← Chapters

အခန်း ၁၅၆၆

Vol. 105 Ch. 1566

အခန်း ၁၅၆၆

Vol. 105 Ch. 1566

အပိုင်း (၁၅၆၆)

ကျွင်းချောင်ရှောင်းသည်အမှန်ပင်ယုံကြည်ချက်များလို့နေခဲ့၏။သို့ပေမဲ့လက်ရှိအခြေအနေ၌ အရေးကြီးဆုံးအရာ သည်အားနည်းနေသည့်အချိန်အတိုင်းအတာတစ်ခုဆီမှကျော်ဖြတ်ရန်ပင် ဖြစ်တော့၏။ထို့ကြောင့်သူသည် လျှို့ဝှက်နယ်မြေထဲသို့အသာပင်ဝင်ရောက်လိုက်၏။

ယုစီနန်သည်ပျော်ရွှင်သည့်ဘဝကြီးကို စတင်ကာ ဖြတ်သန်းနေရ၏။ သူသည်နေ့စဉ်နေ့တိုင်း လျှိုဝမ်ရှစ် ချက်ပြုတ်ပေးသည့်အစားအသောက်များကို စားသုံးလျက်ရှိသည်။ထို့ကြောင့်သူသည်နတ်ဆိုးသတ်ဖြတ်သူ တစ်ယောက်အနေနှင့် နတ်ဆိုးမိစ္ဆာများကို သွားရောက်ကာ သုတ်သင်ရှင်းလင်းရမည့်တာဝန်ဝတ္တရားကိုပင်မေ့လျော့လို့နေခဲ့သည်။

ဟုတ်ပေသည်။အစားအစာတစ်ခုတည်းကသည်သာ သူ့အား ထိတ်လန့်တုန်လှုပ်စေသည်မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်း၏ များပြားလွန်းလှသော လေ့ကျင့်မှုအရင်းအမြစ်များကို မြင်ရသည့်အချိန်မှာတော့သူသည်အမှန်ပင်အလုံးစုံ အံ့အားသင့်လို့နေမိသည်။ သူ့အနေနှင့် ပိုမိုအဆင့်မြင့်သည့်အခြေအနေတစ်ခုဆီသို့ရောက်ရှိရန်တံခါး တစ်ချပ်အား ဆွဲဖွင့်လိုက်သည်နှင့်ပင်ဆင်တူနေ၏။

“မယုံကြည်နိုင်စရာပဲ။ ဒါ တကယ့်ကို မယုံကြည်နိုင်စရာပဲ။”

လျှို့ဝှက်နယ်မြေထဲမှထွက်လျှောက်လာခဲ့ပြီးသည့်နောက်ယုစီနန်သည်သူ့အား ချက်ချင်းသတ်ဖြတ်ပစ်လိုက်သော စွမ်းအားမြင့်နတ်ဆိုးသားရဲကြီးအကြောင်းကို ပြန်လည်ကာ စဉ်းစားလိုက်၏။ ပြီးနောက်သူသည်အလုံးစုံကျွမ်းကျင်လှသည့်သုံးသပ်ချက်တစ်ခုကို ထုတ်ဖော်လိုက်မိသည်။ “ငရဲခန်းလုပ်ဆောင်မှုက ပထမတန်းစား တားမြစ်တည်နေရာ ထဲကို ဝင်ရောက်ရသလိုပါပဲလား။”

“ချီးတဲ့မှ”

အနားမှ ဖြတ်သွားသည့်စုရှောင်မိုသည်မျက်လုံးအပြူးသားနှင့် ဖြစ်သွားမိ၏။ လျှို့ဝှက်နယ်မြေ၏ အဆင့်မြှင့်တင်ပြီး သည့်နောက်အားလုံးသောသူများသည်လွယ်ကူသည့်လုပ်ဆောင်မှုပုံစံနှင့် သာမန်လုပ်ဆောင်မှုပုံစံများကိုသာ စိန်ခေါ်ခဲ့ကြ၏။သို့ပေမဲ့ယခု အသစ်ရောက်ရှိလာခဲ့သည့်အကြီးအကဲသည်ငရဲခန်းလုပ်ဆောင်မှုပုံစံကို အမှန်ပင်စိန်ခေါ်လို့နေခဲ့သည်။ကြမ်းတမ်းလွန်းလှချေ၏။

