အခန်း ၁၅၆၅
Vol. 105 Ch. 1565
အပိုင်း (၁၅၆၅)
ယူစီနန်သည်ပူးပေါင်းပါဝင်ခဲ့၏။မှန်ပေသည်။ကုကျောင်းရှစ်နေထိုင်ခဲ့ရာ ခြံဝန်းထဲသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်သူသည်လူစွမ်းကောင်းတစ်ယောက်၏စိတ်ခံစားချက်များကို ရရှိခဲ့၏။သေဆုံးသွား&ပီဆိုလျှင်တောင်မှသူသည်ဤစိတ်ဝိညာဉ်အား အမွေဆက်ခံရယူရန်အဆင်သင့်ဖြစ်လို့နေခဲ့၏။
အားကောင်းသူသည်အားနည်းသည့်သူအား အနိုင်ကျင့်ဗိုလ်ကျလျက်ရှိနေသည့် ကျင့်ကြံခြင်းလောကထဲတွင်လူစွမ်းကောင်းတစ်ယောက်၏မှန်ကန်မှု၊သမာဓိ၊ သီလအကြောင်းကို ပြောဆိုနေခြင်းသည်အနည်းငယ်တော့ကြောင်တောင်တောင်နိုင်လှ၏။
သို့ပေမဲ့ဤကဲ့သို့သော ကိစ္စများကို ထူးထူးခြားခြား ယုံကြည်စွဲကိုင်ကာဖြင့်နေထိုင်သည့်လူများလည်း ရှိလို့နေ၏။ ယူစီနန်သည်ထိုကဲ့သို့သော လူမျိုးပင်။ သူ့အနေနှင့် တစ်ခြားသူများသည်သူ့အား မည်ကဲ့သို့ ကြည့်ရှုသည်ဆိုသည်ကို ဘယ်တော့မှဂရုစိုက်လိမ့်မည်မဟုတ်ချေ။သူ့အား တစ်ခြားသူများ လှောင်ပြောင်လိမ့်မည်ဆိုလျှင်လည်း အမှုမထားပေ။ ကုကျောင်းရှစ်၏လူစွမ်းကောင်းဆန်လှသည့်စိတ်ဓာတ်နှင့်လုပ်ရပ်ကို ပြန်လည်စဉ်းစားခဲ့ပြီးသည့် နောက်မှာတော့သူသည်ကုကျောင်းရှစ်၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“အစ်ကိုယု”
ကျွင်းချောင်ရှောင်းသည်လေးလေးနက်နက်ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို အတင်းဖိအားပေးတာမဟုတ်ပါဘူး။”
ယုစီနန်က ပြောလိုက်သည်။
“ကျုပ် လိုလိုချင်ချင်နဲ့လုပ်တာပါ။ ကျုပ်သူရဲကောင်းကုရဲ့စိတ်ဝိညာဉ်ကို အမွေဆက်ခံပစ်မယ်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည်စားပွဲပေါ်တွင်ရှိနေသော အစားအစာများအားလုံးကို ဖယ်ရှားလိုက်၏။ ပြီးနောက်ဂိုဏ်းဝင်ခွင့်ဖောင်အား ထုတ်ယူကာ သူရဲကောင်းဆန်စွာဖြင့်ပြောလိုက်၏။ “ဒီနေ့ကစပြီးတော့အကြီးအကဲကုရဲ့ရာထူးနဲ့သူ့ရဲ့သတ္တိ၊ ဗျတ္တိတွေအကုန်လုံးက အစ်ကိုယုတစ်ယောက်အမွေဆက်ခံရမယ့်အရာဖြစ်လာပြီ။ သူက ကောင်းကင်ဘုံမှာသာရှိနေမယ်ဆိုရင်ကျိန်းသေပေါက်ပျော်ရွှင်နေပါလိမ့်မယ်။”
သနားစရာကောင်းလှသည့်ကုကျောင်းရှစ် …။
သေဆုံးပြီးပြီးချင်း ၎င်းသည်ကုန်းရှန့်အား အဆင့်တက်အောင်ကူညီခဲ့၏။ယခု သေဆုံးတာကြာခဲ့သည်တောင်မှ တခြားသောသူများကို ဂိုဏ်းသားအဖြစ်ခေါ်ဆောင်နိုင်ရန်ကုန်းရှန့်အား ကူညီလျက်ရှိနေသေး၏။ အမှန်ပင်တန်ဖိုးထားစရာ ကောင်းလှသည့်သေဖော်ရှင်ဖက်ညီငယ်ပင်ဖြစ်တော့၏။ဆိုးဝါးသည်မှာ သေဖော်ဆိုသည်မှာ ကုကျောင်းရှစ်ဖြစ်ပြီး ရှင်ဖက်ဆိုသည်မှာ ကျွင်းချောင်ရှောင်းဖြစ်နေခြင်းပင်။
