အခန်း ၁၅၅၀
Vol. 104 Ch. 1550
အပိုင်း (၁၅၅၀)
အစည်းအဝေးပြီးဆုံးသွားခဲ့၏။တိတိကျကျပြောရမည်ဆိုလျှင်ဤကဲ့သို့အစည်းအဝေး၏ အချိန်ကို အတင်း လျှော့ချအောင်ပြုလုပ်ခဲ့သူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်၏။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်ပင်လယ်ဘုရင်မြို့ဆီသို့များပြားလှသည့်စွမ်းအားမြင့် ကျင့်ကြံသူများကို စေလွှတ်ရန်စဉ်းစားလိုက်ကြ၏။ ၎င်းတို့သည်အသုဘခန်းဆောင်ကို စုံစမ်း စစ်ဆေးရန်နှင့်နတ်ဆိုးဘိုးဘေးကြီး ပုန်းအောင်နေသည့်တည်နေရာများကို ရှာဖွေရန် ကြိုးစားကြ၏။ အသုဘခန်းဆောင်သည်အစောကြီးကတည်းက တည်ရှိနေသည့်အရာဖြစ်ပြီး နယ်မြေ ဟောခန်းအနေနှင့် တစ်ခါတည်း ရှင်းလင်းရမည့်တာဝန်ကို ပိုင်ဆိုင်ပြီးသား အရာပင် ဖြစ်၏။ သို့ပေမဲ့ဤတစ်ကြိမ်တွင်တစ်လောကလုံးကို ဒုက္ခပေးနိုင်မည့်သူလျှိုများအဖြစ် ဖြစ်တည်နေကြသည်ဖြစ်သောကြောင့် ၎င်းတို့အနေနှင့် လေးလေးနက်နက်ထားကာ သုတ်သင်ရှင်းလင်းပစ်ရပေမည်။
ကျွင်းချောင်ရှောင်းအနေနှင့် အငှားဓားကို အသုံးပြု၍ သတ်ဖြတ်ရန်စီစဉ်ခဲ့ပြီးပြီဖြစ်သောကြောင့်ဤကဲ့သို့သော ကိစ္စရပ်များတွင်ပါဝင်ရန်မလိုအပ်တော့ချေ။သူ့အနေနှင့် ဖြစ်ပေါ်လာနိုင်သည့်ရလဒ်အား ငြိမ်ငြိမ်သက်သက်နှင့် စောင့်မျှော်ရန်သာ လိုအပ်နေသည်။
“တပည့်”
နောက်တစ်ရက်မှာတော့ ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ငါတို့မသွားကြသေးဘူးလား။”
“ဒီနတ်မြို့ကအထက်နယ်မြေမှာ အကြီးမားဆုံးမြို့တွေထဲက တစ်ခုပဲလေ။ ဒီကို ရောက်နေပြီဆိုမှတော့ရက်အနည်း ငယ်လျှောက်ပြီးတော့လည်ပတ်ကြရအောင်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကြီးမြတ်သူတုံးကုသည်တစ်စုံတစ်ခုကို ပြောလိုက်ချင်၏။သို့ပေမဲ့မာဆာတိုကီတာနိုသည်သူ့ကို တစ်ချက်လှမ်းကြည့်ကာဖြင့်တားဆီးလိုက်၏။
မာဆာတိုကီတာနိုက အသံပို့လွှတ်လိုက်သည်။ “ခင်ဗျားရဲ့တပည့်နဲ့သူ့မိန်းမက ဒီကို ရောက်လာကြတာလေ။ ပုံမှန်အားဖြင့်သူတို့နှစ်ယောက်က ဒီနေရာကို လျှောက်သွားပြီး နှစ်ယောက်တည်းကမ္ဘာတည်ထောင်ချင်မှာပေါ့။”
ဤအရာမှာ အဓိပ္ပာယ်ရှိလွန်းလှသည်။ ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုလို့ရှိရင်လည်း ကျုပ်တို့အရင်ဆုံးထူးခြားလှိုဏ်ဂူဆီကို ပြန်ကြတော့မယ်။”
