုး မခံစားစေရအောင် လုပ်ရမယ်။

“မြေဒြပ်စင်ဘုရင် ပင်လယ်သေကိုသွားတော့မယ်။ ပြီးတော့ သူက အမှောင်လကို အရင်ရောက်မယ်လို့ သိပ်မကြာခင်တုန်းက တင်မ်ဆီကနေ သတင်းရထားတယ်။ သူ့ဆီကနေ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ဖယ်ရှားတာပဲဖြစ်ဖြစ် အချိန်ဆွဲတာပဲဖြစ်ဖြစ် လုပ်နိုင်မလား အကူအညီတောင်းမယ်။ မင်းက ဒေလီယာကို ပြောပြီးတော့ နတ်ဆိုးဘုံမှာ လေ့ကျင့်ဖို့ နေနေကြတဲ့ လူသားတွေကို ရှာဖွေဖို့အတွီက် အမှောင်နတ်ဆိုးစွမ်းအားကို သုံးခိုင်း။ မိုးရီမကယ်နိုင်ရင် လူသားလောကကို သွားဖို့ကလွဲပြီးတော့ ငါ့မှာ ရွေးစရာ မရှိဘူး။ ဒါက အစ်ဇဘယ်လာကို ကယ်တင်ဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ပဲ။”

“ဟုတ်ပါပြီ။” ရိုမန်က အလျင်စလို ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သဘော‌‌ပေါက်သွားသည်။ “ဟေး။ မင်းက ဘယ်လိုလုပ် မဒမ်-အဒေါ် အကြောင်း ဒီလောက်အများကြီး သိနေတာလဲ။ သူ့အတွက် မင်းက ....”

“ငါမင်းကို ပြောပြမယ်။” ချန်လွေ့က ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ရိုမန်၏ ပုခုံးကို အသာလေး ပုတ်လိုက်သည်။ “ငါ မင်းရဲ့ ဆာ-ဦးလေး သေချာပေါက် ဖြစ်လာမှာ။”

ရိုမန်၏ ကြက်သေသေနေသော အကြည့်အောက်တွင် ချန်လွေ့က လမ်းလျှောက် ထွက်သွားပြီး နောက်ပြန်မလှည့်ကြည့်ဘဲ လက်ကိုဝှေ့ရမ်းလိုက်သည်။

“ချီးပဲ။ ငါက နောက်ကျရင် ခေါင်းဆောင်ရဲ့ အငယ် ဖြစ်တော့မှာလား။” ဆရာသခင် ရိုမန်က ထူးဆန်းသောမျက်နှာဖြင့် တစ်ယောက်တည်း ရေရွတ်ပြီးနောက် ရုတ်တရက်‌ အော်ပြောလိုက်သည်။ “ဝိုင်ရော။ မင်းငါ့ကို ဝိုင်မပေးရသေးဘူး။”

ခဏအကြာတွင် ချန်လွေ့က အိမ်ထဲမှထွက်လာကာ တင်မ်၏ဇနီးဖြစ်သူ လိုင်ဆာကို ဆက်သွယ်သည်။ လက်ရှီတွင် အရိပ်နက်အင်ပါယာက လိုင်ရာမြို့ထဲ၌ စစ်တပ်တစ်ခု စုစည်းထားပြီး ဝါလန်ခံတပ်တွင် စောင့်နေကြသည်။ ဂူရာဒန်က ခံတပ်ထဲသို့ မသေမျိုးစစ်တပ်ကို ဦးဆောင်သွားခဲ့သည်။ လိုင်ဆာက ယခုတစ်ခေါက်တွင် ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် အသုတ်အသစ်ကို အမှောင်လထံ ပို့ဆောင်ရန်နှင့် စိုင်ဖူမိသားစုမှ သားဖြစ်သူကို လာကြည့်ရန်အတွက် မြေဒြပ်စင်ဘုရင်နှင့်အတူ ခရီးသွားနေခြင်း ဖြစ်သည်။

