← Chapters

ကန့်သက်ချက်နှင့်လာခြင်း

Vol. 125 Ch. 1740

ကန့်သက်ချက်နှင့်လာခြင်း

Vol. 125 Ch. 1740

သူတို့နှစ်ယောက်လုံးသည် သူမ၏ ယာယီအိမ်တော်သို့ တိတ်ဆိတ်စွာဖြင့် ပြန်လာကြသည်။

“မင်းက သူမ မဟုတ်ဘူးဆိုတာ အခုတကယ်ယုံသွားပြီ” အိမ်သို့ပြန် ရောက်ပြီးနောက် သူသည် ရှီမာယူယူကို ပြောလေသည်။

လူတစ်ယောက်သည် မည်မျှပင် မှတ်ဉာဏ်ပျောက်စေကာမူ အကျင့်စရိုက်သည် ကြီးမားစွာပြောင်းလဲမသွားနိုင်ပေ။ ထို့ကြောင့် သူမသည် မုရုန်ရှီမဟုတ်သည်ကို သူ ယုံသွားလေပြီ။

“ရှင်သိမှတော့ ကျွန်မကိုထပ်လာမရှာနဲ့တော့” ရှီမာယူယူ တံခါးပိတ်မည် အလုပ်တွင် သူသည် လက်နှစ်ဖက်ဖြင့် တားလေသည်။

“မင်းက ရှီအာမဟုတ်ရင်တောင် မင်းနဲ့ စကားပြောဖို့လိုတယ်” ကုန်းဇီယွမ်သည် တံခါးကိုကိုင်ပြီး သူမအား ခက်ထန်စွာပြောလိုက်သည်။

“မုရုန်ရှီအကြောင်း သိချင်တာလား” သူမ မေးလိုက်သည်။

“ဟုတ်တယ် မင်း ဒီကိုဘယ်လိုလာခဲ့တာလဲဆိုတာကိုလည်း သိချင်တယ် ရှီအာရော သူမရော” ကုန်းဇီယွမ်မေးလိုက်သည်။

“ကျွန်မလည်းမသိဘူး” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ကျွန်မ တစ္ဆေ လောကကိုလာတုန်းက အရမ်းကိုရှုပ်ထွေးနေတုန်း သူမနဲ့ ဝေဝေဝါးဝါးနဲ့ တွေ့ လိုက်ရတယ် သူမက အလိုက်ခံနေရပြီး ကျွန်မတို့ကမ်းပါးကနေ အတူကျခဲ့တာ နိုးလာတော့ ဒီရောက်လာတာပဲ”

“ဒါပဲလား”

“ဒါပဲလေ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မက သူမ မဟုတ်ပါဘူး လို့ မုရုန်ဟွေ့ကို ပြောပေမဲ့ မယုံဘူးလေ ကျွန်မကပဲ မှတ်ဉာဏ်ပျောက်တာ ဖြစ်မယ်လို့ သူပြောတယ်”

“ထူးဆန်းလိုက်တာ” ကုန်းဇီ မျက်မှောင်ကြုတ်လိုက်သည် “မင်းက အတု ဆိုတာ ငါတောင်ပြောနိုင်တာ ဦးလေးဟွေ့က လုံးဝသတိမထားမိဘူး ပြီးတော့ ဒီလောက်ကြီး ကွာနေတာကို”

“အဲတော့ သူ့မှာရည်ရွယ်ချက်ရှိနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းကြည့်ရတာ လုံးဝဂရုမစိုက်တဲ့ပုံပဲ” ကုန်းဇီယွမ်သည် သူမ၏ မျက်နှာ ကိုဖတ်ရန်ကြိုးစားနေသည့်ပုံနှင့် သူမကိုစိုက်ကြည့်နေသည်။ သို့သော် သူ မည်သည့်အရာကိုမှရှာမတွေ့ပေ။

“ဂရုစိုက်တယ်ဟုတ်လား အဲဒါက ကျွန်မ ဂရုစိုက်ရလောက်အောင်ထိ မဟုတ်ဘူး” ရှီမာယူယဓဆက်ပြောလိုက်သည် “ကျွန်မမှာ ပုန်ကန်ဖို့ အားမရှိ ဘူးလေ ဟုတ်တယ်မလား”