သပ်ချလိုက်သောကြောင့်စားပွဲပေါ်မှမြေပြင်သို့ ပြုတ်ကျသွားသော ထမင်းလုံးများကို လှမ်းကြည့်ပြီးသည့်နောက်ယုစီနန်၏မျက်နှာတစ်ခုလုံးသည်နာကျင်သည့်အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ပန်းကန်ထဲတွင်ရှိနေသော အစားအစာများအားလုံးကုန်စင်အောင်စားသောက်ပြီးသည်ဆိုလျှင်တောင်မှထိုလက်ကျန်အစားအစာများသည်အရသာရှိလို့နေသည်ဖြစ်ကြောင်းကို သူ ကောင်းကောင်းနားလည်မိ၏။ ဤကဲ့သို့ ဖြုန်းတီးခြင်းသည်အမှန်ပင်မိုက်မဲလွန်းလှချေ၏။
နေအုံး။ သူသည်လူစွမ်းကောင်းစိတ်ဓာတ်ကြောင့်ဂိုဏ်းထဲ ဝင်ရောက်လာသည်လား။ အစားအစာအတွက်လား။
အင်း။ နှစ်ခုလုံးဖြစ်ပေလိမ့်မည်။
….
အဓိကတောင်ထွတ်ပေါ်တွင်ရှိနေသော အဓိကဟောခန်းကြီးသည်ဆောက်လုပ်ဆဲပင် ဖြစ်၏။ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်တပည့်များအားလုံးကို နဂါးဦးခေါင်းတောင်ထွတ်ဆီသို့ခေါ်ဆောင်လာပြီးသည့်နောက်ကျယ်လောင်စွာ ကြေညာလိုက်တော့၏။
“ဒီနေ့ကစပြီး ယုစီနန်က ကုကျောင်းရှစ်ရဲ့ရာထူးကို ဆက်ခံလိမ့်မယ်။သူက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲအသစ် ဖြစ်လာပြီ။ အားလုံး သူ့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြပါ။”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
တပည့်များအားလုံးသည်လက်ခုပ်တီးလိုက်ကြ၏။
ယုစီနန်သည်စင်မြင့်ပေါ်သို့လှမ်းလျှောက်လာပြီးသည့်နောက်လည်ချောင်းကို ဟန့်လိုက်၏။ ပြီးနောက်မိန့်ခွန်းကို ပြောကြားသည်။ “အကြီးအကဲကုက တကယ့်ကို ဂုဏ်ယူရလောက်တဲ့လူတစ်ယောက်ပဲ။ ကျုပ်က သူ့ရဲ့ရာထူးကို အမွေဆက်ခံ လိုက်ပြီဆိုတော့သူ့ရဲ့သတ္တိ၊ ဗျတ္တိမျိုးကို ကျိန်းသေပေါက်ပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်။သူလုပ်ခဲ့တဲ့အရာမျိုးကို လုပ်နိုင်အောင်ကြိုးစားမယ်။”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
နောက်ထပ်လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။
အခမ်းအနားပြီးသည့်နောက်မှာတော့ယူစီနန်သည်စားသောက်ခန်း ဆီသို့အရင်ဆုံးသွား၏။ အကြီးအကဲ တစ်ယောက်အနေနှင့် သူသည်အစားအသောက်ချက်ပြုတ်ကျွေးမွေးသည့်သူအား သွားရောက်ကာ ချီးကျူးစကား ပြောဆိုရမှာ သဘာဝပင်ဖြစ်သည်မဟုတ်ပါလား။
“တုတု … ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ မျက်နှာမြင်တာနဲ့အရမ်းရင်းနှီးသလို ခံစားနေရတယ်”
“…….”
