အခန်း ၁၅၄၈
Vol. 104 Ch. 1548
အပိုင်း (၁၅၄၈)
ကျွင်းချောင်ရှောင်း အမဲရောင်ဝတ်စုံနှင့်လူကို အနိုင်ယူလိုက်သည့် အချိန်မှာတော့ ကြီးမြတ်သူတုံးကုသည် ပျော်ရွှင်သွားရုံသာမက အံ့အားလဲသင့်မိသွား၏။ အဘယ်ကြောင့်ဆိုသော် သူတပည့်၏အဆင့်သည် သူ့အားအမှန်ပင် အံ့အားသင့်စေခဲ့၏။
အစည်းအဝေးပြုလုပ်ရန် ဟောခန်းဆီသို့ သွားရာလမ်းမှာတော့ သူကမေးလိုက်သည်။ "တပည့် မင်းအနေနဲ့ လျို့ဝှက်သိုင်းကျမ်းတစ်ခုခုကို ပိုပြီးတော့ နက်နက်နဲနဲ နားလည်ခဲ့တာလား ။ ဒါကြောင့်မို့လို့ အမြူတေ ပြောင်းလဲခြင်း အဆင့်ခြောက်ကနေ ထိပ်ဆုံးအဆင့်ကို ရောက်သွားတာလား"
လွန်ခဲ့သည်နှစ်တုန်းက သူသည် လိမ်ပြောခဲ့၏။ သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပိုမိုနက်နဲစွာ နားလည်ခဲ့သောကြောင့် တိုးတက်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။ ယခု အဆင့်တိုးတက်ခဲ့သည် ဆိုမှတော့ ထိုအရာနှင့်ပတ်သက်၍ ပိုမိုနက်နဲစွာ နားလည်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။ တခြားနည်းလမ်းလည်း မရှိချေ။ သူ့အနေဖြင့် မည်ကဲ့သို့ ရှင်းပြရမည်နည်း။ ယခု သူ၏ဆရာမှ မေးမြန်းနေသောကြောင့် ထိုအတိုင်းပင် ပြန်လည်ဖြေဆိုရပေတော့မည်။
"ဟုတ်ပါတယ်"
သေဖော်ရှင်ဖက် ညီအစ်ကိုတစ်ယောက်အား စတေးပြီး ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိခဲ့သည့် အကြောင်းကိုတော့ ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ချေ။ ကုကျောင်းရှစ်၏ အကြောင်းကို တွေးလိုက်သည့် အချိန်မှာတော့ သူ၏နှလုံးသားထဲတွင် နာကျင်သွားခဲ့၏။ သူ၏ချစ်လှစွာသော ညီလေး ဘယ်လိုများ ပြန်မွေးဖွားလာမည်နည်း။ ကောင်းမွန်သည့် မိသားစုတစ်ခုတွင် ပြန်လည်မွေးဖွားလာရန် သူမျှော်လင့်နေမိ၏။
တောင်ပင်လယ်ဆီသို့ ပြန်လည်ကာ ကြည့်ရှုမည်ဆိုလျှင် ကုကျောင်းရှစ်သည် ဆေးရည်စိမ်ထားသော ဇလုံထဲတွင် လဲလျောင်းလျက်ရှိနေ၏။ သူ၏မရိဒန်များသည် သန့်စင်ခြင်းကိုခံနေရပြီး သူ၏မျက်နှာပေါ်တွင်တော့ စစ်မှန်သောကောင်းချီးကို ပိုင်ဆိုင်ထားရသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေ၏။
"ဒီလိုမိဘမျိုးရှိနေတယ်ဆိုမှတော့ ငါ့အနေနဲ့ နှစ်ပေါင်းတစ်သောင်းလောက် အချိန်ဖြုန်းခဲ့တာနဲ့ အတူတူပဲ"
