← Chapters

အခန်း ၁၅၅၄

Vol. 105 Ch. 1554

အခန်း ၁၅၅၄

Vol. 105 Ch. 1554

အပိုင်း (၁၅၅၄)

ဘုန်း ဘုန်း …။

မှောင်မဲလျက်ရှိနေသည့်တောကြီးအတွင်းဆီမှ ကြီးမားလေးလံလှသည့်ခြေသံများ ထွက်ပေါ်လျက်ရှိ၏။ မီတာဒါဇင်ခန့်ရှိသော စက်ရုပ်ကြီးများသည်သစ်ပင်များကို ဆွဲလဲကာဖြင့်အထဲသို့လျှောက်လျက်ရှိနေကြ၏။ ၎င်းတို့၏မျက်လုံး များသည်တောက်ပလျက်ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည်အနက်ရောင်ဖြစ်နေပြီး ငရဲပြည်မှအကြောက်အလန့်ကင်းမဲ့သော ငရဲသားများကဲ့သို့ပင်။

ဝှစ်

လူသားပုံသဏ္ဍာန်တစ်ခုသည်အဝေးဆီမှပျံသန်းလာပြီး ကြီးမားသည့်သစ်ပင်ကြီးပေါ်သို့ဆင်းသက်လိုက်၏။ ၎င်းသည်ထိုစက်ရုပ်ကြီးကို အဝေးမှလှမ်းကာဖြင့်အမိန့်ပေးလျက်ရှိနေ၏။ စက်ရုပ်ကြီးသည်တော၏ အတွင်းပိုင်း ဆီသို့ ရွှေ့လျားသွားခဲ့ပြီးသည့်နောက် ၎င်း၏လက်ဝါးကြီးကို မြှောက်ကာ စွမ်းအင်အလင်းတန်းများကို ထုတ်ဖော်၍ကျားသစ်အမျိုးအစား မွန်းစတားသားရဲကြီးကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့၏။

“မဆိုးဘူးပဲ။”

ကျုံးရီသည်သဘောတကျဖြင့်ခေါင်းညိတ်လိုက်၏။ ကျွဲရိုင်းစက်ရုပ်ကို အသုံးပြုကာဖြင့်တည်နေရာချိုးဖြတ်ခြင်း အဆင့်သားရဲကို သတ်ဖြတ်ခဲ့သည်။ဤထက်ပိုမိုကာကောင်းမွန်သည့်အရာ ရှိတော့မည်ဟု မထင်ချေ။

“ကောင်းတယ်။”

ဤအချိန်မှာတော့သူသည် ပြိုင်စံရှားဂိုဏ်းနှင့် မိုင် ၁၀၀၀အဝေးရှိ တောနက်ထဲသို့ရောက်ရှိလာခဲ့၏။သူ့အနေနှင့် ဝေးကွာလှသော အခြေအနေတွင်ဝိညာဉ်နှင့်ချိတ်ဆက်ကာ စက်ရုပ်ကြီးကို အသက်သွင်းသည့်အချိန်၌ဆက်သွယ်မှုပျောက်ပျက်သွားလား၊ မပျောက်ပျက်သွားဘူးလား ဆိုသည်ကို လာရောက်စမ်းသပ်ခြင်းပင်ဖြစ်၏။လက်ရှိအခြေအနေ မှာတော့အရာရှိနန်၏ရလဒ်သည်စိတ်ကျေနပ်လောက်စရာပင် ဖြစ်နေ၏။ ကျုံးရီသည်အနီးအနားရှိ မိုးဆွေဟောခန်းမှအဖွဲ့ဝင်များကို အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။အားလုံး သာမန်ပါပဲ။”

“ဆက်လုပ်ထားကြ။”

