အခန်း ၁၅၅၅
Vol. 105 Ch. 1555
အပိုင်း (၁၅၅၅)
သန္ဓေနတ်ဆိုး သူတော်စင်ခန္ဓာမရှိဘဲနှင့် နတ်ဆိုးဘိုးဘေးကြီးသည် နတ်ဆိုးစစ်တပ်ကို ထိန်းချုပ်နိုင်မည်ဟု အဘယ့်ကြောင့် ထင်မှတ်နေရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူသည် နတ်ဆိုးကလန်တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သောကြောင့်ပင်။ ကလန်တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်နှင့်အညီ နတ်ဆိုးခန္ဓာကိုယ်ကို မပိုင်ဆိုင်တော့လျှင်တောင်မှ သူ၏နောက်လိုက်များကို အမိန့်ပေးနိုင်ခွင့်တော့ ရှိနေသေး၏။
သို့ပေမဲ့ အစစ်အမှန်တရားသည် ခါးသက်လွန်းလှ၏။ နတ်ဆိုးနယ်မြေထဲတွင် ရှိေနေသော နတ်ဆိုးစစ်တပ်များသည် ကျွင်းချောင်ရှောင်း၏ နေရာရွေ့ပြောင်းခြင်းကို ခံခဲ့ရ၏။ တော်ဝင်မြို့၏ ရတနာတိုက်ထဲတွင် ရှိနေသော အရာအားလုံးကိုလည်း သိမ်းဆည်းသွားခဲ့သေး၏။ သူသည်သာ အထဲသို့ရောက်ရှိပါက အထဲတွင် ပြောင်သလင်းခါနေသည့် အရာများကိုကြည့်ရှုရင်း ထပ်မံကာသွေးအန်မှာ သေချာသည်။
သို့ပေမဲ့ နတ်ဆိုးဘိုးဘေးကြီးသည် ထိုအရာကို မသိရှိချေ။ ထို့ကြောင့် သူ၏တံခါးပိတ်ကျင့်ကြံခြင်းကို ရပ်တန့်ပြီးနောက် အသုဘခန်းဆောင်မှ လက်ရွေးစင်ကျင့်ကြံသူများကို ခေါ်ဆောင်ကာ အနောက်ဘက်ပင်လယ်ဆီသို့ သွားရန်ပြင်လိုက်၏။
အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် သူတို့နှင့် နီးကပ်နေပြီဖြစ်၏။ ထို့ကြောင့် ထွက်ပြေးရန်မှလွဲ၍ တခြား နည်းလမ်းမရှိချေ။ သို့ပေမဲ့ ရှုံးနိမ့်သည်ဆိုလျှင်တောင်မှ သူတို့သည် ဝန်ခံလိမ့်မည်မဟုတ်ချေ။ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီး ယခင်အဆင့်ကို ပြန်လည်ရရှိသည်နှင့် အထက်နယ်မြေ တစ်ခုလုံးကို ပြောင်းပြန်လှန်ရန် သူ ဆုံးဖြတ်ထားသည်။
နတ်ဆိုးဘိုးဘေးကြီးသည် ယခင်က မည်ကဲ့သို့သော ကိုယ်အမူအကျင့်နှင့် မည်ကဲ့သို့ စိတ်ထား တည်ရှိခဲ့သည် မသိအေနောက်ဖက်ပင်လယ် …။
နတ်ဆိုးဘိုးဘေးကြီးသည် လဝက်ခန့် ခရီးသွားပြီးနောက် ဖုံးကွယ်ထားသော စိတ်ဝိညာဉ်ကျွန်းကို ရောက်ရှိခဲ့၏။ ထိုတည်နေရာသည် အလွန်ဆန်းကြယ်လှသည့် တည်နေရာဟု သတ်မှတ်နိုင်၏။
အဘယ့်ကြောင့် ဆန်းကြယ်သည်ဟု သတ်မှတ်ရသနည်း။
အဘယ့်ကြောင့်ဆိုသော် ဤကျွန်းသည် အနောက်ဘက်ပင်လယ်တွင် တည်ရှိ၏။ ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လိုက်နှင့် တည်ရှိနေသော ကျွန်းတစ်ခုပင် ဖြစ်၏။ တစ်ခါတစ်ရံ ၎င်းသည် အရှေ့ဖက်တွင် တည်ရှိ၍ တစ်ခါတစ်ရံ အနောက်ဖက်တွင် တည်ရှိ၏။ ၎င်းသည် လှည့်လည်သွားလာနေသော ဝိညာဉ်တစ်ကောင်ကဲ့သို့ ရွေ့ပြောင်းနေသော ကျွန်းဖြစ်၏။ သိုင်းကျင့်ကြံသူများသည် ထိုနေရာဆီသို့ ရောက်ရှိလာခဲ့သည် ဆိုလျှင်တောင်မှ ကန့်သတ်ထားသော အတားအဆီးအစီအရင်ထဲတွင် လမ်းပျောက်ပြီး တစ်ဝဲလည်လည်နှင့် အရိုးခြောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
