← Chapters

အခန်း ၁၅၆၄

Vol. 105 Ch. 1564

အခန်း ၁၅၆၄

Vol. 105 Ch. 1564

အပိုင်း (၁၅၆၄)

ကျွင်းချောင်ရှောင်းနှင့် ယုစီနန်တို့သည် သုံးရက်လောက် ဤတည်နေရာတွင် ရှိနေကြ၏။ ၎င်းတို့သည် လေတိုက်တိုက်၊ နေပူပူ၊ မိုးရွာရွာ ကြံ့ကြံ့ခိုင်နေထိုင်ပြီးနောက် ၎င်းတို့၏ အားအင်အဆင့်ကို ပြန်လည်ကာ ရရှိခဲ့ကြ၏။ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုက်နှက် ပထမဆုံးပြုလုပ်သည်မှာ ကမ်းစပ်ဆီသို့ သွား၍ ရေသွားချိုးခြင်းပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတို့လှုပ်ရှား၍ မရနိုင်သေးခင် တလျောက်လုံး ကိုယ်ပေါ်၌ ငှက်ချီးများ ဖုံးလွှမ်းနေသောကြောင့်ပင်။

အထူးသဖြင့် ကုန်းရှန့် ဖြစ်၏။ ၎င်း၏ ကိုယ်ပေါ်တွင် ငှက်ချေးများ တစ်ပုံတပင်။ သူသည် အလိုအလျောက် ပစ်မှတ်ချိန်ထားခြင်းခံရသော ငှက်မိလ္လာတွင်းကြီးလိုပင်ဖြစ်နေသည်။ ဖြတ်သွားသမျှ ငှက်များသည် အပေါ်မှ ဖြတ်သွားတိုင်း သူ၏ ဦးခေါင်းပေါ်သို့ တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် အီးပါချခဲ့၏။ တစ်ချက်ကလေးမှ ပစ်မှတ်မလွဲခဲ့ချေ။

"ရွေးချယ်စရာမရှိဘူး "

စနစ်မှ စောတကတက်လိုက်၏။ "မင်းရဲ့ခေါင်းက တောက်ပြောင်နေတာကို။ မင်းရဲ့ ခေါင်းအပြစ်ပဲ။ ဘယ်ငှက်မဆို သန့်ပြီးတောက်ပြောင်နေတဲ့ မိလ္လာတွင်းကို လိုချင်တာပဲ"

……………

ရေချိုးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကမ်းခြေတွင် ထိုင်ကာ နေပူစာလုံလျက် ရှိနေ၏။ ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် သူ၏စည်းဓားမော့ကြီးအား အသုံးပြုပြီးတိုင်း လွတ်လွတ်လပ်လပ် အပူအပင်ကင်ကင်း နေထိုင်နိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိတတ်သည်။ သူ့၌ သိုင်းကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဘာမှမရှိတော့သလို ဂိုဏ်း၏ ကိစ္စများကိုလည်း ဘာမှလုပ်စရာမလိုအပ်ချေ။ အမှန်ပင် စိတ်လက်ပေါ့ပါးလွန်းလှသည်။

"အစ်ကိုယု"

ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။ "ခင်ဗျား စဉ်းစားပြီးပြီလား"

ဤရက်ပိုင်းအတွင်း သူတို့သည် စကားပေါင်းများစွာ ပြောဆိုခဲ့၏။ အာကာသ စကြာဝဠာမှ စတင်၍ ပထဝီမြေအနေအထားအထိ သူတို့မပြောသည့် ကိစ္စဟူ၍မရှိချေ။

ယုစီနန်က ပြောလိုက်သည်။ "နတ်ဆိုးသတ်ဖြတ်သူရဲ့ တာဝန်က နတ်ဆိုးတွေကို သုတ်သင်ပြီးနောက် ကောင်းကင်တာအိုကို ကာကွယ်ပေးဖို့လေ။ ဂိုဏ်းတစ်ခုကို ဝင်ဖို့ဆိုတာ အကန့်အသတ်တွေများလွန်းတယ်။ ဒီတော့ ကျုပ်တောင်းပန်ပါတယ်။ "

"နယ်မြေဟောခန်းမှာကော ဘာကန့်သတ်ချက်မှ မရှိဘူးလား"

