အခန်း ၁၅၄၅
Vol. 104 Ch. 1545
အပိုင်း (၁၅၄၅)
ဒရုန်း၏ ကြယ်တာရာမြေပုံကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်အသစ်ဖြစ်သော စကြဝဠာစနစ်ကြီး၏ ပုံပန်းသွင်ပြင်ကို နားလည်သွားခဲ့မိ၏။ သူသည်အထက်နယ်မြေပိုင်ဆိုင်သည့် ကြယ်ပင်လယ်ကြီးတစ်ခုလုံးကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။ထိုအထဲတွင်များပြားလှသည့်တစ်ခြားသော ဂြိုဟ်များလည်း တည်ရှိလို့နေခဲ့၏။အနီးဆုံးတွင်တည်ရှိနေသည့် ဂြိုဟ်သည်တောင်ပင်လယ်ဂြိုဟ်ပင်ဖြစ်၏။
“၃ နှစ်ကြာပြီးရင် ငါ ကျိန်းသေပေါက်အထက်နယ်မြေကို ကယ်တင်ရမယ်။”
ကျွင်းချောင်ရှောင်း၏ အမူအရာသည်လေးနက်သွားခဲ့၏။သူသည် ကြီးမြတ်လွန်းသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။ အောက်နယ်မြေမှာတုန်းက သူသည်သူ့ကိုယ်သူ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လောကသား တစ်ယောက်အဖြစ်သတ်မှတ်ခဲ့၏။ယခု အထက်နယ်မြေသို့ရောက်ရှိသည့်အချိန်မှာတော့သူ့ကိုယ်သူ အထက်နယ်မြေ၏ လောကသားအဖြစ်သတ်မှတ်ခဲ့ပြီဖြစ်၏။ ဤတည်နေရာတွင်ဘေးအန္တရာယ်ကြီး ကြုံဆုံရမည် ဆိုသောကြောင့်သူသည်ကျိန်းသေပေါက်ကယ်တင်ရပေလိမ့်မည်။ထိုအရာမှာ မည်ကဲ့သို့သော သတ္တိ၊ ဗျတ္တိမျိုးနည်း။ ထို့အပြင်ဤကဲ့သို့သော ကယ်တင်မှုမျိုးကို ပြုလုပ်နိုင်မည်ဆိုပါက ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည်များပြားစွာ ရရှိမှာ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည်လောကကြီးကို ကယ်တင်ချင်နေခြင်းပင်။
စနစ်သည်စိတ်ဝင်တစားဖြင့်မေးမြန်းလိုက်၏။ “တကယ်လို့အကျိုးအမြတ်တွေသာ မရှိဘူးဆိုရင်လက်ခံသူအနေနဲ့အရှေ့ကို ဆက်ပြီး လှမ်းအုံးမှာလား။”
ဤမေးခွန်းသည် ကျွင်းချောင်ရှောင်းကို အချိန်အနည်းငယ်တိတ်ဆိတ်သွားစေ၏။ ခဏလောက်ကြာပြီးသည့်နောက်သူက ပြန်ဖြေလိုက်သည် “ခန့်မှန်းကြည့်လိုက်လေ။”
“လက်ခံသူရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ကိုယ်ရည်ကိုယ်သွေးအရဆိုရင်ကျိန်းသေပေါက်သူရဲကောင်း တစ်ယောက်ဝင်လုပ်မှာမဟုတ်ဘူး။”
“ငါ အဲလောက်ဆိုးတယ်လို့မင်းထင်နေတာလား။”
“အမှန်ပဲလေ။”
………
ကျွင်းချောင်ရှောင်းအနေနှင့် စနစ်နှင့် ငြင်းခုန်ရန်အတွက်ပျင်းရိလွန်းနေ၏။ ထို့ကြောင့်သူသည်ဆက်လက်ကာ မပြောတော့ပေ။ ထို့အပြင်သူ၏ လက်ရှိအားအင်အဆင့်အရ သူရဲကောင်းပြုလုပ်မည်ဆိုလျှင်လည်း ပြုလုပ်နိုင်သည့် အရည်အချင်းမရှိလှချေ။
မည်သည့်အကျိုးအမြတ်မှမရှိဘဲ လောကကြီးကို ကယ်တင်သည့်အရာသည်အလွန်ပင်ကောင်းမွန်လှသည့်အရာဖြစ်၏။သို့ပေမဲ့ထိုကဲ့သို့သော အရာများကို ပြုလုပ်ရန် အခြားသူများတာဝန်ဟု သတ်မှတ်ထားခဲ့၏။သူနှင့် မဆိုင်ချေ။
“ထင်မှတ်ထားတဲ့အတိုင်းပဲ။”
စနစ်က ပြောလိုက်၏။ “ဒါ တကယ်တကိုယ်ကောင်းဆန်တာပဲ။”