အဘယ့်ကြောင့် ဤကဲ့သို့ပြောရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူသည် ခေါင်းကိုးလုံးရေနဂါး၏နို့ကို သောက်လျက်ရှိနေပြီး နတ်စိတ်ဝိညာဉ်သစ်သီးကိုလည်း စားခဲ့ရ၏။ ထို့ပြင် ခန္ဓာကိုယ်ကို ပိုမိုသန့်စင်ရန်အတွက် တန်ဖိုးရှိသောပစ္စည်းများနှင့် သန့်စင်ခြင်းကို ခံထားရ၏။ တစ်လသားတောင်မပြည့်သေးသော ကုကျောင်းရှစ်သည် ပြီးပြည့်စုံနေပြီဖြစ်၏။ သိုင်းပညာတာအိုကိုသာ စတင်လေ့ကျင့်မည်ဆိုပါက ကျိန်းသေပေါက် အဆင့်မြင့်တည်နေရာဆီသို့ တိုးတက်ရောက်ရှိသွားမှာ သေချာ၏။
ထို့ပြင် သူ၏အဖေနှင့်အမေသည် အဆင့်မြင့်သိုင်းကျင့်ကြံသူများ ဖြစ်၏။ ထို့ကြောင့် အဆင့်မြင့်သိုင်းနည်းစနစ်များလည်း တည်ရှိနေနိုင်၏။ ယခင်တုန်းကရရှိသည့် သိုင်းနည်းစနစ်များကို မကျင့်ကြံဘဲနှင့် ယခုသူ၏ မိဘများဆီမှ ရရှိသည့် သိုင်းနည်းစနစ်များကို ကျင့်ကြံမည်ဆိုလျှင် ပိုမိုကောင်းမွန်သည့် တိုက်ခိုက်ခြင်းအတွေ့အကြုံကို ရရှိမည်ဖြစ်၏။ ကုကျောင်းရှစ်သည် ထိုအကြောင်းကို တွေးမိလေ ပျော်ရွှင်လာလေ ဖြစ်၏။ သို့ပေမဲ့ ကောင်းမွန်လှသည့်အရာသည် ကြာရှည်မခံလှချေ။
တစ်ရက်ကြာပြီးနောက် ဧည့်သည်တစ်ယောက်က ရောက်ရှိလာ၏။ သူသည် မျက်ရည်ပင် ဝိုင်းလာမိ၏။ နယ်မြေအရှင်တို့ လင်မယားသည် ကုမိသားစုဆီသို့ လာရောက်ကာ လည်ပတ်ခဲ့ခြင်းဖြစ်၏။
သို့ပေမဲ့ ၎င်းတို့သည် လူသားများ မဟုတ်ကြချေ။ သားရဲများပင် ဖြစ်နေ၏။ လူသားခန္ဓာကိုယ်နှင့် မိချောင်းခေါင်းရှိသော သူများပင်ဖြစ်၏။လူသားတစ်ယောက်၏ အမြင်အရကြည့်ရှုရလျှင် အမှန်ဆိုးဝါးလှချေ၏။ ၎င်းတို့သည် နံပါတ်တစ် ချောမောခန့်ညားသူနှင့် နံပါတ်တစ် ထိပ်တန်းလှပသူများ ဖြစ်နေသည်လား။ ဤနေရာ၏ အလှအပ စံသတ်မှတ်ချက်သည် မည်ကဲ့သို့ လွဲမှားနေသနည်း။
အဖေ မျက်လုံးများကန်းနေတာလား။
တောင်ပင်လယ်နယ်မြေ၏ အရှင်သည် ဤနေရာဆီသို့ လာရောက်လှည့်ပတ်ခြင်းမှာ အကြောင်းရှိပေ၏။ သူတို့၏သားမက်ကို လာရောက်ကြည့်ရှုခြင်းပင် ဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ချစ်ခင်နှစ်သက်သွားသောကြောင့် မည်သည့်အချိန်တွင် လက်ထပ်မည်ကို ဆွေးနွေးနေကြ၏။ အဆုံးသတ်မှာတော့ နယ်မြေ၏ တရားဝင်ဥပဒေ သတ်မှတ်ချက်ဖြစ်သော အသက်ဆယ့်ခြောက်နှစ်တွင် လက်ထပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
သူ၏မင်္ဂလာပွဲအကြောင်းကို ကြားရသည့်အချိန်မှာတော့ ကုကျောင်းရှစ်သည် ဒေါသထွက်လွန်းသောကြောင့် အော်ပင်ငိုနေမိ၏။ သူသည်သာ ထုတ်ဖော်ပြောဆိုနိုင်သည့် စွမ်းရည်ရှ်သည်ဆိုပါက အော်နေပေလိမ့်မည်။ "ဒီလက်ထပ်ပွဲကို ငြင်းတယ်။ ဒီလက်ထပ်ပွဲကို ငြင်းတယ်"
