အခန်း ၁၅၆၇
Vol. 106 Ch. 1567
အပိုင်း (၁၅၆၇)
ကျွင်းချောင်ရှောင်းအနေဖြင့်ဂိုဏ်းထဲတွင်ထိုင်ကာ ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို စုဆောင်းလျက်ရှိနေတုန်းမှာပဲ တပည့်များသည်သိုင်းပြိုင်ပွဲများကို ဝင်ရောက်၍ ကြီးမားသည့်အောင်မြင်မှုများကို ရယူလျက်ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ နေ့ရက်များသည်သက်တောင့်သက်သာ နှင့် အဆင်ပြေလျက်ရှိ၏။
အပြင်ဘက်လောကကြီးမှာတော့စတင်ကာ ပွက်လောရိုက်လျက်ရှိနေ၏။ ဤအရာသည်သိုင်းပြိုင်ပွဲလေးတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှဘာတစ်ခုမှထူးဆန်းလိမ့်မည်မဟုတ်ချေ။သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးသည်အဓိကမြို့အသီးသီးတွင်ကျင်းပသည့်သိုင်းပြိုင်ပွဲများ အားလုံးကို အနိုင်ရရှိခဲ့၏။ဤသတင်း ပျံ့နှံ့ပြီးသည့်နောက်တကယ်ပင်အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။
“ကောင်းကင်ဘုံ... ပြိုင်စံရှားဂိုဏ်းက လူတွေက ရွှေရောင်စည်းမြို့မှာရှိတဲ့သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဗိုလ်စွဲ ခဲ့တယ်တဲ့။ဒါက ဆယ်ကြိမ်မြောက်ဖြစ်နေပြီ”
“ငါကြားတာ သိုင်းပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်ဖက်သတ်အနိုင်ယူခဲ့တယ်တဲ့။ပါဝင်ယှဉ်ပြိုင်တဲ့လူတော်တော်များများက သူတို့ရဲ့တိုက်ခိုက်ချက်မှာ တစ်ခါတည်း ရှုံးနိမ့်ခဲ့ပြီးတော့ဒုတိယတိုက်ကွက်တောင်ထုတ်ဖော်ခြင်း မရှိဘူးတဲ့”
လောကတွင်ရှိနေသော သူအားလုံးတို့ အတုန်လှုပ်ဆုံးသော ကိစ္စမှာ သိုင်းပြိုင်ပွဲများတွင်ဗိုလ်စွဲခဲ့သည့်လူသည်တပည့်တစ်ယောက်တည်းသာမကဘဲ တပည့်အများအပြား ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ပြိုင်စံရှား ဂိုဏ်းသည်သိုင်းပြိုင်ပွဲများအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နေခြင်းပင်ဖြစ်၏။ ၎င်းတို့သည်ဝင်ရောက်ယှဉ်ပြိုင်လိုက်သည်နှင့် တပြိုင်နက်ဗိုလ်စွဲကြတော့သည်။ထို့ကြောင့်တခြားသောဂိုဏ်းများ အနေဖြင့်မည်သည့်အခွင့်အလမ်းမှမရရှိကြတော့ချေ။
“ဒါက အရမ်းကြောက်ဖို့ကောင်းတယ်”
“ပြိုင်စံရှားဂိုဏ်းက တပည့်တွေအကုန်လုံးက အဲလောက်အားကောင်းကြတာလား”
“ငါကြားတာတော့ဝင်ရောက်ယှဉ်ပြိုင်တဲ့လူတွေအကုန်လုံးက အမြူတေပြောင်းလဲခြင်းအဆင့်ပဲ ရှိကြတယ်တဲ့”