“ထက်မြက်တယ်” ကုန်းဇီယွမ်သည် သူမကို အထင်ကြီးသွားသည်။ သူမ သည် မုရုန်ရှီ၏ နေရာကိုလိုချင်နေသည်ဟု သူ ထင်ခဲ့သည်။

မဟုတ်လျှင် သူမသည် မုရုန်ရှီဟုသာပြောပြီး ထိုသရုပ်မှန်ကို ငြင်းဆန် မည်မဟုတ်ပေ။

“မင်း ဦးလေးဟွေ့နဲ့ စကားပြောချင်လား” ကုန်းဇီယွမ်သည် အံ့အားသင့် စွာပြောလေသည်။

“မဟုတ်ဘူး ကျွန်မက နလန်ထူဖို့ ဒီကိုလာတာ” ရှီမာယူယူ ဆက်ပြော လိုက်သည် “မုရုန်ရှီက ရှင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းမလား သူမကို မရှာဘူးလား”

“ဦးလေးဟွေ့က သေချာပေါက် လူလွှတ်လိမ့်မယ်” ကုန်းဇီယွမ် ဆက် ပြောလေသည် “သူတို့ သူမကိုရှာမတွေ့ရင်တောင် အဲဒါကိုငါလုပ်ဖို့မလိုဘူး”

ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက်သည် “ရှင်က ချင့်ချိန်ပြီးတော့ ပေါင်းတဲ့ သူငယ်ချင်းပဲ”

“ငါက အဖိုးမတန်တဲ့အလုပ်ကို မလုပ်ဘူး” ကုန်းဇီယွမ် ဆက်ပြောလေ သည် “ငါပြန်တော့မယ် နောက်မှတွေ့မယ်”

သူတို့သည် မရင်းနှီးသောကြောင့် နောက်တစ်ခါ လာမရှာရန် ရှီမာယူယူ ပြောမည်အပြုတွင် သူသည် ခြံဝန်းထဲမှထွက်သွားလေပြီ။ သူမသည် သူ၏ အားလျော့နေသော ကျောပြင်ကိုကြည့်ပြီး သူသည် ဝမ်းနည်းနေသည်ဟု တွေး လိုက်မိသည်။

သူမ သက်ပြင်းချပြီး တံခါးပိတ်လိုက်သည်။

အပျော်လင်များအားလုံးကို နှင်ထုတ်လိုက်သည့် သတင်းသည် မြို့ဝန် အိမ်တော်တစ်ခုလုံးတွင် ပျံ့သွားသည်နှင့် ဘဏ္ဍာထိန်းသည် မုရုန်ဟွေ့၏ စာကြည့်ခန်းသို့ သွားလိုက်သည်။

“ခေါင်းဆောင် သူမက ယောက်ျားလေးတွေ အကုန်လုံးကို လွှတ်လိုက် တယ်” ဘဏ္ဍာထိန်းပြောလိုက်သည်။

မုရုန်ဟွေ့သည် လက်ထဲမှ သေတ္တာကိုထုတ်ပြီး ကွဲအက်သောအသံဖြင့် ပြောလိုက်သည် “သူမ ဘယ်မှာလဲ”

“ခြံဝန်းကိုပြန်သွားပါတယ် ပြီးတော့ ကုန်းဇီယွမ်လည်း ပြန်သွားပြီ သူ့ မျက်နှာထားအရတော့ သူမကိုယုံတဲ့ပုံပဲ” ဘဏ္ဍာထိန်း ဆက်ပြောလေသည် “မိသားစုခေါင်းဆောင် ကျွန်တော်တို့ တစ်ခုခုလုပ်ရမလား”

“မလိုဘူး ငါ သူမနဲ့စကားပြောမယ်” မုရုန်ဟွေ့သည် သေတ္တာယူပြီး ရှီမာယူယူ၏ ခြံဝန်းဆီသို့ သွားလိုက်သည်။

ရှီမာယူယူသည် သူ့ကိုမြင်ရသည်ကို မအံ့ဩပေ။

“ထိုင်ပါ” သူမသည် ပြောပြီးသည်နှင့် သူ့ကိုမကြည့်ဘဲ လက်ဖက်ရည်နှပ် နေလိုက်သည်။

မုရုန်ဟွေ့သည် ရပ်နေဆဲဖြစ်ကာ သူမ လက်ဖက်ရည်နှပ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူသည် အားရကျေနပ်စွာ ပြောလိုက်သည် “ရှီအာက ဘယ်တော့မှာ တိတ်တိတ်ဆိတ်ဆိတ်မထိုင်ဘူး သူမက အမြဲတမ်း တက်ကြွနေတာ”