ဒွီ
ကမ်းခြေပေါ်မှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် လက်ကိုအသာဝေ့ယမ်းလိုက်ပြီးနောက် မမြင်ရသည့် အတားအဆီးအစီအရင်များသည် ချက်ချင်းပဲ ဖယ်ရှားသွားခဲ့၏။
ဝေါင်း ဝေါင်း
တစ်ချိန်တည်းမှာပဲ နားကွဲလောက်စရာ အသံကြီးသည် ကျွန်းဆီမှ ပေါ်ထွက်လာ၏။ ကြီးမားလှသောငှက်ကြီးနှင့် သားရဲများသည် ရှေ့ဆီသို့ ထိုးထွက်လာကြ၏။ ၎င်းတို့သည် မြေပေါ်သို့ ဒူးထောက်လိုက်ကြပြီး ဦးညွှတ်ကာ ဂါဝရပြုလိုက်ကြသည်။
"ထင်မှတ်ထားတဲ့ အတိုင်းပဲကို"
နတ်ဆိုးဘိုးဘေးကြီးသည် စိတ်သက်သာရာရသလို ပြောလိုက်၏။ "မင်းတို့လေးတွေက အရွယ်ရောက်လာကြပြီပဲ"
အမဲရောင်ဝတ်စုံ အကြီးအကဲလေးယောက်နှင့် အသုဘခန်းဆောင်မှ လူများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ ဤထူးဆန်းလှသော သားရဲများ၏ ပုံပန်းသွင်ပြင်ကို ရှေးစာအုပ်ထဲတွင် မှတ်သားခဲ့ရ၏။ သို့ပေမဲ့ ထိုအရာသည် ရှေးတုန်းက တည်ရှိခဲ့ပြီး ယခုအချိန်၌ မရှိတော့ဟုလည်း မှတ်သားထားသည်။
"နတ်ဆိုးနယ်မြေကြီးတစ်ခုလုံး အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းက စည်းခတ်ခဲ့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူတို့က အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပြီလို့ တွေးလိမ့်မယ်။ ဒါပေမဲ့ မသိတာက သူတို့အားလုံးက ငါ့ရဲ့ လှည့်စားခြင်းကို ခံခဲ့ရတာပဲ။ ငါ့အနေနဲ့ မွန်းစတားသားရဲလေးတွေကို ဒီဖုံးကွယ်ထားတဲ့ ကျွန်းဆီကို အရင်ဆုံးလာပြီး ထားခဲ့တာပဲ" နတ်ဆိုးဘိုးဘေးကြီးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
များပြားလှသော ပြန်လည်ရှင်သန်ခြင်း အစီအရင်များကို ထားခဲ့ရုံသာမက အားကောင်းလှသော မွန်းစတားသားရဲများကိုလည်း ကျွန်းပေါ်တွင် ဝှက်ထားခဲ့၏။ သူသည် တကယ့်ကို အစီအစဉ်ကျနလှသော ဗီလိန်တစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။
ပြောနေစရာပင် မလိုအပ်ချေ။ နှစ်ပေါင်းတစ်သိန်းကြာပြီးနောက် ကျွန်းပေါ်တွင် ရှိနေသော သားရဲများသည် အရွယ်ရောက်သည်အထိ ကြီးထွားလာကြ၏။ ထရိုင်နိုဆော အမျိုးအစားနှင့် တူညီနေသည့် သားရဲပေါင်းတစ်ရာကျော်တို့သည် ကျွန်းပေါ်တွင် တည်ရှိနေခဲ့၏။
၎င်းတို့၏ အားအင်အဆင့်သည် အမြူပြောင်းလဲခြင်းအဆင့်ရှစ်၊ သို့မဟုတ် အဆင့်ကိုးတွင် အနည်းဆုံး ရှိ၏။ ထို့ပြင် ပျံသန်းနိုင်သော ငှက်ကုလားအုတ်နှင့်တူညီသည့် သားရဲတစ်ထောင်ကျော်တို့ကလည်း တည်ရှိနေပြီး ၎င်းတို့အားလုံးသည် အမြူတေပြောင်းလဲခြင်း အဆင့်ငါး၊ အဆင့်ခြောက်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ရနိုင်သော အားအင်အဆင့်ကို ပိုင်ဆိုင်ကြသည်။
