← Chapters

အခန်း ၁၅၅၃

Vol. 105 Ch. 1553

အခန်း ၁၅၅၃

Vol. 105 Ch. 1553

အပိုင်း (၁၅၅၃)

ဘုတ် ….။

လေ့ကျင့်ရေးခန်းမထဲတွင် လီထျန်းထျန်းသည် ဒူးတစ်ဖက်ထောင်လိုက်ပြီးနောက် ဖော်ပြ၍မရသော မျက်နှာသွင်ပြင်ဖြင့် ဖြစ်တည်နေ၏။ လက်ရှိအချိန်မှာတော့ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အဆိပ်များသည် ဒီရေလှိုင်းများကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်စားလျက်ရှိနေသည်။ သူသည် အချိန်မရွေး သေဆုံးသွားနိုင်သော လူတစ်ယောက်အဖြစ် ခံစားလျက်ရှိနေ၏။

ကံကောင်းစွာဖြင့် သူ၏ဘေးတွင် များပြားလှသည့် အဆိပ်ဖြေဆေးများ တည်ရှိနေ၏။ ထိုအရာများကို မြန်မြန်ဆန်ဆန် သောက်သုံးလိုက်ပြီးသည့်နောက် နာကျင်မှုများသည် တဖြည်းဖြည်းခြင်း အားပျော့လာခဲ့၏။ ဆယ့်ငါးမိနစ်ကြာပြီးသည့်နောက် လီထျန်းထျန်းသည် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး သည် ချွေးများဖြင့် ပြည့်နှက်နေ၏။ အဆိပ်ဒဏ်ကြောင့် ဖြစ်ပေါ်နေသော နာကျင်မှုသည် ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ခိုက်လျက်ရှိနေ၏။ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့သည့် အတွေ့အကြုံမျိုးကိုပင် ခံစားခဲ့ရသည်။

ပြန်လည်တွေးမိလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးမွေးညှင်းများ ထသွားသလို ခံစားလိုက်ရ၏။ သို့ပေမဲ့ အရာအားလုံးသည် ထိုက်တန်လှချေ၏။ အဘယ့်ကြောင်ဆိုသော် သူသည် အမြူတေပြောင်းလဲခြင်း အဆင့်တစ်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့သောကြောင့်ပင်။

ဖန်းကွေ့ချန်နှင့် အခြားသောသူများ အားလုံးတို့သည် စုစုပေါင်း ဆေးလုံးဆယ်လုံးကို သန့်စင်နိုင်ခဲ့၏။ စမ်းသပ်နြှင့် အခြားသောသူများအား ပေးအပ်ခဲ့သည်။ ကျန်သောသူများအနေဖြင့် အနာဂတ်တွင် ဆေးလုံးများသန့်စင်နိုင်ပါက ေ"မဆိုးဘူးပဲ"

မြေပေါ်တွင် ခွေးသေကြီးတစ်ကောင်ကဲ့သို့ လဲလျောင်းလျက်ရှိနေသော လီထျန်းထျန်းအား သေချာကြည့်ရှုပြီးသည့်နောက် အော်ရာများသည် အမြူတေပြောင်းလဲခြင်း အဆင့်တစ်ဆီသို့ ပြောင်းလဲသွားခဲ့ သိလိုက်ရ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။

နာကျင်မှုဒဏ်ကို ခံနိုင်မှုတွင် ခွန်သားရဲနှင့် နှိုင်းယှဉ်၍မရချေ။ ဆေးလုံးကို သောက်သုံးပြီးသည့် နောက်မှာတော့ အဆိပ်ဓာတ်များအား ခုခံရင်းနှင့် မြေပေါ်တွင် လဲလျောင်းလျက်ရှိနေ၏။ ခံစားမှုသည် နာကျင်လွန်း လှချေသည်။

သို့ပေမဲ့ တစ်စုံတစ်ယောက်သည် အမြူတေပြောင်းလဲခြင်း အဆင့်တစ်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့သည် ဖြစ်သောကြောင့် နာကျင်ခံစားမှုများကို ထိုက်တန်သည်ဟု ခံစားရပေလိမ့်မည်။

