အခန်း ၁၅၅၇
Vol. 105 Ch. 1557
အပိုင်း (၁၅၅၇)
ယုစီနန်သည်ထမင်းကြော်စားခြင်းကို အဆုံးသတ်ခဲ့၏။သူစားခဲ့သည်မှာ ထမင်းကြော်များ မဟုတ်ခဲ့ချေ။အတိတ်မှ ဖြစ်ရပ်များပင် ဖြစ်တော့၏။
“အစ်ကိုယု”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ခင်ဗျားရဲ့ဇာတ်လမ်းအကြောင်း ပြောပြပေးနိုင်မလား”
တစ်ဖက်လူသည် အစားအသောက်ကို ကြိုက်နှစ်သက်သည့်လူတစ်ယောက်ဖြစ်သောကြောင့်အခွင့်အရေးကို အရယူပြီး ဇာတ်လမ်းကို သိချင်နေမိ၏။
“ကျုပ်ဆီမှာ ဘာဇာတ်လမ်းမှမရှိဘူး”
ယုစီနန်သည်ဇွန်းကိုအသာချကာဖြင့်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်ကျွင်း.... ခင်ဗျားရဲ့ဖော်ရွေမှုအတွက် …”
ဝှစ်
ပြီးသည့်နောက်သူသည်အခေါင်းကြီးကိုထမ်းကာဖြင့် ပြန်လည်ထွက်ခွာသွား၏။
“မဖြစ်နိုင်ဘူး။ သူ ဒီလိုမျိုး ထွက်သွားတာလား”
ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းပြီး အောက်ထပ်သို့ဆင်းကာ ကျသင့်ငွေကို ပေးချေခဲ့၏။စားသောက်ခန်းထဲမှထွက်ကာ လျှောက်လိုက်သည့်အချိန်မှာတော့ယုစီနန်သည်လမ်း၏အစွန်ဘက်ကို ရောက်ရှိနေပြီဖြစ်ကြောင်းကို သိရှိလိုက်၏။၎င်းသည်စိတ်ဓာတ်ကျသည့်အရိပ်အယောင်များ ပြည့်နှက်လျက်ရှိနေ၏။
ဟား ဟား ဟား
စနစ်သည်သူ့အား လှောင်ပြောင်လိုက်သည်။ “အချိန်ဖြုန်းခဲ့တာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “သူ အရမ်းကို လူကြီးလူကောင်းဆန်တယ်လေ။ သူ့အနေနဲ့ဒီဟင်းပွဲတစ်ခု ကို မှတ်သားထားလိမ့်မယ်လို့ယုံကြည်မိတယ်လေ”
“ဟမ့်” စနစ်က နှာခေါင်းရှုံ့လိုက်သည်။
ကျွင်းချောင်ရှောင်းသည်ပင်လယ်ဘုရင်မြို့မှထွက်ခွာသွားခဲ့သည်။ ပြီးသည့်နောက်သူသည်သဲလွန်စများ ရှာတွေ့နိုင်မလားဆိုပြီး အနောက်ဘက်ပင်လယ်တကြောကို လှည့်လည်လျှောက်သွားနေ၏။
……….
ပင်လယ်၏ကမ်းခြေ၌ ယုစီနန်သည်ထိုင်ချလျက်ရှိနေ၏။ သူ၏ဘေးနားတွင်အခေါင်းကြီးက တည်ရှိလို့နေခဲ့ပြီး သူသည်အဆုံးမဲ့သော ပင်လယ်ကြီးကို ကြည့်ရှုနေ၏။ သူ့အနေနှင့် ထမင်းကြော်မှတဆင့်ယူဆောင်လာခဲ့သော ခံစားမှုနှင့်ဝမ်းနည်းမှုများ အားလုံးကို ပြန်လည် စဉ်းစားလျက်ရှိနေသည်။
..........
