အခန်း ၁၅၆၁
Vol. 105 Ch. 1561
အပိုင်း (၁၅၆၁)
ယုစီနန်သည် တစ်ဖက်လူမှာ တည်နေရာစွမ်းအင်ကို ထိန်းချုပ်နိုင်သည့်လူမှန်း သိရှိပြီးနောက် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ချင်မိ၏။ ထို့ပြင်တူညီသည့် ဓာတ်သဘာဝ ကျင့်ကြံသူ တစ်ယောက် နှင့် ရှာဖွေတွေ့ရှိရန်ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။
ဓာတ်ငါးပါးဆိုသည်မှာ သာမန်ပင် ဖြစ်၏။ တည်နေရာနှင့် ပတ်သက်သော ဓာတ်သဘာဝမှာ ရှားပါးလှချေ၏။ ရှားပါးလှသည့် သတ္တဝါမျိုးနွယ်ဟုပင် သတ်မှတ်နိုင်စွမ်း ရှိလို့နေ၏။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ခဲ့ချေ။ ထိုအစား လေးကြိမ်မြောက် အဆင့်မြှင့်တင်ထားသော စည်းဓားမော့ကြီးကို ထုတ်ကာဖြင့် ပြင်းထန်သည့် တိုက်ခိုက်ခြင်းစွမ်းရည်များကို ထုတ်ဖော်ချင်စိတ်များပင် ရှိလို့နေခဲ့သည်။
"ဒါပေမဲ့"
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်၏။ "ဒီတိုင်းတိုက်ခိုက်ရတာ စိတ်ဝင်စားဖို့ မကောင်းဘူးလေ။ ကျုပ်တို့ လောင်းကြေးစားကြေးလုပ်ရအောင်"
ရောက်လာပြီ ဤနေရာတွင် လှည့်စားမှုများက ရောက်လာပြီဖြစ်၏။ စနစ်သည် ထိုအရာနှင့်ပတ်သက်၍ အံ့အားသင့်မှုမရှိချေ။ တစ်ဖက်လူသည် ယုစီနန်အား ထမင်းခေါ်ကာ ဖိတ်ကြွေးကတည်းက တစ်ဖက်လူအား စည်းရုံးသိမ်းသွင်းရန် အစီအစဉ်ရှိကြောင်း ကောင်းကောင်းနားလည်ထားသည်။
"ဘယ်လို အလောင်းအစားမျိုးလဲ"
"ရှုံးတဲ့သူက နိုင်တဲ့သူကို အရာတစ်ခုခု ပြုလုပ်ပေးရမယ်"
"……."
ယုစီနန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
"ဟုတ်တယ်"
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ "တကယ်လို့ အစ်ကိုယုသာ ရှုံးမယ်ဆိုရင် ကောင်းကင်ကိုငြင်းဆန်၊ ပုန်ကန်ရတဲ့ ကိစ္စမျိုးတွေ လုပ်ခိုင်းမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ကိစ္စရပ်တွေကိုပဲ ပြုလုပ်ခိုင်းမှာပါ"
"ကောင်းပြီ"
ယုစီနန်သည် သဘောတူညီလိုက်၏။ သူ့အနေဖြင့် အစောကတည်းက အကြံရှိပြီးသားဖြစ်၏။ သူ့အနေဖြင့် ကျွင်းချောင်ရှောင်းကိုသာ အနိုင်ယူနိုင်ပါက နတ်ဆိုးလေ့ကျင့်တောင်သို့ သွားရောက်၍ ကျွင်းချောင်ရှောင်း၏ စိတ်ထဲတွင်ရှိနေသော မကောင်းစိတ်များကို ဖယ်ရှားပစ်ကာ မှန်ကန်ပြီး ကြင်နာတတ်သည့်လူအဖြစ် ပြောင်းလဲချင်နေမိ၏။
သို့ပေမဲ့ ကုန်းရှန့်သည် မည်သည့်နတ်ဆိုးစိတ်ကိုမှ မပိုင်ဆိုင်သောကြောင့် ခက်ခဲပေလိမ့်မည်။ မှန်ကန်ပြီး ကြင်နာတတ်သည့် လူတစ်ယောက်အဖြစ်ကတော့ …. ဟား ဟား ဟား …။
……….