ကျွင်းချောင်ရှောင်းသည်အစီအရင်ဟောခန်းဆီမှထွက်ခွာလာပြီးသည့်နောက်သူ၏ ဆရာကြီးမြတ်သူတုံးကုနှင့် တွေ့ဆုံရန်အတွက်နောက်ရက်တွင်ထွက်ခွာသွားခဲ့သည်။
ထိုက်ရွှမ်အဘိုးအိုသည်ဒရုန်းထဲတွင်ရှိနေသော အတွင်းပိုင်း အစီအရင်များကို ဆက်လက်ကာ လေ့လာလျက်ရှိနေ၏။ သူသည်ထိုအရာကို စွဲလမ်းလျက်ရှိနေတော့၏။ကုန်းရှန့်သည်အထက်နယ်မြေသို့တက်လှမ်းလာပြီးသည့်နောက်သူ့အား လှည့်စားခဲ့သည်မှာ မငြင်းပယ်နိုင်ပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲသို့ဝင်ရောက်ပြီးသည့်နောက်သူသည်ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲကြီး ဖြစ်သွားခဲ့သည့်အပြင် အကျိုးအမြတ်များစွာကိုလည်း ရရှိခဲ့၏။သူ့အား ပြဿနာကြီး ခေါင်းပေါ်ထပ်ကာ တင်ဦးမည်လားဟု မေးမြန်းသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာထဲသို့ခေါင်းတိုးဝင်မှာ သေချာ၏။
….
ဟူး ….။
သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ အပြင်ဘက်မှာတော့ရီရှင်းချန်သည်မောပန်းနွမ်းနယ်စွာဖြင့်အပြင်ဘက်သို့လျှောက်ထွက်လာခဲ့၏။တပ်သင်္ဘောများရောက်ရှိပြီး တိုက်ခိုက်လာသည့်အချိန်၌သူသည်ရှောင်ကျီလောက်ပင်မတိုက်ခိုက်နိုင်ခဲ့ချေ။ထို့ကြောင့်ဤအချင်းအရာသည်သူ့အား အမှန်ပင်စိတ်မပျော်မရွှင် ဖြစ်စေခဲ့၏။ထို့ကြောင့်ကျင့်ကြံခြင်းနှင့်ပတ်သက်၍အလွန်ပင် ကြိုးစားလျက်ရှိနေ၏။
အထက်နယ်မြေ ဘာဖြစ်မည်နည်းဆိုသည်ကို စိုးရိမ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းနှင့်မတူဘဲ သူ၌မှာတော့အတွေးတစ်ခုတည်းသာ ရှိ၏။ ထိုအရာသည်ဧကရီလင်းရောင်ကို နှစ်အနည်းငယ်အတွင်း သတ်ဖြတ်ပစ်ရန်ပင်။
ဟုတ်ပေသည်။လက်ရှိအခြေအနေမှာတော့သူသည်ဂိုဏ်းချုပ်၏အကူအညီကို ဆက်လက်ကာ ယူသင့်လား ၊ မယူသင့်လားဆိုသည်ကို လေးလေးနက်နက်စဉ်းစားလို့နေခဲ့သည်။
ရီရှင်းချန် .. .ထိုအရာမှသည်တကိုယ်တော်တောက်ပတတ်သည့် အစစ်အမှန်ရီရှင်းချန်မဟုတ်ပါလား။
ကျွတ် ….။
ရီရှင်းချန်သည်လက်သီးကို ဆုပ်ကာဖြင့်စိတ်ထဲ၌ ကြိတ်ကာ ဆုံးဖြတ်လိုက်မိ၏။ “သိုင်းကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ မူတည်တာ။ တစ်ခြားသူတွေကို မှီခိုလို့မရဘူး။”
“ဂျူနီယာညီလေးရီ”
လီချင်းယန်သည်အသာလျှောက်လှမ်းလာပြီးနောက်မေးမြန်းလိုက်သည်။ “ဂိုဏ်းချုပ်က ဒီမနက်အတွင်း ထွက်ခွာသွားတယ်လေ။ မသွားခင်မှာ တပည့်တွေအတွက်ပစ္စည်းလဲလှယ်နိုင်တဲ့စက် ကို အဆင့်မြှင့်တင်ပေးခဲ့တယ်။သွားကြည့်ချင်သေးလား။”
“သွားကြရအောင်။”
ပြောပြီးသည့်နောက်သူသည်တာဝန်ခွဲဝေခြင်းခန်းမဆောင်ဆီသို့အမြန်ဆုံးနှုန်းဖြင့်သွားလိုက်၏။
ဤအရာသည်အားညိုသာ ဖြစ်တော့၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်လည်း ဖြစ်သည်။
…..