ရေတွက်၍မရအောင် များပြားလှသော လူသားနှင့် သားရဲများလက်ထပ်ခြင်းသည် အရှေ့တွင် တည်ရှိခဲ့ဘူး၏။ သို့ပေမဲ့ သူသည် ဤအရာကို မည်သို့မျှ သဘောမတူနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် လူခန္ဓာကိုယ်နှင့် မိချောင်းခေါင်းကြီးအား မည်ကဲ့သို့ ပေါင်းသင်းရမည်နည်း ။
"ငါအသက်ဆယ့်ခြောက်နှစ်ပြည့်ရင် ကျိန်းသေပေါက် ထွက်ပြေးရမယ်"
မင်္ဂလာပွဲဆွေးနွေးနေသော မိဘများသည် သူတို့၏ တစ်လမပြည့်သေးသောသား ကုကျောင်းရှစ်မှာ အသက်ဆယ့်ခြောက်နှစ်တွင် ထွက်ပြေးရန် စဉ်းစားနေသည်ကိုသာ သိရှိပါက ကျိန်းသေပေါက် ဝမ်းနည်းနေမှာ သေချာ၏။
…….
နတ်မြို့၊ နတ်မြို့တော်အိမ်ရာ
ကျွင်းချောင်ရှောင်းသည် သူ၏ဆရာ၊ မာဆာတိုကီတာနိုနှင့်အတူ ဟောခန်းထဲသို့ လျှောက်ဝင်လာချိန်မှာတော့ အခန်းထဲတွင် အားကောင်းလှသည့်အော်ရာများ စုစည်းလျက်ရှိနေကြောင်းကို သိလိုက်ရ၏။
"စီနီယာတုံးကု၊ စီနီယာ မာဆာတိုကီတာနို"
မွန်းစတားကလန်နှင့် ဂိုဏ်းအသီးသီးဆီမှ စွမ်းအာမြင့်ကျင့်ကြံသူများနှင့် လွတ်လပ်သောကျင့်ကြံသူများသည် လက်သီးကိုဆုပ်ကာ ဂါဝရပြုလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲမှာတော့ ချီးကျူးမှုများနှင့် ပြည့်နှက်နေ၏။ ကျွင်းချောင်ရှောင်းကို မြင်ရသည့် အချိန်မျိုးမှာလည်း လက်သီးကိုဆုပ်လျက်ပင် ရှိနေသေး၏။ သူတို့သည် ပြုံးကာ နှုတ်ဆက်လျက် ရှိနေကြသည်။
"ဂိုဏ်းချုပ်ကျွင်း"
ယခင်ဖြစ်ခဲ့သော ကျူးကျော်မှုသာ မရှိလျှင် ကျွင်းချောင်ရှောင်းသည် အခြားသူများ၏ မျက်လုံးထဲတွင် အမှုံမွှားလေးမျှသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အလွန်ပင်အရေးကြီးလှသည့် လူတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခြင်းကို ခံနေရ၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်ဖြစ်လာစဉ်ကတည်းက ပွဲပေါင်းများစွာကို တက်ရောက်ဖူး၏။ သို့ပေမဲ့ ယခုကဲ့သို့ လူပေါင်းများစွာ ပြုံး၍နှုတ်ဆက်သည်ကိုတော့ ပထမဆုံး မြင်ဖူးခဲ့ခြင်းသာ ဖြစ်သည်။
သို့ပေမဲ့ သူသည် အစောတုန်းက မောက်မာလှသလောက် ယခုအချိန်တွင် ရိုကျိုးနိမ့်ချလျက် ရှိနေ၏။ ဤနေရာတွင် အားလုံးသောသူများ၏ အကြည့်ခံရသူမှာ ကျွင်းချောင်ရှောင်းနှင့်အတူ လိုက်ပါလာခဲ့သော နှင်းဆီဧကရီပင် ဖြစ်၏။ သူမ ဝတ်ဆင်ထားသည် ဝတ်စုံသည် အမှန်ပင် ကြည့်လို့ကောင်းလှပြီး အားလုံးသောသူများကို မျက်စိမခွာနိုင်စေခဲ့ပေ။
