← Chapters

အခန်း ၁၅၆၃

Vol. 105 Ch. 1563

အခန်း ၁၅၆၃

Vol. 105 Ch. 1563

အပိုင်း (၁၅၆၃)

စွမ်းအင်လှိုင်းနှစ်ခုသည်ထိပ်တိုက်ရင်ဆိုင်တွေ့ပြီးသည့်နောက်ဘောလုံးတစ်ခုကဲ့သို့ ဖြစ်တည်ကာ အကြိမ်ပေါင်း များစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေ၏။ စွမ်းအင်များ၏ သက်ရောက်မှုကို ခံရသောကြောင့်ပင်လယ်ရေပြင်တစ်ခုလုံးသည် ကြီးမားလှသည့်တွင်းကြီးအဖြစ်သို့ ဖြစ်တည်လာ၏။

ဇွိ ဇွိ ဇွိ …..။

ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံးသည်တဖြည်းဖြည်းနှင့် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာလျက်ရှိပြီး မိုင်တစ်ရာ ပတ်လည်အတွင်း လေဟာနယ်ကြီးတစ်ခုလုံးသည်ပျက်စီးနေလေ၏။ ဤကဲ့သို့အဆင့်မြင့်တိုက်ခိုက်ပွဲမျိုးတွင်တည်နေရာကြီးတစ်ခုလုံး သက်ရောက်သည်ဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည်။

သို့ပေမဲ့လက်ရှိ တိုက်ခိုက်နေသော လူနှစ်ယောက်သည်တည်နေရာစွမ်းအင်ကို ပိုင်ဆိုင်သည့်လူများ ဖြစ်နေသောကြောင့် ဆိုးရွားလွန်းသည့်အခြေအနေသို့ရောက်ရှိသွားခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်သိန်းကတည်းက တည်ရှိခဲ့သော ကျွန်းကြီးတစ်ခုလုံးပင်လျှင်မည်သည့်အခါကမှမရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ရ၏။ အားအင်အဆင့်အရဆိုရင် ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့ကြားက တိုက်ပွဲသည်အစစ်အမှန်ရှာဖွေခြင်းအဆင့်ကျင့်ကြံသူများကြားက တိုက်ပွဲထက်ပင်ပို၍ ကြမ်းတမ်းလွန်းနေ၏။ ၎င်းတို့သည်အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးမပြုကြချေ။ထိုအစား တည်နေရာ ဓာတ်သဘဝများကို ထုတ်ဖော်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။

ဝုန်း ….။

စွမ်းအင်အမျိုးအစားနှစ်ခုတို့သည်အချိန်အတော်ကြာ တိုက်ခိုက်လျက်ရှိ၏။ ပြီးသည့်နောက်မီးပန်းများ ပစ်လွှတ်လိုက်သကဲ့သို့အလင်းတန်းများ အားလုံးသည်တည်နေရာကြီးအားလုံးကို ဖုံးလွှမ်းသွားတော့၏။

ဆွစ်ဆွစ်ဆွစ် ….။

အလင်းတန်းများသည်တည်နေရာကြီးအား ဓားများကဲ့သို့ပင်ပိုင်းဖြတ်သွား၏။ တောက်ပလျက်ရှိသော အလင်းတန်းများသည်ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ကျဆင်းသွားပြီးသည့်နောက်ပင်လယ်ရေတစ်ခုလုံးသည်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ဝေါ့

လေထဲတွင်ရှိနေသော ယုစီနန်သည်သွေးတစ်လုတ်အန်ထုတ်လိုက်၏။သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွား ခဲ့၏။သူတို့နှစ်ယောက်တိုက်ခိုက်မှုသည်နာရီဝက်လောက်သာ ကြာမြင့်ခဲ့သည်ဖြစ်သော်လည်း သူ၏ ဒန်ထျန်ထဲတွင်ရှိနေသော စွမ်းအင်များသည်တော်တော်ကုန်ခမ်းသွားခဲ့၏။သူ့ကို ကြည့်ရှုရသည်မှာ အလွန်အမင်း ပင်ပန်း သွားသည့်ပုံပေါက်၏။

“အစ်ကိုယု”

သူ၏ရှေ့တွင်မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ခင်ဗျား…”

ဝေါ့ဝေါ့

သူသည် ခန္ဓာကိုယ်ထဲမှဆူဝေနေသည့်သွေးများကို မည်သို့မှမဖိသိပ်နိုင်တော့ချေ။ထို့ကြောင့်ချက်ချင်းပဲ သွေးများ အန်ထွက်လာ၏။

