← Chapters

အခန်း ၁၅၆၂

Vol. 105 Ch. 1562

အခန်း ၁၅၆၂

Vol. 105 Ch. 1562

အပိုင်း (၁၅၆၂)

ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်း၏ အထက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့သည် ပြင်းပြင်း ထန်ထန်နှင့်တိုက်ခိုက်လျက်ရှိနေ၏။ တည်နေရာစွမ်းအင်များသည် နေရာအနှံ့ကို လွှမ်းခြုံလျက်ရှိနေပြီး အချိန်အတိုင်းအတာတစ်ခုအထိ လေဟာနယ်ပျက်စီးမှုသည်ပြန်လည် ကောင်းမွန်လာနိုင်လိမ့်မည်မဟုတ်ချေ။

ကတ်သပ်၍ပြောရမည်ဆိုလျှင်ဤအရာသည်သေခြင်းရှင်ခြင်းတိုက်ပွဲမျိုး မဟုတ်ချေ။လက်ရည်စမ်းပွဲ တစ်ခုမျှသာဖြစ်၏။သို့ပေမဲ့တိုက်ခိုက်မှုအရှိန်အဟုန်သည် ပြင်းထန်လွန်းသည်ဖြစ်သောကြောင့် ၎င်းတို့နှစ်ယောက်သည်ခဏတာ ကိုယ်ရှိန်ကို သတ်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုမျိုး ပွဲကြီးပွဲကောင်းတစ်ခုကို မတိုက်ခိုက်ခဲ့ရတာ အချိန်အတော်ကြာပြီ”

အတိတ်တုန်းကသာဆိုလျှင်စည်းဓားမော့ကြီးကို ထုတ်ဖော်လိုက်သည်နှင့်ရှိရှိသမျှလူအားလုံးကို မြက်ပင် ခုတ်ဖြတ်သလို သတ်ဖြတ်နိုင်ခဲ့၏။သို့ပေမဲ့ယနေ့အချိန်မှာတော့သူသည် လက်ရည်ညီစွာ တိုက်ခိုက်နိုင်သည့်လူတစ်ယောက်ကို ကြုံဆုံနေရ၏။ ဤဖြစ်စဉ်သည်စိတ်ကျေနပ်စရာ ကောင်းလွန်းလှ၏။

“ကျုပ်ကောပဲ”

ယုစီနန်က ပြောလိုက်သည်။ နှစ်ပေါင်းများစွာ လောကကြီးထဲ လှည့်လည်လျှောက်သွားရင်း သူသည် ကြမ်းတမ်းလှပါသည်ဆိုသော ပြိုင်ဘက်များနှင့် တွေ့ဆုံခဲ့၏။ရံဖန်ရံခါဆိုသလို တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ သည်ဆိုသော်လည်း တစ်ဖက်လူများသည်ခဏအတွင်းတွင်သူ့အား ရှုံးနိမ့်ခဲ့ရသည်။ယခု တိုက်ပွဲသည်သူသေကိုယ်သေတိုက်ပွဲကြီး မဟုတ်ဘဲ လက်ရည်စမ်းပွဲ တစ်ခုမျှသာ ဖြစ်သော်လည်း သိုင်းတာအိုကို ဆွေးနွေးနေသည့်မိတ်ဆွေရောင်းရင်း နှစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေသည်။

“ဆိုးတာပဲ”

ယုစီနန်သည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အဆုံးသတ်မှာတော့ခင်ဗျားနဲ့ကျုပ်က ဘယ်သူ အနိုင်ရရှိမယ်ဆိုတာကို ဆုံးဖြတ်မှ ဖြစ်မယ်”

ဒွီ ဒွီ …။

သူသည်လက်များကို ဖြန့်ကားလိုက်၏။ ပြီးနောက်တည်နေရာစွမ်းအင်များသည် ရူးရူးမူးမူး ဖြစ်တည်လာခဲ့ပြီး အဝေးမှ ကြည့်ရှုမည်ဆိုလျှင်သူ့အား ကြာပန်းတစ်ခု လွှမ်းခြုံနေသကဲ့သို့ပင်။