နတ်ဆိုးနယ်မြေ တည်နေရာ
တည်နေရာကြီးထဲမှာတော့နတ်ဆိုးဘိုးဘေးကြီးသည်တစ်ယောက်တည်း ထီးထီးကြီး တည်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့သူသည်ပန်းပဲဟောခန်းမကြီးဆီသို့ဝင်ရောက်လိုက်ပြီးသည့်နောက်ဘာတစ်ခုမှမရှိဘဲ ပြောင်သလင်းခါလျက်ရှိကြောင်း မြင်လိုက်ရ၏။ သူသည်ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ နံရံကို အသာမှီ လိုက်ရ၏။ သွေးများသည်နေရာအနှံသို့ပြန့်ကျဲလျက်ရှိနေ၏။
“ဘာကြောင့်လဲ။ ဒါ ဘာကြောင့်လဲ”
နတ်ဆိုးဘိုးဘေးကြီးသည်အလွန်အားကောင်းလွန်းလှ၏။သို့ပေမဲ့သူသည်သတိအပြည့်နှင့်စီမံစရာများကို စီစဉ်ဆောင်ရွက်တတ်သူ တစ်ယောက်လည်းဖြစ်သည်။ မသေဆုံးခင်ကတည်းက များပြားလွန်းလှသော အစီအမံများကို ကြိုတင်ကာ ပြင်ဆင်ခဲ့သေး၏။ အနာဂတ်တွင်သူသည်ကျိန်းသေပေါက် ပြန်လာနိုင်သည့် လူတစ်ယောက်ဖြစ်အောင်စီစဉ်ခဲ့သည်။
သို့ပေမဲ့အစစ်အမှန်တရားမှာတော့ခါးသက်လွန်းလှ၏။သူဖန်တီးခဲ့သော နတ်ဆိုးနယ်မြေအတွင်းရှိ စစ်သည်နှင့်စစ်ဗိုလ်ချုပ်များ အားလုံးတို့သည်ပျောက်ကွယ်သွားခဲ့ပြီး ပန်းပဲခန်းမထဲတွင်ရှိသင့်သည့်လက်နက်ပစ္စည်းနှင့် ချပ်ဝတ်ပစ္စည်းတို့သည်ဘာတစ်ခုမှမရှိခဲ့ချေ။ဆံပင်စ တစ်စတောင်မှကျန်ရှိခြင်း မရှိခဲ့ပေ။
ဤအရာမှာ အမှန်ပင်သူ့အား ကြီးကြီးမားမား ထိခိုက်စေခဲ့၏။ကံကောင်းသည်မှာ ပြန်လည်ရှင်သန်လာခဲ့သည့် သူ၏ခန္ဓာကိုယ်သည်အလွန်အားကောင်းလွန်းလှချေ၏။သာမန်လူတစ်ယောက်သာ ဖြစ်သည်ဆိုပါက သွေးများဆုံးရှုံးလွန်းသောကြောင့်သေဆုံးနေသည်မှာ ကြာလောက်ပြီဖြစ်၏။
“ဘယ်သူလဲ”
နတ်ဆိုးဘိုးဘေးကြီးသည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။သူ၏ မျက်နှာတစ်ခုလုံး သည်တင်းမာခက်ထန်လျက်ရှိ၏။ နဖူးပေါ်တွင်ရှိနေသော သွေးကြောကြီးများပင်လျှင်ဖောင်းကြွနေခဲ့သည်။ “ဒါ ဘယ်သူလုပ်တာလဲ”
ဒေါသတရားများကို နံပါတ်စဉ်ဂဏန်းများဖြင့်ဖော်မည်ဆိုပါက တိုင်းတွာသည့်ဂဏန်းများပင်လိုက်ရေနိုင်လိမ့်မည်မဟုတ်ချေ။
တစ်နာရီခန့် ကြာပြီးသည့်နောက်သူသည်တခြားသော မြို့အသီးသီးသို့သွားရောက်လည်ပတ်ကြည့်၏။သို့ပေမဲ့မည်သည့်နတ်ဆိုးစစ်သည်ကိုမှရှာဖွေမတွေ့ရှိခဲ့ချေ။
