← Chapters

အခန်း ၁၅၄၆

Vol. 104 Ch. 1546

အခန်း ၁၅၄၆

Vol. 104 Ch. 1546

အပိုင်း (၁၅၄၆)

ထူးခြားလှိုဏ်ဂူ ….။

ကျွင်းချောင်ရှောင်း ရောက်ရှိလာသည့်အချိန်မှာတော့ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည်တစ်ယောက်နှင့်တစ်ယောက်နပမ်းလုံးလျက်ရှိနေကြ၏။ အနားပတ်ဝန်းကျင်ရှိ မြေပေါ်မှာတော့စစ်တုရင်ရုပ်များ သည်ပွစာကျဲလျက်ရှိနေ၏။

ဟုတ်ပေသည်။ ၎င်းတို့နှစ်ယောက်ထဲမှတစ်ယောက်သည်စစ်တုရင်ရုပ်ကို ရွေ့လျားရာတွင်အကြံအဖန်ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကုန်းရှန့်အနေနှင့် ထူးခြားလှိုဏ်ဂူတွင် နှစ်နှစ်တိတိ ကျင့်ကြံခဲ့၏။ထို့ကြောင့်အမြဲဖြစ်တတ်သည့်အကြောင်းကို ကောင်းကောင်းသိနေသည်။ ၎င်းတို့သည်စစ်တုရင်ကစားသည့်အချိန်တိုင်း လစ်သည်နှင့် ရွေ့ကွက်များကို ခိုးကာ ရွေ့တတ်၏။ ပြီးသည့်နောက်ရန်ဖြစ်ခြင်းအမှုကို ပြုလုပ်ကြသည်။ နောက်တစ်ရက်တွင်ဘာမှမဖြစ်သလို စစ်တုရင် ပြန်ကစားကြပြန်သည်။ထူးဆန်းလွန်းလှသော အဘိုးကြီးများပါတကား။

“ယောက်ျား”

နှင်းဆီဧကရီက တီးတိုးပြောလိုက်၏။ “ဒီ စီနီယာနှစ်ယောက်က ဘာလုပ်နေကြတာလဲ”

သူမသည်အပြာရောင်ဝတ်စုံရှည်ကြီးတစ်ခုကို ရွေးချယ်ကာ ဝတ်ဆင်ထားခဲ့၏။အမဲရောင်ဆံနွယ်ရှည်ကြီးများ သည်အနောက်ဘက်တွင်ရေတံခွန်တစ်ခုကဲ့သို့ဝဲကျလျက်ရှိနေပြီး သူမဆီမှတော်ဝင်ဆန်လှသော ဧကရီတစ်ယောက်၏အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။

“ကျင့်ကြံနေကြတာလေ”

“............”

တစ်ယောက်က လက်ဖောင်းကို ဖက်ကိုက်ထားပြီး တစ်ယောက်က ဆံပင်ကို ဆွဲလျက်ရှိ၏။ ဤကဲ့သို့သော ကျင့်ကြံခြင်းနည်းလမ်းသည်အမှန်ပင်ဆန်းကြယ်လွန်းလှချေ၏။

“ဟမ်”

ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနို တို့သည့်နပမ်းလုံးလျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း ရောက်ရှိလာသည်ကို သတိပြုလိုက်မိ၏။ ၎င်းတို့နှစ်ယောက်သည်ချက်ချင်းပဲ လူခွဲကာဖြင့် ကြီးကျယ်ခမ်းနားလှသော လူကြီးတစ်ယောက်၏ဟန်ပန်အမူအရာမျိုး ပြန်လည်ပြင်ဆင်ကာဖြင့် ကျောက်ထိုင်ခုံကြီးများပေါ်တွင်အသီးသီး ထိုင်လိုက်ကြ၏။သို့ပေမဲ့ နှင်းဆီဧကရီ၏ ဝတ်စုံကို မြင်ရသည့်အချိန်မှာတော့မျက်လုံးပြူးသွားမိသည်။

ဤဝတ်စုံသည်ကျွင်းချောင်ရှောင်း ရာက်ရှိလာသည့်ခေတ်ဆီမှအခြေခံကာ ဖန်တီးပြုလုပ်ထားသည့်ဝတ်စုံပင်ဖြစ်၏။ထို့ကြောင့်အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်အဘိုးအိုကြီးနှစ်ယောက်သည်ထိုကဲ့သို့သော ဝတ်စုံမျိုးကို တစ်ခါမှမမြင်ခဲ့ဖူးခဲ့ချေ။

