← Chapters

တစ္ဆေလောကနယ်မြေသုံးခု

Vol. 125 Ch. 1742

တစ္ဆေလောကနယ်မြေသုံးခု

Vol. 125 Ch. 1742

စာကြည့်တိုက်အပြင်ဘက်တွင်ရပ်ပြီး သတ္တုပြားပေါ်တွင်ရေးထားသော ထူးခြားလှသည့် လက်ရေးအလှကိုကြည့်ရင်းနှင့် သူမ လက်တွေ့နှင့် မှတ်ဉာဏ် ကြားတွင် ရောထွေးလာသည်။

လျှို့ဝှက်စာကြည့်ဆောင်… ရှီမာမိသားစုအိမ်တော်တွင်လည်း ထိုကဲ့သို့ တစ်ဆောင်ရှိသည်။ သူမ လျှို့ဝှက်စာကြည့်ဆောင်သို့ ပထမဆုံးအကြိမ် ခြေလှမ်းစချသည်မှာ မကျင့်ကြံနိုင်စဉ်ကဖြစ်သည်။

အခု သူမ ပြန်စတင်ရတော့မည်။ သို့‌သော် ဤတစ်ကြိမ်မှာ အရင်ကနှင့် မတူပေ။ သူမတွင် ဘိုးဘေးကြီးလက်ဆင့်ကမ်းပေးခဲ့သည့် စွမ်းအားရှိသည်။ သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ်မှာ တိုးတက်လာသည်နှင့်အမျှ ချိပ်စည်းပိတ် ထားသည့် တစ်လွှာချင်းစီကို ဖွင့်နိုင်မည်ဖြစ်ကာ ဘိုးဘေးကြီး၏ စွမ်းအားကို အစစ်အမှန်လက်ခံနိုင်မည်ဖြစ်သည်။

“သခင်မလေး အရင်ကလျှို့ဝှက်စာကြည့်ဆောင်ကို တစ်ခါမှမလာဖူးပါ ဘူး… ဘာစာအုပ်ဖတ်ချင်လို့လဲ” ထင်စန်းသည် သူမ ငေးငိုင်နေသည်ကိုမြင် သောအခါ သတိပေးလေသည်။

ရှီမာယူယူ သတိဝင်လာသည် “ကျင့်စဉ်စာအုပ်တွေက ဘယ်မှာလဲ”

“ဒုတိယအထပ်မှာပါ ပထမအထပ်က စာအုပ်တွေက ကဏ္ဍပေါင်းစုံက စာအုပ်တွေပါ ဒုတိယအထပ်က ကျင့်စဉ်နဲ့ပတ်သက်တဲ့စာအုပ်တွေ တတိယ အထပ်က ဝိညာဉ်သိုင်းတွေအကြောင်းစာအုပ်တွေရှိပါတယ်”

“ဒါဆို ငါ ဒုတိယအထပ်ကိုသွားလိုက်ဦးမယ် မင်း ငါ့ကို ဒီမှာစောင့်နေ” ရှီမာယူယူသည် ထင်စန်းကို ပြောလိုက်သည်။

ထင်စန်းသည် ရှီမာယူယူကို အရင်က သခင်မလေးကဲ့သို့ ခစားရမည် ဟူသည့် မုရုန်ဟွေ့၏ အမိန့်ကို မှတ်မိသည်။ ထို့ကြောင့် ပထမအထပ်၌ပင် နာခံ စွာဖြင့် နေခဲ့သည်။

ရှီမာယူယူတက်သွားပြီးနောက် အစွန်ဖျားပိုင်း စာအုပ်စင်တွင် ကျင့်စဉ် စာအုပ်များကို မြင်ရသည်။ သို့သော် ထိုစာအုပ်များသည် တစ္ဆေစွမ်းအင်ကျင့်စဉ် နှင့်ပတ်သက်သည့် အခြေခံစာအုပ်များသာဖြစ်သည်။ ဝိညာဉ်ခန္ဓာကိုယ် ကျင့်ကြံရန်အတွက် အများဆုံး တစ်ကြောင်း နှစ်ကြောင်းသာပါရှိသည်။