နတ်ဆိုးနယ်မြေ
နတ်ဆိုးဘိုးဘေးကြီးသည် သူ၏ စွမ်းအင်များကို အသုံးပြုကာဖြင့် ဒဏ်ရာများကို ပြန်လည်ကောင်းမွန်အောင် ကြိုးစားနေ၏။ သူ၏မျက်နှာသည် ဖြူလျော်နေရာမှ သွေးရောင်အဖြစ်သို့ ပြန်ပြောင်းလဲလာ၏။ လက်ရှိ၌ ဤထဲသို့ ဝင်ကာကာစအခြေအနေသို့ ရောက်ရှိရန်အတွက်မှာတော့ အနည်းငယ်အားမွေးရန် လိုအပ်နေသေး ၏။
အားအင်ပြည့်စုံမှသာလျှင် ဖုံးကွယ်ထားသော စိတ်ဝိညာဉ်ကျွန်းဆီသို့ ပြန်နိုင်သော အစီအရင်ကြီးကို အသက်သွင်းနိုင်ပေလိမ့်မည်။
သူ၏အခြေအနေသည် တစ်ဖြည်းဖြည်းသာ အားကောင်းလာခဲ့သည် ဆိုသော်လည်း သူ၏နှလုံးသားထဲတွင် ရှိနေသော ဒေါသတရားများမှာတော့ အရှိန်အဟုန် ပြင်းပြင်းဖြင့် အားကောင်းလာခဲ့၏။
စစ်သည်များနှင့် များပြားလှသော အရင်းအမြစ်များအားလုံးသည် ယူဆောင်ခြင်းကို ခံခဲ့ရ၏။ မည်သူယူဆောင်သွားသနည်းကို သူ့အနေဖြင့် သေသေချာချာ ရှာဖွေရပေလိမ့်မည်။
သူသည် နတ်ဆိုးနယ်မြေသို့ ဝင်လာပြီး သူ၏ အထောက်အပံ့ပစ္စည်းများကို လာရှာဖွေခြင်းဖြစ်၏။ သူသည်သာ သူ၏နောက်လိုက်အကုန်လုံးနှင့် ပစ္စည်းပစ္စယာများကို ယူဆောင်ပြီး အပြင်ဖက်သို့ ထွက်လာနိုင်သည်ဆိုပါက အထက်နယ်မြေတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်နိုင်မှာ သေချာ၏။
သို့ပေမဲ့ သူမသိရှိသည်မှာ အပြင်ဖက်သို့ ထွက်ခွာသွားပြီး ဖုန်းကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်းဆီသို့ ရောက်ရှိသွားမည်ဆိုလျှင် သူ၏ နောက်လိုက်များနှင့် မွန်းစတားအားလုံးသည် သတ်ဖြတ်ခံထားရကြောင်း အံ့အားသင့်ဖွယ် သိရှိရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပြင်းထန်သည့် တန်ပြန်မှုကို ခံစားရမှာဖြစ်ပြီး သွေးများပင် ပွက်ပွက်အန်နေပေလိမ့်မည်။
လောကကြီးတွင် သူ့ကဲ့သို့ သနားစရာကောင်းလှသည့် ဗီလိန်ဆိုသည်မှာ အခြားမည်သူမှပင် ရှိလိမ့်မည် မထင်ချေ။
ဝှစ် ဆွစ် ….။
ဖုံးကွယ်ထားသည် စိတ်ဝိညာဉ်ကျွန်းဆီမှ အလင်းတန်းနှစ်ခုသည် အပေါ်သို့ ခုန်တက်လာ၏။ ၎င်းတို့နှစ်ယောက်သည် သင့်တော်လှသည့် အကွာအဝေး၏ လေထုထဲ၌ မတ်တပ်ရပ်နေကြ၏။
၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်သော အော်ရာများသည် မိုင်တစ်ရာပတ်လည်ကိုပင် သက်ရောက်စေခဲ့၏။ အနားပတ်ဝန်းကျင်ရှိနေသော ငှက်များ ပင်လယ်ဇင်ရော်များ ပင်လျှင် အနားသို့ ကပ်မလာရဲကြချေ။ ၎င်းတို့အနေဖြင့် တည်နေရာနှင့် ခပ်ဝေးဝေးတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။