မိုးဆွေဟောခန်းမှသတင်းပေးပို့မှုများကို ဆက်တိုက်နားထောင်ပြီး ကျွင်းချောင်ရှောင်းသည်လက်ဖက်ရည်ခွက်ကို အသာမော့ကာဖြင့်ပြုံးလိုက်သည်။ “အနာဂတ်မှာ တိုက်ခိုက်ပြီဆိုတာနဲ့ဝိညာဉ်တွေနဲ့ပေါင်းစပ်ပြီး တိုက်ခိုက်လိုက်ဖို့ပဲ လိုအပ်တော့တယ်။”

ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒါကအဆင်ပြေတယ်ဆိုပေမဲ့စက်ရုပ်တွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီဆိုရင်ဝိညာဉ်ကလည်း ဒဏ်ရာ ရရှိသွားနိုင်တယ်လေ။ ဒါဆိုရင်တပည့်တွေအနေနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်သွားမှာစိုးရတယ်။”

“အဆင်ပြေပါတယ်။”

ကျွင်းချောင်ရှောင်းသည်ထူးမခြားနားသလို ပြောလိုက်သည်။ “ဝိညာဉ်ကြံ့ခိုင်ခြင်း နတ်အတတ်ပညာကို ကောင်းကောင်းမွန်မွန်နဲ့လေ့ကျင့်ပြီး ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ကို ထုတ်ဖော်အသုံးပြုနိုင်မယ်ဆိုရင်ကျိန်းသေပေါက်ဘာမှ ဖြစ်နိုင်တော့မှာမဟုတ်ဘူး။ အဲနည်းစနစ်က ဖြစ်တည်လာခဲ့တဲ့ ဝိညာဉ်က ထိခိုက်ဒဏ်ရာရမှုတွေကို ရှောင်ရှားနိုင်စွမ်း ရှိနေတယ်။”

ဟုတ်ပေ၏။ အရိပ်တစ်ထောင်နည်းစနစ်သည်ကိုယ်ပွားများကို ဖန်တီးနိုင်၏။သို့ပေမဲ့ဝိညာဉ်ကြံ့ခိုင်ခြင်းနတ်အတတ်ပညာမှာတော့ဝိညာဉ်ကို ထုတ်ဖော်ပြီး သီးခြားတစ်ခုအနေနှင့် ကျင့်ကြံစေခိုင်း၍ ရနိုင်သည်။

“ဆရာကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အရင်ဖန်တီးထားတဲ့စက်ရုပ်တစ်ထောင်ကျော်တို့ကို ဒီဝိညာဉ်နဲ့ပေါင်းစပ်ပြီး ခိုင်းစေလို့ရတဲ့အစီအရင်တွေထပ်ပြီး ထည့်သွင်းလိုက်ရအောင်။”

“အကြီးအကဲကျန်းနဲ့တစ်ခြားသူတွေအကုန်လုံးက စပြီးတော့တောင်လုပ်နေကြပြီလေ။” ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။

“အရမ်းကောင်းတယ်။”

ကျွင်းချောင်ရှောင်းသည် ၎င်းတို့အားလုံးကို သတိပေးကာဖြင့်သူ၏ အိပ်ဆောင်ဆီသို့ ပြန်လာခဲ့လိုက်၏။သူသည်လက်ရှိအခြေအနေမှာ အားလပ်နေ၏။

ဆေးဟောခန်း၊ အဆိပ်သန့်စင်ခြင်းခန်းမ၊ ပန်းပဲခန်းမ၊ အစီအရင်ဟောခန်း စသည်ဖြင့်အားလုံးသောသူများသည်အလုပ်ရှုပ်လျက်ရှိနေ၏။ ၎င်းတို့အားလုံးသည်ဆေးပင်များကို သန့်စင်ခြင်း၊ ချပ်ဝတ်များကို လေ့လာသုတေသနပြုခြင်း၊ အစီအရင်များကို ဖန်တီးခြင်း စသည့်အရာများကို ပြင်းပြင်းထန်ထန်နှင့် ကြိုးကြိုးစားစား လုပ်နေကြ၏။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းပင် ဖြစ်သည်။