“ဟင်းပွဲတွေက ရိုးရှင်းလွန်းရင်စားရတာ အားရမှာမဟုတ်ဘူးလေ။ ဒီတော့တစ်ခြားကောင်းမွန်တဲ့ဟင်းပွဲတွေချက်ပေးနိုင်မလား။ နည်းနည်းလောက်စမ်းပြီး မြည်းစမ်းကြည့်ချင်လို့။”
“…………”
ဂိုဏ်းအထဲသို့ဝင်ရောက်ခဲ့ခြင်းသည်ကုကျောင်းရှစ်၏လူစွမ်းကောင်းစိတ်ဓာတ်များကို အမွေခံချင်စိတ်ထက် စားချင်သောက်ချင်စိတ်များ ပိုမိုကာ သာနေသည်ဆိုသည်မှာ သေချာလွန်းလှ၏။
………..
ယုစီနန်ရောက်ရှိလာခဲ့ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲအားအင်အဆင့်သည်နောက်ထပ်တစ်ဆင့်တိုးတက်သွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ရောင်မုန့်ယဉ်အပါအဝင်ဂိုဏ်း၌ အစစ်အမှန်ရှာဖွေခြင်းအဆင့် ၁၀ယောက်တိတိရှိ၏။ ထို့အပြင်ယုစီနန်သည်အစစ်အမှန်ရှာဖွေခြင်း အလယ်အလတ်အဆင့်သို့ရောက်ရှိနေပြီး တည်နေရာစိတ်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်သည်။
ရွှမ်အဆင့်ဂိုဏ်းများတွင်ထိုကဲ့သို့သော လူဦးရေ ရှိနေသည်လား။ မရှိနိုင်ပေ။ အစစ်အမှန်ရှာဖွေခြင်းအဆင့်များ တည်ရှိသည်ဆိုလျှင်တောင်မှဤကဲ့သို့မများပြားလှပေ။ ထို့ကြောင့်အထက်နယ်မြေဆီသို့ရောက်ရှိလာခဲ့သည်မှာ သုံးနှစ်ကျော်ကြာမြင့်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့၏။သူတို့လိုအပ်နေသည်မှာ အသိအမှတ်ပြုခြင်းပင်ဖြစ်၏။
“လက်ခံသူ ထိပ်တန်းအားအင်အဆင့်နဲ့ဂိုဏ်းတစ်ခုရဲ့ ကျောထောက်နောက်ခံကို တည်ဆောက်ခဲ့ပြီးပြီ။ ဒီတော့ဂိုဏ်းအောင်မြင်မှုအမှတ်တွေကို အသုံးပြုပြီး ဂိုဏ်းရဲ့အဆင့်ကို အဆင့်မြှင့်တင်ဖို့လုပ်တော့။” စနစ်က သတိပေးလိုက်သည်။
“………”
ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွားမိ၏။ “အမှတ်တွေကို အသုံးပြုပြီးတော့ဂိုဏ်းကို အဆင့်မြှင့်တင်ရတယ်ဆိုတာ တကယ့်ကို သောက်တလွဲပဲ။”
အောက်နယ်မြေတွင်လုံလောက်သည့်အားအင်အဆင့်ရှိသည်ဆိုပါက ဂိုဏ်းအသိအမှတ်ပြုဟောခန်းသည်ရောက်ရှိ လာကာဖြင့်စစ်ဆေး၏။ ယခု စနစ်ပြောဆိုသည်လောက်မခက်ခဲလှချေ။အထက်နယ်မြေတွင်ထိုကဲ့သို့သော အဖွဲ့အစည်းမျိုး မရှိချေ။ထို့ကြောင့်အဆင့်မြှင့်တင်ချင်သည်ဆိုပါက ဂိုဏ်းအောင်မြင်မှုအမှတ်များကို လိုအပ်လို့နေခဲ့၏။ဆိုလိုသည်မှာ ပိုက်ဆံမရှိပါက Only Fan site ထဲ ဝင်ကြည့်၍မရသလိုပင်။