ကျွင်းချောင်ရှောင်း၏ အမူအရာသည် တည်ငြိမ်လျက်ရှိ၏။ သူသည် အစစ်အမှန်ရှာဖွေခြင်းအဆင့် သိုင်းကျင့်ကြံသူ အနည်းငယ်ကို သတ်ဖြတ်ခဲ့သည်ဆိုသော်လည်း လက်ရှိ သူနှင့်တိုက်ခိုက်မည့် နတ်ဆိုးသတ်ဖြတ်သူ၏ အော်ရာများသည် ခြားနားလျက်ရှိ၏။ ရင်ဆိုင်ရန် အလွန်ခက်ခဲမည်ဟု သူက သတ်မှတ်လိုက်မိ၏။
စနစ်က ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ စည်းဓားမော့ကြီးသာ မရှိဘူးဆိုကတော့ ကျိန်းသေပေါက် သူ့လက်ထဲမှာ ရိုက်နှက်ခံရမှာ အသေအချာပဲ"
"ဆိုးတာပဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါပေမဲ့ ငါ့လက်ထဲမှာ စည်းဓားမော့ကြီး ရှိနေတယ်လေ"
လက်ရှိအချိန်မှာတော့ သူသည် ဂိမ်းဆာဗာခိုးယူခဲ့ခြင်းအတွက် ဂုဏ်မောက်လို့ပင်နေလေသည်။
"ဂိုဏ်းချုပ်ကျွင်း"
ယုစီနန်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ "တိုက်ခိုက်ကြရအောင်"
သူသည် အမှန်ပင် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ ထို့ပြင် အသုဘခန်းဆောင်မှ နတ်ဆိုးကျင့်ကြံသူများနှင့် သားရဲများသည် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် တစ်ဖက်လူသည် အလွန် အားကောင်းလှသည့်လူ ဖြစ်ကြောင်း သက်သေပြပြီးသား ဖြစ်နေသည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ကို ယမ်းခါလိုက်၏။ လေထုထဲတွင်တော့ ဓားစဉ်ကြီးသည် ဝဲလွင့်လာ၏။
အေးစက်လှသည့် ဓားမော့ကြီး၏ အော်ရာများသည် တည်နေရာချုပ်နှောင်ခြင်းနှင့်အတူ ယုစီနန်ဆီသို့ ရောက်ရှိလာခဲ့၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်သည် အသုဘခန်းဆောင်နှင့် နတ်ဆိုးသားရဲများကို မလှုပ်ရှားနိုင်သည်အထိ ဖြစ်စေခဲ့သော အရာများပင် ဖြစ်သည်။
ဆွစ်
ယုစီနန်သည် လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူသည် ရောက်ရှိလာသည့် ဓားမော့ချီများကို ရှောင်ရှားလိုက်၏။
"ခင်ဗျား တကယ်ရှောင်နိုင်တာပဲ"
တစ်ဖက်လူသည် တည်နေရာ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း သိရှိထားအေံ့အားသင့်မှုမရှိချေ။
"ငလျှင်လက်ဝါး"
ထိုအချိန်မှာတော့ ယုစီနန်သည် တည်နေရာချုပ်နှောင်ခြင်း စွမ်းရည်များကို တစ်ခုခြင်းစီ ချိုးဖျက်ပြီးနောက် ကျွင်းချောင်ရှောင်း၏ အထက်၌ ပေါ်ပေါက်လာ၏။ သူသည် လက်ချောင်းများတွင် စွမ်းအင်များကို စုစည်းပြီးနောက် ပြင်းထန်လှသည့် လက်ဝါးရိုက်ချက်ကြီးဖြင့် ရိုက်ချလိုက်၏။ တည်နေရာစိတ်ဝိညာဉ် ပိုင်ဆိုင်သောကြောင့် သူ၏ အဓိကတိုက်ခိုက်ခြင်းနည်းလမ်းသည် တည်နေရာကို ထိန်းချုပ်ခြင်းပင် ဖြစ်၏။
