← Chapters

အားလုံးအိပ်ပျော်နေခြင်း၊ သုညမှစတင်ခြင်း

Vol. 125 Ch. 1741

အားလုံးအိပ်ပျော်နေခြင်း၊ သုညမှစတင်ခြင်း

Vol. 125 Ch. 1741

“ရှောင်ချီ ရာဟွောင် ဟာစွန် ပန်းလေး အိပ်မက်လေး” သူမရှေ့သို့ တိုးပြီး သူမ၏ ဝိညာဉ်သားရဲများကို နောင်တကြီးစွာဖြင့် ပွတ်သပ်ပေးလိုက်သည်။

သူမကြောင့်သာမဟုတ်လျှင် သူတို့သည် ဤကဲ့သို့ဖြစ်မည်မဟုတ်ပေ။

“မင်းတို့အားလုံးကို နိုးအောင် ငါဘယ်လိုလုပ်ရမလဲ” သူမသည် ရာဟွောင်၏ အရောင်မှိန်နေသော အမွေးများကို ပွတ်သပ်လိုက်သည်။ သူမ သည် ဝမ်းနည်းလာကာ ငိုချင်လာသည်။ သို့သော် သူမသည် ဝိညာဉ်ဖြစ်နေရာ ငိုကြွေးခြင်းသည် လွန်ကျူးသောအပြုအမူပင်ဖြစ်သည်။

“ဝုတ် ဝုတ် ဝုတ်…”

အမည်းလေး၏ အော်သံသည် သူမ ဝမ်းနည်းနေရာမှ သတိပြန်ဝင်လာ စေသည်။ ခွေးလေးနှင့်တူနေသော အမည်းလေးကိုကြည့်ပြီး သူမသည် ပထမဆုံးအကြိမ် ငိုငိုရယ်ရယ်ဖြစ်နေမိသည်။

“အမည်းလေး မင်း အဆင်ပြေနေတာပဲ ကောင်းလိုက်တာ” သူမသည် အမည်းလေးကို ကောက်ပြီး ခေါင်းကိုသူ၏အမွေးများနှင့်ပွတ်သပ်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်….” အမည်းလေး ဟောင်လေသည်။ ရှီမာယူယူသည် သူ၏ ဆိုလိုရင်းကိုနားလည်သဖြင့် ရယ်မောလိုက်သည်။

သူမသည် သူ၏ မည်းနက်နေသော အမွေးများကို ပွတ်သပ်လိုက်သည် “အမည်းလည်း လှပါတယ်”

“ဝုတ် ဝုတ် ဝုတ်…” သူသည် အဖြူရောင်ဖြစ်ချင်နေသည်။

“ငါလည်း အဲဒါကြိုက်တာပဲ ပြီးတော့ မင်းရဲ့ နဂိုအရောင်ကလည်း အမည်းပဲကို” ရှီမာယူယူ နှစ်သိမ့်လေသည်။

“အသုံးမဝင်လိုက်တာ မင်းကတည်း ဟောင်ဖို့ပဲသိတယ်” မီအာ၏ အသံ သည်ဘေးမှထွက်လာသည်။ ရှီမာယူယူသည် တအံ့တဩကြည့်လိုက်ရာ သူ၏ အထင်သေးနေသော မျက်နှာကိုမြင်လိုက်ရသည်။

“မီအာ မင်းလည်း အဆင်ပြေတာလား” ရှီမာယူယူ သွားပြီး သူ့ကိုဖက် လိုက်သည် “မင်းတို့တွေ အဆင်ပြေကြတယ် ကောင်းလိုက်တာ မဟုတ်ရင် ငါ တော့ အထီးကျန်နေတော့မှာ”

“ငါက သာမာန်ဝိညာဉ်သားရဲမှမဟုတ်တာ မင်းမသေသရွေ့ ငါက အထိအခိုက်မရှိဘူး” မီအာသည် ရွှင်လန်းအားရစွာပြောလေသည်။

ရှီမာယူယူသည် သူ့ဆံပင်ကိုပွတ်လိုက်သည် “ကောင်းလိုက်တာ သူတို့ လည်းနိုးရင်ကောင်းမှာပဲ”

