← Chapters

အခန်း ၁၅၄၇

Vol. 104 Ch. 1547

အခန်း ၁၅၄၇

Vol. 104 Ch. 1547

အပိုင်း (၁၅၄၇)

ဦးစိုင်းစိုင်းခမ်းလှိုင်၏ဇာတ်လမ်းများကို ကြည့်ရှုဖူးကြပေလိမ့်မည်။လက်ရှိအခြေအနေ၌ ဖြစ်ပျက်နေသော အခြေအနေသည်ဤကဲ့သို့ပင်ဖြစ်သည်။ယနေ့မှာတော့ကုန်းရှန်သည့်အမှန်ပဲ မည်သူမှဆက်၍ ကြည့်ရှုရန်အလိုမရှိတော့သည့်သရုပ်ဆောင်မှုဟန်ပန်အမူအရာများကို ထုတ်ဖော်ပြသလျက်ရှိနေလေ၏။ ၎င်းအားကြည့်ရှုလိုက်သည်နှင့်ဟန်ဆောင်၍သရုပ်ဆောင်နေသည်ဖြစ်ကြောင်းကို သိရှိနိုင်စွမ်း ရှိသည်။

ကြီးမြတ်သူတုံးကုသည်သွေးအန်လုမတတ် ဖြစ်နေတော့၏။ဤအခြေအနေသည်ဘာကိုဆိုလိုသနည်း။ သူ့ကို အရှက်ခွဲရအောင်တမင်တကာ ပြုလုပ်နေသည်လား။

ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်မှာတော့အမှန်ပင် ရိုးရှင်းလွန်းလှချေ၏။သူ့အနေနှင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီးများနှင့် ပြုလုပ်သည့်အစည်းအဝေးပွဲတွင်အရေးကြီးသည့်ကိစ္စရပ်များကို ပြောဆိုချင်သောကြောင့်ယခု မတိုက်ခိုက်ချင်ပေ။

နောက်သုံးနှစ်ကြာလျှင်ပိုမိုအားကောင်းလာနိုင်သည့်ရန်သူနှင့်သာ ရင်ဆိုင်တိုက်ခိုက်ချင်၏။သို့ပေမဲ့သူ၏ ဆရာသည်လက်ရှိအချိန်၌ ကြီးမြတ်သူကုဟုန်၏တပည့်နှင့်တိုက်ခိုက်စေချင်၏။ထို့ကြောင့်ဘာပဲပြောပြော တိုက်ခိုက်ရပေလိမ့်မည်။

ရှုံးခြင်း၊ နိုင်ခြင်းသည်အမှန်ပင်အရေးမပါလှချေ။ကုန်းရှန့်သည်အမှန်ပင်ပြောင်းလဲ သွားခဲ့သည်။သူသည်အောက်နယ်မြေတွင်ဝိညာဉ်ပြောင်းလဲရောက်ရှိလာကာစဆိုရင်အားရပါးရ တိုက်ခိုက်မိမှာ သေချာ၏။

ဟုတ်ပေသည်။ဤအမဲရောင်ဝတ်စုံနှင့်လူ၏ အားအင်အဆင့်သည်မဆိုးလှချေ။နောက်ဆယ်နှစ်ကြာ စိန်ခေါ်တိုက်ပွဲတွင်အကောင်းဆုံး အစွမ်းပြနိုင်မည်ဟု မျှော်လင့်၍ရနိုင်သည်။

“မဟုတ်သေးဘူး”

ကြီးမြတ်သူကုဟုန်သည်ဒေါသတကြီးဖြင့်မျက်နှာသုန်မှုန်သွားခဲ့၏။ “မင်း တိုက်တောင်မတိုက်ရသေး ဘူး။ အစကတည်းက အရှုံးပေးနေတာ၊ ငါ့တပည့်ကို အထင်သေးနေလို့လား”

သူ့အနေနှင့် ကျွင်းချောင်ရှောင်း တစ်ယောက် မျှမျှတတ တိုက်ခိုက်ရင်း ရှုံးနိမ့်ခဲ့သည်ဆိုပါက အမှန်ပင်သဘောကျ နှစ်ခြိုက်မိပေလိမ့်မည်။သို့ပေမဲ့လက်ရှိအခြေအနေမှာတော့တမင်တကာအရှုံးပေးပြီး ဟန်ထုတ်နေသည် ဖြစ်ကြောင်းကို တစ်ချက်ကြည့်လိုက်ရုံ နှင့် သိရှိနိုင်စွမ်း ရှိနေသည်။

“စီနီယာ.... ကျေးဇူးပြုပြီး အထင်မမှားပါနဲ့။ ကျုပ်အနေနဲ့မကြာခင်မှာ စတင်တော့မယ့်အစည်းအဝေးကို မနှောင့်နှေးချင်လို့မတိုက်ခိုက်ချင်ရုံ သက်သက်ပါပဲ”

“ဒင်....သီးခြားတာဝန်အသက်ဝင်”

“........”