ထို့ကြောင့် နှလုံးသားထဲတွင်နာကျင်သည့်ခံစားချက်နှင့်အတူ အဓိကမြို့ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။သူ၏နှလုံးသားသည်နာကျင်လျက်ရှိနေသည်ဆိုသော်လည်း ဘဝကိုတော့ဆက်လက်ကာ လျှောက်လှမ်းရပေဦးမည်။
နတ်ဆိုးကလန်တစ်ခုလုံး၏ ဘိုးဘေးတစ်ယောက်ဖြစ်သည်မို့အဘယ်ကြောင့်ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးနှင့် လဲပြိုရမည်နည်း။ နတ်ဆိုးဘိုးဘေးကြီးသည်လက်ရှိအခြေအနေတွင်အားအင်အဆင့်လိုအပ်လျက်ရှိနေသည်ဆိုသော်လည်း ထိပ်တန်းအဆင့်လက်ရွေးစင်များ၏ စိတ်သတ္တိခွန်းအားကိုတော့ပိုင်ဆိုင်ထားသေး၏။ သူသည်ဤမျှလောက်ခက်ခဲသည့်အရာများကို ကြုံဆုံနေရသည်ဆိုလျှင်တောင်မှကြံ့ကြံ့ခံ ရပ်တည်နိုင်၏။
နတ်ဆိုးစစ်သည်တွေမရှိတော့ဘူးလား။
ကိစ္စမရှိဘူး။
ဘာလက်နက်ပစ္စည်းမှမရှိတော့ဘူးလား။
ကိစ္စမရှိဘူး။
သူ၏ ကျင့်ကြံခြင်းအဆင့်များ ပြန်လည်ရရှိသည်ဆိုပါက ကျိန်းသေပေါက်ထိပ်ဆုံးအဆင့်ဆီသို့ ပြန်လာနိုင်ပေလိမ့်မည်။
“အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း၊ အဓိကကလန်တွေ၊ ပြီးတော့ ငါ့ရဲ့သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ခိုးယူသွားတဲ့ ပြိုင်စံရှားဂိုဏ်း”
နတ်ဆိုးဘိုးဘေးကြီးသည်အစီအရင်တည်ရှိရာနေရာတွင်မတ်မတ်ရပ်ပြီးသည့်နောက်ဖုံးကွယ်ထားသော စိတ်ဝိညာဉ်ကျွန်းရှိရာသို့ ပြန်လာခဲ့လိုက်၏။သူ၏မျက်လုံးထဲတွင်တော့ဒေါသတရား များနှင့် ပြည့်နှက်နေခဲ့တော့၏။
“မကြာခင်မှာ ဘယ်အရာက အစစ်အမှန်ငရဲလည်း ဆိုတာကို မင်းတို့နားလည်စေရမယ်။လောကကြီးထဲမှငါတစ်ယောက်ထဲ ရှိတယ်ဆိုရင်တောင်မှ ကြယ်တွေအကုန်လုံးကို မီးရှို့ပစ်မယ်”
ဝှစ်
အလင်းတန်းများ တောက်ပသွား၏။ ပြီးနောက်မူလတည်နေရာတွင်ရပ်လျက်ရှိသော နတ်ဆိုးဘိုးဘေးကြီးသည်မူလတည်နေရာမှာတင်ရပ်နေတုန်းဖြစ်၏။သူသည်တည်နေရာ မရွေ့ပြောင်းနိုင်ခဲ့တော့ချေ။အဆုံးသတ်မှာတော့ခံစားချက်များကို မည်သို့မှမထိန်းချုပ်နိုင်တော့ဘဲ ထကာအော်ဟစ်လိုက်၏။
“ချီးတဲ့မှ....ဘာတွေဖြစ်ကုန်တာလဲ”
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုသည်အတွဲလိုက်ဖြစ်တည်လာခဲ့သောကြောင့်သူသည်မည်သို့မှပင်မခံစားနိုင်တော့ချေ။
..................