“တပည့်”

ကြီးမြတ်သူတုံးကုသည်တီးတိုးပြောလိုက်၏။ “မင်းမိန်းမရဲ့ဝတ်စုံက တကယ့်ကို မျက်စိစူးလွန်းတယ်”

မာဆာတိုကီတာနိုက ပြောလိုက်သည်။ “အင်း... ဟုတ်တယ်”

၎င်းတို့ကဲ့သို့သော အဘိုးကြီးများအနေဖြင့်အသစ်အသစ်သော ကိစ္စရပ်များကို လက်ခံရန်ခက်ခဲလှချေ၏။ထို့ကြောင့်ဤပုံဆန်းလွန်းလှသော ဝတ်စုံကို သူတို့မကြိုက်ကြချေ။

“ဆရာ”

ကျွင်းချောင်ရှောင်းက ဝတ်စုံအကြောင်းကို မပြောချေ။ထိုအစား မေးမြန်းလိုက်၏။ “ဘယ်အချိန်မှာ သွားကြမလဲ”

“အခု သွားကြမယ်လေ”

“ဘယ်လိုသွားကြမလဲ”

“အင်း... မင်းရဲ့ရှေးရွက်သင်္ဘောကြီးနဲ့သွားကြတာပေါ့”

“ဆရာ... အဲဒီရွက်သင်္ဘောကြီးကိုမောင်းဖို့စွမ်းအင်လုံလုံလောက်လောက်မရှိဘူးလေ”

“မင်း ဘာကို ဆိုလိုတာလဲ။ ငါပေးထားတဲ့ ရွက်သင်္ဘောကို မောင်းဖို့ငါကိုယ်တိုင်စွမ်းအင်ရင်းမြစ်တွေထည့်သွင်းပေးဖို့လိုသေးတာလား”

“စွမ်းအင်မရှိရင်ပျံလို့မှမရတာ”

“ဒါဆိုရင်ဘယ်လောက်လောက်လိုအပ်တာလဲ”

“အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းစီပါ”

နောက်ဆုံးမှာတော့သေသေချာချာ ဆွေးနွေးပြီးသည့်နောက် ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည်အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဆီကို ထုတ်ယူကာဖြင့် ကျွင်းချောင်ရှောင်းအား ပေးအပ်လိုက်ရ၏။

၎င်းတို့၏ နှလုံးသားထဲမှာတော့အကြီးအကျယ်အော်ဟစ်လျက်ရှိနေသည် “ဒီခွေးကောင်လေးက အရှက်မဲ့လွန်းတယ်”

ဝှစ်

နတ်မြို့ဆီသို့သွားရာလမ်းမှာတော့ ကြီးမြတ်သူတုံးကုသည်တီးတိုးပြောလိုက်သည်။ “တပည့်...မင်းအနေနဲ့လက်ထပ်တာ အချိန်အတော်ကြာခဲ့ပြီလို့ ငါကြားခဲ့တယ်လေ။ ဘာလို့အခုထိ ကလေးမရသေးတာလဲ”

ဤမေးခွန်းသည် ရုတ်တရက်ဆန်လွန်းလှ၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားမိ၏။

“အမ်”

သေသေချာချာ စဉ်းစားပြီးသည့်နောက်သူကပြောလိုက်သည်။ “ဆရာ... ကျုပ်က အခုအချိန်မှာ ကျင့်ကြံခြင်းအဆင့်ကိုသာ အာရုံစိုက်ထားတာလေ”

“တပည့်”

ကြီးမြတ်သူတုံးကုသည်နက်နဲလွန်းလှသည့်လေသံဖြင့်ပြောလိုက်၏။ “မင်းက အခုအချိန်မှာ ငယ်သေး တယ်လေ။ ကောင်းကင်တာအိုရဲ့အပြစ်ပေးခြင်းကို မခံရသေးဘူး။ ဒီတော့မင်းက ကိုယ့်ရဲ့မျိုးဆက်ကို သယ်ဆောင်သွားနိုင်ဖို့စဉ်းစားထားသင့်တယ်။မဟုတ်ရင်အနာဂတ်မှာ ကလေးရဖို့မလွယ်ဘူး”

ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်တကျဖြင့်ပြောလိုက်မိသည် “ဆရာ... ဒီကိစ္စကို ဆရာစိတ်ပူစရာ မလိုပါဘူး”