လျှို့ဝှက်နယ်မြေ၏ စိန်ခေါ်မှုကို ကျဆုံးပြီးသည့်နောက်အားနည်းသည့်အခြေအနေတစ်ခုကို ကျော်ဖြတ်ရသည်မှာ သဘာဝပင်ဖြစ်သည်။ယုစီနန်သည်တစ်နေ့လုံးလုံး ၎င်း၏ အခန်းထဲတွင်လဲလျောင်းလျက်ရှိနေ၏။ အားအင်အဆင့်များ ပြန်လည်ရရှိခဲ့ပြီးသည့်နောက်သူသည်ခက်ခဲသည့်လုပ်ဆောင်မှုပုံစံကို စိန်ခေါ်ခဲ့သည်။အောင်မြင်ခဲ့သည်ဆိုသော်လည်း ကြီးမားသည့် ပေးဆပ်မှုကိုတော့ပေးဆပ်ခဲ့ရ၏။ သို့ပေမဲ့ထိုက်တန်လှချေ၏။အလုံးစုံသော အားအင်အဆင့်များသည်ပိုမိုကာ တိုးတက်သွားခဲ့သောကြောင့်ပင်။

“လေ့ကျင့်ဖို့အတွက်ဒီလို လျှို့ဝှက်နယ်မြေမျိုး ရှိနေတယ်ဆိုမှတော့ ငါ့အနေနှင့် အဆင့်တက်ဖို့အတွက်ဘာတွေစိတ်ပူနေရတော့မှာလဲ။ ဟားဟား ဟားဟား ဟား ဟားဟား ဟားဟား ဟား”

လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်မတ်မတ်ရပ်ပြီးသည့်နောက်ယူစီနန်သည်အားရပါးရ ရယ်မောလျက်ရှိသည်

ထို့ကြောင့်အနားမှ ဖြတ်လျှောက်သွားခဲ့သော မြောင်ရှောင်တောက်ဟု ခေါ်သော တပည့်သည်သူ့အား မသိမသာနှင့် ငဲ့စောင်းကာ ကြည့်ရှုလိုက်၏။ထိုတပည့်သည်ကြိတ်ကာ ပြောလိုက်မိ၏။ “ဒီအကြီးအကဲက တောသား မြို့ရောက်သလိုပါပဲလား။”

သူသည်တုနန်နှင့်အတူ ရံဖန်ရံခါသန့်ရှင်းရေးကို ပြုလုပ်ရသည့် အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်၏။ထို့ကြောင့်ဂိုဏ်းထဲတွင်ထင်ထင်ပေါ်ပေါ်မရှိခဲ့ချေ။သို့ပေမဲ့ဂိုဏ်းထဲသို့ရောက်ရှိခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီဖြစ်သောကြောင့်ဂိုဏ်းထဲရှိသော ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံးကို ကောင်းကောင်း သိရှိပြီးဖြစ်၏။ဂိုဏ်းချုပ်အနေနှင့် ပိုမို ထူးခြားလှသည့်အရာကြီးကို ထုတ်ပေးမည်ဆိုလျှင်တောင်မှသူ့အနေနှင့် အံ့အားသင့်လိမ့်မည်မဟုတ်ချေ။

ယုစီနန်မှာတော့ ခြားနားလို့နေခဲ့၏။ ၎င်း၏အဆင့်သည် မြင့်မားလွန်းလှသည်ဆိုသော်လည်း ဂိုဏ်း၏ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် တွေ့ဆုံကိုင်တွယ်ရသည်မှာ ပထမဦးဆုံး အကြိမ်သာဖြစ်၏။ဤသိုင်းအရင်းအမြစ်များအားလုံး သည်သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို အထူးအကူညီပေးနိုင်သည်ဆိုသည်ကို နားလည်ပြီးသည့်နောက်ယုစီနန်သည်ခံစားချက်များကို မည်သို့မှမထိန်းချုပ်နိုင်တော့ချေ။

များပြားလွန်းလှသော ဆေးလုံးများနှင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို မျက်မြင်တွေ့ခဲ့ရသေးသည်။ အထူးသဖြင့်အရိပ်တစ်ထောင်ကိုယ်ပွားနည်းစနစ်ပင် ဖြစ်၏။ထိုနည်းစနစ်သည် ၎င်းအား အမှန်ပင်ထိတ်လန့် အံ့အားသင့်စေခဲ့၏။

“အစ်ကိုယု”