အဆင့်မြှင့်တင်ခြင်းဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော်ဂိုဏ်း၏ တပည့်များ ပစ္စည်း လဲလှယ်ရာစက်ကို အဆင့်မြှင့်တင်လိုက်ပြီးသည့်နောက်တပည့်များအားလုံးသည်တာဝန်များကို အားတက်သရော နှင့် ပြုလုပ်ခဲ့ကြ၏။ ကျွင်းချောင်ရှောင်းတစ်ယောက်အနောက်ဘက်ပင်လယ်ဆီသို့သွားနေစဉ်အချိန်အတွင်း ဂိုဏ်းစုဆောင်းမှတ်နှင့်ဂိုဏ်းအောင်မြင်မှုအမှတ်များသည်ဆက်တိုက်ဆိုသလို ထိုးတက်လျက်ရှိ၏။ အနည်းငယ်စောင့်ဆိုင်းရန်သာ လိုအပ်တော့၏။
သို့ပေမဲ့စနစ်မှအသိအမှတ်ပြုမှုရရှိသည်ဆိုသည်နှင့်လောကကြီးက အသိအမှတ်ပြုလိမ့်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင်ဂိုဏ်း၏ အဓိကတာဝန်ကို ပြည့်စုံနိုင်လိမ့်မည်မဟုတ်ပေ။
ယခင်အောက်နယ်မြေမှာတုန်းက ကျွင်းချောင်ရှောင်းသည်ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှစွမ်းအားမြင့် ကျင့်ကြံသူများ နှင့် ဂိုဏ်းကဏ္ဍအသီးသီးကို ခေါ်ယူခဲ့၏။ ပြီးနောက်ဘယ်သူသဘောတူလဲ။ ဘယ်သူသဘောမတူလဲဟု ခပ်မာမာ မေးမြန်းလိုက်ရုံနှင့် သူ၏ အဓိက တာဝန်သည် ပြည့်စုံသွားခဲ့သည်။
“မဖြစ်သေးဘူး။”
စာကြည့်ခန်းထဲမှာ ထိုင်ပြီးသည့်နောက်သူသည်ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ ကြိုပြီးတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားမှဖြစ်မယ်။”
လောကကြီးမှအသိအမှတ်ပြုနိုင်သည့်အကောင်းဆုံးသောနည်းလမ်းသည် ပြိုင်စံရှားဂိုဏ်းအနေနှင့် မည်သည့်ရွှမ်အဆင့်ဂိုဏ်းများကိုမှကြောက်ရွံ့ရန်မလိုသည့်အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း တစ်လောကလုံး အား သိရှိစေခြင်းပင်။
“ဒီမှာ တပည့်တွေတိုက်ခိုက်ဖို့အတွက်ဂိုဏ်းပြိုင်ပွဲတွေ၊သိုင်းပညာပြိုင်ပွဲတွေအဲ့လိုမျိုးရှိလား။”
ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ကို သွားရောက်ကာ အနိုင်ကျင့်ပြီးသည့်နောက်သူ၏ ဂုဏ်သိက္ခာ သည် ကြီးကြီးမားမား တိုးတက်လာခဲ့၏။သို့ပေမဲ့အောက်နယ်မြေတုန်းကကဲ့သို့နဂါးကျားတိုက်ပွဲလို ပြိုင်ပွဲမျိုး တည်ရှိသည်ဆိုပါက တပည့်များသည်ဝင်ရောက်ကာယှဉ်ပြိုင်ရင်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမစသည့်အရာများကို ရယူနိုင်ပေလိမ့်မည်။ထိုသို့ဆိုလျှင်ပိုမိုကာ ပြည့်စုံလွန်းလှ၏။