တစ်ချို့သော ဟောခန်းများသည်အလကားနေအလကား အားယားလျက်ရှိနေသည်ဆိုသော်လည်း အစစ်အမှန်အလုပ်များသည့်အချိန်မျိုးတွင်တော့ယား၍ ကုတ်ချိန်ပင်မရကြချေ။သို့ပေမဲ့ဂိုဏ်းထဲရှိဟောခန်းများသည်မည်မျှအလုပ်များသည်ဆိုဆို စိတ်ဝိညာဉ်သားရဲဟောခန်းနှင့် နှိုင်းယှဉ်လျှင်တော့ကံကောင်းသည်ဟု သတ်မှတ်၍ရနိုင်သေး၏။

ဟောခန်းသခင်ကျိ၏ ဆေးလုံးကို စမ်းသပ်ပြီး ပြုမူခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍အကြီးအကဲညိုနှင့်တစ်ခြားသော သူများအားလုံးသည်တံမြတ်စည်းများ၊ ဂေါ်များကို အသုံးပြုကာဖြင့်တစ်လတိတိ တောင်ထွတ်အသီးသီးတွင်သန့်ရှင်းရေးလုပ်နေကြရ၏။ ဤကဲ့သို့သော လုပ်ရပ်သည်ဟောခန်းသခင်ကျိကြောင့် ဖြစ်၏။

သို့ပေမဲ့အဓိက တရားခံ ဟောခန်းသခင်ကျိမှာတော့လက်ရှိအခြေအနေတွင်အိပ်ရာထဲလှဲကာ ဆေးကုသမှုကို ခံနေရလေသည်။

……

ပြိုင်စံရှားဂိုဏ်းသည်ထုံးစံအတိုင်း လည်ပတ်လျက်ရှိနေပြီး ကျွင်းချောင်ရှောင်းမှာတော့ကျင့်ကြံရန်ရှားရှားပါးပါး အခွင့်အရေးကိုသာ ရရှိ၏။ အပြင်ဘက်မှာတော့အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်လူဦးရေအရေ အတွက်များများကို အသုံးပြုကာဖြင့်အသုဘခန်းဆောင်ကို လိုက်လံကာ ရှာဖွေကြ၏။လောကကြီးတစ်ခုလုံးသည်လည်း သတ်ဖြတ်လိုခြင်း အခြေအနေများနှင့် ပြည့်နှက်လျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည်အပြင်ဘက်ကို မထွက်သော်လည်း မိုးဆွေဟောခန်းမှတဆင့်သတင်းအချက်အလက်များကို ရရှိနေ၏။ လောကကြီးတစ်ခုလုံးသည်သူ၏ လက်ခုပ်ထဲသို့ရောက်ရှိနေသလိုပင်သူက ခံစားနေမိသည်။

“ဂိုဏ်းချုပ်”

တစ်ရက်မှာတော့လီလိုရှုသည်စာကြည့်ခန်းထဲသို့လျှောက်ဝင်ကာဖြင့်သတင်းပေးပို့လိုက်၏။ “နယ်မြေဟောခန်းရဲ့လူတွေက လွန်ခဲ့တဲ့ညက ပင်လယ်ပြင်မြို့မှာ အသုဘခန်းဆောင်က လူတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာလေ။ ဒါကြောင့် နှစ်ဖက်လုံးက ကြီးကြီးမားမား ထိခိုက်ကုန်တယ်။”

“ဟင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းခွဲကို ရှာနိုင်တယ်ဆိုတော့နယ်မြေဟောခန်းက အသုံးမဝင်တာတော့မဟုတ်သေးဘူးပဲ။”

လီလိုရှုက ပြောလိုက်သည်။ “အသုဘခန်းဆောင်ရဲ့သတင်းအချက်အလက်ရှာဖွေမှုဌာနတစ်ခုလုံးကို အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်း က သုတ်သင်ရှင်းလင်းပစ်လိုက်တယ်။ ဒါကြောင့်အသုဘခန်းဆောင်က ဘာတစ်ခုမှမလုပ်နိုင်တော့ဘူး။”