လိုင်ဆာက မယ်ဒူဆာ ဖြစ်သော်လည်း မိခင်၏ ဂုဏ်ပုဒ်က သားဖြစ်သူ၏နေရာကို တိုးတက်သွားစေခခဲ့သည်။ ထို့ပြင် သူက မယ်ဒူဆာမျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့်အတွက် အငြင်းပွားစရာမရှိဘဲ တင်မ်၏ တရားဝင်ဇနီးမယား ဖြစ်ခဲ့သည်။ ချန်လွေ့၏အကူအညီဖြင့် လိုင်ဆာရဲ့စွမ်းအားက တင်မ်ထက်ပင် ကျော်လွန်ပြီး မဟာနတ်ဆိုးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သနားစရာ လရိပ်ဗိုလ်ခြေခေါင်းဆောင် ဆာ-တင်မ်က ဒုတိယမိန်းမ မယူရဲသေးပေ။ လိုင်ဆာက မယ်ဒူဆာများထံမှ ဒုတိယမိန်းမကို ရွေးချယ်ရန် ပြောခဲ့သော်လည်း ဗိုလ်ခြေ‌ခေါင်းဆောင်က တရားမျှတစွာဖြင့် ငြင်းပယ်ခဲ့သည်။

မြေဒြပ်စင်ဘုရင်က သြဇာယွမ်မြေ၏ အကူအညီဖြင့် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ပြန်ရောက်လာခဲ့သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့်များ အပါအဝင် လက်ရွေးစင်မြေဒြပ်စင်ကောင်အများအပြားကို အောင်အောင်မြင်မြင်နှင့် အဆင့်တက်စေ နိုင်ခဲ့သည်။ သူတို့၏စွမ်းအား အလုံးစုံကလည်း အတော်လေး တိုးတက်သွား၏။

ချန်လွေ့က အနောက်ပိုင်းဆင်ခြေဖုံး၌ လိုင်ဆာနှင့် မြေဒြပ်စင်ဘုရင် မိုးရီကို စောင့်ဆိုင်းနေခဲ့သည်။ မယ်ဒူဆာ စစ်သည်များက အိုဆိုင်ဒန်နှင့် တိုက်ပွဲအတွင်း ကြီးကြီးမားမား အကျိုးပြုခဲ့သည်။ လိုင်ဆာက အမှောင်လတွင် နာမည်ကျော်ဖြစ်သည့် အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရန် မလိုအပ်ပေ။ မြေဒြပ်စင်ဘုရင်က မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ဝတ်ရုံဖြင့် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့သည်။ ကံကောင်းစွာပင် မိုးရီ၏ အရပ်အမြင့်က သာမန်နတ်ဆိုးများနှင့် ဆင်တူသည့်အတွက် အပေါ်ယံ၌ မထူးဆန်းနေခဲ့ပေ။

“မိတ်ဆွေ မိုးရီ။ ကြိုဆိုပါတယ်။” ချန်လွေ့က မြေဒြပ်စင်ဘုရင်ကို ကြိုဆိုရန်အတွက် ဒြပ်စင်ကောင် ဓလေ့ထုံးတမ်းတစ်ခုကို ပြုလုပ်လိုက်သည်။ “ကျုပ် ခင်ဗျားရဲ့အကူအညီ လိုအပ်နေတာ။”

မိုးရီက အရိုအသေ ပြန်ပြုသည်။ “တွေ့ရတာ ဝမ်းသာပါတယ်။ မင်းက ကူညီနိုင်တဲ့ အတွက် ဝမ်းမြောက်မိပါတယ်။ မိတ်ဆွေ ချန်လွေ့။”

ချန်လွေ့ ပြုံးလိုက်သည်။ “မြို့ထဲပြန်ပြီးတော့ စကားပြောကြတာပေါ့။”