ထိုစကားမှာ သူမသည် မုရုန်ရှီမဟုတ်ကြောင်းကို သူ ဝန်ခံလိုက်ခြင်းဖြစ် သည်။

“အဲဒါတွေကို ရှင်သိနေတာပဲ” ရှီမာယူယူသည် နှပ်ပြီးသားလက်ဖက်ရည် ကို မျက်နှာချင်းဆိုင်တွင်ထားပြီး မုရုန်ဟွေ့ကို ကြည့်လိုက်သည်။

“သူမက ကျုပ်သမီးပဲ သိတာပေါ့ သူမက မင်းလို တင့်တယ်မှုမျိုးမရှိဘူး” မုရုန်ဟွေ့သည် လျှောက်သွားပြီး လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက် သည် “ပြီးတော့ သူမက ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ကိုလည်း မနှပ်ဖူး ဘူး”

ရှီမာယူယူသည် သူမအတွက်ပါငှဲ့ပြီး ပြောလိုက်သည် “ဘာလို့လဲလို့ ကျွန်မ သိခွင့်ရှိမလား”

မုရုန်ဟွေ့သည် စားပွဲပေါ်သို့ သေတ္တာတင်ပြီး ဖွင့်လိုက်ရာ ရှီမာယူယူ သည် ကျိုးပဲ့နေသော အသက်ကျောက်စိမ်းကို တွေ့လိုက်ရသည်။

“ဒါက ရှင့်သမီးရဲ့ အသက်ကျောက်စိမ်းလား”

“ဟုတ်တယ် မင်းကိုမတွေ့ခင်ကတည်းက ကျိုးနေတာပဲ” မုရုန်ဟွေ့ သည် သေတ္တာကိုသိမ်းလိုက်သည် “ဒါပေမဲ့ သူမက ငါ့အတွက် အဖိုးတန်လေးပဲ သူမခန္ဓာကိုယ်ကို ဘယ်လိုလုပ် အဲဒီမှာထားခဲ့နိုင်မှာလဲ… ပြီးတော့ သူမကိုရှာဖို့ လူလွှတ်လိုက်တော့ သူမခန္ဓာကိုယ်ဘေးမှာ သတိမေ့နေတဲ့မင်းကိုတွေ့ခဲ့တယ် အဲဒါကြောင့် အသက်ရှင်နေတာ သူမဖြစ်ဖို့မျှော်လင့်ပြီးတော့ အသက်ကျောက် စိမ်းကွဲတာတော့ မဟုတ်ပါစေနဲ့လို့ဆုတောင်းခဲ့တာ နှမြောစရာပဲ…”

“စိတ်မကောင်းပါဘူး” သူ အလွန်ဝမ်းနည်းပက်လက်ဖြစ်နေသည်ကို ကြည့်ပြီး ရှီမာယူယူသည် စုပ်သပ်ပြီး သူ့ကိုနှစ်သိမ့်လိုက်သည်။

“မင်းကို ကောင်းကောင်းစစ်ကြည့်ပြီးတော့ မင်းကိုပဲ ပြန်ခေါ်ခဲ့ဖို့ ဆုံးဖြတ်လိုက်တယ် ငါ့သမီးကိုသတ်သွားတာ ဘယ်သူလဲဆိုတာကို အခုထိ မသိသေးဘူး… သူမ မသေသေးဘူးဆိုတာ သိရင်တော့ သူတို့ထပ်ပြီး ကြိုးစား မှာပဲ ဒီကနေမှ နောက်ကွယ်ကလူကို ဖော်ထုတ်နိုင်မယ်” မုရုန်ဟွေ့ ရှင်းပြလေ သည်။

“ဪ သိပြီ” သူတို့သည် ရုပ်တူသည့်တိုင်အောင် ကိုယ့်သွေးသားကို ခွဲခြားရန်မခက်ခဲသည်ကို ရှီမာယူယူ ထူးဆန်းသည်ဟုထင်သည်။ သူသည် သိနှင့်ပြီးသားဖြစ်သည်။ “နောက်ကွယ်ကလူကို ကျွန်မကို ဖြားယောင်းစေချင် တာလား”