“တကယ်အစစ်အမှန်ကြီး တိုက်ခိုက်တော့မှာလား” ကျွင်းချောင်ရှောင်းသည်သူ၏တံစဉ်ကြီးကို ရှေ့ဆီသို့ထောင်ကာ ထားလိုက်၏။သူ၏မျက်နှာအမူအရာသည်ကလည်း ပိုမိုကာ လေးနက်လာခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည်လက်များကို အမှတ်တမဲ့ဖြင့်ယမ်းခါလိုက်၏။ “ဒီလှုပ်ရှားမှုကို ကောင်းကင်ပိုင်းဖြတ်ခြင်း တိမ်ကြာပန်းလို့ခေါ်တယ်။ပတ်ဝန်းကျင်မှာရှိတဲ့တည်နေရာတွေအကုန်လုံးကို အသုံးပြုပြီးတော့အားကောင်းတဲ့တိုက်ခိုက်မှုဖြစ်ပေါ်စေတယ်”

ဒွီ ဒွီ …။

သူ၏လက်ဝါးလှုပ်ရှားမှုတိုင်းတွင်တည်နေရာများသည်လိပ်ပါလာခဲ့ပြီး ကျွင်းချောင်ရှောင်းအား လွှမ်းခြုံတော့မည်သကဲ့သို့ ဖြစ်ပေါ်နေ၏။

ပတ်ဝန်းကျင်တွင်ရှိနေသော ပင်လယ်ရေများ အားလုံးသည် ကြမ်းကြမ်းတမ်းတမ်းနှင့် ဆူဝေလျက်ရှိနေသည်။

ဖြောက်ဖြောက်ဖြောက်ဖြောက်

ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်း၏ မြေပြင်တစ်ခုလုံးသည်ပိုမိုမြန်ဆန်စွာဖြင့်ကွဲအက်လာခဲ့ပြီး တဖြည်းဖြည်း နှင့် ကြီးမားလှသည့် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာသည်။ အချိန်မရွေး ပြိုပျက်သွားမည့်အတိုင်းပင်။

ကျွန်းကြီးတစ်ခုလုံးသည်လွန်ခဲ့သည့်အချိန်ကတည်းက တည်ရှိခဲ့သော ရှေးအစီအရင်၏ထောက်ပံ့မှုကို ခံထားရ ပါက တည်တည်ငြိမ်ငြိမ်နှင့်တည်ရှိနေမှာ သေချာသည်။ ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်မည်မဟုတ်ချေ။

သို့ပေမဲ့ကျွင်းချောင်ရှောင်းသည်ထိုအစီအရင်ကြီးအား ဖျက်ဆီးခဲ့သည်မဟုတ်ပါလား။ ထို့ကြောင့် ၎င်း၏ကာကွယ်နိုင်မှုအားအင်သည်ဆုံးရှုံးသွားခဲ့၏။အစစ်အမှန်ရှာဖွေခြင်းအဆင့်သိုင်းကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့် အမြူတေပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကပင်ဤကျွန်းကို ဆိုးဆိုးရွားရွား ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။

ဤအကြောင်းအရာအား နတ်ဆိုးနယ်မြေထဲတွင်တည်ရှိနေသည့်နတ်ဆိုးဘိုးဘေးကြီးသည်မသိရှိချေ။သူ အသက်သွင်းလိုက်သည်နှင့်တည်နေရာအတားအဆီး၏ အစီအရင်တစ်ခုလုံးသည်ပြိုလဲသွားခဲ့တော့သည်။ ထို့ကြောင့်ပင်လျှင်နောက်ဆုံး၌ လူသည်လွှင့်စင်သွားခဲ့ခြင်းဖြစ်၏။

အစီအရင်၏အဆင့်သည်နိမ့်ပါးလှသည်မဟုတ်ချေ။ထို့ကြောင့်ဖျက်ဆီးရန်ခက်ခဲလှ၏။တစ်ချိန်တည်းမှာပဲ ဖျက်ဆီးခံလိုက်ရသည်ဆိုပါက ပေါက်ကွဲသွားပေလိမ့်မည်။ ဖျက်ဆီးနိုင်မှုစွမ်းအင်သည်အလွန်တရာ လေးနက်လွန်းလှ၏။ထို့ကြောင့်နတ်ဆိုး ဘိုးဘေးကြီးသည်မည်သို့မှမခံနိုင်ဘဲ တစ်ခါတည်း သတိလစ်မေ့မျောသွားခြင်းပင်။

ကံကောင်းစွာဖြင့်သူ၏ ခန္ဓာကိုယ်သည်တော်တော်ကောင်းမွန်လှ၏။သာမန်ခန္ဓာကိုယ်တစ်ခုသာဆိုပါက ဘယ်တုန်းကမှမရှိခဲ့သလို တစ်စစီဖြစ်ကာ သေဆုံးသွားမှာ သေချာ၏။

