← Chapters

အခန်း ၁၅၄၄

Vol. 104 Ch. 1544

အခန်း ၁၅၄၄

Vol. 104 Ch. 1544

အပိုင်း (၁၅၄၄)

ထိုက်ရွှမ်အဘိုးအိုသည်လွန်းပျံအား လေ့လာမှုတွင်စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားသည်။သူသည်အလုံးစုံ အာရုံ စူးစိုက်ထားသောကြောင့်စားသောက်ဖို့ကိုပင်သတိမရချေ။

အဓိက အကြောင်းအရာအားဖြင့်လွန်းပျံ၏ အတွင်းပိုင်းရှိ အစီအရင်များသည်အလွန်ပဲ ဆန်းကြယ်လွန်းသည်။သူ ယခင်က လေ့လာဖူးသည့်အရာများနှင့် လုံးလုံး ခြားနားလို့နေသည်။ သူ့အတွက်အသိပညာ ပင်လယ်ထဲ ဆင်းသက်ကူးခတ်ရသလိုပင်ခံစားနေမိသည်။ထိုအရာများကို အလုံးစုံ နားလည်သွားပါက အကျိုးကျေးဇူး ကြီးမားစွာ ရရှိမှာ သေချာသည်။

ဟုတ်ပေသည်။

တစ်ယောက်တည်း လေ့လာမည်ဆိုပါက နှေးကွေးနေပေလိမ့်မည်။ထို့ကြောင့်ကျန်းတယ်ကျွင်း နှင့် ရှန့်ကွမ်းရှင်းရောင်တို့ကိုပါခေါ်ဆောင်ကာ ကူညီခိုင်းထားရ၏။

သုံးယောက်ပေါင်းလျှင်လောင်းကျော်သည်မဟုတ်ပါလား။

ဒွီ …။

ချက်ချင်းပဲ လွန်းပျံယဉ်သည်လင်းလက်သွားသည်။

“ကောင်လေး ….”

ထိုက်ရွှမ်အဘိုးအိုသည်ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည် “ဘယ်လိုလဲ”

ကျွင်းချောင်ရှောင်းသည်လျှောက်ဝင်လာပြီးနောက်ရှုပ်ထွေးလှသော အစီအရင်မျဉ်းကြောင်းများအား သေချာကြည့်ရှုကာ လက်မထောင်ပြလိုက်၏။ “ဆရာကြီးက တကယ့်ကို အံ့အားသင့်စရာပဲ။ အချိန်တိုအတွင်း ဒါကို နားလည်ခဲ့တယ်”

“ဆိုးတာက”

ထိုက်ရွှမ်အဘိုးအိုသည်ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “ငါဒါကို အသက်သွင်းလို့ပဲ ရတယ်။ထိန်းချုပ်မောင်းနှင်လို့မရသေးဘူး”

သူသည်လွန်းပျံအား မည်ကဲ့သို့အသက်သွင်းရမည်ဆိုခြင်းကို နားလည်သွားခြင်းသပ်သပ်သာ ဖြစ်ပြီး တကယ်တမ်း မောင်းနှင်ချင်ပါက ထပ်မံကာ လေ့လာရပေဦးမည်။

“မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည်လွန်းပျံ၏ ကိုယ်ထည်ထဲသို့ ကြည့်ရှုရင်း ရုတ်တရက် လေးနက်သွားသည်။

လွန်းပျံသည်အသက်ဝင်သွားပြီးသည့်နောက်ရေဒါကဲ့သို့သော မျက်နှာပြင်တစ်ခုပေါ်၌ ကြယ်တာရာ မြေပုံတစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။ ထိုမြေပုံပေါ်ရှိ အလင်းတန်းကို ကြည့်ရှုမည်ဆိုလျှင် လက်ရှိ လွန်းပျံ တည်ရှိနေသော သူတို့၏ အင်မော်တယ်တောင်အား ညွှန်ပြနေ၏.။

“ဒါက အထက်နယ်မြေ ရှိနေတဲ့ စကြာဝဋ္ဌာကြီးဖြစ်မယ်”

“တိတိကျကျ ပြောရရင် ..”