လက်ရှိအခြေအနေမှာတော့သူ၏လက်ထဲတွင်ရှိနေသည့်သေဆုံးခြင်းတံစဉ်ကြီးသည်အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက်အိတ်ကပ်တစ်ခုအရွယ် ဓားမော့အဖြစ်သို့ပြန်လည်ပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော အမဲရောင်ဝတ်စုံကလည်း အခိုးအငွေ့များအဖြစ်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

စည်းဓားမော့ကြီး၏ သုံးစွဲနိုင်မှုအချိန်ကာလသည် ပြီးဆုံးသွားခဲ့၏။စတုတ္ထမြောက်အဆင့်မြှင့်တင်ထားသော စည်းဓားမော့ကြီး၏ ထောက်ပံ့မှုမရှိသောကြောင့် ကျွင်းချောင်ရှောင်း၏ အရှိန်အဝါနှင့်အော်ရာများအားလုံးသည်ပျောက်ကွယ်သွား၏။ သူသည်ချက်ချင်းပဲ မှေးမှိန်သွားခဲ့၏။ သူ၏ အခြေအနေသည်ယုစီနန်ထက်ပင်ပိုမို၍ ဆိုးရွားလွန်းလှ၏။ထိုအရာသည်ဘေးထွက်ဆိုးကျိုးကြောင့်မဟုတ်ပေ။အလွန်မောပန်းနေသောကြောင့်ဖြစ်၏။

အချက်အလက်အားဖြင့်စတုတ္ထမြောက်အဆင့်မြှင့်တင်ထားသည့်စည်းဓားမော့ကြီးကို အသုံးပြုသည့်အချိန်၌ဘေးထွက်ဆိုးကျိုးက တည်ရှိနေသည်ဆိုသော်လည်း တစ်ပတ်၊ နှစ်ပတ်လောက်အနားယူလိုက်သည်ဆိုသည်နှင့် ပြီးဆုံးသွားနိုင်၏။သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်များသည်ဆိုးဆိုးရွားရွား ကုန်ဆုံးသွားခဲ့၏။ထို့ကြောင့်သူသည်ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း” ယုစီနန်သည် ပြုံးကာပြောရန် ပြင်လိုက်၏။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်မရှုံးဘူး။ ကျုပ်တိုက်ခိုက်နိုင်သေးတယ်”

ဝှစ်

သူသည်သူ၏အခြေအနေကို ထိန်းချုပ်ရင်း ကြိုးစားကာ စကားပြောလိုက်သောကြောင့် ခန္ဓာကိုယ်ဟန်ချက်သည်မည်သို့မှမထိန်းချုပ်နိုင်တော့ချေ။ထို့ကြောင့်ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့၏။ ပြီးနောက်တစ်ခါတည်း သတိလစ်မေ့မျောသွားခဲ့၏။

ဤတိုက်ပွဲတွင်မည်သူက အနိုင်ရရှိခဲ့သနည်း။ ယုစီနန်သည်ပျံသန်းရန်အားအင်ကျန်ရှိနေသေး၏။ ထို့ကြောင့်အနိုင်ရရှိသည်ဟု အဓိပ္ပာယ်ပေါက်သည်။သို့ပေမဲ့ဤအရာသည်အလွန်ခက်ခဲလှသည့်အောင်ပွဲတစ်ခုသာ ဖြစ်တော့၏။ အဝေးတစ်နေရာရှိ ကျွန်းတစ်ခုဆီသို့ပျံသန်းပြီးသည့်နောက်သူသည် ကျွင်းချောင်ရှောင်းနှင့်အတူ မြေပေါ်သို့ ပြုတ်ကျလာခဲ့၏။သူ့အနေနှင့် မတ်တပ်ရပ်ရန်ပင်ခက်ခဲလို့နေသည်။

တည်နေရာစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူ တစ်ယောက်သည်အမြူတေအသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်၏ ရိုက်နှက်မှုကို ဆိုးဆိုးရွားရွား ခံခဲ့ရ၏။ ထို့ကြောင့်အနိုင်ရရှိသည်ဟု ပြောဆိုရန်မသင့်တော်လှချေ။