“ဆက်ကြည့်မယ်။ဆက်ကြည့်မယ်။”

ကျွင်းချောင်ရှောင်းသည်စားပွဲပေါ်သို့ခြေတင်ကာဖြင့် ပြုံးလိုက်၏။ “ဖြစ်လာတဲ့အကျိုးဆက်တွေအားလုံးကို အားရပါးရ နားထောင်လိုက်ကြရအောင်။”

အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည်နတ်ဆိုးဘိုးဘေးတည်ရှိနေသည်ကို လုံးဝခွင့်ပြုပေးလိမ့်မည်မဟုတ်ချေ။ထို့ကြောင့် နှစ်ဖက်လုံးသည်ကျိန်းသေပေါက်အနိုင်ရရှိအောင်တိုက်ခိုက်ကြမှာ သေချာသည်။ သူ့အနေနှင့် လက်ရှိ လုပ်ရသည်မှာ ထိုကဲ့သို့ ဖြစ်ပေါ်လာသည့်အခြေအနေများကို ဘေးတစ်ဖက်ဆီမှသုံးသပ်၍အခွင့်အရေးကောင်းရ သည်နှင့်ဝင်ရောက်ကာ အကျိုးအမြတ်ကို ရယူရန်ပင် ဖြစ်တော့သည်။

…..

လင်းရောင်နယ်မြေ

“အရှင်”

ခါးကုန်းကုန်းနှင့် အကြီးအကဲသည်မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက ဒီတစ်ကြိမ်မှာ တကယ့်ကို လေးလေးနက်နက် ဖြစ်နေကြတယ်။အသုဘခန်းဆောင်က ဖျက်ဆီးခံရနိုင်တယ်။”

ပလ္လင်ပေါ်တွင်ထိုင်လျက်ရှိနေသည့်ဧကရီလင်းရောင်သည်ခပ်ပြတ်ပြတ်ပြောလိုက်သည်။ “နတ်ဆိုးဘိုးဘေးကြီးက သူတို့ကျိန်းသေပေါက်ဖြေရှင်းရမယ့်အရာတစ်ခုပဲ။ ပြီးတော့တစ်ခြားလောကကနေ ရောက်လာတဲ့သူလျှိုလို့သတ်မှတ်ခံလိုက်ရပြီဆိုတော့အခြေအနေက လုံးဝမကောင်းတော့ဘူး။”

“ဒီ ကျွင်းချောင်ရှောင်းက မရိုးရှင်းဘူး။”

ခါးကုန်းကုန်းနှင့်အကြီးအကဲက ပြောလိုက်သည်။ “နတ်မြို့အစည်းအဝေးမှာတုန်းက စကားလုံးလေးအနည်းငယ်ကို သုံးပြီးတော့နတ်ဆိုးဘိုးဘေးကြီးကို သူလျှိုတစ်ယောက်ဖြစ်အောင်သူက တံဆိပ်တပ်ခဲ့တာပဲ။”

ဧကရီလင်းရောင်က ပြောလိုက်၏။ “နတ်ဆိုးမျိုးနွယ်ဆိုတာ အထက်နယ်မြေမှာ ရှိတဲ့အရာမဟုတ်ဘူး။ အခု တခြားဆီက တပ်သင်္ဘောတွေ ကျူးကျော်လာခဲ့တယ်ဆိုတော့အချိန်အခါသင့်သွားတာပေါ့။သူခန့်မှန်းတာလည်း မှန်ရင်မှန်နိုင်တယ်။”

နတ်ဆိုးဘိုးဘေးကြီးသည်သူလျှိုဟုတ်ခြင်း၊ မဟုတ်ခြင်းကို သူက စိတ်မဝင်စားချေ။ထို့အတူ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကိုလည်း စိတ်မဝင်စားလှပေ။ လက်ရှိအခြေအနေမှာတော့တစ်ဖက်လူများ သေဆုံးသွားလျှင်လည်း ကောင်းသည်ဟုသာ သူမက တွက်ချက်နေမိသည်။