ဤအရာမှာ အဓိကအချက်မဟုတ်ပေ။ နတ်ဆိုးနယ်မြေနှင့် ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းသည်ဆက်စပ်လျက်ရှိနေ၏။ တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်သည်ပေါက်ကွဲထွက်သွားသောကြောင့်သူ့အနေနှင့် ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းဆီသို့ပြန်လာနည်းလမ်း မရှိတော့ချေ။နတ်ဆိုးနယ်မြေထဲ၌ နတ်ဆိုးဘိုးဘေးကြီးသည်ထာဝရ ပိတ်လှောင်ခံ ထားရတော့မှာ ဖြစ်သည်။

သူ့အနေနှင့် အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်း ရောက်ရှိလာခဲ့ပြီး နတ်ဆိုး နယ်မြေ၏ အစီအရင်အတားအဆီးအား ဖျက်ဆီးပစ်ဖို့မျှော်လင့်ရန်သာ ရှိတော့သည်။သို့ပေမဲ့ထိုစည်းသည် နှစ်ပေါင်းတစ်သိန်းကျော် ကြာမြင့်ပြီးသည့်နောက်တောင်မှအားကောင်းလျက်ပင်ရှိသေး၏။ မည်သူမှသည်ချိုးဖြတ်ရန်မကြိုးစားခဲ့ကြပေ။ ထို့ကြောင့်သူ့အလိုလို အားနည်းသွားပြီး ပျက်စီးမည့်အခြေအနေကလည်း သုညရာခိုင်နှုန်းပင်ဖြစ်၏။

သူသည်အားကောင်းလွန်းလှသော နတ်ဆိုးစစ်သည်တစ်သန်းကို ဦးဆောင်နိုင်ရန်ဆိုသည့်ရည်ရွယ်ချက်ဖြင့်နတ်ဆိုးနယ်မြေထဲသို့ဝင်ရောက်ခဲ့၏။သို့ပေမဲ့အဆုံးသတ်မှာတော့ ကြီးမားသည့်ထိခိုက်မှုကို ခံစားရသည်သာမက အထဲတွင်လည်း ပိတ်မိလျက်ရှိနေတော့၏။နတ်ဆိုးဘိုးဘေးကြီး၏ အခြေအနေသည်အမှန်ပင်ခက်ခဲလွန်းလှချေသည်။

လက်ရှိ အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းတို့သည်ဘာလုပ်နေကြသနည်း။ ၎င်းတို့အားလုံးသည်ရှိရှိသမျှသော အားအင်အဆင့်ကို စုစည်းကာဖြင့်နတ်ဆိုးဘိုးဘေးကြီး ပုန်းအောင်းနေရာ တည်နေရာဖြစ်သော အသုဘခန်းဆောင်ကို လိုက်လံရှာဖွေလျက်ရှိ၏။

လက်ရှိ အခြေအနေမှာတော့အသုဘခန်းဆောင်မှအဖွဲ့ဝင်တော်တော်များများ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သောကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်ကြီးသည်ဖြေရှင်းပြီးသားဖြစ်ကြောင်း ကြေညာ၍ပင်ရနိုင်သည်။

ထို့အပြင် ပြန်လည်ရှင်သန်လာခဲ့သော နတ်ဆိုးဘိုးဘေးကြီးသည်နတ်ဆိုးနယ်မြေထဲတွင်ပိတ်မိလျက်ရှိနေ၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ပြုလုပ်ခဲ့သူဖြစ်သော ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့မှာတော့တစ်ချက်ကလေးမှပင်မသိရှိခဲ့ကြချေ။သူတို့၏လက်ရည်စမ်းပွဲသည်တစ်လောကလုံးအား အန္တရာယ်ပြုနိုင်သည့်နတ်ဆိုး ဘိုးဘေးကြီးအား နတ်ဆိုးနယ်မြေထဲတွင်ထာဝရပိတ်လှောင်ထားလိုက်သည့်အခြေအနေသို့ရောက်ရှိသွားနိုင်မည်ဟု ထင်မှတ်ထားလိမ့်မည်မဟုတ်ချေ။ဘာမှန်းပင်မသိဘဲ ကောင်းမွန်လှသည့်အရာကြီးတစ်ခုကို ပြုလုပ်ခဲ့၏။