အနောက်ဘက်ပင်လယ်
ထူးခြားသောပစ္စည်း၏ လမ်းညွှန်မှုအောက်တွင်တည်ရှိနေသော စိတ်ဝိညာဉ်ကျွန်း၏ ကမ်းစပ်တွင်တော့များပြား လွန်းလှသော အသုဘခန်းဆောင်မှအဖွဲ့ဝင်များ ရောက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည်စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့်ပတ်ဝန်းကျင်တည်နေရာအသီးသီးကို စောင့်ကြပ်ကြည့်ရှုနေကြ၏။ မည်သူမှသူတို့နောက်လိုက်ပါမလာသည်ကို သိရှိပြီးသည့်နောက်ဖုံးကွယ်ထားလျက်ရှိသော အစီအရင်ထဲသို့တိုးဝင်ခဲ့သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်မှာတော့ပင်လယ်၏အထက်တွင်ရှိနေသော တည်နေရာသည်တွန့်လိပ်သွား ခဲ့၏။ ပြီးနောက်ရှေးရွက်သင်္ဘောကြီးတစ်စင်းသည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့၏။
ပဲ့ဦးတွင်ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီလူတွေက အထဲကို ခိုးပြီးဝင်သွားကြတာ။ ဒါနည်းနည်းတော့မသင်္ကာစရာကောင်းတာပဲ။ ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည်ပင်လယ်ထဲတွင်ရည်မှန်းချက်ကင်းမဲ့စွာဖြင့်လှည့်လည်ကာ သွားလာနေခြင်းဖြစ်၏။သို့ပေမဲ့သိုင်းကျင့်ကြံသူတချို့သည်အမြန်ဆုံးနှုန်းနှင့် ပျံသန်းလာသည်ကို မြင်ခဲ့ရ၏။ ထို့ကြောင့် ၎င်းတို့၏နောက်မှမသိမသာနှင့် လိုက်ပါလာခဲ့ခြင်းပင် ဖြစ်၏။သူလိုက်ပါလာခဲ့သည့်လူများသည်အသုဘခန်းဆောင်မှလူများဖြစ်ကြောင်း သူမသိရှိခဲ့ချေ။ထို့အတူ ဤကျွန်းပေါ်တွင်ပုန်းအောင်း လျက်ရှိနေသူမှာ နတ်ဆိုးဘိုးဘေးကြီးဖြစ်ကြောင်းလည်း မသိရှိပေ။
ဆွစ် …။
သူသည်ရှေးရွက်သင်္ဘောကြီးကို ရှေ့ဆီသို့ဆက်လက်မောင်းနှင်လိုက်၏။သို့ပေမဲ့ကမ်းခြေတည်နေရာသို့ရောက်ခါနီးအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည်အံ့အားသင့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော်သူ၏ရှေ့တွင်ရှိနေသော ပင်လယ်ကြီးသည် ကျွန်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ခြင်းပင်။
“အမ်...ဒါက ပုံရိပ်ယောင်တစ်ခုလား။ မဖြစ်နိုင်ဘူး။ ခုနတုန်းက သိုင်းကျင့်ကြံသူတွေအထဲကို ဝင်သွားတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်လေ။ ဒါပုံရိပ်ယောင်တစ်ခု မဖြစ်နိုင်ဘူး” ကျွင်းချောင်ရှောင်းသည်လေထဲတွင်မတ်မတ်ရပ်လျက်ရှိပြီး မေးစေ့ကို ပွတ်သပ်ကာဖြင့်စတင်ကာ စဉ်းစားလိုက်၏။
“ကျွန်းတစ်ခုလုံးကို ကာကွယ်ထား နိုင်တဲ့ အစီအရင်တစ်ခုခု တည်ရှိနေတာလား” စနစ်က ခန့်မှန်းလိုက်မိသည်။
ကျွင်းချောင်ရှောင်းသည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အင်း... ခုနတုန်းကတော့အစီအရင်ရဲ့အော်ရာတွေရခဲ့တယ်လေ။ ဒါပေမဲ့အခုမရှိတော့ဘူး။ ကျွန်းတစ်ခုလုံးက တစ်ခါတည်း အငွေ့ပျံသလို ပျောက်ကွယ်သွားတာပဲ”