“တကယ်တော့…”

ဧကရီလင်းရောင်က ပြောလိုက်၏။ “ငါ အခုစိတ်ဝင်စားနေတာရှိတယ်။ ကျွင်းချောင်ရှောင်းက ဘယ်လိုအရာမျိုးကို အသုံးပြုပြီးတော့ ရွက်သင်္ဘောကြီး ၉ ခုကို တိုက်ခိုက်အနိုင်ယူလိုက်တာလဲ။”

ရွက်သင်္ဘောကြီး ၁၀ ခုသည် ကျူးကျော်ဝင်ရောက်လာခဲ့၏။အထက်နယ်မြေမှစွမ်းအားမြင့်ကျင့်ကြံသူများအားလုံး စုပေါင်းပြီးသည့်နောက် ရွက်သင်္ဘောကြီး ၁ စင်းကိုသာလျှင်ဖျက်ဆီးခဲ့သည်။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှကုကျောင်းရှစ်သည်မိမိကိုယ်ကိုစတေးကာဖြင့်ကျန်သည့် ရွက်သင်္ဘောများအားလုံးကို အသေခံ ဖောက်ခွဲပစ်ခဲ့သည်။ဤအရာမှာ ကြမ်းတမ်းလွန်းလှချေ၏။ ထို့အပြင် ကြယ်ကောင်းကင်ခံတပ်သည်လည်း ထိုကဲ့သို့ပင်ဖောက်ခွဲခံခဲ့ရ၏။ ဤနှစ်ခုကို ဆက်စပ်တွေးတောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်ကြောက်မက်ဖွယ်ရာစွမ်းအင်နှင့်အရာတစ်ခုခု တည်ရှိနေခြင်းပင် ဖြစ်ပေလိမ့်မည်။

အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့သည် ၎င်းတို့ဆွေးနွေးခဲ့စဉ်က ဤအကြောင်းအရာကိုလည်း သေသေချာချာ ဆွေးနွေးခဲ့၏။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းကို သေသေချာချာ မမေးမြန်းရဲချေ။

အချက်အလက်အားဖြင့် ၎င်းတို့နှစ်ယောက်ကြားသည်သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်နှင့်ပတ်သက်၍ပဋိပက္ခများဖြစ်ပွားခဲ့၏။ဒုတိယအားဖြင့်တစ်ဖက်လူကို သွားရောက်ကာ ရန်စမိသလို ဖြစ်သည်ဆိုပါက ၎င်းတို့၏အိမ်ဆီသို့လာ၍ ဖောက်ခွဲပစ်မှာကိုလည်း စိုးရိမ်ရသေး၏။

မှန်ကန်သည်။ဤအရာကို ပြောရမည်ဆိုလျှင် နျူကလီယားပိုင်ဆိုင်သည့်အရာဟုပင်သတ်မှတ်နိုင်၏။ နျူကလီယားပိုင်ဆိုင်သော နိုင်ငံများသည် လက်ရှိအခြေအနေတွင်ခေါင်းမော့ရင်ကော့ကာ နေထိုင်စွမ်းရှိနေကြသည်မဟုတ်ပါလား။

ကုန်းရှန့်သည်ဝိညာဉ်ချိန်ကိုက်ဗုံးကို ထုတ်ပြီး ကောင်းကင်ယံသို့တက်ကာ အသံကုန်ထုတ်အော်ဟစ်လိုက်မည်ဆိုလျှင်မည်သူမှထွက်လာပြီး တိုက်ခိုက်ရဲကြမည်မဟုတ်ချေ။

“ဒါက ထူးခြားတဲ့ဝှက်ဖဲတစ်ခု အမျိုးအစားလည်း ဖြစ်နိုင်တယ်။” ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်၏။