“သခင်။ ဒါက အသစ်ချက်လုပ်ထားတဲ့ နှံစားပြောင်းဝိုင်အရက်ပါ။ တစ်ချက် ကြည့်ပေးပါ။” လိုင်ဆာ ဦးညွှတ်လိုက်ပြီး ချန်လွေ့အား ရနံ့မွှေး နှံစားပြောင်းဝိုင်အရက် အများအပြားပါဝင်သော အထူးမှော်ခွက်နှစ်ခွက်ကို ကမ်းပေးလိုက်သည်။

“လိုင်ဆာ။ သိပ်မကြာခင်တုန်းက ငါ ယူလာခဲ့တဲ့ ပေါင်းခံပြီးတော့ ချက်လုပ်တဲ့ စမ်းသပ်ချက်က ဘယ်လိုနေလဲ။”

ချန်လွေ့ ပြောနေသည်မှာ ဝိုင်ဖြူ ချက်လုပ်သောနည်းလမ်း ဖြစ်သည်။ သူက ဝိုင်ဖြူမှာ ပေါင်းခံဝိုင်ဖြစ်ကြောင်းကိုသာ ရေးရေးလေး မှတ်မိပြီး ကျန်ရှိသည်များ သေသေချာချာ မသိပေ။ ထို့ကြောင့် မယ်ဒူဆာများက စမ်းသပ်ရခြင်း ဖြစ်သည်။

လိုင်ဆာက ရိုသေစွာဖြင့် ပြန်ဖြေသည်။ “ဒီကိစ္စကို ခါရှာနဲ့ ခီရှာတို့ တာဝန်ယူထားပါတယ်။ သူတို့က အခုလက်ရှိ အတော်လေး တိုးတက်မှု ရရှိနေတယ်။ စိတ်ချထားပါ။ သခင်။”

“ကောင်းပြီ။ လိုင်ဆာ။ ငါမင်းကို ပြောစရာ တစ်ခုရှိသေးတယ်။ ငှက်တောင်ဖြူ နယ်မြေမှာ မယ်ဒူဆာမျိုးနွယ်စု အများကြီးကို ငါ သိမ်းပိုက်ခဲ့တယ်။ ထောင်နဲ့ချီရှိတယ်။ ဘုရင်မကို လန်လီဇာလို့ ခေါ်တယ်။ သူက နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်နေပြီ။ အနာဂတ်မှာ မျိုးနွယ်စုနှစ်ကို ‌ပေါင်းပြီးတော့ အသက်ဓာတ်ရေစင်ကို မျှဝေစေချင်တယ်။ လန်လီဇာက စောင့်ကြပ်ဖို့နဲ့ တိုက်ပွဲတွေကို တာဝန်ယူရမယ့် မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမယ်။ မင်းက တင်မ်ကို ကူညီပြီးတော့ ဝိုင်ချက်လုပ်ဖို့အတွက် တာဝန်ယူရမယ့် လက်ထောက်ခေါင်းဆောင် ဖြစ်လာမယ်။ ဘယ်လိုထင်လဲ။”

“အားလုံးက သခင့်ရဲ့ အစီအမံ အတိုင်းပါပဲ။” လိုင်ဆာက ၎င်းကို ကန့်ကွက်စရာ မရှိပေ။ တိုက်ပွဲအတွင်း မယ်ဒူဆာမျိုးနွယ်စုက လက်ရွေးစင်အများအပြား ဆုံးရှုံးခဲ့ရသည်။ ယခုတွင် အင်အားစု အသစ်တစ်ခု ထပ်တိုးလာမည် ဖြစ်ရာ ပိုမိုကောင်းမွန်ပေသည်။ မျိုးနွယ်ခေါင်းဆောင် နေရာအတွက်မူ မယ်ဒူဆာမျိုးနွယ်စု၏ စည်းမျဉ်းမှာ အစွမ်းထက်သူများကို လေးစားရန် ဖြစ်သည်။ နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရှိနေသော သန္ဓေပြောင်းသွေးမျိုးဆက်ရှိသည့် မျိုးနွယ်စုခေါင်းဆောင်က မျိုးနွယ်စု တစ်ခုလုံးကို ပို၍ဦးဆောင်နိုင်ပေမည်။