ဟုတ်ပေသည်။ သိုင်းပညာမြင့်မားမှုကိုသာ လေးစားသည့် လောကကြီးတွင် ကျင့်ကြံခြင်းကို တိုးမြင့်လာစေရန်အတွက် လုံလောက်သည့် နာကျင်မှုများကို ခံစားရမည်ဆိုလျှင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်နှင့် ခံယူမိမှာ သေချာ၏။ အသက်ဆုံးရှုံးရမည်ဆိုလျှင်တောင်မှ အားလုံးသောသူများသည် ဂရုစိုက်လိမ့်မည် မဟုတ်ကြချေ။

ပြီးသည့်နောက် အခြားသူများအားလုံးသည် အမြူတေပြောင်းလဲခြင်း ဆေးလုံးကို သောက်သုံးပြီးနောက် အမြူတေပြောင်းလဲခြင်း အဆင့်တစ်ဆီသို့ ချိုးဖျက်ရောက်ရှိခဲ့၏။ ဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် အနည်းငယ် ပိုမိုတိုးတက်လာခဲ့၏။

ရက်အနည်းငယ် ကြာပြီးသည့်နောက် အကြီးအကဲဝေသည် ဆေးဥယျာဉ်ကြီးတွင် ဆေးအမျိုးအစားခွဲပြီးသည့်နောက် အဆိပ်ဆေးပင်များကို စတင်ကာ စိုက်ပျိုးတော့၏။ အဆိပ်ဆေးပင်များ၏ ပေါက်ရောက်မှုသည်လည်း နှစ်လ၊သုံးလခန့်တွင် ကြီးထွားလာပေလိမ့်မည်။

"ဒါနည်းနည်းတော့ နှေးတာပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။ "တပည့်တွေကို စိုက်ပျိုးခိုင်းတာ ကောင်းမယ်နဲ့တူတယ်နော်။ ဒါပြင် တစ်ခြားနည်းလမ်းလည်း မရှိဘူးလေ။ ကျုပ်တို့ လူအင်အားကောင်းကောင်းနဲ့ စိုက်ပျိုးရင်း အရင်းအမြစ်တွေကိုလည်း ချွေတာသလိုဖြစ်လိမ့်မယ်"

ကျွင်းချောင်ရှောင်းသည် ထိုအချက်ကို လေ့လာလိုက်မိ၏။ အဆင့်ကို လျစ်လျူရှုပြီး အမြူတေပြောင်းလဲခြင်း အဆင့်ကို ရောက်ရှိနေနိုင်သည့် ဆေးလုံးမှာ ရွှမ်စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ချွေတာရာရောက်ပေလိမ့်မည်။

"စိတ်ကူးကြည့်ဖို့ ခက်တာပဲ"

ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။ "နတ်ဘုရားမဟုတ်တဲ့ လူသားတွေက ဒီလိုဆေးလုံးမျိုးကို တီထွင်ခဲ့တယ်ဆိုတာ အံ့အားသင့်ဖို့ကောင်းတယ်"

သာမန်အခြေအနေအရဆိုလျှင် လူသားများသည် ဆေးပညာနှင့် ပန်းပဲပညာတွင် အားအကောင်းဆုံးများဖြစ်၏။ လူသားမဟုတ်သော နတ်ဆိုးမျိုးနွယ်များအနေဖြင့် ဤကဲ့သို့ ဖန်တီးနိုင်သည်ဆိုသည်မှာ မယုံကြည်နိုင်စရာ ဖြစ်တော့သည်။

စနစ်က ပြောလိုက်၏။ "နတ်ဆိုးမျိုးနွယ်တွေက ဒီဆေးလုံးကို သုသေသနပြုလုပ်ခဲ့တယ်လို့ ငါမထင်ဘူး"

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်မိသည် "မင်းပြောတာ ဘာကိုဆိုလိုတာလဲ"

"ကြည့်ရတာ နတ်ဆိုးမျိုးနွယ်စစ်တပ်ရဲ့ အရွယ်အစားကိုကြည့်ရင် တိုက်ခိုက်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ အစီအရင်တွေ၊ အခြားဆေးလုံးတွေနဲ့ ပတ်သက်တဲ့ အရာအားလုံးက ထူးချွန်တဲ့ အရာတွေမဟုတ်နိုင်ဘူး" စနစ်သည် ဖြစ်နိုင်ဖွယ်ရာကို ထောက်ပြလိုက်၏။