လျှို့ဝှက်နယ်မြေဆီမှ ပြန်လာပြီးသည့်နောက်အလုံးစုံပြန်လည်ကောင်းမွန်ခဲ့ပြီဖြစ်သော ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဂိုဏ်းထဲဝင်ပြီးတဲ့နောက်ဘယ်လိုခံစားနေလဲ။”

“မယုံနိုင်စရာပဲ။ မယုံနိုင်စရာပဲ။”

ယူစီနန်၏ နှလုံးသားထဲတွင်တော့အံ့အားသင့်မှုများသည်များပြားလွန်းလှသောကြောင့်စကားလုံးနှင့်ပင်ထုတ်ဖော်ပြောဆိုရန်မသင့်တော့ပေ။ ဤတည်နေရာတွင်ရောက်ရှိလာခဲ့သည်မှာ ကုကျောင်းရှစ်၏လူစွမ်းကောင်းစိတ်ဓာတ်ကြောင့်နှင့် လျှိုဝမ်ရှစ်၏အစားအစာကြောင့်မဟုတ်တော့ပေ။ ဤကဲ့သို့သောအရာများ တည်ရှိနေသည်ကို အစောကြီးကတည်းက ကြိုတင်ကာ သိရှိသည်ဆိုပါက တစ်ခါတည်း ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲရာထူးကို တစ်ခါတည်း လက်ခံခဲ့မှာ သေချာ၏။

“အစ်ကိုယု”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက ဂိုဏ်းထဲကို ဝင်ရောက်ခဲ့တယ်ဆိုပေမဲ့အလုံးစုံ လွတ်လပ်မှုကို ရနေတယ်။ဒီတော့ခင်ဗျားအပြင်ကို ထွက်ပြီးတော့နတ်ဆိုးတွေကို သတ်ဖြတ်တာတွေ၊မိစ္ဆာတွေကို ရှင်းလင်းတာတွေကို ကြိုက်တဲ့အချိန်လုပ်လို့ရတယ်နော်။”

“ဒါက”

ယုစီနန်သည်အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးနောက်ပြောလိုက်၏။ “ဒီမှာ ရက်အနည်းငယ်လောက်နေလိုက်ပါအုံးမယ်။”

မျိုးစုံလှသော အရင်းအမြစ်များ၊ မျိုးစုံလှသော ဆေးလုံးများနှင့် မျိုးစုံလှသော အရသာရှိသည့်အစားအစာများ တည်ရှိ နေ၏။ ထို့ကြောင့်သူ့အနေနှင့် အပြင်ဘက်သို့ထွက်ရန်မေ့မျော၍ပင်နေခဲ့၏။ သို့ပေမဲ့သူသည်နတ်ဆိုး သတ်ဖြတ်သူတစ်ယောက်အနေဖြင့်သူ၏ တာဝန်ကို ဘယ်သောအခါမှမေ့လျော့လိမ့်မည်မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည်သူ့အား အမှန်ပင်လေးစားမိ၏။ ထို့ကြောင့်ဂိုဏ်းမှထွက်ခွာ၍ ကိုယ်ပိုင်ကိစ္စရပ်များကို လုပ်ဆောင်ရန်ပင်ခွင့်ပြုပေးခဲ့၏။ သို့ပေမဲ့ဤတည်နေရာတွင်တစ်ခုသော တောင်းဆိုချက်က တည်ရှိနေ၏။

“အစ်ကိုယု”

ကျွင်းချောင်ရှောင်းသည်သတင်းအချက်အလက်စာရွက်များကို အသာပစ်ပေးကာ ပြောလိုက်သည်။ “ကျုပ် အနေနဲ့ မြို့အသီးသီးမှာ ရှိတဲ့သိုင်းပြိုင်ပွဲတွေဆီ တပည့်တွေကို စေလွှတ်ပြီးတော့ပြိုင်ဆိုင်ချင်တယ်။ တကယ်တော့ခင်ဗျားအနေနဲ့လောကကြီးကို လှည့်ပတ်ပြီးတော့ခရီးသွားမယ်ဆိုရင်သူတို့ကို ခေါ်သွားပြီးတော့ ပြိုင်ခိုင်းလိုက်ပါလား။”

နတ်ဆိုးသတ်ဖြတ်သူဟူသော ဂုဏ်ပုဒ်သည်အလွန်ကြီးမားလှ၏။အားကောင်းလှသော စွမ်းဆောင်ရည်များလည်း တည်ရှိနေ၏။ ၎င်းသည်သာ တပည့်များကို ခေါ်ဆောင်၍များပြားလှသည့်သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေ သည်ဆိုပါက အမှန်ပင်လုံခြုံပေလိမ့်မည်။