ဥပမာအားဖြင့် နတ်ဆိုးမြို့ဆီမှ ထွက်ပြေးရန် ကြိုးစားနေသည့် အသုဘခန်းဆောင်မှ လူများကို ဤကဲ့သို့ပင် တည်နေရာချုပ်နှောင်ခြင်း ပြုလုပ်ဖူူးသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တံစဉ်ကို မြောက်ကိုင်လိုက်၏။ စွမ်းအင်လှိုင်းများသည် တစ်ရိပ်ရပ်နှင့် ဖြစ်သည်လာခဲ့၏။ စွမ်းအင်လှိုင်းများသည် လေဟာနယ်တစ်ခုလုံးကိုပင် တိုက်ရိုက်ဆိုသလို ပိုင်းဖြတ်ကုန်၏။
ဖြောက် .. ဖြောက် … ဖြောက် …။
တည်နေရာကြီးသည် ခုတ်ပိုင်းခံရပြီးနောက် လေထုထဲတွင်ပင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် အလွန်အားကောင်းပြီး ပြင်းထန်လွန်းလှသည်။
ထို့ကြောင့် တိုက်ခိုက်နေသည့် တည်နေရာပတ်ဝန်းကျင်သည် အလုံးစုံပျက်စီးခြင်းသို့ ရောက်ရှိကုန်၏။ ကံကောင်းစွာဖြင့် သူတို့သည် အနောက်ဘက်ပင်လယ်ထဲ၌ တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် တည်နေရာကြီး အက်ကွဲပြိုလဲ ပျက်စီးလျှင်တောင်မှ တစ်ခြားသော မည်သည့်အဆောက်အဦးမှ မရှိသောကြောင့် အန္တရာယ်တော့ မရှိလှချေ။
သို့သော်ငြား ဖုံးကွယ်ထားသော စိတ်ဝိညာဉ်ကျွန်းမှာတော့ ကံမကောင်းလှချေ။ တိုက်ခိုက်မှုများကြားတွင် ကျွန်းရှိအပေါ်တွင် ရှိနေသော တောင်ကမူ များအားလုံးသည် ပြိုလဲကုန်၏။
ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့သည် အခုမှပင် တိုက်ပွဲကို စတင်တိုက်ခိုက်ကာစ ရှိသေး၏။ အခုမှ စမ်းသပ်တိုက်ခိုက်နေသည်ဟုလည်း သတ်မှတ်နိုင်၏။ အလုံးစုံအားအင်ကိုသာ ထုတ်ဖော်တိုက်ခိုက်ပါက နတ်ဆိုးဘိုးဘေးကြီးသည် အိမ်ပြန်လာရန် အိမ်ပင် မသေချာတော့ချေ။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ပြင်းထန်လှသည့် တိုက်ခိုက်သံများသည် လေထုထဲတွင် ဖြစ်ပေါ်နေ၏။ ရိုးရှင်းလှသည့် သိုင်းကွက်များကို ဖလှယ်ပြီးနောက် ယုစီနန်သည် ပိုမို၍ လေးလေးစားစားဖြစ်လာ၏။ သူသည် တည်နေရာအမျိုးအစား တိုက်ခိုက်ခြင်းများကို ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ကျွန်း၏အထက်တွင် ရှိသော ကောင်းကင်ကြီးတစ်ခုလုံးသည် တွန့်လိမ်ပြီး ကွေးကောက်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည်လည်း နောက်ကျမကျန်ခဲ့ချေ။ သူသည် တံစဉ်ကြီးကို ကိုင်ကာဖြင့် ရှေ့သို့တရပ်စပ် ခုတ်ပိုင်းနေ၏။ အအေးချီများ အားလုံးသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်ကုန်သည်။