လက်ရှိ အထက်နယ်မြေဆီသို့ရောက်ရှိလာခဲ့သည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မည်သည့်အဓိက သိုင်းပြိုင်ပွဲကိုမှသူတို့သည်ပါဝင်မယှဉ်ပြိုင်ခဲ့ချေ။အချက်အလက်အားဖြင့်ထိုကဲ့သို့သော အခွင့်အရေးကောင်း ရှိသည်ကို ကျွင်းချောင်ရှောင်းက ကောင်းကောင်းမသိချေ။
သူ့အနေနှင့် နတ်မြို့တွင်ကျင်းပသည့်အစည်းအဝေးတစ်ခုကိုသာ တက်ရောက်ခဲ့ဖူး၏။ ထိုအရာသည်လည်း အဓိက စွမ်းအားမြင့်ကျင့်ကြံသူများ စုစည်းသည့်အရာတစ်ခုထက်မပိုလှပေ။
“ဟောခန်းသခင်လီ”
မိုးဆွေဟောခန်းဆီသို့သွားရောက်ပြီးသည့်နောက်သူက ပြောလိုက်သည်။ “အထက်နယ်မြေမှာ တပည့်တွေယှဉ်ပြိုင်ဖို့အတွက် ပြိုင်ပွဲတွေဘာတွေရှိလား စုံစမ်းလိုက်အုံး။ ပြိုင်ပွဲကြီးကြီးမားမား ဆိုရင်အကောင်ဆုံးပဲ။”
“ကောင်းပါပြီ။”
လီလိုရှုသည်ချက်ချင်းပဲ လှုပ်ရှားတော့၏။နောက်တစ်ရက်မှာတော့သူမသည်သတင်းအချက်အလက်များ ရေးမှတ်ထားရာ စာအုပ်ပုံကြီးကို ယူဆောင်လာကာ စားပွဲပေါ်သို့တင်၍ ပြောလိုက်၏။
“ဂိုဏ်းချုပ် …. စုံစမ်းစစ်ဆေးချက်တွေအရ ဆိုရင်အထက်နယ်မြေမှာ လက်ရှိကျင်းပနေတဲ့ ပြိုင်ပွဲပေါင်း ၁၃၆ ခု ရှိတယ်။”
“များလှချည်လား။” ကျွင်းချောင်ရှောင်းသည်မျက်လုံးပြူးသွားမိသည်။
လီလိုရှုက ပြောလိုက်၏။ “ဒါတွေအကုန်လုံးက တကယ့်ကို ကြီးကြီးမားမားပြိုင်ပွဲတွေအကုန်လုံးကို ရွေးချယ်ထားတာ။ ပြိုင်ပွဲသေးလေးတွေပါထည့်တွက်မယ်ဆိုရင် ၁၀၀၀ကျော်လောက်အနည်းဆုံးရှိမယ်ထင်တယ်။”
“………” ကျွင်းချောင်ရှောင်းသည်မျက်လုံးများ ချာချာလည်သွားသည်။
စနစ်က ပြောလိုက်၏။ “ဒါဆိုရင်ဘာကို စောင့်နေတာလဲ။ တပည့်တွေကို သွားပြီး ပြိုင်ခိုင်းလိုက်လေ။”
“သြော် …. ဟုတ်ပြီ”
လီလိုရှုက ပြောလိုက်သည်။ “နောက် ၁၀ နှစ်ကြာပြီးတဲ့အချိန်မှာ ထျန်းကျိကျောင်း ဆိုတဲ့ ပြိုင်ပွဲတစ်ခုကျင်းပလိမ့်မယ်။အဲပြိုင်ပွဲမှာ အနိုင်ရရှိတဲ့လူက တကယ့်ကို ထျန်းကျိကျမ်းဆိုတဲ့ဘွဲ့တစ်ခုကို ရရှိလိမ့်မယ်။”
“ဟမ်”
ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။ တကယ်လို့လက်ရှိအချိန်တွင်ကျင်းပသည့် ပြိုင်ပွဲတစ်ခုသာ ဆိုပါက သူသည်အလွန်ပင်သဘောကျပေလိမ့်မည်။သို့ပေမဲ့နောင် ၁၀ နှစ်ကြာလျှင်ကျင်းပမည့် ပြိုင်ပွဲဆိုသည်မှာတော့အဓိပ္ပာယ်မရှိလှချေ။ဂိုဏ်းသည်ထိုအချိန်၌တစ်လောကလုံးကို ကျော်ကြားနေသည့်ဂိုဏ်းတစ်ခုဖြစ်နေလောက်ပြီဖြစ်၏။အဘယ့်ကြောင့်တပည့်များကို ပို့ဆောင်ကာ တိုက်ခိုက်ခိုင်းရမည်နည်း။