စီနီယာကြီးနှစ်ယောက်တို့ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “သွားကြရအောင်”
“ဘယ်ကိုသွားမှာလဲ” နှင်းဆီဧကရီက မေးမြန်းလိုက်သည်။
“ဈေးဝယ်ထွက်ရမှာပေါ့။”
……
မိန်းကလေးတစ်ယောက်ကို ခေါ်ဆောင်ပြီး ဈေးဝယ်ထွက်ခြင်းသည်တကယ့်ကို ကဗျာဆန်သောအရာပင် ဖြစ်သည်။သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ပါးစပ်ဆီမှထွက်ပေါ်လာသည့်ဤစကားမှာတော့သံမဏိကဲ့သို့မာကျောပြီး နားထောင်၍မကောင်းလှချေ။
ဟုတ်ပေသည်။တစ်ခြားသော လောကအသီးသီးကို လှည့်ကာဖြင့်တိုက်ခိုက်လုယက်သည့်အလုပ်ကို ပြုလုပ်ခဲ့သော နှင်းဆီဧကရီကဲ့သို့သော မိန်းမတစ်ယောက်အနေနှင့် ဈေးဝယ်ထွက်ခြင်းဆိုသည့်ဝါသနာ တည်ရှိလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့သူမ၏ ယောကျ်ားသည်ဤကဲ့သို့သွားရောက်ရန်ပြောဆိုနေသည်ဆိုမှတော့မြို့တော်ဝန်အိမ်ရာမှတဆင့်သူ့ယောကျ်ားနှင့်အတူ လိုက်ပါလာခဲ့တော့၏။
ပထမတန်းစားမြို့တစ်ခုဖြစ်သည်နှင့်အညီ နတ်မြို့တွင်လာရောက်လည်ပတ်သွားလာကြသည့်လူများသည်များပြားလှ၏။လမ်းများသည်စည်ကားသိုက်မြိုက်လို့နေပြီး ဘေးပတ်ဝန်းကျင်မှာလည်း ဈေးဆိုင်ခန်းအသီးသီးဖြင့်တည်ရှိကာ ဆူညံပွက်လောရိုက်နေသည်။
“ညီမလေးကျောင်း”
လူငယ်တစ်ယောက်သည်ကျောက်မျက်ရတနာဆိုင်ထဲသို့လှမ်းလျှောက်ဝင်ရောက်ပြီး ပြောလိုက်၏။ “မင်း ဘယ်လိုပုံစံမျိုးကို ကြိုက်လဲ။ ကျုပ် မင်းအတွက်အကုန်ဝယ်ပေးမယ်။”
အနောက်ဘက်မှလိုက်ပါလာသော မိန်းကလေးသည်ခေါင်းကိုငုံ့ကာဖြင့်နီရဲနေသည့်မျက်နှာဖြင့်ပြောလိုက်သည်။ “အစ်ကိုရွှမ် အများကြီး ဝယ်ပေးပြီးသွားပြီလေ။ ဒီတော့ပိုက်ဆံတွေထပ်ပြီး မဖြုန်းပါနဲ့တော့။”
“မဟုတ်ဘူး။”
အစ်ကိုရွှမ်ဟု ခေါ်သောလူက ပြောလိုက်၏။ “ကျုပ်ရဲ့အနာဂတ်မိန်းမတစ်ယောက်ဖြစ်လာမယ့်လူက လောကမှာ အကောင်းဆုံးဖြစ်တဲ့ကျောက်မျက်ရတနာတွေကို ဝတ်ဆင်ထားသင့်တာပေါ့။”
ဤကဲ့သို့မေတ္တာသက်ဝင်မှုအကြောင်းနှင့်ပတ်သက်၍ဆွဲဆောင်ပြောဆိုသိမ်းသွင်းရမည့်ကိစ္စနှင့်ပတ်သက်လျှင်တစ်ကိုယ်တည်းသမား စာဖတ်သူများအနေနှင့် လိုက်လံတုပ ပြောဆိုနိုင်လိမ့်မည်မဟုတ်ချေ။အားလုံးသည်မနာလို ဝန်တိုကြီးစွာဖြင့်ဖတ်ရှုခြင်းကိုသာ ပြုလုပ်ရပေလိမ့်မည်။
“သူဌေး”
အစ်ကိုကြီးရွှမ်သည်သပ်ရပ်လှသော လက်စွပ်တစ်ကွင်းကို ရွေးချယ်ကာဖြင့် ပြောလိုက်၏။ “ဒါက..”