"ဟုတ်တယ် ဟုတ်တယ်" ကျွင်းချောင်ရှောင်းက ထောက်ခံလိုက်သည်။

မျိုးနွယ်တိုင်းတွင် ကိုယ်ပိုင်အားသာမှုများ တည်ရှိနေ၏။ ပုံမှန်အားဖြင့် လူသားများသည် ခန္ဓာကိုယ်နှင့် သွေးမျိုးဆက်နှိုင်းယှဉ်လျင် မွန်းစတားကလန်များလောက်အားမကောင်းလှချေ။ လူသားတို့၏ ကျင့်ကြံမှုသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ၊ တီထွင်ဖန်တီးနိုင်မှုများနှင့် လေ့ကျင့်မှုပေါ်တွင် မူတည်နေ၏။

နတ်ဆိုးမျိုးနွယ်များမှတော့ အကောင်ကြီးမားပြီးကြံခိုင်ကာ တိုက်ခိုက်ရန် မွေးဖွားလာသူများပင် ဖြစ်သည်။ ၎င်းတို့ကို ထိုင်ခိုင်းကာဖြင့် ဆေးပညာများ၊ ပန်းပဲပညာများ သင်ပေးခြင်း ဆိုသည်မှာ အဓိပ္ပာယ်မရှိချေ။

စနစ်က ပြောလိုက်၏။ "နတ်ဆိုးမျိုးနွယ်တွေက အထက်နယ်မြေရဲ့ စနစ်မှာ တည်ရှိတဲ့လူတွေမဟုတ်ဘူး။ သူတို့က တစ်ခြားနယ်မြေကနေကူးပြောင်းရောက်ရှိလာတာပဲ ဖြစ်ရမယ်။ သူတို့ရဲ့ ဆေးလုံးတွေ၊ ပန်းပဲပညာတွေက တစ်ခြားကမ္ဘာကနေ ရရှိလာတဲ့အရာတွေဖြစ်မှာ ကျိန်းသေတယ်လေ"

"ဒါကတော့ အမှန်ပဲ"

သူတို့နှစ်ယောက်အနေဖြင့် တူညီသည့် သဘောထား တည်ရှိသည်ဆိုသည်မှာ ရှားပါးလွန်းလှချေ၏။ တစ်ယောက်နှင့်တစ်ယောက် ငြင်းခုန်မှု မပြုလုပ်ကြချေ။

"ဒီနေရာမှာ ပြဿနာတစ်ခု ရှိလာပြီ"

ကျွင်းချောင်ရှောင်းက မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ ပြောလိုက်၏။ “သူတို့က အခြားကမ္ဘာကနေ ရောက်ရှိလာတယ်ဆိုတော့ အချိန်နဲ့တည်နေရာပိုးကောင်တွေကို အမှီပြုပြီး ရောက်ရှိလာတာလား"

"မဟုတ်ဘူး"

စနစ်က ငြင်းပယ်လိုက်သည်။ "အထက်နယ်မြေရဲ့ စကြာဝဠာစနစ်ဆိုတာ အရမ်းကို ကြီးမားလွန်းတယ်။ အချိန်နဲ့ တည်နေရာပိုးကောင်တွေက ဒါကြီးကိုကျော်ဖြတ်ပြီး သွားလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ ကြယ်တာရာ စိတ်ဝိညာဉ်ကမ္ဘာက ရွက်သင်္ဘောတွေလိုမျိုးရှိမှ ဖြစ်လိမ့်မယ်"

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ နတ်ဆိုးမျိုးနွယ်များသည် အထက်နယ်မြေသို့ မည်ကဲ့သို့ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ သူသည် စဉ်းစား၍ မရနိုင်ခဲ့ချေ။ ထို့အပြင် စဉ်းစား၍ရလျှင်တောင်မှ ဘာမှလုပ်မရသောကြောင့် သူသည် ပန်းပဲခန်းမဆောင်သို့ သွားရောက်ပြီး ဟောခန်းသခင်ဖန်း၏ သုသေသနကို သွား၍ ကြည့်ရှုလိုက်တော့၏။