“၁၀ နှစ်ကြာရင်တစ်လောကလုံးမှာ ပြိုင်စံရှားမယ့်ဂိုဏ်းဟုတ်လား။”
စနစ်သည်ဆွံ့အသွားမိ၏။ “မင်းတကယ့်ကို ယုံကြည်ချက်တွေရှိနေတာပဲ။”
“ဒါပေမဲ့”
လီလိုရှုက ထပ်ပြောလိုက်သည်။ “ထျန်းကျိကျောင်းတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ပါဝင်ယှဉ်ပြိုင်တဲ့လူတွေရဲ့ အခြေအနေရှိသေးတယ်။ပြိုင်ပွဲဝင်သူတွေက အသက် ၅၀၀ နှစ်အောက်ရှိရမှာဖြစ်ပြီးတော့အစစ်အမှန်ရှာဖွေခြင်းအဆင့်အနည်းဆုံးရှိရမယ်။”
“ဟမ် … အဲ့လောက်အဆင့်မြင့်တာလား။”
ကျွင်းချောင်ရှောင်းသည်ကြောင်အသွားမိ၏။ ဂိုဏ်းထဲတွင်တပည့်များစွာ ရှိသည်ဆိုသော်လည်း ဤလိုအပ်ချက်နှင့်ကိုက်ညီသူဟူ၍ ရောင်မုန့်ယဉ်တစ်ယောက်သာ ရှိပေလိမ့်မည်။
လီလိုရှုက ဆက်ပြောလိုက်၏။ “တကယ်လို့အခြေအနေတွေသာ ကိုက်ညီတယ်ဆိုရင်ဂိုဏ်းချုပ်လည်း ဝင်ပြီး ပြိုင်လို့ရတယ်။”
“ကျုပ်လည်း ဝင်ပြိုင်လို့ရတယ်ဟုတ်လား။”
“ဟုတ်ပါတယ်။”
ကျွင်းချောင်ရှောင်းသည်သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါစိတ်ဝင်စားစရာပဲ။”
ဝိညာဉ်ကူးပြောင်းရောက်ရှိလာကတည်းက ကုန်းရှန့်သည်မည့်သည့်ပြိုင်ပွဲကိုမှဝင်ရောက်မယှဉ်ပြိုင်ခဲ့ဖူးချေ။အဘယ့်ကြောင့်ဆိုသော်အောက်နယ်မြေမှာကတည်းက သိုင်းပြိုင်ပွဲဆိုသည်မှာ တပည့်များသာ ပြိုင်ဆိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဂိုဏ်းချုပ်အနေနှင့် မည်သည့်ပြိုင်ပွဲကိုမှဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိခဲ့ချေ။တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှတစ်ချို့သော စွမ်းအားမြင့်ကျင့်ကြံသူများနှင့် လက်ရည်ဖလှယ်သည့်တိုက်ပွဲမျိုးကိုသာ တိုက်ခိုက်ခဲ့ ရ၏။ယခုအခြေအနေမှာတော့အလုံးစုံ ကွာခြားလျက်ရှိနေသည်။
“ငါသာ ထျန်းကျိကျောင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုက်မယ်ဆိုရင်တခြားသူတွေက ဒုတိယနေရာအတွက်ဝင်ပြီးတိုက်ခိုက်ကြသလို ဖြစ်နေမှာပေါ့။ ကျွင်းချောင်ရှောင်းသည်ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြောလိုက်၏။
စနစ်သည်အဆုံးစွန်ထိ အံ့အားသင့်သွားမိသည်။ “ဒီလောက်ကြီးမားတဲ့ ယုံကြည်မှုကို ဘယ်ကောင်ပေးထားတာလဲ။”