တစ်ချို့သောသားရဲအမျိုးအစားများသည် အရေအတွက်များများ တည်ရှိနေ၏။ တစ်ချို့သော သားရဲများသည် အရေအတွက်က နည်းပါးလျှင်တောင်မှ အားအင်အဆင့်က မြင့်မားလွန်း၏။ တစ်ချို့သော သားရဲများဆိုလျှင် အစစ်အမှန်ရှာဖွေခြင်းအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သည်အထိ အားကောင်းကြ၏။
များပြားပြီး အားကောင်းလှသော သားရဲများကို အစောကတည်းက နေရာလွတ်အစီအရင်ထဲတွင် သိမ်းဆည်းထားခဲ့ကြ၏။ သာမန်ကျင့်ကြံသူများဆိုပါက ဤနေရာသို့ ရောက်ရှိလာသည်နှင့် သေဆုံးသွားမှာ သေချာသည်။
"သွားကြရအောင်"
နတ်ဆိုးဘိုးဘေးကြီးသည် သူ၏နောက်လိုက်များကို ဦးဆောင်ကာဖြင့် တောနက်အတွင်းသို့ ဝင်ရောက်လိုက် ၏။ ပြီးသည့်နောက် မြင့်မားသည့် တောင်ကုန်းတည်နေရာရှေ့တွင် ရပ်တန့်လိုက်ပြီး လက်ကို ယမ်းခါလိုက်၏။ ရှေ့တွင်ရှိအေစီအရင်များသည် ပျောက်ကွယ်သွားသည်။
အားလုံး၏ ရှေ့တွင်တော့ မြို့ငယ်လေးတစ်မြို့ ပေါ်ပေါက်လာခဲ့၏။ မြို့၏ ဂိတ်တံခါးအထက်တွင် စိတ်ဝိညာဉ်ဖယ်ရှားခြင်းမြို့ဟူသော စာတမ်းက ရေးထိုးထား၏။
"ဒီနေ့ကစပြီး ဒါ မင်းတို့နေရာမဲ့ နေရာပဲ"
"ကောင်းပါပြီ"
အသုဘခန်းဆောင်မှ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့သည် ဤမြို့ဆီသို့ လှမ်းဝင်လိုက်ကြသည်။
များပြားလှသည့် အကာအကွယ်အစီအရင်များသည် မြို့၏နံရံတွင် ရေးထိုးထားသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် တကယ့်ပင် အံ့အားသင့်လို့နေခဲ့၏။ သူတို့၏ ဘိုးဘေးကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက ဤကျွန်းဆီသို့ ရောက်ရှိလာကာ မွန်းစတားများကို မွေးမြူခဲ့သည့်အပြင် မြို့ကြီးတစ်မြို့ကိုပါ ကြိုတင်ဆောက်လုပ်ခဲ့သေး၏။
………
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိနေ၏။ သူသည် လက်တစ်ဖက်ဖြင့် မျက်နှာကို ဖုံးကာလျက် ရှိနေပြီး ညာဖက်မျက်စိဖြင့် စားပွဲပေါ်တွင် ရှိနေသော မြေပုံကို သေသေချာချာ ကြည့်ရှုနေသည်။
"နတ်ဆိုးဘိုးဘေးက ဘယ်နေရာမှာ ပုန်းနေနိုင်မလဲ"
သူ့အနေဖြင့် ပွဲကြည့်ပရိတ်သတ်အနေဖြင့် နေထိုင်ချင်သည်ဆိုသော်လည်း အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် အချိန်တိုအတွင်း မရှာတွေ့ပါက တစ်ဖက်လူသည် မူလကျင့်ကြံခြင်းကို ပြန်လည်ရရှိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူနှင့် သူ၏ဂိုဏ်းတစ်ခုလုံး ပြဿနာတက်မှာ သေချာ၏။
"တွေးပူမနေနဲ့တော့"
စနစ်က ပြောလိုက်သည်။ "မင်းရဲ့တပည့်က သူ့ရဲ့ နတ်ဆိုးသူတော်စင်ခန္ဓာကို လုယူခဲ့ပြီးပြီ မဟုတ်လား "
