အခန်း ၁၅၅၂
Vol. 105 Ch. 1552
အပိုင်း (၁၅၅၂)
စုရှောင်မိုသည်ထိုက်ရွှမ်အအေးဂိုဏ်း၌ သူလျှိုသွားရောက် ပြုလုပ်ခဲ့စဉ်အချိန်က ဂိုဏ်းအတွင်း ၎င်း၏ လုပ်ဆောင်နိုင်မှုကို အထက်ပိုင်းအကြီးအကဲများ သိရှိသွားစေရန်ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့ လိုအပ်ခဲ့၏။ထိုကဲ့သို့သော ဇာတ်လမ်းကို ပြုလုပ်ရန်အတွက် လူကြမ်းသရုပ်ဆောင်နေရာအား ဟောခန်းသခင်ကျိ ကို တာဝန်ပေးအပ်ခဲ့၏။ထိုစဉ်က ခရမ်းရောင်ဘုရင်၏သရုပ်ဆောင်မှုသည်အလွန်တရာ ဆိုးရွားလွန်းလှသောကြောင့်စုရှောင်မိုသည်ပြေး၍ ကန်ချင်စိတ်ပင်ပေါက်မိခဲ့၏။
ရွေးချယ်စရာမရှိချေ။ သရုပ်ဆောင်ခြင်းအရ ပြောရမည်ဆိုလျှင်မွန်းစတားများသည်တကယ်ပင်ဆိုးရွား လွန်းလှချေသည်။ သို့ပေမဲ့ဟောခန်းသခင်ကျိသည်အရှုံးမပေးခဲ့ချေ။သားရဲများသည်အဘယ်ကြောင့်လူသားများ ပြုလုပ်နိုင်သည့်အရာကို မပြုလုပ်နိုင်ရမည်နည်း။ လူသားများ ပြုလုပ်နိုင်သည်ဆိုမှတော့ သူလည်း ပြုလုပ်နိုင်အောင် ကြိုးစားရပေလိမ့်မည်။ထို့ကြောင့်ဟောခန်းသခင်ကျိသည်သုံးနှစ်လုံးလုံး သရုပ်ဆောင်ခြင်းပညာကို တိတ်တဆိတ် ကြိတ်ကာ လေ့ကျင့်ခဲ့သည်။
လက်ရှိအခြေအနေမှာတော့ ၎င်းသည်အပိုအလိုမရှိ သရုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်သူ သက်သေပြ နိုင်ရန်အတွက် ဂိုဏ်းချုပ်ပင်လျှင်စိတ်ပူသည့်အခြေအနေသို့ရောက်ရှိသွားအောင်သူက သရုပ်ဆောင်နိုင်ခဲ့၏။ယနေ့သရုပ်ဆောင်မှုသည်အခွင့်အရေးကောင်းကြီးတစ်ခုအဖြစ်သူက ထင်မှတ်ခဲ့သည်။ထို့ကြောင့်ပင်လျှင်အဆိပ်ဆေးလုံးကို တစ်ခါတည်းယူကာ သောက်သုံးပြီးနောက်သူ၏သရုပ်ဆောင်စွမ်းရည်ကို စတင်ကာ ပြသခြင်း ဖြစ်၏။
မျက်နှာသွင်ပြင်တစ်ခုလုံးသည်နာကျင်နေသည့်ဟန်ပင်အမူအရာမျိုး ပေါ်ပေါက်နေပြီး တစ်ချက်ကလေးမှအပြစ်အနာအဆာမျိုး မရှိခဲ့ချေ။ချွေးသီးချွေးပေါက်များပင်လျှင်နဖူးစပ်မှကျဆင်းစေခဲ့သည်။
ထို့ကြောင့်ပင်လျှင်စုရှောင်မိုသည်ယုံကြည်ခဲ့၏။ ကျွင်းချောင်ရှောင်းသည်လည်း ယုံကြည်ခဲ့၏။ ပြိုင်စံရှားဂိုဏ်းမှအထက်ပိုင်း အကြီအကဲများနှင့် တပည့်များသည်လည်း သူ့ကို ယုံကြည်ခဲ့သည်။
ဆိုလိုသည်မှာ သရုပ်ဆောင်စွမ်းရည်လုံးဝ မရှိသော လူတစ်ယောက်သည် ကြိုးစားမှုသာ တည်ရှိသည်ဆိုပါက ကျိန်းသေပေါက်အားလုံးက ယုံကြည်နိုင်လောက်သည့်သရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်သည်ဆိုခြင်းပင်။
“ဟောခန်းသခင်ကျိ”
စုရှောင်မိုသည် ရုတ်တရက်လက်မထောင်ကာ ပြောလိုက်၏။ “ကျုပ်အရှုံးပေးပါပြီ”
