← Chapters

အခန်း ၁၅၆၀

Vol. 105 Ch. 1560

အခန်း ၁၅၆၀

Vol. 105 Ch. 1560

အပိုင်း (၁၅၆၀)

ဆွစ်

အနောက်ဘက်ပင်လယ်ပေါ်မှာတော့ယုစီနန်သည်အမြန်ဆုံးနှုန်းဖြင့်ပျံသန်းလာခဲ့၏။သူသည်တည်နေရာ လှုပ်ရှားမှုများဖြစ်ပေါ်နေရာသို့အနီးကပ်လာလေ ပိုမိုကာ သတိထားလေဖြစ်၏။

“ကျွမ်းကျင်သူပဲ”

ယုစီနန်သည် တွေးလိုက်မိသည်။ “ဒါကျိန်းသေပေါက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်မယ်”

တည်နေရာ၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သောကြောင့်သူသည်သူနှင့်ဓာတ်သဘာဝ တူညီသည့်လူတစ်ယောက်ကို ပထမဦးဆုံး စတင်ကာ တွေ့ခဲ့ဖူးခြင်းဖြစ်၏။တည်နေရာတွင် ဖြစ်ပေါ်နေသည့်လှုပ်ခါမှုများကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့်ထိုကဲ့သို့သော လှုပ်ခါမှုသည်ကမ်းခြေတဝိုက်မိုင်တစ်ထောင်အကွာအဝေးသို့ပင်ရောက်ရှိလျက်ရှိ၏။

အလွန် အားကောင်းလှချေသည်။ဤကဲ့သို့သော ကျွမ်းကျင်သူသည်မည်သူဖြစ်မည်နည်း ဆိုသည်ကို သူကိုယ်တိုင်တွေ့ချင်နေမိ၏။ ထို့ကြောင့်ပင်လျှင်ယုစီနန်သည်သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်၏။သူ၏ စိတ်ထဲမှာတော့ထိုကျွမ်းကျင်သူကို ကြည့်ရှုချင်စိတ်များ ပိုမိုကာ အားကောင်းလာခဲ့သည်။

ယုစီနန်သည်ခဏလောက်ကြာ ပျံသန်းလာ ပြီးသည့်နောက်သူ၏ အမူအရာသည်ပိုမိုကာ လေးနက်လာခဲ့၏။အဘယ်ကြောင့်ဆိုသော်တည်နေရာ တုန်ခါမှုကြီး သည်ပိုမိုကာ လေးနက်လာခဲ့ပြီး ထူးခြားလွန်းလှသည့်အော်ရာများ ထွက်ပေါ်နေသောကြောင့်ပင်။

“ဒါ ဘာကြီးလဲ” ယုစီနန်သည်သေသေချာချာ မပြောနိုင်ပေ။ သို့ပေမဲ့ရှေ့သို့သာ ဆက်လက်ပျံသန်းလိုက်၏။နောက်ထပ်မိုင်ငါးဆယ်လောက်ပျံသန်းလာပြီးသည့်နောက်ထူးခြားသည့်အော်ရာများသည်ပိုမိုကာ အားကောင်း လာခဲ့၏။ ပြီးနောက် ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်လုမတတ်ပင်ဖြစ်နေ၏။

“ဒါ သေခြင်းတရားရဲ့အော်ရာတွေပဲ။ ကျိန်းသေပေါက်လမ်းမှန်ကျင့်ကြံသူတစ်ယောက်မဟုတ်နိုင်ဘူး”

ခဏလောက်စဉ်းစားပြီးသည့်နောက်ယုစီနန်က တွေးတောလိုက်မိ၏။ ဒါက နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ယောက် ဖြစ်နိုင်မလား။

အော်ရာတစ်ခုတည်းနှင့်ပင်ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။တစ်ဖက်လူသည်သာမန်နတ်ဆိုးကျင့်ကြံသူတစ်ယောက်မဟုတ်နိုင်ချေ။ ဖြစ်နိုင်သည်မှာ ……

“နတ်ဆိုးဘိုးဘေး”