မြို့တော်ဝန်အိမ်ရာတွင် မိန်းကလေးပေါင်းများစွာ ရှိနေသည်ဆိုသော်လည်း ကြည့်ကောင်းရုံမျှသာ ဖြစ်၏။ နှင်းဆီဧကရီနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အားလုံးသောသူတို့သည် ဖွဲနှင့်ဇကွဲကဲ့သို့ပင် ကွာခြားလှ၏။ သူမနှင့်နှိုင်းယှဉ်၍ရနိုင်သည့် အလှပိုင်ရှင်ဆိုလျှင် ဧကရီလင်းရောင်သာ ရှိပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ကျောကိုမတ်မတ်ထားခဲ့၏။ သူ့အနေဖြင့် ဤကဲ့သို့ဖြစ်အောင် သူ၏မိန်းမကို အဝတ်အစားများ ကြိုတင်ပြင်ဆင်ပေးခဲ့သည် မဟုတ်ပါလား။ ကျွင်းချောင်ရှောင်းအနေဖြင့် လက်ရှိအချိန်တွင် ပွဲလမ်းသဘင်များကို တက်ရောက်ရာ၌ ဂုဏ်သိက္ခာသည် မည်မျှအရေးကြီးလှကြောင်းကို နားလည်ခဲ့ပြီဖြစ်၏။
ထိုအချိန်မှာပဲ နတ်မြို့၏မြို့တော်ဝန်သည် အပြင်ဖက်သို့ လျှောက်ထွက်လာပြီးနောက် ပြုံးကာ ပြောလိုက်သည်။
"အစည်းအဝေးပွဲကို မနက်ဖြန်မှ ကျင်းပမယ်။ ဒီတော့ ခင်ဗျားတို့ကို တည်းခိုစရာတွေ စီစဉ်ပေးထားမယ်။ ကျေးဇူးပြုပြီးတော့ အစေခံတွေနောက်ကိုလိုက်သွားပါအုံး"
"ဒီလိုဧည့်ဝတ်ကျေပြွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ မြို့တော်ဝန်"
အားလုံးသည် လက်သီးကိုဆုပ်ကာ နှုတ်ဆက်လိုက်ကြ၏။ ပြီးနောက် အစေခံများခေါ်ဆောင်ရာနောက်ဆီသို့ စိတ်အေးသက်သာစွာ လိုက်ပါသွားကြ၏။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအထဲတွင် အပါအဝင်ဖြစ်၏။ သို့ပေမဲ့ သူ တည်းခိုရာ နေရာသည် သူ့ဆရာ၏တည်နေရာနှင့် ခြားနားလွန်းလှ၏။ သူသည် တောင်ဖက်အစွန်းတွင်ရှိနေသော တည်နေရာတွင် နေရာချထားပေးခြင်းကို ခံရသည်။
"ဂိုဏ်းချုပ်ကျွင်း"
သူတို့အား လိုက်လမ်းပြသော စစ်သည်သည် ကောင်းမွန်လှသည့် ပတ်ဝန်းကျင်ကို ကြည့်ရှုကာဖြင့် လေးစားစွာပြောလိုက်၏။ "ဒီအခန်းက ခင်ဗျားနဲ့ ခင်ဗျားမိန်းမတို့ နေရမဲ့နေရာပါပဲ။ လိုအပ်တာတစ်ခုခုရှိရင် ကျေးဇူးပြုပြီး ကျုပ်ကို အသိပေးပါအုံး"
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။ "အိပ်ခန်းတစ်ခန်းထဲလား"
ဤစကားစုသည် စစ်သည်အား ဆွံ့အသွားစေခဲ့၏။ သူသည် အားပျော့စွာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းနဲ့ ဂိုဏ်းချုပ်ကျွင်းမိန်းမအတွက် အခန်းက နှစ်ခန်းတောင်လိုလို့လား "
ဟမ်