ယခင်တုန်းက သူသည်တစ်ဖက်လူ၏ သရုပ်ဆောင်မှုနှင့်ပတ်သက်၍အလွန်တရာ စိတ်ဓာတ်ကျခဲ့ဖူး၏။ သို့ပေမဲ့ယနေ့အချိန်မှာတော့တစ်ဖက်လူ ထုတ်ဖော်ပြသခဲ့သည့်သရုပ်ဆောင်မှုသည်အပြစ်အနာ ကင်းမဲ့လို့နေခဲ့၏။ကျိန်းသေပေါက်နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်သည့်လူမျိုးပင်။
ဟူး ….။
လီချင်းယန်နှင့်တခြားသူများ အားလုံးသည်စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ဟောခန်းသခင်ကျိ သည်သရုပ်ဆောင်နေခြင်းသာ ဖြစ်၏။ ပြောနေစရာပင်မလိုချေ။ချက်ချင်းသေဆုံးသွားမည်သကဲ့သို့သူတို့က ထင်မှတ်ခဲ့၏။တပည့်များ၏
စိတ်ပိုင်းဆိုင်ရာနှင့် အမူအရာများအားလုံးသည်အရေးမကြီးလှချေ။အရေးကြီးသည်မှာ ကျွင်းချောင်ရှောင်း၏ ဟန်ပန်အမူအရာပင် ဖြစ်သည်။သူသည်ဒေါသထွက်လွန်းသောကြောင့် ခန္ဓာကိုယ်သည်တဆတ်ဆတ်တုန်ယင်လျက်ရှိ၏။ မျက်လုံးဆီမှမီးခိုးမီးငွေ့များပင်ထွက်ပေါ်လျက်ရှိနေသည်။
“ကျုပ်က ဘေးအန္တရာယ်ဖြေရှင်းနိုင်မှုလုပ်ဆောင်မှုပုံစံကို တစ်ခါတည်း အသက်သွင်းခဲ့တယ်။ဒါကြောင့်ဂိုဏ်း စုဆောင်းမှတ် နှစ်သန်းတိတိက ကုန်ဆုံးသွားခဲ့တယ်လေ။ ချီးတဲ့မှ...ခင်ဗျားက သရုပ်ဆောင်နေတယ်ဟုတ်လား။ ကောင်းပြီ... ခင်ဗျားစိတ်လိုလက်ရ သရုပ်ဆောင်မှုကို လုပ်ခိုင်းမယ်”
ကျွင်းချောင်ရှောင်းသည်ချက်ချင်းပဲ ဟောခန်းသခင်ကျိ၏ လက်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက်ပခုံးပေါ်သို့ထမ်းတင်ကာဖြင့်မီးစိတ်ဝိညာဉ်နှင့်မိစ္ဆာစိတ်ဝိညာဉ်များကို ထုတ်ယူပြီးနောက်ချက်ချင်း တစ်ဖက်လူအား မီးနှင့်မြိုက်၊မိစ္ဆာဓာတ်များနှင့် လောင်မြိုက်စေခဲ့တော့၏။
ဘုန်း ဘုန်း ဘုန်း
ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများ၏ အရှိန်အဟုန်ကြောင့်ဟောခန်းကြီးတစ်ခုလုံးပင်လျှင် ကြမ်းကြမ်း တမ်းတမ်းနှင့် တုန်ခါနေသည်။
လီချင်းယန်သည်ချက်ချင်းလှမ်းကြည့်ပြီးသည့်နောက်နဖူးစပ်မှချွေးစက်များပင်ကျဆင်းလာ၏။ “သွားပြီပဲ”
ဘုန်း
ကြမ်းတမ်းလွန်းလှသော စွမ်းအင်များ၏ ပေါက်ကွဲမှုအောက်တွင်အဓိကဟောခန်းကြီးတစ်ခုလုံးသည် ပြိုလဲသွားခဲ့သည်။
ဟူး ဟူး
အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည်မျက်နှာတစ်ခုလုံး ဖုန်များပေပွကာဖြင့်အပြင်ဘက်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြ၏။ ၎င်းတို့သည်ဂိုဏ်းချုပ်တစ်ယောက်ဟောခန်းသခင်ကျိ၏ ခန္ဓာကိုယ်ပေါ်တွင်ခွထိုင်ပြီး အားရပါးရ ထိုးနှက်နေသည့်မြင်ကွင်းကို စိမ်ပြေနပြေ ထိုင်ကာ ကြည့်ရှုနေရ၏။ ဂိုဏ်းချုပ်သည်လက်ရှိအချိန်မှာတော့နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ပြောင်းလဲလျက်ရှိနေ၏။
“သောက်ကျိုးနည်း... ဘာတွေဖြစ်ကုန်တာလဲ။ ပြောပြကြပါအုံး”
ဘုန်း ဘုန်း ဘုန်း