ယုစီနန်သည်အမူအရာသည်ပိုမိုကာ လေးနက်လာခဲ့၏။တခြားသူတစ်ယောက်သာ ဖြစ်သည်ဆိုပါက နတ်ဆိုး ဘိုးဘေးဟု ခန့်မှန်းလိုက်သည်ဆိုပါက ချက်ချင်း နောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားမှာ ဖြစ်တော့သည်။ ထိုကဲ့သို့သော ကျွမ်းကျင်သူများသည်သွားရောက်ရှုပ်ထွေးလို့ရနိုင်သည့်လူ မဟုတ်ချေ။

သို့ပေမဲ့ယုစီနန်မှာတော့ ပြန်မလှည့်ခဲ့ချေ။အရှိန်ကို မြှင့်ကာဖြင့်အရှေ့ဆီသို့ဆက်လက်ကာ ပျံသန်းလိုက်၏။သူ့အနေနှင့် လမ်းပျောက်သောကြောင့်အနောက်ဘက်ပင်လယ်သို့ရောက်ရှိလာခဲ့သည်ဟု ကျွင်းချောင်ရှောင်းကို ပြောဆိုခဲ့၏။သို့ပေမဲ့တကယ့်အကြောင်းအရာမှာတော့နတ်ဆိုးဘိုးဘေးကြီးနှင့် အသုဘခန်းဆောင်ကို လာရောက်ကာ စုံစမ်းခြင်းပင် ဖြစ်သည်။သဲလွန်စတစ်ခုကို တွေ့သည်ဆိုမှတော့သူသည်အဆုံးထိ လိုက်ပါရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်နတ်ဆိုးသတ်ဖြတ်သူ တစ်ယောက်၏တာဝန်သည်သူ့၌တည်ရှိနေသည်မဟုတ်ပါလား။

ဝှစ် ….။

သူသည်ရှေ့သို့ဆက်လက်ကာ ရွေ့လျားလာခဲ့၏။တည်နေရာတုန်ခါမှုကြီးသည်ဆက်လက်ကာ ဖြစ်တည်လာခဲ့ပြီး သေဆုံးခြင်းအော်ရာများသည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။ထို့အပြင်နောက်ထပ်အော်ရာတစ်ခုလည်း ထပ်မံကာ ထွက်ပေါ်လာသေး၏။

ယုစီနန်သည်မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဒါက သွေးအနံ့ပဲ”

တည်နေရာတုန်ခါမှုကြီးကို ပြုလုပ်နိုင်သည့်လူသည်နတ်ဆိုးဘိုးဘေးကြီး ဖြစ်သလား၊ မဖြစ်သလား ဆိုသည်ကို သူသေသေချာချာ မသိရှိချေ။သို့ပေမဲ့ရရှိသည့်သွေးရနံ့များကို ကြည့်ရှုရမည်ဆိုလျှင်တစ်ဖက်လူသည် ကြင်နာ တတ်သည့်လူတစ်ယောက်မဟုတ်မှန်းတော့သိရှိနိုင်ပေ၏။

ထို့ကြောင့်ခန့်မှန်းရသည်မှာ ထိုတည်နေရာထဲမှာ ကြမ်းကြမ်းတမ်းတမ်းနှင့် ပြင်းထန်သည့်သတ်ဖြတ်မှုမျိုးကို ပြုလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။သူ့အနေနှင့် ကျိန်းသေပေါက်တားဆီးရပေလိမ့်မည်။

မကောင်းမှုများကို ပြုလုပ်တတ်သည့်လူကို နတ်ဆိုးဟု အဓိပ္ပာယ်သတ်မှတ်၏။ထို့ကြောင့်နတ်ဆိုးသတ်ဖြတ်သူ တစ်ယောက်အနေနှင့် ယုစီနန်သည်သူ၏တာဝန်ကို ကျိန်းသေပေါက်ထမ်းဆောင်ရပေလိမ့်မည်။

သို့ပေမဲ့တည်နေရာတုန်ခါသည့်နေရာသို့ရောက်ရှိသည့်အချိန်မှာတော့ဖုံးကွယ်ထားသည့် လျှို့ဝှက်ကျွန်းကြီး သည်သူ၏ အရှေ့တွင်တည်ရှိနေကြောင်းကို မြင်လိုက်ရ၏။ တည်နေရာကြီးတွင်ရှိသော အစီအရင်သည်ဖမ်းချုပ်ခြင်းကို ခံထားရပြီး စတုရန်းထောင့်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်နေ၏။