စနစ်က ပြောလိုက်သည် “ကြယ်တာရာ မြေပုံကြီးပဲ”

ကျွင်းချောင်ရှောင်းသည် ထိုင်ချပြီး သေသေချာချာ လေ့လာကြည့်လိုက်သည်။ သူသည် အလင်းစက် တစ်ခု၏ တည်နေရာဆီသို့ လက်ညိုးညွှန်ကာ မေးလိုက်၏ “ဒါက အထက်နယ်မြေ တည်ရှိတဲ့နေရာပဲမလား”

ဒွီ ...။

အလင်းမျက်နှာပြင်ကို ထိတွေ့လိုက်သည့် အချိန်မှာတော့ ပုံရိပ်သည် ကျယ်ပြန့်သွားပြီး ကုန်းမြေတိုက်ကြီး နှင့် တူညီသည့် အသွင်တစ်ခုပုံ ပေါ်လာသည်။

“သောက်ကျိုးနည်း”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏ “ဒီလောက် မှော်ဆန်တာလား”

စနစ်က ဝင်ပြောလိုက်သည် “သေချာကြည့်ရင် လောကကမ္ဘာတစ်ခု နဲ့ တစ်ခုကြား က တော်တော် ဝေးတာပဲ”

“အားကောင်းတဲ့ ပျံသန်းမှုနည်းပညာမရှိရင် ဘဝတစ်ခုလုံး ခရီးထွက်နေမယ်ဆိုရင်တောင် လောကတစ်ခုနဲ့တစ်ခုကြား ရောက်ဖို့ မလွယ်ဘူး” စနစ်က ပြောလိုက်၏။

ဒွီ ...

ဒွီ ...။

ထိုအချိန်မှာတော့ အထက်နယ်မြေ မြေပုံမျက်နှာပြင်၏ အပေါ်ဘယ်ဘက်ထောင့်သည် လင်းလက်သွားပြီး အသံတစ်ခု ထွက်ပေါ်လာသည် “ကြယ်တာရာ စိတ်ဝိညာဉ်လောက ဆီကပါ။ တတိယ ဦးစီးချုပ် .. ကြားရင် ချက်ချင်း အကြောင်းပြန်ပါ .. ချက်ချင်း အကြောင်းပြန်ပါ”

ထိုက်ရွှမ်အဘိုးအို နှင့် ကျန်းတယ်ကျွင်းတို့သည် တုန်လှုပ်သွားမိ၏။

ကျွင်းချောင်ရှောင်းသည် အလွန်တည်ငြိမ်စွာဖြင့် မျက်မှောင်ကုတ်လျက်ရှိသည်။

အလင်းတန်းများဖြတ်သန်းသွားသော တည်နေရာသည် ယင်းလောကကြီး တည်ရှိရာ နေရာပင်ဖြစ်ပေလိမ့်မည်။ မြေပုံကို အခြေခံရမည်ဆိုလျှင် အလွန်ဝေးကွာလွန်း၏။ သို့ပေမဲ့ အသံလှိုင်းပို့လွှတ်နိုင်သည် ဆိုခြင်းမှာ အလွန်မြင့်မားသော နည်းပညာကို ပိုင်ဆိုင်နေသောကြောင့်ပင် ဖြစ်ရမည်။

ရွှီး ..။

အထက်နယ်မြေ ၏ ဘယ်ဘက် အပေါ်ထောင့်စွန်းသို့ မြေပုံမျက်နှာပြင်အား ချဲ့ကြည့်လိုက်ချိန်မှာတော့ ကြယ်တာရာ စိတ်ဝိညာဉ်လောက (ကမ္ဘာ) ဟု ရေးသားထားသော အထက်နယ်မြေထက် ကြီးမားလွန်းသော တည်နေရာကြီးတစ်ခု တည်ရှိနေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဒါက ကြယ်တာရာ စိတ်ဝိညာဉ်လောကလား”