ကျွင်းချောင်ရှောင်းသည်မနက်ခင်းတွင် လျှိုဝမ်ရှစ်ချက်ပြုတ်ပေးသော အစားအစာများကို စားသုံးပြီးသည့်နောက်ထွက်ခွာသွားခဲ့၏။မထွက်ခွာခင်တွင်သူသည်ဂိုဏ်းစုဆောင်းမှတ် ၁၀သိန်းကို အသုံးပြုပြီးသည့်နောက်တပည့်စတိုးအား အဆင့်မြှင့်တင်ပေးခဲ့၏။
သူ၏ နှလုံးသားထဲတွင်နာကျင်မှုများကို ခံစားနေရသည်ဆိုသော်လည်း ဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်ကို တိုးတက်စေရန်အလို့ငှာ သူသည်စုဆောင်းထားသမျှအရာအားလုံးကိုပင်ထုတ်ဖော်အသုံးပြုလိုက်ရသည်။
အသစ်အဆင့်မြှင့်တင်ထားသော တပည့်စတိုးသည်တာဝန်ခွဲဝေခြင်း ခန်းမဆောင်တွင်ထားရှိ ထားပြီး လိုအပ်သည့်ဂိုဏ်းစုဆောင်းမှတ်များနှင့် လဲလှယ်နိုင်စွမ်းရှိနေ၏။ လက်ရှိအခြေအနေမှာတော့တာဝန်ခွဲဝေခြင်းခန်းမဆောင်သည်လူများနှင့် ပြည့်ကျပ်နေ၏။
“ချီးတဲ့မှ။ဒီထဲမှာ ပစ္စည်းကောင်းတွေအများကြီးပါလား။”
များပြားလွန်းလှသော ပစ္စည်းများကို ကြည့်ရှုပြီးသည့်နောက်စုရှောင်မိုသည်မျက်လုံးပြူးသွားမိ၏။ အတိတ်တုန်းက ဆိုလျှင်စတိုးထဲတွင်ချီစုစည်းခြင်းဆေးလုံး၊ အအေးဓားနှင့် တစ်ခြားသော အဆင့်နိမ့်ပစ္စည်းများကိုသာလျှင်ရောင်းချ၏။သို့ပေမဲ့လက်ရှိအဆင့်မြှင့်တင်ပြီးသည့်နောက်ရောင်းချကြသည့်ပစ္စည်းများသည်အမှန်ပင်အဆင့်မြင့်လွန်းလှ၏။ဥပမာအားဖြင့်တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်သည့်ဆေးလုံး၊ ထို့အပြင်တစ်စုံ တစ်ယောက်၏တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုကာ တိုးတက်လာစေသည့်ဆေးလုံး အပြင် နဂါးသွေးကြောဓား စသည်ဖြင့်အရာများ ပါဝင်လျက်ရှိနေသည်။
ဟုတ်ပေသည်။ပစ္စည်းများကို အဆင့်မြှင့်တင်ပြီးသည့်နောက်ဈေးနှုန်းများသည်လည်း အဆမတန်တိုးတက်လာခဲ့၏။စုရှောင်မိုသည်တစ်စုံတစ်ယောက်၏ခြေလှမ်းများကို ပိုမိုကာ အားကောင်းစေနိုင်သည့်ဖိနပ်တစ်စုံကို ဝယ်ယူခဲ့၏။ဤအရာသည်အားကစားဖိနပ်ပင် ဖြစ်တော့၏။ဈေးနှုန်းသည်ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ကုန်ကျ၏။ထို့ကြောင့်သူသည်စိတ်ပျက်လက်ပျက်ဖြစ်မိနေ၏။ “ဒါက ဈေးကြီးလိုက်တာ”