သူသည်စနစ်အား ဖွင့်ကာကြည့်ရှုလိုက်၏။တာဝန်သည် ကြီးမြတ်သူကုဟုန်၏တပည့်နှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန်ပင် ဖြစ်တော့၏။အနိုင်ယူရန်လိုအပ်နေသည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ မတ်တပ်ထရပ်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များကို ခါလိုက်၏။သူ၏ အမူအရာနှင့်လေသံသည်အမှန်ပဲ လေးနက်သွားခဲ့တော့သည်။ “တကယ်တမ်း တိုက်ခိုက်ချင်တော့လည်း အဆုံးထိ တိုက်ခိုက်ပေးရမှာပေါ့”

လက်ရှိအခြေအနေမှာတော့လောကကြီးတွင်မည်မျှ ကြီးမားသည့်ကိစ္စကြီး ဖြစ်နေပါစေ သူ၏တာဝန်လောက်အရေးမကြီးတော့ချေ။

................

တာဝန်မရှိခင်က ကျွင်းချောင်ရှောင်းသည်တိုက်ခိုက်ရန်စိတ်ကူးမရှိခဲ့ချေ။သို့ပေမဲ့တာဝန်ရှိလာပြီဆိုမှတော့သူ့အနေနှင့် လေးလေးနက်နက်တိုက်ခိုက်ရပေလိမ့်မည်။

ကြီးမားလှသော ရင်ပြင်ထဲတွင်မတ်မတ်ရပ်လျက်ရှိနေကြ၏။ အခြေအနေတစ်ခုလုံးကလည်း ပိုမိုကာ လေးနက်လာခဲ့၏။

ပတ်ဝန်းကျင်တည်နေရာထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည်တိုက်ခိုက်ကြမည်ကို ချက်ချင်းနားလည်လိုက်ကြ၏။ထို့ကြောင့်စုဝေးလာပြီး လာရောက်ကာ ကြည့်ရှုကြသည်။ နတ်မြို့ထဲတွင်တိုက်ခိုက်မှုကို တားမြစ်ထား၏။ သို့ပေမဲ့ ကြီးမြတ်သူနှစ်ယောက်၏တပည့်တို့တိုက်ခိုက်ကြမည် ဖြစ်သောကြောင့်အားလုံးသောသူများက ကြည့်ရှုချင်နေကြသည်။

“လာခဲ့”

ကျွင်းချောင်ရှောင်းသည်သူ၏လက်ညှိုးများကို ကွေးကာဖြင့်စိန်ခေါ်လိုက်၏။ဤတစ်ကြိမ်တွင်အမဲရောင်ဝတ်စုံနှင့်လူသည်ချက်ချင်းမတိုက်ခိုက်ချေ။အဘယ်ကြောင့်ဆိုသော်စောနတုန်းက တိုက်ခိုက်မှုသည်အလွန်တရာ မြန်ဆန်ပြီး ကြမ်းတမ်းလွန်းခဲ့၏။ သို့ပေမဲ့တစ်ဖက်လူသည်တစ်ချက်ကလေးမှနာကျင်ခဲ့ပုံ မပေါ်ချေ။ထို့ကြောင့်အားအင်အဆင့်သည်သာမန်ထက်ပိုမှာ သေချာ၏။

“မင်းမလာဘူးလား။ ဒါဆိုရင်ငါလာတော့မယ်”

ရွှီး

ကျွင်းချောင်ရှောင်းသည်ရှေ့ဆီသို့လှမ်းတက်လိုက်၏။သူ၏လှုပ်ရှားမှုသည့်ခန့်မှန်း၍ မရနိုင်ချေ။ ကြီးမြတ်သူ ကုဟုန်က အံ့အားတသင့်ဖြင့်မေးလိုက်မိသည်။

“ဒါက လင်းရှောင်ခြေလှမ်းအတတ်လား။ ဒီကလေး ဘယ်လို သင်ခဲ့တာလဲ”