“အထက်နယ်မြေနဲ့ အရမ်းဝေးတယ်။ သူတို့ ဘယ်လိုလုပ် ဒီနေရာကို ရှာတွေ့တာလဲ” စနစ်က စဉ်းစားရင်း မေးမြန်းလိုက်မိ၏။

ကျွင်းချောင်ရှောင်းသည် မြေပုံကို ပြန်ချဲ့ကာဖြင့် တခြားသော ဂြိုဟ်များကို ကြည့်ရှုလိုက်သည် ။ ဂြိုဟ်မျာသည် မဲနက်လျက်ရှိနေသည်ကို မြင်လိုက်ရသည် “ဒီမြေပုံက မပြည့်စုံတာလား။ တခြားဂြိုဟ်တွေအကြောင်း မပါတာလား”

“အထက်နယ်မြေနဲ့ ကြယ်တာရာ စိတ်ဝိညာဉ်လောကကြားမှာ တခြားဘယ်ဂြိုဟ်တွေ ရှိသေးလဲ သေချာကြည့်” စနစ်က သတိဝင်ပေးလိုက်၏။

“ကောင်းပြီ”

သို့ပေမဲ့ တစ်ချို့ဂြိုဟ်များသည် ပေါ်မလာချေ။

“ဒါက မပြည့်စုံသေးဘူး။ လိုအပ်ချက်တွေ ရှိနေတဲ့ မြေပုံပဲ” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။

ဤမျှဝေးကွာသော တည်နေရာဆီမှ တဖက်လူများသည် အဘယ်သို့ ပေါ်လာကြသနည်း။

ဒွီ .. ဒွီ ..။

ထိုအချိန်မှာပဲ အသံများထွက်လာပြန်သည်။

မြေပုံ၏ မျက်နှာပြင်ကိုကြည့်ရှုလိုက်ချိန်မှာတော့ ကြယ်တာရာ စိတ်ဝိညာဉ် လောကဆီမှ အလင်းစက် သေးသေးလေးများသည် ပုရွက်ဆိတ်လေးများကဲ့သို့ပင် ဖြည်းဖြည်းချင်း လှုပ်ရှားထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

“သောက်ကျိုးနည်း .. ငါတို့ဆီကို လူတွေလွှတ်လိုက်တာပဲ။ ဟုတ်တယ်မလား”

“ဖြစ်နိုင်တယ်”

“........”

ကျွင်းချောင်ရှောင်းအား စိတ်သက်သာရာ ရစေသည့်အချက်မှာ အလင်းတန်းများ ရွေ့လျားနေမှုသည် အလွန်နှေးကွေးလွန်းနေခြင်းပင်။

စနစ်က ပြောလိုက်သည် “လက်ရှိအမြန်နှုန်းအရဆိုရင် အထက်နယ်မြေကို ရောက်လာဖို့ သုံးနှစ်လောက် ကြာအုံးမယ်”

“အဲလောက်မြန်တာလား”

ကျွင်းချောင်ရှောင်းသည် ကြောင်အသွားသည်။

လောကကြီးနှစ်ခု အဘယ်မှ ဝေးကွာကြောင်းကို သူ မဆုံးဖြတ်နိုင်သော်လည်း ဤမျှဝေးကွာသောနေရာဆီမှ သုံးနှစ်အတွင်း ရောက်လာနိုင်ခြင်းသည် အံချီးနံဘမ်းပင် ဖြစ်ပေ၏။