“စိတ်မပူပါနဲ့ သူတို့က အိပ်ပျော်နေရုံတင်ပဲ ဝိညာဉ်လေးက အိပ်မပျော်ခင် ကပြောသွားတယ် ဝိညာဉ်စေတီက မင်းရဲ့ဝိညာဉ်နဲ့ စာချုပ်တည်ထောင်ထား လို့ မင်းသွားတဲ့နောက်လိုက်မှာပဲ ဒါပေမဲ့ မင်းဝိညာဉ်က ထိခိုက်ထားတော့ သူ လည်း အိပ်ပျော်သွားတာပဲ မင်း ကျင့်ကြံနိုင်ရင်တော့ ဝိညာဉ်စေတီက မင်းရဲ့ စွမ်းအားကို စုပ်ယူပြီး ပြန်ပွင့်လာမှာပဲ”

“ကောင်းလိုက်တာ ဒါနဲ့ ငါ့အဖေနဲ့ ကျန်တဲ့လူတွေရော” ရှီမာယူယူသည် စိတ်အေးသွားလေသည်။ ရှီမာလျူရွှမ်၊ အန်းလေနှင့် ထိုနေရာသို့ရောက်နေသူ များကို သူမ မမြင်မိပေ။

“ဝိညာဉ်စေတီက ဒီလောက်ပဲပွင့်နိုင်တာ ဒါပေမဲ့ အသက်ရှိဧရိယာက ပျောက်နေတယ် မင်းအဖေတို့က သက်ရှိဧရိယာမှာရှိနေတာ ဝိညာဉ်စေတီ ပြန်ပွင့်တဲ့အချိန်ကျရင် သူတို့ပြန်ထွက်လာနိုင်မှာပါ”

“ငါ့ဒဏ်ရာ ပြန်ကောငး်လာရင် တစ္ဆေကျင့်ကြံသူတွေ ဘယ်လိုကျင့်ကြံ ကြလဲဆိုတာ ငါလေ့လာမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါ အရင်သွားနှင့် မယ် ငါပျောက်နေရင် ပိုဆိုးသွားမယ်”

“အာ အာ…”

ရှီမာယူယူ ခေါင်းငုံ့လိုက်သည်။ အမည်းလေးသည် သူမ၏ စကတ်ကို ကိုက်ထားပြီး မလွှတ်ပေ။

သူမ ဆောင့်ကြောင့်ထိုင်ပြီး သူ၏ခေါင်းကို အသာအယာပွတ်လိုက်သည် “ငါ သွားဖို့လိုတယ်”

“ဝုတ် ဝုတ် ဝုတ်” ငါလည်းလိုက်ချင်တယ်။

အမည်းလေးသည် အခုချိန်တွင် သာမာန်ခွေးဖြစ်နေသည်ကို ရှီမာယူယူ တွေးမိသည်။ ထို့ကြောင့် သူ့ကိုချီပြီး အတူထွက်ခဲ့လိုက်သည်။

သူမ ထွက်လာပြီးမကြာမီတွင် ထင်စန်းသည် ခြံဝန်းထဲသို့ဝင်လာပြီး ပြောလေသည် “သခင်မလေး သခင်လေးကုန်းဇီလာပါတယ်”

“ကုန်းဇီယွမ်လား သူက ဘာလို့လာပြန်တာလဲ” ရှီမာယူယူသည် အမည်းလေးကို ချီပြီးထွက်လာရာ ကုန်းဇီယွမ်သည် အပြင်မှဝင်လာသည်ကို မြင်လိုက်ရသည်။

“ဘာလို့လာတာလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။

“မင်း နလန်ထူတာ ဘယ်လိုနေလဲလို့ လာကြည့်တာ” ကုန်းဇီယွမ် ပြုံး လိုက်သည်။ သူသည် သူမလက်ထဲမှ အမည်းလေးကိုမြင်သောအခါ ရွံ့ရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည် “ဒီခွေးမည်းလေးကို ဘယ်ကနေရောက်လာတာ လဲ”

“ကျွန်မရဲ့စာချုပ်သားရဲ” ရှီမာယူယူသည် အမည်းလေး၏ ခေါင်းကိုပွတ် ပြီး သူ့ကို ဒေါသမထွက်ရန်ပြောလိုက်သည်။