“မင်းနဲ့မင်းမိန်းမ နှစ်ယောက်စလုံးက ပါရမီရှင်တွေကြီးပဲလေ။ ဒီတော့မင်းတို့ရဲ့ကလေးက ကျိန်းသေပေါက်သာမန်ထက်ပိုတဲ့ပါရမီရှင်တစ်ယောက် ဖြစ်လာမှာသေချာတယ်။မင်းတို့အနေနဲ့အနာဂတ်မှာ ကလေးထိန်းဖို့ ပြဿနာရှိနေမယ်ဆိုရင် ငါ့ကိုပေးထား။ ငါကောင်းကောင်း မွေးမြူပေးပါ့မယ်။သူ့ကို တကယ့်ကို ခန့်မှန်းလို့မရတဲ့အနာဂတ်ပိုင်ဆိုင်ရမယ်လို့ ငါအာမခံတယ်” ကြီးမြတ်သူတုံးကုက ရဲရင့်စွာဖြင့်အာမခံလိုက်၏။

“.........”

ကျွင်းချောင်ရှောင်းက နားလည်သွားမိသည်။ဤအဘိုးကြီးသည်အဘိုးတစ်ယောက် ဖြစ်ချင်နေခြင်းပင်။ အဘိုးဖြစ်ရန်လည်း မိန်းမ မယူခဲ့ပေ။ သောက်ကျိုးနည်းလှချေသည်တကား။

သူ့အနေနှင့် ကလေး ရလား၊ မရလားဆိုသည်ကို ပြောနေစရာပင်မလိုသေးချေ။အကယ်၍အနာဂတ်၌ကလေးရရှိသည်ဆိုလျှင်တောင်မှအဘယ်ကြောင့်သူများကို ပေးကာ မွေးမြူခိုင်းရမည်နည်း။ သူ့ဘာသူပဲ မွေးမြူတော့မှာပေါ့။

“ဟုတ်ပြီ”

စနစ်သည်ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “မင်းသာ မွေးမယ်ဆိုရင်လောကမှာ ဒုတိယမြောက်အရှက်အမဲ့ဆုံး လူသားတစ်ယောက် ဖြစ်လာမှာ ကျိန်းသေတယ်”

“တပည့်”

ကြီးမြတ်သူတုံးကုသည်သူ့တပည့်၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ “မင်းက လက်ထပ်ပြီးပြီ ဆိုမှတော့ကလေးရှိသင့်နေပြီလေ။ ဒါမှ ပြည့်စုံပြီးကြီးမားတဲ့မိသားစုကြီးတစ်ခုကို ဖန်တီးနိုင်မှာပေါ့”

“.........”

ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားမိ၏။ ကြီးမြတ်သူတုံးကုသည်ရှေ့ဆီသို့အသာတိုးကာဖြင့်တီးတိုး ပြောလိုက်၏။ “ဒါမှမဟုတ်မင်းဟိုဟာ အားမကောင်းဘူးလား”

ဘုတ်

ကျွင်းချောင်ရှောင်းသည်ပဲ့ခန်းထဲတွင်လဲပြိုကျသွားခဲ့သည်။

“အားမကောင်းရင်လည်း မစိုးရိမ်နဲ့။ငါ့ဆီမှာ ဆေးတော်ကြီးရှိတယ်။သေချာသောက်ပြီး ကုသလိုက်မယ်ဆိုရင်အဆင်ပြေသွားလိမ့်မယ်။ လူငယ်ဆိုတာ အနာဂတ်ဘဝတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ်နေထိုင်သွားဖို့ပဲ စဉ်းစားမနေနဲ့။မျိုးဆက်သစ်တွေကို ခေါ်ဆောင်သွားဖို့လည်း ကြိုးစားရအုံးမယ် မဟုတ်လား” ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။

သူ၏စကားအရဆိုလျှင်သူသည်သူငယ်ရွယ်စဉ်က မပြုလုပ်ခဲ့သည့်အရာများအတွက်နောင်တတရားပင်ရနေပုံပေါ်၏။

ဆရာကြီး.... ကျုပ်အားနည်းတာ မဟုတ်ဘူး။ ဆရာကြီးသာ အားနည်းခဲ့တာ။

သူတို့နှစ်ယောက်သည်သီးသန့်ပြောဆို နေကြသည်ဆိုသော်လည်း တစ်ခါတစ်ရံ နှင်းဆီဧကရီက ထိုစကားလုံးများကို ကြားရ၏။ ထို့ကြောင့်သူမ၏ ပါးပြင်များသည်နီရဲလျက်ရှိနေတော့သည်။

.................