စနစ်က ပြောလိုက်သည် “လက်ခံသူကို အားပြတ်အောင် ပြောချင်တာ မဟုတ်ပေမဲ့ ငါပြောချင်တာက အဲလောကမှ ရှိတဲ့သူတွေက ကျင့်ကြံခြင်း နဲ့ နည်းပညာကို ပေါင်းစပ် အသုံးပြုတတ်ကြတာပဲ။ ဒီတော့ လက်ခံသူရဲ့ အရင်ဘဝက သိပ္ပံပညာ၊ သိပ္ပံကားထဲက အကြောင်းအရာတွေနဲ့ ယှဉ်ထိုးမစဉ်းစားနဲ့။ တစ်ခါတည်း ကြွသွားလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို မငြင်းနိုင်ချေ။

ယခင်ဘဝက လေယာဉ်၊ လက်နက် နှင့် နျူဗုံးများပင်လျှင် လက်ရှိကျင့်ကြံသူများကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ လက်နက်တစ်ချို့ဆိုလျှင် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသောကြောင့် သုံးစား ရနေသေးခြင်း ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံခြင်းနည်းစနစ် နှင့် သိပ္ပံနည်းပညာ ရောနှောပေါင်းစပ်ထားမှုသည် အမှန်ပင် ကြောက်မက်ဖို့ ကောင်းလွန်းသည်။ အလင်းထက် မြန်သော နှုန်းဖြင့် တိုက်ခိုက်နိုင်စွမ်းများပါ ပါဝင်လာနိုင်သေး၏။

မည်သို့ပင် ဆိုဆို လက်ရှိတွင် အရေးကြီးဆုံးအရာသည် တစ်ဖက်လူများ သုံးနှစ်အတွင်း ရောက်ရှိလာမည့် အကြောင်းအရာပင် ဖြစ်တော့သည်။

“အဲအချိန်ရောက်ရင် ....”

စနစ်က ပြောလိုက်၏ “အခွင့်အရေးကို အရယူပြီး အထက်နယ်မြေ တစ်ခုလုံးကို ကယ်တင်ပေးလိုက်လေ။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ထအော်လိုက်သည် “ငါ့ဆီမှာ ဝိညာဉ်ချိန်ကိုက်ဗုံး မရှိဘူး။ ပြီးတော့ ရှိရင်တောင်မှ ဖောက်ခွဲပေးမယ့်သူ မရှိဘူး။”

ရောက်ရှိလာခဲ့သော တပ်သင်္ဘော ကိုးစင်းကို ဖျက်ဆီးပစ်လိုက်နိုင်ခြင်းသည် ဝိညာဉ်ချိန်ကိုက်ဗုံး သာမက ကုကျောင်းရှစ်၏ စတေးခံမှုကြောင့်ဖြစ်သည်။ ကုကျောင်းရှစ် ကို ပြန်ရှာနိုင်သည် ဆိုလျှင်တောင်မှ တဖက်လူများ ရောက်ရှိလာမည့်အချိန်တွင် ကုကျောင်းရှစ်သည် သုံးနှစ်အရွယ်သာ ရှိပေလိမ့်မည်။ ထိုအရွယ်ကလေးက ဘာလုပ်နိုင်မည်နည်း။

တခြားသောလောက ကမ္ဘာတွင် မိဘနှစ်ပါး၏ အလုံးစုံသော ချစ်မြတ်နိုးခြင်းကို ခံနေရသော ကုကုန်းဝ သည် အရင် မှတ်ဉာဏ်များပြန်လည်ရရှိပြီး ကုန်းရှန့်၏ လက်ရှိအတွေးကို သိသည် ဆိုပါက ပါးစပ်ထဲတွင် မြုံထားသော နတ်ဝိညာဉ်သစ်သီးကို ထွေးထုတ်ကာ အော်ဟစ်မိပေလိမ့်မည် “အစ်ကိုကြီး .. ကျုပ်ကို အသေခံ ဗုံးခွဲသမား များ မှတ်နေတာလား”

........