ပြင်းထန်လွန်းလှသော လက်သီးထိုးနှက်သည့်အသံများသည်ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိနေပြီး တစ်နေကုန်နီးပါးပင် ဖြစ်တည်နေ၏။
ကျွင်းချောင်ရှောင်းတစ်ယောက်ဟောခန်းသခင်ကျိကို အချိန်မည်မျှ ကြာအောင် နှိပ်စက်ရိုက်နှက်ခဲ့သနည်း။ အချိန်မည်မျှကြာသနည်း ဆိုသည်မှာ မသေချာသော်လည်း လီချင်းယန်မှာတော့ ရင်ကွဲနာကျလျက်ရှိနေ၏။ ဟောခန်းသခင်ကျိတစ်ယောက်ပက်ပက်စက်စက်ထိုးနှက်ခြင်းကို ခံရသောကြောင့်ရင်ကွဲနာကျနေခြင်း မဟုတ်ပေ။ ဟောခန်းကြီးတစ်ခုလုံး ပျက်စီးသွားသောကြောင့်ပင်။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည်အသာလျှောက်လာကာ ပြောလိုက်၏။ “ခဏလောက်အနားယူပြီး တစ်ခုခု စားလိုက်ပါအုံး”
ဘုန်း
ကျွင်းချောင်ရှောင်းသည် ကြမ်းတမ်း ပြင်းထန်လွန်းလှသော လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်သူသည်သူ၏လက်ကောက်ဝတ်များကို ယမ်းခါကာဖြင့်အသာနောက်သို့လှည့်လိုက်သည်။
ခရမ်းရောင်ဘုရင်အား တစ်ချက်လှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင်တစ်နေ့နှင့်တစ်ညလုံးလုံး ထိုးနှက်ရိုက်နှက်ခံရသောကြောင့်ကြည့်ချင်စရာ မကောင်းလောက်အောင်ပင်တစ်ကိုယ်လုံး ဖူးယောင်လျက်ရှိနေတော့၏။
............
စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်း၏ တူကိုင်ထားသော လက်များပင်လျှင်တုန်ခါလျက်ရှိနေ၏။ ဂိုဏ်းစုဆောင်းမှတ် နှစ်သန်းတို့သည်တစ်ခါတည်း ပြောင်သလင်းခါသွားခဲ့၏။ထိုအကြောင်းကို ပြန်လည်စဉ်းစား ပြီးသည့်နောက်သူသည်ရင်ဘတ်တစ်ခုလုံး နာကျင်သလိုပင်ခံစားလာမိသည်။
“ဟင်း”
စနစ်သည်အကူအညီမဲ့စွာဖြင့်ပြောလိုက်၏။ “လက်ခံသူတစ်ယောက်ဒီလောက်စိတ်ပူတတ်မှန်းသိရင်ဂိုဏ်းစုဆောင်းမှတ်တွေ ပျောက်ကွယ်သွားဖို့ ဖြည်းဖြည်းချင်း မေးခဲ့ပါတယ်”
ဘေးအန္တရာယ်ဖြေရှင်းသည့်လုပ်ဆောင်နိုင်မှုကို အသက်သွင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည်အရာအားလုံးကို တစ်ခါတည်း ကုန်ဆုံးသွားရန်စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။
သို့ပေမဲ့စနစ်သည် ကျွင်းချောင်ရှောင်း၏ အကြောင်းကို ကောင်းကောင်းသိနေ၏။ ထို့ကြောင့်ဂိုဏ်းစုဆောင်းမှတ်ကို တစ်ခါ၊ဂိုဏ်းအောင်မြင်မှုအမှတ်ကို တစ်ခါ၊ဂိုဏ်းဂုဏ်သိက္ခာအမှတ်ကို တစ်ခါရည်ရွယ်ချက်ရှိရှိဖြင့်ကုန်ဆုံးသွားအောင် ပြုလုပ်ခဲ့ခြင်းဖြစ်၏။
ကံကောင်းစွာဖြင့်ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းကြောင့်ဂိုဏ်းစုဆောင်းမှတ်များသည်သာ ကုန်ဆုံးသွားခဲ့၍အခြားသော အမှတ်နှစ်ခုမှာတော့ကျန်ရှိနေခဲ့သေးသည်။
“ဝမ်းနည်းနေစရာ မလိုဘူးလေ”
စနစ်က နှစ်သိမ့်လိုက်၏။ “ဒါက နှစ်သန်းထဲပါကွ”
“...........”