ကျွင်းချောင်ရှောင်းသည် သူ၏မေးခွန်းမှာ အနည်းငယ်ကြောင်တောင်တောင်နိုင်သည်ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် ပြောလိုက်သည်။ "တခြားဘာမှမရှိပါဘူး။ ခင်ဗျားသွားလို့ရပြီ"
စစ်သည် နှုတ်ဆက် ထွက်ခွာသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။ "အိပ်ခန်းထဲမှာ ဘယ်သူအိပ်မှာလဲ"
၎င်းတို့နှစ်ယောက်သည် လင်မယားဖြစ်ကြသည်ဆိုသော်လည်း ဝိညာဉ်ကုန်းမြေတိုက်တွင်ဖြစ်ဖြစ်၊ ပြိုင်စံရှားဂိုဏ်းတွင်ဖြစ်ဖြစ် ကိုယ်ပိုင်အိပ်ခန်းနှင့်သာ နေထိုင်ခဲ့ကြ၏။ အတူတူအိပ်စက်ခြင်းကို မပြုလုပ်ကြချေ။ ပြိုင်စံရှားဂိုဏ်းရှိ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ထိုအရာကို ထူးဆန်းသည်ထင်သော်လည်း ထုတ်ဖော်မပြောရဲကြချေ။
ကြီးမြတ်သူတုံးကုသည် ထိုအကြောင်းအရာကို သိရှိခဲ့စဉ်က အမှန်ပဲ ဇဝေဇဝါ ဖြစ်မိခဲ့သည်။ လင်မယားနှစ်ယောက်သည် အဘယ့်ကြောင့် သီခြားအိပ်ခန်းတွင် သွားရောက်ကာ အိပ်စက်နေရသနည်း။
တွေးကြည့်ရလျှင် သူ၏တပည့်သည် မြုံနေခြင်းလား သို့မဟုတ် တစ်စုံတစ်ခု ဖြစ်ပွားနေခြင်းလား မသေချာတော့ချေ။
ဤနေရာတွင် မေးမြန်းစရာတစ်ခုရှိ၏။ ကြီးမြတ်သူတုံကုသည် ထိုလင်မယား အခန်းခွဲအိပ်သည်ကို အဘယ့်ကြောင့် သိရှိရသနည်း။ ပြောရမည်ဆိုလျှင် တရားခံသည် စုရှောင်မိုပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"ဒါဆိုကျုပ် သွားကျင့်ကြံတော့မယ်"
"ကောင်းပြီ"
နှင်းဆီဧကရီသည် အခန်းထဲသို့ လှည့်ကာ ဝင်သွားသည် “ဒါဆိုလည်း ကျွန်မအိပ်တော့မယ်။”
ကျွီ …..။
တံခါးသည် ပိတ်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲတွင် မတ်တပ်ရပ်လျက်ရှိနေပြီး လေအေးများပင် တိုက်ခတ်နေသည်ဟု ခံစားနေမိ၏။ သူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "သူက တစ်ချက်ကလေးတောင် မငြင်းပါလား"
မြို့တော်ဝန်သည် ဧည့်သည်များနားနေနိုင်ရန်အတွက် ခြံဝန်းနှင့် အိပ်ခန်းများကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးထားခဲ့၏။ သို့ပေမဲ့ ကုန်းရှန့်မှာတော့ အပြင်ဖက်ရှိ ခန်းမဆောင်တွင် ထိုင်ကာလေ့ကျင့်လျက် ရှိနေ၏။ သူသည် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသည့် အမဲရောင်ဝတ်လူအကြောင်းကို တွေးတောလျက်ရှိနေ၏။ တစ်ဖက်လူသည် အဘယ့်ကြောင့် အသွင်အပြင်နှင့် အမူအရာကို ဖုံးကွယ်ထားရသနည်း။ အသံကိုပင် မမှတ်မိအောင် ပြောဆိုနေပြန်သေးသည်။
အနောက်ဖက်အစွန်ဆုံးရှိအခန်း ….