ဒွီ .... ။

ထိုအချိန်မှာပဲ ကြယ်တာရာ မြေပုံသည် လင်းလက်သွားသည်။ စတုတ္ထရေတပ်ဦးစီးသည် ခရီးသွားလာရင်း သူ တွေ့ရှိခဲ့ရသော ဂြိုဟ်တစ်ခုအား သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် မြင်ကွင်းကို သေချာကြည့်ရှုလိုက်ချိန်မှာတော့ တောင်ပင်လယ်လောကဟု ရေးထိုးထားသော ဂြိုဟ်တစ်ခုကို မြင်လိုက်ရသည်။ သူသည် မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်မိသည် “ဒီဂြိုဟ်က ပိုပြီး နီးတာပဲ”

........

သေးငယ်သော ရွာလေးထဲမှာတော့ ...

ကုကုန်းဝ သည် သူ့မိခင်၏ ရင်ခွင်ထဲ လှဲရင်း တန်ဖိုးကြီး နတ်ဘုရားအဆင့် ဖျော်ရည်ကို သောက်လျက်ရှိသည်။ သူက တွေးလိုက်မိ၏ “တောင်ပင်လယ် လောက ဟုတ်လား။ ဒီမှာ ရှိတဲ့ ဓာတ်သဘာဝတွေက အထက်နယ်မြေ ထက် ဘယ်လိုမှ အားမနည်းဘူး”

“သား ...”

ထိုအချိန်မှာပဲ ကုထျန်းရှင်းသည် ကျောက်စိမ်းပြားတစ်ခုကို ယူလာပြီး ပြသည် “အဖေ မင်းအတွက် မိန်းမ ရှာထားပြီးပြီ။ မင်း အရွယ်ရောက်တာနဲ့ ဒါကို ယူပြီး အဓိကမြို့ဆီ သွားရုံပဲ။ တောင်ပင်လယ် နယ်မြေ သခင်ရဲ့ သားမက် ဖြစ်လာလိမ့်မယ်”

“.........”

ကုကုန်းဝသည် မျက်မှောင်ကုတ်ကာဖြင့် စတင် ငိုယိုတော့၏။

ဤဘိုးတော်သည် သူ့အား အမှန်ပင် ချစ်မြတ်နိုးလွန်း၏။ လက်ထပ်ဖို့ပင် ကြိုတင်ကာ စီစဉ်ထားပြန်သေးသည်။ သို့ပေမဲ့ သူ နှစ်သက်ရဲ့လား ဆိုသည်ကို မမေးရသနည်း။

ကုကုန်းဝ၏ အမေသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “လက်ထပ်တယ် ဆိုတာ အရေးကြီးတဲ့ ကိစ္စလေ။ ဘယ်လိုလုပ်ပြီး ကလေးကစားသလို လုပ်လာတာလဲ”

“ဟဲဟဲ ...”

ကုထျန်းရှင်း သည် သွားဖြီးကာ ပြောလိုက်၏ “မိန်းမ ... တောင်ပင်လယ်နယ်မြေသခင်ရဲ့ သမီးက တစ်လသမီးပဲ ရှိသေးတယ်ဆိုပေမဲ့ သူမရဲ့ အနာဂတ်က အကန့်အသတ်မဲ့တယ်။ ပြီးတော့ ကုန်းဝ နဲ့ တကယ့်ကို လိုက်ဖက်မဲ့သူပဲ”

“လှလား”

“နယ်မြေသခင်က တောင်ပင်လယ်နယ်မြေမှာ အချောဆုံးပဲလေ။ သူ့ မိန်းမကလည်း နယ်မြေမှာ အလှဆုံး။ ဒီတော့ ကောင်မလေးက လှမှာ သေချာတယ်”

ဂါး ... ဟိ...။

ကုကျောင်းရှစ်သည် ငိုနေရာမှ ရပ်တန့်သွားသည်။ သူ၏ မျက်နှာပေါ်မှာတော့ တောက်ပသည့် အပြုံးတစ်ခု ဖြစ်တည်လာ၏။

All Chapters