နတ်မြို့

နာမည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့်ဤအရာသည်နတ်ဘုံနတ်နန်းကဲ့သို့ခမ်းနားလှသည့် မြို့ကြီးတစ်မြို့ ဖြစ်ကြောင်း သိရှိနိုင်၏။အထက်နယ်မြေတွင်များပြားလှသော မြို့များအသီးသီးရှိ၏။ နတ်မြို့သည်ထိပ်တန်းမြို့များထဲမှတစ်ခုဖြစ်သည်။

ဝှစ်

တစ်နာရီလောက် ကြာပြီးသည့်နောက်ရှေးရွက်သင်္ဘောကြီးသည် မြို့၏အပေါ်ဆီသို့ပျံသန်းရောက်ရှိလာခဲ့၏။ ၎င်းသည်အလွန်ခမ်းနားလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိနေသည်။ကုန်းရှန့်အနေနှင့် ဟန်မထုတ်ရလျှင်မနေနိုင်ဟု တခြားသူများက ထင်မှတ်ပေကြလိမ့်မည်။

မဟုတ်ပေ။ တကယ်တမ်းမှာတော့သူသည် မြို့၏အပြင်ဘက်တွင်ရပ်တန့်ပြီး ငြိမ်ငြိမ်သက်သက်ဖြင့် အထဲသို့ဝင်ရန်စဉ်းစားလိုက်သည်။သို့ပေမဲ့ ကြီးမြတ်သူ တုံးကုက ပြောလိုက်၏။ “တပည့်... ရွက်သင်္ဘောကြီးကိုမောင်းပြီး အထဲကို ဝင်လိုက်ကြရအောင်”

“ဒါက နည်းနည်း မောက်မာလွန်းမယ်ထင်တယ်နော်ဆရာ” ကျွင်းချောင်ရှောင်းက သတိပေးလိုက်သည်။

“လူငယ်လေး”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ဒါက မောက်မာကို မောက်မာသင့်တဲ့ကိစ္စပဲ မဟုတ်လား”

ဘေးတစ်ဖက်တွင်မတ်တပ်ရပ်လျက်ရှိနေသော မာဆာတိုကီတာနိုသည်မျက်လုံးအပြူးသားဖြင့်စူးစိုက်ကြည့်နေ၏။ အမြဲတမ်း သူနှင့် စစ်တုရင်ကစားလေ့ရှိနေသည့်အဘိုးကြီးသည်သူ၏တပည့်အမြဲတမ်း ပြဿနာရှာမည် ကို စိုးရိမ်တတ်သည့်လူတစ်ယောက်မဟုတ်ပါလား။ ယခုမှာတော့အလုံးစုံ ကွာခြားသည့်လူတစ်ယောက်အဖြစ်သို့ပြောင်းလဲလျက်ရှိသည်။

ဆရာ၏ အမိန့်ကို မည်သူက ငြင်းဆန်ရဲမည်နည်း။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည်ရှေးရွက်သင်္ဘော ကြီးအား မြို့ထဲသို့မောင်းနှင်ဝင်ရောက်လာခဲ့သည်။နတ်မြို့ထဲတွင်ပျံသန်းမှုကို တားဆီးထားသည့်ဥပဒေတစ်ခု ရှိ၏။

ရုတ်တရက်တစ်စုံတစ်ယောက်သည်အလုံးစုံ မောက်မာစွာဖြင့် ရွက်သင်္ဘောကြီးကို အထဲသို့မောင်းနှင်လာ ခဲ့သည်။ထို့ကြောင့် မြို့ထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည်သဘောမတွေ့သလို ဖြစ်သွားခဲ့ကြ၏။ သို့ပေမဲ့ဤအရာသည်ရှေးရွက်သင်္ဘောကြီးဖြစ်သည်ကို သိရှိပြီးသည့်နောက်အားလုံးသောသူတို့သည်ချက်ချင်းပဲ လေးစားသမှုအမှုအရာဖြင့်ဦးညွတ်လိုက်ကြသည်။

ပြိုင်စံရှားဂိုဏ်းသည်အကြီးအကဲတစ်ယောက်ကို စတေးခံလိုက်ပြီးသည့်နောက်တပ်သင်္ဘောကြီးကိုးခုကို ဖျက်ဆီး လိုက်သည်ဖြစ်ကြောင်း အထက်နယ်မြေတစ်ခုလုံးကို သိရှိကြ၏။ ယခု ၎င်းတို့၏ဂိုဏ်းချုပ်ရောက်ရှိလာသည်ဆိုမှတော့သူတို့အနေနှင့် လေးစားသမှုကို ပြသရပေလိမ့်မည်။ထို့အပြင်အပေါ်၌ ကြီးမြတ်သူနှစ်ယောက်ကလည်း ရောက်ရှိနေသည်မဟုတ်ပါလား။