“ကောင်းပြီ”

ယုစီနန်က သဘောတူညီလိုက်၏။

နတ်ဆိုးများကို သတ်ဖြတ်ခြင်းနှင့် မကောင်းမှုများကို နှိမ်နင်းခြင်းသည် တစ်လောလုံးကို လှည့်လည်သွားလာရသည့်အရာပင်ဖြစ်၏။ထို့ကြောင့်တပည့်များအား ခေါ်ဆောင်သွားရန်ဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်လှချေ။

“ကောင်းပြီ”

စနစ်က ပြောလိုက်သည်“အသုံးချခံတစ်ယောက်ကတော့ထွက်လာပြီ။”

……

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ယုစီနန်သည်ဂိုဏ်းတွင်ရှိသော အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့၏။သူသည်လုချင်းချင်း၊ ရှောင်ကျီ၊ စုရှောင်မိုနှင့် တခြားသော လက်ရွေးစင်တပည့်များကို ခေါ်ဆောင်ခဲ့၏။

မထွက်ခွာခင်တွင်ထမင်းကြော်ပေါင်းများစွာကို အိုးနှင့်သိမ်း၍ သိုလှောင်လက်စွပ်ထဲ ထည့်သွင်းကာ ယူဆောင် သွားခဲ့၏။မိုင် ၁၀၀လောက်လျှောက်ပြီးလျှင်ထမင်းကြော်တစ်ပန်းကန်ကို စားသည့်အကျင့်ပင်ရှိနေသည်။

လီချင်းယန်မှာတော့လိုက်ပါမသွားခဲ့ချေ။အဘယ့်ကြောင့်ဆိုသော်အဓိကဟောခန်းကြီးကို ဆောက်လုပ်နေသော ကြောင့်ပင်။ရီရှင်းချန်မှာလည်း မလိုက်ပါခဲ့ချေ။သူသည် ရူးရူးမူးမူးလေ့ကျင့်လို့နေခဲ့၏။

“ဂိုဏ်းရဲ့အဆင့်ကစနစ်နဲ့အထက်နယ်မြေရဲ့အသိအမှတ်ပြုမှုကို ခံရတော့မယ်။ဒါဆိုရင်ရက်ရောလွန်းတဲ့ဆုလာဘ်တွေရမှာမဟုတ်လား။”

ကျွင်းချောင်ရှောင်းသည်ထိုင်ခုံပေါ်တွင်ထိုင်၍တီးတိုးရေရွတ်လျက်ရှိ၏။ ပြီးသည့်နောက်သူသည်ဘာမှလုပ်စရာ မရှိပေ။ ထို့ကြောင့်ဆေးဟောခန်းမဆောင်၊ပန်းပဲခန်းမဆောင်၊အဆိပ်ဟောခန်းမဆောင်များသို့သွားရောက်ပြီး ဆေးလုံးဖန်တီးရန်အတွက်တိုးတက်မှုများကို သွားရောက်ကာ ကြည့်ရှုသည်။

၃နှစ်ကြာလျှင် ကြယ်တာရာဝိညာဉ်ကမ္ဘာမှ ရောက်ရှိလာပေလိမ့်မည်။ထိုသို့ဆိုလျှင်သူသည် ကျူးကျော်ဝင်ရောက်လာသည့်လူများ၏ လက်မှဂိုဏ်းကို ကာကွယ်ရန်လုံလောက်သည့်အားအင်အဆင့်ရှိမှ ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည်ထိုအရာအတွက်အမှန်ပင်စဉ်းစားနေမိ၏။

ရေခဲရောင်ခြည်မြို့ …။

နာမည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့်ဤမြို့သည်ရေခဲနှင့်နှင်းများ ဖုံးလွှမ်းလျက်ရှိနေသည့်မြို့ကြီးတစ်ခုဖြစ်ကြောင်း သိရှိနိုင်သည်။

လက်ရှိအခြေအနေမှာတော့သိုင်းကျင့်ကြံသူ တစ်သိန်းနီးပါးတို့သည် မြို့၏ အလယ်ရှိ ဗဟိုတည်နေရာကြီးတွင်စုဝေးလျက်ရှိနေသည်။ ၎င်းတို့အားလုံးသည်စင်မြင့်ပေါ်တွင်ရှိနေသည့်ကျက်သရေရှိလှသည့်လူကို ကြည့်ရှုလျက်ရှိနေ၏။