ပန်းပဲတောင်ထွတ် …

ဖန်းရီကျိသည် ခန်းမဆောင်တွင် ထိုင်လျက်ရှိနေ၏။ သူသည် နတ်ဆိုးမျိုးနွယ်ဆီမှ ရရှိခဲ့သော ပန်းပဲစာအုပ်ကို သေသေချာချာ ဖတ်ရှုနေ၏။ မျက်လုံးထဲတွင်တော့ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြင့် တလက်လက်တောက်ပနေလေသည်။

"ဟောခန်းသခင်ဖန်း"

ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာပြီးနောက် သူ၏ဘေးတွင် ထိုင်ချလိုက်၏။ "သုသေသနပြုလုပ်တာ ဘယ်လိုအခြေအနေရှိလဲ"

ဖန်းရီကျိသည် သတိဝင်သွားမိ၏။ သူသည် ရုတ်တရက်ထကာ ပြောလိုက်သည်။ "ဒီစာအုပ်က အရမ်းကိုအဆင့်မြင့်လွန်းတယ်လေ။ သူတို့က ချပ်ဝတ်နည်းစနစ်ကို မှတ်သားထားရုံတင်မကပဲ အခြားနည်းစနစ် တော်တော်များများကိုလည်း မှတ်သားထားသေးတယ်"

အထက်နယ်မြေသို့ တက်လှမ်းလာပြီးနောက် ကျွင်းချောင်ရှောင်းသည် ပန်းပဲပညာနှင့်ပတ်သက်သည့် စာအုပ်တော်တော်များများကို တွေ့ရှိခဲ့၏။ သို့ပေမဲ့ နတ်ဆိုးမျိုးနွယ်ဆီမှ ရရှိခဲ့သော စာအုပ်နှင့်နှိုင်းယှဉ်လျှင် အလုံးစုံကွာခြားလျက်ရှိ၏။

ကျွင်းချောင်ရှောင်းက စိတ်ဝင်တစားဖြင့် ေ"ဒရုန်းတွေနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်ကော "

"ဒရုန်းတွေက ပိုပြီးအားကောင်းတာပေါ့ " ဖန်းရီကျိက ပြောလိုက်၏။

ဤကဲ့သို့သော ဆန်းကြယ်လှသည့် အစီအရင်များနှင့် ပြုလုပ်ထားသော အရာများသည် ပိုမိုကာ သွက်လက်ပြီး ကောင်းမွန်လွန်းလှ၏။ အမျိုးအစားမတူညီသော ကျောက်ရိုင်းများနှင့် ဖန်တီးပြုလုပ်ခဲ့သည့် အရာများပင် ဖြစ်ပေလိမ့်မည်။

အစီအရင်ဟောခန်းသည် ထိုအရာနှင့်ပတ်သက်၍ သေသေချာချာ လေ့လာစစ်ဆေးလျက် ရှိနေကြ၏။ ဟောခန်းထဲတွင် များပြားလွန်းလှသော ဒရုန်း၏ အတောင်ပံအများသည် ပြန့်ကျဲလျက် ရှိနေသည်။

ထိုက်ရွှမ်အဘိုးအိုသည် အစီအရင်နှင့်ပတ်သက်၍ လေ့လာခြင်းကို တာဝန်ယူထားရ၏။ ဖန်းရီကျိမှာတော့ ဤဒရုန်းများ၏ တည်ဆောက်ပုံနှင့် ပတ်သက်၍ လေ့လာလျက်ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် လုံလောက်သည့် တိုးတက်မှုရှိအောင် လေ့လာနိုင်ခဲ့သည်ဆိုသော်လည်း အလုံးစုံသိရှိနိုင်ရန်အတွက်တော့ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေး၏။

"ဒါဆိုလည်း သုသေသနဆက်လုပ်လိုက်တော့လေ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက အသစ်ရလာမဲ့ ပစ္စည်းတွေကို စောင့်နေကြပြီ"

ကောင်းကင်တေးဂီတချပ်ဝတ်သည် လက်ရှိအချိန်မှာတော့ လူပေါင်းများစွာ ဝတ်ဆင်နိုင်သည့် အခြေအနေအမျိုးတော့ မရှိသေးချေ။ ရရှိနိုင်သည့် ကုန်းကြမ်းအရင်းအမြစ် သည် ရှားပါးလွန်းသောကြောင့်ပင်။