ဂိုဏ်းတစ်ခုအနေဖြင့်သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဆိုသည်မှာ ထူးချွန်သည့်ပါရမီရှင်တပည့်များ ရှိနေသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။သို့ပေမဲ့တုန်လှုပ်စရာ ကောင်းလှသည်မှာ ဗိုလ်စွဲလျက်ရှိနေသည့် ပြိုင်စံရှားဂိုဏ်း သည်အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ကို အနိုင်ကျင့်နှိပ်စက် ရိုက်နှက်ခဲ့ဖူးသေးသည်။အချက်အလက်များကို ပြန်လည်ကာ စဉ်းစားရမည်ဆိုလျှင်သိုင်းကျင့်ကြံသူ တော်တော်များများသည် ပြဿနာတစ်ခုကို စတင်ကာ စဉ်းစားလာမိကြ၏။ ပြိုင်စံရှားဂိုဏ်းသည်လက်ရှိအခြေအနေ၌ မည်မျှအားကောင်းနေသနည်း။
“ရွှမ်အဆင့်....ဒါက လုံးဝသံသယရှိစရာ မလိုဘူး”
“ငါကတော့ဒီလိုမထင်ဘူး။ တခြားဂိုဏ်းတွေတော်တော်များများက ဒီလိုပြိုင်ပွဲတွေလျှောက်ပြီး မပြိုင်ကြဘူးလေ။ ဒီတော့တကယ်တမ်းပြိုင်မယ်ဆိုရင်သူတို့အကုန်လုံးကို အနိုင်ရနိုင်မှာ မဟုတ်ဘူး”
ယုစီနန်သည်တပည့်များကို ဦးဆောင်ကာဖြင့်သိုင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပြီး ဗိုလ်စွဲစေခဲ့၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်နှင့်ပတ်သက်ပြီး အထက်နယ်မြေသည်အလုံးစုံဆွေးနွေးမှုကို ပြုလုပ်လျက်ရှိ၏။
ရွှမ်အဆင့် -အားလုံးသောသူများသည်လက်ရှိအခြေအနေ၌ ပြိုင်စံရှားဂိုဏ်းအား ရွှမ်အဆင့်ဟု သတ်မှတ်ခဲ့ကြ၏။အစစ်အမှန်ဂိုဏ်းအတွက်တော့တပည့်များသည်သိုင်းပြိုင်ပွဲများကို အနိုင်ရယူရုံဖြင့်ထိုကဲ့သို့အဆင့်မျိုးကို ရောက်ရှိလိမ့်မည်မဟုတ်ချေ။အထက်ပိုင်းအကြီးအကဲများ၏ အားအင်အဆင့်ကို အလုံးစုံ ထုတ်ဖော်ပြသရန်လိုအပ်နေသေးသည်။
“ဂိုဏ်းချုပ်”
လီလိုရှုသည် သတင်းပို့လိုက်၏။ “အပြင်ဘက်လောကကြီးတစ်ခုလုံးက ကျွန်မတို့ဂိုဏ်းအကြောင်း ပြောနေကြတယ်။သူတို့အားလုံးက ဂိုဏ်းရဲ့အဆင့်ကို ရွှမ်အဆင့်လို့သတ်မှတ်လိုက်ကြပြီ”
ကျွင်းချောင်ရှောင်းသည်လုံးဝ အံ့အားမသင့်ချေ။လုချင်းချင်းနှင့် စုရှောင်မိုတို့ကို အပြင်ဘက်သို့စေလွှတ်ကာ ယှဉ်ပြိုင်စေခြင်းအားဖြင့် ပြိုင်စံရှားဂိုဏ်းသည်လွယ်လွယ်ကူကူဖြင့်ကျော်ကြားလာလိမ့်မည်ဟု သူက သိရှိပြီး ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည်စနစ်ကို ဖွင့်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက်သူ၏ အောင်မြင်မှုအမှတ်များ သည်အနည်းငယ်ခြင်း တိုးတက်လျက်ရှိသည်ကို သိရှိလိုက်သည်။ထို့ကြောင့်သူက တွေးလိုက်မိသည်။ “စနစ်က အသိအမှတ်ပြုမှုကိုပဲ စောင့်ရတော့မှာပေါ့”
အထက်နယ်မြေ၏ အသိအမှတ်ပြုမှုသည်အားအင်အဆင့်နှင့်သက်ဆိုင်၏။စနစ်၏အသိအမှတ်ပြုမှုမှာတော့ဂိုဏ်းအောင်မြင်မှုအမှတ်များနှင့် သက်ဆိုင်နေခဲ့သည်။လုံလောက်သည့်ဂိုဏ်းအောင်မြင်မှုအမှတ်များ ရရှိသည်ဆိုပါက ပြဿနာများကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပေလိမ့်မည်။
.............