ဆွစ်ဆွစ်ဆွစ်

နတ်ဆိုးနယ်မြေ

ကုန်းရှန့်သတိလစ်မေ့မျောသွားသည့်အချိန်မှာတော့နတ်ဆိုးဘိုးဘေးကြီးသည် ရုတ်တရက် ပြန်လည်နိုးထလာခဲ့၏။သူသည်ညစ်ပတ်ပေပွလျက်ရှိသည့်မျက်နှာနှင့်အတူ မတ်တပ်ထရပ်လိုက်၏။အရင်က ဖြစ်ပျက်ခဲ့သည့် အခြေအနေ များကို ပြန်လည်ကာ ကြိုးစားစဉ်းစားလိုက်ပြီးသည့်နောက်မှာတော့အစီအရင်သည်ပေါက်ကွဲထွက်သွားသည့် ဖြစ်ကြောင်းကို အတည်ပြုလိုက်နိုင်၏။သူသည်မည်သို့မှမထိန်းချုပ်နိုင်တော့ချေ။ထို့ကြောင့်ကောင်းကင်ပေါ်သို့မော့ကြည့်ကာ အော်ဟစ်လိုက်မိ၏။ “ငါ ဒီကနေ ဘယ်လို ထွက်ရတော့မလဲ”

“စိတ်ကို အေးအေးထား။ စိတ်ကို အေးအေးထား”

နတ်ဆိုးဘိုးဘေးကြီးသည်အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် သူ၏ လှုပ်ရှားလျက်ရှိနေသည့်စိတ်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။ “အစီအရင်က ပေါက်ကွဲထွက်သွား တယ်ဆိုတော တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ကြားမှာ ပျက်စီးသွားလို့ပဲဖြစ်မယ်။ဒါတွေကို ငါသာ ပြန်လည် ပြင်ဆင်ပြီး ဖုံးကွယ်ထားတဲ့စိတ်ဝိညာဉ်ကျွန်းနဲ့ချိတ်ဆက်နိုင်မယ်ဆိုရင်ဒီကနေထွက်လို့ရမှာပဲ”

သူသည်စိတ်ဓာတ်ပျော့ညံ့သည်လူတစ်ယောက်မဟုတ်ပေ။ ခက်ခဲသည့်အရာများကို ရင်ဆိုင်ကျော်ဖြတ်ရန်အမြဲအဆင်သင့်ရှိနေသည့်လူတစ်ယောက်ဖြစ်၏။

ဆွစ်

သူသည်ခြေချိတ်ကာ ထိုင်လိုက်၏။ ပြီးနောက်အစီအရင်ကို ပြန်လည်ကာ စဉ်းစားလိုက်တော့သည်။သူက ပြောလိုက်သည်။ “အစီအရင်တွေကို ဖန်တီးတယ်ဆိုတာ ကျင့်ကြံခြင်းအဆင့်တွေမလိုအပ်ဘူး။ ဒါပေမဲ့ရှုပ်ထွေး လွန်းတယ်။အနည်းဆုံး တစ်လ၊ နှစ်လလောက်တော့အချိန်ယူရမယ်နဲ့တူတယ်”

သူသည် ပြန်လည်ရှင်သန်ရန် နှစ်ပေါင်းတစ်သိန်းကျော်စောင့်မျှော်ခဲ့ပြီးပြီ ဖြစ်၏။ ရက်အနည်းငယ်စောင့်ရမည်ကို အဘယ်သို့ဂရုစိုက်ရမည်နည်း။

အင်မော်တယ်အဆင့်ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ရင်ဆိုင်တိုက်ခိုက်ရဲသည့်နတ်ဆိုးမျိုးနွယ်များ၏ တကယ့်ဆရာ့ဆရာကြီးသည်စိတ်ပိုင်းဆိုင်ရာအရ အလွန်အားကောင်းလှသည်ဆိုခြင်းမှာ သံသယရှိစရာပင်မဟုတ်ချေ။

……..

အမည်မရှိသော ကျွန်းတစ်ခုပေါ်မှာတော့ပင်လယ်လေနွေးနွေးလေး တိုက်ခတ်လျက်ရှိပြီး လူတို့၏ နှလုံးသားကိုပင် နွေးထွေးသွားစေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် နွေးထွေးမှုကို မခံစားနိုင်ချေ။အဘယ်ကြောင့်ဆိုသော်သတိလစ်မေ့မျောနေသောကြောင့်ပင်။

သူသည်ဆိုးရွားသည့်ပုံပန်းသွင်ပြင်ဖြင့် ပြုတ်ကျလာခဲ့၏။ထို့ကြောင့်သစ်ပင်ပေါ်တွင်တွဲလောင်းကြီးဖြစ်နေ၏။ ယုစီနန်သည်သစ်ပင်၏အောက်တွင်လဲနေပြီး အကြိမ်ပေါင်းများစွာ ကြိုးစား၍ မတ်တပ်ထရပ်သော်လည်း မအောင်မြင်ခဲ့ချေ။ထို့ကြောင့်သူသည် ရွံ့ရုပ်တစ်ခုလိုပင်မြေပေါ်တွင်လဲလျောင်းနေကြ၏။ သူသည်စိုးရိမ်စွာဖြင့်မေးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း… အဆင်ပြေရဲ့လား”