ချန်လွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “လိုင်ဆာ။ မင်းနဲ့ မယ်ဒူဆာတွေရဲ့ အကျိုးပြုမှုတွေကို ငါ မမေ့ပါဘူး။ ပြီးတော့လည်း မင်းရဲ့ကလေး အရွယ်ရောက်လာတဲ့အခါကျရင် သူ့ကို တိုးတက်ဖို့ အကောင်းဆုံး အခြေခံဖြစ်အောင် ဆေးရည်မည်းတွေနဲ့ မိစ္ဆာသစ်သီးစွမ်းအားတွေကို သုံးပေးမှာပါ။”

လိုင်ဆာ အလွန်ပျော်ရွှင်သွားပြီး ကတိုက်ကရိုက်နှင့် အရိုအသေပြုလိုက်သည်။

မြို့သို့ရောက်ပြီးနောက် လိုင်ဆာက စိုင်ဖူမိသားစုထံသွားကာ ချန်လွေ့က မိုးရီကို ငြိမ်ဝိပ်ပိပြားရေးအရာရှိအိမ်သို့ ခေါ်လာသည်။ ရိုမန်နှင့် အနည်းငယ် မိတ်ဆက်ပြီးတော့ သူတို့က သက်တန့်တောင်ကြားသို့ အမြန်သွားတော့သည်။

ချန်လွေ့က လမ်းတွင် မိုးရီအား အခြေအနေကို ရှင်းပြသည်။ “မိုးရီ။ ဒီလမ်းအတိုင်း ကျုပ်ရဲ့ ခြေလှမ်းနောက် လိုက်ခဲ့ပေးပါ။”

မြေဒြပ်စင်ဘုရင်က လွှတ်ခနဲ ပြောလိုက်သည်။ “ကြွယ်ဝတဲ့ ဒြပ်စင် အငွေ့အသက်နဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ရှေးမှော်စာအငွေ့အသက်တစ်ခု ရှိနေတာပဲ။ ဒါက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ သီးသန့်နေရာလွတ် တစ်ခုပဲ။”

သိပ်မကြာခင်၌ သူတို့က အစ်ဇဘယ်လာ တည်ရှိသော စမ်းသပ်ခန်းဆီသို့ ရောက်လာသည်။ ရှေ့မှမြင်ကွင်းကြောင်း ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။

စမ်းသပ်ခန်းထဲ၌ မြူခိုးများ ပျံ့လွင့်နေပြီး လက်ဖက်ရည်ရနံ့က နေရာလွတ်ထဲသို့ စိမ့်ဝင်နေလေသည်။

“ဇိုလာ။ ဒါက ခွက်ဆေးတဲ့ရေ။ မသောက်နဲ့။”

“အိုး..”

“ခွက်ကို ဒီလက်နဲ့ သေသေချာချာ ကိုင်ရမယ်။”

“အိုး...”

“မသောက်ခင် အနံ့ကိုမွှေးကြည့်။”

“အိုး...”

“အရသာကို ဖြည်းဖြည်းချင်း မြည်းကြည့်။”

“အိုး..”

“ဘယ်လိုထင်လဲ။”

“ခါးတယ်....”

သူက တကယ်ပဲ လက်ဖက်ရည်မြည်းဖို့ အားနေသေးတာလား။ ပြီးတော့ ဇိုလာကိုတောင် အဖော်စပ်လိုက်သေးတယ်။