နောက်ဆုံးတွင် အဆုံးဘက်တွင်ရှိသည့် စာအုပ်စင်တွင် ပါးလွှာပြီး ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။

“စာအုပ်ကလည်း စုတ်ပြတ်နေတာပဲ” သူမသည် စာအုပ်ကို စိတ်ပျက် လက်ပျက်ဖြင့် ပြန်ချလိုက်သည်။

“မင်းက ဝိညာဉ်ခန္ဓာကိုယ်ကျင့်စဉ်အတွက် စာအုပ်ရှာနေတာပဲ” အိုမင်း သောအသံတစ်သံမှာ သူမဘေးမှထွက်လာရာ လန့်သွားလေသည်။

“ဘယ်သူလဲ” သူမ လှည့်ပတ်ကြည့်ရာ အနောက်မှ အသက်ရှုသံကို ခံစား မိသည်။ သူမ လှည့်ကြည့်ရာ အရပ်ပုပုသေးသေးနှင့် အဘိုးကြီးသည် လက်နောက်ပစ်ပြီး သူမကိုကြည့်နေသည် “မင်္ဂလာပါ ဘိုးဘိုးက ဘယ်သူလဲ…”

“ကျုပ်က သန့်ရှင်းရေးသမားပါပဲ” အဘိုးအို ပြန်ဖြေလေသည် “ဝိညာဉ် ခန္ဓာကိုယ်အတွက် ကျင့်စဉ်နည်းလမ်းကိုလေ့လာချင်လို့လား”

“ကျွန်မ ဒီအတိုင်းပဲ ကြည့်ကြည့်တာပါ” ရှီမာယူယူသည် မယုတ်မလွန် ပြောလိုက်သည်။

“ဝိညာဉ်ခန္ဓာကိုယ်ကို ကျင့်ကြံတာကောင်းပါတယ်၊ ဒါပေမဲ့ အခုချိန်မှာ ဝိညာဉ်ခန္ဓာကိုယ်အတွက် ကျင့်စဉ်နည်းလမ်းကောင်းကောင်းက ပျောက်ကွယ် လုနီးပါးဖြစ်နေပြီ”

ရှီမာယူယူ အံ့ဩသွားသည် “ဘယ်လိုသိတာ…” သူမက ဝိညာဉ် ခန္ဓာကိုယ်ဆိုတာကို ဘယ်သလိုသိတာလဲ။

“ဒီအဘိုးအိုက မြင်နိုင်ပါသေးတယ်” အဘိုးအိုသည် ရယ်မောလေသည်။

ရှီမာယူယူသည် စိတ်ထဲမှ နိုးကြားမှုကို ခံစားရသည်။ ဘိုးဘေးကြီး သူမကို ပြောလိုက်သည့်စကားကို မှတ်မိသည်။ သူ သူမကို ပုံခဲပေးလိုက်သည့် ခန္ဓာကိုယ်သည် သာမာန်လူ၏ မျက်လုံးနှင့်ဆို ဝိညာဉ်ခန္ဓာကိုယ်ဖြစ် ကြောင်း မြင်နိုင်မည်မဟုတ်ပေ။ ဒါပေမဲ့ ဒီအဘိုးကြီးက တစ်ချက်တည်းကြည့်တာနဲ့ သိ သွားတယ်။ သူ့အားက ဘယ်လောက်တောင် မြင့်နေတာလဲ။