ကျွင်းချောင်ရှောင်းသည်စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိနေ၏။ “နှစ်သန်းဆိုတာက ဂိုဏ်းစုဆောင်းမှတ်တွေမဟုတ်ဘူးလား”
စနစ်က ပြောလိုက်သည်။ “ဒီတစ်ကြိမ်ဆေးလုံးက ဟောခန်းသခင်ကျိကို မထိခိုက်စေခဲ့ဖူးလေ။ ဆိုလိုတာက ဟောခန်းသခင်မြောင်ရဲ့အဆိပ်ဖြေဆေးက အကျိုးရှိတယ်ဆိုတာပဲ။ ဒီတော့ဂိုဏ်းစုဆောင်းမှတ်နှစ်သန်းကို အသုံးပြုပြီးတော့ကောင်းကင်က ငြင်းပယ်လို့ရလောက်တဲ့ ဆေးလုံးကို ဝယ်ယူလိုက်တယ်လို့သတ်မှတ်လို့ရတယ်မဟုတ်ဘူးလား”
ကျွင်းချောင်ရှောင်းသည်ကြောင်အသွား၏။ ပြီးနောက်ပြောလိုက်၏။ “ဒါက အမှန်ပဲ”
သူ့အနေနှင့် ဂိုဏ်း စုဆောင်းမှတ်များ ကုန်ဆုံးသွားခဲ့သည်ကို စိတ်ပူနေသောကြောင့်ဟောခန်းသခင်ကျိ တစ်ယောက်အဆိပ်များကို မည်ကဲ့သို့ဖြေရှင်းခဲ့သည်ဖြစ်ကြောင်းကို မေ့လျော့နေမိ၏။ လက်ရှိအခြေအနေမှာတော့ဆိုလိုသည်မှာ မြောင်စိုင်းဖန်ဖန်တီးထားသည့်ဆေးလုံးများသည်တပည့်များ သောက်သုံး၍ ရနေသည့်အရာများ ဖြစ်နေသည် မဟုတ်ပါလား။
ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည်တည်နေရာချိုးဖြတ်ခြင်းအဆင့်၌သာ တည်ရှိနေခဲ့၏။အဆင့်မြင့်ဆီသို့သာ ရောက်ရှိနိုင်မည်ဆိုလျှင်ဥပမာအားဖြင့်အမြူတေပြောင်းလဲခြင်းအဆင့်ဆီသို့ရောက်ရှိလာရန်အတွက်များပြားလွန်းလှသော သိုင်းအရင်းအမြစ်များကို အသုံးပြုရမှာဖြစ်၏။ထို့အပြင်အချိန်လည်း ကုန်ဆုံးနိုင်သေး၏။ အမြူတေပြောင်းလဲခြင်းဆေးလုံးထဲတွင်ရှိနေသော အဆိပ်များသည်တပည့်များကို အန္တရာယ်မပေးနိုင်ဘူးဆိုပါက အချိန်အတိုင်းအတာတိုအတွင်း ထိုကဲ့သို့သောအဆင့်မျိုးကို တိုးတက်ရောက်ရှိသွားမှာဖြစ်၏။
“ဂိုဏ်းစုဆောင်းမှတ်နှစ်သန်းကို အသုံးပြုပြီးတော့ဂိုဏ်းတစ်ခုလုံးကို အမြူတေပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်တဲ့အခြေအနေတစ်ခုကို ရောက်ရှိစေနိုင်တယ်ဆိုလို့ရှိရင်ဆုံးရှုံးမှုလို့သတ်မှတ်နိုင်အုံးမှာလား” စနစ်က ပြောလိုက်သည်။
“ဆုံးရှုံးမှုမဟုတ်ဘူး။ ဆုံးရှုံးမှုမဟုတ်ဘူး” ကျွင်းချောင်ရှောင်းသည်သေသေချာချာ တွေးတောလိုက်၏။ ပြီးနောက်သူ၏ မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။