"မရှိဘူး။ ကျုပ်လုပ်ချင်တာ လုပ်လို့ရတယ်"

"အစ်ကိုယု …. ခင်ဗျားအနေနဲ့ ပြိုင်စံရှားဂိုဏ်းကို ဝင်ပြီးရင် လွတ်လွတ်လပ်လပ်နဲ့ နေထိုင်လို့ ရပါသေးတယ်"

ပါရမီရှင်များကို ဂိုဏ်းဆီသို့ ခေါ်ဆောင်ရန် ကြိုးစားချိန်တွင် ကျွင်းချောင်ရှောင်းသည် အမှန်ပင် လေးနက်လျက်ရှိ၏။

ထိုသို့သော သူမျိုးကို ခေါ်ဆောင်နိုင်ပါက သူ့အနေဖြင့် စည်းဓားမော့ကြီးကို ထပ်၍ကိုင်စရာ မလိုအပ်တော့ချေ။ ဂိုဏ်းသည်လည်း ကျားကိုအတောင်ပံတပ်ပေးသလိုပင် ဖြစ်ပေလိမ့်မည်။

စနစ်သည် လက်ခံသူ၏ အကြံအစည်ကို ကောင်းကောင်းသိနေသည်။ လွတ်လပ်ခြင်းဆိုသည်မှာ တခဏသာ ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် တာဝန်ရလာပြီး အသုံးချခံဖြစ်လာမှာ သေချာ၏။

ဥပမာအနေဖြင့် ထိုက်ရွှမ်အဘိုးအိုနှင့် ဖန်းရီကျိတို့ပင် ဖြစ်၏။ ကုကျောင်းရှစ်သည် ပိုမိုကာ ဆိုးရွားလွန်း၏။ သေဖော်ရှင်ဖက် ညီအစ်ကိုနှစ်ယောက် ဖြစ်လာပြီးနောက် ၎င်းသည် အသေခံဗုံးခွဲသမားကဲ့သို့ပင် ဖြစ်လာခဲ့သည်။

"ဂိုဏ်းချုပ်ကျွင်း"

ယုစီနန်က ပြောလိုက်၏။ "လူတိုင်းဆီမှာ ကိုယ်ပိုင်တွေးခေါ်ချက်ရှိတယ်လေ။ ဒီတော့ အတင်းကြီး ဖိအားပေးလို့မဖြစ်ပါဘူး"

နယ်မြေဟောခန်းဆိုသည်မှာ ဆေးဟောခန်းမဆောင်နှင့် ဆင်တူလွန်းလှ၏။ ထိုအဖွဲ့အစည်းများသည် မည်သည့်ဂိုဏ်းကမှ ပိုင်ဆိုင်သည့်အရာမျိုးမဟုတ်ချေ။ ထို့ကြောင့် ဂိုဏ်းတစ်ခုခုကို ဝင်ရောက်ခြင်းကို တားဆီးလိမ့်မည်မဟုတ်ချေ။

သို့ပေမဲ့ သူသည် လွတ်လပ်စွာဖြင့် နေချင်လှ၏။ အနှောင်အဖွဲ့တွေ မလိုချင်ပေ။ အချက်အလက်အားဖြင့် သိုင်းကျင့်ကြံသူ တော်တော်များများသည် ဂိုဏ်းအတွင်းကို ဝင်ရောက်ချင်စိတ် မရှိကြချေ။ ၎င်းတို့အနေဖြင့် လွတ်လွတ်လပ်လပ်ဖြင့် လှုပ်ရှားသွားလာခြင်းကို လိုချင်ကြ၏။ ထို့ကြောင့်ပင်လျှင် တကိုယ်တော် ကျင့်ကြံသူများ တည်ရှိနေခြင်းပင်။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် ထမင်းကြော်နှစ်ပန်းကန်နှင့် အရက်မူးအိမ်မက်ဝိုင်တစ်ဂျားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူကာ ပြောလိုက်၏။ "စိတ်ဓာတ်ကျစရာ ကိစ္စတွေကို မပြောတော့ဘူး။ စားလိုက်သောက်လိုက်ကြရအောင်"