သူသည်ခဏလောက်ဆက်လက်ကာ စောင့်စားကြည့်လိုက်၏။သို့ပေမဲ့ဘယ်တုန်းကမှမရှိခဲ့သလို ပျောက်ကွယ်သွားသည်ကို သေချာပြီးသည့်နောက်မှာတော့ရှေးရွက်သင်္ဘောကြီးကို ဆင့်ခေါ်ကာဖြင့်အနီးအနားတွင်ရှိနေသော ပင်လယ်ထဲသို့လိုက်လံကာ ရှာဖွေခဲ့၏။
ကျွန်းကြီးသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။ထိုအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင်စိတ်ဝင်စား စေခဲ့၏။ နှစ်ရက်လောက်ရှာဖွေပြီးသည့်နောက်မှာတော့ပင်လယ်၏တခြားသောတည်နေရာတွင် ကျွန်းကြီးတစ်ခု ကို ရှာဖွေတွေ့ရှိခဲ့၏။မူလတည်နေရာနှင့်ဆိုလျှင်အနည်းဆုံး မိုင်တစ်ထောင်အကွာအဝေးတွင်တည်ရှိနေ၏။ မျက်လုံးနှင့် သေသေချာချာ အနီးကပ်လာရောက်ကာ ကြည့်ရှုနေသည်မဟုတ်ပါက အဝေးမှလှမ်း၍ ကြည့်ရှု နိုင်သည့်အရာမဟုတ်သလို စိတ်ဝိညာဉ်အာရုံများ ဖြန့်ကျက်ကာ ကြည့်ရှုနိုင်သည့်အရာမျိုးလည်း မဟုတ်ချေ။
“ဒါအရမ်း ထူးဆန်းတာပဲ”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “အထဲမှာ ရတနာတစ်ခုခု ရှိနိုင်တယ်”
ဆွစ်
သူသည်အနီးသို့ကပ်သွားသည့်အချိန်မှာတော့ ကျွန်းတစ်ခုလုံးသည်ဆန်းကြယ်စွာဖြင့်ပျောက်သွားပြန်၏။
“ငါ မရှာနိုင်ဘူးဆိုတာကို မယုံဘူးကွာ” ကျွင်းချောင်ရှောင်း၏ ဒေါသများ ထိုးတက်လာခဲ့တော့သည်။
သူသည်ရှေးရွက်သင်္ဘောကြီးကို ထိန်းချုပ်ကာဖြင့်အနောက်ဘက်ပင်လယ်တကြောကို ဆက်လက်ကာ ရှာဖွေပြန်၏။အဆုံးသတ်မှာတော့လဝက်အတွင်း သူသည်ရှစ်ကြိမ်မြောက်ရှာဖွေတွေ့ရှိခဲ့၏။ရှာဖွေတွေ့ရှိပြီး ကမ်းစပ်ဆီသို့သွားရန် ပြင်လိုက်သည့်အချိန်တွင်ထိုအရာကြီးသည့်ပျောက်ကွယ်သွားခဲ့ပြန်၏။
ကုန်းရှန့်သည်ဒေါသမထွက်တော့ချေ။အနောက်ဘက်ပင်လယ်၏မြေပုံကို ထုတ်ယူကာဖြင့်လက်ရှိ သူရှိနေသည့်တည်နေရာကို မှတ်သားလိုက်သည်။
“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး။ ဒါက နောက်ထပ်မိုင်တစ်ထောင်အကွာအဝေးမှာ ထပ်ပြီးပေါ်လာ တာပဲ”
လဝက်အတွင်း ကျွင်းချောင်ရှောင်းသည်ဤကျွန်းကြီးမှာ ပျောက်သွားလိုက်၊ ပြန်ပေါ်လိုက်အခြေအနေမျိုးကို တွေ့ခဲ့ပြီးဖြစ်၏။ထို့ကြောင့်သူသည်မြေပုံနှင့် သေသေချာချာ ဝိုင်းပတ်ကာဖြင့်မှတ်သားထားခဲ့ပြီးဖြစ်၏။
“ပထမအကြိမ်တုန်းက ဒီမှာ၊ ဒုတိယအကြိမ်က ဒီမှာ၊ နာရီ... ဒါက နာရီပြောင်းပြန်လည်တာ”