“မင်းရဲ့စာချုပ်သားရဲဟုတ်လား မဖြစ်နိုင်တာ မင်းမှာ ဘယ်လိုလုပ် ဝိညာဉ်သားရဲရှိမှာလဲ မင်းမှာ ဝိညာဉ်စွမ်းအင်တောင်မရှိတာ” ကုန်းဇီယွမ်သည် သူမကို သနားစဖွယ်ကြည့်ကာ သူမ၏ ပခုံးကိုပုတ်လိုက်သည်။ သူ သူမကို နှစ်သိမ့်လေသည် “ကဲပါ မင်းက ရှီအာထက်တော့ နည်းနည်းသန်မာပါတယ် သူမက စာချုပ်သားရဲအမြဲလိုချင်နေတာ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး ဒါက မရဏာနိုင်ငံက သာမာန်ခွေးတစ်ကောင်ဆိုပေမဲ့ စာချုပ်သားရဲဖြစ်နေ တုန်းပါပဲ”

“…” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ မောက်မာပြီး လွှမ်းမိုးနိုင် သော မုရုန်ရှီသည် စကားများသော ကုန်းဇီယွမ်နှင့် မည်သို့ ရင်းနှီးလာသည်ကို သိချင်မိသည်။

“ဒီနေ့ ဘာလို့လာတာလဲ” သူမသည် သူ့ကို ကန်မထုတ်အောင် ကြိုးစား ရန် အသက်ပြင်းပြင်းနှစ်ချက်ရှုလိုက်သည်။

“မင်း ဒဏ်ရာပြန်ကောင်းလာပြီလားလို့ လာကြည့်တာ သက်သာရင် နောက်ရက်ပိုင်းမှာလုပ်မယ့် လူငယ်ဖလှယ်ပွဲသွားရအောင်”

“လူငယ်ဖလှယ်ပွဲဟုတ်လား အဲဒါဘာလဲ”

“လူငယ်တွေ မြို့ဝန်အိမ်တော်က ဆုရဖို့ အနိုင်အရှုံးပေါ်အောင်ပြိုင်ရတဲ့ နေရာပဲ ငါက အဲဒီကိုရှီအာနဲ့ သွားနေကျပဲ မင်းအတူသွားချင်လားလို့ လာမေး တာ” ကုန်းဇီယွမ် ရှင်းပြလေသည်။

“လူငယ်ဖလှယ်ပဲ သွားကြည့်လို့ရပါတယ် ဒါပေမဲ့ ကျွန်မအဖေရဲ့ ခွင့်ပြု ချက်လိုတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

သူ၏  ခွင့်ပြုချက်ဆိုသည်မှာ သူမကိုကာကွယ်ရန် လူလွှတ်ပေးရန် အတွက်ဖြစ်သည်။ သူသာ သဘောမတူလျှင် သူမ မသွားလိုပေ။ သူမကို တိတ်တဆိတ်သတ်ရန် မည်သူစောင့်ဆိုင်းနေမလဲကို မည်သူမှမသိနိုင်ပေ။

အစပိုင်းတွင် မုရုန်ဟွေ့ သဘောမတူလောက်ဟု သူမ ထင်ခဲ့သည်။ သူသည် တွေဝေခြင်းမရှိ တိုက်ရိုက်ပင် သဘောတူလိမ့်မည်ဟု သူမ ထင်မထား ပေ။

“မင်းကို ကာကွယ်ဖို့ လူလွှတ်ပေးမယ် လိုတာရှိရင် သူတို့ကို ပြောလိုက်” မုရုန်ဟွေ့ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဖေ”

“မင်း ပြိုင်ပွဲဝင်ရင်တော့ သူတို့က ဂရုစိုက်နိုင်မှာမဟုတ်ဘူး မင်းရဲ့ လုံခြုံ ရေးကို သတိထားပြီး တစ်ယောက်တည်းမဖြစ်စေနဲ့ နားလည်လား” မုရုန်ဟွေ့ သတိပေးလိုက်သည်။

“သိပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် အသက်နှင့် စနောက်ရန် အစီအစဉ်မရှိပေ။ သို့သော် မီအာသည် သူမဘေးတွင်ရှိနေရာ သူမကို ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ။

သူမ ထွက်မသွားသေးသည်ကို မုရုန်ဟွေ့မြင်သောအခါ မေးလိုက်သည် “ဘာလိုလို့လဲ”