တည်နေရာဓာတ်သဘာဝတိုက်ပွဲသည် အလုံးစုံတည်နေရာကို ပျက်စီးစေခဲ့၏။ မည်သူက ပိုကောင်းသည့် စွမ်းအင်ကို ပိုင်ဆိုင်သနည်းဆိုသည်ကိုတော့ စောင့်ကြည့်မှ သိပေလိမ့်မည်။
ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်း၏ အနီးအနားတွင်တော့ တည်နေရာအတားအဆီးသည် ပျက်စီးနေ၏။ ထို့ကြောင့်မူလအရင်းအမြစ်၏ နိယာမများသည် စတင်ကာ ပျောက်ကွယ်လာခဲ့၏။ ပင်လယ်ရေများသည် ပွက်ပွက်ဆူလာပြီးသည့်နောက် ကြီးမားသည့် လှိုင်းများအဖြစ် ဖြစ်တည်ကာ ကမ်းစပ်ကို လာရောက် ရိုက်ခတ်ကုန်သည်။
ဝုန်း ဝုန်း
ကျွန်းပေါ်တွင် ရှိနေသော ကျောက်တုံးနှင့် သစ်ပင်များ အားလုံးသည် ထိုလှိုင်းများ၏ အဟုန်ကြောင့် စတင်ကာ ယိုယွင်းပျက်စီးလာကြ၏။ ဤကျွန်း၏ အခြေခံသည် မတည်ငြိမ်တော့ချေ။ ထို့ကြောင့် မကြာခင် အချိန်အတွင်း၌ ပြိုလဲ ပျက်စီးတော့မှာ သေချာ၏။
ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့၏ တိုက်ခိုက်ပွဲသည် အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိလာသည်။ ကျွန်းပေါ်တွင်ရှိေနေသော အတားအဆီး အစီအရင်စနစ်သည် စတင်ကာအားနည်းလာခဲ့သည်။
ဖုံးကွယ်ထားသည် စိတ်ဝိညာဉ်ကျွန်း တစ်ခုလုံးသည် ပိုမိုကာလှုပ်ခတ်လာ၏။ ကျွန်းပေါ်ရှိ တောင်ကမူများသည် တစ်ခုပြီး တစ်ခုပြိုကျလာပြီး လှိုင်းများ၏ ဝါးမြိုခြင်းကို ခံခဲ့ရ၏။
ဤကျွန်းကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းကတည်းက တည်ရှိခဲ့သည့် အရာလည်းဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရ၏။ ၎င်းသည်သာ အသိစိတ်ရှိသည်ဆိုပါက ထကာ အော်ဟစ်ငိုနေမိပေလိမ့်မည်။ "တိုက်ခိုက်တာကို ရပ်ကြပါတော့"
ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့သည် ကောင်းကင်ယံထပ်တွင် တိုက်ခိုက်လျက် ရှိနေကြ၏။ ၎င်းတို့နှစ်ယောက်လုံးသည် တည်နေရာစွမ်းအင်ကို ထုတ်ဖော်ကာဖြင့် တရပ်စက်တိုက်ခိုက်မှုကို ပြုလုပ်၏။ တိုက်ပွဲ၏ အရှိန်အဟုန်သည် အမြင့်ဆုံး အခြေအနေဆီသို့ ရောက်ရှိလာသည်။
ဘုန်း ဘုန်း
နှစ်ယောက်သားသည် တိုက်ကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် အနေထားတစ်ခုဆီသို့ခွာကာ ရပ်တန့်လိုက်ကြ၏။ ၎င်းတို့ကို ဗဟိုပြုကာဖြင့် တည်နေရာအနှံ့တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေ၏။
"အံ့အားသင့်စရာပဲ"
ကျွင်းချောင်ရှောင်းသည် ရေရွတ်လိုက်မိ၏။ သူ့အနေဖြင့် စည်းဓားမော့ကြီးကို ကိုင်ကာဖြင့် အချိန်အတော်ကြာ တိုက်ခိုက်ဖူးခြင်းမှာ ပထမဆုံးသာဖြစ်၏။ လက်ရှိအခြေအနေကို ကြည့်ရှုရလျှင် အနိုင်ရရှိသူမှာ မည်သူဖြစ်ကြောင်းပင် ဆုံးဖြတ်ရခက်ပေလိမ့်မည်။