ချန်လွေ့ ပေါ်ထွက်လာခြင်းကြောင့် ဇိုလာက “အခါးရည်” စမ်းသောက်ခြင်းကို ကြိုတင်၍ အဆုံးသတ်လိုက်ရပြီး မိန်းမနှစ်ယောက်လုံး အတူတူ မတ်တပ်ရပ်လိုက်သည်။ ချန်လွေ့က မိတ်ဆက်ပေးသည်။ “ဒါက ငါ့ရဲ့ မိတ်ဆွေကောင်း မြေဒြပ်စင်ဘုရင် မိုးရီပါ။ မိုးရီ။ သူတို့က ကျုပ်ရဲ့မိန်းမတွေဖြစ်တဲ့ ဇိုလာနဲ့ အစ်ဇဘယ်လာပါ။ [ အလင်းချေမှုန်းချိပ်ပိတ် ] က အစ်ဇဘယ်လာမှာ ရှိနေတယ်။”

ချန်လွေ့က မိမိကို သူ၏မိန်းမဟု သူ၏မိတ်ဆွေအရှေ့‌၌ ပြောနေသည်ကို ကြားသည့်အခါ အစ်ဇဘယ်လာ၏မျက်နှာ အနည်းငယ် ပူနွေးသွားခဲ့သည်။ သူက မြေဒြပ်စင်ဘုရင်ကို အရိုအသေ ပြုလိုက်သည်။ ဇိုလာ၏မျက်လုံးများက အနည်းငယ် တောက်ပနေပြီး မြေဒြပ်စင်ဘုရင်အား တည့်တည့်စိုက်ကြည့်နေသည်။ ထိုမျက်လုံးများက စိတ်ဝင်စားစရာ စမ်းသပ်ပစ္စည်းများ ရှာတွေ့သွားဟန်တူသည်။

မြေဒြပ်စင်ဘုရင်က အမျိုးသမီးနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ ငြိမ်ဝပ်ပိပြားရေး အရာရှိအိမ်သို့ ဝင်ရောက်စဉ်က မိုးရီသည် ကိုယ်ယောင်ဖျောက် ဝတ်ရုံကို ချွတ်လိုက်ပြီဖြစ်သည်။ သူ၏မျက်လုံးများ အရောင်တောက်သွားပြီး အစ်ဇဘယ်လာအား ပတ်ပတ်လည် ကြည့်လိုက်ကာ အသာလေး ခေါင်းညိတ်သည်။ “ဒါက တကယ့်ကို အလင်းဒြပ်စင်ကျိန်စာရဲ့ အငွေ့အသက်ပဲ။ ဒါ ရှိနေတာ အနည်းဆုံး နှစ်၂၀၀ ရှိပြီ။ ပြီးတော့ အဆုံးသတ် ရောက်ခါနီးနေပြီ။”

မိုးရီပြောသည်မှာ မှန်ကန်ကြောင်း ကြားလိုက်ရပြီးနောက် ချန်လွေ့က မေးသည်။ “မိုးရီ။ ခင်ဗျားမှာ [ အလင်းချေမှုန်းချိပ်ပိတ် ] ကို ပယ်ဖျက်နိုင်မယ့် နည်းလမ်းတစ်ခုခု စဉ်းစားလို့ရလား။”

မိုးရီ ခဏစဉ်းစားပြီး ပြောသည်။ “ဒီလိုကျိန်စာချိပ်ပိတ်မျိုးက အတော်လေး ခေါင်းမာပြီးတော့ ပေါက်ကွဲတော့မယ့်အခြေအနေ ဖြစ်နေယ်။ အတင်းဖယ်ရှားလိုက်ရင် ဒီမိန်းကလေးရဲ့ ဝိညာဉ်ပါ ပျက်စီးသွားလိမ့်မယ်။ ကျိန်စာချိပ်ပိတ်ရဲ့ အရင်းအမြစ်ကို သာမန်နည်းလမ်းနဲ့ မဖယ်ရှားနိုင်ဘူးဆိုရင် နည်းလမ်းနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက အန္တိမအလင်းဒြပ်စင်စွမ်းအားကို သုံးပြီးတော့ ကျိန်စာအမှတ်ကို ပြောင်းပြန် ရှင်းပစ်ဖို့ပဲ။ ဒုတိယတစ်ခုကတော့ ကျိန်စာအမှတ်ကို ဝါးမျိုဖို့အတွက် ပိုသန့်စင်တဲ့ အမှောင်ဒြပ်စင် အမြုတေစွမ်းအားကို အသုံးပြုဖို့ပဲ။ အလင်းဒြပ်စင်ဘုရင်နဲ့ အမှောင်ဒြပ်စင်ဘုရင်ပဲ ဒီနည်းလမ်းတစ်ခုကို အသုံးပြုနိုင်တာ။ ပြောရမယ်ဆိုရင် အမှောင်ဒြပ်စင်ဘုရင်ကို ရှာတာက လက်တွေ့အကျဆုံးပဲ။”