“အဖေ အဲဒီပြီးခဲ့တဲ့ကိစ္စကို သံသယရှိနေတယ်မလား ဘယ်ဂိုဏ်းကဖြစ် မလဲဆိုတာကို ပြောလို့ရမလား ထာဝရတောက်ပခြင်းမြို့တော်နဲ့ သူတို့နဲ့က ဘာပတ်သက်မှုရှိတာလဲ အဲဒါတွေသိထားရင် သူတို့နဲ့တွေ့တဲ့အချိန်ကျ ပျာမသွားမှာ” ရှီမာယူယူ ပြောလိုက်သည်။

“သတင်းတွေကို ဘဏ္ဍာထိန်းကို စုစည်းခိုင်းပြီးတာနဲ့ ပို့ခိုင်းလိုက်မယ်” မုရုန်ဟွေ့သည် ဘဏ္ဍာထိန်းကိုကြည့်လိုက်ရာ ဘဏ္ဍာထိန်းသည် ချက်ချင်းပင် ထွက်သွားလေသည်။

ရှီမာယူယူသည် ကျေနပ်စွာပင် ပြန်လာခဲ့လိုက်သည်။

မကြာမီတွင် ဘဏ္ဍာထိန်းသည် သူမကို သတင်းများပို့လာသည်။ သူမ အကြောင်းအရင်းကိုတော့ မသိပေ။ တချို့မှာ မုရုန်ဟွေ့နှင့် ဆက်ဆံရေး ကောင်းကြပြီး တချို့မှာအဆင်မပြေကြပေ။ တချို့မှာ အပေါ်ယံဆက်ဆံရေး ကောင်းသော်လည်း တစ်ယောက်နှင့်တစ်ယောက် သံသယဝင်တုန်းပင်ဖြစ် သည်။

သတင်းများကိုဖတ်ပြီးနောက် သူမသည် နှုတ်ခမ်းတွန့်ပြီး ရေရွတ်လိုက် သည် “ဒီလောက်ရှုပ်တဲ့ဆက်ဆံရေးနဲ့ဆိုရင် မုရုန်ရှီကိုသတ်တဲ့ နောက်ကွယ်က လူကိုရှာတွေ့မှာမဟုတ်ဘူး ငါ့အသက်ကပဲ သွားညှိနေမှာ ငါ ကျင့်ကြံရဦးမယ်”

သို့သော် ဘိုးဘေးကြီးသည် သူမကို မရဏာစွမ်းအားကို ပေးလိုက် သော်လည်း ဝိညာဉ်ကို မည်သို့ကျင့်ကြံရမည်ကို သင်မပေးလိုက်ပေ။ သူမ မိုယွိနှင့်ရှိစဉ်က ဝိညာဉ်သိုင်းတချို့ကိုသာ သင်လိုက်ရကာ ကျင့်စဉ်ကိုမသင် လိုက်ရပေ။

ထို့ကြောင့် သူမသည် လူသစ်သဖွယ်ဖြစ်နေသည်။ သူမသည် ဘာကိုမှ နားမလည်ပေ။

“တစ္ဆေကျင့်စဉ်… တကယ်ပဲ ခေါင်းကိုက်စရာပဲ အဲလူတွေက တစ္ဆေ ရောင်ဝါနဲ့ ကျင့်ကြံကြတယ်ထင်တယ် ဒီဝိညာဉ်ကိုယ်ကြီးက ကျင့်ကြံလို့ရော ရရဲ့လားမသိဘူး”

စဉ်းစားကြည့်ရာ သူမသည် မေးမကြည့်ရသေးပေ။ သူတို့သည် ဝိညာဉ် ကိုယ်မဟုတ်သဖြင့် သူတို့ကို သူမမယုံပေ။ သူမသည် ဝိညာဉ်ကိုယ်ကျင့်စဉ် အကြောင်းရေးထားသည့် စာအုပ်ရှိလိုရှိငြား စာကြည့်တိုက်သို့သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထင်စန်းသည် သူမ စာဖတ်ချင်သည်ဟု ကြားသည်နှင့် ခေတ္တမျှတွေဝေ သွားပြီးနောက် သူမကို စာကြည့်တိုက်သို့ခေါ်သွားပေးလိုက်သည်။

***

All Chapters