ဘုန်း ဘုန်း ….။

ထိုအချိန်မှာတော့ရင်ပြင်တစ်ခုလုံးတွင်များပြားလွန်းလှသော လက်သီးရိပ်၊လက်သီးယောင်များ ပြည့်နှက်သွားခဲ့၏။ ကြည့်ရှုလေ ပိုမိုကာ အံ့အားသင့်လေဖြစ်သည်။အဘယ်ကြောင့်ဆိုသော်ဤတိုက်ကွက်သည်သူတော်စင်ခုနှစ်ဦးတို့၏တိုက်ကွက်များ ဖြစ်နေသောကြောင့်ပင်။

ကြီးမြတ်သူတုံးကု၏ မျက်နှာပေါ်တွင်တော့သဘောကျသည့်အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ဤကလေး သည် နှစ်နှစ်ကြာ ထူးခြားလှိုဏ်ဂူထဲတွင်သင်ကြားပြသခြင်းကို ခံခဲ့ရသူဖြစ်သော်လည်း တစ်ချက်ကလေးမှတတ်မြောက်ခဲ့သူ မဟုတ်ပေ။ သို့ပေမဲ့လက်ရှိအခြေအနေမှာတော့သူ၏ရောင်းရင်းသူငယ်ချင်းများ၏ သိုင်းနည်းစနစ်ကို အမှန်ပင်ထုတ်ဖော်နေသည်ကို မြင်ရသည့်အချိန်မှာတော့တကယ်ပင်သဘောကျမိနေ၏။

ဘုန်း ဘုန်း

အမဲရောင်ဝတ်စုံနှင့် လူသည်တစ်ချက်ကလေးမှအားမနည်းလှချေ။လက်သီးရိပ်၊လက်သီးယောင်များ အားလုံးကို လွယ်လွယ်ကူကူဖြင့်ဖယ်ရှားလိုက်၏။ ၎င်းတို့အားလုံးသည်အနီးကပ်တိုက်ခိုက်လိုက်၊အဝေးမှတိုက်ခိုက်လိုက် နှင့်အမှန်ပင်စိတ်လှုပ်ရှားဖို့ကောင်းလွန်းလှ၏။ ကြည့်ရှုနေကြသူများသည်လည်း အနည်းငယ်အံ့အားသင့်နေ မိ၏။ တိုက်ခိုက်မည်ဆိုလျှင်တောင်မှဘာလုပ်နိုင်မည်နည်း။

ဝှစ်

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည်သူ၏လက်ဝါးတွင်ကျန်းချီများကို စုစည်းလိုက်၏။ ပြီးနောက်ဂိုဏ်း၏ အဓိကသိုင်းနည်းစနစ်ဖြစ်သော ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်တော့၏။

ကောင်းကင်တစ်ခုလုံး တွင် ကြီးမားလှသည့်လက်ဝါးချက်ကြီးတစ်ခုက ပြည့်နှက်နေပြီး လေတိုးသံများသည်တဝှီးဝှီးနှင့် ဖြစ်တည်နေ၏။ လက်ဝါးရိုက်ချက်ကြီးသည်ပထမတုန်းက မကြီးမားလှချေ။သို့ပေမဲ့အောက်ဖက်သို့ကျဆင်းလာသည့်အချိန်မှာ တော့ ရုတ်တရက် ကြီးမားလာပြီး တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်ကာ အမဲရောင်ဝတ်စုံနှင့် လူအပေါ်သို့ကျဆင်းသည်။

ကြီးမြတ်သူကုဟုန်သည်ကြောင်အသွားခဲ့၏။ ကြီးမြတ်သူတုံးကုနှင့် မာဆာတိုကီတာနိုတို့သည်လည်း အံ့အားသင့်လျက်ရှိ၏။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည်ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်အသုံးပြုခဲ့ပြီဖြစ်ပြီး ဤတည်နေရာတွင်တည်ရှိနေသည့်စွမ်းအားမြင့်ကျင့်ကြံသူသုံးယောက်တို့သည် ၎င်းအနေနှင့် အမြူတေအသွင်ပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်တွင်တည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိနားလည်လိုက်ရတော့သည်။

စောနတုန်းက သူသည်အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်ခြောက်သို့မဟုတ်အဆင့်ခုနှစ်သာရှိ၏။ သို့ပေမဲ့ ရုတ်တရက်အဘယ်ကြောင့်ထိပ်ဆုံးအဆင့်သို့ရောက်ရှိသွားရသနည်း။