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့သူသည်အနည်းငယ်တုန်ယင်သွားမိ၏။ ကမ်းခြေစပ်တလျှောက်မှာတော့အလောင်းများသည် ပြန့်ကျဲလျက်ရှိနေပြီး ဦးခေါင်းပြတ်များသည်လည်း မြေနေရာအနှံ့တွင်ပျံ့ကျဲနေ၏။ သွေးများသည်သဲများထဲတွင်နစ်ဝင်လျက်ရှိနေပြီး သဲများသည်ရဲရဲနီလျက်ရှိနေသည်။

..................

ယုစီနန်သည်မျက်မှောင်ကုတ်လိုက်မိ၏။ နတ်ဆိုးကျင့်ကြံသူများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည့်နတ်ဆိုးသတ်ဖြတ်သူတစ်ယောက် ဖြစ်သည်နှင့်အညီ သူသည်တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူး၏။ သို့ပေမဲ့ဤကဲ့သို့သော အချင်းအရာကိုတော့မမြင်ခဲ့ဖူးချေ။ ကြည့်ရှုရသည်မှာ သားသတ်ရုံထဲသို့ရောက်ရှိနေသကဲ့သို့ပင်။အလောင်းများမှာ နှစ်ထောင်မှသုံးထောင်နီးပါးခန့်ပင်တည်ရှိနေ၏။

ပိုမိုကာ ထိတ်လန့်တုန်လှုပ်စရာကောင်းသည်မှာ ကမ်းခြေပေါ်တွင်တော့တိုက်ခိုက်သည့်အရိပ်အယောင်တစ်ခု တစ်လေမှမရှိခြင်းပင်။ ကြည့်ရှုရသည်မှာ အသတ်ခံရသည့်သူများမှာ ငြိမ်ငြိမ်သက်သက်နှင့် ရှေ့ဆီသို့လှမ်းတက်ပြီး အသတ်ခံခဲ့ခြင်းနှင့် ဆင်တူနေ၏။ သို့မဟုတ်တခြားတစ်နေရာမှတိုက်ခိုက်သတ်ဖြတ်ပြီးသည့်အလောင်းများကို သယ်ဆောင်ကာ ဤတည်နေရာသို့လာရောက်၍ပစ်ထားခဲ့လေသည်လား။

ဆွစ်

ယုစီနန်သည်တည်နေရာအက်ကွဲကြောင်း၏ အစပ်ဆီသို့ပျံသန်းဝင်ရောက်ပြီးသည့်နောက်အလောင်းတစ်ခု၏ ဘေးနားဆီသို့ဆင်းသက်လိုက်၏။အလောင်းသည် နွေးထွေးလျက်ရှိနေသည်ကို အတည်ပြုပြီးသည့်နောက်သူသည် နှလုံးသားထဲမှ ကြိတ်ကာပင်ရေရွတ်လိုက်မိ၏။

“ဒီလိုမြင်ကွင်းမျိုး၊ ဒါက တကယ့်ကို ရက်စက်တဲ့သတ်ဖြတ်မှုမျိုးပဲ”

သူသည် ရုတ်တရက်မတ်တပ်ထရပ်ပြီး အနားတဝိုက်တွင်ရှိနေသည့်အလောင်းများကို ကြည့်ရှုလိုက်၏။ချက်ချင်းပဲ ပြဿနာကို ရှာဖွေသိရှိလိုက်သည်။အသတ်ဖြတ်ခံထားရသည့်လူများအားလုံးသည်အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ရင်ဘတ်ပေါ်တွင်တော့ထူးဆန်းသည့်လခြမ်းပုံသဏ္ဍာန်တစ်ခုက တည်ရှိနေသည်။

“အသုဘခန်းဆောင်ပဲ။ ကြည့်ရတာ ဒီကျွန်းက သူတို့ရဲ့ဌာနချုပ် ဖြစ်လိမ့်မယ်”