စနစ်သည် ဆွံ့အသွားသည်။ "အခြားနည်းလမ်းနဲ့ ကြိုးစားလို့မရရင်တောင်မှ ဒီနည်းလမ်းနဲ့ ကြိုးစားအုံးမှာပေါ့"

ထမင်းကြော်ပန်းကန်ကို ကြည့်ရှုပြီး ဝိုင်၏သင်းပြန့်လှသော ရနံ့ကို ရရှိပြီးနောက် ယုစီနန်သည်မည်သို့မှ မနေနိုင်တော့ချေ။

လူတိုင်းတွင် အားနည်းချက်ရှိ၏။ ထို့အတူ လူတစ်ယောက်သည် အားနည်းနေသောအချိန်တွင် လွယ်လွယ်ကူကူနှင့် ဆာလောင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း ဝိုင်နှင့် စားစရာများကို ထုတ်ယူလိုက်သည့် အချိန်မှာတော့ သူသည် မည်သို့မှ ကြံ့ကြံ့ခံ၍ မနေနိုင်တော့ချေ။

"ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း။ ခင်ဗျားရဲ့ ဖော်ရွေမှုအတွက်"

ယုစီနန်သည် အားနာမနေတော့ချေ။ ထမင်းကြော်ပန်းကန်ကို ယူကာအားရပါးရ စားသုံးတော့၏။ ပြီးနောက် ထမင်းကြော်၏ အရသာသည် သူ၏ဝိညာဉ်အတွင်းပိုင်းအထိ ဝင်ရောက်ပြီး အတိတ်ကို သတိရစေ၏။ မျက်ရည်များသည် လွယ်လွယ်ကူကူနှင့် ကျဆင်းလာခဲ့၏။ ယောင်္ကျားတစ်ယောက်သည် လွယ်လွယ်ကူကူနှင့် ငိုယိုလိမ့်မည်မဟုတ်ချေ။ နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့သောကြောင့်ပင် ငိုယိုနေခြင်း ဖြစ်ပေလိမ့်မည်။

"အစ်ကိုယု"

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်ယူကာ ပြောလိုက်၏။ "ဂုဏ်ပြုခံ အကြီးအကဲတစ်ယောက်ဆိုရင်လည်း အဆင်ပြေပါတယ်"

ဖူး …။

……..

သုံးရက်ကြာဖြင့်ပြီးနောက် ယုစီနန်သည် သူ၏ အားအင်အဆင့် သုံးဆယ်မှ ငါးဆယ်နီးပါးခန့် ပြန်လည် ကောင်းမွန်လာသည်။

ကျွင်းချောင်ရှောင်းသည် လမ်းလျှောက်နိုင်သည်ဆိုသော်လည်း သူ၏ ဘေးထွက်ဆိုးကျိုးမှာတော့ တည်ရှိနေသေး၏။ ထို့ကြောင့် သူ့၌မည်သည့် ကျင့်ကြံခြင်းအဆင့်မှ မရှိချေ။

"ဂိုဏ်းချုပ်ကျွင်း"

ယုစီနန်သည် သူ၏ကျောပေါ်သို့ အခေါင်းကြီးအား ပင့်တင်လိုက်ပြီးနောက် လက်သီးဆုပ်ကာ ပြောလိုက်၏။ "နှုတ်ဆက်ပါတယ်"

ဟမ်

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤအတောအတွင်း တစ်ဖက်လူသည် သူ့ဆီမှ ဝိုင်နှင့်အစာများကို စားသောက်ခဲ့၏ ြကြံစည်လျက်ရှိသည်။

"အစ်ကိုယု"

ကျွင်းချောင်ရှောင်းသည် နာကျင်နေသည့် လေသံဖြင့် ပြောလိုက်၏။ "ကျုပ်စွမ်းအင်တွေ အရမ်းသုံးခဲ့ရတယ်။ ဒီတော့ ပြန်လည်ကောင်းမွန်ဖို့ အချိန်တွေလိုအပ်သေးတယ်။ ပြိုင်စံရှားဂိုဏ်းဆီကို လိုက်ပို့ပါလား"

"ကောင်းပြီ"

ယုစီနန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်ကာဖြင့် ကျွင်းချောင်ရှောင်းကို ဆွဲမလိုက်၏။ ပြီးတော့ ဤလူသူကင်းရှင်းသော တည်နေရာဆီမှ အခြားတည်နေရာသို့ ပျံသန်းထွက်ခွာလိုက်သည်။