ကြီးမြတ်သူ ကုဟုန်သည် စာကြည့်ခန်းတွင် မတ်မတ်ရပ်လျက်ရှိနေပြီး အပြင်ဖက်တွင်ရှိနေသော မြင်ကွင်းများကို ကြည့်ရှုနေ၏။ သူက မေးလိုက်၏။ "တကယ်ကြီး တိုက်ခိုက်ဖို့ ချိန်းထားတဲ့နေ့ရောက်ရင် အဲကောင်လေးကို နိုင်မယ်ထင်လား"
သူတို့သည်လည်း အစည်းအဝေးပွဲကို လာရောက်တတ်ကြသူများ ဖြစ်၏။ ထို့ကြောင့် အခန်းကို ရရှိခဲ့သည်။
"သူ့ကိုမတွေ့ခင်တုန်းကတော့ တပည့်က မသေချာပါဘူး"
အခန်းတံခါးရှေ့တွင် မတ်တပ်ရက်လျက်ရှိနေသည့် အမဲရောင်ဝတ်လူက ပြောလိုက်၏။ "ဒီနေ့ သူနဲ့တိုက်ခိုက်တဲ့အချိန်မှာ ကိုးဆယ်ရာခိုင်နှုန်းလောက် နိုင်မယ်လို့ သေချာသွားတယ်"
ဤစကားစုကို နားထောင်ရသည်မှာ အမှန်ပင် မောက်မာလွန်းလှ၏။ သို့ပေမဲ့ ပါးစပ်ထဲမှ ထွက်ပေါ်လာချိန်တွင် အသံသည် တည်ငြိမ်လျက်ရှိနေ၏။ ကျိန်းသေပေါက် ပြုလုပ်နိုင်မည့် ပုံစံမျိုးပင်။
ဟား ဟား ဟား
ကြီးမြတ်သူတုံကုသည် ရယ်မောကာ ပြောလိုက်၏။ "ဒီလိုယုံကြည်မှုမျိုးကို ငါကြိုက်တယ်။ ဒါကြောင့် ငါ့ရဲ့ အသက်ကို စတေးပြီး တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ မင်းကို သေမျိုးလောက ကနေ ခေါ်လာခဲ့တာပေါ့"
"ဆရာ ကျေးဇူးပြုပြီး စိတ်ချပါ"
အမဲရောင်ဝတ်လူသည် ခေါင်းကိုမော့လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွားခဲ့၏။ နှုတ်ခမ်းအတွင်းမှာတော့ အစွယ်များ ရှိလို့နေခဲ့သည်။ "ချိန်းဆိုထားတဲ့နေ့မှာ တပည့်က သူ့ကို ကျိန်းသေပေါက် အနိုင်ယူပြမယ်"
……
ဟတ်ချိုး …..။
ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ သူ၏နှာခေါင်းကို ပွတ်သပ်ကာ နှာချေလိုက်မိ၏။ “ဒီက လေ တော်တော်ကြမ်းတာပဲ”