“ပြိုင်စံရှားဂိုဏ်းရဲ့တပည့်ကအရမ်းကို လှတာပဲ။ သူမက လောကကြီးနဲ့တစ်သားတည်းဖြစ်တည်နေသလိုပဲ။”

“ဒီလောက်လှတဲ့မိန်းကလေးကို ဘယ်သူက ထွက်ပြီးတိုက်ခိုက်ချင်မှာလဲ။”

လုချင်းချင်းသည်လူပေါင်းများစွာတို့၏ပြောဆိုနေသံကို ကြားခဲ့၏။ သို့ပေမဲ့သူမ၏ အေးစက်သည့်မျက်နှာနှင့် ကြည်လင်ရှင်းလင်းသည့်မျက်လုံးများမှာတော့မည်သည့်ခံစားချက်မှ ဖြစ်ပေါ်မနေခဲ့ချေ။သူမသည် ပြည့်စုံပြီး သပ်ရပ်လွန်းလှသည့်ရေခဲရုပ်ထုကြီးတစ်ခုကဲ့သို့ပင်မတ်မတ်ရပ်လျက်ရှိနေသည်။

လက်ရှိအခြေအနေမှာတော့ရေခဲရောင်ခြည်မြို့တွင်ရှိနေသော လုချင်းချင်းသည်အလွန်တရာ အေးစက်လှသည့်ဟန်ပန်အမူအရာများကို ထုတ်ဖော်နေ၏။ သူမဝတ်ဆင်ထားသော အဝတ်သည် နှင်းဆီဧကရီထက်မည်သို့မှမနိမ့်ပါးလှချေ။

ယုစီနန်သည်စိတ်ထဲမှကြိတ်ကာ မှတ်ချက်ပေးလိုက်မိ၏။ “ဒီအကြီးဆုံးတပည့်ကြီးက ရေခဲဓာတ်သဘာဝ နှင့်ပတ်သက်ပြီး အလွန်မြင့်မားလှတဲ့ နားလည်မှုကို ပိုင်ဆိုင်နေပုံပေါ်တယ်။”

…….

များပြားလှသော ဂိုဏ်းအသီးသီးမှအကြီးအကဲများအားလုံး၏ နှုတ်ခမ်းများသည်တုန်ယင်လျက်ရှိနေပြီး သူတို့အနေနှင့် နားမလည်နိုင်သေးချေ။မည်သည့်အချိန်က နယ်မြေဟောခန်းဆီမှနတ်ဆိုးသတ်ဖြတ်သူသည် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သွားရသနည်း။ ထို့အပြင်နတ်ဆိုးသတ်ဖြတ်သူသည် ပြိုင်စံရှားဂိုဏ်းမှတပည့်များကို ခေါ်ဆောင်လာကာဖြင့်ဤတည်နေရာ၏ သိုင်းပြိုင်ပွဲဆီသို့ဝင်ရောက်ကာ ယှဉ်ပြိုင်စေခဲ့၏။

“ပြိုင်ပွဲရဲ့ပထမဦးဆုံးအကျော့စပြီ။” ဒိုင်လူကြီးက ကြေညာလိုက်သည်။

“မိန်းကလေး”

စင်မြင့်ပေါ်သို့တက်ကာလှမ်းလျှောက်လာခဲ့သည့် ပြိုင်ပွဲဝင်သူသည်ခေါင်းကိုကုတ်ကာဖြင့်ပြောလိုက်၏။ “မင်းက မိန်းကလေးတစ်ယောက်ဆိုပေမဲ့ ပြိုင်ပွဲကို ဝင်ပြီးယှဉ်ပြိုင်တယ်ဆိုမှတော့ ကျုပ်ကို အပြစ်..”