ဂိုဏ်း၏ တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက်တပည့်များသည်သက်ဆိုင်ရာ ဂိုဏ်းစုဆောင်းမှတ်များ ကို ရရှိကြ၏။ သို့ပေမဲ့လွယ်ကူသော တာဝန်များသည်ဂိုဏ်းစုဆောင်းမှတ် ၁၀မှတ်ကိုသာလျှင်ပေး၏။ ခက်ခဲလွန်းလှသော တာဝန်များဆိုလျှင်တောင်မှဂိုဏ်းစုဆောင်းမှတ် ၁၀၀ကိုသာ ရရှိ၏။ ဖိနပ်တစ်စုံသည်ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ကျသင့်သည်ဖြစ်သောကြောင့်အဆင့်မြင့်တာဝန် ၁၀ခုနှင့် နှိုင်းယှဉ်၍ရနိုင်သည်။
ပစ္စည်းများသည်ဈေးကြီး လှသည်သာမက ရွေးချယ်နိုင်စရာလည်း များလွန်းလှ၏။ စုရှောင်မိုသည်တဆက်တည်းပဲ တစ်ခြားသော ဆေးလုံးများကိုလည်း ရွေးချယ်လိုက်၏။ အဆုံးသတ်မှာတော့ဆေးလုံးတစ်ခုချင်းစီတိုင်းသည်ဂိုဏ်းစုဆောင်းမှတ် ၁၀၀ကျသင့်လို့နေ၏။ ဆိုလိုသည်မှာ ဆေးလုံးကို ဝယ်ယူမည်ဆိုပါက အဆင့်နိမ့်တာဝန် ၁၀ခု ၊ သို့မဟုတ်အဆင့်မြင့်တာဝန် ၁ခုကို ပြည့်စုံအောင် ပြုလုပ်ဖို့လိုအပ်နေ၏။
ဟုတ်ပေသည်။သူ့အနေနှင့် အမြုတေပြောင်းလဲခြင်းအဆင့်ဆီသို့ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သောကြောင့်သိုင်းပညာ နှင့်ပတ်သက်သည့်အရင်းအမြစ်များသည်ပိုမို အဆင့်မြင့်မားစွာ လိုအပ်နေ၏။ ထို့ကြောင့်သူရွေးချယ်လိုက်သည့်ပစ္စည်းများသည်လည်း ဈေးကြီးလို့နေခဲ့ခြင်းပင်။
တစ်ခြား ဂိုဏ်းစုဆောင်းမှတ် ၁၀ ၊ ၂၀ နှင့်ရောင်းချထားသည့်တစ်ခြား သော ပစ္စည်းများလည်း တည်ရှိလို့နေသေး၏။ ထိုအရာသည်သာမန်တပည့်များ ရွေးချယ်ဝယ်ယူစရာပင်ဖြစ်၏။ ထို့အပြင်ဈေးကြီးခြင်းဆိုသည်မှာလည်း ပိုမိုကောင်းမွန်သည့်အကျိုးသက်ရောက်မှုများ ရှိနေသောကြောင့်ပင် ဖြစ်ရမည်။
စုရှောင်မို အနေနှင့် အားကစားဖိနပ်ကို နှမြောတသစွာဖြင့်ဝယ်ယူလိုက်၏။ ဝတ်ကြည့်ပြီးသည့်နောက်ကောင်းကင်ပေါ်သို့တက်လှမ်းတော့မလိုပင်ခံစားနေမိသည်။
ဆွစ်ဆွစ် ….။
အဓိကတောင်ထွတ်ပေါ်မှာတော့အလင်းနှင့်အရိပ်များသည် လျှပ်စီးလက်သလို မြန်ဆန်စွာဖြင့် သွားလာလျက်ရှိနေ၏။
ဒွီ ဒွီ …။
ခဏကြာ စမ်းသပ်ပြီးသည့်နောက်စုရှောင်မိုသည်လျောထိုးကာဖြင့်ရပ်တန့်လိုက်၏။သူသည် ခန္ဓာကိုယ်ကို ကွေးညွှတ် ကာဖြင့်မြေကို လက်ဖြင့်ထိလိုက်သည်။ “ဒီပစ္စည်းက အရမ်းကို ကောင်းတာပဲ။”
အမြန်နှုန်းအမျိုးအစား တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည်မို့ဤဖိနပ်သည်သူနှင့်အမှန်ပင်လိုက်ဖက်ညီ လှသော ပစ္စည်းဖြစ်၏။