ဝေါင်း ဝေါင်း

ထိုအချိန်မှာတော့အဝေးတစ်နေရာရှိ တောအုပ်ထဲမှနတ်ဆိုးသားရဲများ၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ဤတည်နေရာ အတားအဆီးကြီးထဲတွင်ထူးခြားသည့်အတားအဆီးများ ရှိနေသည့်ပုံပေါ်သည်။ယုစီနန်သည်သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှု၍ မရနိုင်ချေ။ထို့ကြောင့်ရှေ့ဆီသို့ မြန်မြန်ဆန်ဆန်သာ လှမ်းတက်လိုက်၏။လမ်းတလျှောက်တွင်သေဆုံးလျက်ရှိနေသည့်နတ်ဆိုးသားရဲ အများအပြားကို တွေ့လိုက် ရ၏။ ၎င်းတို့အားလုံးသည်ရင်ဘတ်များကို ထွင်းဖောက်ခြင်း ခံထားရပြီး သလင်းအမြူတေများကို ယူဆောင်ထား ခြင်းခံရ၏။

“ဒါ ထရိုင်နိုဆောနဲ့တူတဲ့သားရဲတွေပဲ။ ဒါက ပျံသန်းနိုင်တဲ့ငှက်တွေပဲ။ တစ်ခါမှမမြင်ဖူးပါလား” ဤအရာသည်ရှားပါး လွန်းလှသော နတ်ဆိုးသားရဲအလောင်းများဖြစ်ကြောင်းကို ယုစီနန်က အတည်ပြုလိုက်နိုင်၏။သူ၏ နှလုံးသား ထဲတွင်ရှိနေသော တုန်လှုပ်မှုများသည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။အထက်နယ်မြေ၌ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက မရှိသော သတ္တဝါမျိုးဆက်များသည်ဤတည်နေရာသို့ရောက်ရှိလာခဲ့၏။အဘယ်သို့ရောက်ရှိလာရသနည်း။

ဘုန်း

အဝေးတစ်နေရာမှကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာခဲ့၏။မြေပေါ်သို့ ကြီးမားလွန်းလှသော ကျောက်တုံး ကြီးတစ်ခု ပြိုလဲသွားသကဲ့သို့ပင်။ ယုစီနန်သည်လျင်လျင်မြန်မြန်ပဲ လျှောက်လှမ်းသွားခဲ့သည့်အချိန်မှာတော့ပေတစ်ရာအကွာအဝေးတွင်ကျောက်တုံးများနှင့် ဖြစ်တည်နေသော လူကြီးကြီးတစ်ယောက်ကို မြင်လိုက်ရ၏။ ၎င်း၏ရင်ဘတ်တစ်ခုလုံးသည်ပွင့်ထွက်လျက်ရှိနေပြီး သွေးများသည်ပန်းထွက်လျက်ရှိနေ၏။

“ရွှေရောင်စိတ်ဝိညာဉ်ကျောက်လူသား”

အရှေ့တွင်တွေ့ခဲ့ရသော နတ်ဆိုးသားရဲ အလောင်းများကို ကြည့်ရှုရမည်ဆိုလျှင်ဤသတ္တဝါများသည်အမြူတေ ပြောင်းလဲခြင်းအဆင့်တွင်ရှိသောလူများသာဖြစ်ကြောင်း ယုစီနန်က အတည်ပြုနိုင်၏။သို့ပေမဲ့လက်ရှိ သူ၏ရှေ့တွင်လဲလျောင်းကာ တည်ရှိလျက်ရှိနေသည့်သားရဲမှာတော့အစစ်အမှန်ရှာဖွေခြင်းအဆင့်တွင်တည်ရှိနေ၏။

“ဟမ်” ရုတ်တရက်အံ့အားသင့်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။

ယုစီနန်သည်အလောတကြီးဖြင့်ထိုနေရာဆီသို့ခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရွှေရောင်စိတ်ဝိညာဉ်ကျောက်လူသား၏ အောက်ဆီမှထွက်လာသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်ရ၏။

ယုစီနန်သည်ဆွံ့အသွားမိသည်။ “ဖြစ်နိုင်တာက အသုဘခန်းဆောင်က လူတွေနဲ့နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ပစ်တာ ဒီလူများလား”