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ "နတ်ဆိုးဘိုးဘေးကြီးကိုရှာဖို့ အင်မော်တယ် အဆင့်ဂိုဏ်းတွေကို မှီခိုနေလို့ မဖြစ်ဘူး။ ငါ့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ရှာဖွေမှ ဖြစ်လိမ့်မယ်။ ဒါမှ အနာဂတ်မှာ ပြဿနာတင်မလာနိုင်မှာ။ ကောင်းကောင်းမွန်မွန် ကျင့်ကြံလို့ရေ“အင်မော်တယ်အဆင့် ဂိုဏ်းကြီးတွေက မိုးဆွေဟောခန်းထက် ပိုကောင်းတဲ့ သတင်းအချက်အလက်ဌာနတွေ တည်ရှိတယ်။ သူတို့တောင် ရှာမတွေ့ဘူးဆိုရင် လက်ခံသူက ဘယ်လိုရှာတွေ့မှာလဲ" စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မြေပုံကို သေချာကြည့်ရှုကာ ပြောလိုက်၏။ "နတ်ဆိုးဘိုးဘေးကြီးက သူ့ရဲ့ နတ်ဆိုးနယ်မြေထဲမှာ နတ်ဆိုးစစ်သည်တွေအကုန်လုံးကို ထားခဲ့တယ်လေ။ ဒီတော့ ကျိန်းသေပေါက် ဒီထဲကို ဝင်လို့ရမဲ့ နည်းလမ်းတစ်ခု ရှိနေလိမ့်မယ်။ ဒါဆိုရင်ကော နတ်ဆိုးနယ်မြေရဲ့ ဝင်ပေါက်ကို စည်းခတ်ထားတဲ့ တည်နေရာက အနောက်ဖက်ပင်လယ်။ သူက အဲနေရာရဲ့ တဂျောင်ဂျောင် မှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ "
“အထက်နယ်မြေရဲ့ အနောက်ဖက်ပင်လယ်ဆိုတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ပင်လယ်ထက် အစပေါင်းများစွာ ပိုပြတော့ ကျယ်ဝန်းတယ်လေ။ လက်ခံသူအနေနဲ့ ရှာဖွေလို့ ရမှာမဟုတ်ဘူး။ ဒါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက်တောင် ပိုပြီး ခက်ခဲတယ်" စနစ်က ပြောလိုက်သည်။
မူလအားဖြင့် ကျွင်းချောင်ရှောင်းသည် ခန့်မှန်းကြည့်ရုံသာ ပြုလုပ်ပြီး အနောက်ဖက်ပင်လယ်သို့ သွားရန် ရည်မှန်းချက်မရှိချေ။ သို့ပေမဲ့ စနစ်ဆီမှ တိကျခိုင်မာသည့် အသံကို ကြားပြီးသည့်နောက် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်၏။ "မင်းက မသွားနဲ့ဆိုမှတော့ ငါက ကျိန်းသေပေါက် သွားရတော့မှာပေါ့"
နောက်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထွေက်ခွာသွားခဲ့သည်။
သူ၏ ဦးတည်ရာသည် အနောက်ဖက်ပင်လယ်ပင် ဖြစ်၏။ ဤတစ်ကြိမ် အနောက်ဖက်ပင်လယ်ဆီသို့ သွားရာတွင်တော့ ရည်မှန်းချက် ကြီးကြီးမားမားမရှိချေ။ သူသည် အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်သို့ရောက်အောင် ကျင့်ကြံပြီးသောကြောင့် ဆက်လက်ကာ ကျင့်ကြံရန် မလိုအပ်တော့ချေ။ ထို့ကြောင့် အပြင်ဖက်သို့ထွက်ပြီး သူ၏ကံတရားကို စမ်းသပ်ရန် လိုအပ်လာ၏။ ထိုမှသာလျှင် တာဝန်တစ်ခုခုကို ရရှိနိုင်မှာဖြစ်ပြီး ကောင်းမွန်လှသည့် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်မိုင်းတွင်းများကိုလည်း ရှာဖွေတွေ့ရှိနိုင်သေး၏။
“ဟား ဟား ဟား” စနစ်က ရယ်မောလိုက်၏။ သူ၏အထင်အရဆိုလျှင် ကျွင်းချောင်ရှောင်းဆိုသော ကောင်လေးသည် ဂြိုလ်ကောင်သာ ဖြစ်၏။ ကောင်းမွန်လှသော အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အဘယ့်ကြောင့် ရှာဖွေတွေ့ရှိနိုင်မည်နည်း။ မည်သို့မျှ မဖြစ်နိုင်ချေ။
ဖုံးကွယ်ထားသော စိတ်ဝိညာဉ်ကျွန်း …..