ဒုတိယမျိုးဆက်အဖြစ် ဖန်တီးထားသော နတ်ဆိုးမျိုးနွယ်များ ဝတ်ဆင်ထားသည့် ချပ်ဝတ်သည် ကောင်းမွန်သည့် အရည်အသွေးကို ပိုင်ဆိုင်ထားသော အရာများဖြစ်၏။ ထိုအရာကို ပြုလုပ်ရန်အတွက်လည်း ကျောက်ရိုင်းများ လိုအပ်နေသေး၏။

ထို့ပြင် များပြားလှသည့် ပုံစံတူ (မို)များကို ဖန်တီးပြုလုပ်ရန်လည်း လိုအပ်နေသေး၏။ အရည်အသွေးပြည့်မီသည့် ချပ်ဝတ်ကို ဖန်တီးချင်သည်ဆိုပါက အမှန်ပင် ခက်ခဲလှချေသည်။

"ဂိုဏ်းချုပ် "

ဖန်းရီကျိက ပြောလိုက်၏။ "ပန်းပဲခန်းမဆောင်မှာ ကျုပ်တစ်ယောက်တည်းရှိတယ်။ဒီတော့တပည့်တွေကို လွှတ်ပေးပါအုံး"

"သူတို့က ဘယ်လိုလုပ်ရမှန်းမှ မသိတာ"

"ဒါက ပြဿနာမရှိဘူးလေ။ သူတို့က ကူညီပေးရင်ကို ရပြီ"

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ် အချိန်တစ်ခုရှာပြီးတော့ တပည့်တွေကို စေလွှတ်လိုက်မယ်"

"အချိန်ယူအုံးမှာလား"

ဖန်ရီကျိသည် မျက်လုံးများချာချာလည်သွားခဲ့၏။ ပန်းပဲခန်းမဆောင်သည် လူအင်အားလိုအပ်နေကြောင်းကို အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့၏။ သို့ပေမဲ့ သူ့၌တစ်ယောက်မှ မရှိခဲ့ချေ။

............

အစီအရင်ဟောခန်း ….။

ကျွင်းချောင်ရှောင်းသည် အပြင်ဖက်မှ လျှောက်ဝင်လာခဲ့၏။ ထိုက်ရွှမ်အဘိုးအိုနှင့် သူ၏ သုသေသနအဖွဲ့များသည် ဒရုန်းနှင့် ပတ်သက်၍ သေသေချာချာ လေ့လာလျက် ရှိနေကြ၏။

"ဂိုဏ်းချုပ်"

ရှန့်ကွမ်းရှင်းရောင်သည် ရှေ့ဆီသို့ လျှောက်လာပြီးနောက် ပြောလိုက်သည်။ "ဒီဟာကြီးကို ဖွင့်ပြီးနောက်မှာ ထူးဆန်းတဲ့အရာတစ်ခုကို ကျွန်မရှာတွေ့ခဲ့တယ်"

ဟမ်

ကျွင်းချောင်ရှောင်းသည် စက်ပစ္စည်းကဲ့သို့သော အရာကြီးကို လှမ်းယူပြီး ကြည့်ရှုကာပြောလိုက်သည်။ "တိုက်ခိုက်မှုစွမ်းရည်ကို စမ်းသပ်တဲ့ ပစ္စည်းများလား"

ပြီးနောက် သူသည် ထိုအရာကို အသက်သွင်းလိုက်၏။ ခလုတ်ကို နှိပ်ပြီးသည့်နောက် များပြားလှသည့် အရေအတွက်ဂဏန်းများသည် ထိုမှန်ကဲ့သို့သော အရာပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် သူသည် ရှန်ကွမ်းရှင်းရောင်ကို ပစ်မှတ်ထားကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ ဂဏန်းများသည် အတွဲလိုက်ပေါ်ပေါက်လာခဲ့၏။

စနစ်က ပြောလိုက်သည်။ "ဒါက တိုက်ခိုက်မှုစွမ်းရည်ကို တိုင်းတာတဲ့အရာပဲ။ မင်းတပည့်ရဲ့ တိုက်ခိုက်မှုစွမ်းရည်က သုံးဆယ့်ခြောက်ပဲရှိတာ"

"…….." ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့၏။

"ဒါပေမဲ့"