ဖြောက်ဖြောက်ဖြောက်ဖြောက်

ယုစီနန်သည် ကြီးမားသည့်တိုက်ကွက်ကို ထုတ်ဖော်ရန်အတွက်စွမ်းအင်များကို စုစည်းလျက်ရှိနေ၏။ တည်နေရာကြီးတစ်ခုလုံးသည်လည်း ရူးရူးမူးမူးနှင့် လိမ်တွန့်လျက်ရှိနေပြီး လက်ရှိအခြေအနေမှာတော့အဆင့်နိမ့်သိုင်းကျင့်ကြံသူတစ်ယောက်သည်သာ ထိုတည်နေရာထဲသို့ဝင်ရောက်လာသည်ဆိုပါက ကျိန်းသေပေါက်တစ်စစီဖြစ်သွားမှာ သေချာသည်။

ဘုန်း ဘုန်း ဘုန်း

ခဏလောက်ကြာပြီးသည့်နောက်ဖုံးကွယ်ထားသည့်စိတ်ဝိညာဉ်ကျွန်းသည်တည်နေရာ၏ ဖိအားဒဏ်ကို မည်သို့မှမခံစားနိုင်တော့ဘဲ တစ်စစီပဲ့ကြွေကုန်လေ၏။

၎င်းအစိတ်အပိုင်းများသည်ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်လွင့်မျောလျက်ရှိနေ၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သိန်းထဲက တည်ရှိခဲ့သော ဌာနချုပ်တစ်ခုသည်ယနေ့အချိန်မှာတော့ဘာမှမရှိခဲ့သလို ပျောက်ကွယ်သွားတော့မှာဖြစ်သည်။

“နောက်ကိုဆုတ်”

ယုစီနန်သည်သူ၏လက်များကို စုစည်းလိုက်သည်။ တွန့်လိမ်လျက်ရှိနေသည့်တည်နေရာကြီးသည်တဖြည်းဖြည်းနှင့် ကျုံ့လာပြီး လက်ဝါးအရွယ်ခန့်ရှိသော ကြာပန်းလေးတစ်ခုသည် သူ၏ရှေ့၌စုစည်းဖြစ်တည်လာခဲ့၏။ “ကောင်းကင်ခြေဖျက်ခြင်း တိမ်ကြာပန်း”

ဤအရာသည်ယုစီနန်၏သတ်ဖြတ်ခြင်းတိုက်ကွက်များထဲမှတစ်ခုပင်ဖြစ်သည်။ဤသိုင်းနည်းစနစ်၏နည်းဥပဒေသသည်တည်နေရာကို ဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ကျယ်ပြန့်လှသည့်တည်နေရာကြီးသည်တဖြည်းဖြည်း ကျုံ့လာကာဖြင့် ထိုတည်နေရာထဲတွင် ကြပ်ညှပ်၍သေဆုံးသွားစေရန် ပြုလုပ်ရသည့်တိုက်ကွက်လည်း ဖြစ်သည်။

“.........” ကျွင်းချောင်ရှောင်းသည်မျက်မှောင်ကုတ်လိုက်မိ၏။ လက်ရှိဖြစ်တည်နေသည့်အခြေအနေကို ကြည့်ရှုမည်ဆိုလျှင်ဤကြာပန်းသေးသေးလေးသည် ကြီးမားလွန်းလှသော ပေါက်ကွဲမှုစွမ်းအင်များ ပါဝင်နေသည်ကို သူက အလိုလို သိရှိနေ၏။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည်ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြောလိုက်သည်။ “ကျုပ်က အစစ်အမှန်ကျင့်ကြံခြင်း အလယ်အလတ်အဆင့်သာရှိတဲ့ကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ တည်နေရာစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တဲ့လူ တစ်ယောက်ဖြစ်တယ်။ဒီတော့ ကျုပ်ရဲ့အားအင်အဆင့်ကအစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ထက်ဘယ်လိုမှအားမနည်းဘူး။ ဒီတော့ခင်ဗျားအနေနဲ့ဒီတိုက်ကွက်ကို လေးလေးနက်နက်တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”