ဘုန်း

ပြော၍ပင်မပြီးသေးချေ။အေးစက်လှသည့်လေများ၏ တိုက်ခတ်မှုနှင့်အတူ စင်မြင့်ပေါ်မှအောက်သို့လွှင့်စင်ကျသွားသည်။

“ပြိုင်စံရှားဂိုဏ်းရဲ့တပည့်လုချင်းချင်းအနိုင်ရတယ်။”

ပြီးသည့်နောက်ဒိုင်လူကြီး၏ ကြေညာမှုသည်ဆက်တိုက်ဖြစ်တည်နေ၏။ ဒုတိယအကျော့၊တတိယအကျော့ဆက်တိုက်တိုက်ခိုက်ပြီးသည့်နောက်လုချင်းချင်းသည်သူမ၏ ပြိုင်ဘက်များ မည်မျှအားကောင်းသည်ဆိုဆို အားလုံးကို ချွင်းချက်မရှိ တစ်ခါတည်း တိုက်ခိုက်အနိုင်ယူခဲ့၏။

“သူမက အရမ်းကို အားကောင်းတာပဲ။ တိုက်ကွက်တစ်ကွက်အောက်မှာ ဘယ်သူမှမခုခံနိုင်ခဲ့ဘူး။ အမြုတေ ပြောင်းလဲခြင်းအဆင့်လား။” အားလုံးတို့သည်တုန်လှုပ်လျက်ရှိနေသည်။

ယုစီနန်သည်ဦးခေါင်းကို ခါယမ်းကာ တွေးလိုက်မိသည်။ “ဂိုဏ်းချုပ်က ဒီလိုပါရမီရှိတဲ့လူကို စေလွှတ်ပြီးတော့သိုင်းပြိုင်ပွဲတွေကို ဝင်ပြိုင်ခိုင်းတယ်။ဒါက တကယ့်ကို ပါရမီကို ဖြုန်းတီးတာပဲ။”

နောက်ဆုံးမှာတော့လုချင်းချင်းသည်သူမ၏ ပြိုင်ဘက်များကို ဆက်တိုက်အနိုင်ယူပြီး ဗိုလ်စွဲသူဖြစ်ခဲ့၏။

ဤအရာသည်လာရောက်ကြည့်ရှုနေသည့်သိုင်းကျင့်ကြံသူများအားလုံးကို အမှန်ပင်စိတ်ဓာတ်ကျစေခဲ့၏။ထို့အပြင်သိုင်းပြိုင်ပွဲတစ်ခုလုံးသည်စိတ်လှုပ်ရှားစရာ မကောင်းလှချေ။တစ်ခါတည်းတိုက်ခိုက်ပြီး အနိုင်ယူခဲ့သောကြောင့်ပင်။

“ဝင်ကြေးတွေပြန်ပေး။ ငါတို့ဝင်ကြေးတွေ ပြန်ပေးတော့။”

……

“ဒင်

တပည့်လုချင်းချင်းသည်ရေခဲရောင်ခြည်သိုင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့၏။

ဆုလာဘ်သည်ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀”

ဒင်

ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၂၁၀၀”

“ဘာ”

စာကြည့်ခန်းထဲတွင်ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည်စိတ်ဓာတ်တကျဖြင့်ပြောလိုက်မိ၏။

“အမှတ် ၁၀၀တဲ့လား။”

“ဒါ မလုံလောက်သေးဘူးလား။”

စနစ်က ပြောလိုက်သည်။ “လောဘမကြီးနဲ့။”

“ကောင်းပြီ။ ကောင်းပြီ။”

ပြီးနောက်ကျွင်းချောင်ရှောင်းသည်စနစ်၏စတိုးဆီမှဝယ်ယူထားသော ကျင့်ကြံသူတို့စကားဝိုင်း စာအုပ်ကိုပြန်ဖတ်၍တခွီးခွီး ရယ်လျက်ရှိနေတော့၏။

……

“ဒင်

တပည့်စုရှောင်မိုသည်xxx သိုင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။

ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀မှတ်”

“ဒင်

တပည့်ဟယ်ဝူတီသည် xxxသိုင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။

ဆုလာဘ်ဂိုဏ်းဂုဏ်သိက္ခာအမှတ် ၁၀၀”

နောက်ပိုင်းမှာတော့ ကျွင်းချောင်ရှောင်းသည်သတိပေးချက်များကို တောက်လျှောက်ဆိုသလို ကြားနေရ၏။ သူ့အနေနှင့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ နည်းပါးသည်ဟု စောဒက တက်ချင်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော်ရရှိသည့်ဂိုဏ်းဂုဏ်သိက္ခာအမှတ်များသည်နည်းပါးသည်ဆိုသော်လည်း လက်ရွေးစင်တပည့်အားလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင်နေသောကြောင့်တဖြည်းဖြည်နှင့်ပိုမိုကာ များပြားလာသောကြောင့်ပင်။

“အား …. လောကကြီးက ဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲ။”

All Chapters