ကျွင်းချောင်ရှောင်းသည်သူ၏တပည့်များကို ပြန်လည်ကာ မဆင့်ခေါ်ခဲ့ချေ။အပြင်လောက၌ ယှဉ်ပြိုင်ရန်လွှတ်ထားခဲ့၏။ ၎င်းတို့၏အလုံးစုံသော အားအင်အဆင့်ကို တခြားသူများက သိရှိပြီး ပြိုင်စံရှားဂိုဏ်းအား ရွှမ်အဆင့်ဂိုဏ်းအဖြစ်ထဲထဲဝင်ဝင်အသိအမှတ်ပြုရန်ကို သူက လိုချင်မိသေး၏။
တစ်လခန့်ကြာပြီးသည့်နောက်လုချင်းချင်း၊ စုရှောင်မိုနှင့် တခြားသော တပည့်များသည်သိုင်းပြိုင်ပွဲ သုံးဆယ်ကျော်ထက်မနည်းကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ယူခဲ့၏။ ၎င်းတို့သည်အရှေ့မှအနောက်၊တောင်မှမြောက်နေရာအနှံ့ဆီသို့သွားရောက်ကာ တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းသည်ဆိုသည့် အချက်အလက်များကို ထုတ်ဖော် ပြသလျက်ရှိနေ၏။
ဂိုဏ်းဂုဏ်သိက္ခာ အမှတ်များအနေဖြင့်ကတော့ နှစ်ထောင်မှတ်မှသည်ငါးထောင်မှတ်အထိ တိုးတက်ခဲ့သည်။ဂိုဏ်းစုဆောင်းမှတ်များမှာ ထူးထူးခြားခြား တိုးတက်လာသည်မဟုတ်သော်လည်း ဂိုဏ်းအောင်မြင်မှုအမှတ်များမှာတော့စတင်ကာ တိုးတက်လျက်ရှိနေသည်။
နှစ်ဝက်ဆိုသည်မှာ မကြာလှချေ။ဘာမှန်းမသိဘဲ ကုန်ဆုံးသွားခဲ့၏။လုချင်းချင်း၊ စုရှောင်မိုနှင့် တခြားသော သူများသည် ပြန်ရောက်လာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။ ၎င်းတို့အားလုံးသည်စုစုပေါင်း သိုင်းပြိုင်ပွဲ ငါးဆယ်ကို ဝင်ရောက်ယှဉ်ပြိုင်ပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ နာမည်အား အထက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့စေခဲ့တော့၏။ ပြိုင်စံရှားဂိုဏ်း၏ အဆင့်သည်မည်သည့်အဆင့်ဖြစ်သည်ကို ကြိုက်သည့် သိုင်းကျင့်ကြံသူကို သွားရောက်မေးမြန်း မည်ဆိုပါက ကျိန်းသေပေါက် ရွှမ်အဆင့်ဟု ပြောဆိုကြမှာ သေချာ၏။
ဘုတ် ….။
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်တော့ရီရှင်းချန်သည်အပြင်ဘက်သို့လျှောက်ထွက်လာခဲ့ ၏။ ၎င်း၏ နဖူးထက်တွင်တော့ချွေးစေးများပြန်လျက်ရှိနေသည်။လွန်ခဲ့သည့်နှစ်ဝက်အတွင်း သူသည်မည်သည့်သိုင်းပြိုင်ပွဲကိုမှဝင်ရောက်မယှဉ်ပြိုင်ခဲ့ချေ။သိုင်းကျင့်ကြံခြင်းကိုသာ ဦးစားပေးလေ့ကျင့်လျက်ရှိ၏။ ယခု သူသည်အဆင့်လေး အမြူတေပြောင်းလဲခြင်း အဆင့်မှသည့်အဆင့်ငါး အမြူတေပြောင်းလဲခြင်းအဆင့်ဆီသို့ချိုးဖြတ်ဝင်ရောက်ခဲ့သည်။
ဆယ်နှစ်တာ ကတိစကားကြောင့်ဂိုဏ်း၏ အရင်းအမြစ်များအားလုံးအား အားညိုသည်အသုံးပြုလျက်ရှိနေ၏။ ထို့ကြောင့်သူသည် နှစ်ဝက်အတွင်း အဆင့်ကြီးတစ်ဆင့်ကို ချိုးဖြတ်ရောက်ရှိ ခဲ့၏။
နဂါးဦးခေါင်းတောင်ထွတ် …..။
အဓိကဟောခန်းကြီးသည် ပြည့်စုံစွာ တည်ဆောက်ပြီးဖြစ်၏။ဤတစ်ကြိမ်လီချင်းယန်တည်ဆောက်ထားသည့်အဓိကဟောခန်းကြီး၏ ပုံပန်းသွင်ပြင်သည်အလွန်ပင်ခမ်းနားလွန်းလှချေ၏။အတိတ်တုန်းကဆိုလျှင် ပြိုင်စံရှား ဂိုဏ်းသည်လူပေါင်းများစွာတို့အား ခမ်းနားသည်ဆိုသည့်စကားလုံးကိုသာ ပေးစွမ်း၏။ လက်ရှိအချိန်မှာတော့ ကြီးကျယ်မြင့်မြတ်သည့်အော်ရာများကိုပါပေးစွမ်းနေလေသည်။
“မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းသည်သဘောကျလို့နေခဲ့၏။
ဖြောက်ဖြောက် ….။
အဓိကဟောခန်းပေါ်မှာတော့များပြားလှသည့် ကျွဲရိုင်းစက်ရုပ်များသည်တုနန်၏အမိန့်အောက်တွင်အပျက်အစီးများအား ရှင်းလင်းလျက်ရှိနေ၏။ ထိုက်ရွှမ်အဘိုးအို၏ ဆက်တိုက်သုတေသနပြုမှုများထဲတွင်စက်ရုပ်တော်တော်များများသည်ဂိုဏ်းထဲ၌ ဖန်တီးတည်ဆောက်ထားပြီးဖြစ်ပြီး စုစုပေါင်း သုံးထောင်နီးပါးခန့်ပင်တည်ရှိ၏။ တော်တော်များများသည်ဝိညာဉ်အစီအရင်များဖြင့်ဖန်တီးပြုလုပ်ထားပြီးဖြစ်သောကြောင့်ဂိုဏ်း၏ တပည့်တော်တော်များများသည်ဝိညာဉ်နှင့်ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။
ဤကျွဲရိုင်းစက်ရုပ်များသည်မူလအားဖြင့်တိုက်ခိုက်ရန်အတွက်သာ ရည်ရွယ်၏။သို့ပေမဲ့စွမ်းအင်ကုန်ဆုံးမှုကို ထိန်းချုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်ဂိုဏ်း၏အတွင်းရေးကိစ္စရပ်များတွင်စက်ရုပ်များကို အသုံးပြုကာဖြင့်တာဝန်ထမ်းဆောင်စေခဲ့၏။
ဤအတောအတွင်း များပြားလှသည့်အမြူတေပြောင်းလဲခြင်း ပထမအဆင့်ဆေးလုံးများကို ဖန်တီးခဲ့၏။အလွန်တရာ နာကျင်သည့်ဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့ရသည်ဆိုလျှင်တောင်မှတပည့်တော်တော်များများသည်အမြူတေပြောင်းလဲခြင်းအဆင့်သို့ချိုးဖြတ်ရောက်ရှိခဲ့ကြသည်။
နောက်ဆုံးရရှိသော အချက်အလက်များအရဆိုလျှင်အမြူတေပြောင်းလဲခြင်း ပထမအဆင့်ကို ချိုးဖြတ်ရောက်ရှိ ခဲ့သည့်တပည့်အရေအတွက်သည် နှစ်ထောင်ကျော်သွားခဲ့၏။ရက်နှစ်ရာကျော်အတွင်းတွင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည်အလုံးစုံ တိုးတက်သွားခဲ့၏။အမြန်နှုန်းသည်ထိတ်လန့်ကြောက်ရွံ့စရာပင်ဖြစ်၏။
အားလုံးသည်တိုးတက်နေသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းမှာတော့အမြူတေပြောင်းလဲခြင်းထိပ်ဆုံး အဆင့်တွင်တစ်လျက်ရှိနေ၏။ သူ့အနေနှင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိရန်အထူးတာဝန်လည်း ဖြစ်ပေါ်မလာခဲ့ချေ။
“ဒင်...တပည့်မြောင်ရွှမ်တောင်သည်အိမ်သာအား အကြိမ်တစ်ရာ ဆေးကြောခဲ့၏။ထို့ကြောင့်ဂိုဏ်း၏ တာဝန်ကို ပြည့်စုံစေခဲ့သည်။ဂိုဏ်းစုဆောင်းမှတ်ဆယ်မှတ်ကို ရရှိ၏”
“ဒင်...ဂိုဏ်းစုဆောင်းမှတ် - ၆၇,၀၃,၂၀၀”
“ဒင်...ဂိုဏ်းအောင်မြင်မှုအမှတ် - ၁၀၀,၀၀,၀၀၀”
သတိပေးသံ ထွက်ပေါ်လာပြီးသည့်နောက်ကုန်းရှန့်၏မျက်နှာပေါ်တွင်အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ အောင်မြင်မှုအမှတ် -ဂိုဏ်းအောင်မြင်မှုအမှတ်သည်နောက်ဆုံးမှာတော့ဆယ်သန်းကို ရောက်ရှိခဲ့ပြီဖြစ်၏။
ရွှီး
သူသည်စနစ်ကို ဖွင့်ကာဖြင့်ဂိုဏ်း၏ အဆင့်ဆိုသည့်နေရာအား နှိပ်ကြည့်လိုက်၏။ထိုနေရာတွင်အသုံးပြုရန်ဂိုဏ်းအောင်မြင်မှုအမှတ်ဆယ်သန်းဆိုသည့်အရာက ပေါ်ပေါက်နေသည်။
“ဒင်...ဂိုဏ်းအောင်မြင်မှုအမှတ်ဆယ်သန်းကို အသုံးပြု၍အဆင့်မြှင့်တင်ခဲ့သည်”
“ဒင်...ဂိုဏ်းအောင်မြင်မှုအမှတ် - ဝ”
“ဒင်...အောင်မြင်မှုအမှတ်များ တကယ်ရှိသလားဆိုသည်ကို စစ်ဆေးနေသည်”
“........”