“နားလည်ပါပြီ” ကျွင်းချောင်ရှောင်းသည်သူ၏ရှေ့တွင်သေဆုံးခြင်းတံစဉ်ကို ထားရှိလိုက်၏။

ဝှစ်

မီးစိတ်ဝိညာဉ်နှင့်မိစ္ဆာစိတ်ဝိညာဉ်တို့သည်တံစဉ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ဝက်လောက်သည်မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိပြီး တခြားသော ခန္ဓာကိုယ်တစ်ဝက်မှာတော့ အနက်ရောင်စွမ်းအင်များနှင့်လွှမ်းခြုံနေ၏။ စည်းဓားမော့ကြီး၏ စတုတ္ထပုံစံကို အသက်သွင်းထားသည်သာမက စိတ်ဝိညာဉ်နှစ်ကောင်ကိုပင်ထုတ်ဖော်ကာ အသုံးပြုလိုက်၏။သူသည်အလွန်ပင်လေးနက်လျက်ရှိ၏။ ထိုသာလျှင်မပြီးသေးချေ။မီးတောက်နှင့်မိစ္ဆာစိတ်ဝိညာဉ်တို့၏ ကြားထဲမှာ သူ၏အသားအရေသည်တဖြည်းဖြည်းနှင့် ကျောက်ရုပ်တုကဲ့သို့ဖြစ်တည်လာသည်။

ကျွင်းချောင်ရှောင်းသည်စိတ်ဝိညာဉ်အမျိုးအစား နှစ်မျိုးကို ပိုင်ဆိုင်ကြောင်း ယုစီနန်က ကောင်းကောင်းသိ၏။ ထို့ကြောင့်ထိုအရာများကို ထုတ်ဖော်လိုက်သည့်အချိန်တွင်အံ့အားသင့်မှုမရှိချေ။သို့ပေမဲ့အသားအရေ တစ်ခုလုံး ကျောက်တုံးတစ်ခုကဲ့သို့ ဖြစ်တည်လာသည်ကို သိရှိလိုက်ရသည့်အချိန်မှာတော့အမှန်ပင်တုန်လှုပ်သွားမိ၏။

“ခင်ဗျားက ကျောက်ရုပ်တုကလန်ရဲ့မျိုးဆက်လား”

“အမှန်ပါပဲ” ကုန်းရှန့်သည်အရှက်မဲ့စွာဖြင့်ပြောလိုက်၏။ကျောက်ရုပ်တုကလန်၏သွေးမျိုးဆက်အား သူသည်နတ်ဆိုးရေစက်တည်နေရာကြီးထဲ၌ အမွေဆက်ခံရရှိခဲ့ခြင်း ဖြစ်သော်လည်း တစ်ဖက်လူသည်ထိုသို့ တွေးတောလိုက်သည်ဆိုမှတော့သူက ငြင်းပယ်လိမ့်မည်မဟုတ်ချေ။

ယုစီနန်သည်ချက်ချင်းပဲ နားလည်သွားခဲ့၏။ထို့ကြောင့်ပြောလိုက်သည်။ “ခင်ဗျားဆီမှာ အရမ်းကို အားကောင်းတဲ့သတ်ဖြတ်ခြင်းဆန္ဒတွေရှိနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ခင်ဗျားက ဟိုလူ့လိုမျိုး ကျောက်ရုပ်တုကလန်ရဲ့မျိုးဆက်တစ်ယောက် ဖြစ်နေတာကိုး”

“ဟိုလူ ဟုတ်လား”

ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။ “အစ်ကိုယု ပြောနေတာ ဘယ်သူလဲ”

အောက်နယ်မြေမှာ နေထိုင်စဉ်က သူသည် ဖြူမဲညီနောင်တို့ဆီမှကျောက်ရုပ်တုကလန်အကြောင်းကို သေသေချာချာ နားထောင်ခဲ့သည်။ သို့ပေမဲ့အထက်နယ်မြေသို့ရောက်ရှိသည့်အချိန်တွင်ဤအဓိကကလန်ကြီး သုံးခုထဲမှတစ်ခုဖြစ်သော ကျောက်ရုပ်တုကလန်ကို တစ်ခါမှမမြင်ခဲ့ဖူးချေ။

“လုပ်ချင်တာကို လုပ်တတ်တဲ့လူပေါ့”

ယုစီနန်သည်ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သူ့အကြောင်း မပြောနဲ့တော့”

“..........”

ကျွင်းချောင်ရှောင်းသည်ဆွံ့အသွားမိ၏။ ယုစီနန်၏စကားအရဆိုလျှင်ဟိုလူ ဆိုသူနှင့် သိကျွမ်းပြီး မိတ်ဆွေအပေါင်းအသင်း ရောင်းရင်းများပင်ဖြစ်နိုင်ကြောင်း ကျွင်းချောင်ရှောင်းက သုံးသပ်မိ၏။ အဘယ်ကြောင့်ဆိုသော်လေသံတွင်အပြစ်တင်ခြင်းများ ပြည့်နှက်နေသော်လည်း ရန်သူတစ်ယောက်၏ဒေါသတရားများ မပါဝင်သောကြောင့်ပင်။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည်သူ၏ လွင့်ပြယ်နေသည့်အတွေးများကို ပြန်လည်ရုတ်သိမ်းကာဖြင့် ပြောလိုက်၏။ “အချိန်ကျပြီ။ ကျုပ်တို့အနိုင်ရရှိသူကို ဆုံးဖြတ်လိုက်ကြရအောင်”