ဧကရီလင်းရောင်က ပြောလိုက်သည်။ “ဒါ ဝှက်ဖဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်ကိစ္စမရှိဘူး။ ကျူးကျော်ဝင်ရောက်လာတဲ့တပ်သင်္ဘောတွေကို ကျွင်းချောင်ရှောင်း က ကူညီပြီး ဖြေရှင်းပေးခဲ့တယ်ဆိုတာက သိသိသာသာ ထင်ရှားလွန်းတယ်။ဒီတော့နယ်မြေဟောခန်းက သူ့ကို ထပ်ပြီးတော့ရန်ပြုရဲမှာ မဟုတ်တော့ဘူး။”

“ဒါဆိုရင်အရှင့်ရဲ့အစီအစဉ်က”

“ကိစ္စမရှိဘူး။”

ဧကရီလင်းရောင်က ပြောလိုက်၏။ “ကျွင်းချောင်ရှောင်းရဲ့အမူအကျင့်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းကို လာပြီး ဝိုင်းတဲ့အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းကို ကျိန်းသေပေါက်တေးမှတ်ထားမှာပဲ။ မကြာခင်မှာ သူတို့အားလုံးကို ဖြေရှင်းတဲ့နေ့တစ်နေ့ရောက်လာလိမ့်မယ်။”

“ဒါဆိုရင်အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းရဲ့နောက်လိုက်ဖြစ်တဲ့နယ်မြေဟောခန်းကလည်း ကျိန်းသေပေါက်သက်ရောက်တော့မှာပေါ့။”

……….

မဲမှောင်ပြီး သုန်မှုန်နေသော နန်းတော်ကြီးတစ်ခု၏ အထဲတွင်နတ်ဆိုးဘိုးဘေးသည်သွေးကန်၏အတွင်းထဲ၌ ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သွေးရောင်မျဉ်းကြောင်းများက ဖုံးလွှမ်းလျက်ရှိနေပြီး ထူးခြားသည့်စွမ်းအင်တစ်မျိုးနှင့် သန့်စင်ခြင်းကို ခံထားရသကဲ့သို့ပင်။

ဟူး

ခဏလောက်ကြာပြီးသည့်နောက်သူသည်မျက်လုံးကို ဖွင့်လိုက်၏။လေပူများကို မှုတ်ထုတ်လိုက်သည်။

“ဘိုးဘေး”

အမဲရောင်ဝတ်စုံနှင့်လူသည်လေးလေးစားစားနှင့် ပြောလိုက်၏။ “အခု စုံစမ်းထားမှုကတော့ ပြည်စုံသွားပြီ။ အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက အသုဘခန်းဆောင်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့နတ်ဆိုးကလန်တစ်ခုလုံးက တခြားကနေ ကျူးကျော် ဝင်ရောက်လာတဲ့လူတွေလို့သတ်မှတ်ခဲ့ကြလို့ပဲ။”

“………”

နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည်အေးစက်သွားခဲ့သည်။“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းတုန်းက နတ်ဆိုးကလန်က အထက်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်မယ့်အရာလို့ဒီကြောင်တောင်တောင်ကောင်တွေက သတ်မှတ်ခဲ့ကြသေးတယ်။ဒါကြောင့်လည်း အားလုံးစုပေါင်းပြီး ငါတို့ကို ဖျက်ဆီးခဲ့တယ်။အခု ငါပြန်လည်ရှင်သန်လာတဲ့ အချိန်မှာတော့သူတို့က နောက်ထပ်အကြောင်းအရာ အသစ်ကို ရှာဖွေတွေ့ရှိသွားကြပြန်သေးလား။သောက်အမျိုးမျိုး တတ်နိုင်တဲ့အကောင်တွေ”

“ဟမ့် …. အနည်းဆုံးတစ်စုံတစ်ယောက်ကို စွပ်စွဲမယ်ဆိုရင်တော့အခြေအမြစ်ရှိသင့်တယ်မဟုတ်လား။ ပြောချင်တာတွေလျှောက်ပြောနေတာ ဘောင်မဝင်ဘူး”

အမဲရောင်ဝတ်စုံနှင့်လူသည်တစ်စုံတစ်ခုကို ပြောဆိုလိုက်ချင်၏။သို့ပေမဲ့ရပ်တန့်လိုက်၏။

“မင်းဘာပြောချင်လို့လဲ။”