စနစ်က ပြောလိုက်သည်။ "သူမရဲ့ ကာကွယ်မှုက နှစ်ဆယ့်လေးရှိတယ်၊ သွက်လက်မှုက နှစ်ဆယ့်တစ်၊ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုကတော့ တစ်ရာခြောက်ဆယ့်ကိုးတောင်ရှိတယ်"

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်၊ ခန္ဓာကိုယ်၊ သိုင်းနည်းစနစ်စသည့်အရာများနှင့် တိုင်းတွာ၍ သတ်မှတ်ထားသည့် အရာဖြစ်ကြောင်းသိလိုက်ရ၏။

"ဒါဆိုရင် ဆရာကြီးကရော ဘယ်လိုနေမလဲ"

"တိုက်ခိုက်မှုစွမ်းရည် -၂၆၇"

"ဒါဆိုရင် ငါကရော"

"ဒါက ကိုယ့်ကိုကိုယ် ပြန်ကြည့်လို့ရတဲ့အရာမှမဟုတ်တာ ဘယ်လိုလုပ်သိမှာလဲ"

ကျွင်းချောင်ရှောင်းသည် ဤတိုင်းတာနိုင်သည့် အရာကိုချွတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲတွင် ထည့်ကာ သိမ်းဆည်းလိုက်၏။ ဤအရာသည် တစ်ဖက်လူ၏ အားအင်အဆင့်ကို တိုက်ရိုက်သုံးသပ်နိုင်သည့် အရာဖြစ်သည်ဆိုသော်လည်း လူတစ်ယောက်၏ ကျင့်ကြံခြင်းဆိုသည်မှာ သိုင်းပညာအပေါ် နားလည်မှုနှင့် လောက၏ ဓာတ်သဘာဝများအပေါ်တွင် မူတည်လျက်ရှိနေ၏။ အလုံးစုံအသုံးပြု၍ရနိုင်သည့် အရာမျိုးမဟုတ်ချေ။

ဟားဟားဟား

ထိုအချိန်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် စက်ရုပ်ထဲမှ လျှောက်ထွက်လာပြီးနောက် ရယ်မောလိုက်၏။ "နားလည်ပြီ။ ငါနားလည်ပြီ"

"ဘာကိုနားလည်တာလဲ"

ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

ထိုက်ရွှမ်အဘိုးအိုသည် ပုံဆွဲစာအုပ်များနှင့်ပြည့်နေသည့် စားပွဲဆီသို့ လျှောက်သွားလိုက်၏။ သူရေးဆွဲထားသော အတွင်းပိုင်းအစီအရင်ကို ဆွဲယူကာပြလိုက်၏။ "ဒီတလောအတွင်း ငါ့ရဲ့သုသေသနအရ ဆိုရင် ဝိညာဉ်ထိန်းချုပ်တဲ့အစီအရင်ကို ပြုလုပ်နိုင်ခဲ့ပြီလို့ နားလည်ရမယ်"

"ဝိညာဉ်ထိန်းချုပ်နိုင်တဲ့အရာ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "အရင်တုန်းက ကျုပ်ပြောခဲ့တဲ့ စက်ရုပ်ကို ဝိညာဉ်နဲ့ထိန်းချုပ်တဲ့ အရာမျိုးလား"

"မဟုတ်ဘူး"

ထိုက်ရွှမ်အဘိုးအိုက ခေါင်းယမ်းလိုက်၏။

"မင်းပြောတာထက်ပိုပြီးတော့ အဆင့်မြင့်တယ်။ ငါ့ရဲ့ သုံးသပ်ချက်အရဆိုရင် ဒရုန်းထဲမှာရှိနေတဲ့ အစီအရင်တွေအကုန်လုံးက ကျင့်ကြံသူရဲ့ဝိညာဉ်နဲ့ ထိန်းချုပ်ရတဲ့ သဘောမျိုးပဲ။ ဒါကြောင့် ဝိညာဉ်နဲ့ထိန်းချုပ်ပြီး ငါတို့ရဲ့ စက်ရုပ်တွေကို မောင်းနှင်နိုင်ပြီ"

"ဒီနှစ်ခုကြားမှာ ကွာခြားချက်က ဘာရှိနေလို့လဲ။ ကျုပ်ပြောတာလည်း ဝိညာဉ်နဲ့ မောင်းတာပဲ မဟုတ်လား”