“အရမ်းပဲ အားနာပါတယ်။”
အနောက်ဘက်ဆီမှအသံတစ်ခု ထွက်ပေါ်လာ၏။ “ကျုပ် ဒီကျောက်မျက်ဆိုင်ထဲမှာရှိတဲ့ရတနာတွေအကုန်လုံးကို ဝယ်ယူလိုက်ပါပြီ။ ဒီတော့ခင်ဗျားတို့အနေနဲ့တခြား ဆိုင်ကို သွားကြပါတော့။”
“အားလုံးကို ဝယ်လိုက်တယ်ဟုတ်လား။ ဘယ်လောက်ချမ်းသာလို့လဲ။”
အစ်ကိုကြီးရွှမ်သည်ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့သူ၏ အနောက်ဘက်တွင်ရပ်တန့်လျက်ရှိနေသည့်ချောမောလှသော လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ သူ၏ ဘေးတွင်တော့ထူးဆန်းသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့်အလွန်တရာ ချောမောလှသော အမျိုးသမီးတစ်ယောက်က မတ်မတ်ရပ်လျက်ရှိသည်။
“လှလိုက်တာ” ကျောင်းမိုင်သည်တီးတိုးပြောလိုက်၏။သူမသည်သူမ၏ တည်ရှိမှုကိုပင်ရှက်ရွံ့သလို ခံစားမိလာ၏။
ထိုသူ နှစ်ယောက်တို့သည် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ပင်ဖြစ်၏။တစ်ယောက်သည်အလွန်ခန့်ညားလွန်းလှပြီး အခြားတစ်ယောက်မှာတော့အလွန်ပင်လှပလွန်း၏။ နှစ်ယောက်သားသည်အားလုံးသောသူများ၏ အာရုံစိုက်စရာ တစ်ခုအဖြစ် ဖြစ်တည်နေခဲ့သည်။
ဖောက်
ကုန်းရှန့်သည်ငွေရှင်းကောင်တာစားပွဲပေါ်သို့သိုလှောင်လက်စွပ်အနည်းငယ်ကို ပစ်တင်ကာဖြင့်ထူးမခြားနား အမူအရာဖြင့်ပြောလိုက်၏။ “ဒီထဲမှရွှမ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းရှိတယ်။ ဒီကျောက်မျက်ဆိုင်ထဲမှာ ရှိတဲ့ရတနာတွေအားလုံးကို ဝယ်ယူဖို့အတွက်လုံလောက်ရဲ့လား။”
သူဌေးသည်အံ့အားကြီးစွာဖြင့်သိုလှောင်လက်စွပ်ကို လှမ်းကာ ယူလိုက်၏။ ပြီးနောက်အထဲသို့စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာကြည့်ရှုလိုက်ပြီးသည့်နောက် ပြုံးကာ ပြောလိုက်သည်။ “လုံလောက်ပါတယ်။လုံလောက်ပါတယ်။”
“ရောင်းရင်း”
အစ်ကိုကြီးရွှမ်သည်အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက်လက်သီးဆုပ်ကာ ပြောလိုက်၏။ “တကယ့်ကို ရက်ရောလွန်းတာပဲ။ ချီးကျူးပါတယ်ဗျာ။”
ဤအရာသည်ယဉ်ကျေးလွန်းလှသော မှတ်ချက်ပင် ဖြစ်သည်။တခြားသောနည်းလမ်းဖြင့်ဘာသာပြန်ရမည်ဆိုလျှင် “အစ်ကိုကြီး ခင်ဗျားက ကောင်မလေးတစ်ယောက်ကြိုက်အောင်လို့အရမ်းကို အားစိုက်ထုတ်ခဲ့တာပဲ။ ကျုပ် ခင်ဗျားရဲ့ညီငယ်လေးက အရှုံးပေးပါပြီဗျာ။” ဟူသည့်စကားပင်ဖြစ်ပေလိမ့်မည်။
ကျောက်မျက်ရတနာများကို ဝယ်ယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည်လှည့်ကာ ထွက်ခွာသွားခဲ့၏။
လမ်းတစ်လျှောက်မှာတော့ နှင်းဆီဧကရီသည်ဇဝေဇဝါဖြင့်မေးလိုက်သည်။ “ဘာလို့ဒီလောက်များတဲ့ရတနာတွေကို ဝယ်လာတာလဲ။”
“အင်း …. ဝတ်ဖို့ပေါ့။”
ကျွင်းချောင်ရှောင်းသည်အငေါ်တူးလိုက်၏။ “ဒါတွေကို ခင်ဗျားက စားချင်လို့လား။”
……….