ယုစီနန်မှာလည်း စိတ်လှုပ်ရှားနေ၏။ သူသည် တူညီသည့်ဓာတ်သဘာဝ ကျင့်ကြံသူ နှင့် တိုက်ခိုက်နေရသည့်အတွက် အလွန်ပင် ပျော်ရွှင်လျက် ရှိနေ၏။
"လာကြ …. တိုက်ခိုက်မယ်"
သူတို့နှစ်ယောက်သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြ၏။ ပြီးနောက် ထပ်မံကာ တိုက်ခိုက်ကြပြန်သည်။
ဘုန်း ဘုန်း …..။
တည်နေရာစွမ်းအင်များသည် ပြင်းပြင်းထန်ထန် ပေါက်ကွဲလျက် ရှိနေ၏။ ပြင်းပြင်းထန်ထန်တိုက်ခိုက်လေ၊ ပိုမိုကာ အားရလေဟု ခံစားနေမိကြ၏။
သို့ပေမဲ့ ကံဆိုးလှသော ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကျွန်းမှာတော့ ပိုမိုကာ လှုပ်ခါလာတော့၏။ တိုက်ကွက်အနည်းငယ် တိုက်ခိုက်ပြီးသည့် နောက်မှာတော့ မည်သို့မှ မနေနိုင်တော့ပဲ စတင်ကာ ကွဲအက်လာခဲ့တော့၏။ ကျွန်းပေါ်တွင် ရှိနေသော အရာများသည် မြန်မြန်ဆန်ဆန်ပဲ ပြိုလဲလာခဲ့ကြ၏။ အထဲရှိ မြို့အဆောက်အဦအားလုံးသည်လည်း ပြိုကျကုန်၏။ အလယ်တွင်ရှိနေသော အရှိန်အဝါ ကောင်းကောင်းကို ထုတ်ဖော်နေသော နန်းတော်ကြီးပင် မကျန်ချေ။ နောက်ဆုံးမှာတော့ လွန်ခဲ့သည့် နှစ်ပေါင်း တစ်သိန်းကျော်က တည်ရှိခဲ့သည့် နန်းတော်ကြီးသည် အပျက်အစီးပုံအဖြစ်သို့ ေြ………..
ဟူး …….။
နတ်ဆိုးနယ်မြေအတွင်းမှာတော့ နတ်ဆိုးဘိုးဘေးကြီးသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူသည် ပြန်လည်အားမွေးပြီးနောက် ဤတည်နေရာသို့ မဝင်ခင်က အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့၏။
"ပြန်ဖို့ အချိန်ကြပြီပဲ"
နတ်ဆိုးဘိုးဘေးကြီးသည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ လျှောက်ဝင်လိုက်၏။ အထဲသို့ ဝင်ရောက်ပြီးနောက် လက်စည်းသင်္ကေတတစ်ခုကို ကျွမ်းကျင်စွာဖြင့် ပြုလုပ်ကာ အော်ဟစ်လိုက်သည်။ "လောကကြီးက ငါ့အပိုင်ပဲ"
ဝမ်
ချက်ချင်းပဲ အစီအရင်ကြီးသည် တောက်ပသည့် အလင်းတန်းများဖြင့် ပြည့်နှက်လာခဲ့၏။ အလင်းများသည် အလွန်အားကောင်းသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာသောအချိန်မှာတော့ ဘုန်း … ဟူ၍ ပေါက်ကွဲထွက်သွားတော့၏။
ဘုန်း ..။
နတ်ဆိုးဘိုးဘေးကြီးသည် အပြင်ဘက်သို့ လွင့်စင်သွား၏။ သူသည် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျခဲ့သည်။ ပြီးနောက် သွေးများအန်ထွက်လာခဲ့၏။ ထိုတင်မကသေးချေ။ မျက်လုံးများ ချာချာလည်လျက် ရှိနေပြီး တည်နေရာမှာပင် သတိလစ်မေ့မျောသွားခဲ့သည်။