"အစ်ကိုယု လမ်းမှားနေပြီ"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းအော်ဟစ်လိုက်၏။ "အရှေ့ဖက်ဆီကို သွားမှာ"

ဟမ်

ယုစီနန်သည် ကြောင်အအဖြင့် ပြုံးလိုက်၏။ ပြီးနောက် တစ်ဖက်သို့လှည့်ကာဖြင့် ပျံသန်းလိုက်၏။

လမ်းတစ်လျှောက်တွင် အကြိမ်ပေါင်းများစွာ လမ်းမှားနေသောကြောင့် ကျွင်းချောင်ရှောင်းသည် လမ်းမှန်ကို ညွှန်ပြခဲ့ရ၏။

ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ်ပင် ဖြစ်နေတော့၏။ ဤကဲ့သို့ တည်နေရာစွမ်းအင်ကို ပိုင်ဆိုင်သောလူတစ်ယောက်သည် အဘယ့်ကြောင့် အရှေ့အနောက်တောင်မြောက်ကို ကောင်းကောင်း နားမလည်ရသနည်း။

ကံကောင်းစွာဖြင့် သူသည် လမ်းတစ်လျှောက်လုံးကို ညွှန်ပြပေးနိုင်ခဲ့၏။ တစ်ယောက်တည်းသာ အနောက်ဖက်ပင်လယ်ဆီသို့ ထွက်ခွာသွားပါက ထာဝရလမ်းပျောက်နေမလားပင် မသိတော့ချေ။

အချက်အလက်အားဖြင့် ယုစီနန်သည် တည်နေရာစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သောကြောင့် အရပ်မျက်နှာများကို ကောင်းကောင်းသိရှိနိုင်သည့် အာရုံမျိုးမရှိတော့ချေ။

ကုကျောင်းရှစ်သည် ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း ပြန်လည်မွေးဖွားလာပြီးနောက် ယခင်ကရှိခဲ့သည့် မှတ်ညဏ်များ ပျောက်ဆုံးသွားသကဲ့သို့ပင်။

ဤနေရာတွင် ပြဿနာတစ်ခု ရှိနေ၏။ ကုန်းရှန့်သည် အဘယ့်ကြောင့် အဆင်ပြေနေရသနည်း။

သိရှိရန်လိုသည်မှာ ကုန်းရှန့်သည် မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးနှစ်ခုကို အနည်းဆုံး ခံစားရသင့်၏။ သာမန်အခြေအနေအရဆိုလျှင် ကျိန်းသေပေါက် ဘေးထွက်ဆိုးကျိုးနှစ်ခုကို ခံစားရမှာဖြစ်၏။ သို့ပေမဲ့ တစ်ခုနှင့်တစ်ခု ခြေဖျက်ပြီး ဘာတစ်ခုမှမခံစားရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားသည်လား မသိတော့ချေ။

"အစ်ကိုယု ပြိုင်စံရှားဂိုဏ်းကို ရောက်တဲ့အချိန်ကြရင် ခင်ဗျားအတွက် စားကောင်းသောက်ဖွယ်တွေ ကောင်းကောင်းပြင်ဆင်ပေးမယ်။ ခင်ဗျားစားခဲ့ရတဲ့ ထမင်းကြော်ဆိုတာ ကြိုပြီးပြုလုပ်ထားရတဲ့ အရာမျိုးလေ။ ဒီတော့ အချိန်ရောက်လာတဲ့ အခါကြရင် လတ်လတ်ဆက်ဆက်လေးတွေ စားကြတာပေါ့။”

“အစ်ကိုယု ခင်ဗျားက ကျုပ်ကို မိုင်ထောင်ချီ ပျံပြီးတော့ပို့ခဲ့တယ်လေ။ ဒီတော့ ခင်ဗျားကြိုက်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးမယ်။ ငြင်းလို့မရဘူးနော်။ ပြိုင်စံရှားဂိုဏ်းက ကျန်တဲ့ စွဲလမ်းစရာကိစ္စတွေ မရှိဘူးဆိုပေမဲ့ ဝိုင်နဲ့ စားစရာတွေကတော့ ခင်ဗျားကို ကျိန်းသေပေါက် စိတ်ကျေနပ်စရာတွေ ပေးစွမ်းလိမ့်မယ်။ "

..........