ထမင်းစားသောက်ပြီးသည့်နောက်ကုန်းရှန့်သည်စားသောက်ခန်းထဲမှထွက်လျှောက်လာပြီးသည့်နောက်အပျက်အစီးပုံရှေ့တွင်မတ်မတ်ရပ်လျက်ရှိနေသော လီချင်းယန်အား လှမ်းကာကြည့်ရှုလိုက်၏၊၊သူသည်အရှေ့ဆီသို့လှမ်းလျှောက်လာပြီးသည့်နောက်သံမဏိအရိုး ဂိုဏ်းဟူသော ဆိုင်းဘုတ်ကြီးကို ထုတ်ယူကာဖြင့်ပြောလိုက်သည်။ “အဓိကဟောခန်းက အောက်နယ်မြေမှာ တည်ဆောက်ခဲ့တာလေ။ အခု အထက်နယ်မြေကို ရောက်နေပြီ။ ဒီတော့ ပြန်ပြီး ပြင်ဆောက်ဖို့ လိုနေပြီ။ ပြန်ဆောက်လိုက်ကြရအောင်”
အဓိကဟောခန်းဆိုသည်မှာဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာကို ဆိုလို၏။ တခြားသူများ ဖျက်ဆီးသည်ဆိုပါက ကျိန်းသေပေါက်သည်းခံနိုင်မည့်အရာ မဟုတ်ချေ။သို့ပေမဲ့ဖျက်ဆီးခဲ့သူသည်ဂိုဏ်းချုပ်ဖြစ်နေသောကြောင့်ဘာမှမဖြစ်သလို ပြုမူဆောင်ရွက်ရပေလိမ့်မည်။
သို့ပေမဲ့ကုန်းရှန့်၏စကားသည်အမှန်ပင်အဓိပ္ပာယ်ရှိလှ၏။ ဂိုဏ်း၏ အဓိကဟောခန်းသည်အောက်နယ်မြေတွင်တည်ဆောက်ခဲ့သည့်အရာဖြစ်၏။ထူးခြားသည့်အရာများနှင့် တည်ဆောက်ခဲ့သည် ဆိုသော်လည်း လုံလောက်သည့်ထည်ဝါမှုမျိုးတော့မရှိခဲ့ချေ။ထို့ကြောင့်အထက်နယ်မြေသို့ရောက်ရှိပြီးသည့်နောက် ပြန်လည်ကာ တည်ဆောက်မှသာလျှင်လိုက်ဖက်ညီသည့်အရာမျိုး ဖြစ်လာမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည်ဟောခန်းသခင်ကျိကို ပက်ပက်စက်စက်ထိုးနှက်ရိုက်နှက်ခဲ့၏။ထို့ကြောင့်ဟောခန်းသခင်ကျိသည်သတိလစ်မေ့မျောလျက်ရှိနေပြီး ဟောခန်းကြီးတစ်ခုလုံးသည်လည်း ပြိုလဲလျက် ရှိနေ၏။
“ကောင်းပြီ” ပြန်လည်တည်ဆောက်ရန်ပြောဆိုခဲ့သည်ဖြစ်သောကြောင့်လီချင်းယန်သည်အားအင်များ တိုးတက်လာခဲ့၏။ထို့ကြောင့်စားသောက်ခန်းဆီသို့ပြေးကာ အစားအသောက်များကို ကြုံသလို ပါးစပ်ထဲသို့အတင်းထိုးထည့်လိုက်၏။ ပြီးနောက်တောဝက်ရိုင်းလေးကို ခေါ်ကာဖြင့်အဆောက်အဦများကို စတင်တည်ဆောက်ရန် ကြိုးစားတော့သည်။
အထက်နယ်မြေဆီသို့ရောက်ရှိလာပြီဆိုမှတော့အဓိကဟောခန်းသည်အလွန်ပင်ခံ့ညားသည့်အရာမျိုး ဖြစ်အောင်တည်ဆောက်မှ ဖြစ်ပေလိမ့်မည်။
တစ်နာရီခန့်ကြာအောင်စီစဉ်ဆောင်ရွက်ပြီးသည့်နောက်မှာတော့အဓိကဟောခန်းတည်ဆောက်မှုသည်မျက်ဝါးထင်ထင်ပေါ်လာခဲ့သည်။အထဲတွင်ထည့်သွင်းမည့်အရာများအားလုံးသည်ထည်ဝါပြီး ကြည့်ကောင်းလှသည့်အရာများဖြစ်၏။
………………….