နှင်းဆီဧကရီသည်မည်သည့်စကားမှမဆိုတော့ချေ။သို့ပေမဲ့သူမ၏ နှလုံးသားထဲတွင်တော့ချိုမြိန်သည့်ခံစားမှုကို ရရှိနေခဲ့၏။ကျောက်မျက်ရတနာဆိုင်ထဲတွင်ရှိနေသော ရတနာများအားလုံးကို ဝယ်ယူ၍ သူမအား လက်ဆောင်အဖြစ်ပေးခဲ့၏။သူမယောကျ်ားသည်သူမကို အလွန်ပင်ချစ်မြတ်နိုးခြင်းသာ ဖြစ်ပေလိမ့်မည်။
တကယ်တမ်းမှာတော့သူမ သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်တတ်သည့်အလေ့အကျင့်လည်း မရှိချေ။နားကပ်သို့မဟုတ်လည်ဆွဲများ ကို ဝတ်ဆင်ထားလျှင်ပင်နေမထိထိုင်မသာအဖြစ်ခံစားရ၏။ ကျောက်မျက်ရတနာများကို ဝတ်ဆင်ခြင်းဆိုသည်မှာ သူမအတွက် ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည်ပထမတုန်းက သတိမပြုမိချေ။ မြို့တော်ဝန်၏အိမ်ရာဆီသို့ရောက်ရှိလာသည့်အချိန်မှာတော့လမ်းတစ်လျှောက်တွင်ရှိနေသော များပြားလွန်းလှသော မိန်းကလေးများ အားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည်ကို သူက သိရှိသတိထားမိ၏။ ထို့ကြောင့် နှင်းဆီဧကရီကို ခေါ်ဆောင်ကာဖြင့်တစ်ခါတည်း ဝယ်ယူပေးခဲ့ခြင်းပင်ဖြစ်၏။
သူသည် နှင်းဆီပန်းများကို စိုက်ပျိုးခဲ့၏။ ပြီးနောက်ပန်းခင်းကြီးတစ်ခုလုံးကို ရွှေ့ပြောင်းပေးခဲ့သည်။ကုန်းရှန့်သည်တခြားသူများနှင့် တူညီသည့်အရာမျိုးကို ဘယ်တော့မှ ပြုလုပ်လိမ့်မည်မဟုတ်။ လုပ်လျှင်လည်း ကုန်းရှန့်မဟုတ်ပေ။
ကုန်းရှန့်သည်အမှန်ပင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ကုန်းရှန့်ပြောင်းလဲသွားခဲ့သည်ဆိုသလို အခြားသောသူများသည်လည်း အသီးသီးပြောင်းလဲသွားခဲ့ကြ၏။
ရီရှင်းချန်ကို ဥပမာပြုရပေလိမ့်မည်။ယခင်တုန်းက ဂိုဏ်းဆီသို့ဝင်ရောက်ပြီးသည့်နောက်အလွန်တရာမောက်မာသည့်ဟန်ပန်အမူအရာမျိုးနှင့်တည်ရှိခဲ့သော ရီရှင်းချန်သည်လက်ရှိအခြေအနေ မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်အဖြစ်အလုံးစုံအသားကျပျော်ဝင်နေခဲ့ပြီဖြစ်၏။ သူသည်သေလျှင်တောင်မှ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်အဖြစ်ပျော်ပျော်ရွှင်ရွှင်နှင့်ဂုဏ်ယူဝင့်ကြွားစွာ သေဆုံး သွားမှာဖြစ်သည်။
……
ကျွင်းချောင်ရှောင်းသည်နတ်မြို့အတွင်း ၂ရက်တိတိ နေခဲ့ပြီးသည့်နောက် နှင်းဆီဧကရီနှင့်အတူ ဂိုဏ်းဆီသို့ ပြန်လာခဲ့၏။
အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်အသုဘခန်းဆောင်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးခြင်းများ ကို ပြင်းပြင်းထန်ထန် ပြုလုပ်ကြ၏။ အထက်နယ်မြေတစ်ခုလုံးသည်အစည်းအဝေးပြီးဆုံးပြီးနောက်မှာ အလွန်တရာပဲ လေးနက်သည့်အခြေအနေသို့ရောက်ရှိသွားသည်။
ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်အစောကြီးကတည်းက တက်တက်ကြွကြွ ဖြင့်စတင်ကာ ပြင်ဆင်တော့၏။ ထို့အပြင် ကြယ်တာရာစိတ်ဝိညာဉ်ကမ္ဘာကြီးသည်နောက် ၃ နှစ်ကြာလျှင်လာရောက်ကာ ကျူးကျော်မှာဖြစ်၏။ ထို့ကြောင့်အင်မော်တယ်ဂိုဏ်းနှင့် တခြားသောဂိုဏ်းအသီးသီးတို့သည်မခုခံနိုင်ဘူးဆိုလျှင်တောင်မှသူတို့ဂိုဏ်းသည်ကျိန်းသေပေါက်ခုခံနိုင်သည့်အားအင်အဆင့်မျိုးကို ပိုင်ဆိုင်နိုင်မှ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ကုန်းရှန့်အနေနှင့် ထိုအရာနှင့်ပတ်သက်၍စိတ်အလောတကြီးတော့မရှိချေ။သူ့၌ထုတ်ဖော်ပြသ၍ မရနိုင်သည့် လျှို့ဝှက်ဝှက်ဖဲများ များစွာတည်ရှိနေ၏။ ဥပမာအားဖြင့်တောထဲတွင်ပုန်းအောင်းလျက်ရှိနေသည့်နတ်ဆိုးစစ်သည်တစ်သန်းတို့ပင် ဖြစ်သည်။စစ်သည်များအရ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည်ပထမ အဆင့်အမြုတေပြောင်းလဲခြင်းဆေးလုံးကို သတိရသွားမိ၏။ ဤကဲ့သို့သော ဆေးလုံးအမျိုးအစားသည်အောင်မြင်စွာ ဖော်စပ်နိုင်သည်ဆိုပါက တပည့်များအကုန်လုံးတို့သည်ပထမအဆင့်အမြုတေပြောင်းလဲခြင်းအဆင့်ဆီသို့ရောက်ရှိ သွားပေလိမ့်မည်။ထိုသို့ဆိုလျှင် ၎င်းတို့၏တိုက်ခိုက်နိုင်သည့်စွမ်းအားသည်ကျိန်းသေပေါက်ဆထက်ထမ်းပိုး တိုးတက်သွားမှာသေချာ၏။
“ဟောခန်းသခင်မြောင်”
ကျွင်းချောင်ရှောင်းသည်အဆိပ်ဟောခန်းဆီသို့ရောက်ရှိလာကာဖြင့်မေးလိုက်သည်။ “ခင်ဗျားရဲ့သုတေသနက ဘယ်လို အခြေအနေရှိလဲ။”
မြောင်စိုင်းဖန်က ပြောလိုက်၏။ “အဆိပ်ဖြေဆေးအမျိုးမျိုးကိုတော့သန့်စင်ပြီးသွားပြီ။ ဒါပေမဲ့ဒါကို သောက်သုံးပြီးတဲ့နောက်မှာ အကျိုးရှိလားဆိုတာ ကိုတော့စမ်းသပ်ရအုံးမယ်။”
အမြုတေပြောင်းလဲခြင်း ပထမအဆင့်ဆေးလုံးထဲ၌ ပါဝင်ပစ္စည်းများသည်အဆိပ်ပေါင်းများစွာ တည်ရှိနေ၏။ သူမ ကဲ့သို့အဆိပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လျှင်တောင်မှအဆိပ်ဖြေဆေးသည်အလုံးစုံ အသုံးဝင်နိုင်လိမ့်မည် ဆိုသည်မှာ မသေချာလှချေ။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင်တုဟုန်ရှင်းနဲ့တခြားသောသူတွေကို ခေါ်ပြီးတော့ဆေးလုံးဖော်စပ်ဖို့ ပြုလုပ်ကြရအောင်။”
“ဆေးလုံးကို ဘယ်သူက စမ်းသပ်ပြီး သောက်သုံးမှာလဲ။”