ကျွင်းချောင်ရှောင်းသည်ထဆဲချင်စိတ်ပင်ပေါက်လျက်ရှိနေသည်။သူသည်ရှိရှိသမျှသော ဂိုဏ်းအောင်မြင်မှုအမှတ်များကို အသုံးပြုခဲ့ပြီးဖြစ်၏။စနစ်သည်ကလည်း ထိုအရာများအားလုံးကို နှုတ်ယူခဲ့ပြီးဖြစ်၏။သို့ပေမဲ့ရှိသလားဆိုသည်ကို ထပ်မံကာ စစ်ဆေးနေခဲ့သည်။သောက်ကျိုးနည်းစနစ်ပါတကား။
“ဒင်...ဂိုဏ်းသည်အထက်နယ်မြေ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့၏။အဆင့်မြှင့်တင်ရန်အတွက်လိုအပ်ချက်များ ကိုက်ညီခဲ့သည်။ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းသည် ရွှမ်အဆင့်ဂိုဏ်းအဖြစ်အဆင့်မြှင့်တင်ခဲ့သည်။
“ထင်မှတ်ထားတဲ့အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းအောင်မြင်မှုအမှတ်တွေအသုံးပြုခဲ့ရတာ တကယ်တော့ဝမ်းနည်းစရာပါလား”
စနစ်သည် ပြောလိုက်၏။ “မင်း သဘောမကျဘူးလား”
“ချီးတဲ့မှ”
“ဒင်...ဂိုဏ်းသည် ရွှမ်အဆင့်ဂိုဏ်းဆီသို့အဆင့်မြှင့်တင်ခဲ့၏။ထို့ကြောင့်ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းကို ရရှိ၏။ ထို့အပြင်အထူးပစ္စည်းကို ဝယ်ယူခွင့်တစ်ကြိမ်ရရှိသည်။ဘုံကိုးပါး နတ်ဘုရား ကျောက်တုံးတစ်ခု၊ မြေကမ္ဘာနဂါး ဦးချိုနှလုံးသားတစ်ခုကို ရရှိသည်”
ရွှီး …။
ကျွင်းချောင်ရှောင်းသည်ထိုင်ခုံပေါ်မှခုန်ချလိုက်၏။သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည်လင်းလက်သွားခဲ့တော့ ၏။ဂိုဏ်းအနေနှင့် ရွှမ်အဆင့်ဂိုဏ်းအဖြစ်သို့တိုးတက်ရောက်ရှိပြီးသည့်နောက်ဤကဲ့သို့များပြားလှသည့်ဂိုဏ်း ဂုဏ်သိက္ခာအမှတ်များ ရရှိလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်း၊ အထူး ပစ္စည်း၊ အမှန်ပင် ကြီးမားလှသော အကျိုးအမြတ်ပင်ဖြစ်၏။
“ဘယ်လိုလဲ ခံစားလို့ကောင်းလား”
“ကောင်းတာပေါ့” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့အပြုံးများ ဖြစ်တည်လျက်ရှိ၏။ သူသည်ဝယ်ယူ နိုင်သည့်တည်နေရာထဲသို့ဝင်ရောက်ကာ အထူးပစ္စည်းဆိုသည်ကို နှိပ်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ဂိုဏ်းဂုဏ်သိက္ခာအမှတ်တစ်သောင်းနှစ်ထောင်နှင့်ဝယ်ယူရသောပစ္စည်းတစ်ခုဖြစ်ကြောင်း သိရှိလိုက်ရ၏။
“ချီးတဲ့မှ...ဆုရရှိထားတဲ့ဂိုဏ်းဂုဏ်သိက္ခာအမှတ်တွေနဲ့တောင်ဝယ်ယူလို့မရဘူး။ နောက်ထပ် နှစ်ထောင်စိုက်ရအုံးမယ်”