သူ၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်ရန်အတွက် ကျွင်းချောင်ရှောင်းသည်ရှေးရွက်သင်္ဘောကြီးကို မောင်းနှင်ကာဖြင့်နောက်ဆုံး တည်နေရာဆီမှမိုင်တစ်ထောင်အကွာအဝေးဆီသို့သွားလိုက်၏။ရောက်ရှိလာသည့်တည်နေရာသည်မြေပုံထဲတွင်ဆိုလျှင်ဆယ့်တစ်နာရီတိတိဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင်တစ်ရက်နှင့်တစ်ည ကြာပြီးသည့်နောက်မှာတော့ပင်လယ်ထဲတွင်ရှိနေသော တည်နေရာကြီးသည်တွန့်လိမ်သွားခဲ့၏။ ပြီးနောက်ထူးခြားသည့်စွမ်းအင်များနှင့် တည်ရှိနေသော ကျွန်းကြီးသည်ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည်ချက်ချင်းအလျင်စလိုဖြင့်ဝင်မသွားချေ။ထိုအစား မြေပုံပေါ်တွင်မှတ်သားထားသော ပထမဦးဆုံး တည်နေရာဆီသို့အမြန်ထွက်သွားခဲ့ပြန်၏။
နှစ်ရက်ခန့် ကြာပြီးသည့်နောက်မှာတော့ ကျွန်းကြီးသည်ထိုတည်နေရာ၌ ထပ်မံပေါ်ပေါက်လာပြန်၏။သူသည်သေသေချာချာ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
“ဒါက တိကျတဲ့တည်နေရာကို အမြဲတမ်းပြောင်းနေတာပဲ။ ဒါက နာရီ ပြောင်းပြန်လည်သလိုမျိုး သွားနေတာပဲ”
“ဒါကိုသိတော့ရော ဘာလုပ်လို့ရမှာလဲ”
စနစ်က ပြောလိုက်၏။ “အနီးကို ကပ်သွားရင် ကျွန်းကပျောက်ကွယ်သွား မှာပဲလေ။ ဒါက အထဲမှာရှိတဲ့အစီအရင်နဲ့သက်ဆိုင်နေလိမ့်မယ်ထင်တယ်”
“ဒါကို တားဆီးနိုင်ဖို့အတွက်တခြားအစီအရင်တစ်ခုကို ငါဖန်တီးလို့ရတယ်လေ”
ရွှီး
ကျွင်းချောင်ရှောင်းသည်မြေပုံထဲရှိ တစ်နာရီ အမှတ်အသား တည်နေရာသို့ပျံသန်းသွားလိုက်၏။ ပြီးနောက်အစီအရင်တစ်ခုကို စတင်ကာ ဖန်တီးတော့၏။သူ့အနေနှင့် ထိုက်ရွှမ်အဘိုးအိုလောက် ကျွမ်းကျင်လှသူ မဟုတ်သော်လည်း အနည်းဆုံးတော့စွမ်းရည်ရှိသူတစ်ယောက်ဟု ဆိုရမည်။ထို့အပြင်ဤတစ်ကြိမ်တွင် ကျွန်းကြီး တစ်ခုလုံးကို ဖျက်ဆီးရန်စဉ်းစားခဲ့ခြင်း မဟုတ်ချေ။အနှောက်အယှက်ဖြစ်အောင် ပြုလုပ်ရန်စဉ်းစားခဲ့ခြင်းဖြစ်၏။အနှောက်အယှက်ဆိုသည်မှာ တစ်စက္ကန့်လောက်အဟန့်အတား ဖြစ်သွားလျှင်ပင်လုံလောက်နေပြီဖြစ်သည်။
ဟူး ဟူး
ရက်အနည်းငယ် ကြာပြီးသည့်နောက် ကျွန်းကြီးသည်သတ်မှတ်ထားသည့်တည်နေရာဆီသို့အလိုအလျောက်လှည့်လည်ပြန်၏။ပင်လယ်ရေမျက်နှာပေါ်တွင်ရှိနေသော အစီအရင်ကြောင့် ကြမ်းတမ်းလှသည့်လှုပ်ရှားမှုများ မထွက်ခဲ့ချေ။ဝှစ် …ဟူသော အသံနှင့်အတူ တစ်စက္ကန့်အတွင်း ပေါ်လာခဲ့၏။သို့ပေမဲ့ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းသည် အန္တရာယ်မရှိဘူးဆိုသော်လည်း တစ်စက္ကန့် နှောင့်နှေးခြင်းကတော့ ကျွင်းချောင်ရှောင်း အတွက်အခွင့်အရေးတစ်ခုပင် ဖြစ်တော့၏။
လာပြီ။ ကုန်းရှန့်လာပြီ။
………
နတ်ဆိုးနယ်မြေ
နတ်ဆိုးဘိုးဘေးကြီးသည်ခြေချိတ်ကာ ထိုင်လျက်ရှိပြီး အသက်ကို ပြင်းပြင်းရှူနေ၏။ သူသည်တည်နေရာ ရွေ့ပြောင်းမှုကျရှုံးပြီးသည့်နောက်သွေးများ ပက်ပက်စက်စက်အန်ထွက်ခဲ့ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အနည်းငယ်အားနည်းလို့နေခဲ့သည်။ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းဆီသို့မပြန်ခင်အားပြန်ဖြည့်ရန်လိုအပ်နေလေ၏။