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး ပြောသည်။ “ကျုပ်က ချော်ရည်ပြာနယ်မြေမှာ အမှောင်နတ်ဆိုးဘုရင်နဲ့ ရန်စရှိခဲ့ပြီးတော့ နတ်ဆိုးဧကရာဇ်အဆင့် လက်ရွေးစင် အမှောင်ဒြပ်စင်ကောင်ကို သတ်ပစ်ခဲ့တယ်လို့ ခင်ဗျားကို ပြောခဲ့တာပဲ။ အမှောင်ဒြပ်စင်ဘုရင်ရဲ့ အကူအညီကို ရဖို့က ပိုခက်လောက်တယ်။ ပိုပြီးအရေးကြီးတာက အမှောင်ဒြပ်စင်ဘုရင် ဘယ်မှာနေလဲဆိုတာ ကျုပ် မသိဘူး။ ပြီးတော့ အစ်ဇဘယ်လာမှာ အချိန် ၂လပဲ ကျန်တော့တယ်။”

“ငါ့ရဲ့ ဆက်ခံထားတဲ့ မှတ်ဉာဏ်အရဆိုရင် အမှောင်မြေဒြပ်စင်ဘုရင်က မြောက်ပိုင်းမှာရှိတဲ့ အမှောင်ဒြပ်စင် အားအကောင်းဆုံးနေရာမှာ ရှိလောက်တယ်။ ဒါပေမဲ့ ငါထင်တာ မမှားဘူးဆိုရင် သူက ဒီတစ်ခေါက် ငါသွားမယ့် နေရာမှာ ရှိနေဖို့များတယ်။”

“ခင်ဗျား ပြောချင်တာက .... ပင်လယ်သေလား။” ချန်လွေ့က ချက်ချင်းပင် စိတ်ခွန်အား တက်ကြွသွားခဲ့သည်။

“ဟုတ်တယ်။” မိုးရီက အသာလေး ခေါင်းညိတ်သည်။ “ဒါက ဒြပ်စင်ဘုရင်တွေ အကြား၌ ကိစ္စတစ်ချို့နဲ့ သက်ဆိုင်နေတယ်။ မင်းရဲ့ ရန်စကိုတော့ အဲဒီအချိန်ကျရင် ငါ ဖြေရှင်းဖို့ စဉ်းစားပေးမယ်။”

၎င်းသည် ဘုရင်များအကြားမှ လျို့ဝှက်ချက်ဖြစ်ကြောင်း ကြားပြီးနောက် ချန်လွေ့ ထပ်မမေးတော့ပေ။ “ကောင်းပြီလေ။ ကျုပ် ခင်ဗျားနဲ့ ပင်လယ်သေကို သွားမယ်။ ဒါပေမဲ့ ပင်လယ်သေက ဝေးလွန်းတယ်။ ပြီးတော့ အစ်ဇဘယ်လာမှာက အချိန် ၂လပဲ ကျန်တော့တယ်။ သူ အကြာကြီး တောင့်မခံထားနိုင်မှာ စိုးတယ်။”

“စိတ်မပူပါနဲ့။ ငါ့မှာ နည်းလမ်းတစ်ခု ရှိလောက်ပါတယ်။ အဲဒီသြဇာယွမ်မြေရဲ့ မူရင်းမြေ ရှိနေသေးလား။”