“အဟွတ်အဟွတ်”တစ်ရက်ကြာမြင့်ပြီးသည့်နောက်သစ်ပင်ပေါ်တွင်တွဲလျောင်းဖြစ်လျက်ရှိနေသည့်ကုန်းရှန့်သည်မျက်လုံးများ ပွင့်လာခဲ့၏။သူ၏မြင်ကွင်းတစ်ခုလုံးသည်ဇောက်ထိုးကြီးဖြစ်နေသည်ကို သိရှိခဲ့ကြ၏။ထို့ကြောင့်အလန့်တကြားဖြင့်လှုပ်ရှားလိုက်မိရာ မြေပေါ်သို့ ပြုတ်ကျခဲ့၏။သူသည်ယုစီနန်၏ခေါင်းပေါ်တည့်တည်ဆီသို့ ပြုတ်ကျတော့သည်။

ဘုတ်

“အမလေး”

နှစ်ယောက်သား ခေါင်းချင်းတိုက်ခိုက်မှုသည် ပြင်းထန်လွန်းလှ၏။ထို့ကြောင့်သစ်ပင်အောက်သို့ကျဆင်းပြီးသည့်နောက် နှစ်ယောက်သား ဘေးချင်းကပ်လဲလျောင်းကာဖြင့်မလှုပ်ရှားနိုင်ခဲ့ကြပေ။ ကံကောင်းစွာဖြင့်သူတို့သည့်ပက်လက်ကျခဲ့၏။ထို့ကြောင့်ကောင်းကင်ပြာပြာကြီးကို မော့ကြည့်နိုင်နေသေး၏။

“အစ်ကိုယု”

အနည်းငယ်သော အားအင်များဖြင့် ကျွင်းချောင်ရှောင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကျုပ်တို့ နှစ်ယောက်လုံး အားနည်းနေတယ်။ ဒါသရေပွဲပဲ”

ယုစီနန်သည်တိတ်ဆိတ်ငြိမ်သက်သွား၏။ ဒီကောင်က ငါ့ထက်အားနည်းတယ်။ဘယ်လိုဖြစ်ပြီးတော့သရေပွဲလို့ပြောရတာလဲ။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အစပိုင်းကတည်းက ညှာတာမိခဲ့တာ ကျုပ်ရဲ့အပြစ်ပဲလေ။ မဟုတ်ရင်ခင်ဗျားရှုံးပြီ”

ဟုတ်ပေ၏။ ကုန်းရှန့်သည်အမှန်ပင်ညှာတာခဲ့၏။သူ့အနေနှင့် အသုဘခန်းဆောင်မှအဖွဲ့ဝင်များနှင့် မွန်းစတား များကို သတ်ဖြတ်ခဲ့သကဲ့သို့ယုစီနန်အား တည်နေရာ ချုပ်နှောင်ခြင်းကို အလုံးစုံ မပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်မိတ်ဆွေများ ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ်ခဲ့ခြင်းပင်။

ယုစီနန်သည်ထိုအချင်းအရာကို မငြင်းပယ်နိုင်ခဲ့ချေ။သူရောက်ရှိလာခဲ့စဉ်က ဖြစ်တည်လာခဲ့သော တည်နေရာ တုန်ခါမှုကြီးသည်အလွန်ကို ကြမ်းတမ်းလွန်းလှသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်သည့်အချိန်တွင်တည်နေရာစွမ်းအင်များသည်ထိုမျှလောက်မပြင်းထန်တော့ချေ။

“ဂိုဏ်းချုပ်ကျွင်း”

ယုစီနန်သည်နာနာကျင်ကျင်ဖြင့်ပြောလိုက်၏။ “ကျုပ်သိုင်းပညာကို စပြီးလေ့လာခဲ့ကတည်းက ဘယ်သူမှ ကျုပ်ကို အနိုင်မရခဲ့ဖူးဘူး။ ခင်ဗျားက ပထမဦးဆုံးပဲ”

“အစ်ကိုယုက ကျုုပ် သိုင်းပညာလေ့ကျင့်ခဲ့ကတည်းက ပထမဦးဆုံး ကြုံတွေ့ရတဲ့အခက်အခဲဆုံးလူပဲ”

ကျွင်းချောင်ရှောင်းသည်ဝမ်းနည်းသည့်အမူအရာဖြင့်ပြောလိုက်သည်။ “တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့သေဖော်ရှင်ဖက်ညီအစ်ကိုကို ပြန်ပြီးသတိရစေတယ်”