“ကျုပ်ညီပေါ့။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဤစကားစုကို ထွက်ပေါ်သွား၏။ သို့ပေမဲ့ကုကျောင်းရှစ်သည်အစောကြီး ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းကို ရုတ်တရက် သတိရလိုက်မိ၏။ တစ်ဖက်လူမှာ သေဆုံးသွားခဲ့သည်ဆိုလျှင်တောင်မှသူသည်အနားမှာရှိနေသလို ခံစားနေမိ၏။ “နေအုံး။ ကျုပ်ညီလေး သေဆုံးသွားခဲ့ပြီဆိုတော့ဒီဆေးလုံးကို ဘယ်သူက စမ်းသပ်မှာလဲ။”
ကုကျောင်းရှစ် အနားမှာ ရှိနေတုန်းက အရေးကြီးသည်ဟု သူ မခံစားရပေ။ သို့ပေမဲ့မရှိသည့်အချိန်မှာတော့တကယ်ပဲ လွမ်းဆွတ်သတိရလို့နေခဲ့၏။ဤကဲ့သို့အရေးအကြောင်း သေရမည့်ကိစ္စမျိုးဆိုလျှင်သူသည်သူ၏ ညီလေးကို အမှန်ပင်သတိရနေမိသည်။
……..
သေးငယ်လှသော ရွာလေးတစ်ခုထဲမှာတော့ ကုထျန်းရှင်း သည်သပ်ရပ်လွန်းလှသော သေတ္တာလေးတစ်ခုကို ကိုင်၍သူ၏ သားရှေ့တွင်လှုပ်ပြလျက်ရှိ၏။ သူသည်သွားဖြီးကာဖြင့်ပြောလိုက်၏။ “ငါ့သား အဖေက မင်းအတွက်အဆင့်တိုး ဆေးလုံးကို ယူလာတာလေ။ မင်းအရွယ်ရောက်လာပြီဆိုတာနဲ့ဒါကို တစ်ခါတည်းသောက်လိုက်။မင်းရဲ့အဆင့်ကတိုးတက်သွားလိမ့်မယ်။”
ဘန်း …။
မေမေကုသည် ရုတ်တရက်ရောက်ရှိလာပြီးသည့်နောက်သူ့ယောကျ်ားကို ကန်ထုတ်ကာဖြင့်အော်ငေါက်လိုက်သည်“ဒီဆေးလုံးက အဆိပ်တွေအများကြီးပါတယ်လေ။ ကျွန်မသားကို တိုက်မယ်ဆိုတော့ရှင်က သေစေချင်နေတာလား။ ရှင့်ကို ကျွန်မ သတ်ပစ်လိုက်မယ်။”
“မိန်းမ”
ကုထျန်းရှင်း သည်မီတာအနည်းငယ်ဆီသို့လွှင့်စင်သွားပြီးသည့်နောက်မျက်နှာငယ်လေးနှင့် ပြောလိုက်၏။ “ဒီထဲမှာရှိတဲ့ဆေးလုံးရဲ့အဆိပ်တွေအကုန်လုံးကို ဖယ်ရှားပြီးသွားပါပြီ။”
ပြောပြီးနောက်မှာတော့သူသည် ရုတ်တရက်သတိလစ်မေ့မျောသွားခဲ့တော့၏။ကန်ချက်မှာ ပြင်းထန်လွန်းလှချေ သည်။
…..
ကုကျောင်းရှစ်သည်ကြိတ်ကာ သက်ပြင်းချလိုက်မိ၏။ “သနားစရာ ငါ့ရဲ့အဖေပဲ။”
……
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ဖန်းကွေ့ချန်၊တုဟုန်ရှင်းနှင့် တစ်ခြားသော ဆေးပညာရှင်များအားလုံး သည် ပြိုင်စံရှားဂိုဏ်းဆီသို့ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည်ပထမအဆင့်အမြုတေပြောင်းလဲခြင်းဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြပြီဖြစ်၏။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည်လေးနက်တည်ကြည်စွာဖြင့်မေးမြန်းလိုက်သည်။ “ဒီဆေးလုံးကို ဘယ်သူက စမ်းသပ်မှာလဲ။”