အမဲရောင်ဝတ်စုံနှင့်လူသည်အကာအကွယ်မှန်ရတနာကို ပိုင်ဆိုင်၏။ထို့ကြောင့်သူ၏ ကျင့်ကြံခြင်းနှင့် အသွင်အပြင်ကို တခြားသောသူများသည် ကြည့်ရှု၍မရနိုင်ချေ။သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ကျင့်ကြံခြင်း အဆင့်ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုထား၏။ ထို့ကြောင့်သူ့အနေနှင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို တမင်တကာ ထုတ်ဖော်၍အသုံးမပြုပါက တခြားသောသူများသည် မြင်နိုင်စွမ်း မရှိနိုင်ချေ။ဖုံးကွယ်ထားသည့်နေရာတွင် ပြိုင်စံရှားဖြစ်နေသည်လား။ အားနာပါသည်။ သူသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဝှစ်ဝှစ်

အားကောင်လွန်းလှသော ကျန်းချီများနှင့် ဖြစ်တည်လာခဲ့သော ကောင်းကင်လက်ဝါးရိုက်ချက်ကြီးသည်အောက်ဆီသို့ကျဆင်းလာ၏။ အမြူတေပြောင်းလဲခြင်းထိပ်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်ထုတ်လွှတ်လိုက်သည့်သိုင်းနည်းစနစ်နှင့်ရင်ဆိုင်ရသည့်အချိန်မှာတော့အမဲရောင်ဝတ်စုံနှင့်လူသည်မလှုပ်ရှားနိုင်တော့ချေ။

ထိုအချိန်မှာတော့အမဲရောင်ဝတ်စုံနှင့်လူသည်မည်သို့မှမခံနိုင်တော့ချေ။ဆိုးဆိုးရွားရွား အခြေအနေဖြင့် ဖြစ်တည်နေခဲ့တော့သည်။သူသည်ရှောင်လည်း မရှောင်နိုင်သလို၊ လှုပ်လည်း မလှုပ်ရှားနိုင်တော့ချေ။သို့ပေမဲ့လက်ဝါး ရိုက်ချက်ကြီးသည် အောက်သို့ကျဆင်းလာခဲ့ပြီး သူ၏ခေါင်းအနားတဝိုက်သို့ရောက်ရှိလာသည့်အချိန်မှာတော့ ရုတ်တရက်လေထုထဲမှပျောက်ကွယ်သွားခဲ့၏။

“.........”

ကြီးမြတ်သူကုဟုန်၏မျက်နှာပေါ်တွင်ရှက်ရွံ့မှုများ ဖြစ်တည်လာခဲ့၏။ စောနတုန်းက ကျဆင်းလာသည့်လက်ဝါးရိုက်ချက်နှင့်အရှိန်အဟုန်သည်သူ၏တပည့်ကို လွင့်စင်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ဤအရာသည်သူ၏ဂုဏ်သိက္ခာကို အမှန်ပင်ထိခိုက်စေခဲ့သည်။အမဲရောင်ဝတ်စုံနှင့်လူသည်အနောက်ဘက်သို့ခြေလှမ်းတစ်ဒါဇင်ခန့်လှမ်းဆုတ်ပြီးသည့်နောက်ခက်ခက်ခဲခဲဖြင့်သူ၏ဟန်ချက်ကို ထိန်းချုပ်လိုက်ရ၏။ ပြီးနောက်လက်သီးကိုဆုပ်ကာဖြင့်ခြောက်ကပ်ကပ်အသံဖြင့်ပြောလိုက်သည်။ “ခင်ဗျားနိုင်တယ်။ ကျုပ်ရှုံးပြီ”

“ဒင်…သီးခြားတာဝန်ပြည့်စုံ၊ ဂိုဏ်းစုဆောင်းမှတ်တစ်သန်းကို ရရှိသည်”

“ဒင်…ဂိုဏ်းစုဆောင်းမှတ် - ၁၉၄၀၀၀၀”

ဤကဲ့သို့ပင် ပြည့်စုံသွားလေသည်လား။ အမှတ်များကို အလကားပေးနေသည်နှင့်ပင်ဆင်တူ၏။

ကျွင်းချောင်ရှောင်း သည်ကောင်းကင်လက်ဝါးရိုက်ချက်ကို ဖယ်ရှားပြီးသည့်နောက်လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “အနိုင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”