ဝှစ်ဝှစ်

ရှေးရွက်သင်္ဘောကြီးသည် ဖြည်းညှင်းစွာဖြင့် မြို့အလယ်ခေါင်ရှိ အဆောက်အဦရှေ့တွင်ရပ်တန့်လိုက်သည်။

ဘုတ်

ကျွင်းချောင်ရှောင်းသည်အောက်ဆီသို့ခုန်ဆင်းလိုက်သည့်အချိန်မှာတော့အဝေးဆီမှ နှာခေါင်းရှုံ့သံတစ်ခုကို ကြားလိုက်ရ၏။

ထိုအသံထွက်ပေါ်လာသည့်နေရာကို လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ပြိုင်စံရှားဂိုဏ်းသို့ တစ်ကြိမ်ရောက်ရှိလာခဲ့ဖူးသော ကြီးမြတ်သူကုဟုန်ဖြစ်ကြောင်း မြင်လိုက်ရ၏။ ထိုသူသည်အလုံးစုံ အထင်အမြင်သေးသည့်မျက်နှာသွင်ပြင်နှင့်ကြည့်ရှုလျက်ရှိသည်။

၎င်း၏ဘေးနားတွင်တော့အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်ရပ်တန့်လို့နေ၏။ ၎င်းသည်ဝတ်ရုံအမဲကြီးကို တစ်ကိုယ်လုံးခြုံလွှမ်းထားပြီး ဦးခေါင်းကိုလည်း ငုံ့ထားသည်မို့ယောက်ျားလား၊ မိန်းမလားဆိုသည်ကို ပြောဆိုရန်ခက်ခဲလှ၏။

ကျွင်းချောင်ရှောင်းသည်စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်သည်။သို့ပေမဲ့တချို့သော အားအင်များသည်စိတ်ဝိညာဉ်အာရုံများကို အနောက်ဘက်သို့ ပြန်လည်တွန်းကန်စေ၏။ ထို့ကြောင့်သူက တွေးလိုက်မိသည်။ “တော်တော်ဆန်းကြယ်တာပဲ”

“အဘိုးကြီးကုဟုန်”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “ဒါခင်ဗျားရဲ့တပည့်လား”

“အမှန်ပဲလေ”

ကြီးမြတ်သူကုဟုန်သည်ခေါင်းကိုမော်ကာဖြင့်ခပ်ထေ့ထေ့ပြောလိုက်၏။သူ၏မျက်နှာပေါ်တွင်တော့အလုံးစုံဂုဏ်ယူသည့်အမူအရာများက တည်ရှိလို့နေသည်။

“ဟား ဟား ဟား”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “မင်းက ခန္ဓာကိုယ်ကာကွယ်ခြင်းမှန် ကိုတောင်မှပေးထားတာပဲ။ ကြည့်ရတာ ဒီတပည့်ကို တော်တော်ကြီး တန်ဖိုးထားတဲ့ပုံပဲ”

ခန္ဓာကိုယ်ကာကွယ်ခြင်းမှန်ဆိုသည်မှာ ကြီးမြတ်သူကုဟုန်၏ အမှတ်သင်္ကေတ အဆင့်မြင့်ရတနာတစ်ခုလည်း ဖြစ်၏။ ဤအရာသည်အကာအကွယ်ရတနာတစ်ခု ဖြစ်သည်သာမက တစ်စုံတစ်ယောက်၏အားအင်အဆင့်မည်မျှရှိသည်ကို ထွင်းဖောက်ကြည့်ရှု၍မရနိုင်ချေ။

“မင်းတောင်မှဒီကလေးကို ရှေးရွက်သင်္ဘောကြီး ပေးထားတာ မဟုတ်လား”

..........