ကျွင်းချောင်ရှောင်းသည်သလင်းအမြူတေများကို သိုလှောင်လက်စွပ်ထဲသို့ပစ်ထည့်ကာဖြင့်ပြောလိုက်၏။ “အစ်ကိုယု... ထပ်ပြီး ဆုံကြပြန်ပြီ”

ယုစီနန်သည်သေဆုံးလျက်ရှိနေသည့်အလောင်းကောင်ကြီးအပေါ်တွင်တင်ထားသော ကြီးမားသည့်တံစဉ်ကြီးကို မြင်လိုက်သည့်အချိန်မှာတော့နဝေတိမ်တောင်ဖြစ်တည်လာခဲ့၏။သေဆုံးခြင်း၏ အော်ရာများသည်အားကောင်း လွန်းလှချေ၏။မမှားနိုင်ချေ။ဤလူသည်လူသတ်သမားပင် ဖြစ်ရပေလိမ့်မည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည်နတ်ဆိုးသားရဲ၏ အလောင်းကောင်ပေါ်မှခုန်ချလိုက်ပြီးသည့်နောက်ပြောလိုက်၏။ “အစ်ကိုယု... ခင်ဗျားက ခြေတစ်လှမ်းနောက်ကျခဲ့ပြီလေ။ ကျုပ်က အသုဘခန်းဆောင်က လူတွေအကုန်လုံးကို သတ်ပစ်လိုက်ပြီ”

ယုစီနန်သည်အမှတ်မထင်ဖြင့်အနောက်ခပ်လှမ်းလှမ်းဆီသို့ဆုတ်ခွာလိုက်မိ၏။ ကုန်းရှန့်အနေနှင့် သွေးအေး သည့်လူသားတစ်ယောက်မဟုတ်သော်လည်း ကြမ်းတမ်းရက်စက်လွန်းလှ၏။ သို့ပေမဲ့စည်းဓားမော့ကြီးကို ကိုင်ဆောင်ထားသောကြောင့်သူသည်သေမင်းတမန်ကဲ့သို့ပင် ဖြစ်လို့နေ၏။ သာမန်လူများ အနေဖြင့်သူ၏ အနားသို့မကပ်ရဲကြချေ။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည် လေးလေးနက်နက်ပြောလိုက်၏။ “ခင်ဗျား ဒီလူတွေနဲ့နတ်ဆိုးသားရဲ အကုန်လုံးကို သတ်ဖြတ်ပစ်ခဲ့တာလား”

“အမှန်ပါပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ယုစီနန်က ပြောလိုက်၏။ “ဒါက နည်းနည်း ရက်စက်လွန်းတယ်”

ကျွင်းချောင်ရှောင်းသည်ထူးမခြားသလို ပြောလိုက်သည်။ “သူတို့က ကျုပ်ကို သတ်ချင်တယ်။ ကျုပ်က သူတို့ကို ပြန်သတ်ခဲ့တယ်လေ။ ဒါက ရက်စက်လွန်းနေလို့လား”

သူ့အနေနှင့် စည်းဓားမော့ကြီးကို အသုံးမပြု၊ထို့အတူ ထွက်ပြေးလွတ်မြောက်နိုင်သည့်စွမ်းအင်များ မရှိသည်ဆိုပါက တစ်ဖက်လူများသည်သူ့ကို ကျိန်းသေပေါက်သတ်ဖြတ်ပစ်မည်ဖြစ်ကြောင်းကို ကုန်းရှန့်ကနားလည်မိ၏။

ထို့အပြင်ဤလူများသည်ရောင်မုန့်ယဉ်၏စိတ်ကိုလည်း ထိန်းချုပ်ခဲ့ဖူး၏။ ဤတည်နေရာသို့ရောက်ရှိနေပြီဆိုမှတော့သူသည်အသုဘခန်းဆောင်မှလူများကို ကျိန်းသေပေါက်သတ်ဖြတ်ပစ်ရပေလိမ့်မည်။