“ဘိုးဘေး အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းက နတ်ဆိုးကလန်ကို တခြားလောကကနေ လာတဲ့ သူလျှိုတွေလို့သတ်မှတ်ခဲ့ကြတယ်။အဲဒါတွေအကုန်လုံးက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မီးလောင်ရာ လေပင့်ပေးခဲ့တာပဲ။”

ဝေါ့

နတ်ဆိုးဘိုးဘေးကြီးသည်မည်သို့မှမခံစားနိုင်တော့ဘဲ သွေးများပင်အန်ထွက်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်းမှတပည့်သည်သူ၏ သန္ဓေနတ်ဆိုးသူတော်စင်ခန္ဓာကိုယ်ကို ခိုးယူသွားခဲ့၏။ထိုတင်သာမက သူ့အားပင်တခြားလောကဆီမှရောက်ရှိလာသည့်သူလျှိုတစ်ယောက်ဟု ကင်မွန်းတက်ကာ မီးလောင်ရာ လေပင့်ပေးခဲ့၏။ဒေါသထွက်သည်ဆိုသည့်အခြေအနေထက်ပင်ပိုမိုကာ ဆိုးရွားလွန်းလှ၏။

“ဒီ အယုတ်တမာကောင်”

နတ်ဆိုးဘိုးဘေးကြီးသည် နှုတ်ခမ်းထောင့်တွင်ရှိနေသော သွေးများကို သုတ်ကာဖြင့်ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ငါ ပြန်ပြီးကောင်းမွန်လာတဲ့အချိန်ကျရင် ပြိုင်စံရှားဂိုဏ်းကို ငါ့ရဲ့လက်နဲ့ဖျက်ဆီးပစ်မယ်။သွားကြရအောင်။အသုဘခန်းဆောင်မှာရှိတဲ့အဖွဲ့ဝင်တွေအားလုံးကို သတင်းပေးလိုက်။နောက် ၃ရက်နေလို့ရှိရင်အရှေ့ဘက်ပင်လယ်မှာရှိနေတဲ့ဖုံးကွယ်ထားတဲ့စိတ်ဝိညာဉ်ကျွန်းတွေကို ငါတို့အရောက်သွားကြမယ်။”

သူ့အနေနှင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ဂိုဏ်းမှ ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်မိ၏။

“ဘိုးဘေးကြီး”

အမဲရောင်ဝတ်စုံနှင့်အဘိုးအိုက ပြောလိုက်သည်။

“အဲဒီစိတ်ဝိညာဉ်ကျွန်းမှာ ရှေးအစီအရင်တွေရှိနေတယ်လေ။ တကယ်လို့အနီးကို ကပ်သွားမယ်ဆိုရင်…”

“ဒါ အတိတ်တုန်းက ငါကိုယ်တိုင်ဖန်တီးခဲ့တဲ့အရာတွေပဲလေ။”

နတ်ဆိုးဘိုးဘေးသည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “အင်မော်တယ်အဆင့်ဂိုဏ်းကြီး ၁၀ဂိုဏ်းက ငါ့ဆီမှာ နတ်ဆိုးနယ်မြေထဲကို ဝင်ရောက်နိုင်မယ့်နည်းလမ်းတစ်ခု ရှိနေမယ်ဆိုတာကို သိကြမှာမဟုတ်ဘူး။ ငါတို့သာ အဲ့နေရာထဲကို အောင်အောင်မြင်မြင်နဲ့ဝင်ရောက်နိုင်မယ်ဆိုရင်နတ်ဆိုးစစ်တပ်ကြီးကို ထိန်းချုပ်ပြီး အထက်နယ်မြေတစ်ခုလုံးကို ကံဆိုးမိုးမှောင်ကျအောင်လုပ်နိုင်တယ်။”

ဟား ဟား ဟား ဟားဟား

ဟား ဟား ဟား ဟားဟား

All Chapters