ထိုအချင်းအရာကိုကြားတော့ကုန်းရှန့်သည်ငိုချင်စိတ်ပင်ပေါက်သွားမိ၏။ ဤဆရာ၏ အသိအမှတ်ပြုမှုကို ရရှိပြီး နှစ်နှစ်တိတိ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း မည်သည့်အစစ်အမှန်ရတနာကိုမှလက်ဆောင်ထပ်မပေးခဲ့ပေ။ ရှေးရွက်သင်္ဘောကြီးကိုတောင်မှသူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်ရှာဖွေတွေ့ရှိ၍ ရရှိခဲ့ခြင်းသာဖြစ်သည်။ ဆရာသည်ကပ်စေးနည်းလှချေသည်။

“ဘာမှားလို့လဲ”

ကြီးမြတ်သူတုံးကုသည်မျက်ခုံးပင့်ကာ ပြောလိုက်၏။ “ဒီမှာစောင့်နေတာက သူတို့နှစ်ယောက်ကို လက်ရည်ချင်း ယှဉ်ခိုင်းချင်လို့လား”

“ဒါ... ကျိန်းသေပေါက် ကျုပ်တွေးနေတဲ့အရာပဲလေ” ကြီးမြတ်သူကုဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“တပည့်”

ကြီးမြတ်သူတုံးကုက ပြောလိုက်၏။ “တိုက်ခိုက်ကြရအောင်”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်သည်။ “ဆရာ.. ဒီကိုလာတာ အစည်းအဝေးလာတက်တာလေ။ တိုက်ခိုက်ဖို့မဟုတ်ဘူး။ တကယ်လို့တိုက်ခိုက်ရမယ်ဆိုရင်တောင်မှချိန်းထားတဲ့နေ့ရက်အထိ စောင့်ကြရအောင်”

“ကောင်လေး”

ကြီးမြတ်သူကုဟုန်သည်တည်ငြိမ်စွာပြောလိုက်၏။ “ဒါက လက်ရည်စမ်းပွဲတစ်ခုပဲလေ။ အနိုင်အရှုံးကို ချိန်းဆိုထားတဲ့ရက်ကျမှဆုံးဖြတ်ကြတာပေါ့”

“.........”

ကျွင်းချောင်ရှောင်းသည် ကြီးမြတ်သူတုံးကုကို လှမ်း၍ကြည့်လိုက်၏။ဆရာ၏ အမူအရာသည်အမှန်ပင်လေးနက်လျက်ရှိကြောင်းကို မြင်ရသည့်အချိန်မှာတော့သူသည်ပခုံးတွန့်ကာ ပြောလိုက်၏။ “ဒီလိုဆိုမှတော့တိုက်ခိုက်ကြတာပေါ့”

“ယောက်ျား”

နှင်းဆီဧကရီသည်အသံပို့လွှတ်လိုက်၏။ “ဒီလူက နည်းနည်း ထူးဆန်းတယ်နော်။သတိမလစ်စေနဲ့”

ကျွင်းချောင်ရှောင်းသည်နဝေတိမ်တောင်အမူအရာဖြင့်ထွက်လျှောက်လာသည်။ ပြီးနောက်သူသည်ခပ်မတ်မတ်ရပ်ကာ အဆင်သင့် ပြင်ဆင်လိုက်၏။သို့ပေမဲ့အမဲရောင်ဝတ်စုံနှင့်လူသည်သူ၏ရှေ့၌ ရုတ်တရက်ပေါ်ပေါက်လာသည်။ “မကောင်းတော့ဘူး”

ဘုန်း

ကျယ်ပြောလှသော ရင်ပြင်ကြီးအတွင်းမှာတော့ ရုတ်တရက်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။အောက်တွင်ရှိသော ကျောက်ချပ်များပင်လျှင်ကွဲကြေသွားခဲ့၏။စွမ်းအင်လှိုင်းများသည် တဟုန်းဟုန်းနှင့် ဖြစ်တည်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း ရပ်တန့်နေသည့်နေရာတွင်အမဲရောင်ဝတ်စုံနှင့်လူက ရပ်တန့်လျက်ရှိနေ၏။ ၎င်းအား ဗဟိုပြု၍မြေတည်နေရာကြီးတစ်ခုလုံးက ချိုင့်ဝင်လျက်ရှိနေသည်။

ကုန်းရှန့်ဘယ်ရောက်သွားသနည်း။

ကုန်းရှန့်သည်မီတာဒါဇင်ချီ အဝေးတစ်နေရာတွင်လဲလျောင်းလျက်ရှိနေ၏။ သူသည်ခက်ခက်ခဲခဲဖြင့်လက်မထောင်ပြကာ ပြောလိုက်၏။ “ခင်ဗျား... ခင်ဗျားနိုင်တယ်”

အစ်ကိုကြီး.. ဒီထက်ပိုပြီးကောင်းတဲ့သရုပ်ဆောင်မှုကို လုပ်ပြလို့မရဘူးလား။

All Chapters