ကျွင်းချောင်ရှောင်းသည်ဆောက်လုပ်ရေးလုပ်ငန်းများကို သူ၏ဒုတိယတပည့်နှင့်လွဲအပ်ထားလိုက်တော့သည်။ ပြီးနောက်ချက်ချင်းပဲ ဆေးဟောခန်းမဆောင်သို့သွားရောက်လိုက်တော့သည်။ “အကြီးအကဲဝေ ဒီအဆိပ်ဆေးပင်တွေများများရနိုင်ဖို့အတွက်စိုက်ပျိုးနိုင်သေးလား”
ပထမအဆင့်အမြူတေပြောင်းလဲခြင်းဆေးလုံးသည်ထိခိုက်မှုများကို မဖြစ်ပေါ်ခဲ့ချေ။ထို့ကြောင့်နောက်တစ်ဆင့်များများစားစား ထုတ်လုပ်ရမည့်အရာသည်ဆေးပင်များကို စိုက်ပျိုးရန်ပင်ဖြစ်သည်။ထို့ကြောင့်တပည့်များအနေဖြင့်အမြူတေ ပြောင်းလဲခြင်းဆေးလုံးများကို အသီးသီး သောက်သုံးနိုင်မှာဖြစ်တော့သည်။
“ဟောခန်းသခင်မြောင်”
ကျွင်းချောင်ရှောင်းသည်အဆိပ်ဟောခန်းဆီသို့ထပ်မံကာသွားလိုက်၏။ ပြီးနောက်ပြောလိုက်၏။ “အဆိပ်ဖြေဆေးနဲ့ပတ်သက်ရင်ခင်ဗျား ထပ်ပြီးတော့သန့်စင်ဖို့လိုလိမ့်မယ်”
ဆေးလုံးများ ဖော်စပ်ရန်အတွက်ဆေးပင်များ လိုအပ်သလို အဆိပ်များဖြေရှင်းရန်အတွက်အဆိပ်ဖြေဆေးများလည်း လိုအပ်နေသေး၏။ ထို့ကြောင့်ကုန်ဆုံးနိုင်သည့်ပိုက်ဆံပမာဏကလည်း များပြားလို့နေခဲ့သည်။ဂိုဏ်းတစ်ခုလုံး၏ အလုံးစုံသော အားအင်အဆင့်ကို တိုးတက်စေရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် နှမျောမနေခဲ့ချေ။သူ့၏ချမ်းသာကြွယ်ဝမှုများ အားလုံးကို ထုတ်ဖော်ကာ အသုံးပြုရန်အဆင်သင့်ဖြစ်လို့နေသည်။
……
စိတ်ဝိညာဉ်သားရဲဟောခန်း
ခရမ်းရောင်ဘုရင်သည်အိပ်ရာပေါ်၌လှဲလျက်ရှိနေ၏။ အသက်ဝင်နေသော မျက်လုံးတစ်စုံမှလွဲလျင်မျက်နှာတစ်ခုလုံးသည်ဖူးယောင်လျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော်သူသည်ပက်ပက်စက်စက်ထိုးနှက်ရိုက်နှက်ခြင်းကို ခံခဲ့ရသောကြောင့်ပင်။
ဟောခန်းသခင်ကျိသည်မှားယွင်းနေသည်ဟု ခံစားနေမိ၏။ သူသည်ဂိုဏ်းချုပ်အတွက်ဆေးလုံးကို အောင်အောင်မြင်မြင်ဖြင့်စမ်းသပ်ခဲ့သည်မဟုတ်ပါလား။ သို့ပေမဲ့အဆုံးသတ်တွင်အဘယ်ကြောင့်ဤကဲ့သို့အခြေအနေမျိုး ရောက်ရှိအောင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသနည်း။
ကျိသည်တွေးရင်မျက်ရည်များပင်ဝိုင်းလာမိသည်။