မီအာဆိုလျှင် သူ့ကိုကိုင်တွယ်နိုင်မည်လား သူမ မသိပေ။

အဘိုးအိုသည် သူမ မျက်နှာပြောင်းသွားသည်ကို မြင်သောအခါ သူ၏ မုတ်ဆိတ်ကို ကိုင်တွဘ်လိုက်သည်။ သူသည် သူမကို ပျော်ရွှင်စွာပင် အာမခံ လေသည် “စိတ်မပူပါနဲ့ ဒီအဘိုးအိုက မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး”

“ဒါဆိုရင် ဘိုးဘိုးက ဘာလို့…” ကျွန်မကို ထုတ်ပြောတာလဲ။

“ငါ ဒီအတိုင်းသိချင်လို့ပါ မင်း ဘယ်လိုမျိုး ခန္ဓာကိုယ်ကို ပုံပေါ်အောင် ခဲ လိုက်တာလဲ မင်းကိုကြည့်ရတာ ဝိညာဉ်ကျင့်စဉ်တောင် မစရသေးဘူးထင် တယ်” အဘိုးအိုသည် ဖော်ရွေသည့်ပုံပေါ်အောင် ပြုံးလိုက်သည်။

“ကျွန်မ တစ္ဆေလောကကိုမလာခင်တုန်းက ကျွန်မရဲ့ဘိုးဘေးကြီး တစ် ယောက်က ဒီခန္ဓာကိုယ်ကို တည်ဆောက်ပေးလိုက်တာပဲ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။

ထိုသို့ပြောလိုက်သောအခါ ပထမအချက်အနေနှင့် သူမတွင် အင်အားကြီး လှသော ဘိုးဘေးကြီးရှိသည်၊ ဒုတိယတစ်ချက်အနေနှင့် တစ္ဆေလောကမှ မဟုတ်ကြောင်းကို ပြောလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ထပ်မမေးတော့ပေ။

အဘိုးအိုသည် သူမ၏ ဆိုလိုရင်းကိုနားလည်သည်။ သူသည် မေးခွန်း ဆက်မမေးပေ။ သူသည် စာအုပ်စင်အတွင်းဆုံးဘက်ဆီသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူသည် အတန်ကြာသည်အထိ ရှာဖွေ ပြီးနောက် ရှီမာယူယူအတွက် စာအုပ်တစ်အုပ်ထုတ်ပေးလိုက်သည်။

“ဒီစာအုပ်က မင်းလက်ထဲက စာအုပ်ထက်ပိုကောင်းတယ်”

ရှီမာယူယူသည် ထူထဲသော စာအုပ်ကိုယူလိုက်သည်။ စာအုပ်ထောင့်များ မှာမရှိတော့သော်လည်း စာလုံးပျက်ခြင်း စာရွက်ပျောက်နေခြင်းများမရှိပေ။ ထိုစာအုပ်သည် အမှန်တကယ်ပင် သူမလက်ထဲမှစာအုပ်ထက် ပိုကောင်းသည်။

သဘာဝကျကျပင် သူသည် သန့်ရှင်းရေးသမားဟု သူမ မယုံပေ။ သူသည် မုရုန်မျိုးနွယ်တွင် အလွန်အားကောင်းသည့် စီနီယာကြီးတစ်ယောက်ပင် ဖြစ် လိမ့်မည်။ ဒါပေမဲ့ သူက သူမကို ဘာလို့ထုတ်ပြောပြီး စာအုပ်ကူရှာပေးတာလဲ။

စပ်စုချင်စိတ်မှာ သေချာလှသော အကြောင်းအရင်းတော့ မဟုတ်နိုင်ပေ။

ထားလိုက်ပါတော့… သူက သူမကို မကောင်းတာတစ်ခုခုလုပ်ချင်ရင် မီအာရှိနေလို့ ထိခိုက်အောင်မလုပ်နိုင်ဘူးဆိုရင်တောင် ထွက်သွားနိုင်မှာပဲ။