“ဒီဒရုန်းတွေအကုန်လုံးက ဟိုအဝေး ကြယ်တာရာနယ်မြေက ရောက်ရှိလာတာလေ။ အဲကလူတွေရဲ့ ဝိညာဉ် တွေက ဒီလောက်အဝေးကြီးကို ထိန်းချုပ်နိုင်မယ်လို့ မင်းထင်နေလို့လား"

သိုင်းကျင့်ကြံသူများ၏ ဝိညာဉ်များသည် ဤလောက်အကွာအဝေးအထိ ထိန်းချုပ်နိုင်မည်ဟု သူမထင်မှတ်ထားချေ။ အကွာအဝေးသည် အရမ်းဝေးကွာလွန်းလှ၏။

“မထင်ဘူး”

"ဟုတ်တယ်။ ဒါပေမဲ့ တော်တော်ဝေးဝေးကကို ထိန်းချုပ်နိုင်တယ်။ အဲတာက မင်းပြောတာထက် သာတာပဲ” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။

"လာခဲ့"

ထိုက်ရွှမ်အဘိုးအိုသည် စက်ရုပ်ရှေ့ဆီသို့ လျှောက်သွားခဲ့၏။ ပြီးနောက် ဒရုန်း၏ရှေ့ တည်နေရာတစ်ခုဆီသို့ ဆွဲခေါ်ကာ ခိုင်းစေလိုက်၏။ "ဒီနေရာမှာရှိနေတဲ့ အစီအရင်တွေကို ငါသေချာစစ်ပြီးပြီ။ မြန်မြန် မင်းရဲ့ ဝိညာဉ်နဲ့ပေါင်းစပ်ကြည့်လိုက်"

ကျွင်းချောင်ရှောင်းသည် အထဲဆီသို့ လမ်းလျှောက်ပြီး ကြည့်ရှုလိုက်သည့် အခါမှာတော့ အတွင်းရှိ အရာများသည် အလွန်ရှုပ်ထွေးရုံသာမက များပြားလှသော အစီအရင်များနှင့် ပြည့်နှက်နေကြောင်း သိလိုက်ရ၏။ အစီအရင်၏ စနစ်တစ်ခုလုံးသည် သူသိထားသည်များနှင့် ကွာခြားလွန်းသောကြောင့် မူးနောက်နောက်ပင် ဖြစ်သွားရသည်။

"ဒါနဲ့ ပေါင်းစပ်ရမှာလား"

"အလယ်တည်နေရာမှာ မျဉ်းကြောင်းရှိတယ်။ အဲထဲကို မင်းရဲ့ ဝိညာဉ်သိစိတ် ပို့လိုက်။ "

ကျွင်းချောင်ရှောင်းသည် မျက်စိကို မှိတ်လိုက်၏။ ပြီးနောက် သူ၏အမြူတေစိတ်ဝိညာဉ်ကို အဖြူမျဉ်းကြောင်းများ ကြားရှိ တည်နေရာဆီသို့ ထည့်သွင်းလိုက်၏။ ချက်ချင်းပဲ သူသည် ေ"မှော်ဆန်လိုက်တာ"

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ဆန့်ကာဖြင့် လှုပ်ရှားကြည့်လိုက်သည်။

ဟူး …။

ချက်ချင်းပဲ ဒရုန်း၏အမြီးသည် စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်လာခဲ့၏။ အစီအရင်ဟောခန်းမှတဆင့် အပြင်ဖက်ဆီသို့ ပျံသန်း ထွက်ခွာသွားတော့၏။

ဟမ်

အဓိကဟောခန်း၏ အပျက်အစီးပုံရှေ့တွင် ခြေချိတ်ထိုက်လျက်ရှိနေသော လီချင်းယန်သည် ခေါင်းမောကာ ကြည့်ရှုလိုက်၏။ သူသည် စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ အစီအရင်ဟောခန်းသည် အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ချက်ချင်းပဲ သူ၏နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ "ထပ်ပြီးတော့ ဖျက်ဆီးပြန်ပြီလား"

အင်မော်တယ်တောင်တန်း၏ အပြင်ဖက်မှာတော့ ဒရုန်းတစ်ခုသည် အလွန်တရာမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းလျက်ရှိနေသည်။ တစ်ခါတစ်ရံတွင် ဘေးတစောင်းပျံသန်းလျက်ရှိနေပြီး တစ်ခါတစ်ရံတွင် ဇောက်ထိုးပင်ပျံသန်းလျက် ရှိနေ၏။