တကယ်တမ်းမှာတော့သူသည်သာ ဆက်လက်တိုက်ခိုက်မည်ဆိုပါက အမဲရောင်ဝတ်စုံနှင့်လူသည်ကျိန်းသေပေါက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားပေလိမ့်မည်။သို့ပေမဲ့ ကြီးမြတ်သူကုဟုန်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ရောက်ရှိလာပြီး သူ့ကို ကူညီပေးခဲ့ဖူးသော အကြောင်းပြချက်တည်ရှိနေသောကြောင့်တစ်ဖက်လူအား လက်လျော့ပေးလိုက်ခြင်းပင်ဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း”

အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။ “ချိန်းထားတဲ့နေ့ကျရင်ခင်ဗျားနဲ့ကျုပ်နဲ့ထပ်ပြီးတိုက်ခိုက်ကြတာပေါ့”

တစ်ဖက်လူ၏ အသံသည်ခြောက်ကပ်ကပ်ဖြစ်လို့နေသည်။တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်ပြောဆိုနေပုံပေါက်သည်။

“ကျုပ်ကတော့မထင်တော့ဘူး”

ကျွင်းချောင်ရှောင်းသည်ပခုံးတွန့်ကာ ပြောလိုက်၏။ “လက်ရည်စမ်းတာပဲဖြစ်ဖြစ်တိုက်ခိုက်တာပဲဖြစ်ဖြစ် ကျုပ်ကိုရှုံးနိမ့်ဖူးတဲ့လူတစ်ယောက်က ဘယ်တော့မှ ပြန်အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး”

ဤစကားစုသည်အမှန်ပင်မောက်မာလွန်းလှ၏။သို့ပေမဲ့ကုန်းရှန့်၏ ဖြစ်တည်လာခဲ့သော လမ်းကြောင်းတလျှောက်လုံးကို ကြည့်ရှုရမည်ဆိုလျှင်အမှန်ပင်ဤသို့ပင်ဖြစ်သည်။သူ့ထက်အားကောင်းသည့်ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သူသည်အနိုင်ယူခဲ့၏။ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီးသည့်နောက်တစ်ဖက်လူများသည်သူ့အား မည်သို့မှအနိုင်မယူနိုင်ခဲ့တော့ချေ။သူ ကုန်းရှန့်သည်တခြားသောသူများထက်ပိုမိုကာ အားကောင်းလာနိုင်သည့်သူဖြစ်သည်။

“အင်း” အမဲရောင်ဝတ်စုံနှင့်လူသည်ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။သူသည် ကျွင်းချောင်ရှောင်း၏ မောက်မာမှုကို အသိအမှတ်မပြုချေ။သူသည်ချိန်းဆိုထားသည့်နေ့၌အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

“တပည့်”

ကြီးမြတ်သူကုဟုန်သည်အေးစက်စက်ပြောလိုက်၏။ “အနိုင်ရရှိသူဆိုတာက လုပ်ရပ်တွေနဲ့သက်သေပြတာ၊ စကားလုံးတွေနဲ့ပြောဆိုနေဖို့မဟုတ်ဘူး။ သွားကြရအောင်”

ရွှီး ….။

“ဟမ့်”

ကြီးမြတ်သူတုံးကုက နှာခေါင်းရှုံ့လိုက်သည်။ “ငါ့တပည့်ကလက်ရည်စမ်းတာကို နိုင်သွားပြီ။ ဒီတော့ဘာတွေမောက်မာစရာ လိုလို့လဲ။ မသိရင်သူနိုင်သွားတာကျလို့”

ကြီးမြတ်သူကုဟုန်နင့်သူ၏တပည့်တို့ထွက်ခွာသွားသည်ကို မြင်ပြီးနောက် ကျွင်းချောင်ရှောင်းက တွေးတောလိုက်၏။ “တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ သူဘယ်သူဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားသလိုပဲ”

စနစ်က ပြောလိုက်သည်။ “သူက အသိအကျွမ်းတစ်ယောက်လည်း ဖြစ်နေနိုင်တယ်လေ”

……………

ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ငါသိနေတဲ့လူတစ်ယောက်လို့ဆိုလိုတာလား”

“ငါလည်းသေချာမသိဘူး။ သူက အသိအကျွမ်းလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်သူဘယ်သူလဲဆိုတာ မသိစေချင်လို့အသံကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ် မဟုတ်လား”

All Chapters