သူမသည် စာအုပ်နှစ်အုပ်လုံးကို ယူပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။ စာကြည့်ဆောင် အပြင်ဘက်တွင် ရပ်နေသော ထင်စန်းကို မြင်သောအခါ မေး လိုက်သည် “စာကြည့်ဆောင်မှာ သန့်ရှင်းရေးလုပ်တဲ့ ပိန်ပိန်နဲ့အဘိုးကြီးရှိလား”

“ပိန်ပိန်တဲ့အဘိုးကြီးဟုတ်လား မရှိပါဘူး လျှို့ဝှက်စာကြည့်ဆောင်ကို အစေခံလေးတွေ သန့်ရှင်းရေးလုပ်တာပါ” ထင်စန်း ပြန်ဖြေလေသည်။

“အိုး ပြန်ရအောင်” ရှီမာယူယူသည် မအံ့ဩတော့ပေ။ သူမ၏ ခန့်မှန်း ချက်မှာ မှန်သည်။

သူတို့ ခြံဝန်းသို့ပြန်ရောက်သောအခါ ထင်စန်းနှင့် ထင်ရွှေတို့ကို အပြင် တွင်သာထားကာ သူမ တံခါးပိတ်ကျင့်ကြံချင်သည်ဟု ပြောလိုက်သည်။ သူမကို မည်သူမှ နှောင့်ယှက်ခွင့်မရှိပေ။ တစ်စုံတစ်ယောက်ဝင်လာလျှင် သူမသည် သူတို့နှစ်ယောက်ကို ရောင်းပစ်မည်။

အခုချိန် သူမတွင် ဝိညာဉ်စွမ်းအင်မရှိသဖြင့် ဝိညာဉ်အတားအဆီး မပြုလုပ်နိင်ပေ။ သူမသည် အပြင်ပိုင်းအားကိုသာ အားကိုးရတော့သည်။

မုရုန်ရှီသည် အရင်က အစေခံတစ်ယောက်ကို ရောင်းခဲ့ပြီး ထိုအစေခံ သည် အလွန်တရာပင် ဆင်းရဲခဲ့သည်ဟု ထင်စန်းနှင့် ထင်ရွှေတို့ ကြားဖူးသည်။ ယခု ထိုစကားကို သူတို့ကြားလိုက်ရသောအခါ ခြင်တစ်ကောင် ယင်တစ်မြီး တောင်ဝင်မရအောင် ဖြေရှင်းလေသည်။

“ကျင့်ကြံမယ်ဟုတ်လား သူမက ကျင့်ကြံနိုင်လို့လား သူမက ရှီအာလိုမျိုး အမှိုက်ပဲမဟုတ်ဘူးလား” ကုန်းဇီယွမ်သည် ရေရွတ်ပြီး ထွက်သွားလေသည်။

ရှီမာယူယူသာ သိလျှင် သူ့ကို မျက်လုံးလှိမ့်ပြဦးမည်ဖြစ်သည်။ သူမက မကျင့်ကြံနိုင်တဲ့ အမှိုက်ပါလို့ ဘယ်သူပြောလို့လဲ။ သူမက ကျင့်ကြံမှုမစသေး တာပဲရှိတာ ဟုတ်ပြီလား။

သူမသည် ပါးပြီးစုတ်ပြတ်နေသော စာအုပ်ကို အရင်ဖွင့်သည်။ အမှန် တကယ်ပင် ထိုစာအုပ်တွင် ကျင့်ကြံသည့်နည်းလမ်းမရှိပေ။ ထိုအဘိုးအို၏ စကားအရ ထိုစာအုပ်သည် အသုံးမဝင်ပေ။ သူမသည် သာမာန်ကာလျှံကာပင် လှန်လှောလိုက်သည်။ ထိုစာအုပ်သည် တစ္ဆေကျင့်ကြံခြင်းအတွက် မိတ်ဆက်မျှ သာဖြစ်သည်။