“ဘယ်သူလဲ”

“ကုကျောင်းရှစ်လေ”

“အထက်နယ်မြေမှာရှိတဲ့သက်ရှိသတ္တဝါတွေအားလုံးအတွက်စတေးခဲ့တဲ့အကြီးအကဲလား”

“အမှန်ပဲ”

ယုစီနန်သည်ကုကျောင်းရှစ်၏အကြောင်းကို ကောင်းကောင်းသိရှိ၏။ သူ့အနေနှင့် အရင်ကဆိုလျှင် သစ္စာဖောက်ဟု ခေါ်ဝေါ်သုံးစွဲမိပေလိမ့်မည်။သို့ပေမဲ့ကုကျောင်းရှစ်သည်တလောကလုံး တည်ငြိမ်စွာ နေထိုင်နိုင်ရန်အတွက်မိမိကိုယ်ကို စတေးကာ သေဆုံးခဲ့သည်ကို ပြန်လည်စဉ်းစားပြီးသည့်နောက်သူသည်အကြီးအကဲဟု ပြောင်းလဲ ခေါ်ဆိုခဲ့ခြင်းပင်ဖြစ်၏။

“ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ခဲ့ပြီးမှသိရှိခဲ့တာလေ။ သေဖော်ရှင်ဖက်ညီအစ်ကိုတွေ ဖြစ်ခဲ့တယ်” ကျွင်းချောင်ရှောင်းသည်အတိတ်ကို ပြန်လည်ကာ စဉ်းစားလိုက်မိသည်။

ယုစီနန်က ပြောလိုက်၏။ “ခင်ဗျားရဲ့ညီလေးက လောကကြီးအတွက်ကိုယ့်ကိုယ်ကိုယ်စတေးခဲ့တာလေ။ သူက တကယ့်ကို အနာဂတ်မျိုးဆက်သစ်တွေကိုးကွယ်ရတဲ့သတ္တိရှိတဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်”

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည်ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ “ပြိုင်စံရှားရဲ့ပထမဦးဆုံးဆောင်ပုဒ်က လောကကြီးအတွက်အကောင်းဆုံးအရာတွေ ပြုလုပ်ဖို့လေ”

ဘုတ်

ကောင်းကင်ပေါ်တွင် ပျံသန်းလျက်ရှိနေသည့်ငှက်တစ်ကောင်သည် ရုတ်တရက်ဗိုက်နာလာ၏။ ထို့ကြောင့်မစင်စွန့်လိုက်၏။တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ကာပြောလျက်ရှိနေသည့်ကုန်းရှန့်၏ခေါင်းပေါ်သို့ ပြုတ်ကျ၏။

ဘုတ်

“ဟား ဟား ဟား ဟား” စနစ်သည် ရယ်မောလိုက်မိသည်။

ကျွင်းချောင်ရှောင်သည်အားနည်းလျက်ရှိနေ၏။ ထို့ကြောင့်သူ၏ လက်ကို မြှောက်ကာ ငှက်ချေးများကို သုတ်ရန်ပင်အားမရှိခဲ့ချေ။ထို့ကြောင့်ခေါင်းပေါ်တွင်ငှက်ချေးအပုံလိုက်ကြီးနှင့်သာ နေ နေရ၏။

“အစ်ကိုယု… ကျုပ်တို့ကျင့်ကြံသူတွေဆိုတာ နှလုံးသားထဲမှာ ကောင်းမွန်တဲ့စိတ်နေစိတ်ထားတွေမရှိသင့်ဘူးလား”

“ရှိသင့်တာပေါ့”

ယုစီနန်သည်သဘောတူညီလိုက်၏။သူ၏ နှလုံးသားထဲတွင်ကောင်းမွန်သည့်စိတ်ဆန္ဒများ ရှိသည်သာမက သူ၏လုပ်ဆောင်မှုများအားလုံးသည်အားလုံး၏ကောင်းကျိုးကို မျှော်ကိုးခဲ့၏။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအနေနဲ့ဘာလို့ ပြိုင်စံရှားဂိုဏ်းထဲကို မဝင်ရတာလဲ။ ကျုပ်ရဲ့ညီလေးနေရာဖြစ်တဲ့အကြီးအကဲတစ်ယောက်ရဲ့တာဝန်ကို ယူလိုက်ပါလား။ ဒါဆိုရင်ကောင်းမွန်တဲ့အရာ တွေကို ဆက်ပြီး ပြုလုပ်လို့ ရတယ်လေ”

“ဒါက …” ယုစီနန်သည်တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏နှလုံးသားထဲတွင်တော့စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့တော့သည်။

All Chapters