ဒင်
ဒင်
ရီရှင်းချန်သည်စတိုး၏ ရှေ့တွင်မတ်မတ်ရပ်လိုက်၏။သေသေချာချာ ရွေးချယ်ပြီးသည့်နောက်များပြားလွန်းလှသော ဆေးလုံးများကိုယူပြီး အနောက်ဘက်သို့ ပြန်လည်ကာ ထွက်ခွာသွားခဲ့၏။တစ်ချက်ကလေးမှပင် ပြန်လှည့်မကြည့်ချေ။သူသည်စိတ်ထဲမှာတော့ရေရွတ်လျက်ရှိနေ၏။ “သိုင်းကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ တစ်စုံတစ်ယောက်တည်းပေါ်မှာ မှီခိုနေလို့မရဘူး။ ဆေးလုံးတွေရဲ့အကူအညီ လည်း လိုအပ်သေးတယ်။”
… …..
တပည့်စတိုး၏ အဆင့်မြှင့်တင်မှုသည်အနာဂတ်ဂိုဏ်းထဲတွင်ရှိနေသော ဂိုဏ်းသားများအားလုံး၏ အားအင်အဆင့်ကို တိုးတက်စေပေလိမ့်မည်။သို့ပေမဲ့များပြားလွန်းလှသော အရင်းအမြစ်နှင့်ပစ္စည်းပစ္စယများကို ရယူရန်အလို့ငှာ အားလုံးသောသူများသည်တာဝန်များကို ပြည့်စုံဖို့အလုပ်ကြိုးကြိုးစားစားပြုလုပ်ရန်လိုအပ်နေသေး၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်မှသာလျှင် ဆုလာဘ်များ ရရှိမှာသေချာ၏။
ကျွင်းချောင်ရှောင်းအတွက်ကတော့ ……
လက်ရှိအခြေအနေမှာတော့သူသည်ထူးခြားလှိုဏ်ဂူဆီသို့လှမ်းလျှောက်လျက်ရှိနေပြီး သူနှင့်အတူ နှင်းဆီဧကရီက လိုက်ပါလာခဲ့သည်။
“ဒီတစ်ကြိမ်မှာ အင်မော်တယ်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဦးစီးကျင်းပမယ့်အစည်းအဝေးတည်ရှိရာ အထက်နယ်မြေကို ကျုပ်တို့သွားနေတာ။ ပွဲက ကြီးကျယ်ပြီးမြင့်မြတ်တယ်။ ဒီတော့မင်းရဲ့မိန်းမကို တစ်ခါတည်း ခေါ်ဆောင်သွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”
“မင်း ပါးစပ်ပိတ်နေလို့မရဘူးလား။”
ကျွင်းချောင်ရှောင်းသည်အသံပို့လွှတ်ကာ ပြောလိုက်၏။
“ကောင်းပြီ။ မင်းတို့ နှစ်ယောက်ရဲ့ ရိုမက်တစ်ဆန်တဲ့အခြေအနေကို ငါမနှောင့်ယှက်တော့ဘူး။”
ဒင်
စနစ်၏အသက်ဝင်မှုသည်ခဏတာ ပိတ်သွားခဲ့၏။
“………”
ကျွင်းချောင်ရှောင်းသည်မူးနောက်နောက်ပင် ဖြစ်သွားခဲ့၏။ အလုံးစုံ မယုံရသည့်စနစ်သည်အဘယ့်ကြောင့်ဤကဲ့သို့သော နေရာမျိုးတွင်လာရောက်ကာ အလိုက်သိနေရသနည်း။
ထိန်းချုပ်ခန်းထဲမှာတော့ နှင်းဆီဧကရီသည်မကြာခင်သေးခင်က ကူးယူထားသည်စကြဝဠာကြယ်မြေပုံကြီးကို ကြည့်ရှုကာဖြင့်အံ့အားတသင့်ပြောလိုက်မိ၏။