နတ်ဆိုးဘိုးဘေးကြီး၏ နောက်လိုက်များသည် အစီအရင်၏ အတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ၏။ ၎င်းတို့အားလုံးသည် ပျံသန်းနိုင်သည့် ရတနာပစ္စည်းကို တပ်ကာဖြင့် ကုန်းမြေတိုက်ကြီးမှ ထွက်ခွာလာကြ၏။ အသုဘခန်းဆောင်၏ ဌာနချုပ်သည် ဤတည်နေရာတွင် စတေးချတော့မှာ ဖြစ်၏။ ထို့ကြောင့် များပြားလှသော အဖွဲဝင်များသည် ဤတည်နေရာသို့ တစ်ယောက်ပြီးနစ်ယောက် ရောက်ရှိလာကြပြီး နေစဉ်လိုအပ်ချက်နှင့် အသုံးပြုမည်အရာများကို ကြိုတင်ကာ ပြင်ဆင်ကြတော့၏။
ကျွန်းပေါ်တွင် ရှေးအစီအရင်ကြီးတစ်ခုက တည်ရှိနေ၏။ ဤအရာသည် တည်နေရာကို အမြဲပြောင်းလဲစေ၏။ ထို့ကြောင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းအနေဖြင့် ရှာဖွေတွေ့ရှိနိုင်ရန်မှာ ခက်ခဲလွန်းလှသည်။
ဤအရာသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် တူမနေဘူးလား။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် တားမြစ်တည်နေရာထဲတွင် ပုံးအောင်းနေပြီး ထူးဆန်းသည့် အစီအရင်တစ်ခုနှင့် နေရာကို အစဉ်အမြဲ ရွေ့ပြောင်းတတ်၏။ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း၏ ရှာဖွေခြင်းကို ခံခဲ့ရ၏။
ပုံစံတူညီလှချေ၏။ ကွာခြားသည်မှာ နတ်ဆိုးဘိုးဘေးကြီးသည် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းချုပ်ထက် အဆပေါင်းများစွာ ပို၍အားကောင်းလွန်း၏။ ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းကတည်းက ကြိုတင်ချခဲ့သော ဝှက်ဖဲများစွာလည်း တည်ရှိနေ၏။ အဘယ့်ကြောင့် လွယ်လွယ်ကူကူနှင့် ရှာဖွေတွေ့နိုင်မည်မည်နည်း။
ဟူး
အဓိကဟောခန်းထဲတွင် ခြေချိတ်ထိုင်လျက်ရှိနေသည့် နတ်ဆိုးဘိုးဘေးကြီးသည် မျက်လုံးကိုမှိတ်ကာဖြင့် အကူအညီမဲ့စွာ ပြောလိုက်သည်။ "ငါ့ရဲ့ ခန္ဓာကိုယ်က ပိုပိုပြီးတော့ အဆင်ပြေလာတယ်ဆိုပေမဲ့ အသွင်ပြောင်းဝိညာဉ်တိုက်ခိုက်မှုကို ခံစားနေရတုန်းပဲ။ ဒါ့ကြောင့် အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်မှာပဲ ပိတ်မိနေတာ။ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းနေတယ်။ ထားလိုက်တော့ ထားလိုက်တော့။ အလျင်မလိုသေးဘူး"
သူသည် ထရပ်ကာဖြင့် အဓိကေဟာခန်းထဲမှ လမ်းလျှောက်ထွက်လာ၏။ တောင်၏အနောက်ဖက်တွင် သစ်ပင်များ စီရီစွာ စိုက်ပျိုးထားသည့် လမ်းအတိုင်း လျှောက်လာပြီးသည့်နောက် သူသည် စက်ယန္တရားများကို အသက်သွင်းလိုက်၏။