“အန္တရာယ်များပေမဲ့ ငါ မင်းကိုရှီအာရဲ့ ရာထူးကိုပေးနိုင်တယ် မင်းဆန္ဒရှိ ရင်တော့ မင်းက ထာဝရတောက်ပခြင်းမြို့တော်ရဲ့ အကြီးဆုံးသခင်မလေးဖြစ် နိုင်တယ်” မုရုန်ဟွေ့ပြောလိုက်သည်။

ရှီမာယူယူသည် လက်ထဲမှခွက်ကို လှည့်ပြီး စဉ်းစားနေသည်။ သူမသည် တစ္ဆေလောကကိုလာခဲ့ကာ မည်သည့်အင်အားမှမရှိသလို ဘာကိုမှလည်း မသိ ပေ။ ဤအချိန်တွင် တည်ငြိမ်သည့်နေရာတစ်ခုရှိထားခြင်းသည် ကောင်းသည်။

အန္တရာယ်အတွက်ကတော့… အယူရှိရင် အပေးတော့ရှိရမှာပဲလေ ဟုတ်တယ်မလား။

အရေးအကြီးဆုံးမှာ သူမ သဘောမတူပါက မုရုန်ဟွေ့သည် သူမကို မြို့ဝန်အိမ်တော်မှ ရှက်လျက်ထွက်သွားခွင့်ပေးမည်မဟုတ်ပေ။

“ဟုတ်ပါပြီ ကျွန်မလုပ်ပါမယ် အဖေ သမီးနှပ်ထားတဲ့ လက်ဖက်ရည်ကို သောက်ကြည့်ပါဦး” ရှီမာယူယူသည် ပြုံးပြီး မုရုန်ဟွေ့၏ လက်ဖက်ရည်ကို ဖြည့်ပေးလိုက်သည်။

“လိမ္မာလိုက်တဲ့သမီး တော်လိုက်တာ”

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အဖေ”

သူတို့နှစ်ယောက်လုံးသည် အဖေနှင့်သမီးဟု အမည်တပ်ခေါ်ကာ နှစ်ယောက်လုံးသည် တကယ့် သားအဖကဲ့သို့ ပြုမူလေသည်။ ပြီးနောက် သူမသည် မုရုန်ရှီမဟုတ်ဘူးဟု ရှီမာယူယူ ထပ်မပြောတော့ပေ။

သူမတွင် ဒဏ်ရာများရှိသဖြင့် မုရုန်ဟွေ့သည် ဆေးများနှင့် ဖြည့်စွက်စာ များပို့ပေးသည်။ သူမသည် ဆေးသောက်ပြီး ဖြည့်စွက်စာများကို သိမ်းထား လိုက်သည်။ ထိုဖြည့်စွက်စာများသည် ခန္ဓာကိုယ်အတွက်သာ ကောင်းခြင်းဖြစ် သည်။ သူမသည် ဝိညာဉ်သာဖြစ်သဖြင့် စားလိုက်လျှင်လည်း အလဟဿပင် ဖြစ်သည်။

သူမ ပြန်ကောင်းလာပြီးနောက် ထင်ရွှေနှင့် ထင်စန်းတို့ကို နှင်ထုတ်ပြီး မည်သူမှမရှိသည်ကို သေချာအောင်လုပ်ပြီးသည်နှင့် ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက်သည်။

သည်တစ်ကြိမ်တွင် ဝိညာဉ်စေတီသည်လည်း ပြင်းထန်သော ပျက်စီးမှု များနှင့်ရင်ဆိုင်လိုက်ရာ ဆိုးဝါးစွာပင် ယိုယွင်းသွားခဲ့သည်။ ပြာလဲ့သော ကောင်းကင်နဲ့ အဖြူရောင်တိမ်တိုက်များမရှိတော့ဘဲ ကောင်းကင်များသည် တစ္ဆေလောက၏ ကောင်းကင်ကဲ့သို့ မီးခိုးရောင်ဖြစ်နေသည်။

သူမသည် ဝိညာဉ်လေးကို နှစ်ကြိမ်မျှအော်ခေါ်သော်လည်း ဝိညာဉ်လေး သည် ပြန်မဖြေပေ။ သူမသည် တခြားသော ဝိညာဉ်သားရဲများကို သွားရှာရာ ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီမှလွဲပြီး ကျန်ဝိညာဉ်သားရဲများသည် သူမနှင့် ချည်နှောင်ထားသဖြင့် အိပ်မောကျနေကြသည်။

***

All Chapters