“ကောင်းပြီ” ကျွင်းချောင်ရှောင်း အနေနှင့် တခြားသောအရာများကို မတွေးတောနေတော့ချေ။မိစ္စာနှင့် မီးစိတ်ဝိညာဉ်များအားလုံးသည်စည်းဓားမော့ကြီးဆီသို့တိုးဝင်လျက်ရှိနေပြီး ချက်ချင်းပဲ ကြက်သွေးရောင်နှင့် အမဲရောင်အရောင်နှစ်ခုအဖြစ်စုဝေးလာခဲ့သည်။

ဆွစ်ဆွစ်ဆွစ်

အားကောင်းလွန်းလှသော လေလှိုင်းများ တိုက်ခတ်လျက်ရှိနေ၏။ ဤအတိုင်းသာ ဆက်လက်ဖြစ်တည်နေမည်ဆိုပါက တည်နေရာသည်မည်သို့မှခံစားနိုင်တော့မည်မဟုတ်ချေ။ယုစီနန်သည်သူ၏လက်များကို ဖြန့်ကားလိုက် ၏။တောက်ပလျက်ရှိနေသည့် ကြာပန်းသည်ပျံသန်းရောက်ရှိလာ၏။

မှောင်မဲလျက်ရှိနေသည့်ကောင်းကင်ယံ တစ်ခုလုံးသည်ချက်ချင်းပဲ နေ့အလား ထွန်းတောက်လာခဲ့သည်။

“ချိုးဖြတ်စမ်း”

ကျွင်းချောင်ရှောင်းသည်သူ၏ တံစဉ်ကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အရှေ့ဆီသို့လှမ်းတက်လိုက်တော့သည်။လက်နက်၊သွေးမျိုးဆက်နှင့်စိတ်ဝိညာဉ်နှစ်ကောင်တို့၏ထောက်ပံ့မှုအောက်တွင်တော့သူသည်ကြောက်မက်ဖွယ်ရာကောင်းလှသော ဓားမော့အော်ရာများကို ထုတ်ဖော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

ဝှစ်ဝှစ်

ဓားမော့၏အော်ရာများသည်ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့၏။ ရေများသည်တိုက်ရိုက်ဆိုသလိုပဲ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

ဘုန်း ဘုန်း ဘုန်း

အဝေးတစ်နေရာဆီမှလှမ်းကာ နားထောင်နေမည်ဆိုလျှင်လေထုထဲ၌ နျူကလီးယားဗုံးကြီး ပေါက်သကဲ့သို့ပင်ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာသည်ကို ကြားရမှာဖြစ်၏။

ဟူး ဟူး

စွမ်းအင်နှင့်အပူလှိုင်းများသည် ကြမ်းတမ်းလွန်းလှပြီး ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံး ဆူဝေကာဖြင့်အငွေ့ပျံ နေတော့၏။ရေထဲတွင်မျောပါလျက်ရှိနေသော ဖုံးကွယ်နေသည့်စိတ်ဝိညာဉ်ကျွန်း အပိုင်းအစသည်ဤတိုက်ခိုက်ချက်အောက်တွင်မည်သို့မှမလွတ်မြောက်နိုင်ခဲ့ချေ။ဘယ်တုန်းကမှမရှိခဲ့သလို ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တော့သည်။

ကျွန်းကြီးသာ ပျက်စီးသွားသည်ဆိုပါက ပြန်လည်ပြုပြင်နိုင်ရန် ဖြစ်နိုင်ချေက ရှိလို့နေ၏။ သို့ပေမဲ့လက်ရှိအခြေအနေတွင် ပြန်လည်ပြုပြင်ရန်အတွက်ဘာတစ်ခုမှမရှိတော့ချေ။

ဆိုလိုသည်မှာ နတ်ဆိုးဘိုးဘေးကြီး၏ ဌာနချုပ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန်ဖျက်ဆီးခဲ့ရုံသာမက ၎င်းတို့နှစ်ယောက်ကြောင့်ဘယ်တုန်းကမှမရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ရပြီဖြစ်လေသည်။

All Chapters