“အထက်နယ်မြေရဲ့စကြဝဠာစနစ်က အဲ့လောက်ကြီး ကြီးမားလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ တကယ်လို့ရှေးရွက် သင်္ဘောကြီးကို အသုံးပြုပြီးတော့တောင်ပင်လယ်ကမ္ဘာဆီကိုသွားမယ်ဆိုလျှင်တောင်မှအနည်းဆုံး နှစ် ၁၀၀ လောက် ကြာလိမ့်မယ်နဲ့တူတယ်။”
ကြယ်မြေပုံကြီးသည်အထက်နယ်မြေ၏ အနီးအနားတွင်ရှိနေသော ဂြိုဟ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်စွမ်းရှိနေ၏။
“တခြားလောကကြီးကို သွားဖို့ ကျုပ်စိတ်ဝင်စားဖို့မရှိပါဘူး။” ကျွင်းချောင်ရှောင်းသည်ပေါ့ပေါ့ပါးပါးဖြင့်ပြောလိုက်သည်။
သူ၏ အဓိကတာဝန်သည်အထက်နယ်မြေတွင်ဂိုဏ်းတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရန်ပင် ဖြစ်၏။ စကြဝဠာအသစ်ကြီး၏ မြေပုံကို သိရှိနားလည်ခဲ့ပြီး စကြဝဠာများကို ခရီးသွားလာနိုင်သော စွမ်းဆောင်ရည်ရှိမည်ဆိုလျှင်တောင်မှကုန်းရှန့်သည်တစ်ခြားနေရာသို့လျှောက်ကာသွားရန်ပျင်းရိလို့နေခဲ့၏။
နှင်းဆီဧကရီက ပြောလိုက်သည်“ဂြိုဟ်တိုင်း ဂြိုဟ်တိုင်းဆီမှာ မတူညီတဲ့သိုင်းပညာအရင်းအမြစ်တွေရှိတယ်လေ။ ယောက်ျား တကယ်စိတ်မဝင်စားဘူးလား။ ဘာကြောင့်လဲ။”
ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွားမိ၏။ သူက ပြောလိုက်သည်။ “ခင်ဗျားရဲ့အကျင့်ဟောင်းကြီးက ပြန်ပြီး ပေါ်လာပြန်ပြီလား။ တစ်ခြားဂြိုဟ်တွေကို သွားပြီး လုယက်ဖို့စီစဉ်ချင်တာလား။”
“ကြုံသလို ပြောလိုက်တာပါ။”
နှင်းဆီဧကရီသည် ပြုံးကာ ပြောလိုက်၏။ “ကျွန်မကို ဒီလောက်ချစ်တဲ့ယောကျ်ားရှိနေမှတော့ဘာလို့ ကျွန်မရဲ့အရင်တုန်းက အလုပ်တွေကို ပြန်လုပ်စရာ လိုတော့မှာလဲ။”
“ဟမ့်”
ကျွင်းချောင်ရှောင်းသည်အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။သို့ပေမဲ့ထူးခြားလှိုဏ်ဂူနားဆီသို့ရောက်သည့်အချိန်မှာတော့ နှင်းဆီဧကရီအား အဝတ်ပုံကြီးတစ်ခုကို ထုတ်ကာ ပေးလိုက်၏။ ပြီးနောက်တည်ငြိမ်အေးချမ်းသည့်ဟန်အမူအရာဖြင့်ပြောလိုက်သည်။ “ဒီလိုမျိုး ပွဲလမ်းသဘင်တွေကို တက်တဲ့အချိန်မှာ ခင်ဗျားရဲ့အဝတ်အစားတွေကို ဂရုစိုက်ဖို့လိုအပ်တယ်။ ပြိုင်စံရှားဂိုဏ်းကို အရှက်မရစေနဲ့။”
“ဒါ ဘာကြီးလဲ။”
“ပွဲတက်ဝတ်စုံတွေပေါ့။”