ကျွင်းချောင်ရှောင်းသည် တစ်လျှောက်လုံး စကားပြောလျက်ရှိ၏။ ယုစီနန်မှာတော့ တစ်လျှောက်လုံး ငြိမ်သက်ကာ နားထောင်လျက်ရှိ၏။ ထမင်းကြော်လျှင်ပင် အစောကတည်းက အရသာရှိပြီးသားဖြစ်၏။ သေချာပြင်ဆင်ထားသည့် စားစရာများကိုသာ စားသောက်ရမည်ဆိုပါက သူသည် တွေးကြည့်ရင်းဖြင့် တံတွေးပင်ကျမိနေ၏။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက်သည် ပြိုင်စံရှားဂိုဏ်း၏ ရှေ့တွင်ဆင်းသက်လိုက်သည်။

"ကောင်မလေး"

ကျွင်းချောင်ရှောင်းသည် ရောက်ရောက်ချင်းမှာပဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ဧည့်သည့်ပါလာတယ်။ မြန်မြန် အကောင်းမွန်ဆုံး စားစရာတွေကို ပြင်ဆင်လိုက်တော့"

"ဂိုဏ်းချုပ်ကျွင်း …. မလိုအပ်ပါဘူး"

ယုစီနန်သည် ထိုသို့ပြောလိုက်၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ်မှာတော့ ရိုးသားစွာဖြင့် အနောက်သို့ လိုက်ပါလာခဲ့၏။ ဤမျှ ဧည့်ဝတ်ကျေပွန်မှုကို သူသည် ငြင်းပယ်ရန် ခက်ခဲလွန်းလှသည်။

စားသောက်ခန်းမှာတော့ ရုတ်တရက် အလုပ်များသွားခဲ့၏။ ချင်စုန့်ပေါင်သည် ဟင်းသီးဟင်းရွက်များကို ဆေးကြောသည့် တာဝန်ကို ယူထားပြီး မာရုံနင်မှာတော့ အသားများကို ခုတ်ပိုင်းတော့၏။ အခြားသောသူများသည် ပါဝင်ပစ္စည်းများကို ကြိုတင်ကာ ပြင်ဆင်ပေးခဲ့၏။

ဂိုဏ်းချုပ်၏ လေသံကို နားထောင်လိုက် သည်နှင့် တစ်ဖက်လူသည် အထူးလေးစားရသည့် ဧည့်သည်ဖြစ်ကြောင်း သိရှိလိုက်၏။ တစ်ဖက်လူကျေနပ်သွားရန်အတွက် ပြင်ဆင်ရမည်မှာ သူမ၏ တာဝန်ဖြစ်ကြောင်း လျိုဝမ်ရှစ်က ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် တရုတ်ချက်ပြုတ်ခြင်းစာအုပ်ကို ဖွင့်ကာဖြင့် ဟင်းပွဲကြီးတစ်ခုကို စတင်ကာ ပြင်ဆင်တော့၏...။

ဟင်းပွဲပြင်ဆင်သည်ဆိုသည်မှာ အချိန်အနည်းငယ် လိုအပ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ယုစီနန်အား ဂိုဏ်းထဲသို့ လှည့်လည်ကာ ပြသလိုက်သည်။

နောက်ဆုံးမှာတော့ သူသည် ကုကျောင်းရှစ်နေထိုင်ခဲ့ရာ ခြံဝန်းဆီသို့ ခေါ်ဆောင်လာခဲ့၏။ ကုကျောင်းရှစ်သည် သေဆုံးသွားခဲ့ပြီဆိုသော်လည်း ခြံဝန်းမှာတော့ အလွန်ပင် သန့်ရှင်းလျက်ရှိနေသေး၏။

"ညီလေး"

ကျွင်းချောင်ရှောင်းသည် အုပ်ဂူ၏ရှေ့တွင် ထိုင်ချလိုက်ပြီးနောက် ဝမ်းနည်းစွာ လြောတွေ့တာ"