ဝင်ပေါက်တစ်ခုသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာ၏။ အထဲတွင်တော့ သေးငယ်လှသည့် နန်းတော်လေးတစ်ခု တည်ရှိနေ၏။ နတ်ဆိုးဘိုးဘေးကြီးသည် အထဲသို့ ဝင်ရောက်ပြီးနောက် တည်နေရာအနှံ့ဆီမှ မီးတုတ်များသည် လင်းလက်လာခဲ့၏။ မီးတုတ်များ၏ အလင်းရောင်အောက်မှာတော့ ကျောက်စင်မြင့်ပေါ်တွင် ရှိသော ထူးဆန်းသော အစီအရင်ကြီးတစ်ခုသည် ထင်ပေါ်လာသည်။
"လက်ရှိ ငါ့ရဲ့ကျင့်ကြံခြင်းအရဆိုရင် နတ်ဆိုးနယ်မြေထဲကို ဝင်ရောက်ဖို့ အသက်သွင်းနိုင်လောက်မယ် ထင်တယ်"
ဤအရာသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက ကြိုတင်ချမှတ်ခဲ့သော အစီအစဉ် ဖြစ်၏။ ရည်ရွယ်ချက်သည် နတ်ဆိုးနယ်မြေအတွင်းသို့ တည်နေရာရွေ့ပြောင်းနိုင်ရန် ဖြစ်၏။ အင်မော်တယ်အဆင့် ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့ ဖန်တီးခဲ့သည့် စည်းအား ချိုးဖျက်နိုင်မည်လား၊ မချိုးဖျက်နိုင်ဘူးလားဆိုသည်မှာ မသေချာလှချေ။
နတ်ဆိုးဘိုးဘေးကြီးသည် အစီအရင်၏ အလည်တည့်တည့်တွင် ခြေချိတ်ကာ ထိုင်လိုက်၏။
ဒွီ ဒွီ
သူ၏ခန္ဓာကိုယ်ဆီမှ နတ်ဆိုးချီများ ထွက်ပေါ်လာခဲ့ပြီးနောက် ကျောက်ချပ်ပေါ်ရှိ ရှေးအစီအရင်များသည် အသက်ဝင်သွားခဲ့၏။ အစီအရင်သည် တောက်ပလာခဲ့ပြီး မြင်ကွင်းတစ်ခု ြ"ချိတ်ဆက်လို့တော့ ရနိုင်သေးတာပဲ"
ဝှစ် ဝှစ်
နတ်ဆိုးဘိုးဘေးကြီးသည် လျင်လျင်မြန်မြန်ဖြင့် လက်စည်းသင်္ကေတများကို ဖန်တီးပြုလုပ်လိုက်၏။ ပြီးသည့်နောက် ထူးဆန်းလွန်းလှသော မန္တာန်ကို ရွတ်ဆိုလိုက်၏။ သူ၏နားထင်ပေါ်သို့ လက်နှစ်ချောင်းတင်ကာ အော်ဟစ်လိုက်၏။ "လောကမှာ တစ်ဦးတည်း …. ကြယ်ကောင်းကင်ကို ပြောင်းပြန်လှန်"
အလင်းတန်းများသည် လင်းလက်သွားခဲ့၏။ သူ၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းဖြင့် ဝေဝါးလာခဲ့၏။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းတုန်းက ဖန်တီးခဲ့သည့် ဤရှေးအစီအရင်သည် စည်းအတားအဆီးကို ချိုးဖျက်နိုင်စွမ်း ရှိနေ၏။ သူ့အား နတ်ဆိုးနယ်မြေထဲသို့ ပို့ဆောင်ပေးလိမ့်မည်။ ကံကောင်းလွန်းလေစွ။ မထင်မှတ်ထားသည့် တတိယမြောက် အစီအစဉ်သည် အလုပ်ဖြစ်လျက်ရှိနေသည်။