"စိတ်ဝင်စားစရာပဲ …. စိတ်ဝင်စားစရာပဲ"

ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းတွင် မတ်မတ်ရပ်လျက်ရှိနေပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်နေ၏။ လက်ရှိအချိန်မှာတော့ သူသည် ရီမုတ်ကွန်ထိုးဖြင့် မောင်းနှင်ရသည့် ကစားစရာကို ကစားနေသော အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်ကဲ့သို့ပင်။ ထိုက်ရွှမ်အဘိုးအို၏ သုံးသပ်ချက်သည် မှန်ကန်လွန်းလှ၏။ ကြယ်တာရာစိတ်ဝိညာဉ်နယ်မြေမှ ဒရုန်းများသည် ဝိညာဉ်ဖြင့် မောင်းနှင်၍ရသည့် အရာများပင် ဖြစ်လို့နေခဲ့သည်။ ထို့အပြင် သူ စိတ်ကူးထားသည်ထက် ပိုမို၍ပင် အဆင့်မြင့်မားနေသေးသည်။

ထို့ပြင် ကျွင်းချောင်ရှောင်းအား ပို၍အံ့အားသင့်စေသည့် အရာတစ်ခုကလည်း ရှိသေး၏။ အင်မော်တယ်တောင်တန်းဆီသို့ ပျံသနပြီးနောက် လုံလောက်သည့် အကွာအဝေးတစ်ခုဆီသို့ ပျံသန်းရောက်ရှိခဲ့သည်ဆိုသော်လည်း သူနှင့် ဤဒရုန်း၏ ချိတ်ဆက်နိုင်မှုမှာ ပျောက်ကွယ်မသွားခဲ့ချေ။ ဆက်လက်ပျံသန်းလျက် ရှိနေပြီး သူ၏စိတ်အလိုကျ သွားလာလျက် ရှိနေခြင်းပင်။

ဝှစ်

ခနလောက်ကြာပြီးသည့်နောက် ဒရုန်းသည် အင်မော်တယ်တောင်ဆီသို့ ပျံသန်းရောက်ရှိလာ၏။ ဝိညာဉ်သည် ဒရုန်း၏ အဓိကခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသောကြောင့် ကုန်းရှန့်သည် အလုံးစုံထိန်းချုပ်နိုင်စွမ်း ရှိနေသေး၏။

ကျွင်းချောင်ရှောင်းက ရုတ်တရက်ထကာ အော်လိုက်မိသည်

"ဆရာကြီး … ဒီလိုအစီအရင်မျိုး စက်ရုပ်တွေမှာကော သုံးလို့ရသေးလား"

ကျွင်းချောင်ရှောင်းအနေဖြင့် ဒရုန်းများကို စိတ်မဝင်စားချေ။ သူစိတ်ဝင်စားသည်မှာ အတွင်းပိုင်း အစီအရင်များပင် ဖြစ်၏။ ဤအရာများကိုသာ ကျွဲရိုင်းစက်ရုပ်တွင် ထည့်သွင်းလိုက်ပါက တပည့်များအနေဖြင့် အဝေးမှ ထိန်းချုပ်နိုင်ရုံသာမက အဝေးမှ တိုက်ခိုက်နိုင်စွမ်းလည်း ရှိပေလိမ့်မည်။

"ငါနဲ့လိုက်ခဲ့"

ထိုက်ရွှမ်အဘိုးအိုသည် ကျွင်းချောင်ရှောင်းကို တောင်၏ အနောက်ဖက်ဆီသို့ ခေါ်ဆောင်လာခဲ့၏။ ထိုနေရာတွင်တော့ တစ်လက်လက်တောက်ပနေသည့် အစီအရင်များဖြင့် ဖန်တီးထားသည့် စက်ရုပ်များသည် တည်ရှိလို့နေသည်။

"ဒါက …." ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားခဲ့၏။

ထိုက်ရွှမ်အဘိုးအိုသည် ဂုဏ်ယူစွာဖြင့် ေြ"ဒါက အဆင့်မြင့်အစီအရင်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ကျွဲရိုင်းစက်ရုပ်တွေပဲပေါ့ကွာ"

All Chapters