ယခင်တစ်ခေါက်က မိုးရီသည် ချန်လွေ့သည် သြဇာယွမ်မြေ၏ မူလမြေ ပေးခဲ့သည်။ ၎င်းက အပင်များကို ပြန်လည်ရှင်သန်စေနိုင်ပြီး အထွက်နှုန်း နှစ်ဆတိုးစေကာ ဆက်လက်အသစ်ပြန်ဖြစ်စေနိုင်သည်။ ၎င်းက လက်ရှိတွင် စူပါစနစ်၏ ကြယ်ဥယျာဉ်ထဲ၌ ရှိနေသည်။

ချန်လွေ့က စိတ်ကိုစေစားပြီး ချန်ချင်းပင် သြဇာယွမ်မြေကို ထုတ်လိုက်သည်။ မြေဒြပ်စင်ဘုရင်က သြဇာယွမ်မြေကိုယူပြီး ချီးမွမ်းလိုက်သည်။ “မင်းရဲ့စွမ်းအားက အတော်လေး မှော်ဆန်တာပဲ။ သြဇာယွမ်မြေရဲ့စွမ်းအားက ပိုပြီးတော့ သန့်စင်သွားတာကို ငါ ခံစားမိတိယ်။ ဒါက ပိုကောင်းတဲ့ အာနိသင်မျိုးကို ထုတ်ပေးနိုင်လောက်တယ်။ ဒါက ငါ မြေဒြပ်စင်တွေ ပြည့်နှက်နေတဲ့ နေရာတစ်ခု လိုအပ်တယ်။ ပိုများလေ ပိုကောင်းလေပဲ။”

တိတ်ဆိတ်နေခဲ့သော ဇိုလာက စကားစပြောသည်။ “ကျွန်မနဲ့ လိုက်ခဲ့။”

သူတို့လေးယောက်က သီးသန့်ခွဲခြားထားသော ဥယျာဉ်တစ်ခုသို့ ရောက်လာသည်။ မြေဒြပ်စင်ဘုရင်၏ မျက်လုံးများ အရောင်လက်သွား၏။ “ဒါ မယုံနိုင်စရာပဲ။ ဒီမှာရှိတဲ့ မြေဒြပ်စင်စွမ်းအားက ပထဝီဘုံကိုတောင် မီတော့မယ်။”

ထိုသို့ပြောနေရင်း မိုးရီ၏လက်ထဲ၌ မြေဝါအလင်းရောင် တိမ်တိုက်တစ်ခု ပေါ်ထွက်လာ၏။ အသန့်စင်ဆုံး မြေဒြပ်စင်စွမ်းအားကို မြင်သည့်အခါ ဇိုလာ၏ မျက်မှန်နှင့် ခရမ်းရောင်မျက်လုံးများ တလက်လက် ဖြစ်သွားလေသည်။

သြဇာယွမ်မြေက ရောင်စုံတောက်ပလာပြီး အမြစ်များက မိုးရီကို ဗဟိုပြုကာ ဆန့်ထွက်သွားသည်။ ထို့နောက် သြဇာယွမ်မြေ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ မြေပြင်ပေါ်၌ ရောင်စုံအလင်းများ တောက်ပနေသော သစ်ပင်ငယ်လေးတစ်ပင် ရှိနေသည်။ ဥယျာဉ်တစ်ခုလုံးက ခမ်းနားလှသော အရောင်စုံများဖြင့် တောက်ပနေ တော့သည်။