“ဟား ဟား ဟား …. ငါ့ရဲ့ စစ်သည်တွေ …. ဒီဘိုးဘေးကြီးခေါ်သံကို ကြားရလား"
နတ်ဆိုးဘိုးဘေးကြီး၏ အသံသည် တစ်ဖြည်းဖြည်းနှင့် ပိုမိုကာ အားနည်းလာခဲ့ပြီး မှေးမှိန်ကာဖြင့် တည်နေရာရွေ့ပြောင်းခြင်းကို ခံလိုက်ရတော့သည်။
ကျွင်းချောင်ရှောင်းသည် ရှေးရွက်သင်္ဘောကြီးနှင့် ရောက်ရှိလာခဲ့၏။ သူပထမဆုံး ရပ်တန့်သည့် တည်နေရာသည် ပင်လယ်ဘုရင် မြို့ ဖြစ်၏။ ဤတည်နေရာတွင် အသုဘခန်းဆောင်မှ လူများ၏ ဌာနချုပ် ရှိလို့နေခဲ့၏။ ၎င်းတို့သည် မကြာသေးခင်က နယ်မြေဟောခန်းနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။
"ကြည့်အုံး…. ဒါရှေးရွက်သင်္ဘောကြီးပဲ။ ဒါ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"
ကုန်းရှန့်သည် ပင်လယ်ပြင်မြို့၏ တရားဝင်လမ်းကြောင်းဆီမှ ပျံသန်းရောက်ရှိလာခဲ့၏။ သူသည် ချက်ချင်းပဲ လမ်းပေါ်တွင် ရှိနေသည့်လူများကို အလန့်တကြားနှင့် ဖြစ်စေခဲ့၏။ သူ၏ အကြောင်းအားအဘယ့်ကြောင့် ဤကဲ့သို့သီးသန့်ဆန်လှသော နေရာမှ လူများကပါ ကြားသိရသနည်း။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဘဝင်မြင့်သလို ဖြစ်သွားခဲ့၏။
သူသည် မြို့ထဲသို့ မဆင်းသက်ခဲ့ချေ။ အသုဘခန်းဆောင်နှင့် နယ်မြေဟောခန်းတိုက်ခိုက်သည့် တည်နေရာဆီသို့ သွားလိုက်၏။ ထိုတည်နေရာတွင်တော့ များပြားလှသည့် တွင်းများ တည်ရှိနေပြီး ပတ်ဝန်းကျင်တည်နေရာတွင်တော့ ကျောက်တုံးများ သစ်ပင်များအားလုံးသည် ပျက်စီးနေခဲ့၏။ တိုက်ပွဲသည် ပြင်းထန်ခဲ့ပုံပေါ်သည်။
ဟမ်
ကျွင်းချောင်ရှောင်းငည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျန့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တိုက်ပွဲ၏ တည်နေရာထဲတွင် အသိအကျွမ်းတစ်ယောက်ကို တွေ့ရှိလိုက်ရ၏။ သူသည် အံ့အားသင့်သွားမိ၏။ "ဘာလို့ သူရောက်နေရတာလဲ"
"ဂိုဏ်းချုပ်ကျွင်း"
ကျောက်အခေါင်းကြီးကို ထမ်းထားသော ယုစီနန်သည် ပြုံးကာ နှုတ်ဆက်လိုက်သည် "ကျုပ်တို့ ထပ်ဆုံကြပြန်ပြီ"
"အစ်ကိုယု …. ဘယ်လိုဖြစ်ပြီး ပင်လယ်ဘုရင်မြို့ကို ရောက်လာရတာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်၏။
ယုစီနန်သည် ခေါင်းကို ခါယမ်းလိုက်မိ၏။ "ကျုပ် မင်းတို့ဂိုဏ်းကို သွားတာပဲလေ။ ဒါပေမဲ့ လမ်းပျောက်ပြီးတော့ အနောက်ဘက်ပင်လယ်ဆီကို ရောက်လာတာ"
"…….."