ဝိညာဉ်ကျင့်စဉ်သည် သေဆုံးပြီးနောက် တစ္ဆေလောကသို့ ဝင်ရောက်လာ ပြီး စတင်ကျင့်ကြံမည့်သူများအတွက် ရည်ရွယ်လေသည်။ ဝိညာဉ်ကျင့်ကြံသူ များသည် အားနည်းကြသည်။ ထို့ကြောင့် အသက်ရှင်ရန် ခက်ခဲသည်။

တစ္ဆေကျင့်စဉ်သည် တစ္ဆေစွမ်းအင်ကို ကျင့်ကြံသည့် တစ္ဆေမျိုးနွယ်များ အတွက် ရည်ရွယ်သည်။ ရှီမာယူယူ အသက်ရှိစဉ်က သူမသည် တစ္ဆေကျင့်ကြံ သူဟု သတ်မှတ်နိုင်သည်။

တစ္ဆေကျင့်ကြံသူများသည် ဝိညာဉ်ကျင့်ကြံသူများထက် ပို၍အားကောင်း ကြသည်။ တစ္ဆေကျင့်ကြံသူများသည် မရဏာသားရဲနှင့် စာချုပ်တည်ထောင် နိုင်ပြီး တစ်ချိန်တည်းမှာပင် ဝိညာဉ်ကျင့်စဉ်ကိုပင် ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် တိုက်ပွဲတွင် တစ္ဆေစွမ်းအင်သုံးသည့်အပြင် ဝိညာဉ် စွမ်းအားကိုပါ သုံးနိုင်သည်။

ထို့အပြင် တချို့သောတစ္ဆေကျင့်စဉ်များသည် ဝိညာဉ်ကျင့်ကြံသူများကို ဖိနှိပ်နိုင်ပြီး သူတို့၏ အစေခံ လက်အောက်ငယ်သားများအဖြစ်ပင် ထိန်းချုပ်နိုင် သည်။ သို့သော် သူတို့တိုးတက်လာသည်နှင့် ဝိညာဉ်ကျင့်ကြံသူများသည် အလွန်အားကောင်းလာပြီး တစ္ဆေလောကတွင် လွှမ်းမိုးနိုင်သော နယ်မြေတစ်ခု ရှိလာသည်။

အလွန်အားကောင်းသော ဝိညာဉ်ကျင့်ကြံသူများ တစ်ယောက်ပြီး တစ် ယောက် ထွက်ပေါ်လာသဖြင့် တစ္ဆေကျင့်ကြံသူများသည် သူတို့ကို ပေါက်စ အရွယ်ကပင် သတ်ပစ်ရန် ရွေးချယ်ခဲ့သည်။ ထိုနှစ်များတွင် ဝိညာဉ်ကျင့်ကြံသူ မှာ နည်းပါးခဲ့သည်။

သို့သော် မျှော်လင့်ချက်တစ်ခုရှိသေးသည်။ ဝိညာဉ်နယ်ပယ်ပင်…

ကိုးခုမြောက် မရဏာတောင်ခြေ ကြာပန်းနက်ပွင့်သည့်နေရာ တစ္ဆေ လောက၏ နယ်မြေသုံးခုကို မလိုက်လာရဲဟု ဘိုးဘေးကြီးပြောဖူးသည်။ ထိုနယ်ပယ်သုံးခုမှာ တစ္ဆေနယ်မြေ၊ ဝိညာည်နယ်မြေနှင့် အသူရာငရဲတို့ဖြစ် ကြသည်။

ဝိညာည်နယ်ပယ်မှာ ဝိညာဉ်ကျင့်ကြံသူများ နေထိုင်ရာဖြစ်သည်။ ထိုနေရာသည်လည်း တစ္ဆေနယ်မြေနှင့် အသူရာငရဲကဲ့သို့ အဆင့်အတန်းနှင့် အားအင်ကို ပြနိုင်လောက်သည့် ကျော်ကြားသောနေရာပင်ဖြစ်သည်။

***

All Chapters