“ဟင်း” ယုစီနန်က သက်ပြင်းချလိုက်၏။

နားလည်မှုမလွဲနှင့် သူ့၌သူတော်စင်တစ်ယောက်ကဲ့သို့စိတ်နှလုံးသား မရှိလှချေ။ထို့ကြောင့်အသုဘခန်းဆောင်မှလူများ သေဆုံးခြင်းနှင့် ပတ်သက်၍သူသည်တစ်ချက်ကလေးမှဝမ်းနည်းလိမ့်မည်မဟုတ်ချေ။ရက်စက်လွန်းစွာ သတ်ဖြတ်ထားခြင်းကိုသာ တမျိုးခံစားနေရခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည်လေးလေးနက်နက်ပြောလိုက်၏။ “ခင်ဗျားရဲ့သတ်ဖြတ်လိုခြင်းအော်ရာတွေက အရမ်းအားကောင်းတယ်လေ။ အချိန်မီသာ ထိန်းချုပ်မထားနိုင်ဖူးဆိုရင်လမ်းချော်သွားမှာ စိုးရတယ်”

တိတိကျကျပြောရမည်ဆိုလျှင်ကုန်းရှန့်သည်လက်ရှိအချိန်မှာတော့စိတ်တစ်ခုလုံး အေးချမ်းလျက်ရှိ၏။ သို့ပေမဲ့သူ၏ခန္ဓာကိုယ်သည်သေခြင်းတရား၏ အော်ရာများ တည်ရှိနေခဲ့၏။အချိန်မီသာ မှန်ကန်သည့်လမ်းစဉ်ကို မပြောင်းလဲနိုင်ပါက နတ်ဆိုးလမ်းစဉ်ပေါ်သို့ကျရောက်ပြီး တစ်လောကလုံးတွင်သတ်ဖြတ်ခြင်းကိုသာ သိရှိသည့်နတ်ဆိုးကြီးတစ်ပါး ကဲ့သို့ပင်ပြောင်းလဲသွားနိုင်သည်။

“နတ်ဆိုးလမ်းစဉ်ကို ကျရောက်သွားမယ်ဆိုရင်ကော”

ကျွင်းချောင်ရှောင်းသည်ခပ်ရိရိ ပြုံးကာ ပြောလိုက်သည် “ကျုပ်က နတ်ဆိုးဖြစ်လာမယ်ဆိုရင်တောင်မှဗုဒ္ဓက ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

“............”

ယုစီနန်သည်မျက်မှောင်ကုတ်မိသွား၏။ တစ်ဖက်လူသည် သူနှင့် စားသောက်ခန်းတွင်ရယ်ရယ်မောမော ပြောဆို၊ စားသောက်ခဲ့သည့်ဂိုဏ်းချုပ်ကျွင်း မဟုတ်တော့ချေ။

“အင်း... ကျုပ်မေ့နေတယ်။ခင်ဗျားက နတ်ဆိုးသတ်ဖြတ်သူကိုး”

ကျွင်းချောင်ရှောင်းသည်သူ၏ တံစဉ်ကြီးကို ပခုံးပေါ်သို့တင်ကာဖြင့်ပြောလိုက်မိ၏။ “ကျုပ်က အနာဂတ်မှာ နတ်ဆိုးတစ်ယောက် ဖြစ်လာမှာကို ခင်ဗျား စိုးရိမ်နေတယ်နဲ့တူတယ်”

ဘုန်း

ယုစီနန်သည်ကျောက်အခေါင်းကြီးကို အသာချကာဖြင့်လက်ကို ခါယမ်းလိုက်၏။တည်နေရာဓာတ်သဘာဝများ သည်သူ၏လက်ချောင်းများတွင်ဖြစ်တည်လာခဲ့သည်။

“ခုနကဖြစ်တည်လာခဲ့တဲ့တည်နေရာလှုပ်ရှားမှုကို ကြည့်မယ်ဆိုရင်ဂိုဏ်းချုပ်ကျွင်းက တည်နေရာစွမ်းအင်ကို နက်နက်နဲနဲ နားလည်နေတဲ့ပုံပဲ။ ကျုပ်က ဒီနေ့မှာ အတွေ့အကြုံ ရယူချင်ပါတယ်”

အခြေအနေကို ကြည့်လိုက်သည်နှင့်ကျိန်းသေပေါက် ကြီးမားလှသည့်တိုက်ခိုက်ပွဲကြီးသည် ဖြစ်ပေါ်လာတော့မှာ သေချာ၏။

All Chapters