ကျွင်းချောင်ရှောင်းသည် ရွက်သေင်္ဘာကြီးပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားမိသည်။
ပြိုင်စံရှားဂိုဏ်းဆိုတာက အရှေ့တောင်ဖက်မှာ ရှိတာပါ။ အခုရောက်နေတာက အနောက်ပင်လယ်လေ။ ခင်ဗျားလမ်းလွဲတာက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ။
"ဂိုဏ်းချုပ်ကျွင်း"
ယုစီနန်က ပြောလိုက်၏။ "ခင်ဗျားဒီကိုလာတာက အသုဘခန်းဆောင်ကို လာပြီးတော့ စစ်ဆေးတာလား"
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးပေါ်မှ ခုန်ချလိုက်၏။ ပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ ပြီးနောက် လေးနက်တည်ကြည့်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "အသုဘခန်းဆောင်က နတ်ဆိုးဘိုးဘေးကြီးနဲ့ ဆက်စပ်နေတယ်လေ။ ဒါကြောင့် ဒီကိုလာပြီး စုံစမ်းတာပဲ ။ ပြီးတော့ တစ်စုံတစ်ခု ပြုလုပ်လို့ရမယ်လို့ မျှော်လင့်မိတယ်"
ဤနတ်ဆိုးသတ်ဖြတ်သူသည် နယ်မြေေ"ဂိုဏ်းချုပ်ကျွင်း"
ယုစိနန်သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ "တကယ့်ကို သီလသမာဓိနဲ့ ပြည့်စုံပါတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ်တို့ ဒီမှာလာပြီး ဆုံတွေ့တယ်ဆိုတာ ကံကြမ္မာကြောင့်ပဲ။ ဒီတော့ ပင်လယ်ဘုရင် မြို့မှာရှိတဲ့ စားသောက်ဆိုင်မှာ တစ်ခွက်လောက် သွားသောက်ရအောင်"
"ဒါဆိုရင် ကောင်းတာပေါ့"
ယုစီနန်သည် မငြင်းပယ်ခဲ့ချေ။ ထို့ပြင် သူသည် အနောက်ဘက်ပင်လယ်သို့ လာရောက်ရသည့်အတွက် အနည်းငယ် မောပန်းလို့နေခဲ့၏။ တစ်ခွက်၊ နှစ်ခွက်လောက် သောက်ခြင်းအားဖြင့် သူ၏ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားမည်ဟု သူကယုံကြည်နေမိသည်။
"ကျေးဇူးပြုပြီး သွားရအောင်"
သူတို့သည် ပင်လယ်ဘုရင်မြို့သို့ ဝင်ဝင်ချင်းမှာပဲ နတ်ဆိုးဘိုးဘေးကြီးသည် အစီအရင်၏ အကူအညီဖြင့်နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူ၏မျက်နှာသည် တည်ငြိမ်လျက်ရှိနေသော်လည်း တကယ်တမ်းမှာတော့ နှလုံးသားထဲတွင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ လွန်ခဲ့သည် နှစ်ပေါင်းတစ်သိန်းတုန်းက သူသည် နတ်ဆိုးစစ်သည်ကို သန်းနှင့်ချီ၍ ဤတည်နေရာတွင် ဖွက်ထားခဲ့၏။ ထို့ပြင် အားလုံးကို စည်းခတ်ထားခဲ့သေး၏။
အဓိကမြို့ထဲတွင်ဆိုလျှင် နတ်ဆိုးစစ်သည် သုံးသိန်းကျော်ပင် တည်ရှိ၏။ အဓိကအရေးကြီးလှသော စစ်သူကြီးရှစ်ဦးတို့ကလည်း တည်ရှိနေသည်။
စစ်သူကြီးရှစ်ဦးတို့ စုစည်းလျှင် ဘာကိုကြောက်ရတော့မလဲ။ အဓိကလမ်းတစ်လျှောက်တွင် လျှောက်လာရင်းမှ နတ်ဆိုးဘိုးဘေးကြီး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေ၏။ မကြာခင်မှာပဲ စစ်သည်များထားရှိရာ စစ်တပ်အကန့်ဆီသို့ ရောက်ရှိခဲ့၏။ မြေတည်နေရာကြီးတစ်ခုလုံးကို ကြည့်ရှုပြီးနောက် သူသည် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေ၏။ စစ်သည်များနေထိုင်ရာ အကန့်ထဲတွင် မည်သူမျှ မရှိသောကြောင့်ပင် ။
"ငါ့ရဲ့ စစ်သားတွေကော ဘယ်ရောက်သွားလဲ။ ငါ့ရဲ့ စစ်သူကြီးရှစ်ယောက်ကော "
နတ်ဆိုးဘိုးဘေးကြီးသည် တွေဝေငေးငိုင်စွာဖြင့် မတ်တပ်ရပ်လျက် ရှိနေ၏။ သူ၏မျက်နှာပေါ်တွင် ရှိနေသော အပြုံးများသည် အေးခဲလျက် ရှိနေ၏။
မြင်ကွင်းကို သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင် သူ၏အနားတစ်ဝှိုက်တွင် မည်သည့်အရာမှ မရှိပေ။ အထီးကျန်လူသားတစ်ယောက်ကဲ့သို့ပင် ဖြစ်နေ၏။ လေများသည် တဟူဟူးနှင့် တိုက်ခတ်လာနေပြီး လောကတွင် သူတစ်ယောက်တည်းသာ ကျန်ရှိနေသည်။
………...
ဝေါ့ ဝေါ့ ဝေါ့
သွေးများ အဆက်အပြတ် အန်ထွက်သည့် အသံသည် ရံဖန်ရံခါဆိုသလို ထွက်ပေါ်လျက် ရှိနေလေ၏။