ချက်ချင်းပဲ သူ၏ မျက်နှာတွင် မျက်ရည်များ ဝိုင်းလာခဲ့၏။ အစစ်အမှန်သရုပ်ဆောင်စွမ်းရည်ဆိုသည်မှာ ကြိုတင်ပြင်တင်ထားရန် မလိုအပ်ချေ။ မည်သည့် ဇာတ်ပို့ဇာတ်ရန်မှ မလိုအပ်ဘဲ တစ်ယောက်တည်း အကောင်းဆုံးသရုပ်ဆောင်မှသာ ပညာရှင်တစ်ယောက်ဟု သတ်မှတ်ရယေုစီနန်သည် သူ၏ အခေါင်းကြီးကိုချကာ ရင်ဘတ်ပေါ်သို့ လက်တင်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ ကြီးမားလှသည့် လေးစားမှုတရားများနှင့် ပြည့်နှက်လာခဲ့၏။

အထက်နယ်မြေတစ်ခုလုံးနှင့် သက်ရှိပေါင်းမြောက်များစွာတို့အတွက် အသက်ကို စတေးခံခြင်း။

ကုကျောင်းရှစ်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်ခဲ့သည့် အစစ်အမှန်သူရဲကောင်းတစ်ယောက်ပင် ဖြစ်၏။ ၎င်းတို့နှစ်ယောက် တိတ်ဆိတ်ငြိမ်သက်တုန်းမှာပဲ လျိုဝမ်ရှစ်၏ အသံထွက်ပေါ်လာသည်။ "ဂိုဏ်းချုပ် …. အစားအသောက်တွေ အဆင်သင့်ပါပဲ"

"အစ်ကိုယု"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "စားသောက်ခန်းထဲကို လိုက်ခဲ့ပါအုံး"

ယုစီနန်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. ဒီနေရာမှာပဲ စားကြရအောင်။ ဒါမှ သူရဲကောင်းကုနဲ့ သူ့ရဲ့ဝိညာဉ်ကို လေးစားရာရောက်မှာပေါ့"

"ကောင်းပြီ။ ဒီမှာပြင်ကြဟေ့"

အားဟိုင်နှင့် ရိဟိုင်တို့သည် စားပွဲနှင့် ထိုင်ခုံများကို ရွေ့ပြောင်းလာခဲ့ကြ၏။ ၎င်းတို့သည် အလွန်ကောင်းမွန်လှသည့် ဟင်းပွဲများကို တစ်ခုပြီးတစ်ခု ယူဆောင်လာ၏။ ခြံဝန်းတစ်ခုလုံးသည် ဟင်းရနံ့များဖြင့် မွေးကြိုင်သွား၏။

"အစ်ကိုယု ကျေးဇူးပြုပြီး စားပါအုံး"

"ကျေးဇူးပြုပြီး"

ယုစီနန်သည် တူကိုကောက်ယူလိုက်၏။ ပြီးနောက် အစားအေသာက်များကို သေချာအရသာခံလိုက်၏။ သူ၏ဝိညာဉ်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး ကုကျောင်းရှစ်နှင့်ပင် စတင်တွေ့ဆုံနေသလိုပင်။

စားပွဲသည် အချိန်အတော်ကြာမြင့်၏။ ဖော်ပြနေစရာပင် မလိုအပ်တော့ချေ။ အသေးစိတ်ပြောရမည်ဆိုလျှင် ဤမျှ ကောင်းမွန်လှသည့် အစားအသောက်များကို စားနေရသည့်အတွက် ယုစီနန်သည် အိမ်မက်မက်နေသလို ခံစားနေရခြင်းပင်။

စားသောက်ပွဲပြီးနောက် ယုစီနန်သည် ၎င်း၏တူကိုချလိုက်၏။ ပြီးသည့်နောက် ခြံဝန်းထဲတွင်ရှိနေသော အဓိကဟောခန်းဆီသို့ လှမ်းမျှော်ကာဖြင့် လေးလေးနက်နက်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ်အနေနဲ့ သူရဲကောင်းကုရဲ့ စိတ်ဝိညာဉ်ကို အမွေဆက်ခံပြီးတော့ သူ့လိုပဲ သူရဲကောင်းဆန်တဲ့ အပြုအမူတွေ လုပ်ချင်ပါတယ်"

All Chapters