“ဒီသြဇာယွမ်ဘုံက မတည်ငြိမ်သေးဘူး။ သေသေချာချာ ပုံဖော်ဖို့အတွက် အချိန်သုံးရက် လိုအပ်တယ်။ တကယ်လို့ မင်းရဲ့မိန်းမက ဒီနေ့ကစပြီးတော့ တစ်နေ့သုံးနာရီ ဒီမှာနေမယ်ဆိုရင် [ အလင်းချေမှုန်းချိပ်ပိတ် ] ရဲ့ သက်ရောက်မှုနဲ့ အစွမ်းထတဲ့အချိန်ကို ထိထိရောက်ရောက် ဖိနှိပ်နိုင်လိမ့်မယ်။” မိုးရီက တွက်ချက်ပြီး ပြောလိုက်သည်။ “သြဇာယွမ်မြေရဲ့စွမ်းအားက အံ့သြဖွယ်ရာ ဖြစ်ပေမဲ့ မြေဒြပ်စင်က မှန်ကန်တဲ့ကုသမှု မဟုတ်ဘူး။ ဒါက သူ့အသက်ကို နှစ်ဝက် ဒါမှမဟုတ် စုစုပေါင်း ၉လလောက်အထိပဲ ဆွဲဆန့်ပေးနိုင်မယ်။ ဒါက ပင်လယ်သေကို သွားဖို့အတွက်တော့ လုံလောက်ပါတယ်။”

“မိုးရီ။ ကျုပ် ခင်ဗျားကို အားလုံး လွှဲထားလိုက်ပြီ။” ချန်လွေ့ အလွန်ပင် ပျော်ရွှင်သွား၏။ “နောက်၃ရက်ကြာပြီးရင် ကျုပ် ခင်ဗျားနဲ့အတူ ပင်လယ်သေကို သွားမယ်။”

မိုးရီခေါင်းညိတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ရုတ်တရက် သူက ဇိုလာအရှေ့သို့ရောက်သော် ရပ်တန့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ဖြစ်သွားကာ ဇိုလာ၏ တောက်ပသော ခရမ်းရောင်မျက်လုံးများနှင့် မျက်လုံးချင်း ဆုံသွား၏။

အခြေအနေမှာ အနည်းငယ် မူမမှန်ဖြစ်နေကြောင်း ချန်လွေ့ ရုတ်တရက် ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးအကြား၌ အဝါရောင် အလင်းတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာပြီး မိုးရီနှင့် ဇိုလာတို့က အမှန်တကယ်ပင် တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

ချန်လွေ့ ရုတ်တရက် အံ့အားသင့်သွား၏။ ဒါက ဇိုလာနဲ့ မိုးရီတို့ ပထမဆုံး တွေ့တာပဲ။ သူတို့စကားပြောတာကလည်း နှစ်ခွန်းထက် မပိုဘူး။ ဒါပေမဲ့ သူတို့က တကယ်ကြီး တိုက်ခိုက်နေကြတယ်။

သူတို့နှစ်ဦးအကြား၌ မယုံနိုင်စရာ မှော်စွမ်းအား ပါဝင်နေသော အဝါရောင် မြူနှင်းတိမ်တိုက်တစ်ခုက တိုးမသာဆုတ်မသာ အခြေအနေရှိနေသည်။ သို့သော်လည်း စွမ်းအားက လုံးဝ စိမ့်မထွက်လာခဲ့ပေ။ ချန်လွေ့နှင့် အစ်ဇဘယ်လာတို့က အတွင်းမှ အင်အားကြီးသော စွမ်းအားကိုသာ ခံစားမိပြီး မတည်ငြိမ်မှု နှင့် သက်ရောက်မှု အနည်းငယ်ကိုမျှ မခံစားနေရပေ။ ၎င်းကိုကြည့်ရလျှင် သူတို့နှစ်ဦး၏ စွမ်းအား ထိန်းချုပ်ပုံ တိကျမှုကို မြင်နိုင်ပေသည်။

ထိုမြူနှင်းက ဆက်လက် တွန့်လိမ်ပြီး အသွင်ပြောင်းသွားကာ ဇိုလာထံ တဖြည်းဖြည်း ရွေ့လာသည်။ ဇိုလာ မျက်မှောင်ကြုတ်ပြီး မသဲမကွဲ အသံတစ်ခု ပြုလုပ်လိုက်သည်။ မြူနှင်းထဲ၌ အပြာရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး အပြင်းအထန် ပေါက်ကွဲထွက်သွားကာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

All Chapters